YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Teluk.Alaska.E11.x264.1080p {CM}.mp4

697.88 MB N/A video/mp4 181 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shanghai Triad
6.8

~ IMDb - 7.1/10, RT - 90%, MyDramaList - 7.2/10 ~ ပွဲဦးထွက်ကားဖြစ်တဲ့ Red Sorghum (1988) ကနေစပြီး သိပ်အတွဲညီလာတဲ့ ကျန်းရိမူနဲ့ ဂေါင်လီတို့ အတွဲအစပ်ဟာ ရိုက်သမျှကားတိုင်း တွဲရိုက်လာတာ ၁၉၉၀ရဲ့ Shanghai Triad မှာမှ နားသွားပါတယ်။ ဒီကြားထဲ ကျန်းကျိရီနဲ့ ၃ကားလောက်တွဲရိုက်ခဲ့သလို တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ဖြစ်ခဲ့တယ်။ Hero တို့ House of Flying Daggers တို့လို ဂေါင်လီနဲ့သူ တွဲရိုက်ခဲ့တဲ့တုန်းကရှိခဲ့တဲ့ သူ့မူလဟန်ကနေ နည်းနည်းကွဲထွက်တဲ့ဟန်နဲ့လည်းမြင်လာရသလို ကျွန်တော့်အတွက် သူ့မာစတာပိစ်အဖြစ်ဆုံးကားဖြစ်တဲ့ Hero ကိုလည်း ဟောင်ကောင်ရဲ့ Top Star တွေ သုံးပြီး ရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ၁၆နှစ်အကြာ ၂၀၀၆မှာ ဂေါင်လီနဲ့ပြန်တွဲပြီး ချောင်ယွန်ဖတ်ကိုပါထည့်သုံးပြီး Curse of the Golden Flower ကို ရိုက်ဖြစ်ခဲ့တယ်။ Curse of the Golden Flower ဟာ အဲဒီခေတ်ကာလက ဘတ်ဂျက်အများဆုံးသုံးထားတဲ့ တရုတ်ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ နောက် 2014 မှာ Coming Home ကို ဂေါင်လီနဲ့ နောက်ဆုံးရိုက်ကူးခဲ့တယ်။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ပွဲဦးထွက်ကတည်းက ဆက်တိုက်တွဲရိုက်လာခဲ့တဲ့ Shanghai Triad ထိ ၆ကားရယ်၊ Curse of the Golden Flower ရယ်၊ Coming Home ရယ် ၈ကားကို Collaborations - The Cinema of Zhang Yimou & Gong Li ဆိုပြီး အခွေ၈ခွေနဲ့ ၂၀၂၁ မှာ Box Set ကြီးထုတ်ခဲ့ပါသေးတယ်။ CMမှာလည်း ကျန်းရိမူ ဂေါင်လီ Collaboration ကားတွေ တင်လာတာ အခုဆို အကုန်နီးပါးပါပဲ။ သို့ပေမဲ့ ဒီကားက နောက်ဆုံးလက်ကျန်ကားတော့မဟုတ်ပါဘူး။ The Story of Qiu Ju တစ်ကားလိုပါသေးတယ်။ အဲဒီတစ်ကားပြီးရင်တော့ CM မှာ ကျန်းရိမူ ဂေါင်လီ Collaboration Collection တစ်ခုလုံး စုံပါပြီ။ Shanghai Triad ကတော့ ကျန်းရိမူဂေါင်လီရဲ့ ပထမ Era ရဲ့ အဆုံးသတ်ရုပ်ရှင်ပါပဲ။ ဒီကားကိုတော့ Li Xiao ရဲ့ ဝတ္တုဖြစ်တဲ့ Rules of a Clan ကို ပြန်ရိုက်ထားတယ်။ ၁၉၃၀ ပြည့်နှစ် ရှန်ဟိုင်းက ဒုစရိုက်လောကကို ကျောရိုးထားပြီး ဂေါင်လီရဲ့ အလှအပတွေနဲ့ ခြယ်မှုန်းထားတယ်။ ဒီကားမှာလည်း ရှေ့ကားတွေမှာလိုပဲ ကျန်းရိမူအမြဲပြနေကျဖြစ်တဲ့ ဇာတ်လမ်းနဲ့ ယှဉ်တွဲပါလာတတ်တဲ့ သူတို့ရိုးရာ ဓလေ့တွေ ထုံးတမ်းတွေကို မြင်ရဦးမှာပါပဲ။ သူရိုက်တဲ့ ဝတ္တုနာမည်ကိုက Rules of a Clan ဆိုတော့ စည်းမျဉ်းနဲ့ ဂိုဏ်း ယှဉ်တွဲနေတာကိုပါ မြင်ရဦးမှာပါပဲ။ ဆန်းတာက မူရင်းစာအုပ်ကပဲ ဒီလိုတင်ပြထားသလားမသိပေမဲ့ Shanghai Triad ဆိုတဲ့ နာမည်နဲ့မလိုက်အောင်ပဲ ဒီဇာတ်လမ်းကို ကျွန်တော်တို့ ရှန်ဟိုင်းကို ပထမဆုံးရောက်လာတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အမြင်ကနေပဲ တစ်ကားလုံးပြသွားတာပါ။ ရှန်ဟိုင်းကို ချုပ်ကိုင်ထားတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ တပည့်ဖြစ်တဲ့ သူ့ဦးလေးက သူ့ကို အဲဒီဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အပျော်မယားဖြစ်တဲ့ ဂေါင်လီဆီမှာ အစေခံအဖြစ်သွင်းပေးတဲ့အချိန်ကနေ ပြသွားတာပါပဲ။ တစ်ကားလုံးက ဒီကောင်လေးကြုံခဲ့ရတဲ့ ၇ရက်တာပါပဲ။ ဒီကောင်လေးဟာ ခုနစ်ရက်တာအတွင်း ရှန်ဟိုင်းရဲ့ မြေအောက်လောကကို ဘယ်လောက်ထိသိသွားနိုင်မလဲ၊ ခုနစ်ရက်တာဟာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်ဖို့ လုံလောက်တဲ့အချိန်ဖြစ်လာမလားဆိုတာ မြင်ကြရမှာပါပဲ။ ဒီကားမှာ ဂေါင်လီဟာ ကျန်းရိမူနဲ့ တွဲရိုက်ခဲ့တဲ့ ရှေ့ကားတွေလိုမဟုတ်ဘဲ ခေတ်နည်းနည်းပိုဆန်တဲ့အလှနဲ့ မြင်ရမှာဖြစ်သလို ရှေ့ကားတွေက ဂေါင်လီရဲ့ အလှကို ဂန္ထဝင်ဆန်တယ်လို့ သတ်မှတ်ရင် ဒီကားက တစ်ချို့အခန်းတွေက ဂေါင်လီရဲ့အလှကို ကျွန်တော်တော့ မှော်ဆန်တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 875MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 48Min Genre - Crime, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.8 1995 108 mins
Shanghai Triad
AINBO: Spirit of the Amazon
7

AINBO: Spirit of the Amazon (2021) ချစ်စရာ ကာတွန်းလေးတစ်ခုတင်ပေးလိုက်ပါပြီ။ အမေဇု့တောအုပ်ထဲက ရွာလေးတစ်ရွရဲ့ သူရဲကောင်းမလေး တစ်ယောက်အကြောင်းပေါ့။ သူ့နာမည်က အင်ဘိုလို့ခေါ်ပါတယ်။ အသက် ၁၃ ပဲ ရှိသေးပြီး တစ်နေ့မှာ အတော်ဆုံးမုဆိုးဖြစ်လာချင်တဲ့ကလေးမလေးပေါ့။ သူ့မိဘတွေ မရှိတော့သလို ဘယ်သူမှန်းလည်း မသိခဲ့ပါဘူး။ ရွာသူကြီးလင်မယားက မွေးစားထားပြီး သူတို့ရဲ့ သမီးအရင်း ဇူမီနဲ့ ညီအစ်မလို ခင်မင်နေခဲ့ကြတာပါ။ တစ်နေ့မှာတော့ သူတို့ရွာကလေးကို ကျိန်စာတစ်ခုကျရောက်လာပြီး ရွာသားတွေအားလုံး ဒုက္ခရောက်လာတဲ့အခါ အင်ဘိုဟာ သူချစ်တဲ့သူတွေနဲ့ ရွာလေးကို ကယ်ဖို့ ကျိန်စာဖြေမယ့်နည်းရယ် ကျိန်စာတိုက်တဲ့သူရယ်ကို ရှာဖို့ စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်... ချစ်စရာအကောင်လေးတွေနဲ့ပါ ကာလာစုံ၊ရောင်စုံတင်ဆက်ထားတာမို့ ကာတွန်းချစ်သူများလက်လွတ်ခံလို့မဖြစ်ကြောင်း ညွှန်းဆိုလိုပါတယ်။ File size…(1.6 GB) and (1 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson

7 2021 84 mins
AINBO: Spirit of the Amazon
Mutual Relations
5.4

ဒီဇာတ်ကားဟာ ခေတ်သစ် ကိုရီးယား Romance-Sexy ဇာတ်လမ်းတွေထဲမှာတော့ အကြိုက်ဆုံးနဲ့ အရယ်ရဆုံးလောက် ရှိပါတယ်။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ မင်းသမီး သုံးယောက်ရဲ့ အကြောင်းကိုအရင်စပြောရမှာပေ့ါ ပတ်ဆိုးမီကတော့ စမန်ထတဲ့ ကောင်မလေး ဟန်ရီချွန်းကတော့ ရိုးတဲ့အတဲ့ ကောင်မလေး အဓိက မင်းသမီးဖြစ်တဲ့ ဂျီအန်ကတော့ ပန်းချီဝါသနာကိုသာစိတ်ရှိတဲ့ တည်တည်ငြိမ်ငြိမ် ကောင်မလေးပေ့ါ ပတ်ဆိုးမီ ..ဂျီအန် နဲ့ဟန်ရီချွန်းတို့ ပန်းချီသင်ကြားနေတဲ့ မင်းသမီးချောလေးသုံးယောက်ဖြစ်တယ် ပန်းချီသင်တန်းမှာပဲ အပိုဝင်ငွေအတွက် ကိုယ်တုံးလုံးချွတ်မော်ဒယ်လာလုပ်တဲ့ မင်းသား ဂျန်ဘေဟွန်နဲ့ တွေ့ဆုံကြတော့တာပဲ... ထို သုံးယောက်ထဲမှာမှ ဂျန်ဘေဟွန်ဟာ ဂျီအန်ကို တွေ့တွေ့ချင်း ကြွေသွားပါလေတော့တယ် သစ္စာဖောက်သွားတဲ့ရည်စားနဲ့ မင်းသမီး ဂျီအန်တို့ စကားများနေတဲ့အချိန်မှာပဲ ဂျန်ဘေယွန်က ဟီးရိုးကြီးဝင်လုပ်ရာမှ အထိုးခံလိုက်ရတာနဲ့ သနားသွားပြီ ဂျီအန်တို့အဖွဲနဲ့ ဂျန်ဘေယွန်တို့အဖွဲ့ ခင်မင်ရင်းနှီးသွားကြပါတော့တယ်.... ခင်မင်ရင်းနှီးပြီး နောက်ပိုင်း လူငယ်ဘာဝ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြပါအုံးလို့။ 18+ ဇာတ်ဝင်ခန်းများ ဖောဖောသီသီ တင်ဆက်ထားတာကြောင့် ၁၈ နှစ်မပြည့်သေးသူများမကြည့်ရှုရန်လည်း ကြိုတင်သတိပေးအပ်ပါသည် (သတိပေးပေးမပေးပေး ကြည့်မယ်မှန်းသိနေလည်း အဲ့လိုတော့ ပြောရမှာပဲ) (ဒီဇာတ်ကားကို Pennywise မှ ဘာသာပြန်ဆိုထားပြီး AP Newschool မှ ညွှန်းဆိုထားတာပါ။) File size…(1 GB) Quality…HD-Rip 720p Format…mp4 Duration….01:29:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Pennywise

Adventure • Horror
5.4 2015 90 mins
Mutual Relations
Khun Pan 3
6.9

Khun Phan 3 (2023) ခွန်ဖန် အဖြစ် Ananda Everingham ဆီယာမဟေဆွန် အဖြစ် Mario Maurer ဆီယာဒမ် အဖြစ် Tono Phakin khamwilaisak ခွန်ဖန်ဆိုကတည်းက khun phan 1&2 ကိုအားလုံးကြည့်ပြီးကြမယ်လို့ထင်ပါတယ် ဒီ khun phan 3 မှာကတော့ ခွန်ဖန်ဟာ နိုင်ငံရေးအခြေနေမတည်ငြိမ်သေးပေမဲ့ သူ့မွေးရပ်မြေကိုတာဝန်ပြောင်းဖို့တောင်းဆိုခဲ့ပြီး ပြန်သွားခဲ့ကာ သူ့မိန်းမနဲ့အတူနေထိုင်ခဲ့ပါတယ် သူပြန်နေတဲ့ကာလမှာ ဆီယာဒမ်နဲ့ဆီမဟေဆွန်ဆိုတဲ့တောပုန်းဓားပြတွေသောင်းကျန်းနေလို့ သူ့ကို ရဲအရာရှိကြီးတစ်ယောက်က တာဝန်ပြန်လာထမ်းဆောင်ဖို့ ပြန်ခေါ်ခဲ့ပါတယ် ခွန်ဖန်တာဝန်ပြန်လာထမ်းဆောင်ပြီး ဆီယာဒမ်နဲ့ဆီယာမဟေဆွန်ကိုဖမ်းဖို့ ခရီးထွက်လာတဲ့အချိန်မှာ ဘာအခက်အခဲတွေနဲ့ကြုံရမလဲ ဆီယာဒမ်နဲ့ရော အရင်ကဘာအငြိုးတွေရှိခဲ့လို့ ဆီယာဒမ်က သူ့ကိုသတ်ချင်နေပါသလဲ ဆိုတော့ မှော်အစွမ်းတွေနဲ့ဘယ်လောက်တောင်ကြမ်းနေမလဲ ဇာတ်ကားထဲကြည့်လိုက်ရအောင်နော် ဇာတ်ကားကတော့ ပြောစရာမလိုလောက်အောင် ကောင်းလွန်းပါတယ် လုံးဝလက်မလွှတ်သင့်တဲ့ကားလေးပါနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre..... Action, Fantasy, Thriller Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 2h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham Encoder ..... Aaron

Drama
6.9 2023 156 mins
Khun Pan 3
Inglourious Basterds
8.3

Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ….. နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။ အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။ ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတာကြောင့် ကြာမြင့်ချိန် ၂ နာရီခွဲကို ဆိမ့်နေအောင် ကျကျနနခံစားကြရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှတင်ဆက်ထားပါတယ်။) 4K Quality ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့ တင်ဆက်ထားတာမလို့ 4K ဖိုင်ကို HDR Play နိုင်တဲ့ ခေတ်ပေါ် Device များသာကြည့်ရှုလို့ရမှာဖြစ်ပြီး 1080p နဲ့ 720p ဖိုင်တွေကိုတော့ ပုံမှန်အတိုင်း ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

8.3 2009 153 mins
Inglourious Basterds
The Devil’s Rejects
6.7

Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကို ပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့ တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်က ရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့် အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကို ရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကို ဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကို လိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီး အလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်း နတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2005 111 mins
The Devil’s Rejects
My Name Is Shruthi
8.7

My Name Is Shruthi (2023) “ကျွန်မက ရှရူသီ” IMDb-8.7/10 တောင်ပိုင်းမင်းသမီးချော ဟန်ဆီကာအဓိကပါဝင်တင်ဆက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကောင်းလေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသက်ကြီးလို့ အသားရေပျက်စီး ယိုယွင်းလာတာကိုမလိုချင်ကြတဲ့ ငွေကြေးချမ်းသာတဲ့လူတွေက နုပျိုမှုအတွက် အရေပြားအစားထိုးကုသကြတယ်။ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် အရေပြားအစားထိုးကုသဖို့အတွက် မှောင်ခိုကူးတဲ့ မာဖီးယားဂိုဏ်းရှိတယ်။ အဲဒီမာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကဝန်ကြီးဖြစ်ဖို့အသည်းအသန်ကြိုးစားနေတဲ့ လွှတ်တော်အမတ်တယောက်။ သူတို့ဂိုဏ်းက အသားရေလှပတဲ့ အမျိုးသမီးငယ်လေးတွေကိုဖမ်းပြီး အရေပြားအစားထိုးမှုအတွက် အတင်းအဓမ္မလုပ်ဆောင်စေပါတယ်။ ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ နယ်မြို့လေးကနေ ဟိုက်ဒရာဘတ်ကိုတက်ပြီး အလုပ်လာလုပ်တဲ့ ရှရူသီဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ဘယ်လိုတွေပါဝင်ပတ်သက်သွားမိမလဲ။ ရဲတပ်ဖွဲ့ကရော ဒီမိန်းကလေးတွေပျောက်တဲ့အမှုကို ဖော်ထုတ်အရေးယူနိုင်မှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023
My Name Is Shruthi
The Taste of Things
7.6

The Taste of Things ( 2023 ) Directed by Tran Anh Hung ဗီယက်နမ်နွယ်ဖွား ပြင်သစ်ဒါရိုက်တာ Tran Anh Hungကို အနည်းဆုံးတော့ မူရာကာမိဝတ္တုကိုပြန်ရိုက်ထားတဲ့ Norwegian Wood ရုပ်ရှင်နဲ့ တော်တော်များများသိကြတယ်။ သူဟာ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင် The Scent of Green Papayaကစလို့ Cyclo, The Vertical Ray of the Sun , I Come with the Rain, Eternity, အခု ဒီနှစ်နောက်ဆုံးထွက်တဲ့ The Taste of Thingsအထိ ရိုက်သမျှကားတိုင်း အကုန်ကောင်းနေတဲ့ ဒါရိုက်တာလို့ပြောရမယ်။ အခု The Taste of Thingsနဲ့ Cannesမှာ Best Directorဆုလည်းရထားခဲ့တယ်။ The Taste of Thingsဟာ ပြင်သစ်ဒါရိုက်တာ ရိုက်တဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်တဲ့အတွက် ဒီနှစ်ပြင်သစ်မှာ အော်စကာဆန်ခါတင်ဝင်ဖို့ စာရင်းတင်စရာ အဓိကရုပ်ရှင်၂ကားရှိခဲ့တယ်။ The Taste of Thingsနဲ့ Anatomy of a fallတို့ပါပဲ။ the taste of things ဟာ အော်စကာ Shortlistedထဲဝင်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ဆန်ခါတင်စာရင်းထဲ ပါမလာခဲ့ဘူး။ အင်တာနေရှင်နယ်ဖီးချားမှာ ပြင်သစ်ရုပ်ရှင်ဟာ ဆန်ခါတင်မဝင်ခဲ့ဘူး။ Anatomy of a fallကိုတော့ Bpထဲအထိ ကောက်ထည့်ထားတော့ သူ့သာရွေးခဲ့ရင်တော့ ဆန်ခါဝင်ဝင်သွားလောက်မှာပဲ။ တကယ်ပဲ ပြင်သစ်ဘက်က The Taste of Thingsကို Anatomy of a fallထက် ပိုကြိုက်လို့ရွေးတာလားတော့မသိနိုင်ပေမဲ့ Anatomy of a fallရဲ့ ဒါရိုက်တာ Justine Trietဟာ ကိန်းမှာ မိန့်ခွန်းပြောတဲ့အချိန် ပြင်သစ်အစိုးရကို ဝေဖန်ခဲ့လို့ ဒီလိုလုပ်တာလို့လည်း ကောလာဟလတွေထွက်နေခဲ့တယ်။ ဘာပဲပြောပြောပါ။ သူတို့ဘယ်လိုပဲတွေးတွေး ဒီရသမတူတဲ့ ရုပ်ရှင်၂ကားကို ဘယ်ကားပိုကောင်းလဲဆိုတာက ကြည့်တဲ့လူက ဘယ်လိုရုပ်ရှင်တွေကို ပိုသဘောကျလဲဆိုတဲ့အပေါ် မူတည်နေမှာဖြစ်သလို ဒီရုပ်ရှင်၂ကားလုံးဟာ ပြောင်မြောက်တဲ့ အနုပညာတွေဖြစ်နေတဲ့အတွက် ဘယ်ကားကပိုသာတယ်လို့ တစ်ကိုယ်ရေထင်မြင်ချက်ထက်ပိုပြီး အကဲဖြတ်ခွင့်လည်း ကျွန်တော်တို့မှာ ရှိမနေပါဘူး။ The Taste of Thingsက အချက်အပြုတ်ရုပ်ရှင်တစ်ကားပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကြုံနေကျ အချက်အပြုတ်ရုပ်ရှင်တွေနဲ့မတူတာက ဟင်းချက်တာကိုပြတာထက် ဟင်းစားတာကိုပြတာက ပိုအလေးသာနေတဲ့ တစ်ချက်ပဲ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ကိုယ်တိုင်ကိုက ပြိုင်ဘက်ကင်းစာဖိုမှူးတစ်ယောက်ဖြစ်ပေမဲ့ ချက်ရတာထက် စားရတာကို ပိုအားသန်တဲ့ ဇာတ်ကောင်မျိုးအဖြစ် ပုံဖော်ထားတယ်။ ရုပ်ရှင်အရတော့ ပြိုင်ဘက်ကင်းစာဖိုမှူးပေမဲ့ ဟင်းတော့မချက်တော့ပုံပါပဲ သူ့မိတ်ဆွေတွေအတွက်နဲ့ သူ့အတွက်သူကလွဲ မချက်ဘူး။ နောက် သူကိုယ်တိုင်ချက်တာကို ကျွန်တော်တို့ တော်တော်နဲ့ မြင်ရမှာမဟုတ်ဘူး။ သူက လျှာကဝေလို့ခေါ်တဲ့ အစားကောင်းကြိုက်တဲ့လူဖြစ်တဲ့ဘက်ကို ပိုအားသန်ပြီး နည်းနာညွှန်ပြပေးပေမဲ့ တကယ်ချက်ရတဲ့ ထမင်းချက်ဟင်းချက်က သက်သက်ရှိနေတယ်။ ဒါရိုက်တာနဲ့ စီနီမာတိုဂရပ်ဖာလိုပေါ့။ အစားကောင်းအသောက်ကောင်းကြိုက်တဲ့လူဆိုတော့ သူနဲ့ အဲဒီထမင်းချက်မိန်းမက အမြဲအတူတူနေတယ်။ နှစ်ပေါင်း၂၀ကြာအောင် အတူတူနေလာပြီးတဲ့နောက် သံယောဇဉ်လည်းရှိလာသလို လိင်မှုကိစ္စတွေလည်း သူတို့ကြားမှာရှိလာခဲ့တယ်။ သူတို့ချင်း ချစ်မိလာခဲ့တယ်။ သူတို့ရဲ့ဆက်ဆံရေးကလည်း ဒီဇာတ်လမ်းရဲ့ အခရာတစ်ခုပေါ့။ တစ်နေ့သူ့ကို အူရားရှားက တော်ဝင်မင်းသားတစ်ပါးက ထမင်းစားဖိတ်လာတယ်။ သူ့စားဖိုမှူးရဲ့ လက်ရာကို လက်စွမ်းကြွားချင်တဲ့ပုံစံမျိုးပဲ။ ရေရေရာရာတောင်မပြထားဘူး။ ဒီတော့ သူနဲ့ သူ့မိတ်ဆွေတွေ ၈နာရီကြာစားရတဲ့ ဟိတ်ကြီးဟန်ကြီးနိုင်တဲ့ ဟင်းအမည်တွေ အချိုပွဲတွေ ဝိုင်တွေ တစ်မျိုးပြီးတစ်မျိုးဆက်တိုက်ချနေတဲ့ အဲဒီပွဲကို သွားစားကြတယ်။ ဟိတ်ကြီးဟန်ကြီးပေမဲ့ အနှစ်သာရမရှိလေတော့ လျှာကဝေတစ်အုပ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်ပေါ့။ ဒီနောက် သူက အဲဒီမင်းသားကို ထမင်းစားပြန်ဖိတ်ဖို့ကြံပြီး ဟင်းလျာမီနူးကို စဉ်းစားတယ်။ မင်းသားရဲ့ ထမင်းပွဲနဲ့ ဆန့်ကျင်ဘက်ပဲ သူ့ဟင်းလျာကတော့ ရိုးတာမှ တော်တော်ရိုးတဲ့ ဟိုးရှေးပဝေဏသီကတည်းက လယ်သမားကစလို့ ဘုရင်အဆုံး ပြင်သစ်တစ်နိုင်ငံလုံး စားကြတဲ့ နိုင်ငံတော်ဟင်းလျာလို့ခေါ်တဲ့ Pot-au-feu။ အဲဒီဟင်းလျာက တကယ်ဆိုရှင်းရှင်းလေးပဲ အသားနဲ့အရွက်ပြုတ်တွေရယ် ဟင်းရည်ရယ်ကိုပဲ တည်ခင်းပေးတာ။ ဒီလိုအရိုးရှင်းဆုံးဟင်းကိုမှ စားဖိုမှူးက တည်ခင်းတဲ့ ဇာတ်ကတော့ မဆန်းတော့ဘူး။ အချက်အပြုတ်ကားတော်တော်များများမှာ ကျွန်တော်တို့မြင်ဖူးပြီးသားပဲ ဒါပေမဲ့ အလှည့်အပြောင်းကတော့ မြင်နေကျမဟုတ်ခဲ့ဘူး။ ဒီဇာတ်ဟာ ပြောခဲ့သလို အချက်အပြုတ်ဇာတ်ပါပဲ။ ဒါပေမဲ့ အစားအသောက်ကို အရသာခံတဲ့ဇာတ်လို့ ပြောရင်တော့ ပိုမှန်ကောင်းမှန်လိမ့်မယ်။ ဟင်းလျာနာမည်တွေက ပြင်သစ်နာမည်တွေနိုင်းချင်းနဲ့မို့ ဟင်းလျာတော်တော်များများကတော့ ကျွန်တော်တို့ခေါင်းထဲရောက်သွားမှာမဟုတ်ပေမဲ့ သူအဓိကပြချင်တဲ့ ဟင်းလျာတွေကတော့ ကောင်းကောင်းကြီး ရောက်သွားပါလိမ့်မယ်။ The Taste of Thingsဟာ အရသာတွေအကြောင်း, အဲဒီအရသာတွေကို တန်ဖိုးထားတတ်တဲ့လူတွေအကြောင်း, အဲဒီအရသာတွေ ထွက်လာဖို့ ကြိုးပမ်းကြသူတွေအကြောင်းပါပဲ။ ဒီရုပ်ရှင်ထဲက ဥရောပဟင်းလျာတွေဟာ ကြည့်လိုက်ရင် ရိုးရှင်းပေမဲ့ ကျွန်တော်တို့ မြင်နေကျတွေမဟုတ်တော့ ဆန်းပြားတယ်လို့ ခံစားရတဲ့ဟင်းလျာတွေ အတွဲအစပ်တွေပါပဲ။ The Taste of Things ကိုယ်တိုင်ကလည်း ရိုးရှင်းပေမဲ့ ဆန်းပြားတယ်လို့ ခံစားရမယ့် အတွဲအစပ်ကို ပေးစွမ်းနိုင်မယ့် ရုပ်ရှင်လို့ပြောရပါလိမ့်မယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_( 2.5GB)/( 1.4GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:05:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.6 2023 135 mins
The Taste of Things
Adrenaline
4.5

Adrenaline (2023) Andrenaline အက်ရှင်ကားကို ဒါရိုက်တာ Massimiliano Cerchi က စီစဥ်ရိုက်ကူးတင်ဆက်ထားပါတယ်။ အလုပ်ကိုပဲ ဇောက်ချလုပ်တတ်တဲ့ FPI အေးဂျင့် ဗစ်တိုးရီးယားဟာ အလုပ်ကြိုးစားလွန်းတာကြောင့် သူ့အထက်လူကြီးက နယ်ဝေးကို အပန်းဖြေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ခံလိုက်ရပါတယ်။ ဗစ်တိုးရီးယားကတော့ ဒါ သူ့ကို သက်သက်ညစ်လိုက်တာလို့ယူဆနေပါတယ်။ ဒါပေမယ့်ဖြစ်ချင်တော့ အပန်းဖြေခရီးမှာပဲ သူ့အတွက် လုပ်စရာတွေရှိလာပါတော့တယ်။ တဖက်မှာလဲ သူ့မိသားစုဟာ သူ့ကြောင့် ဒုက္ခရောက်ရတာမျိုး ကြုံလာတဲ့အခါ ပြသနာတွေကို သူပြန်ပြီးဖြေရှင်းနိုင်ပါ့မလားဆိုတာကတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1.5 GB) / (750 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime Duration….01:15:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

Comedy • Drama • Romance
4.5 2023 75 mins
Adrenaline
MILF
4.9

MILF (2018) လူကြီးဇာတ်ဝင်ခန်းတွေ ပါပေမယ့်လည်း ဟာသဆန်တဲ့ ရသမျိုးပေးနိုင်တဲ့ ဇာတ်ကားကိုပြောပါဆိုရင် ဒီ MILF ကိုပဲ ညွှန်းရမှာပါ။ တစ်နေ့မှာ သူငယ်ချင်းသုံယောက် ခရီးသွားလေသတဲ့။ ဒီလိုနဲ့ ဥရောပသားတွေနဲ့နောက်မီးလင်းတဲ့ ထုံးစံအတိုင်း ရရာအချိန်ကို အမြတ်ထုတ်ကြတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်သိုက်ဟာ ကမ်းခြေရှိရာမြို့တစ်မြို့ကို ရောက်လာခဲ့ပါတယ်။ ဘော်ဘော်သုံးယောက်ထဲက စီစလီဟာ အဲဒီမှာ အိမ်ရှိတဲ့ကြောင်းပြချက်နဲ့ သူ့အရင်ယောက်ျားနဲ့ဝယ်ခဲ့တဲ့ အိမ်ကိုရောင်းဖို့ဆိုပြီး သန့်ရှင်းလုပ်၊ စာချုပ်တွေချုပ်မယ်ဆိုပြီး အကြောင်းပြရင်း ရောက်လာခဲ့တာပေါ့။​ ရောက်ရောက်ချင်းမှာတော့ ဟုတ်သလိုလိုနဲ့ အိမ်ကိုသန့်ရှင်းရေးလုပ်သေသေသပ်သပ်ဖြစအောင်လုပ်ဖို့ ရွယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ဖြတ်အနား ကမ်းခြေကို အလည်သွားခဲ့ကြတဲ့ အချိန်မှာ မော်တော်လှေစီးရင်း ကိုယ်တော်ချောတစ်သိုက်နဲ့ ဆုံခဲ့ပါတယ်။ ညဘက်ကျတော့လည်း သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်ကလပ်သွားတဲ့အချိန် ဝင်ခွင့်မရတဲ့အခါမှာ နေ့လည်က ချာတိတ်တွေကပဲ သူတို့ကိုကူညီပေးခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ပဲ တိုးပြီးရင်း တိုးတဲ့အခါမှာတော့ ငြိပြီးရင်းငြိဖို့ ဖြစ်လာကြပါတော့တယ်။ ***18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။*** (အညွှန်းနဲ့ဘာသာပြန်ကတော့ SM ဖြစ်ပါတယ်။) File size…(1.8 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:42:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by SM

4.9 2018 96 mins
MILF
The Woman in Black 2: Angel of Death
4.8

The Woman in Black 2: Angel of Death (2014) ဒီဇာတ်လမ်းကိုတော့ ပထမဇာတ်ကား (The Woman in Black (2012) က အဖြစ်အပျက်တွေနောက် နှစ် ၃၀ အကြာ London Blitz လို့လူသိကြတဲ့ လန်ဒန်မြို့ကြီးဗုံးကြဲတိုက်ခိုက်ခံရစဉ်ဒုတိယကမ္ဘာစစ်ကာလကိုအခြေခံထားပါတယ်။ ကျောင်းအုပ်ကြီး ဂျင်းန်ဟော့ဂ်နဲ့ဆရာမ အိဗ်ပါကင်းစ်တို့ဟာ ကျောင်းက ကလေးတစ်ချို့နဲ့အတူဝေးလံတဲ့ နယ်မြို့လေးတစ်မြို့ကိုစစ်ရှောင်ထွက်ခဲ့ကြပါတယ်။ သူတို့သွားရောက်တဲ့နေရာကတော့ ခရစ်သင်းဂစ်ဖိုဒ့်ရွာပဲဖြစ်ပြီး အခုချိန်မှာတော့ ရွာသားတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ရွာပျက်ကြီးတစ်ခုဖြစ်နေပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့တည်းခိုဖို့စီစဉ်ထားတဲ့ နေရာကလည်း ဇာတ်လိုက်ကျော် အယ်လ် စိမ့်တောအိမ်ကြီးဖြစ်နေပါတယ်။ အိမ်ကြီးကိုရောက်ပြီးမကြာခင်မှာပဲ သူတို့ကျောင်းသားတွေထဲက မိဘတွေကိုလတ်တလောဆုံးရှုံးလိုက်ရလို့စိတ်ထိခိုက်နေတဲ့ ကျောင်းသားလေးအက်ဒွပ်ဟာ အမူအယာတွေထူးခြားလာခဲ့ပြီး သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသားတစ်ယောက် စိမ့်တောထဲမှာသေဆုံးမှုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဆရာမ ပါကင်းစ်ဟာလည်း ထူးခြားတဲ့ အရိပ်အယောင်တွေ အသံတွေကြားရတာတွေရှိလာတဲ့အတွက် ကျောင်းအုပ်ဆရာမကြီးကိုပြောပြပေမယ့် ခေါင်းမာတဲ့ ဆရာမကြီးက လက်မခံပါဘူး။ အမျိုးသမီးနှစ်ယောက်နဲ့ လူမမယ်ကျောင်းသားတစ်သိုက်၊ရွာပျက်အောင်စွမ်းတဲ့ တစ္ဆေတစ်ကောင်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ The Woman in Black: Angel of Death ဟာ ပထမဇာတ်ကားအခြေခံတဲ့၀တ္ထုရဲ့နောက်ဆက်တွဲနာမည်တူ၀တ္ထုကိုပဲအခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Drama
4.8 2014 98 mins
The Woman in Black 2: Angel of Death
Big World
7

Big World (2024) IMDb Rating (7.0) ဒီတစ်ခုကတော့ Must Watch တွေထဲမှာထိပ်ဆုံးကပါပဲ။ ဇာတ်ကြောင်းကတော့ လျှိုချွင်းဟယ်ဆိုတဲ့ အသက်နှစ်ဆယ်အရွယ်ကောင်လေးက ဦးနှောက်အကြောသေရောဂါခံစားနေရပါတယ်။ ဉာဏ်ကောင်းပေမယ့် အဲ့ဒီရောဂါကြောင့် ပုံမှန်ကလေးတွေလို လူ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ အလုပ်ရဖို့ ကျောင်းကောင်းကောင်းတက်နိုင်ဖို့ အဆင်မပြေခဲ့ပါဘူး။ အပြင်လူတွေထက်ပိုဆိုးတဲ့ဒဏ်ရာကတော့ မိသားစုအတွက်ကိုယ်က၀န်ထုပ်၀န်ပိုးကြီးဖြစ်နေတာပါ။ဒီလိုရောဂါမျိုးတွေက မိသားစုအတွက်ကော ခံရသူအတွက်ပါအရမ်းခက်ခဲပါတယ်။ မိဘကိုလည်းငါ့ကိုဘာလို့ဒီလိုဖြစ်အောင်မွေးပေးခဲ့တာလည်းဆိုပြီးလည်း အပြစ်တင်မိတယ်။ သူ့အဖွားရောက်လာပြီးတော့ အဖွားရဲ့သူငယ်ချင်း‌‌တွေနဲ့တီးဝိုင်းမှာပါရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သူအားတက်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကောင်မလေးက သူ့အမေလိုမျိုးပဲသူ့‌အပေါ်လုံးလုံးကြီးနားလည်ပေးနိုင်တဲ့သူမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ လျှိုချွင်းဟယ်ပြောသလိုပါပဲ နေရောင်ခြည်မရောက်တဲ့အမှောင်မိုက်ဆုံးနေရာတွေမှာတောင် ရေညှိပင်လေးတွေက ပျိုနီပန်းလိုသိက္ခာရှိရှိပွင့်လန်းနိုင်အောင် သူ့အင်အားသူအသုံးချပြီး တိုက်ခိုက်နေကြတယ်တဲ့။ သူကိုယ်တိုင်ကလည်းအဲဒီလိုကြိုးစားရှင်သန်နေပေမယ့်လည်း အသက်နှစ်ဆယ်ကောင်လေးတစ်ယောက်အနေနဲ့ ဒီဒုက္ခတွေကိုဘယ်လောက်များဆက်ခံစားနိုင်မှာလဲ။ မသန်စွမ်းတစ်ယောက်ကို လူ့အဖွဲ့အစည်းရဲ့ဆက်ဆံပုံတွေကိုကွက်ကွက်ကွင်းကွင်း‌မြင်တွေ့နိုင်ပြီး မိသားစုတွင်းပြဿနာတွေကိုပါ သရုပ်ဆောင်ပိုင်ပိုင်နိုင်နိုင်နဲ့ချပြသွားတဲ့ကားပါ။ Cast တွေအနေနဲ့ကတော့ တော်တော်များများ Jackson Yee လို့သိကြမယ့် Chinese idol and actor ယိယန်ချန်းရှီပါ။ ချန်းရှီက သူ့ရဲ့ ML အနေနဲ့ပထမဆုံးကား Better days နဲ့တင် သရုပ်ဆောင်ပိုင်းမှာနေရာတစ်နေရာယူထားနိုင်ခဲ့ပြီး သူ့ထက်ဝါအများကြီးရင့်တဲ့မင်းသမီးကျိုးတုန်းယွီနဲ့တန်းတူသရုပ်ဆောင်စွမ်းရည်ကိုချပြနိုင်ခဲ့တဲ့သူမို့ ဒီကားမှာလည်းသရုပ်ဆောင်ကတော့ပြောစရာမလိုပါဘူး။ ချန်းရှီက များသောအားဖြင့် ဒီလိုသဘာ၀ဆန်တဲ့ကားတွေရိုက်တာများပြီး ကားတိုင်းကလည်း ကြည့်ရှုသူကို မက်ဆေ့ဒ်တစ်ခုအောင်အောင်မြင်မြင်ပေးနိုင်ပါတယ်။ သူ့ရဲ့လျှိုချွင်းဟယ်ကာရိုက်တာကိုကြည့်လိုက်ရင် စင်မြင့်ထက်ကကြယ်ပွင့်လေးဆိုတဲ့ Image ကိုတောင်မေ့သွားပြီး ဖန်တွေတောင်ပုံမှန်လူအဖြစ်ခံစားမိသည်အထိပါပဲ။ ကြည့်မိလို့အချိန်ပေးရတန်တယ်ဆိုတာထက်ကို‌ပိုတဲ့ Movie လေးတစ်ခုမို့ ရှုစားလိုက်ကြပါဦးရှင့်။

7 2024
Big World
Follow the Light
6.2

Follow the Light (2021) ******************* IMDb… 6.2 ဒီတစ်ခေါက်မှာတော့ ဂျပန်ကျေးလက်သဘာဝအလှလေးတွေကို တစ်ဝကြီးကြည့်ရှုခံစားနိုင်မဲ့ အာကီရာနဲ့ မာအိတို့ရဲ့ Follow the light ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မိဘတွေကွာရှင်းထားလို့ ဖခင်ဇာတိကို ပြောင်းလာခဲ့တဲ့ အာကီရာဟာ introvertဖြစ်တဲ့အလျောက် ကျောင်းအသစ်မှာဖယ်ကျဉ်ခြင်းခံထားရသူပါ။ သူပြောင်းလာတဲ့ကျောင်းကလည်း တက်ရောက်တဲ့ကျောင်းသား နည်းပါးလာတာကြောင့် ကျောင်းပိတ်သိမ်းပွဲတောင် ပြင်ဆင်နေရတဲ့ အနေအထားမှာ ရောက်နေပြန်ပါသေးတယ်။ တစ်နေ့တော့ သူ့ပုံဆွဲအရည်အချင်းကို တွေ့ရှိသွားတဲ့ အတန်းဖော်က ကျောင်းပိတ်ပွဲမှာ နံရံဆေးရေးပန်းချီဆွဲပေးဖို့ အကူအညီတောင်းရင်း သူငယ်ချင်းတွေရလာတဲ့ အာကီရာတစ်ယောက် အကြောင်းရင်းမသိရဘဲ ကျောင်းလုံးဝမတက်တဲ့ မာအိဆိုတဲ့ အပယ်ခံကောင်မလေးကို တွေ့ပြီး စိတ်ဝင်စားမိသွားပါတော့တယ်။ ဒီလိုနဲ့ အာကီရာနဲ့မာအိတို့ တဖြည်းဖြည်း ရင်းနှီးသွားရာက ဖြစ်ပေါ်လာတဲ့ သူငယ်ချင်းသံယောဇဉ်၊ အပယ်ခံတစ်ယောက်ရဲ့ စိတ်အားငယ်မှုတွေနဲ့ မှေးမှိန်လာတဲ့ ကျေးလက်‌ဒေသမှာ တကယ်ကြုံတွေ့နေရတဲ့ အမှန်တရားတွေကို နားလည်သိရှိနိုင်မဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့လို့ ကြည့်ရှုခံစားကြည့်လိုက်ပါဦးနော်။ File Size… 2.01GB/ 840MB Quality… AMZN WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…2h 13m Genre …..Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

6.2 2021 104 mins
Follow the Light