YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Tale.Of.Legendary.Libido.2008.KOREAN.1080p.BluRay.H264.AAC-VXT.mp4

1.34 GB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Clock
5.8

ရုပ်ရှင်နာမည် Clockဆိုတဲ့အတိုင်း ကျွန်တော်တို့လူသားခန္ဓာကိုယ်မှ ာ သူ့အချိန်နဲ့သူဖြစ်ပျက်နေတဲ့ ဇီဝနာရီတွေရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာတော့ အမျိုးသားတွေထက် ကိုယ်ဝန်ဆောင်ချိန်ဆိုတဲ့ နာရီတစ်ခုပိုများပါတယ်။ ဒီဇာတ်ကားဟာ ကိုယ်ဝန်ဆောင်ရမှာကို ထိတ်လန့်တတ်တဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ အိမ်ထောင်သက် ၁၀နှစ်ကြာလာပြီး အသက် ၃၈နှစ်ရှိလာတာတောင် ကလေးယူဖို့မရဲသေး၊ ယူချင်စိတ်မရှိသေးဖြစ်နေသူပါ။ သူ့ရဲ ဇီဝနာရီဟာ တစ်နည်းနည်းနဲ့ချို့ယွင်းနေရသူပေါ့။ ပစ္စည်းတွေဟာ ပျက်ရင်ပြင်ရတဲ့အတိုင်း ဒီအမျိုးသမီးကလည်း သူ့ရဲ့ ကလေးမယူချင်တဲ့စိတ်၊ သူ့ရဲ ဇီဝနာရီကိုပြုပြင်ဖို့ကြိုးစားတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို horror  ကားမို့ ထိတ်လန့်ဖွယ်အခန်းများပါဝင်ပါတယ်.. File Size :(3.5GB)(1.3GB) and (391MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:31:00 Genre :  Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Drama
5.8 2023 92 mins
Clock
Half Baked
6.3

ဒီဇာတ်ကားလေးကတော့ အမေရိကန် ဟာသ Show တွေမှာ တွေ့ရတဲ့ David Khari Webber Chappelle ပါဝင်သရုပ်ဆောင်ထားတဲ့ Stoner တို့အကြိုက် ဟာသဇာတ်နှောလေးပဲဖြစ်ပါတယ်။ Stoner တို့ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းတွေ၊ လွဲချော်မှုတွေ၊ ပညာပေးကဏ္ဍလေးတွေ၊ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ကိစ္စတွေရော ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စတွေကိုပါပေါင်းထုပ်ဇာတ်လမ်းဆင်ပြီး ဟာသလေးနှောကာ တင်ဆက်ပြသထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ။ stoner life အကြောင်းကို ကောင်းကောင်းကြီး ဖော်ပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားဆိုတာတော့ငြင်းမရပါဘူး။ဇာတ်လမ်းလေးရဲ့အစမှာတော့ သားဂွတ်ဂျန်ကင်း တို့ ငယ်သူငယ်ချင်း ၄ယောက် ဝေါ်ကိဆိုတဲ့ အရာကို စပြီးထိတွေ့မိလိုက်တဲ့အချိန်ကို အခြေပြုထားပါတယ်။ ဝေါ်ကိကို အရမ်းသဘောကျသွားတဲ့ သူငယ်ချင်း ၄ယောက်နဲ့အတူ ဘယ်လိုတွေ ချိတ် ရှာကြတယ်၊ ဘယ်လိုနေရာကဘာတွေရတယ်၊ ဘယ်သူတွေက ဘယ်လိုဂျင်းကျွေးတယ်၊ ဘယ်သူတွေကတော့ ထုံးစံအတိုင်း နေလှန်းတယ်ဆိုတာတွေကို ပေါ်ပေါ်လွင်လွင် ရိုက်ကူးတင်ဆက်ပေးထားပြီး ဝေါ်ကိရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မျှမျှတတ ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ အစာကောက်ကြတဲ့အချိန် အလှည့်ကြ သူငယ်ချင်းတစ်ယောက် ရွေးချယ်ပြီး မုန့်သွားဝယ်ခိုင်းကြတဲ့ အချိန် မထင်မှတ်ထားတဲ့ကိစ္စတစ်ခုကြောင့် မုန့်သွာဝယ်တဲ့သူငယ်ချင်းက ပြစ်မှုတစ်ခုကို ကျူးလွန်မိပြီး ထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျန်တဲ့သူငယ်ချင်းတွေက သူ့အတွက် ဘယ်လိုတွေရုန်းကန်ပေးမလဲ၊ငပြဲတွေကဘာတွေ ကြံစည်ကြမလဲ ၊ ဘယ်လိုတလွဲတွေဖြစ်ကြမလဲဆိုတာကိုကို ဇာတ်ကားလေးဖွင့်ပြီးစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး ……… File size…(2,76GB)  / (1.21GB) / (612.69MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lwin Bo

Drama • Romance
6.3 1998 82 mins
Half Baked
Shabaash Mithu
6.3

IMDb-7/10 ကဲ ယူတို့အသည်းကျော် Haseen Dilruba ထဲက မင်းသမီးချောလေး တာ့ပ်ဆီးပါနူးရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော် ဒီကားလေးကအိန္ဒိယမှာ အမျိုးသမီးခရစ်ကတ်အသင်းတွေကို အသိအမှတ်ပြုမခံရသေးခင်က ရိုက်ထားတဲ့ကားလေးပါ ခရစ်ကတ်ဟာ အမျိုးသမီးနဲ့မသက်ဆိုင်တဲ့အရာဆိုပြီးလှောင်ပြောင်ပြောဆိုခံရတဲ့ကြားက ငယ်ငယ်လေးတည်းက ခရစ်ကတ်ကိုပဲအရူးအမူးဖြစ်ပြီး ရတဲ့နည်းနဲ့ရအောင်ဆော့တဲ့ကလေးမလေးတစ်ယောက် အရွယ်ရောက်လာလို့သူ့အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်နိုင်တဲ့အချိန် အချစ်ဆုံး သူငယ်ချင်းကပဲ အိမ်မက်တွေကို ကိုယ်စားအကောင်အထည်ဖော်ဖို့ ကြိုးစားပေးခဲ့တယ် အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့လို့ သူကိုယ်တိုင်အသင်းခေါင်းဆောင်ဖြစ်ခဲ့သလို အသင်းကလည်းစွမ်းဆောင်ရည်ပြည့်ဝခဲ့ပါတယ် ကမ္ဘာ့ပွဲစဥ်တွေထိတက်ပြိုင်ဖို့ အိမ်မက်တွေနဲ့ကြိုးစားကြတယ် ရောက်နိုင်တဲ့အနေအထားလည်းရှိတယ် ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေမရခဲ့ဘူး တစ်နှစ်စာကျင်းပယှဥ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတောင်များများမရခဲ့ပဲ ရှေ့ဆက်ဖို့ လမ်းပျောက်ခဲ့တယ်.... ကပ္ပတိန်က လက်လျှော့ပြီးဇာတိပြန် အသင်းသားတွေ တစ်ကွဲတစ်ပြားဖြစ်သွားခဲ့ရတဲ့နောက် ခရစ်ကတ်ကိုလုံးဝလက်လျှော့ပြီး အိမ်ထောင်ပြု သာမန်အမျိုးသမီးဘဝနဲ့ပဲနေသွားမလား.... ခရစ်ကတ်ကမ္ဘာ့အဆင်ပွဲထိတက်ပြိုင်နိုင်မလား..... အမျိုးသမီးအဓိကထားရိုက်ထားပေမယ့် အမျိုးသမီးဝါဒီတွေအလွန်အကျူးမပါတဲ့ ဇာတ်ကားကောင်းလေးပါ File size…2.4GB / 1.2GB Quality…1080p TRUE WEBDL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Su Mon Aung & Taylor & Yunni

Action • Crime
6.3 2022 156 mins
Shabaash Mithu
Laththi Charge
8

7.7 / 10 IMDb ဒီတစ်ခါမှာတော့ တောင်ပိုင်းအက်ရှင်ဇာတ်ကားကောင်းတွေဖြစ်တဲ့ Veeramae Vaagai Soodum, Enemy, Irumbu Thirai, Chakra, Action, Poojai အစရှိတဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲကိုထိုးဖောက်ခဲ့တဲ့ မင်းသားကြီးဗီရှယ် ( Vishal Krishna Reddy) ရဲ့ဇာတ်ကားကောင်းလေး လာပါပြီ ဇာတ်လမ်းအကျဉ်းလေးကတော့ မူရူဂါဟာ ဇနီးသည်ကာဗီသာနဲ့အတူ ဆယ်နှစ်အရွယ်သားလေးတစ်ယောက်ရှိတဲ့ ရဲတစ်ယောက်ပါ.. တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ကိုလိုက်နှောင့်ယှက်ခဲ့တဲ့သူတစ်ယောက်ကို မုဒိန်းကောင်အဖြစ်နဲ့မှားဖမ်းပြီး ညှင်းပန်းနှိပ်စက်မိခဲ့တာကြောင့် ရာထူးတစ်နှစ်ဆိုင်းငံ့ခံခဲ့ရပါတယ်... ခြောက်လကြာပြီးတဲ့နောက်မှာတော့ ဆရာဖြစ်ခဲ့ဖူးသူ ရန်ဂနန်သမ်ရဲ့အကူအညီနဲ့ တာဝန်ပြန်ထမ်းဆောင်ခဲ့ရာမှ အလားတူအဖြစ်မျိုးကြုံခဲ့ရပြန်ပါတယ်.... DIG ကာမလ်ရဲ့သမီးဖြစ်သူကိုအရှက်ရအောင်လုပ်ခဲ့တဲ့ တရားခံကိုညှင်းပန်းနှိပ်စက်ခဲ့ရာမှ အဲ့ဒီသံသယတရားခံက မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ ဗယ်လိုင်ဖြစ်နေတဲ့အခါ... သူတို့ကြားကရန်မီးက ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာမလဲ... မိသားစုကိုချစ်တဲ့ မူရူဂါ ( Vishal) ကရော မာဖီးယားဂိုဏ်းကို ဘယ်လိုတွေနေထူးနိုင်သွားမလဲဆိုတာ ရသစုံအောင်ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး.... File size…2.39GB / 1.13GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by Thet Ko ~BpL ~ Cherry ~ Yunni

Drama
8 2022 142 mins
Laththi Charge
Belle and Sebastien: The New Generation
6.2

Belle and Sébastien: The New Generation (2022) ဒီတစ်ခါ​တော့ Pet Lover ​လေး​တွေအတွက် 2022 မှာထွက်ရှိထားတဲ့ ဒရာမာ အက်ရှင်ပြင်သစ်ကား​လေး Belle and Sébastien: The New Generation ​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ 1965 ကစ တီဗွီစီးရီးအဖြစ်ထွက်ရှိထားပြီး ​နောက်ပိုင်း စီးရီးက​နေ ရုပ်ရှင်အဖြစ်လည်း အများကြီးထွက်ရှိထားတဲ့ကား​လေးပဲဖြစ်ပါတယ်။ 2022 မှာထွက်ထားတဲ့ ခုကား​လေးက​တော့ ဒီဘက်​ခေတ်နဲ့ လိုက်‌လျောညီ​ထွေ​အောင်ရိုက်ပြထားတဲ့ ကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ၁၀ နှစ်အရွယ် ပြင်သစ်မြို့ကြီးသားလေး ဆက်​ဗေးစတန်း တစ်​ယောက် အ​မေခရီးသွားစရာရှိလို့ အဘွားဖြစ်သူရှိတဲ့ရွာကို သွားပြီး​နောက် ဘယ်လ်ဆိုတဲ့​ခွေး​လေးနဲ့ ​တွေ့ဖြစ်တဲ့အခါ သူတို့နှစ်​ယောက်ကြားဘယ်လို​တွေ ​သံ​ယောဇဥ်​​တွေဖြစ်သွားကြလဲဆိုတာကို ကြည့်ရမယ့် ဒရာမာရုပ်ရှင်​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်း​လေးထဲမှာ သိုးအ​ကြောင်း​တွေလည်းပါတာမို့ တိချစ်သူ​တွေအတွက်​တော့ ကြည့်ရတာ​​တန်ပြီး ဗဟုသုတ​တွေလည်း​တိုးမယ့် ဇာတ်ကား​ကောင်း​လေးတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 770MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 36Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.2 2022 96 mins
Belle and Sebastien: The New Generation
A Really Haunted Loud House
6.4

A Really Haunted Loud House (2023) =========================== October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။ The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။ အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ အပြင် ဆယ်ယောက် ပေါင်းလောင်းကျော်တတ်တဲ့ ညီအစ်မတစ်သိုက်ကလည်း ပါဝင်အားဖြည့်ကူညီ ပေးထားပါသေးတယ်။ ပိတ်ရက်ကို အိမ်မှာ အေးဆေးအနားယူရင်း မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.51 GB) / (629 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 12Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Family Translator……May Thet Khine Soe Encoder……….SWM

6.4 2023 72 mins
A Really Haunted Loud House
Silenced
8.1

မနက်က ဒီရုပ်ရှင်လေးအကြောင်းကို M-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေ credit ပေးတင်ပေးထားတာကို ဖတ်မိတော့ ကြည့်လိုက်မိတယ်။ တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲ ခံစားချက်အပြည့်ပေးပါတယ်။ ဒီနေ့လည်း group ထဲမှာ လူတွေအများကြီး လာတောင်းနေတော့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလို တရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့ အနုပညာသမားတွေကြောင့် အပြင်လောကမှာ တရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်က မူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာ နှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင် ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံး စကားလုံးတွေကိုပဲ သုံးသွားပြီး ခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့ အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ ရုပ်ရှင်ကားတစ်ကား ဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ —————————————————————– မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။ အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး.. တစ်ကားပြီးပါပဲ။ ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက “Silenced” (သို့) “The Crucible” လို့နာမည်ရတဲ့ကားဖြစ်တယ်။ ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာ နှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီး ကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်း အရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာ ကြေးရတတ်၊ အာဏာရှိသူတွေဖြစ်တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မခံခဲ့ကြရပါဘူး။ . ကျွန်မ အဲဒီကားကြည့်နေရင်းနဲ့ စိတ်နှလုံးမခိုင်လို့ ခဏရပ်လိုက် ဆက်ကြည့်လိုက်လုပ်ဖြစ်ခဲ့တယ်။ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်ကြောင့် ဒါဟာ တကယ့်အဖြစ်အပျက်ကို ရုပ်ရှင်ပြန်ရိုက်ထားတာများလားဆိုပြီး စိတ်ထဲသံသယရှိလာတာနဲ့ ရုပ်ရှင်ကိုဆက်မကြည့်တော့ဘဲ အဲဒီရုပ်ရှင်အကြောင်းကို ဝီကီမှာ ကျွန်မ အရင်ရှာကြည့်လိုက်တယ်။ . ဒီဇာတ်ကားက ကိုးရီးယားနာမည်ကြီး စာရေးဆရာမ Gong Ji-young ရဲ့ နာမည်တူဝတ္ထုကို ရိုက်ကူးထားတာဖြစ်တယ်။ အဲဒီဝတ္ထုက ၂ဝဝဝခုနှစ် တောင်ကိုးရီးယားနိုင်ငံ Gwangjuမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ဆွံအနားမကြားကျောင်းတစ်ကျောင်းက အဖြစ်ကို အခြေခံထားတာဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်မှာ စာရေးဆရာက အဲဒီအဖြစ်ကို တီဗွီသတင်းတိုတိုထွာထွာမှာ အမှတ်မထင်ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားခဲ့တယ်။ Gwangju က ဆိုးလ်မြို့နဲ့ လေးနာရီလောက်ပဲ ကားမောင်းရတဲ့နေရာပါ။ ဒါပေမယ့် ဆွံ့အနားမကြားကျောင်းသူတွေ အနိုင်ကျင့်ခံရတာ၊ မုဒိမ်းကျင့်ခံရတာတွေအတွက် အဲဒီမှာ လူတွေဆန္ဒပြနေတာ ၆နှစ်ရှိခဲ့ပါပြီ။ သတင်းမီဒီယာကလည်း ကျယ်ကျယ်ပြန့်ပြန့်မလွှင့်ခဲ့တော့ အဲဒီအကြောင်းကို လူသိနည်းခဲ့ပါတယ်။ စစချင်းမှာ တရားခံလေးဦးကို ဖမ်းဆီးခဲ့ပေမယ့် ထိရောက်တဲ့ပြစ်ဒဏ်မပေးခဲ့တဲ့အပြင် တချို့တရားခံကို တရားသေလွှတ်ပေးခဲ့တယ်။ ဒါကို စာရေးဆရာက စိတ်ဝင်စားပြီး မတရားခံရတဲ့ ကျောင်းသူတွေနဲ့ ၁ဝ ရက်တာအတူသွားနေပြီး တွေ့ဆုံမေးမြန်းခဲ့တယ်။ အဲဒီနောက် အဲဒီဝတ္ထုကို ရေးသားခဲ့တယ်။ . အဲဒီဝတ္ထုထုတ်ဝေလိုက်တာနဲ့ လူအများရဲ့ အားပေးဖတ်ရှုခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထွက်ပြီး သိပ်မကြာခင်မှာပဲ အဲဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ . ၂ဝ၁၁ ခုနှစ်မှာ အဲဒီရုပ်ရှင်ကားကို ရုံတင်ခဲ့ပါတယ်။ ရုံတင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုးရီးယားတစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဆူညံသွားခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ လက်မှတ်အရောင်းရဆုံး ကားတစ်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုံတင်ပြီး ၃ပတ်အတွင်း ၁၉နှစ်အထက်ကြည့်ကားအဖြစ် လက်မှတ်စောင်ရေ ၃သန်းကျော်ရောင်းချခဲ့ရတယ်။ ၁ဝ ပတ်အတွင်းမှာ လက်မှတ်ရောင်းရငွေ ကိုးရီးယားငွေ ၃၅ ဘီလီယံ ရှိခဲ့ပါတယ်။ . အဲဒီရုပ်ရှင်ကြောင့် ဆွံ့အ နားမကြား ကျောင်းသူကျောင်းသားတွေ မတရားခံနေရတဲ့အဖြစ်ကို ကိုးရီးယားတစ်နိုင်ငံလုံး သိသွားခဲ့တယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပြည်သူတွေပူးပေါင်းပြီး တရားသေလွတ်လိုက်တဲ့ တရားခံကို ပြန်စစ်ဆေး၊ စီရင်ချက်ပြန်ချဖို့ သောင်းချီလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။ . နဂိုရှိတဲ့ ပေါ့လျော့တဲ့သက်ငယ်မုဒိမ်းမှုဥပဒေကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ ဥပဒေပြင်ဆင်ရေးဆွဲဖို့အထိ ဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာ လူတွေလျစ်လျူရှု့ခဲ့မိတဲ့ မတရားမှုဟာ အမှန်တရားရုပ်လုံးပေါ်လာခဲ့ပါတယ်။ နဂို တရားခံလေးယောက်ကနေ ကျောင်းအုပ်အပါအဝင် တရားခံဆယ်ယောက်အထိ ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့တယ်။ . ရုပ်ရှင်ကားရုံတင်ပြီး ၃၅ရက်နေ့မြောက်မှာ ကိုးရီးယားလွှတ်တော်က မဲ၂ဝ၇ မဲ နဲ့ နဂို ၇နှစ်သက်တမ်းအထက်ပြစ်ဒဏ်ဆိုတဲ့ မသန်စွမ်းသူနဲ့ သက်ငယ်မုဒိမ်းမှုဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ခဲ့တယ်။ အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေက မသန်စွမ်းအမျိုးသမီးကိုလည်းကောင်း၊ အသက် ၁၃နှစ်အောက် ကလေးသူငယ်ကိုလည်းကောင်း အဓမ္မပြုလုပ် အနိုင်ကျင့်ရင် ကြီးလေးတဲ့ပြစ်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။ . အဲဒီရုပ်ရှင်ဟာ ကိုးရီးယားနိုင်ငံရဲ့ တရားဥပဒေမမျှတမှု၊ လာဘ်စားမှုတွေကို မီးမောင်းထိုးပြနိုင်ခဲ့သလို မသန်စွမ်းသူတွေ တန်းတူအခွင့်အရေး၊ ကူညီစောင့်ရှောက်မှုရရှိရေးအတွက်လည်း ဆော်သြပေးနိုင်ခဲ့ပါတယ်။ . (အခွင့်ရရင်တော့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ အဲဒီကားမှာ ဘာနည်းပညာ၊ ဘာထူးဆန်းတဲ့ သရုပ်ဆောင်ကွက်တွေမှ မပါပါဘူး။ ဒါပေမယ့် ကိုးရီးယားတစ်မျိုးသားလုံးကို နိုးထစေနိုင်ခဲ့ပါတယ်) Credit – Nine Nine Sanay @ နိုင်းနိုင်းစနေ

8.1 2011
Silenced
Diaz – Don’t Clean Up This Blood
7.3

IMDb Rating 7.3 အထိရရှိထားတဲ့ Diaz – Don’t Clean Up This Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့ 2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာ ဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ် ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေ ဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက် သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစား နေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိ အကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့် ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲ အကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေ ဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကို တစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Thriller
7.3 2012
Diaz – Don’t Clean Up This Blood
The 400 Blows
8.1

The 400 Blows (1959) ~ IMDb – 8.1/10, Rotten Tomatoes – 99% ~ ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။ François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ပြင်သစ်နယူးဝေ့ရဲ့ အထင်ရှားဆုံး ရုပ်ရှင်တွေထဲလည်းပါခဲ့တယ်။ ဒီလိုဆိုလို့ ခမ်းနားကြီးကျယ်မှုတွေ၊ ရှေးက ဇာတ်လမ်းကောင်းကြီးတွေလို အင်မတန်ခိုင်မာတဲ့ဇာတ်အိမ်ထဲ အံဝင်ခွင်ကျထည့်ထားတဲ့ ဇာတ်ကောင်တွေ‌တော့ မြင်ရမှာတော့မဟုတ်ဘူး။ ပြင်သစ်နယူးဝေ့ဟာ ရုပ်ရှင်ကို ပိုပြီးလက်တွေ့ကျပြီး မျက်မှောက်ခေတ်ကို ထင်ဟပ်တဲ့ အရွေ့တစ်ခုကို ဦးတည်သွားခဲ့သလို The 400 Blows (1959) ကလည်း နယူးဝေ့ရဲ့အဓိကကျတဲ့ရုပ်ရှင်ဖြစ်ခဲ့တာနဲ့အညီ ဒီဂုဏ်သတ္တိတွေ အကုန်ရှိနေခဲ့တယ်။ One of the Best Films Ever Made စာရင်းထဲလည်း အခုထိဝင်နေတုန်းပဲ။ ဒီရုပ်ရှင်ရဲ့ဇာတ်ဟာ Truffaut ရဲ့ငယ်ဘဝကို ထင်ဟပ်နေခဲ့သလို အဲဒီခေတ်ကာလ ပြင်သစ်လူငယ်ထိန်းသိမ်းရေးစခန်းတွေရဲ့ မတရားမှုတွေ၊ လူငယ်တွေရဲ့ မတရားခံရမှုတွေကို ထင်ဟပ်နေခဲ့တယ်လို့လည်းဆိုတယ်။ ရုပ်ရှင်ထဲက ကောင်လေးဟာ အိမ်မှာ သူ့အိမ်ကို မတွေ့ခဲ့ဘဲ ရုပ်ရှင်ရုံမှာ သူ့အိမ်ကိုတွေ့ခဲ့သလို Truffaut ကိုယ်တိုင်လည်း အလားတူပဲ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ The 400 Blows ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုရခဲ့ဖူးသလို အော်စကာမှာလည်း ဆန်ခါတင်ဝင်ဖူးတယ်။ ပြောသာပြောရတာ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ကားတစ်ကားကို ဘယ်သူမှလည်း ဒါတွေနဲ့တိုင်းပြီး ကြည့်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းကတော့ စာသင်ခန်းထဲမှာရော မိဘတွေနဲ့ရော အဆင်မပြေတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ။ အဲဒီကောင်လေးဟာ မကောင်းဘူး။ အလိမ်တွေပဲပြောတတ်တယ်။ ဒါပေမဲ့ သူအမှန်ပြောရင်လည်း ဘယ်သူမှမယုံကြဘူး။ အဲဒီကောင်လေးဟာ စာမရဘူး။ ဒါပေမဲ့ သူ့ကိုယ်ပိုင်အက်ဆေးတစ်ပုဒ်ကို ရေးပြလိုက်တဲ့အခါလည်း ကူးချတာလို့ပဲ သတ်မှတ်ခံခဲ့ရတယ်။ ဒီလိုအဆိုးတွေထဲကနေ အဆိုးထဲကို ထပ်တွန်းပို့ခံရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို လူကြီးတွေရဲ့ မတရားမှုတွေ၊ နားမလည်မှုတွေ၊ လူငယ်တွေရဲ့ ပုန်ကန်ချင်စိတ်တွေနဲ့ ယှဉ်တွဲပြထားတဲ့ဇာတ်လမ်းပါပဲ။ ဒီရုပ်ရှင်ထဲက ကောင်လေးနဲ့ သူ့အိမ်ရဲ့ဆက်ဆံရေးဟာ တစ်ခါတစ်ခါမှာ သာဓုရဲ့ “အတာ” ကို ပြေးပြေးမြင်မိစေတဲ့ အခြေအနေတွေရှိတယ်။ အရသာကလည်း အဲဒီအရသာနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ မသကာ ကြည့်ချင်စိတ်ပေါ်အောင် ပြောရရင်တော့ သာဓုရဲ့ “အတာ”ကို ကြိုက်တဲ့လူတွေ ဒါကိုလည်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.4GB Quality – BluRay 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 39Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.1 1959
The 400 Blows
Scooby-Doo! Meets the Boo Brothers
6.9

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ Scooby Doo ကာတွန်းကားလေးပဲဖြစ်ပါတယ်။ ရှက်ဂီ့ရဲ့ဦးလေးဖြစ်တဲ့ ဘူဝါးဂါ့တ်ကွယ်လွန်သွားတဲ့အချိန်မှာ ရှက်ဂီ့ကို ရတနာတွေနဲ့အတူ အိမ်ကိုပါ အမွေပေးထားခဲ့ပါတယ်။ အခက်အခဲတွေများစွာကို ရင်ဆိုင်ပြီး ရှက်ဂီ စကူဘီနဲ့ တူလေးစခရပ်ပီတို့ဟာ အိမ်ကို အရောက်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အိမ်ကိုရောက်တဲ့အခါမှာ အိမ်တော်ထိန်းက မကျေနပ်ဘဲ သူရသင့်တာပါလို့ ဆန့်ကျင်ပြောကြားလာပါတယ်။ အဲဒီအပြင် အိမ်က သရဲခြောက်တဲ့အိမ်ဖြစ်နေပါသေးတယ်။ ရှက်ဂီတို့က အကုန်လက်လွှတ်ပြီး ပြန်မယ်လုပ်တဲ့အချိန်မှာလည်း ကားကနွံထဲမြုပ်သွားပြီး တစ်ညအိပ်ဖို့ အကြောင်းဖန်လာပါတယ်။ ရှက်ဂီတို့ တစ်ညအိပ်တဲ့အတောအတွင်း ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှူလိုက်ကြရအောင် File Size : 1.3 GB, 631 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

6.9 1987 93 mins
Scooby-Doo! Meets the Boo Brothers
Because I Love You
7.1

ဒီကားလေးထဲမှာ Moonlight drawn by clouds ကားထဲက မင်းသမီး Yoo Jeong Kimရယ် မင်းသားချောTae Hyun Cha ရယ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ရယ်လဲရယ်ရသလောက် ငိုလဲငိုရတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ လီဟွန်းက accident တစ်ခုဖြစ်ပြီးထူးဆန်းတဲ့ကိစ္စတွေနဲ့ကြုံလာရတာပါ။အချစ်ရေးအဆင်မပြေတဲ့လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး အဆင်ပြေမှ ပြန်ထွက်ခွင့်ရတာပါ။ဒီအကြောင်းတွေကို သိတဲ့သူဆိုလို့ “စကာလီ” တစ်ယောက်ပဲရှိပြီး သူ့ကို ကူညီပုံတွေကို ဟာသ၊ဒရာမာချိုးပြီးရိုက်ကူးထားတဲ့ကားကောင်းတစ်ကောင်းပါ။ မထင်မှတ်တဲ့အလှည့်အပြောင်းတွေနဲ့ အူတက်အောင်ရယ်ရတဲ့ ဒီကားလေးက IMDb 6.5 ရထားတာဆိုတော့ အထွေအထူးမညွှန်းတော့ပါဘူး။ချစ်ခြင်းမေတ္တာဆိုတာကို ပီပြင်အောင်ဖော်ညွှန်းထားနိုင်လို့အားလုံးအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ မမအေးမွန်ကျော်ပဲဖြစ်ပါတယ်) File size…(1.5 GB)/(784 Mb) Quality….WebRip 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Drama, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Aye Mon Kyaw

Drama • Crime
7.1 2017 110 mins
Because I Love You
Beyond the Reach
5.9

Beyond the Reach (2014) ************************ IMDb… 5.9 မိုဂျာဗီ သဲကန္တာရရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ အမဲလိုက်ဖို့ ထွက်လာတဲ့ သူဌေးကြီး (Michael Douglas) နဲ့ လမ်းပြလူငယ် (Jeremy Irvine) တို့ မမျှော်လင့်တဲ့ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ… ဘယ်သူက တကယ့် သားကောင်ဖြစ်လာမလဲ.. ရက်စက်တဲ့ သဲကန္တာရထဲ အသက်ရှင်ဖို့ အခွင့်အရေးက ဘယ်လောက်ထိ နည်းပါးလဲ.. သည်းထိတ်ရင်ဖိုနဲ့ အချိန်နဲ့အမျှ ပြိုင်ဆိုင်ရမယ့် ဒီခပ်အေးအေးဇာတ်လမ်းက ဇာတ်ကားအဆုံးထိဆွဲခေါ်သွားမယ့် ‘Beyond the Reach’ ရဲ့ စိတ်လှုပ်ရှားဖွယ်ခရီးစဉ်လေးပါပဲ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ ZWT ပဲ ဖြစ်ပါတယ်။) File Size : 1.54GB/750MB Quality : BluRay 1080p/ 720p Format…mp4 Duration…01:21:55 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ZWT Encoded by Tiff

Horror • Comedy
5.9 2014 95 mins
Beyond the Reach
Devil’s Double Next Level
5

DD Next Level 2025 “သတ္တိဗျတ္တိ” IMDb – 4.8/10 Dhilluku Dhuddu ရုပ်ရှင်စီးရီးရဲ့ လေးကားမြောက်ရုပ်ရှင်ထွက်ရှိလာပါပြီ။ ရှေ့ကားတွေလိုပဲ အခွီတွေ လန့်စရာတွေနဲ့ ခပ်ဆန်းဆန်းပေါင်းဆက်ထားတဲ့ ရုပ်ရှင်ကားပါ။ Kissa47ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တွေကို ဝေဖန်လေကန်တဲ့ နာမည်ကျော်ရီဗျူဝါကတော့ ခရစ်ရှ်နာ။ အိမ်မှာတော့ ဘာမှလက်ကြောမတင်းတဲ့ သောက်ဖျင်းလေးပေါ့။ ရုပ်ရှင်ဆိုတာ လူတိုင်းချစ်ခင်နှစ်သက်သင့်တဲ့အရာ၊ အဲဒါကိုဘယ်သူမှ လှောင်ပြောင်ဝေဖန်တာမျိုး မလုပ်သင့်ဘူးဆိုတဲ့ ဒါရိုက်တာဟစ်ချ်ကော့။ တစ်ရက်တော့ ဒါရိုက်တာ ဟစ်ချ်ကော့ဆီကနေ ခရစ်ရှ်နာဆီကို အထူးပွဲကြည့်ဖို့ တစ်မိသားစုလုံးကြွရောက်လာပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီမှာပဲ ထင်မထားလောက်တဲ့ ဇာတ်လမ်းသွားရယ် အခွီတွေ လန့်စရာတွေအပြည့်မို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Action • Thriller
5 2025 131 mins
Devil’s Double Next Level
Maldoror
6.7

Maldoror (2025) ၁၉၉၅ နဲ့ ၁၉၉၆ခုနှစ်တို့များအကြား ဘယ်လ်ဂျီယံနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ကွင်းဆက်မုဒိမ်းကောင်/ကွင်းဆက်လူသတ်သမား/ အထူးသဖြင့် ကလေးသူငယ်များကိုပစ်မှတ်ထား ဗလက္ကာရလုပ်သူ ဒုစရိုက်သမား “ Marc Paul Alain Dutroux “ ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ “ Marcel Dedieu “ ( အမည်ပြောင်း ) ကိုသုံးကာ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမှန်တရားကိုချစ်မြတ်နိုးသူ ရဲဌာနက “ Paul Chartier “ ဖြစ်သူနဲ့အပြိုင် ဖြစ်ရပ်မှန်ကိုအနည်းငယ်ကွန့်ပြီးဖော်ပြရိုက်ကူးထားပါတယ်။ ဘယ်လ်ဂျီယမ်နိုင်ငံ “ Charleroi “မြို့လေးမှာ မိန်းကလေးငယ်လေးတွေ ထူးဆန်းစွာပျောက်ဆုံးနေခဲ့ပါတယ်။ မိဘတွေကလည်း ရဲတွေကိုပျောက်ဆုံးကြောင်းတိုင်ကြားသော်လည်း ဒီအတိုင်းအိမ်ကနေထွက်ပြေးတာနေမှာဆိုပြီး ရဲများကလည်း ပေါ့တန်စွာကောက်ချက်ချထားကြပါတယ်။ ထိုခေတ်က ရဲဌာနအချင်းချင်းလည်း အပြိုင်အဆိုင်တွေနဲ့မတည့်ကြတော့ “ Paul Chartier “ ရဲ့အရည်အချင်းကိုသိထားသူ အရာရှိကြီး “ Hinkel “ ကပျောက်ဆုံးသွားတဲ့ကလေးတွေကိုရှာဖွေနိုင်ဖို့အတွက် “ Maldoror “ ဆိုတဲ့ လျှို့ဝှက်စစ်ဆင်ရေးကို စတင်ပါတော့တယ်။ ရဲဌာနတစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်တွေနဲ့မတည့်ကြတော့ ဒီစစ်ဆင်ရေးကြီးအောင်မြင်သွားရင် “ Hinkel “ တို့ရဲ့ရဲဌာနကြီးမျက်နှာပွင့်လန်းနိုင်ပြီး ဂုဏ်ဆာနိုင်အောင်လို့ဆိုပြီး စတင်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ရိုးရိုးသာမန်အမှုလို့ထင်ရနိုင်ပေမယ့်လည်း အနယ်နယ်အရပ်ရပ်က အကောင်ကြီးတွေပါ ပါဝင်ပတ်သက်နေသလို ဒုစရိုက်သမား “ Marcel Dedieu “ ဟာ သူ့ကို ကာကွယ်ပေးတဲ့အကောင်ကြီးတွေရှိနေတဲ့အတွက်ကြောင့် ပြောင်ပြောင်တင်းတင်းကျူးလွန်လာနိုင်ပြီး အမှုကိုလိုက်ဖို့ရာခက်ခဲနေခဲ့သလို မသေသင့်တဲ့အသက်ပေါင်းများစွာလည်းကြွေလွင့်ခဲ့ရပါတယ်။ ဉပဒေရဲ့ဘောင်အတွင်းကနေ ဒုစရိုက်သမားကိုအပြစ်ပေးလို့မရနိုင်တာကို သိလာခဲ့တဲ့ “ Chartier “ဟာ ဘောင်ကိုကျော်လွန်၍ ဘယ်လိုလက်စသတ်ပေးမလဲဆိုတာကို crime thrillerငတ်နေသူများအဖို့ ကြေကွဲဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (3.7 GB) / (2.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Thriller Duration…. 02:34:13 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone

Thriller
6.7 2025 155 mins
Maldoror