YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Taxi-Driver 2.(2023).EP14.VIU.WEB-DL.1080P(CM).mp4

1.03 GB N/A video/mp4 1427 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Greenfingers
6.4

၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ် ‌ဟာသဒရမ်မာဇာတ်လမ်း Greenfingers ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတာပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။Greenfinger ဆိုတာ သစ်ပင် အစိုက်ကောင်းတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်ဝေါ်တဲ့စကား ဖြစ်ပါတယ်။ အင်္ဂလန်က လုံခြုံရေးလျှော့ပေါ့ထားတဲ့ အကျဉ်း စခန်းတစ်ခုက ဆုရအကျဥ်းသားတွေအကြောင်း အခြေခံရိုက် ကူးထားတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းထဲမှာ ကောလင်န်ဘရစ်စ်ဟာ ထောင်နှစ်ရှည်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာပြီးတဲ့နောက် သူ့ အပြုအမူကောင်းတွေကြောင့် လုံခြုံးရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ရပါတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမဲ့ အထူးခြားဆုံးက သူ့အခန်းဖော် အဘိုးကြီးဖားဂတ်စ်ပါ။ တစ်နေ့မှာ ဖားဂတ်စ်ကြီးကောင်းမှုကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုတို့ ဥယျာဉ်မှူးဘ၀ကို ရောက်မှန်း မသိ ရောက်သွားကြပါတယ်။ အဲဒီမှာ သူတို့‌တွေအပြောင်းအလဲကြီး ပြောင်းလဲပြီး ဘ၀ပန်းတိုင်းကို ရှာတွေ့သွားကြပါတယ်။ ဒါပေမဲ့ လူတွေရဲ့ အလိုလိုအထင်သေးခံရမှုတွေကြောင့် သူတို့ပန်းတိုင် ကို သွားရာလမ်းဟာ မဖြောင့်ဖြူးဘဲ အနှောင့်အယှက်တွေ ကြုံရပါတယ်။ ထောင်ထဲကလူဆိုးတွေဘ၀ကနေ ပန်းဥယျာဉ်မှူးအဖြစ် ပြောင်းလဲသွား ကြတဲ့ ကောလင်န်တို့လူစု အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် သွားကြမလဲဆိုတာ တွေးရင်းငေးရင်း စိတ်၀င်တစား ကြည့်ကြရမှာပါ။ မြင်‌နေကျ အကျဉ်းထောင်ဇာတ်လမ်းတွေမျိုး ဖြစ်မယ်ထင်ထားပေမဲ့ ကြည့်ရင်းနဲ့ တစ်မျိုးတစ်ဖုံကွဲပြားပြီး စိတ်၀င်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ ဇာတ်ကားက တွေးစရာလေးတွေနဲ့ ငြိမ့်ငြိမ့်လေးတစ်မျိုး၊ လူ့သဘာ၀တွေကိုထင်ဟပ်ထားတဲ့ ရသကတစ်ဖုံကိုမှ ရိုရိုအခန်းလေးတွေနဲ့ ဟာသလေး ပါးပါးဖောက်ပြီး ဒရမ်မာလေးလည်း နှောထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.85 GB) / (838 MB) / (537 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Crime, Drama Translator.......C'mon Encoder..........SWM

Action • Adventure • Mystery • Science Fiction
6.4 2000 91 mins
Greenfingers
The Novelist's Film
6.3

~ IMDb - 7/10, Rotten Tomatoes - 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist's Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist's Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.73GB, 1.13GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 32Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
6.3 2022 92 mins
The Novelist's Film
Love Tactics 2
7.2

ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့ အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။  သူတို့နှစ်ယောက်ကနေ တစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ် ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမ ကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲ နောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင် ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာ သူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။ ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေး စပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည် ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာ လား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL မှဖြစ်ပါတယ်) File Size..........(1.85 GB) / (833 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM

7.2 2023 98 mins
Love Tactics 2
Uncle’s Paradise
4.7

Uncle’s Paradise (2006) Haruoဆိုတဲ့ကောင်လေးမှာ Takashiဆိုတဲ့ဦးလေးတစ်ယောက်ရှိတယ် Takashiက အိပ်ပျော်သွားတာနဲ့အိပ်မက်ဆိုးတွေမက်လွန်းလို့ သူဟာအိပ်ရမှာကိုကြောက်နေတဲ့သူတစ်ယောက်ပေါ့ (သူ့မှာမအိပ်ရရင်hornyအရမ်းဖြစ်တယ်ဆိုတဲ့ရောဂါလည်းရှိတယ်တမျိုးလေးနော်သူ့ရောဂါကကျ) Haruoကတော့ တနေ့မှာပြည်ကြီးငါးအကောင်ကြီးကိုဖမ်းနိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတဲ့သူ တရက် Takashiက Haruoရဲ့အိမ်မှာနေဖို့ရောက်လာခဲ့တယ် သူ့အိပ်မက်တွေကိုဘယ်လိုတိုက်ခိုက်မလဲ Haruoကကော အိပ်မက်တွေကြားမှာရောပြီးပိတ်မိနေမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး File Size__(450MB) Quality__720p IMDb Rating__5/10 Format__mp4 Duration__01:05:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Drama • Romance
4.7 2006
Uncle’s Paradise
[18+] Baxter, Vera Baxter
6.1

ဒီကားက ပြင်သစ်ကားဆိုတော့ အားလုံးကြိုက်မယ့် ကားမျိုးတော့ မဟုတ်ဘူး။ ပြင်သစ်ကားပီသစွာပဲ တင်ဆက်ပြသပုံကလည်း ထူးခြား တယ်။ ရိုက်ထားတဲ့သူကလည်း ပြင်သစ်စာရေးဆရာမ Marguerite Duras။ The Loverတို့ Hiroshima, mon Amourတို့ကို ရေးခဲ့တဲ့ စာရေးဆရာမပေါ့။ အဆိုပါကား၂ကားက တန်းဝင်ကားတွေဖြစ်တဲ့အ တွက် ဒီကားတွေကို ရေးတဲ့ စာရေးဆရာမကလည်း သူ့ဇာတ်ကောင် တွေကို သူပိုင်ပိုင်နိုင်နိုင်ပုံဖော်နိုင်တဲ့သူမျိုးပဲ။ ဒီကားမှာဆိုလည်း ဇာတ်ကောင်နည်းနည်းနဲ့တင် တစ်ခါတလေ ဇာတ် ကောင်တွေကိုတောင် သေချာမပြဘဲ စကားပြောနေတဲ့အသံနဲ့ တခြား ကို ပြရင်းတင် ပုံဖော်သွားတယ်။ ဒါပေမဲ့ တရိပ်ရိပ်ကြည့်ရင်းတော့ ဇာတ်ကောင်တွေအကြောင်းကို ကျွန်တော်တို့သိလာလိမ့်မယ်။ ပဟေ ဠိဆန်ဆန်နဲ့ ကြည့်နေရင်း ပဟေဠိကို အဖြေသိသွားသလို သိလာတဲ့ အသိမျိုးပေါ့။ ဒီကားဟာ စာရေးဆရာမရိုက်တဲ့ကားဆိုတော့ ဇာတ်ကောင် တွေကို အသက်သွင်းသွားတာ တော်တော်မိုက်ပေမဲ့ အများကြီးတော့ သွားမျှော်လင့်လို့မရဘူး။ တစ်ခုသတိချပ်ရမှာက ပြင်သစ်ရုပ်ရှင်ဆိုတာ လိင်ဆွဲဆောင်မှုမပါရင်မဖြစ်ဘူးလို့ ယူဆကြတဲ့ဒါရိုက်တာတွေတောင် ရှိတဲ့နေရာဆိုတော့ ဒီကားဟာ အများနဲ့ကြည့်လို့တော့ အပြည့်အဝ အဆင် ပြေမှာမဟုတ်ပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ W ဖြစ်ပါတယ်) File Size……….(1.64 GB) / (415 MB) / (220 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama Translator…….W Encoder……….Admin X

6.1 1977 95 mins
[18+] Baxter, Vera Baxter
Dad Rocks
6.7

Dad Rocks(2022) *************** ချစ်သူရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝ မတူသလို နှစ်ယောက်တည်းအိမ်ထောင်သည်ဘဝနဲ့ ကလေးရှိလာတဲ့ အိမ်ထောင်သည်ဘဝကလည်း မတူပါဘူး ကလေးတစ်ယောက်ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူး ပိုပြီးကုန်ကျစရိတ်များသလို တာဝန်ကလည်း ပိုလာတာပါ ဒါပေမယ့်သူတို့လေးတွေ တဖြည်းဖြည်း လူလားမြောက် ကြီးပြင်းလာတာကို မြင်ရတဲ့ ကြည်နူးမှု ကလည်း ဘာနဲ့မှမလဲနိုင်ပါဘူ း မိဘတွေက သူတို့ကလေးတွေကို အကောင်းဆုံးဆိုတာပဲ ပေးချင်ကြတာ သဘာဝပါ အဖေတစ်ယောက်ဖြစ်ဖို့ကလွယ်ပါတယ် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့သာ ခက်တာပါ ဖခင်တစ်ယောက်ရဲ့အခန်းကဏ္ဍက ငွေရှာပေးယုံနဲ့မပြီးပါဘူး မိခင်တွေအရေးပါသလိုပဲ ဖခင်တွေဟာလည်း သားသမီးတွေအတွက်အရေးကြီးပါတယ် ကလေးထိန်းအိမ်မှုကိစ္စအလုပ်တွေဟာ မိန်းမတွေတာဝန်ချည်းပဲ မဟုတ်သလို ယောက်ျားတွေအနေနဲ့ အိမ်ထောင်တာဝန်ကို ကူညီဖို့လိုအပ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် တွမ်နဲ့အယ်လီဆာတို့ရဲ့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးက ကလေးတစ်ယောက်ပထမဆုံးရတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ဘယ်လိုရယ်စရာလေးတွေ တွေ့ရတတ်သလဲဆိုတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ ကလေးရပြီးနောက်ပိုင်း ယခင်လိုလွတ်လွတ်လပ်လပ် နေလို့မရနိုင်တာတော့ ငြင်းလို့မရတဲ့အချက်ပါ ပျော်ရွှင်စရာမိသားစုဘဝဆိုတာ ဘာမျိုးလဲဆိုတာ လှလှပပလေးရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ File Size :(1.6GB) and (746MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ‌AOI Encoded by Phyo Pyae

6.7 2022
Dad Rocks
Girl with a Pearl Earring
6.9

CM ပရိတ်သတ်ကြီးအတွက် Scarlett Johansson ရဲ့ အရင်က ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 6.9/10, Rt 73 % ရရှိထားတဲ့ Romance/Drama ကားလေးဖြစ်ပြီး မင်းသမီး Scarlett Johansson၊ မင်းသား Colin Firth (Kingsman: Secret Service/ Pride and Prejudice) နဲ့ မင်းသား Cillian Murphy (Peaky Blinders/ Oppenheimer) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒက်ချ် ပန်းချီဆရာ Johannes Vermeer ရဲ့ နာမည်ကြီး လက်ရာတစ်ခုဖြစ်တဲ့ Girl with a Pearl Earring ဆိုတဲ့ပန်းချီကားကို အခြေခံပြီး ဖန်တီးထားတဲ့ Tracy Chevalier ရဲ့ နာမည်တူဝတ္တုကို ဒါရိုက်တာ Peter Webber က ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲဖြစ်ပြီး ဆုပေါင်း ၁၇ ဆု ရရှိခဲ့ကာ ဆန်ကာတင် ၄၆ ခု (အော်စကာဆု အပါအဝင်) ဝင်ခဲ့တာပါ။ ၁၆၆၅ ခုနှစ်ဆီက ဟော်လန်နိုင်ငံရဲ့ ပန်းချီဆရာတစ်ယောက်အိမ်မှာ အစေခံအဖြစ်ရောက်လာတဲ့ ဂရိဒ်ဆိုတဲ့ ကောင်မလေးနဲ့ ပန်းချီပညာရှင် သူ သခင်ရဲ့ကြားက ဆက်ဆံရေးကို cinematography ကောင်းကောင်းနဲ့ တင်ဆက်ပြနိင်ခဲ့လို့ ဝေဖန်သူတွေရဲ့ ချီးကျူးမှုပေါင်းများစွာကိုလည်း ရရှိခဲ့တာပါ။ မူရင်းပန်းချီထဲက ကောင်မလေးက ပန်းချီဆရာရဲ့အိမ်က အစေခံကောင်မလေး ဟုတ်မဟုတ်ကိုတော့ ဘယ်သူကမှ အတည်ပြုနိုင်ခြင်းမရှိခဲ့သလို ဒီပန်းချီကားက ပန်းချီပညာရှင် Vermeer ရဲ့ နာမည်အကြီးဆုံးပန်းချီကားဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူကမှ မငြင်းဆိုနိုင်ခဲ့ပါဘူး။ ဂရိဒ် (Scarlett Johansson) တိမ်တွေမှာ အရောင်ရှိတယ်တဲ့။ အရင်ကတော့ သူမ သတိမထားမိခဲ့ပါဘူး။ ဒါပေမယ့် သခင်က ပြောလို့ သေချာခံစားပြီးကြည့်တော့မှ တကယ်ဟုတ်တာပဲ။ တိမ်တွေမှာ အရောင်တွေရှိနေပါတယ်။ အိမ်ရဲ့စားဝတ်နေရေးကြောင့် သူများအိမ်မှာ အစေခံလာလုပ်နေရပေမယ့် သခင့်ရဲ့ပန်းချီတွေက သူမကို အလုပ်လုပ်နေရတယ်လို့ မခံစားရစေခဲ့ပါဘူး။ အရေးကြုံရင်လည်း သခင်က သူမဘက်က ရပ်တည်ပေးတတ်သေးတယ်လေ။ ဗာမီရား (Colin Firth) ပျင်းရိငြီးငွေ့ဖွယ် သူ့ဘဝထဲ သူမ ဝင်လာချိန်ကစပြီး သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရတယ်။ အရောင်တွေကို နားလည်ပြီး အနုပညာကို ခံစားတတ်တဲ့ သူမက သူ့ရဲ့လက်ရာအမြောက်ဆုံးဖြစ်လာမယ့် ပန်းချီတစ်ချပ်ကို ဖန်တီးပေးခဲ့သူပေါ့။ ပီတာ (Cillian Murphy) အသားစိမ်းတွေနဲ့ပဲ အချိန်ကုန်နေတဲ့ အသားသည်သူ့ဘဝထဲ “အသားကမလတ်ဘူး”လို့ ပြောပြီး သူမ ဝင်လာခဲ့တာပါ။ မျက်လုံးဝိုင်းကြီးတွေနဲ့ ပင့်ကြည့်ပြီး သူမက ပြောတော့ သူတို့သားအဖ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အကောင်းစားအသားကို ထုတ်ပေးလိုက်ကြရတယ်။ သူမ ဘယ်သွားတတ်လဲ၊ ဘာလုပ်တတ်လဲ လိုက်စုံစမ်းပြီး သူမအနားပဲ ရှိနေချင်မိတာ သူ့အမှားမဟုတ်ဘူးလေ။ သူမက လှတာကိုး။ ဇာတ်လမ်းကို spoil မိမှာစိုးလို့ သိပ်အများကြီး မညွှန်းတော့ပါဘူးနော်။ မတ်မတ်ရဲ့ ငယ်ရွယ်နုပျိုတဲ့ အလှလေးကို ခံစားရင်း နောက်ဆုံး ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောခံစားကြည့်လိုက်ကြပါဦးလို့။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Biography, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror • Thriller
6.9 2003 101 mins
Girl with a Pearl Earring
Third World Romance
6.1

ဆင်းရဲသားကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ အလုပ်တွေ ကြိုးကြိုးစားစားလုပ်ရင်း နောက်၃၊၄နှစ်နေတော့ ချမ်းသာသွားကြပါတယ်။ …ဒီလိုဆိုရင်တော့ သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းဖြစ်နေမှာပေါ့။ အချိန်တိုတိုလေးအတွင်း လူချမ်းသာကြီးဖြစ် အိမ်တွေကားတွေပိုင်သွားတယ်ဆိုတာ ဇိမ်ခံရုပ်ရှင်တွေထဲမှာပဲရှိတာပါ လက်တွေ့ဘဝကြီးမှာတော့ ဘာကိုမှအလကား ရမနေပါဘူး။ လက်ရှိဘဝလေးကတဆင့် ချောင်လည်အောင် ကြိုးစားရုန်းကန်ရင် အသက်ရှင်နေရတာပါပဲ။ ဒီဇာတ်လမ်းလေးထဲမှာလည်း အထက်လူကြီးရဲ့ခေါင်းပုံဖြတ်မှုကြောင့် အလုပ်ထွက်လိုက်တဲ့ Breeနဲ့ ပျော်ရွှင်ဖို့ကိုသာဘဝရည်မှန်းချက်အဖြစ်ထားတဲ့ စူပါမားကတ်ကလုပ်သားလေးVinတို့ဟာ လက်တွေ့လောကကြီးဟာ ထင်သလောက်မလွယ်ကူကြောင်းပြနေပါတယ်။ ကပ်ရောဂါကြီးဖြစ်ပြီးခါစ အားလုံးလည်း နာလန်ပြန်ထူဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။ အစိုးရကထောက်ပံ့တဲ့ စားနပ်ရိက္ခာသွားယူရင်း Vinဟာ Breeကို သဘောကျသွားတဲ့ အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ Breeကို လက်ရှိသူလုပ်နေတဲ့ စူပါမားကတ်မှာ အလုပ်သွင်းပေးလိုက်ပါတယ်။ ဘဝမှာ နေပျော်ဖို့ပဲအဓိကထားပြီး စိတ်ထားပြည့်ဝတဲ့ Vinဟာ Breeလိုအပ်တာမှန်သမျှကို တက်နိုင်သမျှလေးဖြည့်ဆည်းပေးရှာပါတယ်။ ဆင်းရဲတဲ့ဘဝမှာ အကြောက်တရားကင်းဖို့ကလွဲရင် ဘာကိုမှရွေးချယ်စရာမရှိဘူးလို့ ခံယူထားတဲ့Bree။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့်ဖြစ်ရပ်နဲ့ ကြုံရတဲ့အခါ… File size…1.88GB / 892MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 52m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

6.1 2023 113 mins
Third World Romance
The Marine

ဒီဇာတ်ကားလေးမှာ တွေ့ရမှာ‌ကတော့ အ ားလုံးရဲ့ အချစ်တော် ကိုဂျွန်စီးနားကြီးပဲဖြစ်ပါတယ်။ အက်ရှင်ကား ကြမ်းကြမ်းတမ်းတမ်း‌‌မျှော်နေတဲ့ လူတွေရဲ့ အကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဇာတ်လိုက်‌ကျော်ကြီး ကိုဂျွန်စီးနားက ရေတပ်ကနေ အမိန့်မနာခံလို့ အထုတ်ခံလိုက်ရပါတယ်။ အလုပ်ဆိုလို့စစ်ထဲပဲနေလာတဲ့ လူဖြစ်နေတော့ ဘာအလုပ်မှလဲ မလုပ်တတ်မကိုင်တတ် ဖြစ်နေတော့ အရာအားလုံးဆီကနေ အနားယူ ထွက်ပြေး ခရီးထွက်လာပါတော့တယ် အဲဒီအချိန် တဖက်မှာလဲ စိန်သူခိုးတအုပ်နဲ့ တိုးပြီးတော့ သူ့မိန်းမကို ပြန်ပေးဆွဲသွားတဲ့အခါ ဂျွန်တယောက် သူ့မိန်းမကို ကယ်ဖို့ တောထဲကို တစ်ယောက်ထဲ စွန်းစားပြီးလိုက်ပါတော့တယ်။ ဂျွန်စီးနားကြီးရဲ့ ‌တိုက်ပုံခိုက်ပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ ဇာတ်လမ်းက ကြမ်းလဲကြမ်းသလို တချို့အခန်းတွေလဲ ရယ်စရာလေးတွေပါလို့ မြည်းစမ်းကြည့်ကြပါလို့ပဲ အကြံပြုလိုက်ပါတယ်ခင်‌ဗျာ။ File size… 1.2 GB / 796 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac

Family • Fantasy • Animation
0 2006 92 mins
The Marine
A Shine of Rainbows
7.1

သက်တန့်အလင်းရောင် “A Shine of Rainbows” ရတော့ ကြည်နူးစရာဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အိုင်ယာလန်က မိဘမဲ့ကလေး တောမတ်စ်ဟာ စရိုက်ကြမ်းတဲ့ မိဘမဲ့ဂေဟာတခုမှာ အထီးကျန်ဆန်စွာနေထိုင်ပြီး ဘဝကို ရင်ဆိုင်နေရတာပါ။ သူက လူကောင်‌သေးပြီး ရှက်ရွံ့တတ်သလို စကားထစ်တာကြောင့် ဂေဟာမှာ အနိုင်ကျင့်ခံနေရပါတယ်။ ‌ဒါပေမဲ့ အပြုံးအလှပိုင်ရှင် မိုင်ယာဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံတဲ့အခါမှာတော့ တောမတ်စ်ရဲ့ဘဝက တဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့စိတ်ဝိညာဉ်နဲ့ နှလုံးသားကို တောက်ပစေတဲ့ မိုင်ယာဟာ သူ့ကို သဘာဝကျွန်းတခုမှာ ခေါ်ယူမွေးစားပြီး ခင်မင်ရင်းနှီးမှု၊ လက်ခံမှုနဲ့ ချစ်ခြင်း မေတ္တာရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။ သဘာဝတရားနဲ့ သက်တန့်အလင်းရောင်ရဲ့ သာယာအေးချမ်းတဲ့ အလှအပတွေထဲမှာ တောမတ်စ်ဟာ အတိတ်က ဒဏ်ရာတွေကို ကုစားတတ်ဖို့ သင်ယူပြီး ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ကို ရှာဖွေနေပုံကို ကြည်နူးဆွတ်ပျံ့စွာခံစားရမယ့် မိသားစုဒရာမာဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…1.86GB / 869MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Romance • Fantasy • Horror
7.1 2009 101 mins
A Shine of Rainbows
The Hangman

သားအဖနှစ်ယောက် တောတွင်းတစ်နေရာမှာ စခန်းချရင်း မနက်နိုးလာတဲ့အခါ သားလုပ်တဲ့သူ ပျောက်သွားလို့ ဖခင်ဖြစ်သူ လီယွန်က အနီးအနားမှာ လိုက်ရှာရင်း အကူအညီတောင်းကြည့်လိုက်တဲ့အခါ နယ်ခံအချို့က Hangman လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ကို ကိုးကွယ်ကာ ထိုနတ်ဆိုးကို ငရဲကနေ လွှတ်ပေးဖို့ ကြိုးစားနေတဲ့အပြင် သူ့သားကိုလည်း ထိုနတ်ဆိုးကိုးကွယ်သူတွေက ဖမ်းသွားတာကို သိလိုက်ရပါတော့တယ်။ သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေက ဘာလို့လိုချင်တာလဲ။ လီယွန်ကရော သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေနဲ့ နတ်ဆိုးလက်ထဲကနေ ကယ်တင်ပေးနိုင်ပါ့မလား။ နတ်ဆိုးကရော ငရဲကနေ လွတ်ပြီးကမ္ဘာမြေပေါ်ကို တက်လာမလား စတာတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.2 GB)/(652 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
The Hangman
The Punishment / El castigo

ဇာတ်ကားက ဒါရိုက်တာ Alexander Witt ရဲ့ စပိန်ဒရာမာကားကောင်းတစ်ကားပါ။ အဓိက မင်းသမီး Mónica López, Marga Arnau နဲ့ မင်းသား Xabier Deive တို့ရဲ့ သရုပ်ဆောင်ချက်တွေဟာ ဖြစ်ရပ်မှန်ဆန်ပြီး စိတ်ထိခိုက်ဖို့ကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ မိသားစုဘဝရဲ့ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ကြရပုံကို အမိအဖနဲ့ သားသမီးတို့ကြားမှ ကြည်နူးစရာနဲ့ ရိုက်ကူးထားပါတယ်။ Alexander Witt ရဲ့ ရိုက်ကူးပုံက ကြည့်ရင်း ခံစားရမှုတွေကို ပိုမို ထိတွေ့အောင် ဖန်တီးပေးထားတာလည်း သဘောကျစရာပါပဲ။ ဇာတ်ကားကြည့်နေတုန်း စိတ်ပေါင်းသောင်းခြောက်ထောင်လောက်ကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့် ရိုက်ချက်တွေကတော့ ကောင်းပါတယ်။ ဇာတ်ကားဟာ ထူးခြားတဲ့ ဆုရရှိတာဘာညာ မရှိသေးပေမယ့် စပိန်ဒရာမာကြိုက်သူတွေ စိတ်ဝင်စားဖို့ကောင်းမယ့် ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ပြောလို့ရပါတယ်။ File size…(1.1 GB)/(618 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2022
The Punishment / El castigo
Porattu Nadakam
7

Porattu Nadakam 2024 ပိုရာတာပြဇာတ်လေးထဲက ဂိုပါလာပူရာ ရွာကလေးကို အခြေပြုပြီး ရွာလေးထဲက ရပ်ရေးရွာရေး ဘာသာရေးယုံကြည်မှုတွေနဲ့ လယ်ယာစိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်စားသောက်ကြတဲ့ ဒီရွာသားတွေရဲ့ အခက်အခဲတွေကို ဟာသလေးတွေနဲ့အတူ ရသစုံလင်စွာ ခံစားရမယ့် ၂၀၂၄ခုနှစ်ထွက် ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂိုပါလာပူရာရွာကလေးမှာ နိုင်ငံရေးပါတီတွေက အချင်းချင်း တကျက်ကျက် ထိကပါး ရိကပါးလုပ်လိုက်ကြ ရန်ဖြစ်လိုက်ကြ။ နယ်ခံရွာသားတွေအနေနဲ့လည်း လယ်ယာစိုက်ပျိုးရေးမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဘာမှမဖြစ်ထွန်း အကုန်ပျက်စီးပြီး လယ်ယာချေးငွေတွေ မဆပ်နိုင်လို့ သတ်သေတဲ့ လယ်သမားတွေ ဒုနဲ့ဒေးပါ။ ဒါကိုကျန်ရစ်တဲ့ မိသားစုဝင်က ဆပ်ရတာပေါ့။ ဒီအဖြစ်ဆိုးထဲက မလွတ်တဲ့လူကတော့ ကျွန်တော််တို့ ဇာတ်လိုက်ကြီး အာဘူပါပဲ။ ဖခင်ဖြစ်သူ သတ်သေသွားလို့ စိတ်ထိခိုက်နေတဲ့ မိခင်နဲ့အတူ ဇနီးနဲ့ကလေးတို့ကိုပါ တာဝန်ယူထားရတဲ့လူပါ။ အကြွေးဆပ်စရာမရှိလို့ အိမ်ရှိတဲ့ ကြက်ကိုထုတ်ရောင်းရင်း ဘဏ်ကိုမဖြစ်စလောက် အကြွေးဆပ်ရင်း ဘဏ်ကသူ့ကို အကြွေးဆပ်ဖို့ အချိန်တစ်လတိုးပေးလိုက်ပါတယ်။ ရယ်စရာကောင်းတာက အာဘူ့ရဲ့ ဇာတာက သူဌေးဖြစ်မယ့်ဇာတာလို့ဟောထားတော့ ဇာတ်လိုက်ကြီး ဘယ်လိုရုန်းကန်ပြီး ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဟာသလေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ)

7 2024 125 mins
Porattu Nadakam
The Hills Have Eyes

ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့ကို အပန်းဖြေရီးထွက်လာခဲ့ကြတဲ့ ကာတာမိသားစု‌ဟာ သူတို့မိသားစုရဲ့ ပဲ့ကိုင်ရှင် ဘော့နဲ့ အက်သယ် ကာတာတို့ရဲ့ ငွေရတုလက်ဆောင်ဖြစ်တဲ့ သဲကန္တာရထဲက ငွေသတ္တုမိုင်းတွင်းတစ်ခုကို လမ်းကြုံဝင်ခဲ့ကြပါတယ်။ ဒီခရီးမှာကတော့ ဘော့နဲ့ အက်သယ်တို့အပြင် ဘရန်ဒါ လင်းနဲ့ ဘော်ဘီဆိုတဲ့ သားသမီးသုံးယောက်နဲ့အတူ လင်းရဲ့ ယောကျာ်းဖြစ်သူ ဒေါ့နဲ့ သမီးလေး ကေတီတို့ ပါလာခဲ့ကြပါတယ်။ ဒီလိုနဲ့ မိုင်းတွင်းကိုမရောက်ခင်မှာ ဖရတ်ဒ်ဆိုတဲ့အဘိုးကြီးရဲ့ သတိပေးချက်ကို နားမထောင်ခဲ့ကြတဲ့ သူတို့တွေဟာ ကားပျက်ပြီး သောင်တင်ခဲ့ကြပါတော့တယ်။ ပိတ်မိနေတဲ့ သူတို့တွေကို သဲကန္တာရထဲမှာ ကျက်စားနေကြတဲ့ စိတ်မူမမှန်လူသားစား အရိုင်းအစိုင်းတွေက တိုက်ခိုက်သတ်ဖြတ်လာခဲ့တဲ့အခါမှာတော့ ကာတာမိသားစုဟာ သူတို့ရဲ့အသက်အတွက် ဘယ်လိုမျိုးရင်ဆိုင်ခုခံသွားကြရမလဲဆိုတာကို CM ပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File Size : 5.3 GB, 1.9 GB Quality : WEB-DL 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

TV Movie • Comedy • Romance
0 1977 90 mins
The Hills Have Eyes