YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Talisman- The Luck Stealer (2022) WEB-DL 1080p (CM).mp4

935.04 MB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fist of the Condor
7.4

ကဲ ဒီတစ်ခါတော့ စပိန်ကိုယ်ခံပညာကားလို့ပဲပြောမလား သိုင်းကားလို့ပဲပြောမလား ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ကိုယ်ခံပညာကားဆိုတော့ Body တောင့်တောင့်နဲ့ စပိန်မင်းသား Marko Zaror ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသလို Producer လည်းလုပ်ထားပြီး 2023 မှာထွက်ထားတဲ့ အသစ်စက်စက်ဇာတ်ကားလေးတစ်ကားပေါ့နော် rating လည်းသိပ်မဆိုးတဲ့ Fighting ကားလေးပေါ့ ဇာတ်လမ်းကတော့ ၁၆ရာစုလောက်ကသမိုင်းကိုဇာတ်အိမ်တည်ထားတယ် အာတာဟွာပအင်ပါယာ ခေတ်က အင်ကက်စ်လူမျိုးတွေအသုံးပြုခဲ့ကြတဲ့ သိုင်းပညာတစ်ရပ်ပေါ့ စာအုပ်တစ်အုပ်ထဲမှာရေးသားမှတ်တမ်းတင်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ကြတာ မင်းသားမှာ အမွှာညီတစ်ယောက်ရှိတယ်လေ ရုပ်ကလည်းဆင် သိုင်းပညာအရည်အချင်းကလည်း အတူတူပဲ တစ်နေ့တော့ အဲ့ဒီသိုင်းကျမ်းစာအုပ်ကို လုပ်ကြံပြီးတော့ညီဖြစ်သူက ယူပြီးထွက်ပြေးတာကနေစလိုက်တဲ့ဇာတ်လမ်းက...... နောက်ပိုင်းဘာတွေဆက်ဖြစ်လာမလဲ အဲ့ဒီသိုင်းပညာကိုဘယ်လိုလေ့ကျင့်ရတာလဲ လေ့ကျင့်ဖို့ဘာတွေလိုအပ်လဲ ဘာတွေပေးဆပ်ခဲ့ရလဲ စသည်ဖြင့် အမွှာညီကိုနှစ်ယောက်ရဲ့ ခံယူချက်မတူတဲ့စရိုက်တွေနဲ့ ဇာတ်လမ်းအစကနေအဆုံး Fighting တွေကိုကြည့်ရှုရမှာဖြစ်တဲ့အပြင် Fighting ကားတွေ ကိုယ်ခံပညာကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် တရုပ်သိုင်းကားတွေကြည့် ဂျပန်သိုင်းကားတွေ ကိုရီးယားသိုင်းကားတွေ စတဲ့ အာရှသိုင်းကားတွေကြည့်နေကြဆိုပေမဲ့ စပိန်ကိုယ်ခံပညာကားဆိုတော့ ခံစားမှုတစ်ခုတော့ပေးမယ်လို့ယုံကြည်ပါတယ် File size…(1.6 GB)/(860 Mb)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Micheal Leo

Action & Adventure • Animation • Mystery • Sci-Fi & Fantasy
7.4 2023 85 mins
Fist of the Condor
The Lion King 1½
6.6

The Lion King ရဲ့ ဇာတ်ဆောင် ခြင်္သေ့လေး စင်ဘာရဲ့ အချစ်တော် သူငယ်ချင်း တီမုန်နဲ့ ပွန်ဘာကို အားလုံး သိကြပြီးဖြစ်မှာပါ။ ဒီဇာတ်လမ်းလေးမှာတော့ ကန့်လန့်ကာနောက်က တီမုန်နဲ့ ပွန်ဘာတို့ကို နည်းနည်းသွားကြည့်လိုက်ကြရအောင်… ဇာတ်လမ်းလေးက ဒီလိုစပါတယ် … မြွေပါလေးတွေဟာ သက်ရှိစက်ဝန်းကြီးရဲ့ အောက်ပိုင်းက သတ္တဝါလေးတွေပါ။ ဒီတော့ တခြားအင်အားကြီး သားရဲတွေရဲ့ ရန်ကို အမြဲပူပန်နေကြရပါတယ်။ တီမုန်တို့ မြွေပါလေးတွေဟာ သူတို့ကို စားမယ့် ခွေးအတွေ ရန်က ကာကွယ်ဖို့ တစ်နေ့တစ်နေ့ တွင်းတွေတူးရတာနဲ့ပဲ အချိန်ကုန်နေပါတယ်။ မြွေပါလေး တီမုန်ကတော့ ဒီလို တွင်းတွေတူးရ ပုန်းကြရတဲ့ဘဝကို သဘောမကျလှပါဘူး။ အများနဲ့မတူတဲ့ တီမုန် အုပ်စုထဲမှာ အဆင်မပြေဖြစ်လာရပါပြီပြီ။ ဒါ့အပြင် အပြင်မှာ သူနဲ့အဆင်ပြေတဲ့နေရာ ရှိရမယ်လို့လည်း တစ်ထစ်ချ ယုံကြည်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူနဲ့အဆင်ပြေရာကို ရှာဖို့ အမေနဲ့ အဖော်မြွေပါတွေကို ထားခဲ့ပြီး ခရီးနှင်ပါတော့တယ်။ လမ်းမှာ ဘာလုပ်ရမယ် ဘယ်ကိုသွားရမယ်ဆိုတာ မသိလို့ ငိုနေတဲ့ တီမုန် ပညာရှိမျောက်ကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ မျောက်ကြီးက မင်းက ဟာကူနာမာထာထာ-အပူအပင်ကင်းတဲ့ဘဝကို ရှာနေတာပဲလို့ လမ်းစပေးလိုက်ပါတယ်။ ရှာတွေ့ချင်ရင် “look beyond what you see” မြင်နေရတာထက်ကျော်ပြီး ကြည့်နိုင်ရမယ်လို့လည်း လမ်းညွှန်ပေးလိုက်ပါသေးတယ်။ ဟာကူနာမာထာထာကို ရှာဖို့ ကြိုးစားတော့မယ့် တီမုန်လေးရဲ့ လမ်းခရီးမှာ ဘယ်သူတွေနဲ့ ကြုံရဆုံရမလဲ သူတို့လေးတွေကို ဘယ်လိုအန္တရာယ်တွေစောင့်ကြိုနေမှာလဲ သူစိတ်ကူးထားတဲ့ ဟာကူနာမထာထာကိုရော ရှာတွေ့နိုင်ပါ့မလား ဆိုတာကိုတော့…. File Size : (1.21 GB) and (565 MB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 1hr 17min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Myat Thwe Encoded by Thit San Khant

Action • Drama
6.6 2004 77 mins
The Lion King 1½
Hellblazers
4.9

ဂျိုးအန်ဒါဆင်ဆိုတဲ့ နယူးယော့ခ်သား ရဲတစ်ယောက်ဟာ ရဲမှူးရာထူးနဲ့ ဟုပ်ဗေလီဆိုတဲ့ မြို့ငယ်လေးဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်ဗျ။ ဟုပ်ဗေလီဟာဆိုရင် ရာဇဝတ်မှုကြီးကြီးမားမားမရှိတတ်တဲ့၊ အေးချမ်းတဲ့ မြို့ငယ်လေးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီဘာမှ ထူးထူးခြားခြားမရှိတတ်တဲ့ အဲ့ဒီမြို့လေးရဲ့ ရဲစခန်းကို ဘေလ်ဆိုတဲ့ ရူးကြောင်ကြောင်အဘိုးကြီးရောက်လာပြီး သူ့ခြံထဲမှာ အဝါရောင် ခြုံထည်တွေဝတ်၊ မျက်နှာတွေအုပ်ထားတဲ့ လူတစ်စုက ဂါထာမန္တာန်တွေရွတ်ကာ ငရဲတွင်းပေါက်ဖွင့်ပြီး နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ကြတယ်လို့ တိုင်ချက်ဖွင့်လာခဲ့ပါတယ်ဗျ။ အဲ့ဒီအချိန်ကနေစပြီး ငြိမ်သက်နေတဲ့မြို့လေးမှာ ထူးခြားတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဒီ Hellblazers ဆိုတဲ့ရုပ်ရှင်လေးဟာဆိုရင် Jump scares ခပ်ပါးပါးတချို့နဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင်ဆွဲခေါ်ထားပြီး အချိန်ပေးရတာတန်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.3GB  / 581MB  Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe Yan Naing

Comedy • Romance
4.9 2022 84 mins
Hellblazers
Jules
7.1

Jules (2023) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။ ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ Marc Turtletaub ရိုက်ကူးထားခဲ့တာပါ။ ခေါင်းဆောင်မင်းသားအဖြစ် အိုင်ရွန်းမန်းထဲက လူဆိုးအဖြစ်၊ မဟတ္တမဂန္ဓီအဖြစ် လူသိများကြတဲ့ မင်းသားကြီး Ben Kingsley ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက ဂြိုဟ်သားဟာ စကားမပြောပါဘူး။ နားပဲထောင်ပါတယ်။ သူ့ကိုဗဟိုပြုရင်းနဲ့ အဘိုးကြီးအဘွားကြီးသုံးယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာတယ်၊ အချင်းချင်းလည်း ပိုရင်းနှီးလာကြတယ်။ တစ်ခါတလေမှာ နားထောင်ပေးနေသူသက်သက်အဖြစ်ပဲ လုပ်ပေးနေရုံနဲ့ လူတွေရဲ့ဘဝကို အဓိပ္ပါယ်ရှိသွားစေနိုင်တယ်ဆိုတာမျိုးကို ပြလိုက်သလိုပါပဲ။ အထူးသဖြင့် သားတွေသမီးတွေနဲ့ မတွေ့ရတော့တဲ့ အဘိုးကြီးအဘွားကြီးတွေရဲ့ဘဝမှာ နားထောင်ပေးတဲ့သူတစ်ယောက်ဟာ အရာရာပါပဲ။ သက်ကြီးရွယ်အိုတွေစကားကို ထိုင်နားထောင်ဖို့ စိတ်မရှည်မိတဲ့သူတွေတောင် ဒီရုပ်ရှင်ကြောင့် အမြင်ပြောင်းသွားနိုင်ပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 27Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Horror • Mystery • Thriller
7.1 2023 87 mins
Jules
Uncle Maoshan
6

တရုတ်ခုန်ဆွသရဲကားတွေကြိုက်တဲ့ CM ရဲ့ ပရိတ်သတ်တွေအတွက် Uncle Maoshan ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချင်းခေတ်နှောင်း မင်ကော်ခေတ်အစပိုင်းမှာ သူဌေးကြီး သခင်ကြီးရန်ဟာ မတော်တဆသေဆုံးသွားခဲ့ပါတယ်။ ကောလာဟလတွေအရ သခင်ကြီးရန်ဟာ သရဲကိုက်လို့သေတာလို့ ပြောနေကြသဖြင့် မမလေးရန်ဟာ ဦးလေးကျိုကို သူမအဖေအတွက် အကူအညီတောင်းလာပါတယ်။ အမှန်တရားအတွက် သွားရောက်စုံစမ်းစဉ် အလောင်းရုံထဲ ထားခဲ့တဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ သခင်ကြီးရန်ဟာ ထူးဆန်းစွာ ပြန်ရှင်လာပြီး သရဲအဖြစ်နဲ့ မြို့ထဲကလူတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင်ချောင်ဟာ ဆရာကြီးချန်းဟဲ့ကို ခေါ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းခိုင်းခဲ့ပေမယ့်လဲ ဆရာကြီးချန်းဟဲ့လည်း ဘာမှ မတတ်နိုင်ဖြစ်ခဲ့ရပါတယ်​၏ သရဲတွေကလည်း တဖြည်းဖြည်းနှင့် ပိုဆိုးလာပြီး မြို့ထဲမှ လူအများကလဲ စိုးရိမ်ကြောက်လန့်နေရပါတယ်။ မောင်ရှန်းဘုန်းကြီးဖြစ်သူ ဦးလေးကျိုဟာလည်း သူ့ဘဝမှာ အကြီးဆုံး အခက်အခဲနဲ့ တွေ့နေပါတော့တယ်။ မြို့ထဲက သရဲတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ…… ဦးလေးကျိုနဲ့ သူ့တပည့်တွေကရော ဘယ်လို နှိမ်နင်းကြမလဲ…… ဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။

Comedy • Romance • Drama
6 2023
Uncle Maoshan
Death Notice
6.2

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ “သေဆုံးခြင်းအကြောင်းကြားစာ” များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ Darker က ဘယ်သူဖြစ်မလဲ…… အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ…… ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။

6.2 2023
Death Notice
Sleepy Hollow
7.3

IMDb Rating (7.3) / Rotten Tomatoes (70%) Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ဘယ်လိုဖော်ထုတ်သွားမယ်ဆိုတာ ဇာတ်ကားမှာဆက်ပြီး ကြည့်လိုက်ကြပါ။ ခေတ်တစ်ခေတ်ရဲ့အကူးအပြောင်းမှာ ကျန်နေခဲ့ချင်သူတွေ နဲ့ ဆက်ပြီးတိုးသွားချင်သူတွေ၊ သိပ္ပံပညာနဲ့ သဘာဝလွန်တို့ကိုပေါင်းစပ်ဖော်ပြထားတာတွေကို စိတ်ဝင်စားစရာ ဖြစ်အောင်တင်ဆက်ထားတာကို မင်းသား Johnny Depp ရဲ့ကြောင်တောင်တောင်သရုပ်ဆောင်ချက်တွေနဲ့ ပိုမိုအသက်ဝင်အောင်အားဖြည့်ထားတာကိုတွေ့ရမှာပါ။ အပြောင်းအလဲကိုလက်ခံသူတွေ လက်မခံသူတွေ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ကြီးကတော့ ရှေ့ကိုဆက်နေဦးမှာပါပဲ။ ( အညွှန်းနဲ့ဘာသာပြန်ကို d3mon တင်ဆက်ထားပါတယ်။)

Drama • Romance
7.3 1999 105 mins
Sleepy Hollow
Plastic
6

Plastic (2014) =========== IMDb Rating – 6.0/10 ဒီဇာတ်လမ်းရဲ့အစက ဆမ်၊ ဖို့ဒီ၊ ရိတ်ဆီနဲ့ ရာဖာတို့ လက်စတစ်တွေနဲ့ အကြွေးဝယ်ကတ်အတုတွေပွားပြီး လိမ်စားနေ သူငယ်ချင်းအဖွဲ့ပေါ့။ တစ်နေ့ကျ ရိတ်ဆီနဲ့ ရာဖာတို့ လူချမ်းသာတစ်ယောက်ကို ဓားပြတိုက်ပြီး သူ့ကတ်တွေကို ယူလာခဲ့တယ်။ အဲဒီမှာပဲ ကပ်ဆိုးကြီးကျလာတော့တာပဲ။ သူတို့ဓားပြတိုက်သွားတဲ့ ဟယ်ရီရဲ့သူဌေး မာဆယ်က ဆမ်တို့ကောင်လေး လေးယောက်ကိုဖမ်းပြီး သူ့ကိုပိုက်ဆံတွေ မတရားအကြွေးဆပ်ခိုင်းတော့ တာပါပဲ။ အကြွေးအပြင် အတိုးတွေပါ တစ်သက်လုံးဆပ်ရမယ်ပြောတော့ အကုန်လုံးကြေအောင် နှစ်ပတ်အတွင်း ဒေါ်လာနှစ်သန်းဆပ်ဖို့ ဆမ်သဘော တူလိုက်ရတယ်။ အဲဒီမှာပဲ သူတို့အဖွဲ့ ဘယ်လိုတွေ ပလက်စတစ်တွေနဲ့ ကတ်အတုလုပ် ငွေရှာရမလဲဆိုတာ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက် လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin, May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.6 GB) / (637 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Thwal Htoo Zin, May Thet Khine Soe Encoder……….SWM

6 2014
Plastic
Never Been Kissed
6

Never Been Kissed (1999) ~ IMDb – 6/10, Rotten Tomatoes – 55% ~ ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။ တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်‌နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ဝင်ပါခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ကလေးတွေရဲ့ဘဝကို မိဘတွေပိုသိလာဖို့အတွက် ဆောင်းပါးလည်းရေးရင်း ကျောင်းမှာလည်း လူဝင်ဆံ့လာပြီး ကျောင်းကပွဲမှာ အလှဘုရင်မရတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ ကျောင်းကပွဲညမှာတင် ဖုံးကွယ်ထားတဲ့ အလိမ်အညာတွေပေါ်သွားခဲ့ပြီး ကျောင်းသားနဲ့ဆရာဝတ္တရားကြောင့် စောင့်ထိန်းထားခဲ့ရတဲ့ ဂျိုစီနဲ့ ကိုလ်ဆင်ကြားက ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 895MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 47Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Fantasy
6 1999
Never Been Kissed
Way Back Home
7.5

Way Back Home (2013) *********************** ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ် Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့ Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီး Bae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင် ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်း … ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်က ဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူ ကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။ ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာ ဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့ အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။ သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့် သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ မိသားစု ငွေရေးကြေးရေးအကြပ်အတည်းနဲ့ ကြုံနေရတဲ့အချိန်မှာ ဂင်ဂျုံးဘယ်ရဲ့ ဇနီးဖြစ်သူဟာ ပဲရစ်ကို ကျောက်ရိုင်းတုံး မှောင်ခိုတင်သွင်းရုံနဲ့ ပိုက်ဆံတွေအများကြီးရမဲ့အလုပ်ကို လုပ်ကြည့်ဖို့ဖြစ်လာပါတော့တယ် .. သို့သော် သူမ ထင်သလို ကျောက်ရိုင်းတုံး မဟုတ်ဘဲ ကိုကင်းတွေ ဖြစ်နေတဲ့အခါမှာတော့ …. ဒီကားလေးက IMDb rating 7.5/10 ရရှိထားပြီး ဆုပေးပွဲ ၈ ခုမှာ ၃ ဆုရထားတဲ့အပြင် ဆန်ကာတင်စာရင်းတွေ တစ်သီကြီးဝင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. ငွေသာအရာရာဖြစ်တဲ့လောကကြီးထဲ အိမ်နဲ့ဝေးလံလှတဲ့ နိုင်ငံရပ်ခြားမှာ အခက်အခဲတွေကို ခါးစည်းခံကျော်ဖြတ်ပြီး ခင်ပွန်းဖြစ်သူနဲ့သမီးလေးဖြစ်သူဆီ ပြန်လာဖို့လမ်းကို ရှာဖွေနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ကရုဏာသက်ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ကို Channel Myanmar ကနေ ကွာလတီအ‌ကောင်းစားနဲ့ တင်ဆက်ပေးထားတာကြောင့် ပြန်လည်ခံစားကြည့်ရှုလိုက်ရအောင်ပါ…. File size… 2.04 GB / 846 MB Quality… Blu Ray 1080p / 720p Format… mp4 Duration…. 2 hr. 11 min. Genre ….. Prison Setting, Drug Trafficking, Family Relationship, Filmed Abroad, Based On A True Story Subtitle…. Myanmar Subtitle (Hard Sub) Translated by …. Su Sandi Encoded by …. AHtet

Drama • Thriller • Mystery
7.5 2013
Way Back Home
Fake Bodyguard
5.3

တစ်ခဏလောက်စိတ်ထွက်ပေါက်ပေးနိုင်အောင် ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ ကမ္ဘာကြီးအတွက် လူသားတွေအတွက် အရေးကြီးပြီး အသုံးဝင်တဲ့ ပရောဂျက်တစ်ခုကို သုသေသနလုပ်နေတဲ့ သုသေသနပညာရှင်တစ်ယောက်ကို အန္တရာယ်တွေကြားက ကာကွယ်ဖို့ သက်တော်စောင့် ၃ ယောက်ကို ဘုရင့်သားမင်းသားက ငှားပေးခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ဘဲ သက်တော်စောင့်နဲ့လွဲပြီး ဧည့်သည်တွေကို ကြားဖြတ်လုတဲ့ ခရီးသွားလမ်းညွှန်တွေနဲ့ဆုံပြီး တလွဲဟာသတွေဖြစ်ကုန်တာကို ရိုက်ကူးထားတာပါ။ ကြားထဲ ကိုယ်ကျိုးကြည့်တဲ့လူတစ်ယောက်က ဒီပရောဂျက်ကိုလုဖို့ ပါမောက္ခကို သတ်ဖို့ ငှားထားတဲ့ ကြေးစားလူသတ်သမားလည်းရှိသေးတယ်။ သက်တော်စောင့်အလွဲနဲ့အတူ ကြေးစားလူသတ်သမားလည်း လွဲလိုက်တာဆိုတာ မရယ်ချင်လည်း ကလိထိုးပြီး ရယ်အောင်လုပ်ပေးမယ့် ဇာတ်ကားပါလို့ပဲ ပြောလိုက်ပါတော့မယ်။ စိတ်ညစ်နေတယ် စိတ်ဖိအားတွေပိနေတယ်ဆိုရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်။

5.3 2021
Fake Bodyguard
The Quick and the Dead
6.5

The Quick and the Dead (1995) IMDb Rating (6.5) မင်းသားကြီး Russell Crowe , မင်းသားချော Leonardo DiCaprio , မင်းသမီးချော Sharon Stone တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်အက်ရှင်ဇာတ်ကားပါ။ ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက် ၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းကတော့… အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် … အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့ တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ … သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ…..။

6.5 1995 107 mins
The Quick and the Dead
Captain Phillips
7.9

Captain Phillips (2013) IMDb Rating (7.8) / Rotten Tomatoes (93%) ၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။ အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ဝါရင့်မင်းသားကြီး Tom Hank တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။ IMDB Rating (7.9/10 ) နဲ့ Rotten Tomatoes (93/100)% အထိရရှိထားသောဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓားမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန် ပီပြင်ကြပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ဇာတ်လမ်းကတော့ … Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သင်္ဘောကြီးဟာ Oman သဘောၤဆိပ်ကနေ Mombasa အသွား Gulf of Aden အဖြတ်မှာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သင်္ဘောနားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သင်္ဘောပေါ်ကိုရောက်လာခဲ့ပါတယ်… တခြားသင်္ဘောသားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သင်္ဘောကို ပါဝါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါဝါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သင်္ဘောသားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သင်္ဘောပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်… ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲဆိုတာ…။ ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… ဒီပိုစ့်ထဲမှာတော့ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်… သင်္ဘောနားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သင်္ဘောပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သင်္ဘောသား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သင်္ဘောပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေ့ါလို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သင်္ဘောသားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ) ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ဝင်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒိထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ).. နောက်တစ်ခန်းက သင်္ဘောစက်ပိတ်လိုက်လို့ လူဆိုးတွေက သင်္ဘောသားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျူးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လဲ ကြောက်နေမှာပဲ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ… အဲဒိအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒိအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလဲ အပြိုင်အဆိုင် ရုံးရင်ဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense ဖြစ်အောင်ရိုက်ထားတယ်… နောက်တစ်ချက်က အသက်ကယ်သဘောၤပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ တန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး… ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒိအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်… Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နှဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ဝင်ထောက်တယ်… ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေခဲ့ပါတယ်..။ (ရုပ်ရှင်အညွှန်းကို မဗေဒါရဲ့ ဗေဒါလမ်းဘလော့မှ ကူးယူဖော်ပြပါသည်။)

Family • Drama • Comedy
7.9 2013 134 mins
Captain Phillips