YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Taj - Divided by Blood (2023) S01 EP05.1080p(CM).mp4

499.78 MB N/A video/mp4 345 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Almost Heroes
5.6

Imdb 5.7/10  rotten tomatoes 5% ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ comedy adventure အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လက်စလီအက်ဒ်ဝေါ့ဒ်နဲ့ ဘာသိုလိုမြူး ဆိုတဲ့လူနှစ်ယောက်ရဲ့အမေရိကန်အရှေ့ဘက်ကနေ အနောက်ဘက် ပစီဖိတ်ကို‌ရောက်အောင် စွန့်စားသွားကြတာကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့အရာတော်တော်များများကလည်း စိတ်ဝင်စားစရာကောင်းတဲ့အပြင် အရမ်းကိုရယ်ရတဲ့အတွက် comedy ကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Chris Farley မသေဆုံးခင်ရိုက်ကူးခဲတဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်အိမ်ထက် ဟာသကို ပိုပြီးဦးစားပေးထားတာမို့ ဟာသကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(1.3 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Adventure, Western, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phil

Drama • History
5.6 1998 90 mins
Almost Heroes
xXx: Return of Xander Cage
6.1

XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ....2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားဖြစ်ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ xXx: Return of Xander Cage (2017) ဇာတ်ကားမှာတော့ နာမည်ကြီး အာရှမင်းသားမင်းသမီးတွေပါ ထည့်သွင်းပြီး Fun ဖြစ်အောင်ရိုက်ကူးခဲ့ပါတယ်...Vin Diesel,Donnie Yen,Deepika Padukone, Kris Wu ,Ruby Rose ,Tony Jaa,Samuel L. Jackson , Neymar Jr စသည်ဖြင့် နယ်ပယ်စုံက သရုပ်ဆောင်တွေပါ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမျိုးမျိုးသောအန္တရာယ်တွေ၊ သေစေနိုင်လောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန် အမျိုးမျိုးသောလူစွမ်းကောင်းတွေကို ကမ္ဘာကြီးက လိုအပ်နေချိန်ဖြစ်ပါတယ်... Anarchy 99 ရဲ့ချိန်းခြောက်မှုကိုကယ်တင်ပြီးနောက် ၁၅ နှစ်အကြာ လက်ရှိအချိန်မှာ Xander Cage ဟာ Augustus Gibbons နဲ့ NSA တို့ရဲ့ xXx ပရိုဂရမ်ကနေဝေးဝေးနေချင်တဲ့အတွက်သူ့ကိုသူ သေဆုံးသွားပြီလို့ သတင်းလွှင့်ပြီး ရှောင်ပြေးနေခဲ့ပါတယ်။ ဒီလိုချိန်ခါမှာ Xiang (Donnie Yen) ဦးဆောင်တဲ့ အဆင့်မြင့်မြင့် ဖွဲ့စည်းထားတဲ့ လူဆိုးအဖွဲ့အစည်းတစ်ခုဟာ ဂြိုလ်တုတွေ အားလုံးကို ထိန်းချုပ်နိုင်တဲ့ပန်ဒိုရာသေတ္တာကို ခိုးယူသွားခဲ့ပါတယ်။ ဒါကြောင့် ပန်ဒိုရာဘောက်စ်ကို ပြန်ယူဖို့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ Cage ဟာ ပြန်လာခဲ့ပြီး xXx အဖွဲ့အသစ်တစ်ခုကို စနိုက်ပါမန်း၊ စတန့်သမား၊ ကွန်ပျူတာကျွမ်းကျင်သူနဲ့ DJ သမားတစ်ယောက်ပါဝင်တဲ့အဖွဲ့တစ်ခုကိုဖွဲ့လိုက်ပါတယ်။ အလန်းစားတွေနဲ့ဖွဲ့စည်းထားတဲ့ X တို့အဖွဲ့ မစ်ရှင်အောင်မြင်သွားမလား ဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်က လက်မည်းကြီးကဘယ်သူလဲဆိုတာ....။ File size…(7.6GB)/(2 GB)/(1 GB) Quality…BluRay 4K HEVC /1080p HEVC / 720p Format…mkv/mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tun Aung Kyaw

Comedy • Drama
6.1 2017 107 mins
xXx: Return of Xander Cage
Mothering Sunday
5.2

ဗြိတိန် အချစ် ဒရာမာ ကားကောင်းလေးတစ်ခုလောက် ကြည့်လိုက်ရအောင်။ Graham Swift ရဲ့ နာမည်ကျော် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်နာမည် Mothering Sunday ဆိုတဲ့အဓိပ္ပါယ်ကတော့ အိမ်အကူတွေ ဝန်ထမ်းတွေကို အားရက်ပေးပြီး မိဘ၊ မိသားစုနဲ့ ပြန်လည်တွေ့ဆုံခွင့်ပေးတဲ့နေ့ပါပဲ။ ဂျိန်းဆိုတဲ့ အိမ်အကူမိန်းကလေးနဲ့ ပေါလ်ဆိုတဲ့ လူချမ်းသာအသိုင်းအဝိုင်းက လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းရယ် ဂျိန်းရဲ့ အိမ်ထောင်ဘက်ဖြစ်လာတဲ့ ဒေါ်နယ်နဲ့ အချစ်ဇာတ်လမ်းတွေရယ်ကို အခြေပြုပြီး ပြသထားတာပါပဲ။ ဘာတွေဖြစ်လာမလဲတော့ ဆက်ကြည့်လိုက်ပါဦး။ အိပ်ရာခန်းတွေ တုံးလုံးအခန်းအချို့ကိုအနုပညာအသားပေး ရိုက်ကူးထားတာတွေပါဝင်လို့ မိသားစုနဲ့ကြည့်လို့တော့ မသင့်တော်ပါဘူး။ File size…(2.2GB)/(1.08gb)/(518 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama /  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chevy

Comedy • Science Fiction
5.2 2021 104 mins
Mothering Sunday
Game of Deceit

ဒီဇာတ်လမ်းလေးဟာ "ကုန်ရှုံးတော့တစ်ခေါက် လင်ကုန်ရှုံးတော့တစ်သက်လုံးမှောက်"ဆိုတဲ့ စကားပုံလေးထဲကအတိုင်း လင်ယူမှားလို့ ဘဝပျက်လုနီးနီးဖြစ်ခဲ့တဲ့ ဂီတဆရာမလေး မာယာရဲ့ အိမ်ထောင်ရေးဇာတ်လမ်းအခြေခံထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ မာယာဟာ ပထမ ခင်ပွန်းဆုံးပါးသွားတာတစ်နှစ်ကြာတဲ့အခါ နောက်အိမ်ထောင်ပြုလိုက်ရာကနေစခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်……… မာယာရဲ့နောက်အိမ်ထောင်ဖြစ်တဲ့ အီရန် ဟာ အရက်သမား လောင်းကစားသမားဘဝနဲ့အကြွေးတွေနစ်နေတဲ့ ရဲတစ်ယောက်ပါ။ သူဟာ မဟာဖိုဝါဒီ သမားတစ်ယောက်ဖြစ်ခဲ့ပြီး ပထမအိမ်ထောင်နဲ့ကလေးနှစ်ယောက်မွေးထားသူ နောက်ထပ်ကလေးထပ်ယူဖို့ဆန္ဒ မရှိတော့တဲ့မာယာကို ဘယ်လိုတွေအတင်း အကြပ် ကိုယ်ဝန်ဆောင်ခိုင်းမလဲဆိုတာဒီဇာတ်လမ်းလေးထဲမှာကြည်ရှုခံစားရမှာဖြစ်ပါတယ် အီရန်ရဲ့အကြံအစည်ကိုဖျက်စီးဖို့ မာယာက ကျောင်းနေဖော်သူငယ်ချင်း အဲလ် နဲ့ပူးပေါင်းပြီးတော့အီရန့်ကိုလှည့်စားတဲ့အခါမှာ မာယာတို့ပဲအီရန် ရဲ့လက်ထဲက နေလွတ်မြောက်နိုင်မလား အီရန်ကပဲ လှည့်ကွက်ကိုရိပ်မိပြီး ဖျက်စီးလိုက်နိုင်မလားဆိုတာဒီဇာတ်ကားလေးထဲမှာဝင်ရောက်ကြည့်ရှုပေးကြပါဦးခင်ဗျာ....

Action • Adventure • Science Fiction
0 2023 88 mins
Game of Deceit
Whiplash
8.4

IMDb - 8.5/10_____Rotten- 94% Won 3 Oscars. Another 91 wins & 144 nominations. ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး….. File Size…(903 MB) Quality…BluRay 720p Format…mp4 Duration…01:46:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant

Action • Adventure • Science Fiction
8.4 2014 107 mins
Whiplash
Night of the Demons
5.5

Horror/Thriller ကားတွေကြိုက်နှစ်သက်တဲ့ သူတွေအတွက်ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ 2009 ခုနှစ်က Night Of The Demons ဆိုတဲ့ ဇာတ်ကားလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ဇာတ်ကားနာမည်အတိုင်းပဲ နတ်ဆိုးတွေရဲ့ ညအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ဆော်အလန်းစားလေးတွေက ဟောလိုးဝင်းညမှာအန်ဂျလီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ကျင်းပတဲ့ ပါတီမှာ ကဲဖို့အတွက်သွားခဲ့ကြပါတယ်။ တစ်ခုထူးဆန်းတာက ပါတီလုပ်တဲ့အိမ်ကြီးက လူမနေတာ နှစ်ပေါင်းငါးဆယ်လောက် ရှိပြီဖြစ်တဲ့ ခြောက်ခြားစရာအိမ်ကြီးမှာပဲဖြစ်ပါတယ်။ကောင်မလေးတွေကလဲ သူတို့ရဲ့ရည်းစားဟောင်းတွေ Crush တွေနဲ့တွေ့ပြီးရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး ပျော်ပါးနေကြတုန်း သိပ်မကြာခင်မှာပဲ ရဲတွေဝင်လာလို့ပါတီကပျက်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ ပါတီလာတဲ့လူတွေအကုန်ပြန်သွားပြီး အကြောင်းအမျိုးမျိုးနဲ့အန်ဂျလီနာ အပါအဝင်ကောင်လေး ကောင်မလေး ၇ ယောက်ကကျန်ခဲ့ပါတော့တယ်။ သူတို့အိမ်ထဲက ထွက်ဖို့လုပ်တဲ့အချိန်မှာခြံဂိတ်တံခါးကြီးက လုံးဝကိုဖွင့်လို့မရတာနဲ့ တစ်ညလုံးအဲ့ဒီအိမ်ကြီးထဲမှာနေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့မသိခဲ့တာကတော့ အဲ့ဒီအိမ်ကြီးထဲမှာ သူတို့မသိတဲ့ကြောက်စရာနတ်ဆိုးတွေက သူတို့ကိုစောင့်နေခဲ့တယ် ဆိုတာပါပဲ။ဒီတော့အဲ့ဒီ ၇ ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ သွေးထွက်သံယိုအခန်းတွေနဲ့ကြည့်ရှုရမဲ့ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.94GB / 1.1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2009 93 mins
Night of the Demons
Case 30
8.3

Case 30 (2023) “သုံးဆယ်မြောက်အမှု” IMDb-8.4/10 လတ်တလောထွက်ရှိထားတဲ့ တလေဂူးရဲမှုခင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပဲ ဒုရဲအုပ်တစ်ယောက်ရဲ့ သုံးဆယ်မြောက်အမှုကို ဇာတ်တည်ထားပါတယ်။ မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတယ်။အဲဒီမိန်းကလေးအသတ်ခံရတဲ့အမှုက ရဲအရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှု။ထူးဆန်းတာက မိန်းကလေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကို စုံစမ်းရတာ ခက်ခဲနေရော။အိမ်နီးချင်းတွေကလည်း သူဘယ်ကလာလဲ ဘာလုပ်လဲမသိပေမဲ့ ယောကျ်ားတစ်ယောက် လာလာပြီးအတူနေတာတစ်ခုပဲသိကြတယ်။ အတူနေအမျိုးသားဖြစ်တဲ့ ရည်းစားဖြစ်သူကိုတွေ့တော့လည်း အဲဒီအသတ်ခံရတဲ့ရက်ပိုင်းမှာ တခြားအမျိုးသမီးတစ်ယောက်နဲ့ မိဘတွေသဘောအတိုင်း စေ့စပ်ပွဲလုပ်ခဲ့တဲ့သူဖြစ်နေတယ်။ စုံစမ်းရင်းနဲ့ပဲ အမှုကထင်မှတ်မထားတာတွေ ဖြစ်လာ၊ တွေ့လာပါတော့တယ်။ အရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှုဖြစ်တဲ့ ဒီအမှုမှာ မိန်းကလေးကိုသတ်တဲ့ တရားခံကိုရှာတွေ့မှာလား။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Alex~BpL~ToMo~Aditiတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.3 2023 120 mins
Case 30
Ali Topan

အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီး IMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာ အဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေ ပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားက အကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေး အဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေ မိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီက သူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက် ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေး တစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်း ကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေ ပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီး အန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုက သူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲ မွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့ အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါ တော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာ ထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွား ကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာ ကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေ အကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်း အိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့ အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူ ခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေက ပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Adventure , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Ali Topan
Scooby-Doo! & Batman: The Brave and the Bold
6.5

စကူဘီဒူးတို့အုပ်စု ထူးဆန်းထွေလာတွေနဲ့အတူပြန်လာခဲ့ပါပြီ ဒီတစ်ခါမှာတော့ ခါတိုင်းနဲ့မတူဘဲ Batman ရဲ့အမှုကို သူငယ်ချင်းတစ်သိုက်က ပါဝင်အားဖြည့်ပေးကြမှာပဲဖြစ်ပါတယ် တစ်နေ့မှာ ဂေါ့သန်မြို့က ဓာတုသိုလှောင်ရုံတစ်ခု ဖောက်ထွင်းခံလိုက်ရပေမဲ့ ဒီအမှုက သာမန်ဟုတ်မနေဘဲ batmanရဲ့ အတိတ်က မပြီးပြတ်သေးတဲ့ အမှုတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာတော့ မေးခွန်းထုတ်စရာအခြေအနေတွေပေါ်လာပါတော့တယ် DC Universeက ဟီးရိုး‌တွေနဲ့ စကူဘီဒူးတို့စကွက်ရဲ့ ဂယက်တွေကို ဟာသနှောလျက်သားကြည့်ရှုရမှာဖြစ်ပြီးတော့ အကုန်လုံးပူးပေါင်းပြီး အမှုကိုတစ်ဆင့်ချင်းဖြေရှင်းသွားကြပုံတွေကို ဒီmovieထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ File Size : 1 GB, 537 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant

6.5 2018 76 mins
Scooby-Doo! & Batman: The Brave and the Bold
Motel Aquarium
5.1

Motel Aquarium (2013) *********************** လာတည်းသူ မရှိတဲ့ ဟိုတယ်တစ်ခုရယ် .. လျှို့ဝှက်ချက်တွေ အပြည့်နဲ့ မိန်းကလေးတစ်ယောက်အကြောင်းရယ်ကို ရိုက်ကူးထားတဲ့ 2013 ခုနှစ်မှာ ထွက်ရှိထားတဲ့ Motel Aquarium ဇာတ်ကားလေး တင်ဆက်ပေးပါရစေ .. ။ ငယ်ငယ်က ကျောင်းတွင်းအကြမ်းဖက်ခံခဲ့ရလို့ စိတ်ဒဏ်ရာရနေတဲ့ မိန်းကလေးတစ်ယောက် အားကိုးရာရှာပြီး ရည်းစားဖြစ်သူရဲ့ ဟိုတယ်မှာ အလုပ်လုပ်ရင်း သူမ နှစ်သက်တဲ့ ငါးလေးတွေကို မွေးမြူရင်း အချိန်ကုန်ဆုံးနေခဲ့ပါတယ် .. ။ တစ်ရက်မှာတော့ သူမရဲ့ဟိုတယ်မှာ ကျောင်းသူလေးတစ်စုက သူငယ်ချင်းဖြစ်သူကို နှိပ်စက်နေတာကို တွေ့သွားတဲ့အခါ .. ငယ်ငယ်က သူမ ခံခဲ့ရတဲ့အကြောင်းတွေကို မှတ်မိသွားပြီး နာကျင်လာပြီး အနိုင်ကျင့်ခံရတဲ့ကျောင်းသူလေးကို ဘယ်လိုကယ်မလဲ။ သူမရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ .. (၁၈+ အခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါ။) (အညွှန်းကို Estel မှ ရေးသားထားပါတယ်) File size…732 MB / 271MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….40mins Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

Music • Horror
5.1 2013
Motel Aquarium
Dark Nuns
6.5

Dark Nuns 2025 ********************* သဘာဝလွန် ဇာတ်လမ်း အမျိုးအစားကိုမှ “Global Hit”အဖြစ် စံချိန်တင်ခဲ့ပြီး၊ ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Song Hye Kyo, Jeon Yeo Been, Lee Jin Wookတို့နဲ့ Moon Woo Jinတို့ ပါဝင်ထားတဲ့ Dark Nuns ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးငယ်တွေဆီမှာ လိုက်လံ ပူးကပ်တတ်တဲ့ နတ်ဆိုးကြောင့် ကျောင်းသားလေး ဟီးဂျွန် (Moon Woo Jin)ဟာ ဓားစာခံ ဖြစ်နေရပြီး ဒီဖြစ်ရပ် အပေါ်မှာ မတူညီတဲ့ အမြင်‌တွေ ရှိနေကြတာကတော့ သီလရှင် ယူနီယာ (Song Hye Kyo)နဲ့ ဖာသာပေါလ် (Lee Jin Wook)ပါပဲ။ ဟီးဂျွန်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ရှင်းထုတ်နိုင်ဖို့ အတွက် သီလရှင် ယူနီယာက အပနှင်ပွဲ ပြုလုပ်ချင်ပေမဲ့ ဖာသာပေါလ်ကတော့ ဆေးပညာကိုသာ အားထားရမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေခဲ့ပါတယ်။ ဝိညာဉ်တွေရဲ့ တီးတိုးစကားသံကိုပါ ကြားနိုင်စွမ်း ရှိတဲ့ သီလရှင် ယူနီယာတစ်ယောက် ယူဆချက် မတူတဲ့ ဒီလို အခြေအနေတွေ ကြားကနေ ဟီးဂျွန်ကို ကယ်တင်ဖို့ အတွက် ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုတော.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ‌ရေးသားထားပါတယ်။) File Size : 1.12GB/ 790MB Quality : WEB_DL 1080p HEVC/ 720p Format…mp4 Duration…01:55:00 Genre : Thriller, Mystery, Horror, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri, Tiff & Hnin Wai Oo Encoded by Tiff

Drama • Comedy • Romance
6.5 2025 115 mins
Dark Nuns
Bless the Child

ဒီကားက ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Horror/thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Maggie က စိတ်ရောဂါကုဆေးရုံက နာ့စ်မ တစ်ယောက်ဖြစ်ပြီး သူ့မှာ ဆေးစွဲနေတဲ့ Jenna လို့ ခေါ်တဲ့ ညီမ တစ်ယောက်ရှိပါတယ်။ တစ်ညမှာ Jenna က မွေးကင်းစ ကလေးလေးကို သူ့အစ်မ Maggie ဆီမှာ ထားပစ်ခဲ့ပြီး ထွက်ပေးသွားပါတယ်။ Maggieက Cody လို့ခေါ်တဲ့ သူ့တူမလေးကို အမေတစ်ယောက်လို ပြုစု စောင့်ရှောက်ခဲ့ပါတယ်။ ကလေးက autism မျိုးကွဲ ရောဂါတစ်ခု ရှိပြီး တခြားကလေးတွေထက် ထူးခြားတဲ့ စိတ်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကို Maggie က မသိသေးပါဘူး။ တစ်ဖက်မှာလည်း ခြောက်နှစ်အရွယ် ကလေးငယ်တွေကို ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေတာပါ။ Cody လေးအသက် ခြောက်နှစ်ပြည့်တဲ့အချိန်မှာ အမေဖြစ်သူ Jenna ပြန်ရောက်လာပြီး သူနဲ့ အတူ Eric Stark ဆိုတဲ့သူလည်း ပါလာခဲ့ပါတယ်။ အဲ့ဒီလူက မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေကို ဆေးဖြတ်ပြီး ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်း တည်ထောင်ထားပြီး Jenna နဲ့လည်း အဲ့ဒီပနေ တဆင့် တွေ့ခဲ့တာပါ။ Cody ကို Jenna နဲ့ Eric က ပြန်လာခေါ်တော့ Maggie က မထည့်ပေးချင်ပါဘူး။ Cody ရောဂါအရ သူစိမ်းတွေနဲ့ အဆင်မပြေဖြစ်မှာ စိုးပြီး ငြင်းလိုက်ပေမယ့် Eric က Cody ကို ဖမ်းခေါ်သွားခဲ့ပါတယ်။ Maggie လည်း ရဲစခန်းကို သွားတိုင်ခဲ့ပြီး အေးဂျင့် Travis ဆိုသူက Eric ရဲ့ နောက်ကြောင်းကို ပြောပြလာတဲ့အခါမှာ Cody မှာ အန္တရာယ်ရှိနေတာ သိသွားခဲ့ပါတယ်။ Agent Travis နဲ့ အတူ Maggie တို့ Cody ကို ဘယ်လိုပြန်ရအောင် လုပ်မလဲ၊ Eric Stark ကရော Cody နဲ့ပတ်သတ်ပြီး ဘာအကြံတွေ ရှိနေတာလဲသိရဖို့ ဇာတ်ကားကို ကြည့်ရှူလိုက်ပါဦး။ File size…(1.6 GB)/(923 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Horror,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Horror • Comedy
0 2000
Bless the Child
Angus, Thongs and Perfect Snogging
6.3

Angus, Thongs and Perfect Snogging (2008) IMDb – 6.3 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~ ဂျော့ဂျီယာလို့ခေါ်တဲ့ကောင်မလေးက ၁၅နှစ်ပြည့်တော့မယ် ဆယ်ကျော်သက်မြှီးကောင်ပေါက်လေးပါ။ သစ်ရွက်ကြွေတာ မြင်ရင်တောင် ရင်ခုန်နေကြတဲ့ အရွယ်က ဂျော့ဂျီယာကလည်း မထူးဘဲရည်းစား ငမ်းငမ်းတက်လိုချင်နေသူလေးပေါ့။ သူတို့က ကျောင်းမှာဆိုရင် အရမ်းမထင်ပေါ်လှတဲ့ အုပ်စုဖြစ်ကြပေမဲ့ ဂျော့ဂျီယာကတော့ အနမ်းကိုတောင် အဆင့်ဆယ်ဆင့်လောက်ခွဲပြီး ရည်းစားရဖို့အရေးကို ကြံစည်ကြိုးစားနေတဲ့ကောင်မလေးပါ။ အဲ့လိုနဲ့ တစ်ရက်မှာတော့ သူတို့ကျောင်းကို လန်ဒန်က မြို့ကြီးသားအမြွာညီအစ်ကိုနှစ်ယောက်က ရောက်လာတော့ ဂျော့ဂျီယာနဲ့ သူငယ်ချင်းတစ်သိုက်လည်း ကြိုက်ကုန်ကြပါတော့တယ်။ သူ့သူငယ်ချင်းဂျက်စ်နဲ့ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်စီကို အကြ့အစည်တွေနဲ့ ရေလာ‌မြောင်းပေး ဆည်ကျိုးကြပါတော့တယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းးဂျက်စ်က ညီအစ်ကိုတစ်ယောက်နဲ့အဆင်ပြေသွားပေမဲ့ ‌‌ဂျော့ဂျီယာကျ အဆင်ပြေသလိုလိုနဲ့ ကောင်လေးက ကျောင်းကဒိတ်ဒိတ်ကြဲကောင်မလေးတစ်ယောက်နဲ့ဖြစ်နေပါတယ်။ အဲ့‌တော့ ရည်းစားလိုချင်နေတဲ့ ဂျော့ဂျီယာက ဘယ်လိုအကြံအစည်တွေသုံးပြီး မြို့ကြီးသားလူချောကို ရအောင်ကြံမလဲဆိုတာကို ကြည့်ကြရမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝရဲ့အလွဲတွေ၊ အိမ်က မိသားစုဆီက ပြသာနာလေးတွေနဲ့ ဂျော့ဂျီတစ်ယောက် မြို့ကြီးသားလူချောလေးကို အပိုင်သိမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File Size – 2.33 GB/ 890 MB Quality – WEB-DL 1080p/ 720p Duration – 1:40:59 Format – mp4 Genre – Comedy, Drama, Family, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Lwin Encoded by – Treasure Htet

Drama • Romance • Music
6.3 2008 101 mins
Angus, Thongs and Perfect Snogging
Keluang Man
6.3

Keluang Man (2025) IMDb Rating (6.3) ကူလောင်မန်းဆိုတဲ့ ဒီကားလေးကတော့ မလေးရှားဘတ်မန်း(လင်းနို့လူသား)ကားလို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ ကူလောင်မန်းဆိုတဲ့ မလေးရှားစူပါဟီးရိုး animated series ကို ၂၀၂၅ မှာ live action ပြန်လည်ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကတော့ ဘိုဟန်ဟာ စိတ်ကျန်းမာရေးကုသပေးတဲ့စင်တာတစ်ခုမှာနေထိုင်နေသူပါ။ ဒေါက်တာမာလီနီရဲ့ ဆေးကုထုံးတွေကြောင့် သူ့ရဲ့မှတ်ဉာဏ်တစ်ပိုင်းတစ်စကို ပြန်ရလာခဲ့ပါတယ်။ သူရဲ့တစ်ပိုင်းတစ်စ မှတ်ဉာဏ်အရ သူဟာငယ်စဉ်က ကလေးမှောင်ခိုဂိုဏ်းတစ်ခုတွင် မိဘများ၏ရောင်းစားခြင်းကို ခံခဲ့ရတယ်။ သို့သော် အားမက်ဒ်ဆိုတဲ့လူတစ်ယောက်ဟာ သူတို့ကိုကယ်တင်ပေးခဲ့ပြီး မိဘမဲ့ဖြစ်နသည့် သူနဲ့အတူ ရှန်မ်ဆေးဆိုသည့်သူငယ်ချင်းကိုပါ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ သူတို့သူငယ်ချင်းနှစ်ဦးဟာ မွေးစားဖခင်ဖြစ်တဲ့ အားမက်ဒ်ရှိရာ အစိုးရရဲ့ အထူးလျှို့ဝှက်တပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ နောက်ထပ်သူမှတ်မိသလောက်ကတော့…. ရှန်မ်ဆေး… သစ္စာဖောက်ကောင်။ အားမက်ဒ်ကို သူလုပ်ကြံခဲ့တယ်၊ ဘိုဟန်ကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ပေးမယ့် ကံအားလျော်စွာ အသက်မသေခဲ့ဘဲ နဖူးက ကျည်ဆံဒါဏ်ရာကြောင့် မှတ်ဉာဏ်ပျောက်ဆုံးခဲ့ရသည်။ ဘိုဟန်အနေနဲ့ ဒါတွေကို နာကျင်ရလို့ ဆက်မတွေးချင်ခဲ့ပါ။ ဒါပေမယ့် တစ်ချိန်မှာတော့ ရှန်မ်ဆေးကို စိတ်ကျန်းမာရေးစင်တာမှာ တွေ့လိုက်ရပါတယ်။ နောက်ဖြစ်လာမယ့်အရာတွေဟာ ပြည်သူလူထုပါ ထိခိုက်မှုတွေရှိလာတဲ့အတွက် ဘိုဟန်ရဲ့ လက်စားချေချင်စိတ်ဟာ ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒီလိုနဲ့ ဘိုဟန်ဟာ မျက်နှာဖုံးဝတ်ထားတဲ့ ညဉ့်နက်သူရဲကောင်းဖြစ်လာခဲ့ပါတော့တယ်။ DCက ဘတ်မန်းလိုအတည်ပေါက်မဆန်ပဲနဲ့ ရူးကြောင်ကြောင်ဘတ်မန်းကိုတွေ့မြင်ရမယ့် Comedy Action ကားလေးဖြစ်ပါတယ်။ budget အနေနဲ့ RM 13million လောက်သုံးထားတဲ့အတွက် မလေးရှားနိုင်ငံအတွက်ဆိုရင် High production တစ်ခုဖြစ်ပါတယ်။ ဇာတ်အိမ်ကလည်း မြင်နေကျမဟုတ်ဘဲ plot twist များလည်း ပါတဲ့အတွက် entertainment တစ်ခုကို ကောင်းကောင်းခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။) File size… (2.1 GB) / (950 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Adventure,Comedy,Science Fiction Duration…. 02:11:49 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by ZMT

Horror • Thriller
6.3 2025 137 mins
Keluang Man