YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sword And Fairy 6 E06 720p WEB-DL CM.mp4

290.16 MB N/A video/mp4 307 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Girl and the Wooden Horse Torture
5.3

နာမီဆူချီယာဟာ စာတော်ပြီး ဆရာအရေးပေးခံရတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်ချို့ကျောင်းသူတွေမနာလိုဖြစ်ကြရအောင်လဲ သူတို့တွေကြိတ်ကြွေနေတဲ့ ခန့်ညားချောမောတဲ့ ဆရာဟာ နာမီ့အပေါ်ကို သိသိသာသာကြွေဆင်းနေခဲ့တာအမှန်ပါ။ ဆရာဟာ နာမီ့အပေါ်ကို စိတ်ကူးတွေယဉ်တယ်၊ နာမီကိုယ်တိုင်ကလဲ ဆရာက သူဒုက္ခရောက်နေတဲ့ အချိန်မှာ လာရောက်ကယ်တင်တတ်တဲ့အကြောင်း၊ ကယ်တင်ပြီးရင် သူ့ကိုရက်ရက်စက်စက်နှိပ်စက်ပြီးရင် မုဒိမ်းကျင့်ဖို့ကြိုးစားတဲ့အကြောင်း အိမ်မက်တွေမက်တတ်တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက နှောင်ဖွဲ့မှု စိတ္တဇတွေ နက်ရှိုင်းလာပါတော့တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့မှတ်ချက်တွေထဲမှာ ဂျပန်တွေဟာ လက်တွေ့ဘဝမှာ လိမ်မာယဉ်ကျေးကြတဲ့ အပြင်ပန်းမျက်နှာစာကို ကောင်းကောင်းထိန်းသိမ်းထားနိုင်ပြီးတော့ anime နဲ့ ရုပ်ရှင်တွေထဲမှာ စိတ်ကူးတွေကို ရိုင်းချင်တိုင်းရိုင်းကြမ်းချင်တိုင်းကြမ်းခွင့်ပေးထားတာ သိပ်ကြိုက်တယ်ဆိုတဲ့ တစ်ခုကိုသဘောကျမိပါတယ်။ ဒီကားထဲမှာလဲ စိတ်ကူးယဉ်တဲ့အခန်းတွေတင်မက၊ လက်တွေ့ကျကျဆက်ဆံခန်းတွေမှာပါကြမ်းချက်တွေကတော့ ရုပ်ရှင်ကားကြီးမှ ဟုတ်ရဲ့လားလို့ပြန်ကြည့်ရလောက်အောင်ကိုကြမ်းလွန်းတာပါ။ ဒါကိုက ဇာတ်ကားရဲ့အနှစ်ပါပဲ။ Dark Side ဖက်ခြမ်းကို ဖော်ပြရာမှာတော့ ဂျပန်ကားတွေက အရင်ကတည်းက ကြမ်းနေခဲ့တာပါပဲ။ ( Dark Side Production မှ တင်ဆက်သည်။) File Size : (1.5 GB) & (600 MB) Quality : WEB-DL 1080p & 720p Running Time : 01:08:01 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Thriller
5.3 1982 68 mins
The Girl and the Wooden Horse Torture
The Virgin Suicides
7.1

The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲ​ဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ညပါတီပွဲတက်ခွင့်ရတဲ့အခါမှာတော့... လှောင်အိမ်ထဲက ငှက်ကလေးတွေ ပျံဝဲရင်း ဘာတွေဆက်ဖြစ်မှာလဲ...? မိဘတွေကရော ဘာကြောင့် အဲ့လောက်ထိချုပ်ခြယ်တာလဲ...? သေဆုံးမှုမှာ ဘယ်သူက အဓိကတာဝန်ရှိတာလဲ...? စတဲ့အတွေးပေါင်းစုံနဲ့ 1970 ဝန်းကျင်လောက်ကို Retro Vibe နဲ့အတူ ပြန်သွားရင်း ယနေ့ခေတ်နဲ့ ယှဥ်ပြီး အတွေးနယ်ချဲ့လို့ကောင်းမယ့် ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ File size…(1.92GB)/(1B)/(470MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Northener

Drama • Romance
7.1 1999 97 mins
The Virgin Suicides
Sanam Re
6.3

နောက်ထပ် ဆက်တိုက်ညွှန်းချင်တာကတော့ ဒီကားလေးပေါ့နော် :P နာမည်ကြီး မင်းသား မင်းသမီးတွေလဲ မဟုတ်။ ဒါရိုက်တာ ထုတ်တဲ့ ကုမ္ပဏီကအစ တစ်ခုမှ မသိပဲ ဘာကြောင့်ကြည့်ဖြစ်သွားလဲဆိုတော့ Sanam Teri Kasam ကို အရမ်းစွဲလန်းနေချိန်မှာ နာမည် ဆင်တာလေးတစ်ခုကြောင့် ထရေလာကိုကြည့်ဖြစ်တယ် သီချင်းတွေရှာကြည့်ဖြစ်တယ်။ ကြည့်ဖြစ်သမျှလဲ အကုန်ကြိုက် ဘယ်တော့ထွက်မလဲ လက်ချိုးစောင့်နေဖူးခဲ့တာရယ်။ထရေလာလေးနဲ့ ကြည့်ဖြစ်သမျှ သီချင်းလေးတွေနဲ့ ဇာတ်လမ်းကို ဘယ်လိုဖြစ်လာ မလဲ ပုံဖော်ကြည့်ရတာက အရသာ တစ်မျိုး မဟုတ်လား။ သရုပ်ဆောင်တွေကလဲ တစ်ခါမှမမြင်ဖူးပေမယ့် အကုန်လုံး လက်ခံလို့ရတယ်။ အဓိက ဇာတ်ဆောင်မင်းသားက Ranbir Kapoor ပေါ်ကာစက ရုပ်မျိုး သူ့ထက် နည်းနည်းပိုချောတယ်။ မင်းသမီးဆိုရင် ပြောမနေနဲ့တော့ ငယ်ငယ်တုန်းက ရေလည်ကြွေခဲ့ရတဲ့ အကအလှ ဘုရင်မ လို့ လူတကာပြောကြတဲ့ Madhuri Dixit - Nene နုစဉ်အခါက ရုပ်မျိုး။ အဲ့ဒါတင်မကဘူး တစ်ခါတစ်လေ Juhi Chawla | Actress နဲ့ တူသလိုလို တစ်ခါတစ်လေကျတော့လဲ Sonali Bendre နဲ့လဲ တူပြန်တယ်။အဲ့ဒီလို တူတယ်ဆိုတာ ကိုယ်တို့နှစ်ယောက်လုံး သဘောချင်းညီနေတာ မယုံရင်တော့ ကြည့်ကြ။ ဇာတ်ပို့လို့ပြောရမယ့် ဒုတိယမင်းသမီး တစ်ယောက်ကတော့ ပြီးခဲ့တဲ့ နှစ်က miss universe ကို အိန္ဒိယ ကိုယ်စားပြုသွားပြိုင်ထားတာ။ မျက်နှာပေါက်က အရိုင်းဆန်ဆန် ကိုယ်လုံးကတော့ ရေလည်လှ။ very hot ပေါ့နော် :P နောက်ထပ် ချီးကျူးချင်တာက အဲ့ဒီ သရုပ်ဆောင် သုံးယောက်လုံးဟာ တစ်ယောက်အပေါ်တစ်ယောက် chemistry ရှိပြီး သရုပ်ဆောင်ချက်တွေဟာလဲ အသစ်တွေ အနေနဲ့ ပိုင်နိုင်ခဲ့ပါတယ်။ ဒီကားက ဂွမ်းတယ်ဆိုရင် script , director , editing ကြောင့်လို့ ပြောရလိမ့်မယ်။ အစကနေ အဆုံးထိ သည်းခံကြည့်ရင် ဇာတ်လမ်းမဆိုးဘူးဆိုတာ လက်ခံရလိမ့်မယ်။ သရုပ်ဆောင်တွေလဲ ကောင်းကြတယ်။ ဒါပေမယ့် အထက်က ပြောခဲ့တဲ့ သုံးမျိုးကြောင့်လာ မသိ ဇာတ်လမ်းကိုကြည့်ရတာ ကန်သင်းရိုး ပေါ် နောက်ပြန်ပစ်ထားတဲ့ အုတ်ခဲကျိုးတွေလိုပဲ။ ဦးတည်ချက်က မမှန် ဟိုရောက်လိုက် ဒီရောက်လိုက် ဘာကိုပြောလို့ ဘာကိုပြချင် မှန်း မသိ။ မင်းသား နဲ့ မင်းသမီးက အသက်ပေးရအောင် ချစ်တယ်ဆိုလဲ ဘာကြောင့် အဲ့လောက် ချစ်သွားတာလဲဆိုတာကို လူယုံအောင် မလုပ်ပြနိုင်။ ဒါရိုက်တာက အမျိုးသမီးပါ။ ရှေ့ကလဲ တစ်ကားရိုက်ဖူးတယ်။ သူကိုယ်တိုင်လဲ တော်တော်လှပါတယ်။ IMDb က တစ်ယောက်ကတော့ ထောပနာပြုသွားတယ်။ သူ့လင်က ထုတ်လုပ်ရေးပိုင်လို့ ဒါရိုက်တာအဖြစ် ထင်တိုင်းကြဲခွင့်ရနေတာ ဆိုပဲ။ ဟုတ်လောက်တယ်... ဒီကားကြည့်ပြီး အစအဆုံးထိုင်ရယ်နေတာ။ ဇာတ်သိမ်းကာနီးမှ မင်းသမီးကို မုဒ်အပြည့်နဲ့ ငိုနေတာ အားနာလို့ ငြိမ်ပေးလိုက်ရတဲ့အဖြစ်။ မင်းသား မင်းသမီး ဘယ်လောက်ကောင်းကောင်း ဘယ်လောက်တော်တော် ဒါရိုက်တာ သတ်ရင် ရတယ်ဆိုတာ အခုမှ နားလည်တယ်။အခုလဲ ဒီကားထဲက သရုပ်ဆောင်တွေကို စပ်မြင်ကပ်လို့ ခေါ်သတ်လိုက်တယ်လို့တောင်ယူဆလို့ရတယ်။ IMDb 3.1 ပါ။ File size…(2 GB)/(870 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:55:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Action • Comedy • Horror
6.3 2016 120 mins
Sanam Re
Urban Myths
6.9

ဒီဟော်ရာဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသလို ပါတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကြီး Idol တွေဖြစ်တဲ့ Monsta x - Shownu WJSN - Seola, Exy BTOB - Minhyuk TheBoyz - Haknyeon Golden Child - JaeHyun Lovelyz - SeoJisoo Alexa ,OhMyGirl - Arin တို့ပါဝင်ထားတာမို့ သူ့ဖန်တွေအတွက်တော့ ပျော်စရာပါပဲ...ပြီးတော့ မတူညီတဲ့ ဟော်ရာဇာတ်လမ်းတိုတွေနဲ့ ဖွဲ့စည်းထားတာမို့ တစ်ခုချင်းမှာ တစ်မျိုးထိတ်လန့်စရာကောင်းတယ်...အပျော်ဂိမ်းကစားကြရင်း သရဲဝင်ပူးတာတွေ...အိမ်နီချင်းမှာ သရဲဖြစ်နေတာတွေ...လူသတ်ပြီး အလောင်းဖျောက်ရင်း မလွတ်မကျွတ်တဲ့သရဲက ပြန်ပြီးသတ်တဲ့အဖြစ်မျိုးတွေမို့ horror ဇာတ်လမ်းကြိုက်သူတို့ ကြည့်ကြပါ... File Size : (2.2GB)(542MB) and (232 MB) Quality : WEB-DL1080P,720p Format…mp4 Duration…02:03:00 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Nu Swe Encoded by Phyo Pyae

Drama • Romance • Thriller
6.9 2022 122 mins
Urban Myths
Romance with a Twist
6.7

Romance with a Twist (2024) ဗန်ဂိုးရဲ့ Starry night ပန်းချီကားလို The Thinker ဆိုတဲ့ရုပ်ထုလို အနုပညာရှင်စစ်စစ်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ဇာတ်လမ်းတစ်ခုခုကို ပြောပြချင်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ဟာ စည်းတွေဘောင်တွေနဲ့နေတာများလာပြီး လွပ်လပ်တဲ့အနုပညာကို မခံစားတတ်ကြတော့ပါဘူး။ ခု 2024 မှထွက်လာတဲ့ ဒီ အချစ်ကားလေးဟာလဲ အနုပညာအလုပ်နဲ့ အသက်မွေးနေပေမဲ့ စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တဲ့ မင်းသားရယ် အရာရာကို လိုက်ခံစားတတ်တဲ့မင်းသမီးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘန်းနက်ဆိုတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင် တစ်ယောက်ဟာ သူ့မွေးရပ်မြေမြို့လေးဆီက အနုပညာပြပွဲအတွက်ပြန်လာဖို့ ပွဲလက်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူနဲ့တွဲကတဲ့ အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါမှာ အကကိုစိတ်ဝင်စားပေမဲ့ အကလောကကနေထွက်ခွာပြီး ဆောက်လုပ်ရေးဘက်လုပ်နေတဲ့ လူနာ ဆိုတဲ့အမျိုးသမီးကို အရေးပေါ်အကကျင့်ပေးရတော့မယ်ဆိုတော့ ဘာတွေဘယ်လိုဒုက္ခတွေ အခက်ခဲတွေတွေ့ပြီး ပွဲကိုဖြစ်အောင်မြောက်အောင်လုပ်မလဲ။ ဘန်းနက်နဲ့ လူနာ ကြားက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဘာတွေထိခိုက်ပြီး ဘယ်လိုပြန်ပြီး အဖတ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။ Romance အချစ်ကားလေးဖြစ်တဲ့အပြင် 2024 ကမှထွက်ထားပြီး IMDB rating 6.8 ထိတောင်ရထားတာဆိုတော့ ကြည့်ရတာ တန်မဲ့ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 703MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

6.7 2024
Romance with a Twist
No Way Up

No Way Up (2024) လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။ သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Action, Horror, Thriller Quality…. 1080p | 720p File size… 1.3GB | 631MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2024
No Way Up
Carousel

CM ပရိသတ်ကြီးကို ဆွီဒင်စကားပြော Horror ရုပ်ရှင်ကောင်း တစ်ကားဖြစ်တဲ့ Carousel (Karusell) နဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ဇာတ်ကြောင်း လစ္စဘတ်အမည်ရ ကစားကွင်း ပန်းခြံကျယ်ကြီးမှာ အလုပ်လုပ်တဲ့ ဖီအိုနာတစ်ယောက် တစ်နေ့မှာ ဟောလိုဝင်းအကြို ဖွင့်ပွဲမတိုင်ခင် အစမ်းကစားခွင့် မဲပေါက်တဲ့ အထူးဧည့်သည်တွေကို ညပိုင်းလိုက်လံ ပြသပို့ဆောင်ပေးဖို့ တာဝန်အပေးခံရပါတယ်။ ဖြစ်ချင်တော့ မဲပေါက်တဲ့ ဧည့်သည်အုပ်စုက ဖီအိုနာရဲ့ အရင်က သူငယ်ချင်းဟောင်းတွေ ဖြစ်နေတာပါ။ အရင်က ပါတီတစ်ခုမှာ အုပ်စုလိုက် အပျော်လွန်ပြီး သူငယ်ချင်းတစ်ယောက် စိတ်ကြွဆေး အသုံးလွန် မတော်တဆမှု ဖြစ်ပြီးတဲ့နောက်ပိုင်း အချင်းချင်း အပြစ်တင် ခွာပြဲပြီး အဆက်အသွယ်ပြတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ သေဆုံးမှု တစ်နှစ်ပြည့်နေ့မှာ တိုက်ဆိုင်စွာနဲ့ သူတို့တွေ အုပ်စုလိုက် ပြန်လည်ဆုံတွေ့မှုမှာ ဘာတွေ ဆက်ဖြစ်လာဦးမလဲ။ ဘယ်လိုထိတ်လန့်ကြောက်ရွံ့စရာတွေ ကြုံကြမလဲဆိုတာ…။ File size…1.37GB / 600MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Thriller
0 2023 93 mins
Carousel
Declaration of War
7

‘ချစ်ခြင်းဖြင့်ဖွဲ့သီသော’ CM ပရိတ်သတ်ကြီးရေ ဇာတ်လမ်းထဲက မိဘတစ်ယောက်ရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှုသူကိုကူးစက်လာအောင်အထိ ရိုက်ပြတဲ့ဇာတ်လမ်းမျိုးမြည်းစမ်းကြည့်လိုပါသလား။ မိဘတွေဟာ သားသမီးအပေါ်ဘယ်လိုပေးဆပ်ကြောင်း မိနစ် ၁၀၀ လောက် ကောင်းကောင်းကြီးတွေ့ကြုံလိုပါသလား။ ဒါဆိုရင်တော့ ဒီရုပ်ရှင်လေးနဲ့ကိုယ်တိုင်ခံစားကြည့်ပါလို့ပြောပါရစေ။ ဇာတ်ကားနာမည်က စစ်ကြေညာစာတမ်းတဲ့ ဒါပေမယ့် ဘယ်စစ်ပွဲမှလည်းမတိုက်သလို သတ်တာပုတ်တာလည်းတစ်ခုမှမပါပါဘူး။ ရှိတ်စပီးယားရဲ့ရိုမီယိုနဲ့ဂျူးလိယက်ဟာ အချစ်အတွက်မိဘတွေကိုစစ်ခင်းခဲ့ကြသလိုပဲ (တင်စားပြောတာဟ) ဒီတစ်ခေါက် IMDB 7 ရရှိထားပြီး ၂၀၁၁ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ထဲက ရိုမီယိုနဲ့ဂျူးလိယက်တို့ဟာလည်း သူတို့သားလေးအတွက် Brain Tumor နဲ့စစ်ခင်းရင်း မေတ္တာဆိုတာဘာလဲနဲ့ သစ္စာတွေ ယုံကြည်မှုတွေဆိုတဲ့ စကားလုံးတွေကိုနောက်ခံတေးဂီတကောင်းကောင်းနဲ့ ဆွတ်ပျံ့ဖွယ်ဖော်ကျူးထားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။ တင်ပြပုံကောင်းသလို ပိုပြီးအံ့သြဖို့ကောင်းတာက ဒီရုပ်ရှင်ထဲကမင်းသားမင်းသမီးဟာ အပြင်မှာတကယ့်လင်မယားတွေဖြစ်ပြီး ဒီရုပ်ရှင်ထဲကအဖြစ်အပျက်တွေဟာလည်း တကယ့်လက်တွေ့ဘဝက သူတို့ရဲ့ကင်ဆာရောဂါရှင်သားဦးလေးနဲ့အတူ ဘဝဖြတ်သန်းခဲ့ရပုံဖြစ်ရပ်မှန်တွေကိုရိုက်ပြထားတာဖြစ်ပါတယ်။ ဒီတော့ အများကြီးမညွှန်းတော့ဘူး။ တစ်ခုပဲသတိပေးချင်တာက ပြင်သစ်ရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း အသံက ရုတ်တရက်ဆောင့်ဆောင့်ထွက်လာတတ်တာလေးတစ်ခုပါပဲ။ ကျွန်တော်ကတော့ Alex666 ပါ။ ရှုစားလိုက်ကြပါဦး။ File size…(1.6 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex666

Thriller • Horror
7 2001 100 mins
Declaration of War
Cypher

သာမန်ကျေးလက်ဘဝလေးကို စိတ်ကုန်နေတဲ့ မော်ဂန်ဆူလီဗန်ဆိုတဲ့ လူတစ်ယောက်က အန္တရာယ်သိပ်များတဲ့ ကော်ပိုရိတ်ထောက်လှမ်းရေးအလုပ်တစ်ခုကို လုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ ဒီဂီခေါ့အတွက် ထောက်လှမ်းရေးစပိုင်လုပ်ရင်း ပြိုင်ဘက််အဖွဲ့အစည်းက ရီတာဖိုစတာဆိုတဲ့ ကောင်မလေးနဲ့ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် မော်ဂန်ဆူလီဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျရမီနော်သန်ဟာ Sitges ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီကားနဲ့ ရရှိထားပါတယ် ဒီကားဟာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းမြုပ်ကွက်တွေကြောင့် ဝေဖန်မှုတွေ အများကြီးရထားတဲ့ ဇာတ်ကားတစ်ကားလဲ ဖြစ်တာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ File size…(2 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Crime • Comedy
0 2002
Cypher
Narcotics Heroes
5.8

ရဲအရာရှိယိယုံကျန့်ဟာ တာဝန်ပြီးဆုံးလို့ ခွင့်ရက်ရှည်ယူချင်နေပေမယ့် မူးယစ်ဆေးဝါအသစ်တစ်မျိုးပေါ်လာတဲ့အတွက် အန်းယင်ဆိုတဲ့ အတိတ်ကမြို့လေးဆီပြန်သွားရဖို့ဖြစ်လာခဲ့တယ်။ အရင်မူးယစ်ဆေးတွေထပ် အာနိသင်ပြင်းတဲ့ ကောင်းကင်ဘုံငှက်လို့ခေါ်တဲ့ ဒီဆေးဟာ ဆေးသုံးသူတွေကြားမှာအရမ်းရောင်းရနေပြီးတော့ ဆေးလွန်ပြီးသေတဲ့လူငယ်တွေလဲများလာခဲ့တယ်။ အဲဒါကြောင့် မူးယစ်ဆေးကြောင့် ဒုက္ခရောက်တဲ့သူတွေထပ်မရှိလာဖို့ လူငယ်တွေကိုကယ်တင်ဖို့အတွက် မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့အတွက် ဒီမူးယစ်ဆေးရောင်းသူတွေကိုဖော်ထုတ်ဖို့ အရမ်းအရေးကြီးလာခဲ့တယ်။ ရဲအရာရှိယိဟာ သဲလွန်စတွေနောက်လိုက်ရင်း သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဟာ မူးယစ်ဆေးဖြန့်ချီရေးနဲ့ပတ်သက်နေတဲ့ ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေတာသိလိုက်ရတယ်။ မွေးရာပါရောဂါဖြစ်နေတဲ့သားလေးအတွက် ဘာမဆိုလုပ်ဝံ့တဲ့သူငယ်ချင်းကို အမှားတွေဆက်မလုပ်ဖို့တားရင်း ကြီးမားတဲ့မူးယစ်ဆေးဂိုဏ်းကြီးကို ဖော်ထုတ်တဲ့ မှုခင်းဇာတ်လမ်းဖြစ်ပါတယ်။

5.8 2023
Narcotics Heroes
Adventures of the Naked Umbrella
5.2

Adventures of the Naked Umbrella (2023) Original ဆန်ပြီးတော့ ဇာတ်ကွက်ပိုင်း သိပ်မနက်နဲ့ဘဲ ပျော်ပျော်ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မီးစိတ္တဇရောဂါသည်တစ်ဦးအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆမ်ဝတူစကီဆိုတဲ့ သူဟာ မီးမြင်ရင် စိတ်ထဖောက်ပြီး အပြစ်ကျူးလွန်တတ်တာကြောင့် အစိုးရကနေ သုံးကြိမ်တိုင်တိုင် ပစ်ဒဏ်ချတာခံရသူဖြစ်ပါတယ်။ ခံဝန်ကတိနဲ့ လွတ်လာတဲ့ဆမ်ဟာ နောက်ပိုင်းမှာ သူ့အိမ်ထဲမှာပဲနေပြီး အွန်လိုင်ပေါ်က သူ့ရဲ့စကားပြောပွဲကနေတစ်ဆင့် လုပ်ကြံဇာတ်လမ်းတွေ အရေမရမဖတ်မရတွေကို ထိုင်ပြီးပြောလာခဲ့ပါတယ်။ တစ်နေ့မှာ သူလုပ်နေကျ စကားပွဲကိုလုပ်နေတုန်း အိမ်က ရုတ်တရက်မီးပျက်သွားပါတယ်။ သူ့ရဲ့မီးစက်ပျက်လို့ ပြင်ဖို့လုပ်တဲ့အချိန်မှာပဲ သူ့နောက်တွဲအိမ်ထပေါက်သွားပြီး သူ့ရဲ့ကမ္ဘာကြီးပျက်စီးသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ရဲ့စကားပြောပွဲမှာ ဂြိုဟ်သားတွေအကြောင်း တစ်စွန်းတစ်စထည့်ပြောခဲ့တာပါ။ ဒါကို တိုက်ဆိုင်မှုပေါင်းများစွာကြောင့် သံသယဝင်သွားတဲ့ ဆမ်ဟာ သူ့ရဲ့လုပ်ကြံဇာတ်လမ်းနဲ့ သူထောင်ချောက်ပြန်ဆင်ခံရတာလားဆိုတာကို အဖြေရှာဖို့ ရှာပုံတော်ထွက်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.3 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Science-Fiction Duration….01:41:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

5.2 2023 97 mins
Adventures of the Naked Umbrella
Suky
6

လက်ဝှေ့တို့ ဖိုက်တင်တို့ကိုမှကြိုက်တဲ့ ခပ်ကြမ်းကြမ်းဘဲကြီးတွေ အတွက် Suky ဆိုတဲ့ နိုက်ဂျီးရီးယား ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နိုက်ဂျီးရီးယားဆိုပေမဲ့ အထင်တော့မသေးလိုက်ပါနဲ့။ မထင်ရင်မထင်သလို ဇာတ်လမ်းကောင်းကြီးတွေချပြလေ့ရှိလို့ နိုင်ငံတကာရုပ်ရှင်လောကက စောင့်ကြည့်နေရတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။အခုဇာတ်ကားလေးကလည်း အစပိုင်းတော့ဟင်ခနဲ ဟာခနဲဖြစ်ရပေမဲ့ နောက်ပိုင်းမှာဇာတ်လမ်း ဇာတ်ကွက်တော်တော်ကောင်းလာပြီး မြင်တွေ့နေကျ ဇာတ်ညွှန်းတွေနဲ့ကွဲထွက်နေတဲ့အတွက် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဆူကီဆိုတဲ့ကောင်လေးတစ်ယောက်က လက်ဝှေ့သမားတစ်ဖြစ်လဲ လက်ဝှေ့ဆရာသူ့အဖေကိုအားကျပြီး လက်ဝှေ့သမားကြီးဖြစ်ချင် နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်သူ့အဖေကလုပ်ပွဲတွေထိုးနေမှန်း သိသွားတဲ့အခါမှာတော့ အဖေဖြစ်သူနဲ့အဲ့ဒီအကြောင်းပြောဖြစ်ပြီး နောက်နေ့မှာတော့ သားရဲ့စကားတွေကြောင့် သူ့အဖေအနိုင်ရအောင်ထိုးသတ်ခဲ့ ပါတော့တယ်။ဒါပေမယ့်အဲ့ဒီအကျိုးဆက်ကြောင့် သူ့ရှေ့မှာတင် သူ့အဖေကိုလူဆိုးတွေကလာသတ်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် သူ့အဖေကိုသတ်သွားခဲ့တဲ့လူကိုရအောင်ပြန်သတ်မယ်လို့ ကြုံးဝါးရင်းနဲ့ ၁၂ နှစ်ကြာတဲ့အခါမှာ မွေးစားအိမ်မှာနေထိုင်နေပြီး သူ့ကိုယ်သူအသင့်ပြင်နေခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီလူဆိုးတွေကပဲ သူ့မွေးစားမိဘတွေကိုထပ်သတ်သွားပြန်ပြီး သူ့ကိုပါထောင်ထဲ ရောက်အောင်အကွက်ချခဲ့ပါတော့တယ်။ ဇာတ်လမ်းကြီးကဒီလိုကြီးမလို့မကောင်းဘူးလို့တော့မထင်လိုက်ပါနဲ့။ သူထောင်ထဲရောက်မှသာ ဇာတ်လမ်းကတကယ်စပြီး ဆူကီတစ်ယောက် သူလိုချင်တဲ့ သူ့အဖေအတွက်လက်စားချေပေးမဲ့ပန်းတိုင်ဆီကို ရောက်အောင် ကြိုးစားရုန်းကန်ရပုံတွေကို ထောင်တွင်းကခက်ခဲ ကြမ်းတမ်းမှုတွေနဲ့အတူရှုစားရဦးမှာဖြစ်ပါတယ်။ File size… (1.77 GB) / (1.07 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre …. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror • Adventure • Science Fiction
6 2025 109 mins
Suky
Susheela Sujeet
5.5

Susheela-Sujeet (2025) – အခန်းထဲက ကံကြမ္မာ Imdb -5.6 ဒီကားကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယမာရသီဘာသာစကား ရုပ်ရှင် ဖြစ်ပြီး ကြည့်ရှုသူတွေကို ပေါ့ပေါ့ပါးပါး ရယ်မောစေနိုင်တဲ့ ဟာသဒရာမာ တစ်ကားအဖြစ် ဖန်တီးတင်ဆက်ထားပါတယ် နေ့စဉ်ဘဝရဲ့ ရိုးရှင်းတဲ့ အခြေအနေတစ်ခုကနေ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ဖော်ကျူးထားတာကြောင့် အချစ်ကား ဒရာမာကားကြိုက်သူတိုင်းအတွက် သင့်တော်ပါတယ်ရှင် ဇာတ်လမ်းအကျဉ်းကတော့ ရိုးသားတဲ့ အိမ်ရှင်မ ဆူရှီလာနဲ့ အတွေ့အကြုံနည်းပါးသေးတဲ့ ရေပိုက်ပြင်သမားလေး ဆူဂျိတို့နဲ့ အစပြုထားပါတယ် ဆူရှီလာရဲ့ ရေချိုးခန်းပြွန် ပေါက်ပြဲနေတာကို ပြင်ဆင်ဖို့ ဆူဂျစ်ရောက်လာချိန်မှာ လက်ကိုင်တံခါးကပါမကောင်းနေတာကြောင့် မထင်မှတ်ဘဲ သူတို့နှစ်ဦးက အခန်းတစ်ခန်းထဲမှာ အတူပိတ်မိသွားပါတော့တယ် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး ဖုန်းတွေလည်း မပါကြတဲ့ အခြေအနေမှာ အချိန်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ဟာ အပြင်ထွက်ဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားပုံတွေကို အူနာအောင်ရယ်နေရမှာပါ ရေပိုက်ပြင်သမားလေး ဆူဂျစ်က ပုံမှန်အားဖြင့်တော့ ရိုးအအနိုင်ပြီး ဆူရှီလာကတော့ အိမ်ရှင်မပီပီ စိတ်ရှုပ်ထွေးတတ်သူတစ်ဦးပါ ကနဦးမှာတော့ တစ်ယောက်နဲ့တစ်ယောက် စိမ်းကားခဲ့ကြပြီး အမြင်မကြည်လင်မှုတွေ ရှိခဲ့ကြပေမဲ့ အခန်းထဲမှာ ပိတ်မိနေတဲ့ အချိန်တွေကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးရဲ့ အတွေးအမြင်တွေ ခံစားချက်တွေနဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေကို ဝေမျှရင်း ပိုမိုနားလည်လာကြပါတယ် ဒီလို မထင်မှတ်တဲ့ အခြေအနေကနေ ဖြစ်ပေါ်လာတဲ့ ပေါ့ပါးတဲ့ ဟာသဇာတ်ဝင်ခန်းတွေ စိတ်ခံစားမှုလှိုင်းဂယက်တွေနဲ့ မမျှော်လင့်ထားတဲ့ အချစ်ရေးရာ လှည့်ကွက်တွေက ဇာတ်ကားကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ် သူတို့နှစ်ဦးရဲ့ ဘဝနဲ့ ဆက်ဆံရေးအပေါ် ဒီဖြစ်ရပ်က ဘယ်လို သက်ရောက်မှုရှိလာမလဲ ဘယ်လိုပြန်လွတ်မြောက်ပြီး ဘာဆက်ဖြစ်မလဲဆိုတာကို ရယ်မောပျော်ရွှင်ဖွယ် တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Horror
5.5 2025 92 mins
Susheela Sujeet
Fierce Killer Marsupial

IMDB Rating – “2.2/10” ဒီရုပ်ရှင်ဟာ သြစတြေးလျရဲ့ ရိုးရာပုံပြင်ထဲက drop bear ဆိုတဲ့ သတ္တဝါကို အခြေခံပြီး ရိုက်ကူးထားတဲ့ comedy horror ဇာတ်ကားတစ်ကားပါ။ Anthony Darvall နဲ့ Annabelle Andrew တို့က paranormal vlogger နှစ်ယောက်အနေနဲ့ သြစတြေးလျ outback မှာ drop bear ဆိုတဲ့ ဒဏ္ဍာရီသတ္တဝါကို လိုက်ရှာကြတဲ့ အခန်းတွေကို ရိုက်ပြထားပါတယ်။ ဒါပေမယ့် drop bear ဟာ သြစတြေးလျမှာ ခရီးသွားတွေကို ခြောက်လှန့်ဖို့ ဖန်တီးထားတဲ့ ပုံပြင်တစ်ခုသာ ဖြစ်ပေမယ့် ဒီဇာတ်ကားမှာတော့ တကယ့်ဘေးအန္တရာယ်ရှိတဲ့ သတ္တဝါအဖြစ် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းက ၁ နာရီ ၂၆ မိနစ်ကြာပြီး Frank Maljevac ရိုက်ကူးထားပါတယ်။ ဒါပေမယ့် production value နဲ့ သရုပ်ဆောင်မှုတွေက နိမ့်ကျပြီး B-grade horror comedy တစ်ကားလို ခံစားရပါတယ်။ သရုပ်ဆောင်တွေရဲ့ အင်္ဂလိပ်စကားပြောဆိုမှုကလည်း သဘာဝမကျသလို၊ အမြင်သက်သေတွေကလည်း အတော်လေး အနည်းပါးပါ။ တကယ်လို့ သာမန် horror comedy တွေကို စိတ်ဝင်စားသူဆိုရင် စမ်းကြည့်သင့်ပေမယ့် အရည်အသွေးမြင့် ရုပ်ရှင်မျိုးမျိုးကို မျှော်လင့်နေသူတွေအတွက်တော့ မလွယ်ကူပါဘူး။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 2025
Fierce Killer Marsupial
Tenu Ghodi Kinney Chadaya
4.1

Tenu Ghodi Kinney Chadaya 2025 ( ဘန်တီနှင့် ဘာဘီတို့ရဲ့ မင်္ဂလာဆောင်ပွဲလေး) ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ပန်ချာပီ ဟာသကားလေးဖြစ်ပါတယ်။ ဘဝမှာ အိပ်မက်တစ်ခုပဲရှိပါတယ်၊ အဲဒီအိပ်မက်ကတော့ မိန်းမယူချင်တာပါဆိုတဲ့ ဘန်တေဆိုတဲ့ ကောင်လေးဟာ ရွာပတ်ဝန်းကျင်မှာပါ ဂုဏ်သတင်းတစ်ခုနဲ့ နေတဲ့ ဇိုရာဝါဆင်းဂ်ဆိုတဲ့ လူကြီးရဲ့ မြေးမလေး ဘာဘီနဲ့ လက်ထပ်ဖို့အတွက် ဖြစ်လာပါတော့တယ်။ မင်္ဂလာပွဲလုပ်ဖို့အတွက် ဘန်တေတစ်ယောက် ဘာဘီရှိရာ ရွာလေးကို ရောက်လာခဲ့ပါတော့တယ်။ အဲဒီမှာ ဇိုရာဝါဆင်းဂ်တို့ အိမ်က စားပွဲထိုးတဲ့သူတွေအကုန်လုံးဟာ သေနတ်ကိုယ်စီကိုင်ထားတာကို ထူးဆန်းစွာ တွေ့လိုက်ရပါတယ်။ ဒီနောက်မှာတော့ ဇိုရာဝါဆင်းဂ်ရဲ့ လူတွေဟာ ဘန်တေ့ကို မင်္ဂလာပွဲကနေ ပြန်ပေးဆွဲသွားရာက ဘာဘီတစ်ယောက် သူ့ သတို့သားလောင်းလေးကို ဘယ်လို ဘယ်ပုံ လိုက်လို့ရှာမလဲဆိုတာကို ဟာသလေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ V~ KKKZ~ Zwe Yan တို့ပဲဖြစ်ပါတယ်)

Action • Adventure
4.1 2025
Tenu Ghodi Kinney Chadaya