YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Tales.From.The.Hood.2.2018.720p.BluRay.(CM).mp4

1.05 GB N/A video/mp4 74 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mediterranean Fever
6.5

Mediterranean Fever (2022) ~ IMDb - 6.6/10, Rotten Tomatoes - 80% ~ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ညွှန်းဆုရခဲ့တဲ့ ပါလက်စတိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်နဲ့ အိမ်နီးချင်းသစ်တို့ကြားက Friendship ဖြစ်လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကျွန်‌တော်တို့အားလုံးက Depression Social Anxiety Bipolar Disorder စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အနည်းနဲ့အများ ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ။ တခါတလေမှာ Suicide လုပ်သွားတဲ့သူတွေက ပိုပြီးသတ္တိရှိနေသလို... ဒီဇာတ်ကားမှာလည်း အသက် ၄၀ အရွယ် ဝဲလိဒ်ဆိုတဲ့သူတစ်ယောက်က စိတ်ကျရောဂါခံစားနေရပြီး Counselling ယူနေရတယ်။ Depression နဲ့သားသမီးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေနဲ့နပန်းလုံးရင်း ဘဝကိုစိတ်ကုန်နေတဲ့သူ။ စာရေးမယ်ဆိုပြီး အလုပ်ထွက်လိုက်ပေမဲ့ စာရေးဖို့ Inspiration လည်းရှာမတွေ့ဘဲ ဘာတစ်ခုမှ စိတ်ပါလက်ပါမလုပ်နိုင်တဲ့ ဇာတ်ကောင်ရဲ့မွန်းကြပ်မှုတွေကိုတွေ့ရမယ်။ အဲဒီလိုနဲ့ တစ်နေ့မှာ ဝဲလိဒ်ရဲ့ဘေးအိမ်ကို ဂျလဲဆိုတဲ့လူတစ်ယောက်ပြောင်းလာတယ်။ ဝဲလိဒ်အတွက်တော့ ဂျလဲက မျက်စိစပါးမွေးစူးစရာပါပဲ။ စကားများတယ် စပ်စုတယ် အလိုက်ကမ်းဆိုးမသိ သီချင်းတွေအကျယ်ကြီးဖွင့်တယ်။ နောက်ပိုင်း ဂျလဲဟာ စိတ်ရင်းကောင်းပြီး ကူညီတတ်မှန်းသိသွားတဲ့ ဝဲလိဒ်က ဂျလဲကိုသူ့ Circle ထဲဝင်ခွင့်ပြုလိုက်တယ်။ ဝဲလိဒ်တစ်ယောက် အရင်ကနဲ့မတူဘဲ အတော်ပြောင်းလဲလာတယ်။ ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွရှိလာတယ်။ သူ့ဇနီးကတော့ ဝဲလိဒ် Depression ကနေသက်သာလာတော့မယ်ဆိုပြီး ဂျလဲကိုကျေးဇူးတင်နေတယ်။ ဒါပေမဲ့ ဂျလဲကြောင့် ဝဲလိဒ်ကပြောင်းလဲသွားတာလား... ဝဲလိဒ်ကဂျလဲကိုပြောင်းလဲလိုက်တာလား... ဇာတ်ကောင်နှစ်ယောက်ရဲ့မတူညီတဲ့အမူအကျင့်တွေနဲ့ Chemistry မိတဲ့သူတို့ရဲ့ Friendship ကို ပီပီပြင်ပြင်ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းက Dark ဘက်ကို ဘယ်လိုရောက်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 48Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Thriller
6.5 2022 108 mins
Mediterranean Fever
One Million Yen Girl
7.2

ဒီယန်းတစ်သန်းမိန်းကလေးက ၂၀၀၈အနေနဲ့ဆို ဂျပန်ကား တွေမှာ အမျိုးသမီးတစ်ယောက်တည်းကို အဓိကဦးတည် ဇာတ်အိမ်ဖွဲ့ထားတာ ရှားပါးတဲ့သေးတဲ့အချိန်မှာ ဒါရိုက်တာ အသစ်က အမျိုးသမီးတစ်ယောက်တည်းကို အဓိကထား ဇာတ်အိမ်တည်ပြီးရိုက်ထားတာ။ ဒီကားကိုရိုက်တဲ့အမျိုးသမီး ဒါရိုက်တာ Yuki Tanadaက သူတို့လောကမှာ မင်းသမီးတွေ နေရာပိုရအောင် လုပ်ဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးမှတ်တိုင်တစ်ခုလို့ ပြောရင်လည်းမမှားဘူး။ Yu Aoi ရဲ့ ပထဆုံး အဓိကဇာတ်ကောင် စစ်စစ် နေရာကို ရခဲ့တဲ့ကားလည်းဟုတ်တယ်။ ဒီကားရဲ့ မင်းသမီး Yu Aoi က လက်ရှိ ဂျပန် Film Industry မှာတော့ ညှို့ဓာတ်အပြင်းဆုံး အလှဆုံးမင်းသမီးလို့ပြောလို့ရတယ်။ Aoiဟာ ဒါတင်မကဘဲ ချစ်ဖို့တော်တော်ကောင်းတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ သူရိုက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရုပ်ရှင်တွေက နာမည်ကြီးဒါရိုက်တာတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ကားတွေ တော်တော်များတယ်။ ဂျပန်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ကဝေတစ်ပါး ဖြစ်တဲ့ Shunji Iwaiရဲ့ မာစတာပိစ်ကားဖြစ်ခဲ့တဲ့ All About Lily Chou-Chouမှာလည်း သရုပ်ဆောင်ဖူးသလို Iwaiရဲ့ အစောပိုင်း ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Hana and Aliceမှာလည်း ပေါက်စနလေး ဘဝနဲ့ သရုပ်ဆောင်ဖူးတယ်။ ဒီ One Million Yen Girlကိုရိုက်တဲ့အထိလည်း သူ့ရုပ်က တော်တော်ချစ်ဖို့ကောင်းနေ တုန်းပဲ။ ဒီကားကိုကြည့်ကြည့်ရင်တော့ ကောင်းကောင်းသိနိုင်တယ်။ နောက် 2013 မှာ တိုကျိုစတိုရီကို ပြန်ရိုက်တဲ့ Tokyo Familyမှာလည်း သရုပ်ဆောင်ဖူးတယ်။ နောက်ကျ Rurouni Kenshinကားလေးကားမှာ takani megumi နေရာက သရုပ်ဆောင်ခဲ့တယ်။ နောက်တော့ Birds Without Namesလို ဆုရကားတွေ Wife of a Spyလို ဂျပန် Thriller ဘိုးအေကြီး Kiyoshi Kurosawaရဲ့ ကားတွေမှာသရုပ်ဆောင်ခဲ့တယ်။ ပါရာဆိုက် ဒါရိုက်တာ ဘွန်းဟွန်းဂျိုရိုက်တဲ့"Shaking Tokyo"မှာလည်း သရုပ်ဆာင်ခဲ့သလို ၂၀၂၀မှာတော့ One Million Yen Girlရဲ့ ဒါရိုက်တာ နဲ့ပဲ Romance Dollဆိုတဲ့ကားကို သရုပ်ဆောင်ခဲ့တယ်။ လက်ရှိတော့ မနှစ်က အေဂျင်စီကနေထွက်ပြီး ကိုယ်ပိုင်အေဂျင်စီထောင်တယ်ကြား ရတာအပြင် ဘာရုပ်ရှင်မှထွက်မလာသေးဘူး။ ဒီကားက မိသားစုဒရာမာကားလို့ ပြောရင်လည်းမမှားဘူး။ ဒါပေမဲ့ ကြည် နူးစရာအတိတော့မဟုတ်ဘူး။ Aoiရဲ့ဇာတ်ကောင်ဖြစ်တဲ့ ဆုဇုခိုဟာ အိမ် ကနေထွက်ပြီး အပြင်မှာသွားနေရာက သူ့ကြောင်လေးကို လွင့်ပစ်လိုက်တဲ့ အခန်းဖော်ရဲ့ ပစ္စည်းတွေအကုန် လွှင့်ပစ်မိရာက ထောင်ကျသွားတယ်။ ထောင်ကျတာက သိပ်မကြာလိုက်ပေမဲ့ နာမည်ပျက်ပြီး ပတ်ဝန်းကျင်က မကောင်းပြောကြရော။ ဒီတော့ သူက ယန်းတစ်သန်းစုတယ် ပြည့်ရင် တခြားတစ်နယ်မှာ သွားနေဖို့လုပ်တယ်။ နေရာအသစ်ကိုရောက်လိုက် လူအသစ်တွေနဲ့စစချင်းအဆင်ပြေလိုက် နောက်ပိုင်းအဆင်မပြေလိုက် ယန်းတစ်သန်းစုလိုက် ပြောင်းလိုက်နဲ့ သူက ဒီလိုပဲ ခြေဦးတည့်ရာ သွား ရင်းနေလာခဲ့တယ်။ လူတွေဆီက ထွက်ပြေးဖို့ ကြိုးစားတဲ့ကောင်မလေးရဲ့ ခရီးက ဘယ်မှာဆုံးမလဲ လောကကိုရင်မဆိုင်ရတဲ့ကောင်မလေးတစ်ယောက် လောကကို ဘယ်လိုရင်ဆိုင်ရမလဲ ကျွန်တော်တို့ ယန်းတစ်သန်းမိန်းကလေး ကားမှာ မြင်ရလိမ့်မယ်။ ဇာတ်အိမ်လည်းကောင်းသလို ယု အအိုအိနဲ့တင် တန်နေတဲ့ ရုပ်ရှင်မို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.34 GB) / (892 MB) / (517 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......WiRa Aung Encoder..........Zin Phyo Aung

Crime • Drama • Mystery
7.2 2008 121 mins
One Million Yen Girl
Uncle Nine:  The Curious Case of the Ancient Coffin

တရုတ်တစ္ဆေ ခုန်စွခုန်စွ ဖုတ်ကောင်ကားသစ်လေးလာပါပြီ ဇာတ်လမ်းအကျဉ်းကတော့ဦးလေး၉ဟာ ဘိုးဘေးလုပ်ငန်းဖြစ်တဲ့ ဖုန်းရွှေဆရာအလုပ်ကိုမလုပ်ပဲ ဆေးဆရာအဖြစ်အသက်မွေးဝမ်းကျောင်းနေပါတယ်။ နေကြတ်တဲ့နေ့တစ်နေ့ အပုပ်ချိန်မှာ ရှေးဟောင်းအလောင်းစာပိုးကောင်တွေထကြွပြီး အခေါင်းစောင့်မြွေကြီးကလဲ လူတွေကိုထွက်စားနေပါတယ်။ ဦးလေး၉နဲ့တပည့်တွေဟာ ဖုတ်ကောင်အုပ်စုတိုက်ခိုက်ခြင်းကိုခံရပြီး မြို့ငယ်လေးမှာကံဆိုးစွာ မကောင်းတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ ထူးဆန်းတဲ့သေဆုံးမှုတွေကြောင့်ရဲအရာရှိတွေနဲ့ ဦးလေး၉ နဲ့ အတူအမှုကိုအပြင်းအထန်စစ်ဆေးကြပါတယ်။ နစ်နာသူပြည်သူတွေရဲ့ကိုယ်ပေါ်မှာအလောင်းဆိပ်မိနေပါတယ်။ ဦးလေး ၉ ဟာ တိတ်တဆိတ်စုံစမ်းရင်း ဂျပန်တွေရဲ့ဆေးကုသဖို့ ဖိတ်ကြားမှုကိုခံရပြီး ဂျပန်တပ်သားတွေရဲ့သင်္ချိုင်းဖောက်တဲ့ အကြံအစည်ကိုသိသွားတော့ ဂျပန်တွေရဲ့ကွပ်မျက်ခံရလုဆဲဆဲအခြေနေကိုရောက်သွားပါတယ်။ ဓားသွားပေါ်ကအခြေအနေမှာရောက်နေတဲ့ ဦးလေး၉ ဟာ ဘယ်လိုအသက်လွတ်အောင်လုပ်ပြီး တစ္ဆေနှိမ်နင်းကာ နိုင်ငံရတနာတွေကိုဘယ်လိုစောင့်ရှောက်မလဲ။ ပြီးတော့ ဂျပန်သင်္ချိုင်းဖောက်ထွင်းအဖွဲ့ကရောဘာတွေနဲ့ပတ်သက်နေမလဲ ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ ဟောင်ကောင်ကား Mr Vampire (၁၉၈၅) ပုံစံအတိုင်းပဲဟာသလေးတွေနှောပြီး ပြန်ရိုက်ထားတာဖြစ်တဲ့အတွက် ငယ်ဘဝကိုပြန်အမှတ်ရသွားမှာသေချာပါတယ်။ ပေါ့ပေါ့ပါးပါး ဖုတ်ကောင်ကားလေးကိုအားပေးကြပါဦးနော်။ Quality : WEB-DL 1080p Format : mp4 Genres : Action , Mystery , Fantasy During : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK

Action • Fantasy • Romance
0 2021 87 mins
Uncle Nine: The Curious Case of the Ancient Coffin
The Post
7

IMDb....7.3,,,,,Rotten ....88 ဒါရိုက်တာက Steven Spielberg ....အဓိက သရုပ်ဆောင်တွေက Meryl Streep, Tom Hanks နဲ့  Sarah Paulson  .... Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေ အခြားဆုပေါင်းများစွာ ရတာတွေ အသာထား .. .ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်.... အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာ ပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာ Katherine Graham (မင်းသမီးကြီး Meryl Steep) ပါ...အယ်ဒီတာကတော့ Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်. .သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင်  ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့ The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်... အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့  သူတို့တွေ ကြုံရတဲံ အခက်အခဲတွေ အန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်... အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ...သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala  ဖြစ်ပါတယ်... File Size :(2.6GB) &(994MB) Quality : Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:55:00 Genre :Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama
7 2017 116 mins
The Post
Always Be My Maybe
6.6

Always Be My Maybe ၂၀၁၉ Netflix ရဲ့ Asian American ကားကောင်းတစ်ကောင်း စာရင်းဝင်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရင်တော့ ထက်မြက်တဲ့မိန်းမဆိုတာ ဆာရှာထရန်လို လူမျိုးကိုပြောတာပါ ကိုယ့်ဒူးကိုယ်ချွန်အောင်မြင်လာတဲ့ နာမည်ကြီးစာဖိုးမှုးဆာရှာနဲ့ သူ့ငယ်သူငယ်ချင်းလည်းမက ချစ်သူလည်းမကျခဲ့တဲ့ မားကပ်စ် ... မားကပ်စ်ကတော့ မိခင်ဆုံးသွားပြီးနောက် ပုံစံခွက်ထဲက ရုန်းမထွက်ချင်တော့တဲ့သူ ပတ်ဝန်းကျင်အသစ်ကိုဝင်ဆန့်ရတာကြောက်နေတဲ့သူ... သူတို့နှစ်ယောက် အထက်တန်းကျောင်းပြီး ကွဲသွားကြရာမှ ၁၆နှစ်ကြာမှပြန်ဆုံတွေ့ကြတဲ့အခါမှာတော့.... Romance Comedy အမျိုးအစားဖြစ်ပြီး သီချင်းအမိုက်စားတွေနဲ့ အတူ Guest Star ကလည်း နယ်နယ်ရရ မဟုတ်တဲ့ Keanu Reeves မို့ လက်မလွှတ်သင့်ပါ ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်

Drama • Sci-Fi & Fantasy
6.6 2019 102 mins
Always Be My Maybe
The Lightning Strike
6.2

ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်လေးကတော့ ရူးသွပ်နေတဲ့ ပါမောက္ခလော်ဟုန်ပန်းဟာ မူးယစ်အသစ်တစ်ခုဖြစ်တဲ့ “ဟိုင်းလော့ရှန်” ကို တီထွင်ထုတ်လုပ်ပြီး နိုင်ငံတော်ဥပဒေကို စိန်ခေါ်နေပါသတဲ့ကွယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်ရဲ့ အတော်ဆုံးမူးယစ်တပ်ဖွဲဖြစ်တဲ့ “လျှပ်စီးအဖွဲ့”ဟာ ဒုစခန်းမှူးယန်ရဲ့ ညွှန်ကြားမှုအောက်မှာ ဟောင်ကောင်သူလျှိရဲနဲ့ ပူးပေါင်းပြီး အချိန်ကြာ ထောင်ချောက်တစ်ခုကို အကွက်ချခဲ့ပါတယ်။ ပင်လယ်တစ်လျှောက် မူးယစ်လမ်းကြောင်းကိုပိတ်ပြီး မြေအောက်မူးယစ်အပေးအယူလုပ်တဲ့လမ်းကြောင်းတွေကိုရှာဖွေပြီး မူးယစ်အဖွဲထဲကို သူလျှိဝင်ရောင်ခြင်းဖြင့် မူးယစ်ဂိုဏ်းအဖွဲကို တိုက်ခိုက်ခဲ့ပါတယ်။ မူးယစ်ဂိုဏ်းကြီးတစ်ခုလုံးကို အမြစ်ပြတ်တိုက်ခိုက်နိုင်မလား…… ဟိုင်းလော့ရှန်ဆိုတဲ့ မူးယစ်ဆေးက တစ်ကမ္ဘာလုံး မပျံ့ခင်မှာ တားဆီးနိုင်မလား…… ဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူ အဖြေရှာကြရအောင်နော်။

Drama
6.2 2022
The Lightning Strike
Song Lang
7.7

Song Lang (2018) 80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားက Bromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊ အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။ ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊ စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်း လက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။ အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။ ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ… အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p File size… 1.9GB | 683MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama
7.7 2018 101 mins
Song Lang
Ayalaan
6.3

Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb – 6.4 ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်‌ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ… သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ကြည့်ရှုခံစားရင်း ဘဝအမောတွေဖြေဖျောက်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.3 2024 156 mins
Ayalaan
Home Sweet Home
6

Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့… ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်း ဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်က ကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး အတူပုံဆွဲလေ့ရှိတယ်။ ဒီလိုသာမန်မဟုတ်တဲ့ မိသားစု မရိုးရှင်းတဲ့ အိမ်မှာ မူမမှန်တဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုဖြစ်လာခဲ့တယ်။ နောက်ပြီး ဝမ်ကတော်ကလည်း တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီးရတဲ့ ကိုယ်ဝန်ကိစ္စလည်းပေါ်လာပြန်တယ်။ ဒါကြောင့် ဦးနှောက်စားရတာကြိုက်တဲ့ပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ

6 2021
Home Sweet Home
Fangs & Fury
5.9

အတိတ်မေ့နေတဲ့ ယွမ်ပုဆိုတဲ့ ကောင်လေးတစ်ယောက်ကို ပန်းဆိုင်ဖွင့်ထားတဲ့ ဝူထင်နဲ့ လျို့လျို့တို့ မောင်နှမက အခြေအနေတချို့ကြောင့် ကယ်ထားခဲ့ပြီး ၃ ယောက်သား မိသားစုလို နေထိုင်ခဲ့ပါတယ်။ ယွမ်ပုဆီမှာ သာမန်လူတွေ နားမလည်နိုင်တဲ့ လျှို့ဝှက်ချက်ပေါင်းများစွာရှိပေမဲ့ ယွမ်ပုရဲ့ ရိုးသားပြီး ပွင့်လင်းတဲ့စရိုက်ကြောင့် မောင်နှမနှစ်ယောက်ကလည်း လက်ခံနိုင်ခဲ့ပါတယ်။ ဝူထင်မှာ မွေးရာပါသွေးပူရောဂါရှိပြီး ရောဂါပြင်းထန်လာတဲ့အတွက် ခွဲစိတ်မှုလုပ်ဖို့ ငွေလိုလာပါတယ်။ ယွမ်ပုဟာ ဝူထင်အတွက် ဆေးကုစရိတ်ရှာဖို့ ကြေးစားလက်ဝှေ့ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ပြိုင်တိုင်းနိုင်တဲ့ ယွမ်ပုရဲ့ သတင်းကလည်း ချက်ချင်းပဲ ကျော်ကြားသွားခဲ့ပြီး ယွမ်ပုကို စမ်းသပ်ပစ္စည်းလုပ်ဖို့ လိုက်ရှာနေတဲ့ ဖုယိက ရှာတွေ့သွားပါတော့တယ်။ ဝူထင်ရဲ့ ရောဂါကို ကုသဖို့ နည်းလမ်းရှိပါ့မလား…… ယွမ်ပုတစ်ယောက် ဖုယိတို့ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2024
Fangs & Fury
The Dish
7.2

The Dish (2000) IMDb Rating (7.2) / Rotten Tomatoes (96%) ခုနေများ ကြုံကြိုက်လို့ လပေါ်ကိုရောက်ရင် အောက်ပါစာတန်းပါတဲ့ ကဗျည်းနဲ့ အမေရိကန်အလံကို ရှာကြည့်ပါ။ Here men from the planet Earth first set foot upon the Moon. July 1969, A. D. We came in peace for all mankind. ဤနေရာတွင် ကမ္ဘာဂြိုလ်မှ လူသားများ လပေါ်တွင် ပထမဆုံး ခြေချနိုင်ခဲ့သည်။ ဇူလိုင်လ ၁၉၆၉ ခုနှစ် အေဒီလူသားမျိုးနွယ်စုအားလုံးအတွက် ကျွန်ုပ်တို့ ငြိမ်းချမ်းစွာလာခဲ့သည်။ ဒါ လူသားမျိုးနွယ်တို့ရဲ့ မဟာအောင်ပွဲပါ။ အာကာသယာဉ်မှူး ‌နီးလ် အမ်စ‌ထရောင်းပြောခဲ့သလို “လူသားတစ်ယောက်ရဲ့ အဲဒီခြေလှမ်းသေးသေးလေးဟာ လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ” ဒါတွေဟာ နာဆာရဲ့ အပိုလိုမစ်ရှင်တွေထဲက ၁၁ကြိမ်မြောက်မှာ လပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ခုနေ ယူကျုဘ်ကနေ First Moon landing ဆိုရှာရင် ခုန်ပေါက်ပြနေတဲ့ အာကာသယာဉ်မှူးကို မြင်ရမှာပါ။ ဒီ ရုပ်ပုံတွေကို ၁၉၆၉ ခုနှစ်တုန်းက လပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာရော သင်သိပါသလား။ အဲဒီလို ပြသနိုင်အောင် အဓိကစွမ်းဆောင်ခဲ့တာကတော့ အခု ရုပ်ရှင်ရဲ့ ခေါင်းစဉ် The Dish ပါ။ ရေဒီယိုတယ်လီစကုပ်တစ်ခုဖြစ်ပြီး ဩစတြေးလျနိုင်ငံ ပက်စ်မြို့လေးရဲ့ သိုးစားကျက်ကွင်းအလယ်မှာရှိပါတယ်။ အဲဒီ’စလောင်း’ကို အသုံးပြုပြီး Moon walking လုပ်တာကို အခက်အခဲတွေကြားက ရအောင် ထပ်ဆင့်လွှင့်ပေးနိုင်ဖို့ကြိုးစားကြတဲ့ ဇာတ်လမ်းပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး တကယ့် နေရာ၊ တကယ့်စလောင်း နဲ့ တကယ့် Footage တွေကို ထည့်သွင်းထားပါတယ်။ ဇာတ်လမ်းကိုအများကြီး မညွှန်းလိုပေမယ့် သူ့ခေတ်သူ့အခါက နာမည်ကြီး သရုပ်ဆောင်တွေ၊ နိုင်ငံရေးအပါအဝင် ပျက်လုံးတွေထုတ်ပုံ၊ အင်္ဂလိပ်စကားကိုပဲ ဩစီ နဲ့ အမေရိကန်ပြောပုံမတူလို့ စကားပြန်နဲ့ပြောရပုံတွေ၊ Moon landing လုပ်ပုံတွေကို ရှုစားရမှာပါ။ သရုပ်ဆောင်တွေ အ‌နေနဲ့ ဒိုင်နိုဆောဆရာကြီး Sam Neill က ဦးဆောင်ထားပြီး Roy Billing, Patrick Warburton, Kevin Harrington, Tom Long နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ဒါရိုက်တာက Rob Sitch ဖြစ်ပါတယ်။ Nominations ၁၀ ခု ဝင်ထားပြီး Soundtrack, Music နဲ့ screen play ဆု သုံးခု ရထားပါတယ်။ တစ်ကားလုံးမှာ ပျင်းစရာမပါအောင်ပြသွားသလို အကြိုက်ဆုံးစကားတစ်ခွန်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ “ရှုံးနိမ့်ခြင်းဆိုတာ နောင်တလောက် ကြောက်စရာကောင်းတဲ့ အရာမျိုးမဟုတ်ဘူး” (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size… (3.4 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, History Duration….01:42:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

7.2 2000 101 mins
The Dish
Jessabelle
5.4

Jessabelle (2014) IMDb Rating (5.4) / Rotten Tomatoes (29%) ကားမတော်တဆမှုဖြစ်ပြီးတော့ ဗိုက်ထဲက ကလေးရော ရည်းစားရောဆုံးရှုံးလိုက်ရတဲ့ဂျစ်စဘယ်ဟာ မတော်မဆမှုကြောင့် လမ်းမလျှောက်နိုင်ပဲ ကုသမှုခံယူနေရသူဖြစ်ပါတယ်။ ဒီလိုနဲ့ အမေလည်းမရှိတော့တာကြောင့် ဆေးရုံကဆင်းပြီး အဖေ့အိမ်မှာပဲ ပြန်လာနေဖြစ်ခဲ့ပါတယ်။ ဂျစ်စဘယ်တစ်ယောက် အဖေ့အိမ်မှာပြန်လာနေပြီးနောက်ပိုင်း သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေကို ကြည့်မိသွားရာကနေ ခြောက်ခြားစရာကောင်းတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ အသက်အန္တရာယ်ထိခြိမ်းခြောက်ခံရမှုတွေထိပါ ခြောက်ခြားစရာတွေကြုံလာရတဲ့အခါမှာ ဂျစ်စဘယ်တစ်ယောက်ဘာဆက်လုပ်မလဲ။ သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေထဲမှာရှိနေတဲ့ လျှို့ဝှက်ချက်ကဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Jia ဖြစ်ပါတယ်။) File size…(1.9 GB) / (990 MB) Quality….Blu-Ray 1080p / 720p Format….mp4 Genre….Horror,Thriller Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia

Documentary
5.4 2014 90 mins
Jessabelle
Samudrudu
6.4

Samudrudu (2024) ပင်လယ်ဟူသည် ကမ္ဘာကြီးရဲ့ ၇၁%ဟာ ပင်လယ်တွေနဲ့ပြည့်နေတာပါ ပင်လယ်ကြီးကပဲ ငါးအမျိုးပေါင်းများစွာထောက်ပံ့ပေးလို့ သက်ရှိသတ္တဝါတွေရဲ့ ဆာလောင်မှုကို ဖြည့်တင်းပေးပြန်ပါတယ် လူသားတွေစားသောက် သုံးဆောင်ဖို့တော့ ငါးတွေကိုဖမ်းဆီးပေးတဲ့ ငါးဖမ်းတဲ့လုပ်ငန်း ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းဟာလည်း တစ်စတစ်စ တွင်ကျယ်လာပါတယ် ဒီတေလ်ဂူးအက်ရှင် ဇာတ်လမ်းလေးကလည်း ငါးဖမ်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ရွာလေးတစ်ရွာက ဘဝလေးတွေမှာ ဇာတ်အိမ်တည်ထားပါတယ် ရွာလေးကဖမ်းမိတဲ့ငါးတွေကို အာလူရိုင်းနဲ့ဒေဗာတို့သားအဖက ငါးဖမ်းသမားတွေဆီက ဈေးနှိမ်ဝယ်ပါတယ် ပြီးမှသူတို့ကမြို့ကိုတက်လို့ ဈေးကောင်းနဲ့ပြန်ရောင်းဝာာပေါ့ ရွာက ဂန်ဂါဆိုတဲ့လူငယ်လေးက သူတို့လက်ဝါးကြီးအုပ်နေတာကိုသိရှိသွားပြီး သူတို့ဆီမရောင်းဘဲ ကိုယ်တိုင်မြို့တက်ရောင်းဖို့ ငါးဖမ်းသမားတွေကို စည်းရုံးရာကစ သူတို့သားအဖနဲ့ပဋိပက္ခအစပျိုးမိလာပါတယ် အဲဒီအချိန်မှာပဲ သူတို့ရွာကိုဆရာမ အသစ်တစ်ယောက် ရောက်ရှိလာပါတယ် ပညာဆိုတာ ဘာမှန်းမသိတဲ့သူတွေကို စာသင်ပေးဖို့ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ခေါ်ပေမဲ့ ဘယ်သူကမှ သူတို့ကလေးတွေကို ကျောင်းမပို့လိုကြပါဘူး မထင်မှတ်ဘဲ ဂန်ဂါကဆရာမလေးအပေါ် ခံစားချက်ဖြစ်တည်လို့ ဆရာမလေးကိုယ်စား ကလေးမိဘတွေကို သူကပါကူညီနားချပါတော့တယ် ဒါပေမဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကတော့‌ တစ်ရက်မှာ ဂန်ဂါက ရွာအကျိုးအတွက် သူဟာနန်ဒီနီကိုလက်ထပ်ပါတော့မယ့်အကြောင်း ကြေညာလိုက်ပါတယ် ဂန်ဂါရဲ့အကြောင်းရင်းက ဘာဖြစ်မလဲ၊ ဒေဗာတို့သားအဖက ဘယ်လိုပြဿနာရှာ ချောက်ချမှာလဲ၊ ဆရာမလေးရဲ့ ပညာသင်ပေးလိုတဲ့အစီအစဉ်ရောဖြစ်မြောက်သွားလား စတဲ့ ဇာတ်လမ်းဇာတ်ကွက် အလှည့်အပြောင်းတွေကို စိတ်ဝင်စားစွာ တွေ့မြင်ရမှာမို့ ကြည့်ရှုအားပေးကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

6.4 2024 124 mins
Samudrudu
Flat Girls
7.2

ရဲတိုက်ခန်းတွဲမှာနေထိုင်တဲ့ အန်းနဲ့ ဂျိန်းဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အရမ်းကို ခင်မင်ရင်းနှီးပြီး ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ မိဘတွေက ရဲဝန်ထမ်းတွေ ဖြစ်တာကြောင့်နဲ့ ရဲတိုက်ခန်းတွဲမှာ နေထိုင်ခွင့်ရနေတာဖြစ်ပြီး အန်းနဲ့ ဂျိန်းဟာ တခြား သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ ဂျိန်းရဲ့ မိဘတွေကတော့ ရဲတိုက်ခန်းတွဲမှာ အချမ်းသာဆုံးဆိုပြီး လူတွေက သတ်မှတ်ထားကြပေမဲ့ အန်းတို့ကတော့ ငွေကြေးမပြည့်စုံခဲ့ကြပါဘူး။ သိုပေမဲ့လည်း အန်းနဲ့ ဂျိန်းတိုရဲ့ ခင်မင်မှုကတော့ ချစ်ချစ်ခင်ခင်ရှိမြဲပါပဲ။ တစ်နေ့မှာတော့ အန်းနဲ့ ဂျိန်းတိုနှစ်ယောက်ကြားထဲကို တုန်ဆိုတဲ့ ရဲတစ်ယောက် ရောက်ရှိလာရာကနေ သူတို့နှစ်ယောက် ဘဝအတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်လို့လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်း, ဂျိန်းနဲ့ တုန်တို့ရဲ့ ဘဝတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မိသားစုအခြေအနေ , ငွေရေးကြေးရေး, လူငယ်ဘဝ ချစ်ခြင်းမေတ္တာအကြောင်းတွေနဲ့ ဘဝတွေရဲ့ ကြီးပြင်းမှု ပုံစံတွေကိုပါ မြင်တွေ့နိုင်မဲ့ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:10:00 Genre… Coming-of-Age, Teen Drama, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CharOu,Mary,DaoPhyo & Trady

Drama • Romance
7.2 2025 130 mins
Flat Girls