YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Teen.Titans.S03E02.X.1080p.(CM).mp4

246.76 MB 1080p video/mp4 104 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Willow
7

"Star Wars & Indiana Jones" အဲဒီဖန်ဒန်ကြီး၂ခုလုံးကို တည်ဆောက်ဖန်တီးခဲ့တဲ့ George Lucas ကို မသိတဲ့လူမရှိပါဘူး။ တစ်ခေတ်တစ်ယောက် ဆရာ့ဆရာကြီးဖြစ်ခဲ့သလို ဒီရုပ်ရှင်ကလည်း သူ့ဇာတ်လမ်းပါပဲ။ သူတည်ဆောက်ခဲ့တဲ့ နောက်ယူနီဗာ့စ်ကြီးတစ်ခုပေါ့။ ဒီရုပ်ရှင်က လူးကတ်စ်ရဲ့ မှော်ဇာတ်လမ်းပေါ့။ ရိုက်တာကတော့ ရွန်ဟောင်းဝတ်။ ဒီနှစ်ထဲတင် Thirteen Lives ထွက်ထားတဲ့၊ တစ်နှစ်ထဲမှာတင် Best Director ရော Best Picture ဆုပါရဖူးတဲ့ နာမည်ကြီးဒါရိုက်တာပါပဲ။ ကားကတော့ fantasy ကိုမှ LoTR တို့ ဘာတို့ကို ပိစိလောက်ဆင်နေတဲ့ပုံစံ။ ဇာတ်ကတော့အရမ်းကြီးမကြီးကျယ်ဘူး။ မကြီးကျယ်ဆို ဒီတစ်ကားပဲရှိသေးပေမဲ့ ဒီတစ်ကားက အစကနဦးလို့ပဲပြောရမယ်။ ရှေ့အများကြီးဆက်ရင်တော့ ဘယ်လိုဖြစ်လာမလဲပြောမရပေါ့။ သို့ပေမဲ့ နောက်နှစ်လလောက်ကျရင် ဒီကားရဲ့အဆက် ဇာတ်လမ်းတွဲထွက်လာမှာပါ။ သို့ပေမဲ့ သူကတော့ LoTR လို အတည်အကြမ်းကြီးတွေမဟုတ်ဘဲ ငပေါလေးတွေချည်း။ LoTR နဲ့ ဆင်တယ်ဆိုပေမဲ့ LoTR လို မာစတာပိစ်ကြီးရဲ့ခြေဖျားတော့မမီဘူးပေါ့။ သူ့အရသာနဲ့သူတော့ ရှိပါတယ်။ ဒါပေမဲ့ IMDb - 7.2/10 နဲ့ အတော်ဆုံးတွေထဲက တစ်ယောက်ကရေးပြီး တစ်ယောက်ကရိုက်ထားတဲ့ တော်တော်လေးမိုက်တဲ့ ရုပ်ရှင်ပါပဲ။ Cast တွေက Warwick Davis, Val Kilmer နဲ့ Joanne Whalley။ Joanne Whalley က တော်တော်လေးလှသလို Val ကြီးကလည်း မိုက်ကန်းတဲ့သူရဲကောင်းနေရာက ကွက်တိပါပဲ။ Warwick Davis ကတော့ မှော်ဆရာဖြစ်ချင်တဲ့ ရိုးရိုးကုတ်ကုတ်လယ်သမားလူပုလေးပေါ့။ နောက်နှစ်လ‌လောက်ကျထွက်မယ့် ဒစ္စနေးရဲ့ အဆက်ဇာတ်လမ်း စီရီးထဲမှာလည်း Willow နေရာကို ပထမမင်းသားကြီးကိုပဲ ပြန်သုံးပေးထားပါတယ်။ ပထမမင်းသားကိုပဲ ပြန်သုံးထားတာဆိုတော့ မူလအရသာတော့ မပျက်ဘူးလို့ယူဆရပါတယ်။ Joanne Whalley လည်းပါမှာပါ။ နှစ်ပေါင်း၃၄နှစ်အကြာဆိုတော့ ပိုလှတဲ့ effect တွေနဲ့ သတ္တဝါတွေကို တွေ့ရမယ်လို့ မျှော်လင့်ရတာပါပဲ။ Val ကြီးကတော့ ပြန်မပါနိုင်တော့လောက်ပါဘူး။ ဒီရုပ်ရှင်ဟာ LoTR ဆန်ဆန်နဲ့ကို LoTR လို ဂန္ထဝင်အရမ်းဆန်မနေပေမဲ့လည်း သူထွက်ခဲ့တဲ့နှစ်အရဆို တော်တော်လှပတဲ့ကားလေးပါပဲ။ သူ့ဟာနဲ့သူလည်း ဂန္ထဝင်ဖြစ်နေပါပြီ။ အော်စကာ၂ဆုလည်း ဆန်ခါတင်ဝင်ခဲ့ပါတယ်။ Board Game လည်း ထွက်ခဲ့ပါတယ်။ ဒါကိုမှ ဂျော့လူးကပ်စ်, ရွန်ဟောင်းဝတ်, ဝါးဝစ်ခ်, ဗယ်လ် တို့ရဲ့ ဂန္ထဝင်ဆန်ခြင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ ဂန္ထဝင်အရသာအပြည့်နဲ့ ဂန္ထဝင် Fantasty ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.4GB, 750MB Quality - 1080p, 720p, 480p IMDb Rating - 7.2/10 Format - mp4 Duration - 2H 6Min Genre - Action, Adventure, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Adventure • Drama • History
7 1988 126 mins
Willow
Deep in the Forest
3.5

ရုပ်ရှင်အကြောင်းမပြောခင် IMDb Ratingအကြောင်း အရင်စချင်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် သိပ်ကောင်းတဲ့ ရုပ်ရှင်မို့ပါပဲ။ IMDb Ratingတွေဟာ တော်တော်မယုံရတဲ့ထဲပါပါတယ်။ ဥပမာ ထိပ်ဆုံးကားတွေထဲ ထပ်ခါတလဲလဲရိုက်နေတဲ့ လင်းနို့လူသားကားကို မူးနောက်နေအောင်ရိုက်တတ်တဲ့ လူက ရိုက်ထားတဲ့ကားလည်း ပါပါတယ်။ အခန်းလေးထဲတင် စကားများပြီး ပြီးသွားတဲ့ အဖြူအမဲကားလည်းပါပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ ဘာဇာတ်အိမ်မှရေရေရာရာမရှိတဲ့ ရိုက်တာတောင် လက်မငြိမ်တဲ့ တရုတ်ကားတွေ ၊ ကြာခိုတာကို နစ်နာရီလောက်ရိုက်ပြသွားတဲ့ တရုတ်ကားတွေ ၊ မိသားစုတစ်ခုထဲက မထူးမဆန်းဟာတွေကို ရိုက်ပြပြီး ပြီးသွားတဲ့ ဂျပန်ကားတွေက rating 8တွေအထိနေရတာပါပဲ ။ Ratingအတိုင်း ယုံရတာ mcuရုပ်ရှင်တွေနဲ့ ကုလားကားတွေလောက်ပဲရှိပါတယ်။ rating များပြီး တကယ်လည်းကောင်းတဲ့ကားတွေပါပဲ။ ဒီတော့ပြောချင်တာက ဒီရုပ်ရှင်ရဲ့ ratingကို မယုံကြပါနဲ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ဟာ အင်မတန်ဆန်းပြားတဲ့ ဇာတ်အိမ်ပါပဲ။ ဒီမိုကရေစီနဲ့ နာမည်ကြီးတဲ့ အမေရိကန်ကြီး ဖက်ဆစ်ဆန်သွားတဲ့အကြောင်းပေါ့။ ကားစစမှာ အမေရိကန်အစိုးရက ဂျာမန်တွေသုံးတဲ့နည်းသုံးပြီး အစိုးရကိုဆန့်ကျင်တဲ့သူတွေကို ဖြိုခွင်းဖို့လုပ်တယ်။ ကိုယ့်လွှတ်တော်အဆောက်အဦးကို ကိုယ့်ဘာသာဗုံးခွဲပြီး အစိုးရကိုဆန့်ကျင်တဲ့လူတွေလုပ်ပါတယ်ဆိုပြီး လိုက်ဖမ်းတာပေါ့။ ဒီလိုနဲ့ အစိုးရကို ဆန့်ကျင်တဲ့လူတွေက တောခိုသွားတယ်။ ကားနာမည်ကိုက တောကြီးမျက်မည်းတဲ့လေ။ တောကြီးမျက်မည်းကနေ မတရားတဲ့ အစိုးရကိုဆန့်ကျင်တဲ့သူတွေရဲ့ အဖြစ်သနစ်ကို ရိုက်ပြထားပါတယ်။ ထူးတာက ဒီကားက အမေရိကန်ရဲ့မရှိသေးတဲ့ ဒုတိယအကြိမ်မြောက် ပြည်တွင်းစစ်ကာလမှာ ဇာတ်အိမ်တည်ထားတာပါ။ ဒီလိုဆန်းဆန်းပြားပြား အိုင်ဒီယာနဲ့ရိုက်ပြီး တောတွင်းက လူ့သဘောမနောတွေကို သေချာပုံဖော်ထားတဲ့ ရုပ်ရှင်ကိုကျ rating နည်းနေပြီး အပေါ်က ဘာမှန်းမသိတဲ့ကားတွေမှာကျ များနေတဲ့ ratingကိုမယုံကြည်ဘဲ ခေတ်ကာလအခြေအနေကိုလည်း ထပ်ဟပ်မှုရှိတဲ့ တကယ့်ကားကောင်းကို လက်လွတ်မခံဘဲကြည့်ကြစေချင်ပါတယ်။ File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__4.1/10 Format__mp4 Duration__01:10:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Michael The Archangel Encoded by Dean Winchester

Comedy • Drama • Fantasy
3.5 2021 77 mins
Deep in the Forest
Tomb Raider
6.4

လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။ အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ဆီကို သွားခဲ့ပါတယ်။ လမ်းမှာ မုန်တိုင်း အကြီးအကျယ်မိပြီး သင်္ဘောပျက်ကာ ကျွန်းတစ်ကျွန်း ပေါ် ကမ်းတင်သွားပြီး ဟီမီကို အုတ်ဂူကို လိုက်ရှာနေတဲ့ အဖွဲ့ ခေါင်းဆောင် မက်သီရက်ဗိုဂယ် ဆိုသူက ဖမ်းဆီးထားခဲ့ပါတယ်။ ဗိုဂယ်ဟာ ရစ်ချက်ကို သတ် ပစ်ခဲ့ပြီး ရစ်ချက်ရဲ့ သုတေသန ပြုချက်တွေနဲ့ ဟီမီကိုအုတ်ဂူ ကို ဆက်ရှာဖို့ ကြံစည်နေတာပါ။ လာရာကို သင်္ဘောကပ္ပတိန် လူ ရန်က ကယ်ဆယ်ခဲ့ပြီး ဒေသခံရေ လုပ်သားတွေ အကူအညီနဲ့ အုတ် ဂူရှိရာကျွန်းဆီကို သွားခဲ့ပါတယ်။ ကျွန်းပေါ်မှာ ဘာတွေဆက်ဖြစ်မလဲ၊ ဟီမီကိုကို ဘယ်လိုတားဆီးမလဲဆိုတာတော့ ပရိသတ်ကြီး ဆက်လက်ခံစားကြည့်ကြပါ။ (ဇာတ်လမ်းအညွှန်းကို 7dailywebsite မှကူးယူဖော်ပြပါသည်) File Size : (3.9 GB)/(1.8 GB)/(800 MB) Quality : Blu-Ray 4K HEVC/1080p /720p Running Time : 1hr 58min Format : mkv Subtitle : Myanmar Subtitle (Hard Sub) Translated by Arkar Phyo Encoded by Thanhtike Zaw,Nyeinsaeya Aung

Action • Adventure • Thriller
6.4 2018 118 mins
Tomb Raider
Borat Subsequent Moviefilm
6.5

IMDb (7.1) / Rotten Tomatoes (84%) ဒီကားက သိပ်ထွေထွေထူးထူး ညွှန်းပြနေစရာမလိုတော့ပါဘူး။ ပထမကားမှာ အောင်မြင်ခဲ့တဲ့ ဘိုရတ် ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယကားမှာ နိုင်ငံရေးသရော်မှုတွေနဲ့အတူ ပြန်လာပါပြီ။ ဒီကားရဲ့အစမှာတော့ ဘိုရတ်ဟာ ပထမကားမှာ အောင်မြင်ခဲ့ပေမဲ့ သူ့နိုင်ငံဖြစ်တဲ့ ကာဇက်စတန်ကတော့ ကမ္ဘာ့အလယ် အဟားခံစရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားခဲ့ရတာမို့ ဘိုရတ်ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ခံခဲ့ရပါတယ်။ ပြစ်ဒဏ်ကျခံပြီး ၁၄ နှစ်ကြာပြီးနောက်မှာ ဘိုရတ်ဟာ သမ္မတနန်းတော်ဆီကို ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ အကြောင်းကတော့ အမေရိကန်မှာ သမ္မတအပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံးသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာ့လူကြမ်းခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ပူတင်တို့ ကင်မ်ဂျုံအွန်းတို့နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကာဇက်စတန်ကို အဖက်မလုပ်ဘဲ ပစ်ထားနေတာမို့ ကာဇက်စတန် သမ္မတက သူတို့နိုင်ငံကို ဒေါ်နယ်ထရန့် အရေးလုပ်ဖို့အတွက် လက်ဆောင်ပဏ္ဏာဆက်သဖို့ ဘိုရတ်ကို စေလွှတ်ချင်လို့ပဲဖြစ်ပါတယ်။ ဘိုရတ်ဟာ ၁၄ နှစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရပြီးနောက် အမေရိကန်ကို တစ်ဖန်ပြန်သွားရပါတော့တယ်။ သူရောက်သွားတဲ့အခါမှာတော့ အမေရိကန်ဟာ သူအရင်ကသိခဲ့တဲ့ အမေရိကန်မျိုး မဟုတ်တော့ပါဘူး။ အရမ်းကိုပြောင်းလဲသွားပါပြီ။ ထို့နောက် ဘိုရတ်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ အာမခံချင်တာတစ်ခုကတော့ အရမ်းအရမ်းကို ရယ်ရပါတယ် ပြီးတော့ မိသားစုနဲ့ အတူမကြည့်ပါနဲ့ ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မကြည့်ပါနဲ့ တစ်ယောက်တည်း ကြည့်ပါ။ တစ်ယောက်တည်း ကြည့်ပြီး အားရပါးရခွီလိုက်ပါ ပြီးမှ ကြည့်ပြီးတဲ့သူငယ်ချင်းတွေနဲ့ ပြန်ပြောရင်း ထပ်ခွီပါ။ ဒီဇာတ်ကားထဲမှာ လက်ရှိဖြစ်ပျက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စတွေလည်း ပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နှင်းနည်းတွေကအစပါဝင်တာမို့ ပညာရတယ်လို့ ပြောရင်း ဒီဇာတ်ကားရဲ့ အညွှန်းကို အဆုံးသတ်လိုက်ပါတယ်။ File size…(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • Mystery • Sci-Fi & Fantasy
6.5 2020 96 mins
Borat Subsequent Moviefilm
Ant-Man and the Wasp
7

1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။ MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။ ++++++++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2.3 GB) and (1.2 GB in Openload) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:04:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Romance • Western
7 2018 119 mins
Ant-Man and the Wasp
Boiler Room
7

မင်းသာကြီး Vin Diesel, Giovanni, Ben Affleck တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၀ ခုနှစ်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ပါ ဒီဇာတ်လမ်းမှာ လောဘသားတို့ရဲ့ အတောမသတ်နိုင်မှုတွေကို မြင်တွေ့ကြရပါလိမ့်မယ်၊ ပညာရေးမှာ ဘယ်လိုမှ မဖြစ်မြောက်နိုင်မှန်း ကိုယ့်ကိုယ်ကိုယ်သိသွားတဲ့ ဆက်ဟာ ကောလိပ်ထွက်လိုက်ပြီး တရားမဝင်ကာစီနို အလုပ်လုပ်ရင်း ငွေရှာပါတယ် တစ်နေ့မှာ သူ့ကာစီနိုကို လာတဲ့ ပွဲစားတစ်ယောက်နဲ့ ဆုံမိပြီး သူ့လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ‘ ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီကုမ္ပဏီဟာ တခြားကုမ္ပဏီတွေလို့ ရိုးသားဖြူစင်နေလှတယ်တော့ မဟုတ်ပါဘူး ။ မရှိတဲ့ စတော့ရှယ်ယာတွေကို လိမ်ရောင်းပြီး ရိုက်စားတဲ့နေရာတစ်ခုပါ။ ဇ,ရှိပြီးသား ဆက်တစ်ယောက် ဒီလိုနေရာကို ရောက်လာချိန်မှာတော့…… File size…(3.13GB) / (1.29GB) / (622MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre…Drama / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Molemy

Horror • Thriller
7 2000
Boiler Room
The Long Dark Trail

အခုဇာတ်ကားလေးကတော့ တကယ့်လက်တွေ့ဘဝမှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Braddy O’Donnell နဲ့ Carter O’Donnell တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အဲဒါအပြင် ဝါရင့်သရုပ်မင်းသားကြီးတစ်ဦးဖြစ်တဲ့ Alex Huges ကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟင်နရီ နဲ့ ဂျေကော့ပ်လို့ခေါ်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ကို ကိုယ်ထိလက်ရောက် နှိပ်စက်တတ်တဲ့ သူတို့အဖေဆီကနေ ထွက်ပြေးလာခဲ့ကြပါတယ်။ အဲဒီနောက်နှစ်ရှည်လများ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူတို့အမေအကြောင်းကို နားစွန်နားဖျားကြားလိုက်ရတဲ့အခါမှာ သူတို့အမေကိုလိုက်ရှာဖို့အတွက် ပန်ဆယ်ဗေးနီးယားမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ တောအုပ်ကြီးဆီကို ခရီးထွက်ခဲ့ကြပါတော့တယ်။ တကယ်တမ်း သူတို့ရဲ့အမေက ဘယ်လိုနေထိုင်နေရပြီးတော့ ဘာတွေဖြစ်နေမလဲ၊ သူတို့ကို ဘာကြောင့် ငယ်ငယ်က စွန့်ပစ်သွားခဲ့ရတာလဲဆိုတာကိုတော့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ လာရောက်ကြည့်ရှုဖို့အတွက်ကို ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။ File size…(1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:18:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

TV Movie • Romance • Comedy
0 2022
The Long Dark Trail
Partner
6.2

Partner 2023 (သို့) ညိုကီမှပျိုမဒီ IMDb – 6.3/10 တောင်ပိုင်းမင်းသားချော အာဒီနဲ့ သူမပါရင်တောင်ပိုင်းကားမဟုတ်သလို ဇာတ်ကားတိုင်းမြင်နေရတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အာဒီက အကြွေးပူနေလို့ ငယ်သူငယ်ချင်း ဘာဘူကြီးရှိရာ ချန်နိုင်းကို ရောက်လာခဲ့ရော။ အဲဒီမှာ အသက်ရှင်ဖို့အရေး ခိုးဝှက်စားသောက်နေကြလေရဲ့။ ရိုးရိုးခိုးတာမဟုတ် ကုမ္ပဏီထောင်ခိုးတာ။ တစ်ရက် အချီကြီးကြံဖို့အရေး သူဌေးကို ဂွင်ကျော်ရိုက်ရာကအစ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ စမ်းသပ်ခန်းထဲက ချစ်ပ်ပြားလေးတစ်ခုကို ဝင်ခိုးရင်း ဇာတ်လိုက်ကျော်ယိုဂီဘာဘူတစ်ယောက် ဘုန်းကညာတပါး လုံးရာကပြားပြီး မင်းသမီးချောလေး ဟန်စီကာအဖြစ်ပြောင်းသွားပါရောလား။ အဲဒီကနေ ဘယ်လိုတွေတိုင်ပတ်ပြီး ပျိုကညာမဒီတပါး ပြားရာကပြန်လုံးဖို့ ကြိုးစားကြပုံကို ဝါးလုံးမကွဲဘဲ ပြုံးဖြဲဖြဲရယ်မောရင်း ကြည့်ရှုအမောဖြေကြစို့လေ။ (အညွှန်းနဲ့ဘာသာပြန်သူတွေက Zwe~BpL~V~YH~ToMo~KKKZတို့ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

6.2 2023 124 mins
Partner
The Last Loner

The Last Loner [2019] (IMDb 4.8/10) ချာနိုင်ဘိုင်းပေါက်ကွဲမှု ဖြစ်စဉ်ပြီးနောက်မှာ ရုရှားအစိုးရဟာ အဲ့နယ်မြေတဝိုက်ကို ကန့်သတ်ပိတ်ဆို့လိုက်ပါတယ်… ဒီလို ကပ်ဘေးစိုက်ထားတာကိုမှပဲ အခွင့်ကောင်းယူပြီး ကန့်သတ်ဇုန်အတွင်း လျှို့ဝှက်ဓာတ်ခွဲခန်းကွန်ယက်ကြီးတစ်ခု ဖြန့်ကျက်ခဲ့ပါတယ်… ဒီနောက်မှာ ထူးဆန်းတဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားရင်း သေဆုံးသူအရေအတွက်လည်း တိုးပွားလာပါတယ် …. ဒိလို အခြေအနေဆိုးကြီးမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို လိုက်လံရှာဖွေရောင်းချနေတဲ့ အမဲလိုက်သမားတွေ ရှိနေပါတယ်…. ဇာတ်လမ်းကတော့ အမဲလိုက်သမားဖြစ်သူ ဟက်တာရဲ့ ညီဟာ သူ့အစ်ကိုကို ရှာဖွေဖို့အတွက် ဒီဇုန်ကြီးထဲကို ရောက်လာပြီး မျိုးစုံသော ဒုက္ခသုက္ခတွေအပြင် ရေဒီယိုဓာတ်သတ္တိကြွမှုတွေကြောင့် မျိုးရိုဗီဇပြောင်းလဲနေပြီဖြစ်တဲ့ လူသူသတ္တဝါတွေနဲ့လည်း ယှဉ်ပြိုင်တိုက်ခိုက်ရင်း အသက်မသေအောင် ကြိုးစားရပါတော့တယ်… ဒီတော့ ညီဖြစ်သူက ဟက်တာကို ရှာတွေ့နိုင်လိမ့်မလား ရှာမတွေ့နိုင်ဘူးလားဆိုတာ ပရိသတ်ကြီးကိုယ်တိုင် ရှုစားလိုက်ပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Action, Sci-fi Quality…. 1080p | 720p File size… 1.1GB | 579MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

Horror • Comedy
0 2019
The Last Loner
Reservation Road
6.6

Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီး သရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားက ဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီး သူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျ သွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့ အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူး တွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။ အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူး တွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်း ပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန် ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူ ဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာ ဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန် တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာ ဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့က ကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက် ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေ ထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့…… File size…1.83GB / 908MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Action • Crime • Drama • Thriller
6.6 2007
Reservation Road
Winny
6.5

၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ “ဝင်နီ” ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ‌‌ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

6.5 2023
Winny
Snow Dogs

မိုင်ယာမီမှာ သွားအထူးကုလုပ်နေတဲ့ဒေါက်တာဘရွတ်စ်ရဲ့ဘ၀အလှည့်အပြောင်းက မထင်မှတ်ထားတဲ့သေတမ်းစာတစ်စာင်ကိုလက်ခံရရှိချိန်မှာစပါတယ်။ သေတမ်းစာက ဒေါက်တာဘရွတ်စ်ရဲ့အမေအရင်းစီကဖြစ်တာ‌ကြောင့် မွေးစားသားတစ်ယောက်ဆိုတာမထင်မှတ်ဘဲသိလိုက်ရတဲ့ ဒေါက်တာဘရွတ်စ်အနေနဲ့အမေရင်းရဲ့ရွာဆီကိုလိုက်သွားပြီး မိဘရင်း‌တွေရဲ့အ‌ကြာင်းစုံစမ်းဖို့ဖြစ်လာပါတယ်။ အမေအရင်းဖြစ်သူကဒေါက်တာဘရွတ်စ်အတွက် စွတ်ဖားမောင်းတဲ့ခွေးတစ်အုပ်ကိုချန်ထားပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ရွာတည်းသားဂျက်က ဒီခွေးတွေကိုအချောင်မဖို့ကြံနေတာကြောင့် ဒေါက်တာဘရွတ်စ်အနေနဲ့အမေရင်းဖြစ်သူရဲ့လမ်းစဉ်ကိုလိုက်ရဖို့ဖြစ်လာပါတော့တယ်။ ရုပ်ရှင်က family drama, comedyအမျိုးအစားဖြစ်တာကြောင့် မပျင်းရဘဲဇာတ်လမ်းတစ်လျှောက်စီမျောပြီး အတော်လေးကြည့်လို့ ကောင်းတဲ့ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Yanni ဖြစ်ပါတယ်) File size…(2.4 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Family, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Yani

0 2002
Snow Dogs
Murder at the Country Club Country Club Scandal

Murder at the Country Club (2024) IMDb Rating (4.7) Country Club ဆိုတာ အများအားဖြင့် မြို့စွန်တွေမှာရှိပြီး ဂေါက်၊ တင်းနစ်၊ ရေကူး စတဲ့ အားကစားတွေကို အသင်းဝင်ကြေးနဲ့ ဝင်ခွင့်ပေးတဲ့ အားကစား အပန်းဖြေစခန်းတွေ ဖြစ်ပါတယ်။ တချို့ ကြီးကြီးကျယ်ကျယ်ကလပ်တွေဆိုရင် အသင်းဝင်ခွင့်အတွက် ငွေတင်မဟုတ်ဘဲ သတ်မှတ်ချက်တွေရှိပါသေးတယ်။ တည်းခိုဆောင်၊ စားသောက်ခန်းမ စတာတွေလည်းရှိပြီး တွေ့ဆုံပွဲ၊ မင်္ဂလာပွဲ စတဲ့ ပွဲတွေကိုလည်းကျင်းပလို့ ကောင်းတဲ့ နေရာဖြစ်ပါတယ်။ သာယာလှပတဲ့ ရှုခင်းနဲ့ စိတ်ကြည်နူးစရာနေရာလေးပါ။ “ဝါဝါမြင်တိုင်း ရွှေမထင်နဲ့”ဆိုသလို ဒီလို သာယာလှပပြီး ကိန်းကြီးခန်းကြီးနိုင်လှတဲ့ နေရာမှာ လူသတ်မှု၊ လိင်မှုဆိုင်ရာဖောက်ပြန်မှု၊ ငွေကြေးမသမာမှုတွေ ပြည့်နှက်နေနိုင်တယ် ဆိုတာ မယုံနိုင်လောက်စရာပါ။ ဒီဇာတ်လမ်းမှာတော့ Pinecrest Country Club မှာ လက်ထောက်မန်နေဂျာ အဖြစ် အလုပ်စဝင်တဲ့ ကတ်စီ ဟာ ကလပ်ရဲ့ ငွေကြေးစီမံပုံကို ဘဝင်မကျနိုင်ဖြစ်နေသလို၊ ကလပ်ရဲ့ ဂေါက် ကယ်ဒီတစ်ဦးဖြစ်သူ မိုင်လိုဟာလည်း သူ့အဆက် ယခင် လက်ထောက်မန်နေဂျာ လီဆာ ရုတ်တရက် ပျောက်ဆုံးသွားမှုအပေါ် မကျေမချမ်းဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ ကလပ်နဲ့ ဆက်စပ်ပြီး မတော်တဆမှုလိုလို ဖြစ်ရပ်တွေ၊ ဥက္ကဌနဲ့ မန်နေဂျာချုပ်တို့ ဖောက်ပြန်နေတာတွေ၊ ငွေကြေးပြဿနာတွေ ဖြစ်လာတဲ့အခါ မိုင်လိုပြောပြတဲ့ အကြောင်းအရာတွေအပေါ် အခြေခံပြီး ကတ်စီ နဲ့ သူ့ခင်ပွန်း သတင်းထောက် ဂျေမီတို့ ပူးပေါင်းကာ ကလပ်ရဲ့အရှုပ်တော်ပုံတွေကို ဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Alex Mitchell, Kyle Findley, Adam Harper, Layla Cushman နဲ့ Cody Kahaku တို့က အဓိကပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Dave Thomas ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.4 GB) / (630 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Thriller,TV Movie Duration….01:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by T Lone

0 2024
Murder at the Country Club Country Club Scandal
Sarzameen

Sarzameen (2025) “လွန်ဆွဲပွဲ” နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါ၀င်ထားတဲ့ ဟင်ဒီစကားပြော သည်းထိတ်ရင်ဖို-ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းမှာ မလေယာလမ်းနာမည်ကြီးမင်းသားချော ပရီသ်ဗီရာ့ဂ်ျဆူကူမာရန်၊ ဟင်ဒီမင်းသမီးကြီး ကာဂျိုးနဲ့ (ဆေ့ဖ်အလီခန်းရဲ့သား) အီဘရာဟမ်အာလီခန်းတို့ ပါ၀င်ထားတာမို့ ဘောလိဝုဒ်ရုပ်ရှင်ချစ်သူတို့ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းထဲမှာတော့ ဗီဂျေးဟာ အရည်အချင်းပြည့်၀ပြီး အကြမ်းဖက်သမားတွေကိုရဲရဲဝံ့ဝံ့နှိမ်နင်းလာတဲ့ စစ်တပ်အရာရှိကြီးတစ်ဦးပါ။ ဒါပေမဲ့ သူ့မှာရှ်တဲ့ တစ်ဦးတည်းသောသားဖြစ်သူ ဟာမန်ကတော့ ဖခင်နဲ့လုံး၀မတူဘဲ အရမ်းကြောက်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အကြမ်းသမားတွေကိုနှိမ်နင်းနေသူဖြစ်တာကြောင့် ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ ဗီဂျေးတစ်ယောက် တစ်နေ့မှာ သားဖြစ်သူနဲ့ ခြိမ်းခြောက်တာကို ခံရတဲ့အခါ… အရမ်းကြောက်တတ်တဲ့ ဟာမန်တစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရဦးမလဲ၊ သူတို့မိသားစု ရှေ့ဆက်ဘာဖြစ်မလဲ ဆိုတာတွေကို သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေနဲ့အတူ ဒရာမာပါနှောပြီး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym ~ ToMo ~ KKKZ ~ V ~ Alex ဖြစ်ပါတယ်။)

Drama
0 2025 137 mins
Sarzameen