YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Take Cover (2024) WEB-Rip,1080p HEVC (CM).mkv

1.12 GB N/A video/x-matroska 1198 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Sin City
7.4

ဇာတ်လမ်းလေးပုဒ်ပါတယ်။အဲ့ဒီလေးပုဒ်လုံးရဲ့ Time Lineကဆက်နေတယ်။ဘာကအရင် ဘာကနောက်ဆိုတာကိုတော့ ပရိတ်သတ်ကို Mind Blowningလုပ်ဖို့ချန်သွားတယ်။ ဒါကလည်း အရသာတစ်မျိူးပါပဲ။ နံပါတ်၂ဇာတ်လမ်းဆို ကျွန်တော်ဖတ်ဖူးတဲ့ဘာသာပြန် ၀တ္တုတစ်ပုဒ်ကိုတောင် သတိရစေတယ်။ မောင်မိုးသူရဲ့သေနေ့။ အဲ့ဒီ၀တ္တုထဲမှာ ရောဂါနဲ့သေတော့မယ့်အမျိုးသမီး တစ်ယောက်က သူ့ကိုယ်သူသတ်ဖို့ တစ်ဆင့် လူသတ် သမားငှားထားတယ်။ ဘယ်သူလဲ သူမသိရဘူး။ ရောဂါရှိတယ်ဆိုတာကမှားနေတော့ လူသတ်သမားလက်က သူပြေးဖို့ဖြစ်လာတယ်။ ဒီထဲက Customer always Rightဆိုတဲ့အပိုင်းဟာ အဲ့ဒီ၀တ္တုကို တခြားအမြင်ကပြထားသလိုပါပဲ။ Customer Always Rightက အတော်အနုပညာ ဆန်သလို ကျန်တဲ့ သုံးပိုင်းကလည်း မနုံနဲ့ဘူး။ Crimeကားတွေကြိုက်တဲ့လူဖြစ်ဖြစ် Actionကားတွေကြိုက်တဲ့လူဖြစ်ဖြစ် ဇာတ်အိမ်ဆန်းတာတွေ ကြိုက်တဲ့လူဖြစ်ဖြစ်မကြည့်ရသေးလို့ ကြည့်ပြီးရင်တော့ . . . လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဆယ့်ငါးနှစ်လုံးမကြည့်ခဲ့မိလို့ နောင်တ ရမယ့်ရုပ်ရှင်မျိုးပါပဲ။ Sin City အဆက်အနေနဲ့ Sin City: A Dame to Kill For (2014) ဆက်လက်ထွက်ရှိခဲ့ပြီး ဒီမှာ https://channelmyanmar.org/sin-city-a-dame-to-kill-for-2014/ ကြည့်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(4.8 GB)/(2 GB) Quality….BluRay(Unrated.Recut.Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:21:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Adventure • Comedy • Family • Fantasy
7.4 2005 124 mins
Sin City
Cleaner
6

ဒီဇာတ်ကားကတော့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Samuel L.Jackson၊ မင်းသားကြီး Ed Harris နဲ့ မင်းသမီး Eva Mendes စတဲ့ နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ပြီး ဒါရိုက်တာ Renny Harlin က ရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ တွမ်ကတ်တလာ(Samuel L.Jackson)ဟာ ရဲဝန်ထမ်းအလုပ်ကနေ အနားယူပြီး သူ့ရဲ့သမီးလေးကိုထောက်ပံ့ပေးဖို့အတွက် မှုခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတဲ့သူအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူလူမရှိတဲ့အိမ်တစ်အိမ်မှာ အလုပ်လုပ်ခဲ့ရပြီး အဲ့ဒီအိမ်မှာနေတဲ့ အန်းနော်ကပ်(Eva Mendes) ရဲ့အမျိုးသားဟာ ထူးဆန်းစွာပဲပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒီအတွက်ကြောင့် တည်ငြိမ်နေပြီဖြစ်တဲ့ တွမ်ကတ်တလာရဲ့ဘဝကြီးဟာလည်း အရှုပ်တွေထဲကို နောက်တစ်ကြိမ်ပြန်လာရောက်ရှိလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ အန်းနော်ကပ်ရဲ့အမျိုးသားကို ပြန်လည်ရှာဖွေတာအပြင် တွမ်ကတ်တလာရဲ့ အတိတ်ကအရှုပ်တော်ပုံတွေ၊ သူ့နားကသူငယ်ချင်းဖြစ်သူ အက်ဒီလော်ရန်ဇို(Ed Harris)ရဲ့ လျှိုဝှက်ချက်တွေနဲ့ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေကို စိတ်ဝင်စားဖွယ်ခံစားကြရမှာပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာ သွေးထွက်သံယိုဖြစ်တာတွေနဲ့ မသတီစရာကောင်းတဲ့အခန်းတွေပါဝင်တာကြောင့် နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File Size :(1.9GB)(618 MB) and (380 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Crime , Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Adventure • Comedy • Drama
6 2007 88 mins
Cleaner
Unplugging
5.1

ဒီနေ့ခေတ်မှာ electronic devices တွေကတော့ ဘယ်သူနဲ့မှမကင်းတဲ့အရာပါပဲ။ အားလုံးထဲမှာမှ phone နဲ့ laptop ကတော့ အဆိုးဆုံးပေါ့။ ကျောင်းသားအရွယ်လူငယ်တွေကလည်း ဒီ phone တွေ laptop တွေကနေပညာရှာရတယ်။ အလုပ်လုပ်နေတဲ့ လူရွယ်တွေ လူကြီးတွေလည်း အလားတူ ဖုန်းနဲ့လူ ကွာတယ်ရယ်မရှိကြပါဘူး။ တစ်နေ့တစ်နေ့ ဒီပစ္စည်းတွေ social media ပေါ်က အကြောင်းအရာတွေနဲ့ပဲအချိန်ကုန်နေပြီး ကိုယ့်မိသားစု၊ ကိုယ့်အနီးနားက အရင်းနှီးဆုံးသူတွေကို အချိန်ပေးဖို့မေ့နေမိတယ်လို့ရော ထင်မိကြဖူးလား .. နေ့စဉ်ဘဝနဲ့ဝေးရာကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူသွားပြီး သူတို့ကိုအချိန်ပေးမယ်လို့ရော တွေးမိကြဖူးလား ..? အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတစ်ခုမှာ ဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ Jeanine က အလုပ်လောဘကြီးပြီး နေ့နေ့ညညအလုပ်မှအလုပ်ဖြစ်နေတဲ့သူပါ။ ကိစ္စတချို့ကြောင့် သူ့အရင်အလုပ်ကိုနားထားရတဲ့ ခင်ပွန်းဖြစ်သူ Dan က ဝါသနာပါရာ ဆော့စ်အစပ်လည်းလုပ်ရောင်းရင်း အိမ်မှုကိစ္စလည်းလုပ်ရင်း သမီးဖြစ်သူ Lizzy ကိုလည်းထိန်းကျောင်းရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Dan ရဲ့ဆော့စ်အစပ်တွေကို လိုက်ပို့ပေးနေကျ Juan ဆုံးသွားရာကနေ Dan တစ်ယောက် တစ်ခုခုကိုတွေးမိသွားပါတော့တယ်။ အဲဒါကတော့ မိုးလင်းကမိုးချုပ် ဖုန်းနဲ့လူမခွာဘဲ အလုပ်ထဲမှာပဲနစ်မြောနေတဲ့သူ့မိန်းမကို ဖုန်း၊ အင်တာနက် တစ်ခုမှသုံးမရတဲ့နေရာကိုခေါ်သွားပြီး နှစ်ယောက်တည်း အနားယူချင်တာပါ။ အကြောင်းတိုက်ဆိုင်စွာနဲ့ပဲ Jeanine ကို သူ့အလုပ်က ခွင့် ၂ပတ်မယူမနေရယူရမယ်ဆိုပြီး ခွင့်ပေးလိုက်ရာကနေ လင်မယားနှစ်ယောက် မြို့ပြနဲ့ဝေးတဲ့နေရာတစ်ခုကို ခရီးထွက်ဖြစ်ခဲ့ကြပါတော့တယ်။ အချစ်ငှက်လေးနှစ်ကောင်ပျော်ရမယ်အထင်နဲ့ ခရီးထွက်လာပြီးမှ ဘယ်လိုအလွဲတွေနဲ့ကြုံရမှာလဲ .. ဘာမဆို ဆိုးဆိုးဆတ်ဆတ်လုပ်တတ်တဲ့ Jeanine နဲ့ တွေဝေတတ်တဲ့ Dan ခရီးမှာရော အတွဲညီညီနဲ့အဆင်ပြေပါ့မလား .. စတာတွေကို ဝါးလုံးကွဲရယ်ရမှာမျိုးမဟုတ်ဘဲ လင်မယားနှစ်ယောက်တည်းတိုင်ပတ်ပြီးလွဲမယ့်အလွဲတွေကို ခွီနေရမယ့် comedy ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….1080p | 720p | 480p File size…1.3GB | 653MB | 285MB Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

Drama • Horror • Mystery
5.1 2022 94 mins
Unplugging
The Pumpkin Man

ငယ်ငယ်တုန်းက အပျော်အပျက်သဘောနဲ့ သရဲခေါ်တမ်း ကစားဖူးပါသလား ? The Pumpkin 2023 ရုပ်ရှင်မှာတော့ အဲဒီလိုမျိုး လက်တည့်စမ်းချင်တဲ့ ကလေးတစ်သိုက်ရဲ့ အဖြစ် အပျက်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ ခရုမ်းဝဲလ်လို့ ခေါ်တဲ့ မြို့ကလေးမှာ ဖရုံသီးလူသားဆိုတာ ဟောလိုးဝင်းအချိန်ရောက်တိုင်း နာမည်ကြီးလာနေကျ ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သလို မြို့ရဲ့ အတိတ်ဆိုးတစ်ခု လို့လည်း ပြောလို့ရပါတယ် ။ သည်းထိပ်ရင်ဖိုတွေကို စိတ်ဝင်စားတဲ့ ကတ်သရင်းလို့ ခေါ်တဲ့ ကလေးမလေးဟာ သူငယ်ချင်းဖြစ်သူ ဂျန်းနီနဲ့အတူ သရဲအိမ်ဝင်ရင်း ဖရုံသီး လူသားနဲ့ ဆက်စပ်နေတဲ့ စာရွက်ပိုင်းလေးတစ်ခုကို ရှာတွေ့ခဲ့ပါတယ် ။ ကလေးပီပီ စပ်စုချင်စိတ်တွေက ဒီမှာတင် ရပ်တန့်မသွားခဲ့ဘဲ နောက်ဆုံးမှာ ကတ်သရင်း ၊ ဂျန်းနီတို့ အပြင် နောက်ထပ် သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ မိုက်ကယ်နဲ့ တီနာကိုပါ အဖော်ညှိပြီး ဖရုံသီးလူသားကို ဆင့်ခေါ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ အပျော်သဘောနဲ့ စမ်းကြည့်တဲ့ သူတို့လုပ်ရပ်ကြောင့် တကယ်ပဲ ဖရုံသီးလူသားက ရောက်လာမှာလား ? မကြာခင်မှာပဲ တီနာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားရပါတော့တယ် ။ တီနာကို တကယ်ပဲ ဖရုံသီးလူသားက ခေါ်သွားတာလား ။ ကျန်တဲ့ သူငယ်ချင်း တွေကရော ဖရုံသီးလူသားနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟောလိုးဝင်းအငွေ့အသက်တွေ လွှမ်းနေတဲ့ The Pumpkin Man ရုပ်ရှင်မှာ အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်နော် ။ File size…1.22GB / 555MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 31m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

0 2023 91 mins
The Pumpkin Man
Arranged Love
6

အင်္ဂလိပ်စကားပြော အိန္ဒိယ ရိုမန့်တစ် ရုပ်ရှင်လေးတစ်ကားဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ဆန်းတာမို့ အတော်လေးကြည့်ပျော်မှာပါ မင်္ဂလာဆောင်က ထွက်ပြေးသွားသော သတို့သမီး မီရာဟာ ဦးလေးအဒေါ်နှစ်ယောက်နဲ့ နေထိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ မိန်းမငယ်လေးပါ မင်္ဂလာဆောင်မှာ သတို့သားကို ငုတ်တုတ်မေ့ကျန်နေစေခဲ့ပြီး အရာအားလုံးကို စွန့်ပယ်လို့ အမေရိကားကို ထွက်လာခဲ့တဲ့ ၈ နှစ်ကြာမှာတော့ နည်းပညာစွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်လို့နေပြီ ဒါပေမဲ့ ကုမ္ပဏီဒေဝါလီခံမယ့်အရေး ပြဿနာတစ်ခုပေါ်လာတော့ကား ငွေကြေးလိုအပ်လာလို့ အိန္ဒိယက အဒေါ်တို့ထံ သူ့အမေရဲ့အမွေကို တောင်းရဖို့ဖြစ်လာတယ် သို့ပေမယ့်လည်း အိန္ဒိယလူမျိုးနဲ့ လက်ထပ်ရမယ်ဆိုတဲ့အချက် သေတမ်းစာမှာပါနေတာကြောင့် “ဟန်ဆောင်ယောကျာ်း” ရှာဖို့ အလုပ်မှာတော့ … File size…(1.6 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama
6 2023
Arranged Love
Golam
7.7

Golam ( ဂိုလမ် ) 7.7/10 · IMDb အလုပ်ရှင်သူဌေးကို လုပ်ကြံကြမယ့် ဝန်ထမ်းတွေအကြောင်းဇာတ်ကားဖြစ်ပြီး သည်းထိတ်ရင်ဖိုမှုခင်းစုံထောက်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း- ပုံမှန်အတိုင်း လည်ပတ်နေတဲ့ IT Firm တစ်ခုမှာ အလုပ်ချိန်အတွင်း လူသေမှုတစ်ခုဖြစ်လာတာကြောင့် အားလုံးကို မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်စေခဲ့ပါတယ်.. ဒါပေမဲ့ အဲဒါဟာ လူသေမှုမဟုတ်ဘဲ ပိပိရိရိကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ… Golam ဇာတ်ကားဟာ ဇာတ်ပို့ ၊ ဇာတ်ရံအမြောက်အမြားသုံးစွဲထားတဲ့အပြင် လူတိုင်းကိုသံသယအမြင်နဲ့ကြည့်မိအောင် ရိုက်ပြထားတာကြောင့် လူသတ်သမားဘယ်သူဆိုတာတွေးရင်း ဇာတ်လမ်းအဆုံးထိ ဇာတ်ရှိန်မကျဘဲ စီးမျောခံစားနိုင်မှာပါ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ)

7.7 2024
Golam
Dog Park
4.7

ခွေးကလေးတွေကို ဆော့ခိုင်းတာ၊ ပိုင်ရှင်တွေကခွေးကလေးတွေနဲ့အတူ လမ်းလျှောက်တာ၊ အပန်းဖြေကြတာမျိုးလုပ်ကြတဲ့ ပါပီပန်းခြံကနေ အချစ်ဇာတ်လမ်းလေးတစ်ခုစတင်လာပါတယ် နစ်ခ်တစ်ယောက် ရည်းစားနဲ့ပြတ်လို့ ဘူနေတဲ့အချိန် အဲဒီရည်းစားက‌ သူခရီးသွားတဲ့အချိန်အတွင်း သူ့ရဲ့ခွေးကိုထိန်းထားဖို့ နစ်ခ်ကိုအပ်ခဲ့ပါတယ် အဲဒီတော့နစ်ခ်လည်း အသဲကွဲရင်း ခွေးကျောင်းရင်းနဲ့ပဲ နောက်ဇာတ်လမ်းသစ်‌တွေရှာပါတော့တယ် ပန်းခြံကိုလာတဲ့ ခွေးမေမေတွေကို ဇာတ်လမ်းအမျိုးမျိုးနဲ့ချဉ်းကပ်ပြီး ဖုန်းနံပါတ်တောင်းတယ် ဒိတ်ဖို့ချိန်းတယ် အကြိမ်ကြိမ်ကြိုးစားပြီးတဲ့နောက် ဂျက်စမင်လို့ခေါ်တဲ့ အပြုံးလှလှနဲ့ ကောင်မလေးကိုတွေ့ခဲ့ရပါတယ် ကိုလူရိုးကြီးနစ်ခ်တစ်ယောက် သူ့ရဲ့ကိုရို့ကားယား လှည့်ကွက်တွေနဲ့ အချစ်ဇာတ်လမ်းသစ်ကိုအောင်မြင်စွာစနိုင်ပါ့မလား ဘာတွေကြုံရဆုံရဦးမလဲကိုတော့ ပါပီလေးတို့ပန်းခြံမှာပဲ အဖြေရှာကြည့်လိုက်ပါ ပေ့ါပေါ့ပါးပါးနဲစိတ်အပန်းပြေအောင် ကြည့်သင့်တဲ့ comedy, romance ကားလေးမို့ တင်ဆက်ပေးလိုက်ရပါတယ် File Size : 1.22 GB, 613 MB Quality : WEB-DL 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Mon Encode by : Thit San Khant

4.7 2017
Dog Park
The Owners

The Owners (2020) ***************** ဒီကားထဲက အဓိကမင်းသမီးလေး Maisie Williams ကိုတော့ Games Of Thrones ထဲမှာ… အာယာစတဒ်အဖြစ်နဲ့ Needle ဆိုတဲ့ဓားလေးကို ကိုင်ပြီး ဖိုက်တာကျခဲ့တာကို အားလုံးသိကြမှာပါ။ ဒီဇာတ်ကားထဲမှာရော ဘယ်လောက်ဖိုက်တာကျနိုင်မလဲ အားပေးကြည့်ရှုလိုက်ကြပါဦးနော်… ဇာတ်လမ်းအကျဉ်း ————– အသက်အရွယ်ကြီးရင့်ပြီးတော့ သားသမီးမြေးမြစ်တွေမရှိတော့တဲ့ ဆရာဝန်လင်မယားနှစ်ယောက်နဲ့… ပိုင်ဆိုင်မှုတွေလည်းရှိပြီး ဆက်ခံမဲ့သူမရှိတဲ့ သူတို့အကြောင်းကိုသိနေတဲ့ ငွေလွယ်လွယ်လိုချင်တဲ့ လူ ၃ ယောက်… ဒီလိုငွေလွယ်လွယ်ရချင်တဲ့ လူ ၃ ယောက်က ဆရာဝန်လင်မယားအိမ်ကို ဓားပြဝင်တိုက်ကြပါတော့တယ်။ ဓားပြဝင်တိုက်တဲ့သူတွေဟာ ငွေတွေအလွယ်တကူရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ အိမ်ကို ဓားပြတိုက်လို့အပြီး… နာရီပိုင်းအတွင်းမှာတင် ဒီသက်ကြီးရွယ်အို ၂ယောက်မှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိတာ သိလိုက်ရတယ်။ သူတို့ထင်သလို မလွယ်ကူတဲ့အပြင် ကိုယ်တိုင်မုဆိုးကနေ သားကောင်အဖြစ်ကိုရောက်သွားတဲ့အချိန်မှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ခံစားကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်…. File Size : 1.35GB / 620MB Quality : 1080p 5.1ch / 720p Duration : 01:32:00 Genre : Action, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Heather Oo

Family • Mystery • Animation • Comedy • Action • Fantasy
0 2020 92 mins
The Owners
An Evening with Dua Lipa
7.3

An Evening with Dua Lipa (2024) IMDb Rating (7.3) Dua Lipa ရဲ့ ဒီနှစ်(2024) ထဲမှာထွက်ရှိထားတဲ့ musical short documentary လေး ဖြစ်ပြီး ဒါရိုက်တာ Paul Dugdale က ရိုက်ကူးထားပါတယ်။ Dua Lipa ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို Heritage သံစုံတီးဝိုင်းနဲ့အတူ လန်ဒန်မှာရှိတဲ့ Royal Albert ခန်းမကြီးထဲမှာ ဖျော်ဖြေခဲ့တဲ့ ဖျော်ဖြေမှုတွေကို အဓိကပြသထားပါတယ်။ သူမအဆိုတော်ဖြစ်လာဖို့ ဘယ်လိုအရာတွေက တွန်းပို့ပေးခဲ့လဲ ဘယ်သူတွေက သူ့အတွက် အားဖြစ်စေခဲ့လဲဆိုတာတွေကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ Dua Lipa ရဲ့ ပရိတ်သတ်တွေ အနေနဲ့ကတော့ လုံးဝလက်မလွှတ်သင့်တဲ့ film လေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.5 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Music Duration….00:48:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

Comedy • Romance
7.3 2024 66 mins
An Evening with Dua Lipa
Nosferatu: A Symphony of Horror Nosferatu, eine Symphonie des Grauens
7.8

Nosferatu: A Symphony of Horror (1922) IMDb Rating (7.8) / Rotten Tomatoes (97%) အခု နာမည်ကြီးနေတဲ့ Nosferatu 2024 ရဲ့ မူရင်းရုပ်ရှင် ဂန္ဓာဝင်ကြီးကို တင်ဆက်ပေးထားပါတယ်။ သမိုင်းတလျှောက်အကောင်းဆုံး ဟော်ရာရုပ်ရှင်စာရင်းထဲမှာ ပါဝင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်မှာ ၁၉၇၂ အထိ ပိတ်ပင်ခံရဖူးပါတယ်။ ဇာတ်လမ်းက အရမ်းကောင်းခဲ့ပေမဲ့ ရုပ်ရှင်ရဲ့အပြင်လောက ဇာတ်သိမ်းကတော့မလှခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ ဘရမ်စတုတ်ကာရဲ့ ဒရက်ကူလာဇာတ်လမ်းကို မူပိုင်ခွင့်မဝယ်ယူဘဲ မှီငြိမ်းရိုက်ကူးခဲ့တာကြောင့် စတုတ်ကာ ကတော်က တရားစွဲတာခံခဲ့ရပါတယ်။ ထုတ်လုပ်သူတွေက လျော်ကြေးမပေးနိုင်လို့ ဒေဝါလီ ခံလိုက်ရပြီး တရားရုံးက ဖလင်နဲ့ မိတ္တူအားလုံးကိုဖျက်ဆီးဖို့ အမိန့်ချခဲ့တာပါ။ ဒါပေမဲ့ အချို့သောမိတ္တူတွေ ဖျက်ဆီးမခံရဘဲ ကျန်နေခဲ့လို့ အခုလို ကြည့်ရှုခွင့်ရကြတာပါပဲ။ ဒီထဲက ဇာတ်ဝင်ခန်းရိုက်ကူးခဲ့တဲ့ အဆောက်အဦးတွေကိုလည်း အခုအထိ အဲဒီအပြင်အဆင်အတိုင်းပါ ထိန်းသိမ်းထားပါသေးတယ်။ Wismar and Lübeck ဂျာမန်မြို့တွေမှာ တွေ့နိုင်ပါတယ်။ ဒရက်ကူလာရုပ်ရှင်တွေထဲမှာ ရှေးအကျဆုံးလို့ပြောလို့လည်းရပါတယ်။ ဘာလို့လဲဆိုတော့ Dracula’s Death (1921) က ၁၉၂၃ ကျမှ ထုတ်နိုင်ခဲ့လို့ပါ။ နေရောင်ကြောင့် ဗမ်ပိုင်းယားတွေသေတဲ့သဘောတရားကို ပထမဆုံး ထုတ်ဖော်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဘရမ်စတုတ်ကာရဲ့ မူလ ဒရက်ကူလာဟာ နေ့ဘက်မှာမထွက်တတ်ပေမဲ့ နေရောင်ကြောင့်သေတာမဟုတ်ဘဲ သစ်သားချွန်ကြောင့် သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအကျဉ်းနို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။ သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာပြီး ကယ်တင်စရာလမ်းမရှိချိန်မှာပဲ ဟက်တာကတော် အယ်လန်ဟာ အဖြေတစ်ခုကိုတွေ့သွားတဲ့အခါ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(3.4 GB) / (4.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,Horror Duration….01:35:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mr. Anderson

Comedy • Drama
7.8 1922 95 mins
Nosferatu: A Symphony of Horror Nosferatu, eine Symphonie des Grauens
Best in Show
7.5

Best in Show (2000) IMDb Rating (7.5) / Rotten Tomatoes (93%) ဒီရုပ်ရှင်လေးက ၂၀၀၀ ပြည့်နှစ်က ရိုက်ကူးခဲ့တဲ့ ဟာသ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ခွေးပြိုင်ပွဲတစ်ခုကို ဗဟိုပြုကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ခွေးပိုင်ရှင်တွေရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေ၊ သူတို့ရဲ့ ရယ်စရာ လှုပ်ရှားမှုတွေကို Mockumentary ဟာသဟန်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ စရိုက်လက္ခဏာတွေကို အသေးစိတ် ဖော်ကျူးထားတာပါ။ ခွေးပိုင်ရှင်တွေရဲ့ စိတ်ကူးယဉ်မှု၊ ရှုပ်ထွေးမှုတွေကို ဟာသဉာဏ်နဲ့ ပေါင်းစပ်ထားတာကြောင့် ဇာတ်ကားက ပိုပြီး စွဲမက်ဖွယ်ဖြစ်စေပါတယ်။ ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးအဖွဲ့ဝင်တွေထဲက Christopher Guest က ဒါရိုက်တာအဖြစ် ပါဝင်ခဲ့ပြီး၊ သူဟာ ဒီရုပ်ရှင်အတွက် ဆန်ခါတင် ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ဟာသဇာတ်ကားကြိုက်တဲ့သူတွေ၊ Mockumentary ကို နှစ်သက်တဲ့သူတွေ မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။ ရယ်စရာကောင်းတဲ့ ဇာတ်လမ်းတွေ၊ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီရုပ်ရှင်လေးကို ကြည့်ရှုပြီး ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနိုင်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(3.9 GB) / (1.8 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy Duration….01:30:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ivy Noe

Comedy • Crime
7.5 2000 90 mins
Best in Show
Nanay, Tatay
8

Nanay, Tatay (2024) IMDb Rating (8.0) ဘတ်တီနာ၊အောလစ်ဗ်နဲ့ ပေါ်လာ တို့ဟာ မိဘမဲ့ကလေးတွေဖြစ်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဖမ်းထားရာကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကံကောင်းထောက်မစွာနဲ့လမ်းမှာတွေ့တဲ့ လင်မယားနှစ်ယောက်က ကယ်တင်သွားခဲ့ပါတယ်။ ပိုပြီးကံကောင်းတာကတော့ အဲ့ဒီဇနီးမောင်နှံဟာ သမီးငယ်ကိုလောလောလတ်လတ်ဆုံးရှုံးထားရသူတွေဖြစ်ပြီး သူတို့သုံးယောက်လုံးကို မွေးစားဖို့ဆုံးဖြတ်လိုက်တာပါပဲ။ လမ်းဘေးမှာ စားရမဲ့ သောက်ရမဲ့ဘ၀ကနေ ချက်ချင်းစံအိမ်ကြီးတစ်လုံးမှာ ပြည့်ပြည့်စုံစုံနေရတဲ့ဘ၀ကို ရောက်သွားပေမယ့်လည်း အိမ်ကြီးပေါ်ကိုရောက်မှ ထူးဆန်းတဲ့အဖြစ်တွေ လျှို့ဝှက်ချက်တွေနဲ့ ခြောက်လှန့်မှုတွေကို သူတို့သုံးယောက်လုံး တစ်ယောက်တစ်မျိုးစီကြုံတွေ့လာရပါတော့တယ်။ ဒီအိမ်ကြီးရဲ့အခြောက်အလှန့်က ဘယ်သူ့ဝိဉာဉ်အစွဲဖြစ်မလဲ? အိမ်ရှင်လင်မယားရဲ့သေဆုံးသူ သမီးလေးလား? ဘတ်တီနာတို့သုံးယောက်ဘက်ကရော အပြည့်အ၀ရိုးသားမှုရှိရဲ့လား? အစရှိတာတွေကို သည်းထိတ်ရင်ဖိုရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.2 GB) / (710 MB) / (420 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:36:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Romance • TV Movie
8 2024 120 mins
Nanay, Tatay
Baby Assassins: Nice Days
7.3

Baby Assassins: Nice Days (2024) ************************************ ဒီဇာတ်ကားကတော့ 2021 နဲ့ 2023 မှာ ထွက်ရှိခဲ့တဲ့ Baby Assassins ဇာတ်ကားတွေ ထဲကမှ ၃ ကားမြောက်အဖြစ် 2024 မှာ ထပ်မံထွက်ရှိလာတာတဲ့ Crime-Adventure ဂျပန်ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. တိုကျိုက ထိပ်တန်းလုပ်ကြံရေးသမား နေမကောင်းတာကြောင့် မာ့ဆူယာ ဆုယိုရှိကို သတ်ဖို့ မလုပ်ဆောင်နိုင်တဲ့အတွက် အဲဒီအလုပ်ကို အသက် ၂၀ အရွယ် မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ဖူခါဂဝါ မာဟီရို နဲ့ ဆူအီမိုမို ချီဆတိုတို့က လက်ခံပြီး တိုကျိုကနေ မီယာဇာခီကို လာခဲ့ကြပါတယ် ။ သူတို့ လုပ်ကြံပေးရမယ့်သူကို နောက်ထပ်တစ်ယောက်ကလည်း နာမည်ကြီး လုပ်ကြံရေးသမားဖြစ်တဲ့ ဖူယုမူရာ ခါအိဒဲ ဆိုသူကို ငှားထားတဲ့အခါ လုပ်ကြံရေးသမားများ ထိပ်တိုက်တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ သက်တမ်းနုသေးပြီး ငယ်ရွယ်တဲ့မိန်းကလေးများဖြစ်နေကြတဲ့ လုပ်ကြံရေးသမား ဖူခါဂဝါ မာဟီရိုနဲ့ ဆူအီမိုမို ချီဆတိုတို့ရဲ့လုပ်ဆောင်မှုအပေါ် စိတ်တိုင်းမကျ စိတ်မချတဲ့အပြင် သူတို့အဖွဲ့အစည်း နာမည်ပျက်မှာကို စိုးရိမ်တဲ့ အီရူခနဲ့ သူ့လူဟာ မီယာဇာခီမှာ မိန်းကလေးနှစ်ယောက်ကို ကူညီပေးရင်း သူတို့ရဲ့ပစ်မှတ်အပြင် နောက်ထပ်ပစ်မှတ်တွေကိုပါ ဘယ်လိုမျိုး ရှင်းလင်းသွားကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. ။ (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.8 GB / 844MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Psychological, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by AHtet

7.3 2024 113 mins
Baby Assassins: Nice Days
Golden Slumber
6.8

Golden Slumber (2018) ********************** IMDb… 6.8 မင်းသားကြီး Kang Dong Won , အားလုံးရဲ့ အသည်းစွဲမင်းသမီးလေး Han Hyo Joo နဲ့အတူ ပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Dae Myung , Kim Eui Sung နဲ့ Kim Sung Kyun တို့ အဓိက ပါဝင်ရိုက်ကူးထားတဲ့ action ,thriller ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ~ ဇာတ်လမ်းအညွှန်း ~ ပါဆယ်လိုက်ပို့ပြီး ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အချိန်ကုန်ဆုံးပြီး ဖြတ်သန်းနေတဲ့ သာမန်ပြည်သူလေး ဂင်ဂွန်းအူဟာ သူ့ရဲ့ ရိုးသားမှုနဲ့ သတ္တိရှိမှုကြောင့် စံပြပြည်သူဆုကို ချီးမြှင့်ခြင်းခံထားရသူတစ်ဦးပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်နေ့ သမ္မတလောင်း ယူယောင်းဂုရဲ့ သေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံရလိုက်တဲ့အခါမှာတော့…. ရိုးသားကြိုးစားတဲ့ ဂင်ဂွန်းအူတစ်ယောက် စွပ်စွဲခံရတဲ့အမှုကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးပမ်းသွားမလဲ… သူ့ရဲ့ ရိုးသားဖြောင့်မတ်တဲ့ “စံပြပြည်သူ” ဆိုတဲ့ ဂုဏ်ပုဒ်လေးကိုရော အဖတ်ပြန်ဆယ်သွားနိုင်ပါ့မလား.. ဆိုတာကို တော့ ဇာတ်ကားလေးထဲမှာပဲ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ May Thet ပဲ ဖြစ်ပါတယ်။) File Size : 1.75GB/ 850MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…01:49:00 Genre : Action, Thriller, Political Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet Encoded by Tiff

Drama • History • Romance • Thriller
6.8 2018
Golden Slumber