YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Talay Laung.2021.EP2.mkv

730.94 MB N/A video/x-matroska 938 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Breathe In
6

ဒီဇာတ်ကားကတော့ တကယ့်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ် ဇာတ်လမ်းအကြောင်းကတော့ ကျောင်းဆရာတစ်ဦးအနေနဲ့ လုပ်ကိုင်နေတဲ့ ဂီတပညာရှင်တစ်ဦးရဲ့အိမ်မှာ ဇနီးဖြစ်သူက စာသင်နှစ်တစ်ခုစာကျောင်းလာတက်တဲ့ လေ့လာရေးကျောင်းသူကို လက်ခံထားစဉ် လင်မယားနှစ်ယောက်ကြားနှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ မကျေနပ်ချက်တွေပွင့်ထွက်လာကာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို လေ့လာရေးကျောင်းသူကိုအရင်းတည်ပြီး မိသားစုအတွင်းမပြေလည်မှုတွေဖြစ်လာတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ် ဒီဇာတ်လမ်းလေးမှာ ဇာတ်လမ်းအဖွင့်နဲ့အပိတ်က ဇာတ်ဝင်ခန်းလေးက တွေးစရာတွေအများကြီးပေးတဲ့ဇာတ်ဝင်ခန်းတွေဖြစ်ပါတယ် ဇာတ်ဝင်ခန်းတိုင်းမှာလည်း သရုပ်ဆောင်တွေရဲ့အကြည့်တွေက တကယ့်ကိုမှသူတို့အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုက်ရသလိုခံစားရစေတယ် ခင်ပွန်းဖြစ်သူကဇနိးသည် သူ့ကိုနားလည်မပေးလိုက်တဲ့အချိန်ဖြစ်သွားတဲ့အကြည့်၊ ဇနီးဖြစ်သူက ခင်ပွန်းသည်ဂီတအကြောင်းတွေပြောတဲ့အချိန် စိတ်မဝင်စားပေမယ့် နားလည်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်သွားတဲ့သရုပ်ဆောင်ချက်တွေ စသဖြင့်သရုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအေးလေးဖြစ်ပေမယ့် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲဆောင်သွားမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…1GB / 475MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eunice

Comedy • Drama • Romance
6 2013 98 mins
Breathe In
Star Trek: First Contact
7.3

Star Trek franchise မှာ ဂြိုဟ်တွေ ဂြိုဟ်တွေအတွက် အရေးကြီးတဲ့ turning point တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ဂြိုဟ်တစ်ခုပေါ်မှာ ဖြစ်ပေါ်လာတဲ့ Civilization တစ်ခုခုဟာ သူ့အလိုအလျောက် ဆင့်ကဲတိုးတက်လာပြီး အလင်းလွန်နှုန်းစက်ဖြစ်တဲ့ warp drive ကို တီထွင်နိုင်ချိန်ပါပဲ။ Warp အချက်ပြတွေကို Federation ရဲ့ တာဝေးဆန်ဆာတွေကနေ ထောက်လှမ်းမိတဲ့အခါ အဲဒီဂြိုဟ်ကို သံတမန်တွေကို စေလွှတ်ပြီး Federation ထဲဝင်ဖို့ ကမ်းလှမ်းပါတယ်။ အဲဒီလို ပထမဆုံး စဆက်သွယ်တဲ့နေ့၊ အချိန်ကို First Contact လို့ ခေါ်ပါတယ်။ ဇာတ်လမ်းအရ ကျွန်တော်တို့ ကမ္ဘာကြီးကလည်း Federation နဲ့ First Contact နေ့ဆိုတာ ရှိခဲ့ပါတယ်။ တတိယကမ္ဘာစစ်ကြီးပြီးလို့ ပြာပုံထဲကနေ ရုန်းထလာခဲ့တဲ့ ကမ္ဘာဟာ 2063 ခုနှစ်၊ ဧပြီလ 5 ရက်နေ့မှာ ပထမဆုံး Warp Drive ကို စတင်မောင်းနှင်နိုင်ခဲ့တဲ့အတွက် Federation ကနေ ထောက်လှမ်းမိပြီး လာပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂလက်စီကြီးရဲ့ Delta quadrant ကနေ ကြီးထွားလာတဲ့ Borg ဆိုတဲ့ ဆိုက်ဘာနက်တစ် သက်ရှိအုပ်စုကြီးက Federation ကို စတင် ကျူးကျော်တိုက်ခိုက်လာပါတယ်။ ကမ္ဘာကိုလည်း မျက်စိကျနေတဲ့အတွက် ဒီတိုင်းတိုက်ရင် မနိုင်နိုင်လို့ အချိန်ခရီးသွားပြီး အတိတ်က ကမ္ဘာရဲ့ First Contact နေ့ကို ဖျက်ဆီးဖို့ အားထုတ်လာပါတော့တယ်။ ဒီလို အဖျက်အမှောင့်လုပ်ရပ်ကို ယခင် Borg တွေရဲ့ သိမ်းသွင်းခြင်းကို ခံခဲ့ရသူ၊ ခေတ်အမီဆုံး အာကာသယာဉ်ကြီး အင်တာပရိုက်စ်ရဲ့ ကပ္ပတိန် ပစ်ကာ့က ဘယ်လိုတားဆီးမလဲဆိုတာ ကြည့်ရှုလိုက်ပါဦး။ File size…(2.03GB)  / (1.5GB) / (1.0B) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:51:00 Genre...Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  EL Moh

Comedy • Drama • History • Romance
7.3 1996 111 mins
Star Trek: First Contact
The In Between
7.4

Valentine Day အမှီ အေးဆေးဖီးလ်နဲ့ကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ တက်စ်ဆာဆိုတာ အချစ်ကိုအယုံကြည်မရှိဘဲ ဘ၀ထဲကိုဝင်လာတဲ့ လူမှန်သမျှ တွန်းထုတ်နေမိတဲ့ ကောင်မလေးတစ်ယောက်ပေါ့ .... အဖြူအမည်းကင်မရာနဲ့ဓာတ်ပုံ‌ေ‌တွရိုက်ရတာ သဘောကျပြီး အချစ်အကြောင်းတွေကိုအများကြီးပြောတတ်တယ်... ပျော်ရွှင်စရာအဆုံးသတ်တွေကိုမယုံတဲ့ တက်စ်ဆာဟာ စကိုင်လာဆိုတဲ့ ကောင်လေးနဲ့ရုပ်ရှင်တစ်ရုံမှာတေ‌ွ့ရာကနေ ချစ်သူတွေဖြစ်လာပြီး သူ့အတွက် ပျော်စရာအဆုံးသတ်တစ်ခုဖြစ်လာမယ်ထင်ထားခဲ့တယ် ဒါပေမယ့် ကားအက်စီးဒင့်‌ေကြာင့် စကိုင်လာဟာသေဆုံးခဲ့ပြီး တက်စ်ဆာလည်း မသေရုံတမယ်အသက်ရှင်ခဲ့ပါတယ် ... နောက်ပိုင်းမှာ စကိုင်လာရဲ့ ဝိဉာည် ‌ပေါ်လာကာ တက်စ်ဆာကို တမလွန်က ဆက်သွယ်လာပြီး မပြီးပြတ်ခဲ့တဲ့ အရာ...မပြောဖြစ်ခဲ့တဲ့စကားတေ‌ွကို In-Between ဆိုတဲ့ ဝိဉာည်လောက ကနေ ဆက်သွယ်ပြောဆိုလာခဲ့တဲ့အခါမှာတော့...... သဘာ၀လွန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဘယ်လိုအဆုံးသတ်သွားမလဲ ကိုယ်တိုင်ပဲခံစားလိုက်ကြည့်လိုက်ပါ. အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance, Sci-fi Quality….WEB-DL 1080p and 720p File size…1.6GB, 834MB, 278MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....Thiha Yan Naing Encoder ..... August

Action • Fantasy
7.4 2022 116 mins
The In Between
Por Thozhil
8.1

Por Thozhil ( 2023 ) ================== IMDb 8.4/10 တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။ Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB  / 789MB Quality…4k SONY WEB DL /1080p WEB DL / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Yunni~ Moon~ V~Cherry ~ Zwe Yan

Drama
8.1 2023 148 mins
Por Thozhil
No Reservations
6.3

No Reservations (2007) Genre – Comedy, Drama, Romance IMDB – 6.3/10 ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီး ဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီး ခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့ ၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့ Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီး အင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီး မိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့ စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်း မထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။ တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့ လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ အသက်ဆုံးရှုံးခဲ့ပြီး သမီးဖြစ်သူကိုလည်း သေတမ်းစာမှာ ညီမတော်စပ်သူ အဒေါ်လက်ထဲ အပ်ခဲ့တဲ့အတွက် ကိတ်တစ်ယောက် ဒူးမနာသမီးလေး ရသွားခဲ့ပါတော့တယ်။ ဒီလိုမျိုး တူမဖြစ်သူကို အချိန်ပေးနေတုန်း ဆိုင်ပိုင်ရှင်က သူ့ကို အသိမပေးပဲ ပျော်ပျော်နေတတ်တဲ့ အီတလီပြန် စားဖိုမှူး နစ်ကို ခန့်ထားတာကိုတွေ့တော့ သူ့နေရာလုဖို့ ပေးဖို့ လုပ်တာလားဆိုပြီး အမြင်မကြည်ပဲ နှစ်ယောက်သား ပြဿနာတွေလည်းတက်ရင်း ကလေးတစ်ဖက်နဲ့ အလုပ်တစ်ဖက်နဲ့ ကိတ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို အချစ်ဆန်ဆန် ဒရမ်မာဆန်ဆန် ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ မာနကြီး အတ္တကြီး ဒေါသကြီးပြီး လောကကြီးကို အယုံအကြည်မရှိတဲ့ စားဖိုမှူးတစ်ယောက် တူမလေးရပြီး အမြင်တွေပြောင်းလဲကာ မင်းသားဖြစ်သူရဲ့ ပျော်ရွှင်တတ်တဲ့စရိုက်တွေကြောင့် တဖြည်းဖြည်း ပြောင်းလဲလာပြီး အချစ်နဲ့ တွေ့ရှိကာ ပြောင်းလဲသွားမှာကို ခံစားရမှာပါ။ ကလေးမလေးနေရာကလည်း Zombieland ထဲက အငယ်မလေးလုပ်တဲ့ Abigail Breslin က ပိုင်နိုင်စွာသရုပ်ဆောင်ထားပြီး ဇာတ်ပို့ပေးထားပါတယ်။ File size… 1.49 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama, Comedy , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

6.3 2007
No Reservations
Monsters of California

ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂြိုဟ်သားတွေ ရောက်နှင့်နေပြီးသားလို့ ပြောရင် ယုံကြမလား❓ Sci-fi, Adventure သမားတွေအတွက် ဇာတ်လမ်းပဲ ဆိုပါတော့။ အဓိကဇာတ်ဆောင်မင်းသားဖြစ်သူ ဒဲလက်စ်အက်ဝေါ့ဒ်က ဖခင်ဖြစ်သူ အကြောင်းမဲ့ ပျောက်ဆုံးသွားရတဲ့ကိစ္စကို တူးဖော်ဖို့ ကြိုးစားနေရင်း ဖခင်ဖြစ်သူရဲ့ အလုပ်အကြောင်းကို မတော်တဆ သိသွားခဲ့တယ်။ အဲနောက်မှာတော့ သူ့ဖခင်က အားလုံးယုံကြည်ထားသလို သေဆုံးသွားခြင်းမဟုတ်ဘူးဆိုတဲ့ သူ့ယုံကြည်မှုက ပိုပြီး ခိုင်မာလာခဲ့ပြီး သူ့အဖေထားတဲ့ သဲလွန်စတွေ၊ မှတ်စုတွေနဲ့ ဒီအဖြစ်အပျက်နောက်ကွယ်က အကြောင်းအရာတစ်ခုလုံးကို နောက်ကြောင်းလိုက်ဖော်ဖို့ သူငယ်ချင်းကောင်း ၂ ယောက်နဲ့အတူ မဆုတ်မနစ်ကြိုးစားတော့တယ်။ ကမ္ဘာကြီးမှာ ကိုယ်တိုင်မတွေ့သရွေ့ ယုံနိုင်မှာ မဟုတ်တဲ့ အကြောင်းအရာတွေမှ အများကြီးပါ။ ဒီထဲက ဇာတ်ကောင်တွေကရော ကမ္ဘာကြီးရဲ့ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေကို တွေ့ခဲ့ရမယ်လို့ ထင်ပါသလဲ❓ ဒီကားထဲမှာ ဘာထူးခြားသလဲလို့ ပြောရရင် Sci-fi ဆိုပေမဲ့ ကိုးကွယ်မှုအကြောင်းတွေလဲပါတယ်၊ ဒသနိကဆိုင်ရာအကြောင်းအရာတွေလဲပါလဲ၊ သရဲ၊ တစ္ဆေအကြောင်းအရာတွေလဲ ပါတယ်။ ဒါတွေက မဆိုင်ဘဲ ဘာလို့ပါရသလဲလို့ တွေးမိကြမှာပေါ့။ ဘာလို့လဲဆိုတဲ့ အဖြေကိုတော့ ဇာတ်ကားထဲမှာပဲ ရှာကြည့်လိုက်ကြတာပေါ့! File size…(1.5 GB)/(809 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Science Fiction, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

0 2023
Monsters of California
Ghost Graduation
6.3

ကဲ..ကျောင်းပျော်သရဲတွေလာပါပြီ။ ဒီရုပ်ရှင်ကားရဲ့ အတိုလေးတွေကို Fb မှာစကြည့်မိတော့ တစ်မျိုးလေးပါလားဆိုပြီး စိတ်ဝင်စားခဲ့တာ… အခုတော့ ကြည့်လို့ကောင်းမှန်းသေချာသွားပါပြီ။ သရဲကားဆိုတာထက် သရဲတွေရဲ့ခံစားချက်ဘက်ကို နည်းနည်းပိုရိုက်ပြထားတဲ့ကားလို့ ထင်ပါတယ်ဗျ။ မွန်ဖော့တ်ဆိုတဲ့ကျောင်းကြီးမှာ ထူးဆန်းတဲ့အရာတွေဖြစ်နေတာ တော်တော်ကြာပါပြီ။ ဆရာတွေလည်း ခဏခဏအလုပ်ထွက်လွန်းလို့ ကျောင်းသားမိဘတွေလည်း စိတ်ပူနေရပါတယ်။ လစ်လပ်နေတဲ့ဆရာနေရာကို ရောက်လာတာက ခဏခဏအလုပ်ထုတ်ခံရတဲ့ မိုဒက်စတိုလို့ခေါ်တဲ့ ကျောင်းဆရာတစ်ယောက်။ သူကတော့ မမြင်သင့်တဲ့အရာတွေကို မြင်နေရတဲ့အရူးလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ ကုသမှုခံယူနေရတဲ့သူပါ။ ကျောင်းမှာ ထူးဆန်းတဲ့အရာတွေဖြစ်အောင် ဘယ်သူလုပ်နေမှန်းမသိကြပေမယ့် မိုဒက်စတိုကတော့ မြင်နေရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက မီးလောင်ပြီးသေဆုံးသွားကြတဲ့ သူငယ်ချင်းငါးယောက်ကြောင့်ပါ။ ကျောင်းကလည်း နာမည်ဆိုးနဲ့ကျော်ကြားနေပြီး ပိတ်ပစ်ရတော့မယ့် အခြေအနေ၊ ပြသာနာရဲ့အရင်းအမြစ်ဖြစ်တဲ့ မကျွတ်မလွတ်တဲ့ ကျောင်းသားငါးယောက်ကို မိုဒက်စတိုတစ်ဦးတည်းကပဲ မြင်ရတော့… သရဲငါးကောင်ကို ဘယ်လိုမျိုးလွတ်မြောက်အောင်လုပ်ပေးမလဲ? သူတို့ရဲ့မပြီးပြတ်နိုင်တဲ့ကိစ္စကရော ဘာဖြစ်မလဲဆိုတာတွေကို ပုံမှန်သရဲကားတွေနဲ့မတူပဲ စိတ်ဝင်စားအောင်ရိုက်ပြထားတာမို့ အဆုံးထိကြည့်လိုက်ရအောင်နော် ။ ။ File size… 1.4 GB / 756 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

History • Drama • Action
6.3 2012 88 mins
Ghost Graduation
Half Baked: Totally High

စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‌ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။ အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ‌ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။ File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2024
Half Baked: Totally High
Iron Lady Sniper
5.7

ဇာတ်ကားလေးကိုတော့ တရုတ်ပြည်မှာ ဂျပန်တွေကြီးစိုးနေတဲ့ခေတ် 1950နှောင်းပိုင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ် ။ ဇာတ်ကားလေးက Action ဆန်ဆန် ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မယ်ဆိုတာ ပြောရဲပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ စက်တင်ဘာ 18 ဆူပူမှုကြီးအပြီးမှာ တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံးစစ်တပ်ဖြစ်တဲ့ တုန်းပေစစ်တပ်ဟာ ဂျပန်တွေကို မတိုက်ခိုက်တော့ဘဲ ခုခံဖို့မူဝါဒကိုချမှတ်လိုက်ပါတယ် ။ ဒါကိုမကျေနပ်ကြတဲ့ တုန်းပေစစ်တပ်က စစ်သားတွေဗိုလ်ကြီးတွေ တော်တော်များများက တုန်းပေစစ်တပ်ကထွက်ခွာပြီး ပြည်သူ့တော်လှန်ရေးတပ်ထဲဝင်ကြပါတော့တယ် ။ ဂျပန်တွေကလည်း မန်ချူးတွေရဲ့အကူအညီနဲ့ရဲတင်းပြီး တရုတ်ပြည်က တော်လှန်သူမှန်သမျှကို ရက်ရက်စက်စက်လိုက်လံသုတ်သင်နေတဲ့အချိန်လည်းဖြစ်ပါတယ် ။ အဲဒီတော်လှန်သူတွေထဲမှာ မင်းသမီးရဲ့မိဘတွေကလည်းအပါအဝင်ဖြစ်ပြီး သူတို့ရဲ ရဲဘော်ရဲဘက်တစ်ယောက်ကို ဖွက်ထားပေးမိလို့ အသေနှိပ်စက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ် ။ ဒါကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ လန်ရွှယ် ( မင်းသမီး ) လေးဟာ တစ်ဘဝလုံး ဂျပန်တွေကိုမုန်းတဲ့စိတ်နဲ့ကြီးပြင်းလာခဲ့ပြီးတော့ အဲဒီကယ်လိုက်တဲ့ရဲဘော်ရဲဘက်ဗိုလ်ကြီးဆီမှာ သေနတ်ပစ်နည်းကို ကျွမ်းကျင်သည်အထိသင်ခွင့်ရခဲ့ပါ‌တယ် ။ သူပညာရည်ပြည့်စုံပြီး ထိပ်တန်းစနိုက်ပါတစ်ယောက်ဖြစ်လာခဲ့ချိန်မှာတော့ မိဘတွေအတွက်ဘယ်လိုလက်စားချေသွားမလဲ ? ဂျပန်တွေကိုရော ဘယ်လိုတော်လှန်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူပေးကြပါအုံးနော် ။

5.7 2024
Iron Lady Sniper
How Much Do You Love Me?
5.7

ပုရိသအပေါင်းတို့ အကြိမ်ကြိမ်ကြွေခဲ့ရသော Malena ဇာတ်ကားထဲက မမကြီး Monica Bellucci ကို အမှတ်ရကြဦးမလား…. ဒီဇာတ်ကားမှာလဲ မမကြီးဟာ ကျွန်တော်တို့ကို အကြိမ်ကြိမ်ထပ်ခြွေဦးမှာပါ…သိဘို့။ မမရဲ့ဖြစ်တည်မှုတွေက ပြင်းရှတဲ့ နှစ်ချို့ဝိုင်တစ်ခွက်လို …။ ဇာတ်လမ်းကိုသွားရမယ်ဆိုရင်တော့ဖြင့်…. ဖရန်ဆွာ့ဇ်ဟာ ဟာ အထီးကျန်ဘဝနဲ့ သူ့ရဲ့ ပျင်းရိစရာ ရုပ်အလုပ်တို့ကို ငြီးငွေ့နေတဲ့ ပြင်သစ်သားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘားတစ်ခုကိုသွားရင်း လှပတဲ့ မိန်းမပျက်ကလေးတစ်ဦးဖြစ်တဲ့ ဒင်နီယယ်လာ နဲ့ ဆုံခဲ့တယ်။ မြင်မြင်ချင်း ဒင်နီယယ်လာကိုစွဲလန်းမိရင်းက သူဟာ မီလျံချီ ထီပေါက်ထားတဲ့သူဖြစ်ကြောင်း နဲ့ သူနဲ့ အတူနေမယ်ဆိုရင် တစ်လကို ယူရို ၁၀၀.၀၀၀ ငွေမကုန်မချင်းပေးမယ်လို့ ကမ်းလှမ်းလာတဲ့အခါ ဒင်နီယယ်လာကလဲ သဘောတူခဲ့တယ်။ သဘောမတူနိုင်တာကတော့ သူ့ သူငယ်ချင်းလဲဖြစ် သူ့ ဆရာဝန်လဲဖြစ်တဲ့ အန်ဒရေးပါ။ အန်ဒရေးက ဖရန်ဆွာ့ဇ်ရဲ့ နှလုံးအားနည်းရောဂါဟာ ဒီလိုလိင်မှု ကိစ္စတက်ကြွပုံမျိုးနဲ့ သင့်တော်မှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။ စားသောက်ဆိုင်မှာ ညစာစားကြရင်း ဒင်နီယယ်လာ အစာအဆိပ်သင့်သလိုဖြစ်တော့ အန်ဒရေးကို လှမ်းခေါ်ခဲ့တယ်။ အခန်းထဲမှာ နှစ်ယောက်တည်း စမ်းသပ်နေရင်း ဒင်နီယယ်လာက အဝတ်အစားချွတ်ပေးရမလားလို့မေးတယ်။ သူက မလိုအပ်ကြောင်းပြောပေမယ့် ဒင်နီယယ်လာက ဇွတ်အဝတ်အစားချွတ်လိုက်ချိန်မှာတော့ ရင်ဖိုလှိုက်မောစရာကောင်းလောက်အောင်လှပတဲ့ သူ့ခန္ဓာကိုယ်ကောက်ကြောင်းရဲ့ဆွဲဆောင်မှုကို မခံနိုင်တော့ပဲ..။ လူရိုးလူအေးကြီး တစ်ယောက်ဖြစ်တဲ့ ဖရန်ဆွာ့ဇ်ရဲ့ ဘဝကို ဒင်နီယယ်လာ တစ်ယောက် ဘယ်လိုကမောက်ကမ ကျွမ်းထိုးမှောက်ခုံတွေဖြစ်အောင် မွှေနှောက်မလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ဒင်နီယယ်လာ အဖြစ် သရုပ်ဆောင်ထားတဲ့ ကမ္ဘာအလှဆုံး အမျိုးသမီးစာရင်းအကြိမ်ကြိမ်ဝင်ခဲ့တဲ့ မမကြီး Monica Bellucci ရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အလှအပတွေနဲ့ကြည့်လို့တန်စေမှာပါ။ (မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။)

Crime • Romance • Thriller • Drama • Mystery
5.7 2005 95 mins
How Much Do You Love Me?
No Escape
6.8

No Escape (2015) IMDb Rating (6.7) / Rotten Tomatoes (48%) မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့… အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်… သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်… ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်… ဒါပေမယ့် အဲ့ဒီ့သောင်းကျန်းသူတွေက အမေရိကန်နိုင်ငံသားတိုင်းကို သတ်ဖြတ်နေရတာနဲ့နောက်ကွယ်က အကြောင်းအရာကဘာလဲ….. ဂျက်တို့ကိုယ်တိုင်ဒီပြသနာထဲဘယ်လိုရောက်နေလဲ….ကလေးတွေမိန်းမတွေနဲ့သူတို့မိသားစုဘယ်လိုလွတ်အောင်ပြေးကြရမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာဖြစ်ပါတယ်။

6.8 2015 103 mins
No Escape
Robin Hood
7.5

Production budger ဒေါ်လာ ၅ သန်းနဲ့ ရိုက်ကူးခဲ့ပြီး Box-office မှာ ဒေါ်လာ ၃၃ သန်းထိ အောင်မြင်မှု ရရှိခဲ့တဲ့ Disney animated musical adventure comedy film လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရော်ဘင်ဟုဒ်ဆိုတာ ကလေးအစ ခွေးအဆုံး မသိတဲ့လူ မရှိ၊ လေးအတတ်မှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်တဲ့ လေးသမားတစ်ယောက်ပါ။ မြန်မာဒဏ္ဍာရီလာ သူခိုးကြီးငတက်ပြားနဲ့လည်း သူက ခပ်ဆင်ဆင် ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရော်ဘင်ဟုဒ်ဟာလည်း ဆင်းရဲသားတွေကို ပြန်ကူညီဖို့ သူဌေးတွေဆီကနေ ပြန်ခိုးသူတစ်ယောက်ပါပဲ။ ရော်ဘင်ဟုဒ်အကြောင်း ဇာတ်လမ်းပုံပြင်တွေကတော့ ဒုနဲ့ဒေးပါပဲ။ တစ်ခုနဲ့တစ်ခုလည်း ကွဲပြားကြပါတယ်။ ဒီဇာတ်လမ်းထဲက ရော်ဘင်ဟုဒ်ကတော့ နော့တင်ဟမ်ဆိုတဲ့ အရပ်ဒေသက မြေခွေးတစ်ကောင်ပါ။ တောဘုရင်ခြင်္သေ့မင်းကတော့ ဒီဇာတ်လမ်းမှာလည်း ရစ်ချက်ဆိုတဲ့ ဘုရင်ကြီးတစ်ပါးပါပဲ။ ပြဿနာက ဒီဘုရင် စစ်ထွက်တိုက်နေတုန်းမှာ ထီးနန်းကို အချောင်လိုချင်တဲ့ သူ့ရဲ့ ညီဖြစ်သူ မင်းသားဂျွန်က အာဏာသိမ်းလိုက်ပါတယ်။ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ဘယ်သူသေသေ ငတေမာပြီးရော အချိုးတွေ စချိုးပါတော့တယ်။ နော့တင်ဟမ်က တိုင်းသူပြည်သားတွေကို အခွန်တွေ မတော်မတရားကောက်ပါတော့တယ်။ ဒါပေမဲ့ တစ်ခုရှိတာက သူအုပ်ချုပ်မင်းလုပ်ချင်နေတဲ့ တိုင်းပြည်မှာ ‌ ရော်ဘင်ဟုဒ်ဆိုသူက ရှိနေပါတယ်။ ဒီတော့ မတရားတဲ့ ဘုရင်နဲ့ တရားမျှတမှုကို လိုလားတဲ့ ရော်ဘင်ဟုဒ်တို့ရဲ့ အားပြိုင်မှုတွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကာတွန်းကားဆိုပေမဲ့လည်း နယ်နယ်ရရတော့ မဟုတ်လှပေပါဘူး၊ အိမ်မှာ မိသားစုနဲ့လည်း အတူကြည့်နိုင်သလို ဖေဖေမေမေများလည်း ကိုယ့်ရဲ့ သားသမီးကို entertainment တစ်ခုနဲ့ life learning တစ်ခုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Disney ရဲ့ထုံးစံအတိုင်း ဘယ်ကားမဆို ဘဝသင်ခန်းစာ ပေးတဲ့ မက်ဆေ့တစ်ခုတော့ အနည်းဆုံးပါတတ်တာမလို့ ကြည့်ရကျိုးနပ်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ကြောင်း ပြောလိုက်ပါရစေ။ File size… 2.5 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Act Molemy

7.5 1973 83 mins
Robin Hood
Upstream
6.2

အသက်(၄၅)နှစ်အရွယ်ပရိုဂရမ်မာတစ်ယောက်ဟာ ကုမ္ပဏီမှာ(၁၀)နှစ်ကျော်လုပ်ခဲ့ပေမယ့် လူငယ်တွေလောက်မလုပ်နိုင်တော့လို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါ အသက်အရွယ်နဲ့အတွေ့အကြုံအရ သတ်မှတ်လစာများတဲ့အတွက် ဘယ်ကုမ္ပဏီမှမခန့်ချင်ပဲ အလုပ်ရှာရခက်နေပါတယ်။ သူဟာ မိသားစုအားလုံးကိုထောက်ပံ့နေရတဲ့သူဖြစ်တဲ့အတွက် ဖိအားတွေအများကြီးနဲ့ အကြပ်ရိုက်နေပါတယ်။ ကြံရာမရဖြစ်နေတဲ့အချိန်မှာ Delivery ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး Deliအလုပ်ကိုလုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တမ်းလုပ်ကြည့်တဲ့အခါကျမှ Deliveryအလုပ်ဟာမလွယ်ကူမှန်းသိလိုက်ရတယ်။ ဒါပေမယ့်လဲ မိသားစုအတွက် သမီးလေးရဲ့အနာဂတ်အတွက် ရှိတဲ့မာနတွေကိုချထားပြီး ကြိုးစားပြီးလုပ်သွားတဲ့အကြောင်းကိုရိုက်ထားတဲ့ အလုပ်ကြိုးစားတဲ့သူတွေ အားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

6.2 2024
Upstream
Season Of Love (aka) Ask Mevsimi
4.9

Ask Mevsimi (2024) ခန့်မှန်းတွက်ဆမရနိုင်သောအချစ် IMDb 4.9/10 အချစ်ဟာ ဖန်တီးလုပ်ယူလို့လည်းမရသလို ဖျက်ဆီးလို့လည်းမရပါတဲ့။ အဲဒါကြောင့်ပဲ လူမှန်ပေမဲ့ တွေ့ဆုံချိန်မှားယွင်းတဲ့အခါ လူနှစ်ယောက်ဟာ လွဲချော်တတ်ကြပါတယ် ရှီရင်နဲ့အာလီယာမန်ဟာ မိဘချင်းရင်းနှီးကြလို့ နွေကျောင်းပိတ်ရက်တိုင်း ကျွန်းလေးတစ်ခုပေါ် တွေ့ဆုံလေ့ရှိပါတယ် ငယ်စဉ်ကလေးဘဝမှာတော့ ခံစားချက်တွေက ရိုးရှင်းဖြူစင်ပေမဲ့ အရွယ်ရောက်လာချိန်မှာတော့ အခြားခံစားချက် အငွေ့အသက်လေးတွေ ရိပ်သန်းလာပါတယ် မျိုသိပ်မထားနိုင်တော့တဲ့ အာလီယာမန်တစ်ယောက် တစ်နေ့ကျ ဖွင့်ပြောလာချိန်မှာတော့ ရှီရင်ပေးတဲ့အဖြေက “တစ်နေ့နေ့ ဖြစ်နိုင်မှာပါ” တဲ့ ရှီရင်က ပန်းချီပညာရှင်တစ်ဦးဖြစ်ချင်ပြီး ကမ္ဘာအနှံ့ခြေဆန့်ချင်သူမို့ သူအခုချိန် ဒါကိုမစဉ်းစားနိုင်သေးပါလို့ ပြန်ပြောလာပါတယ် ဒီလိုနဲ့သူတို့ ဘဝအသီးသီးဖြတ်ကျော်လို့ မတွေ့ဆုံရတာကြာမြင့်လာချိန်မှာတော့ အာလီယာမန်ဟာ လက်ထပ်ဖို့ဖြစ်လာပါတော့တယ် ဒါပေမဲ့မင်္ဂလာဆောင်လုဆဲဆဲအခြေအနေမှ သူသိလာရ‌‌တာကတော့ ရှီရင်ကို သူလက်မလွှတ်နိုင်သေးတာပါ အဲဒီလိုနဲ့ သတို့သမီးကိုထားခဲ့လို့ ရှီရင်ဆီပြေးသွားပါတော့တယ် အဲဒီအချိန်မှာ ကောင်လေးရှိနေတဲ့အပြင် သူ့ဘဝသူရပ်တည်နေပြီဖြစ်တဲ့ရှီရင်ကို တွေ့လိုက်ရချိန်မှာတော့…………………………………………………………. Friend Zone, Love Rosie, The Summer I Turned Pretty တို့လို theme လေးတွေသဘောကျတတ်တဲ့သူတွေ အကြိုက်တွေ့မယ့် တူရကီအချစ်ဇာတ်လမ်းလေးမို့ ရှီရင်နဲ့အာလီယာမန်တို့ ဘယ်လိုဆက်ဖြစ်သွားမလဲ သူတို့ခံစားချက်တွေကို ဘယ်လိုဖော်ပြ ကိုင်တွယ်သွားမလဲဆိုတာ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် )

4.9 2024 126 mins
Season Of Love (aka) Ask Mevsimi