YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Taaza.Khabar.S01E01.Khabardaar.1080p.HS.WEB-DL.AAC5.1CH.Edit(CM).mp4

798.53 MB 1080p video/mp4 171 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beverly Hills Chihuahua 2
5.9

ဒီတစ်ခါ Beverly Hills 2 မှာတော့ မကြီးကျယ်လေးခလိုဝီတစ်ယောက် LA ကိုပြန်ရောက်ပြီး သခင်နဲ့လည်းပြန်တွေ့ရ လင်လည်းရဆိုသလို ပါပီနဲ့လက်ထပ်လိုက်ပြီး ခွေးလေး၅ကောင်ပါမွေးလာခဲ့ပါတယ်။ ပါပီ့သခင်ဆမ့်အိမ်ကို သွားလည်ကြတဲ့နေ့မှာတော့ ဆမ့်မိဘတွေမပြေမလည်ဖြစ်လို့ အိမ်ကိုဘဏ်မှာပေါင်ထားရပြီး အကြွေးမဆပ်နိုင်ဖြစ်နေတာကိုသိခဲ့ရပါတယ်။ လမ်းဘေးခွေးလေးဘဝကနေ အိမ်ပေါ်ခေါ်တင်ပေးထားတဲ့သခင်တွေကြောင့် နေစရာအိမ်ဆိုပြီးရှိလာခဲ့တဲ့ပါပီကတော့ သခင်တွေရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ကြိုးစားပေမယ့် ပိုသာဆိုးသွားခဲ့ပါတယ်။ ပါပီတို့အမှားကြောင့် အချိန်၃ပတ်လေးတောင်မရတော့ဘဲ အိမ်ပေါ်ကနေချက်ချင်းဆင်းပေးလိုက်ရတဲ့ ဆမ်တို့မိသားစုလည်း အဝေးကြီးကိုပြောင်းသွားရဖို့ဖြစ်လာတဲ့အခါမှာ ...... ဘဏ်ဓားပြတိုက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူကြည့်ရှုရမှာပါ....။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hnin Wut Yi ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt

Drama • Romance
5.9 2011 84 mins
Beverly Hills Chihuahua 2
Great Expectations
6.7

ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Adventure • Comedy • Family • Romance
6.7 1998 111 mins
Great Expectations

2022ထွက် Sci-fi ,adventure အမျိုးအစားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ သက်ရှိမျိုးစိတ်တွေကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်အန်နာဟာ လွန်ခဲ့တဲ့၁၀နှစ်က သုတေသနအတွက် သဘာဝသစ်တောကိုသွားလေ့လာရင်း ထူးဆန်းစွာပျောက်ကွယ်သွားတဲ့ အဘိုးဖြစ်သူကို ရှာဖွေလိုစိတ်ပြင်းပြနေခဲ့ပါတယ်... အန်နာဟာ တစ်ချိန်ကအဘိုးဖြစ်သူရဲ့တပည့် ပါမောက္ခရှဲ... အဘိုးမိတ်ဆွေရဲ့သားဖြစ်သူ လီယွီဟန်တိုနဲ့အတူ သဘာဝသစ်တောဆီစွန့်စားခရီးထွက်လာပါတော့တယ်... သဘာဝသစ်တောမှာ အန္တရာယ်ပေါင်းစုံနဲ့ရင်ဆိုင်ချိန်မှာ ဒဏ္ဍာရီထဲမှာသာကြားဖူးတဲ့ ခြေကြီးမိစ္ဆာကိုလဲတွေ့မြင်ခွင့်ရခဲ့ပါတယ်... သဘာဝသစ်တောကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလား.. အဘိုးဖြစ်သူကိုရောရှာတွေ့နိုင်မှာလား ပါမောက္ခရှဲမှာဘယ်လိုအကြံတွေရှိနေတာလဲ.... ဇာတ်လမ်းတစ်ပုဒ်လုံးကိုစိတ်လှုပ်ရှားခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Sci-Fi , Adventure Runtime : 1h 11 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Comedy • Drama
null 2022
Sasquatch 2
Antim: The Final Truth
6.9

ဒီနေ့ပဲ ထွက်ရှိလာတဲ့ Bollywood ရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်... မင်းသား Salman Khan နဲ့ သူ့ယောက်ဖ Aayush Sharma တို့ အပြိုင်ကြဲထားတဲ့ Action,Crime,Drama ဇာတ်ကားလေးဖြစ်ပြီး IMDb Rating (7.6) ထိ ရရှိထားသလို ရုံတင်တုန်းကလဲ နာမည်ကြီးလူကြိုက်များခဲ့တဲ့ဇာတ်ကားပါ။ လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေးတစ်ကွက်ရယ်ပါ။ ခြေမအထိ စီးကျနေတဲ့ ချွေးကို သုတ်ဖို့မအား၊ မြေကြီးထဲကပြူထွက်လာတဲ့ ကောက်ပဲသီးနှံလေးတွေက သူ့ခွန်အားပါ။ ဒါပေမယ့် သူဆုံးရှုံးလိုက်ရတဲ့ သူ့လယ်မြေပေါ်မှာပဲ အလုပ်ပြန်လုပ်ရတဲ့ သူ့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်စား ဝင်ခံစားကြည့်ရအောင်လား။ ပုလ္လင်ပေါ်က မဆင်းခဲ့တဲ့ နပန်းချန်ပီယံကြီး၊ သမီးမိုက်တစ်ယောက်နဲ့ သား မလိမ္မာတစ်ယောက်ကို အရင်းတည်ပြီး အရင်းရှင်တစ်ယောက် ‌ခြေအောက်မှာ ပြားပြားဝပ်ခဲ့ရ။ ဘဝက ထိချက်နာလိုက်ပုံများ။ လူငယ်ပီပီ ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်။ သူ့အဖေ နပန်းသမား ဘဝဆုံးနေသူကြီးနဲ့ မိသားစုကိုကယ်တင်ဖို့၊ သူသိပ်ချစ်တဲ့ သူ့လယ်မြေကို ပြန်ယူဖို့ လက်သီးတစ်လုံး အရင်းပြုပြီး လူမိုက်လောကထဲ ဝင်လာခဲ့တယ်။ သူ့မျက်စိရှေ့က အရင်းရှင် အမြတ်ကြီးစား ခေါင်းပုံဖြတ်သူများကို ခါးခါးသီးသီး ဆန့်ကျင်တိုက်ခိုက်လာခဲ့ရင်း လူမိုက်လောကမှာ တစ်နေရာရလာတော့ အကွက်တွေရွှေ့ ငွေပုံပေါ်မှာ ဘဝမေ့လာပြီ။ ရုတ်တရက်နိုးအထ မှန်ကိုကြည့်လိုက်မှ သူမုန်းခဲ့တဲ့ အရင်းရှင်ဘဝ သူကိုယ်တိုင်ရနေမှန်းသိလို့ အမှားကို အမှန်ပြင် နောင်တကို နောင်မှမတရအောင် ပြန်အဖက်ဆည်နိုင်မလား။ နှလုံးသားလှုပ်အနှိုးမှာ ရုတ်တရက်လန့်နိုးရတဲ့ အချစ်တွေကို သိမ်းပိုက်သွားတဲ့ ကောင်မလေးကိုလည်း အမုန်းတရားပွားအောင် မရည်ရွယ်ဘဲမှားခဲ့တာတွေ ပြန်ပြင်နိုင်မလား။ သူ့ဖခင်ရဲ့ ရန်ကြွေးကိုလည်း ကျေနပ်တဲ့အထိ ပြန်ဆပ်နိုင်ပါ့မလား။ လားပေါင်းများစွာပေါ့ဗျာ။ အိန္ဒိယနိုင်ငံရဲ့ လတ်တလောကြေးမုံပြင်ကို မြင်အောင်ပြတဲ့ ဇာတ်ကားလေးမလို့ လက်လွတ်မခံသင့်ပါဘူး။ ဒီနေ့ထွက် ဇာတ်ကားကို ဦးဦးဖျားဖျား တင်ပေးနိုင်အောင် အကောင်းဆုံးကြိုးစားတင်ဆက်ပေးထားပါတယ်။ ဆောင်းလေအေးအေးမှာ ကော်ဖီလေး‌နဲ့ နွေးထွေးစေမယ့် ဇာတ်ကားလေးပါပဲဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester,Elrond,Jim X တို့မှ တင်ဆက်ထားတာပါ။) File size…(1.9 GB)/(1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by CM Team

Action & Adventure • Drama
6.9 2021 140 mins
Antim: The Final Truth
Scary Stories to Tell in the Dark
6.5

မကြာသေးခင်ကမှ ရုံတင်သွားတဲ့ Horror ကား ကောင်းကောင်းလေးပါဗျ။ ဇာတ်လမ်းတွေက နာကျင်စေတယ်။ ဇာတ်လမ်းတွေက အနာကျက်စေတယ်။ ဇာတ်လမ်းတွေက ကျွန်တော်တို့ ဘယ်သူဘယ်ဝါရယ် လို့ ပုံဖော်ပေးတယ်။ ခင်ဗျားတို့ရော ကိုယ်ရဲ့ ရှေ့ဖြစ်ဇာတ်လမ်းကို ကြိုသိရပါမယ် ဆိုပါစို့။ ​အကောင်းတွေတော့ မဟုတ်ဘူးနော်။ အဆိုးတွေ..... ကံကြမ္မာဆိုးတွေ ဇာတ်လမ်းကတော့ ဒီလိုပါ။ ဟောလိုဝင်းနေ့မှာ ကလေးတစ်သိုက်က သရဲခြောက်တဲ့အိမ်ကြီးတစ်အိမ်ကို ရောက်သွားတယ်။ အဲဒီအိမ်မှာ ဒဏ္ဍာရီတစ်ခု ရှိတယ်။ အဲဒီအိမ်က အမျိုးသမီးရဲ့ဇာတ်လမ်းကို နားထောင်ပြီးတဲ့ကလေးတိုင်း ပျောက်ဆုံးသွားလေ့ ရှိတယ်။ မမျှော်လင့်ဘဲ အဲဒီအမျိုးသမီးကြီးရဲ့ ဇာတ်လမ်းတွေ ရေးထားတဲ့ စာအုပ်ကို ရခဲ့တယ်။ စာအုပ်ထဲမှာ ဇာတ်လမ်းတွေ အလိုလိုပေါ်လာခဲ့တယ်။ ပေါ်လာခဲ့တဲ့ ဇာတ်လမ်းတွေကလည်း တကယ်ဖြစ်လာခဲ့တယ်။ အဲဒီကံကြမ္မာဆိုးကို သူတို့ ဘယ်လို ရှောင်လွှဲကြမလဲ????? ရှောင်လွှဲဖို့ရော ဖြစ်နိုင်ပါ့မလား????? စာအုပ်ကရော ဘာရာဇဝင်တွေ ရှိနေတာလဲ????? ဇာတ်လမ်းက ကြောက်ဖို့ကောင်းသလို တော်တော်လေးလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

Action & Adventure • Drama • War & Politics
6.5 2019 108 mins
Scary Stories to Tell in the Dark
[18+] Una rosa de Francia(2006) Virgin Rose
5.3

(၃၀-၄-၂၀၂၃) ဒီနေ့ကတော့ ကျွန်တော်တို့အမျိုးသားထုကြီးရဲ့ရင်ကို မကြာခဏဆွဲကိုင်လှုပ်တတ်တဲ့ ကျူးဘား-စပိန်မင်းသမီးလေး Ana de Armas ရဲ့ အသက်(၃၅)ပြည့်မွေးနေ့ပဲဖြစ်ပါတယ်….ဒီတော့ သူမ အသက် ၁၈ နှစ်မှာ ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ်ပွဲထွက်ခဲ့တဲ့ ခုဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ ၁၈ နှစ်မပြည့်သေးတဲ့ မင်းသမီးလေးက ၁၆ နှစ်သမီးဇာတ်ရုပ်လေးနဲ့ ဘယ်လောက်တောင် လိုက်ဖက်နေလဲ ကိုယ်တိုင်သာ ကြည့်လိုက်ပါတော့။ ဒီမင်းသမီးလေးက အဖော်အချွတ်လေးတွေနဲ့ မင်းသမီးဘဝစခဲ့ပေမယ့် ဟောလိဝုဒ်မှာတော့ တစ်နေရာ ရသွားသေးတာပဲလေ။ သူ့ကို Blade Runner 2049 မှာ စပြီးသတိထားမိတာ။ ပြေပြစ်တဲ့ကောက်ကြောင်းနဲ့၊ မျက်လုံးရွဲကြီးနဲ့၊ ဘယ်လိုကောင်မလေးလားပေါ့။ Knives Out မှာ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်စာရင်းဝင်တော့ ကြိတ်ပြီး ရင်ခုန်လိုက်ရသေးတယ်။ No time to Die မှာ bond girl လေးအဖြစ်ပြန်တွေ့လိုက်ရတော့ တော်တော်လေးကို အလွမ်းပြေသွားခဲ့တာ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကိုယ်ကြိုက်ခဲ့ရတယ်ပေါ့လေ။ နောက်ဆုံး မွန်ရိုး ဝင်လုပ်တော့လဲ ဇာတ်လမ်းကချာပေမယ့် သူမကြောင့်တော့ ရင်တလှပ်လှပ်ဖြစ်ခဲ့ရသေး။ ဒီဇာတ်လမ်းကတော့ crime, drama လေးပါ။ ကျူးဘားနိုင်ငံမှာ အရက်ခိုးချက်တဲ့အမှုထက် လူကုန်ကူးတဲ့အမှုက ပိုများသတဲ့ဗျာ။ လူကုန်ကူးတယ်ဆိုတာ အမေရိကားကို အလုပ်သမားအဖြစ် သွားကြမယ့်သူတွေကို ခိုးသွင်းတဲ့အလုပ်တဲ့။ ဒါပေမဲ့လေ၊ ခရီးသည်တွေကို လှေဝမ်းထဲထည့်၊ လူသူမနီးတဲ့ ကျွန်းတစ်ခုပေါ်မှာ အမေရိကားရောက်ပြီပြောပြီး ဒီအတိုင်းထားခဲ့တာပဲဗျို့။ ကင်းလှည့်ယာဉ်တွေ၊ ငါးဖမ်းသင်္ဘောတွေ တွေ့လို့ကယ်ရင် အသက်ရှင်မယ်ပေါ့လေ။ အကယ်မခံရဘဲ သေကုန်ကြတာတွေလည်း ဒုနဲ့ဒေး။ ဒီမှာ ဇာတ်လိုက်ကျော်နှစ်ပါး ဆင်မွန် နဲ့ အန်ဒရီ က ဒီလိုမျိုး လူကုန်ကူးနေတဲ့သူတွေ။ ဒါတင်မက တောသူမလေးတွေခေါ်လာ၊ အရောင်တင် လှပအောင်ပြင်ပေးပြီး လူချမ်းသာအဘိုးကြီးတွေဆီ လက်ထပ်ဖို့ ရောင်းစားတဲ့အလုပ်ပါလုပ်သေးတယ်။ ဆင်မွန် က တောသူမလေးတစ်ယောက် ဥထားတာရှိတယ်။ အလှဆုံးလေးပေါ့။ ဒီမှာ ဆင်မွန် တို့ လှေကို အမေရိကန်ကင်းလှည့်သင်္ဘောက လိုက်ပစ်လို့ မင်းသားချော အန်ဒရီ ဒဏ်ရာရသွားတယ်။ သူ့ကို အိမ်ခေါ်လာပြီး ကုပေးတော့ ဆင်မွန် ဥထားတဲ့ အလှပဂေး မာရီ နဲ့ အန်ဒရီနဲ့ ဆုံပါလေရော။ လူငယ်နှစ်ဦး ချစ်ခြင်းတွေ ကူးလူးယှက်သွယ်ကြတော့ ဆင်မွန် ကြီး အူနုကျွဲခတ်ပြီပေါ့။ ဒီမှာတင် ဆင်မွန် က မိန်းကလေးကိုမရွေး၊ မိတ်ဆွေဖြစ်တဲ့ အန်ဒရီ ကိုရွေးခဲ့ပေမဲ့၊ အန်ဒရီ ကတော့ မာရီ ကို မင်းမှမင်းပဲတဲ့။ နောက်ဆုံး ဘာဖြစ်ကုန်ကြမလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ကြပေတော့ လူကြီးမင်းများ။ ဒီဇာတ်ကားဟာ 18+ အဆင့်မရှိပေမယ့် တစ်ခါတစ်ခါ ပေါ်လာတတ်တာလေးတွေကြောင့် မိသားစုနဲ့တော့ အတူမကြည့်ကြပါနဲ့နော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။)

5.3 2006
[18+] Una rosa de Francia(2006) Virgin Rose
The Vampire Next Door
4.4

ဒီတစ်ခေါက်မှာတော့ ဒီနှစ်မှာမှ ထွက်ရှိထားတဲ့ Horror ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကမ်မရွန်က အနေအေးတဲ့ introvert လေးတစ်ယောက်ဖြစ်ပြီး လှပ ဆွဲဆောင်မှုရှိတဲ့ ဒိုင်ယန့်ကို အထက်တန်းကျောင်းကတည်းက ကြိတ် crush နေရသူပါ။ ဒိုင်ယန့်ကို သဘောကျပေမဲ့ ဖွင့်မပြောဖြစ်ဘဲ သူငယ်ချင်းစည်းထဲမှာပဲ နေနေရာကနေ သူ့ဘေးအိမ်ကို ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အဲဒီကောင်မလေးက တကယ်တမ်း ဗန်ပိုင်းယားတစ်ယောက်ဖြစ်နေခဲ့ပြီး သူနဲ့ပါ ပတ်သက်ဆက်နွယ်လာခဲ့ချိန်မှာတော့… ကမ်မရွန်တစ်ယောက် crush အလှလေးဒိုင်ယန်နဲ့ အိမ်နီးချင်း အကိတ်ဗန်ပိုင်းယား မမ နှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဗျာများရမလဲဆိုတာနဲ့ ဘေးအိမ်ကဗန်ပိုင်းယားက သူနဲ့ဒိုင်ယန့်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(861 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

4.4 2024
The Vampire Next Door
Love Life Light / The Shop Of The Lamp

သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက အကောင်းဆုံးအဓိပ္ပာယ်ကိုနားလည်လိုပါသလား ? Shop of the lamp ဇာတ်ကားကိုသာကြည့်လိုက်ပါ ။ ဒီဇာတ်လမ်းလေးက အရမ်းကိုမှ လျို့ဝှက်ပြီး ဘာများဖြစ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရင်း အဆုံးသတ်ကျမှ ဇာတ်အိမ်အလွှဲအပြောင်းအကြီးကြီးနဲ့ ဒီလိုဒီလိုပါလားဆိုပြီး ဖြစ်သွားရမဲ့ horror ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် ။ မကြည့်ခင် တစ်သျူးဆောင်ထားဖို့လည်း မမေ့ပါနဲ့နော် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – သူနာပြုမလေးရွှီနျန့်က သူ့ချစ်သူနဲ့အတူတိုက်ခန်းတစ်ခုကိုပြောင်းသွားခဲ့ပါတယ် ။ အဲဒီပြောင်းတဲ့နေ့မှာပဲ ခပ်လှမ်းလှမ်းမှာလည်း ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းဖို့ကြံရွယ်ထားတဲ့ သူမရဲ့ဘဝမှာ မထင်မှတ်ထားတာတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ် ။ သူတို့ငှားနေတဲ့ အဆောက်အဦးကို အသစ်ထပ်ပြောင်းလာတဲ့ လျိုယွီရှန်းဆိုတဲ့ကောင်မလေးမှာ အရိပ် နှစ်ခု ရှိနေတာကို ရွှီနျန့်ကမြင်သွားခဲ့ပါတယ် ။ အဲဒါတင်မကသေးဘူး ။ အမြဲတမ်း လက်အိတ်စွပ်ထားတဲ့ ကျူးကျူးရဲ့မေမေ ၊ twinkle twinkle little star သီချင်းကိုအမြဲတမ်းသီဆိုနေတဲ့ အဘိုးအို ၊ နောက်ပြီး သူ့ကိုဆို မီးသီးမရောင်းပေးတဲ့ လမ်းဆုံက မီးသီးဆိုင်… ဒါ့အပြင် လူတစ်စုကိုတွေ့မိလားဆိုပြီး အမြဲတမ်းမေးမေးနေတဲ့ တစ်ကိုယ်လုံးသဲတွေဖုံးနေတဲ့ လူကြီးတစ်ယောက်.. ဒီလမ်းထဲမှာဘာတွေလျို့ဝှက်ထားမလဲ ? မီးသီးဆိုင်ကရော ဘယ်လိုဖြစ်တည်မှုမျိုးလဲ ? သူကအရာရာကိုထူးဆန်းနေတယ်‌ထင်ပေမဲ့ သူကိုယ်တိုင်ကမှ ပြဿနာရှိနေတာလို့ပြောလာတဲ့ မီးသီးဆိုင်ပိုင်ရှင်နဲ့ ရွှီနျန့် ! ဘယ်သူကလူ ဘယ်သူကလူမဟုတ်တဲ့ဖြစ်တည်မှုနဲ့ ဇာတ်လမ်းကဘယ်လိုတွေ ‌အလှည့်အပြောင်းဖြစ်လာလိမ့်မလဲဆိုတာကို ဇာတ်ကားလေးထဲမှာပဲ စိတ်ဝင်စားစွာကြည့်ရှု့ဖို့တိုက်တွန်းလိုက်ပါတယ်

0 2024
Love Life Light / The Shop Of The Lamp
State of Consciousness

The Flash, The Walking Dead, 9-1-1 စတဲ့ Series တွေရဲ့ DirectorMarcus Stokes ရိုက်ကူးထားတဲ့ Thriller ဇာတ်ကားလေးတစ်ကားပါ Into The Wild နဲ့ The Girl Next Door ထဲက မင်းသား Emile Hirsch အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Tatjana Nardone နဲ့ Kesia Elwin တို့ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့ စတီဖင် ဟာ ကိုယ်ပိုင် စတိုးဆိုင်လေးနဲ့ ဆီပန့်ဆိုင်လေးဖွင့်ထားပြီးဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့ စစ်ပြန်ကြီးတစ်ယောက်ပေါ့ တစ်နေ့တော့ လူသတ်မှုတစ်ခုနဲ့ ထောင်ချောက်ဆင်ခံရပြီး ထောင်ထဲကိုသွားရမယ့်အစား ပြစ်ဒဏ်ပိုသက်သာရအောင်ဆိုပြီး စိတ်ဒဏ်ရာရပြီး စိတ်ရောဂါဖြစ်ဖူးတဲ့မှတ်တမ်းရှိဖူးတာကို အသုံးချပြီးတော့ စိတ်ကျန်းမာရေးဆေးရုံကိုသွားဖို့ သဘောတူညီချက်တစ်ခုလုပ်ခဲ့တယ်…… ဆေးရုံမှာသူ့ကို ဒေါက်တာ ဖီဒါ က စိတ်ငြိမ်ဆေးတစ်လုံးထိုးပေးရာကနေ……အဖြစ်အပျက်တွေက အရှေ့ရောက်လိုက် အနောက်ရောက်လိုက်နဲ့….ဘယ်ဟာက အမှန်တကယ်၊ ဘယ်ဟာက ထင်ယောက်ထင်မှား၊ ဘယ်ဟာက အိပ်မက်ဆိုးမှန်း မကွဲတော့ဘဲ နောက်ဆက်တွဲဖြစ်ရပ်တွေနဲ့ သူ့ကိုယ်သူ နားလည်ဖို့ကြိုးစားရင်း သူ့ရဲ့ ဘဝအမှန်ကို နောက်ဆုံးမှာ တဖြေးဖြေးသိလာရတဲ့အခါမှာတော့……… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.7 GB)/(894 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2023
State of Consciousness
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
Along with the Gods 2: The Last 49 Days
7.1

Along with the Gods 2: The Last 49 Days (2018) ********************************************** IMDb….. 7.1 ဒီတစ်ခေါက် တင်‌ဆက်ပေးသွားမှာကတော့ 2018 တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fantasy အက်ရှင်ဒရမ်မာကားလေးဖြစ်ပြီး ပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင် Ha Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wook နဲ့ Lee Jung Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီတစ်ခါမှာတော့ သေမင်းတမန် Kang Rim၊ လုံခြုံရေး တာဝန်ခံသေမင်းတမန် Hae Won Maek၊ လက်ထောက်ရှေ့နေမလေး Deok Chun တို့ သေမင်းတမန် ၃ ပါးက မီးသတ်သမားလေး ဂျာဟုန်းရဲ့ ညီဖြစ်သူ တပ်ကြပ် ဆူဟုန်းရဲ့ တရားခွင်မှာ ပါဝင်ဖို့ဖြစ်လာခဲ့ပြီး တရားခွင်ကို ကျင်းပဖို့အတွက် ၄၉ ရက်အတွင်းမှာ အိမ်စောင့်နတ် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဘိုးအိုရဲ့ ဝိညာဉ်ကို ခေါ်လာဖို့ သေမင်းတမန် ၃ ပါးဆီ တာဝန်ပေးခံရပါတော့တယ်။ Hae Won Maek နဲ့ Deok Chun တို့က အဘိုးအိုကို ခေါ်ဖို့အတွက် လူ့လောကကို ဆင်းသက်လာရင်း အိမ်စောင့်နတ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အဲဒီအိမ်စောင့်နတ်က သူတို့ မေ့ပျောက်နေတဲ့ သူတို့ရဲ့ အတိတ်ဘဝအကြောင်းအရာတွေကို သိရှိနေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့.. သေမင်းတမန် ၃ ပါးက လက်ရှိမျက်မှောက်ကမ္ဘာ၊ အနာဂတ်ကမ္ဘာ၊ အတိတ်ကမ္ဘာတို့ကြား ခရီးဆက်ရင်း သူတို့ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကာ Soo Hong ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် ဘယ်လိုတွေကြိုးစားပြီး ကာကွယ်ဖြေရှင်းပေးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ May Thet မှ ရေးသားပေးထားပါတယ်။) File Size : 2.50GB/ 1.13GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:19:00 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn, May Thet, ToeToe Aung & Hazelle Encoded by Tiff

Drama • History • Crime
7.1 2018 141 mins
Along with the Gods 2: The Last 49 Days
Fire
6.7

Fire (2025) “ကာစီ” အသစ်ထွက်ရှိတဲ့ တမီးလ်စကားပြော မှုခင်းဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ကာယကုထုံးဆရာဝန် ကာစီက အသိမိတ်ဆွေကြားမှာ ဖော်ရွေကူညီတတ်တဲ့လူအဖြစ် သိကြပြီး လူနာတွေအတွက်လည်း မေတ္တာရှင်တစ်ယောက်ပါ မီနာခ်ရှီဆိုတဲ့ လူနာတစ်ယောက်နဲ့ သူ့မိသားစုကိုလည်း အစစအရာရာ ကူညီခဲ့တာကြောင့် ဘုရားလိုကြည်ညိုခံရတဲ့အထိပါပဲ ဒီလောက် သဘောကောင်းတဲ့လူက ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ အခါမှာ အမှုစုံစမ်းရေးရဲတွေအတွက် အစရှာထုတ်ဖို့ခက်တဲ့ ပဟေဠိတစ်ပုဒ် ဖြစ်လာပါတော့တယ် ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကို အများကြီးပြောမနေတော့ဘဲ ပရိသတ်တို့ကပဲ အားပေးလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Yunni ~ Zwe Yan ~ Cym တို့ပဲ ဖြစ်ပါတယ်

Action • Comedy • Family • Science Fiction
6.7 2025 132 mins
Fire
The Alto Knights
5.7

The Alto Knights (2025) IMDb Rating (5.7) / Rotten Tomatoes (39%) အမေရိကန်ရဲ့ အကြီးဆုံး ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေထဲက တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။ မင်းသားကြီးကတော့ ဆရာကြီး Robert De Niro ပါပဲ။ ဒါရိုက်တာကလည်း Rain Man ရဲ့ ဖန်တီးရှင် Barry Levinson ပါ။ ၁၉၅၀ ဝန်းကျင် အမေရိကန်နိုင်ငံတဝှမ်းလုံးမှာ ဒုစရိုက်ဂိုဏ်းမျိုးစုံကြီးစိုးခဲ့ပြီး နိုင်ငံအဆင့် ဧရာမဂိုဏ်းကြီးပါ ရှိခဲ့တာပါ။ အဓိကဇာတ်ကောင် ဖရန့်ကော်စတယ်လိုကတော့ အဲဒီကာလ ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်ချုပ် ဖြစ်ခဲ့တာပါ။ Godfather ထဲက မင်းသားကြီး မာလွန်ဘရန်ဒိုတောင် သရုပ်ဆောင်ချိန်မှာ သူတီဗီမှာ မြင်ဖူးတဲ့ ဖရန့်ရဲ့အသံကို ကြည့်ပြီး အတုယူခဲ့ရပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ဖရန့် နဲ့ ဗီတိုဟာ ရွှေ့ပြောင်း အီတလီသား ငယ်သူငယ်ချင်းတွေ၊ မိုက်ဖော်မိုက်ဖက်တွေပါပဲ။ လူမိုက်အဆင့်ကနေ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်လာကြပြီးနောက်ပိုင်း တစ်နိုင်ငံလုံးသိတဲ့ အဆင့်တွေအထိ ရောက်လာတာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ မူးယစ်ဆေးလုပ်ငန်းကို လုပ်ချင်တဲ့သူနဲ့မလုပ်ချင်တဲ့သူ ကွဲလာပြီး စိတ်ဝမ်းကွဲလာတဲ့အခါ ပြိုင်ဘက်တွေ ရန်သူတွေဖြစ်လာပါတယ်။ အဲ့ဒိ အားပြိုင်မှုကနေ အမေရိကန်သမိုင်းမှာ အုတ်အော်သောင်းနင်း ဖြစ်ရတဲ့ အမှုအခင်းကြီးတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (6.2 GB) / (1.7 GB) / (950 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Crime, Drama, History Duration…. 02:04:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

5.7 2025 122 mins
The Alto Knights
Alappuzha Gymkhana
7.1

Alappuzha Gymkhana (2025)”အာလာပူဇာ အားကစားရုံ” ============================================== ဘောက်ဆင်ဖိုက်တင်ခန်းတွေကြည့်ရတာကြိုက်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အားကစား ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Manjummel Boys လိုမျိုး ငယ်သူငယ်ချင်းတွေကိုလွမ်းစရာ သည်းထိတ်ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခါလစ်ရာမန်က ပဲ့ကိုင်ထားတာပါ။ ဇာတ်လမ်းကတော့ အပြင်ကျောင်းတစ်ကျောင်းမှာ တက်ပြီး ကောလိပ်ဝင်ခွင့်ဖြေနေတဲ့ သူငယ်ချင်းတစ်သိုက် အုပ်စုလိုက်ကြီး စာမေးပွဲကျကြပါတယ်။ သူတို့သူငယ်ချင်းအဖွဲ့ဟာ စာလည်းမလုပ်၊ ကောလိပ်ဝင်ဖို့လည်းဂရုမစိုက်ဘဲ အရက်သောက်လိုက် စော်ပတ်လိုက်နဲ့ အာဝါဒါးလုပ်နေကြတာပါ။ ဒါပေမဲ့ သူတို့ထဲက သူငယ်ချင်းတစ်ယောက်က ကံကောင်းထောက်မပြီး ကောလိပ်ဝင်ခွင့်အောင်သွားတဲ့အတွက် မခံချင်စိတ်နဲ့ စာမလုပ်နိုင်ရင်လည်း အားကစားလုပ်နိုင်တယ်ဆိုပြီး ဘောင်ဆင်လို့ခေါ်တဲ့ အင်္ဂလိပ်လက်ဝှေ့ထိုးဖို့ကြံစည်ပြီး သူတို့မြို့က အားကစားရုံမှာ စာရင်းသွားသွင်းကြပါတယ်။ ပြည်နယ်အဆင့် အားကစားသမားဖြစ်ရင် အော်တိုမစ်တစ် ကောလိပ်ဝင်ခွင့်ရတဲ့သဘောရှိတဲ့အတွက် သူတို့လေလွင့်ကျောင်းသားတစ်သိုက် ကောလိပ်ဝင်ဖို့ကြိုးစားရင်း ဝါသနာကို ရှာတွေ့သွားပုံတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြပုံတွေ၊ လက်ဝှေ့ထိုးခန်း ခပ်မိုက်မိုက်တွေကို စိတ်အားတက်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တဲ့အတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Drama
7.1 2025 140 mins
Alappuzha Gymkhana