YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Switch On (2021)EP.8.mp4

319.75 MB N/A video/mp4 419 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Excision
6.2

Horror Movies တွေရိုက်ကူးတဲ့ ဒါရိုက်တာ Richard Bates,Jr ရိုက်ကူးထားတဲ့Horror/Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ AnnaLynne McCord ကတော့ဒီထဲမှာ ပေါ်လင် ဆိုတဲ့ ကောင်မလေးနေရာကနေသရုပ်ဆောင်ထားပါတယ် 2012 ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ rating လည်း အသင့်အတင့်ရရှိထားတဲ့ကားလေးပါပေါ်လင်မှာ ညီမလေးတစ်ယောက်ရှိပြီးတော့ ဆယ်ကျော်သက်အရွယ်လေးတွေပေါ့ အရာရာကို လက်တည့်စမ်းချင်ကြတဲ့အရွယ်ဖြစ်ပြီးတော့ ပေါ်လင်မှာက ထူးထူးခြားခြားစိတ်ကူးယဉ်လိင်စိတ်တက်ကြွမှုလေးတစ်ခုရှိနေတာပဲ စည်းကမ်းတင်းကြပ်ပြီ မိန်းမကောင်းလေးတွေဖြစ်ဖို့ ရှေးရိုးစွဲနေတဲ့ အမေနဲ့ကျောင်းတွင်းဆက်ဆံရေးအခြေအနေလေးတွေကနေ ပေါ်လင်တစ်ယောက် ဘာတွေလုပ်မိမှာလဲ...... မိဘ မောင်နှမ သူငယ်ချင်း အားလုံးနဲ့ ဘယ်လိုဆက်ဆံရေးတွေရှိပြီးတော့သူ့ရဲ့ စိတ်ကူးတွေ ရည်မှန်းချင်တွေကို ဘယ်လိုရအောင် အကောင်အထည်ဖော်မလဲ...... စတာတွေကို ရိုက်ကူးပုံဖော်ထားတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(960 MB)/(440 MB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

6.2 2012 81 mins
Excision
Zoom
5.3

ဒီတစ်ခါမိတ်ဆက်​ပေးမယ့် ကား​လေးက​တော့ Facebook Short Clip ​လေး​တွေမှာ ခဏခဏ​တွေ့​​နေရ​လေ့ရှိပြီး ကျွန်တော်တို့တွေ ငယ်ငယ်က ကြည့်ဖူးလောက်ကြမယ့် စူပါဟီးရိုးဇာတ်လမ်း​လေးဖြစ်တဲ့ Zoom ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အတိတ်က ဂမ်မာ​ရောင်ခြည်စမ်းသပ်မှုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ် အစ်ကိုလည်းဖြစ်သူ ကွန်ကားရှင်းတစ်​ယောက် စိတ်ရိုင်းဝင်သွားတာကို တိုက်ခိုက်ရင်း စွမ်းအင်​ပျောက်သွားတဲ့ ဟီးရိုး ဇွန်းမ် တစ်​ယောက် ဂျက်အဖြစ် သာမန်လူအနေနဲ့ အလုပ်လုပ်ရင်း ဇာတ်မြုပ်​နေရာက​နေ ​ကွန်းကားရှင်းတစ်​ယောက် ကမ္ဘာ​မြေဆီ နှစ် ၃၀​လောက် အကြာမှ ပြန်​ပေါ်လာမယ်လို့ ​ခြေရာခံမိသွားချိန်မှာ သူနဲ့ ယှဥ်ဖို့ စွမ်းအားသစ်ပိုင်ရှင် က​​​လေး​တွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့သစ်ကို ​လေ့ကျင့်​ပေးဖို့ တာဝန်ကျလာတဲ့အခါ... အဖွဲ့ဝင်သစ်​တွေနဲ့ ဘယ်လိုအခက်အခဲ​တွေ ရင်ဆိုင်ရမလဲ... ​နောက်ဆုံး ​အောင်မြင်မှုရရှိခဲ့လားဆိုတာကိုကြည့်ရမယ့် ဟာသ စူပါးဟီးရိုးကား​လေး တစ်ကားပဲဖြစ်ပါတယ်။ ရုပ်ရှင်ပရိသတ်တိုင်းနဲ့ မကင်းတဲ့ Toy Story ကား‌တွေထဲက Buzz Lightyear အသံသရုပ်ဆောင် Tim Allen, ဂန္ထဝင်မြောက် Sitcom တစ်ခုဖြစ်တဲ့ FRIENDS မှာ Monica အနေနဲ့ သိခဲ့ကြတဲ့ မမ Courtney Cox တို့ ဦးဆောင်ပါဝင်ထားတာဖြစ်တာမို့ Rating မကောင်းတောင် Nostalgic ဖြစ်စေမယ့် ကားဟောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.7GB, 1GB Quality - 1080p, 720p Format - mp4 Duration - 1H 23Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Comedy • Drama • Romance
5.3 2006 83 mins
Zoom
La traversée
6.1

ပြင်သစ်စကားပြော ဟာသဇာတ်ကားလေးဖြစ်ပြီးတော့ IMDb 5.5 ရထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ငါးယောက်နဲ့အတူတူ ပင်လယ်ကို လေ့လာရေးခရီးထွက်လာတဲ့ နည်းပြနှစ်ယောက်ရယ် မာလိန်မှူး ရဲဝန်ထမ်းဟောင်းတစ်ယောက်ရယ် သင်္ဘောပေါ်မှာ ဖြစ်ပျက်ကြတာတွေကို ရိုက်ကူးထားတာပါ။ ဆယ်ကျော်သက်အရွယ်တွေ ဆိုးသွမ်းကြတာကို သည်းမခံနိုင်တဲ့ ရဲဝန်ထမ်းဟောင်းရယ် ကလေးတွေရယ် ပင်လယ်ထဲက သင်္ဘောပေါ်မှာ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.8GB | 963MB | 463MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Drama
6.1 2022 109 mins
La traversée
Predator

Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။ သူ့နောက်မှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) နဲ့ Prey (2022) တို့ အသီးသီး ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) နဲ့ Alien vs. Predator: Requiem (2007) တို့ပါ။ မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ်ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ်ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အမေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါတယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက်ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ်သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ်တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(11 GB)/(3.6 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:46:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Drama • History • War
null 1987 106 mins
Predator
Deep in the Forest
3.5

ရုပ်ရှင်အကြောင်းမပြောခင် IMDb Ratingအကြောင်း အရင်စချင်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် သိပ်ကောင်းတဲ့ ရုပ်ရှင်မို့ပါပဲ။ IMDb Ratingတွေဟာ တော်တော်မယုံရတဲ့ထဲပါပါတယ်။ ဥပမာ ထိပ်ဆုံးကားတွေထဲ ထပ်ခါတလဲလဲရိုက်နေတဲ့ လင်းနို့လူသားကားကို မူးနောက်နေအောင်ရိုက်တတ်တဲ့ လူက ရိုက်ထားတဲ့ကားလည်း ပါပါတယ်။ အခန်းလေးထဲတင် စကားများပြီး ပြီးသွားတဲ့ အဖြူအမဲကားလည်းပါပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ ဘာဇာတ်အိမ်မှရေရေရာရာမရှိတဲ့ ရိုက်တာတောင် လက်မငြိမ်တဲ့ တရုတ်ကားတွေ ၊ ကြာခိုတာကို နစ်နာရီလောက်ရိုက်ပြသွားတဲ့ တရုတ်ကားတွေ ၊ မိသားစုတစ်ခုထဲက မထူးမဆန်းဟာတွေကို ရိုက်ပြပြီး ပြီးသွားတဲ့ ဂျပန်ကားတွေက rating 8တွေအထိနေရတာပါပဲ ။ Ratingအတိုင်း ယုံရတာ mcuရုပ်ရှင်တွေနဲ့ ကုလားကားတွေလောက်ပဲရှိပါတယ်။ rating များပြီး တကယ်လည်းကောင်းတဲ့ကားတွေပါပဲ။ ဒီတော့ပြောချင်တာက ဒီရုပ်ရှင်ရဲ့ ratingကို မယုံကြပါနဲ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ဟာ အင်မတန်ဆန်းပြားတဲ့ ဇာတ်အိမ်ပါပဲ။ ဒီမိုကရေစီနဲ့ နာမည်ကြီးတဲ့ အမေရိကန်ကြီး ဖက်ဆစ်ဆန်သွားတဲ့အကြောင်းပေါ့။ ကားစစမှာ အမေရိကန်အစိုးရက ဂျာမန်တွေသုံးတဲ့နည်းသုံးပြီး အစိုးရကိုဆန့်ကျင်တဲ့သူတွေကို ဖြိုခွင်းဖို့လုပ်တယ်။ ကိုယ့်လွှတ်တော်အဆောက်အဦးကို ကိုယ့်ဘာသာဗုံးခွဲပြီး အစိုးရကိုဆန့်ကျင်တဲ့လူတွေလုပ်ပါတယ်ဆိုပြီး လိုက်ဖမ်းတာပေါ့။ ဒီလိုနဲ့ အစိုးရကို ဆန့်ကျင်တဲ့လူတွေက တောခိုသွားတယ်။ ကားနာမည်ကိုက တောကြီးမျက်မည်းတဲ့လေ။ တောကြီးမျက်မည်းကနေ မတရားတဲ့ အစိုးရကိုဆန့်ကျင်တဲ့သူတွေရဲ့ အဖြစ်သနစ်ကို ရိုက်ပြထားပါတယ်။ ထူးတာက ဒီကားက အမေရိကန်ရဲ့မရှိသေးတဲ့ ဒုတိယအကြိမ်မြောက် ပြည်တွင်းစစ်ကာလမှာ ဇာတ်အိမ်တည်ထားတာပါ။ ဒီလိုဆန်းဆန်းပြားပြား အိုင်ဒီယာနဲ့ရိုက်ပြီး တောတွင်းက လူ့သဘောမနောတွေကို သေချာပုံဖော်ထားတဲ့ ရုပ်ရှင်ကိုကျ rating နည်းနေပြီး အပေါ်က ဘာမှန်းမသိတဲ့ကားတွေမှာကျ များနေတဲ့ ratingကိုမယုံကြည်ဘဲ ခေတ်ကာလအခြေအနေကိုလည်း ထပ်ဟပ်မှုရှိတဲ့ တကယ့်ကားကောင်းကို လက်လွတ်မခံဘဲကြည့်ကြစေချင်ပါတယ်။ File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__4.1/10 Format__mp4 Duration__01:10:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Michael The Archangel Encoded by Dean Winchester

Comedy • Drama • Fantasy
3.5 2021 77 mins
Deep in the Forest
Election 2
7.3

~ IMDb - 7.3/10, RT - 96%, Meta - 83% ~ Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာ ဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို Godfather တစ်ယောက်ရှိသင့်တဲ့ အတွေးအခေါ်တို့ စိတ်အခံတို့ကိုလည်း သေချာပုံဖော်သွားပါတယ်။ ပြောရရင် Wong Kar Wai ရဲ့ The Grandmaster ဂန်းဗားရှင်းလို့တောင် ဆိုလို့ရပါတယ်။ Election နဲ့ Triad Election တို့ဟာ အာရှရဲ့ Godfather လို့ ချီးကျူးခံရတဲ့အထိ ကောင်းတဲ့ ဂန်းရုပ်ရှင်တွေဖြစ်ပြီး Godfather Part 3 အတွက် ကော်ပိုလာက 16နှစ်အချိန်ယူခဲ့သလို Johnnie Toလည်း Election 3 အတွက် အချိန်ယူလာခဲ့တာ ၂၀၀၆ ကတည်းကနေ ခုထိပါပဲ။ ခုတောင် 16နှစ် ရှိနေပါပြီ။ လက်ရှိ Actor တွေအပြင် Andy Lau ပါ ပါလာမယ်လို့ ဆိုကြပါတယ်။ မကြာခင်နှစ်တွေမှာ Johnnie To ရဲ့ ဇာတ်ညွန်းရှိပြီးသား Election 3 ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျဆင်းလာတဲ့ အရည်အသွေးအရ သိပ်တော့မမျှော်လင့်ရဲပေမဲ့ ဘာရိုက်ရိုက် မာစတာပိစ်ဖြစ်နေတဲ့ Johnnie To ကတော့ သူ့မာစတာပိစ်နှစ်ကားရဲ့ Trilogy အပိတ်အတွက် အကောင်းဆုံးမဟုတ်တောင် မညံ့တဲ့ရုပ်ရှင်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ လက်ရှိနှစ်ကားကတော့ နိုင်ငံတကာ ဂန်းရုပ်ရှင်ပဲကြိုက်ကြိုက် အာရှကားပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ မာစတာပိစ်နှစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 575MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min IMDb rating - 7.3/10 Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Horror
7.3 2006 92 mins
Election 2
Resemblance
4

(18+) Resemblance (2023) ထိုင်းနိုင်ငံထဲမှာ လူငယ်တွေ တောအုပ်တစ်ခုထဲ ဝင်ပြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတာပါ။ ဒီကိစ္စမှာ ပျောက်ဆုံးနေတဲ့ လူငယ်တွေနဲ့ အဆက်အစပ်ရှိတဲ့ တစ်ဦးတည်းသောသူကတော့ ဘော်ဘီ ပါပဲ။ ဒါကြောင့် ရဲတွေလည်း ဘော်ဘီနောက်ကို လိုက်စုံစမ်းကြပါတော့တယ်။ ဇာတ်လမ်းကတော့ ပနားနား ဆိုတဲ့ မော်ဒယ်လ်မလေး ပျောက်ဆုံးရာက စပါတယ်။ သူ နောက်ဆုံးတွေ့ခဲ့တဲ့လူကတော့ ဘော်ဘီပါပဲ။ သူက တစ်ဆင့် ရောဂါဆန်းလိုမျိုး ဖြန့်ဝေသွားတာပါ။ ဘယ်လိုဖြန့်ဝေတာလဲဆိုတော့ လိင်ကိစ္စကနေ တစ်ဆင့်ပါပဲ။ ဒါကတော့ ဇာတ်ရဲ့အနှစ်သာရပေါ့လေ။ ဆရာသမားတို့ ကြိုက်ကြမဲ့အပိုင်းတွေ အများကြီး ပါပါတယ်။ ရောဂါပုံစံမျိုး ဘယ်လိုကူးကြလဲ ဆိုတာကတော့ ဖန်သားပြင်ထက်မှာ ဆက်လက် ရှုစားလိုက်ကြပါဦး။ မင်းသားမင်းသမီးတွေက နာမည်ကြီးတွေ ပါတာမို့ အမှောင်လောကသားတွေ စိတ်ကျေနပ်ရမယ့် ကားတစ်ကားဆိုလည်း မမှားပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Top ပဲ ဖြစ်ပါတယ်။ Genre..... Horror, Crime, Sci-fi Quality…. 1080p | 720p File size…  1.3GB | 677MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Top Encoder ..... Blank

Action • Adventure • Fantasy • Science Fiction
4 2023 98 mins
Resemblance
The Forever Purge
7

Purge ရုပ်ရှင်တွေကို အတော်များများတော့ ရင်းနှီးကြမှာပါ။ အမေရိကန်နိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ဓလေ့တစ်ခုရှိတယ်ဗျာ။ နှစ်စဉ်နှစ်တိုင်းတစ်နှစ်ကို တစ်ရက်တိတိ သန့်စင်ရေးနေ့ဆိုပြီး ခွင့်ပြုပေးတယ်။ အဲဒီနေ့မှာတစ်နိုင်ငံလုံးကလူတွေကို ဘယ်ရာဇဝတ်မှုနဲ့မှအရေးမယူပါဘူး။ လူပဲသတ်သတ် ကြိုက်တာလုပ်လို့ရပါတယ်။ အဲဒီလိုနေ့မှာ သတ်ဖို့ကြိုးစားတဲ့သူတွေ၊အသက်ရှင်ဖို့ ကြိုးစားတဲ့သူတွေ အစုံပေါ့။ ဒီရုပ်ရှင်ကတော့ လေးကားမြောက်ပါ။ အရင် Purge တွေထက် ပိုဆိုးသွားပါပြီ။ ၂၄ နာရီပြည့်တာတောင်တစ်နိုင်ငံလုံးကို အရင်လိုတားလို့မရတော့ဘူး forever purge ဆိုတဲ့ လှုပ်ရှားမှုပေါ်ပေါက်လာပါပြီ။ ပိုဆိုးတာက စတင်လိုက်တဲ့သူတွေက လူဖြူကြီးစိုးရေး အစွန်းရောက်မျိုးချစ်တွေ ဖြစ်နေတာကြောင့် မက္ကဆီကိုသားတွေ အခြားနိုင်ငံသားတွေအားလုံးကို ဦးတည်သတ်ဖြတ်လာပါတော့တယ်။ ဒီလူသတ်ကောင်တွေကြားထဲကနေ အမေရိကန်တွေနဲ့ မက္ကဆီကိုသားတွေ ပူးပေါင်းပြီး ဘယ်လိုအလွတ်ရုန်းရမလဲဆိုတာ File size…(1.8 GB) and (1 Gb) Quality….web 1080p and 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy
7 2021 103 mins
The Forever Purge
Summer of Sam

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူ‌ခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့… File size…(3 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:22:00 Genre… Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Thriller • Drama • Action • Crime
0 1999
Summer of Sam
Bas Terakhir Malam Raya
8.7

Bas Terakhir Malam Raya ( 2023 )==============================အစ်နေ့မှာ ဇာတိကိုပြန်ကြမယ့် လူတစ်စုဟာ ဘတ်စ်ကားဂိတ်မှာ လာဆုံကြပါတယ်။ စလာကတည်းက သူတို့ဟာ အလွဲလွဲအမှားမှားတွေနဲ့ နောက်ဆုံး ကားကောင်းမရဘဲ မထင်ထားတဲ့ ကျောင်းကားစုတ်ကြီးနဲ့ ခရီးဆက်ရဖို့ ဖြစ်လာခဲ့တယ်။ ကားကြီးကလည်းစုတ် လမ်းကလည်း မထင်ထားတဲ့လမ်းက သွားခဲ့သလို ကားဆရာကလည်း စိတ်မနှံ့တဲ့လူလိမ်ဖြစ်နေတတော့ တစ်လမ်းလုံး သူတို့ တိုင်တွေပတ်ကြတဲ့အကြောင်းပေါ့။ ဒီလိုနဲ့ စစချင်းတစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောခဲ့ကြတဲ့ သူတို့တွေဟာ တဖြည်းဖြည်းချင်း တစ်ယောက်ဇာတ်လမ်း တစ်ယောက်ကိုပြောပြရင်း တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးခင်လာခဲ့တယ်။ သူတို့ဇာတ်လမ်းဆိုတာကလည်း သရဲအကြောင်း အသည်းကွဲတဲ့အကြောင်း စုံလို့ပဲပေါ့။ဒီလိုနဲ့ ဥပုသ်ကာလပြီးလို့ အစားစားရမယ့်အချိန်ရောက်လာတဲ့အခါမှာ သူတို့ဟာ စားစရာမရှိတဲ့အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီအချိန်နှောင်းပိုင်းမှာပဲ သရဲမတစ်ကောင်ဟာလည်း သူတို့ကားပေါ်ပါလာခဲ့တယ်။ ဒီသရဲမကလည်း အသည်းကွဲနေတဲ့ သရဲမဆိုတော့ အသည်းကွဲနေတဲ့ကောင်တွေနဲ့ အသည်းကွဲနေတဲ့ သရဲမကြား ဘာတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖို့ကောင်းအောင် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒီမလေးရှားရုပ်ရှင်ဟာ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ရယ်စရာတွေအပြည့်နဲ့ အချိန်ဖြုန်းလို့တော့ကောင်းမယ့် ရုပ်ရှင်ပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(2GB)/(870MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

8.7 2023
Bas Terakhir Malam Raya
The Duel
5.5

ဂျူးလိယက်ဆီဇာရဲ့ဝတ်ရုံမှာ ဘရူးတက်စ်ရဲ့ဓားချက်က အနက်ဆုံးဖြစ်နေသလိုပဲ လူရင်းထိုးတဲ့ဓားက ရန်သူထက်ပိုနက်တတ်ပါသတဲ့။ ဆမ် ကယ်ဗင် ဝူဒီ ကောလင်ဆိုတဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းလေးယောက်။ ဒီထဲမှာမှ ဝူဒီနဲ့ကောလင်ကတော့ ညီအစ်ကိုရင်းထက်ပိုတယ်ဆိုတဲ့ သံယောဇဉ်နဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့။ ဒါပေမဲ့ ကောလင်တစ်ယောက် ဝူဒီလက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ အက်ဘီဆိုတဲ့ကောင်မလေးနဲ့ ကောလင်အတူအိပ်လိုက်တယ်ဆိုတာကို ဝူဒီသိသွားချိန်မှာတော့ လှပတဲ့ခင်မင်မှုတွေထဲ မုန်တိုင်းဝင်တော့တာပါပဲ။ အသည်းနှလုံးကိုထိ‌တော့ အူနုကျွဲခတ်သလို ရှူးရှူးရှဲရှဲဖြစ်နေတဲ့ ဝူဒီတစ်ယောက် ကောလင်အဖေရဲ့ နောက်ဆုံးချန်ရစ်ခဲ့တဲ့ပစ္စည်းကို ဖျက်ဆီးလိုက်ချိန်မှာ ပြန်ဆက်ဖို့မဖြစ်နိုင်တော့တဲ့ ညီအစ်ကို သူငယ်ချင်းဆက်ဆံရေး ဒီအချိန်မှာ ဝူဒီတစ်ယောက် ကောလင်ကို လူကြီးလူကောင်းပီပီ သိက္ခာရှိရှိ တစ်ယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ပြီး သူတို့ကြားက ရန်ကြွေးကိုချေဖို့ စိန်ခေါ်လိုက်ချိန်မှာတော့….. အချစ်နဲ့စစ်မှာမတရားတာမရှိဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်လို့ ဒီနှစ်ယောက်ကြားက စီးချင်းတိုက်ပွဲရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.02GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Darcy

5.5 2023 99 mins
The Duel
Aashiqui 2
7.1

Aashiqui 2 (2013) IMDb Rating (7.1) ဘောလိ၀ုဒ်ပရိသတ်တွေကြားမှာမသိတဲ့သူ မရှိသလောက်ရှားမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Aashiqui 2 ကိုပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားတဲ့အတိုင်း Star is Born နှစ်ကားလုံးကိုအခြေခံထားတာဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ တက်သစ်စတွေ ခေါင်းဆောင်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မူရင်းဇာတ်ကားကိုမမှီမှာပူပန်မှုတွေရှိခဲ့ပေမယ့် ဇာတ်ကားထွက်လာချိန်မှာတော့ အဲ့ဒီစိုးရိမ်မှုတွေ သံသယတွေကိုချေဖျက်ခဲ့ပြီး ၂၀၁၃ ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့တဲ့အပြင် Aditya Roy Kapur နဲ့ Shraddha Kapoor တို့ကိုလည်း ကောင်းကောင်းအသိအမှတ်ပြုမှုရစေခဲ့တဲ့ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အရက်စွဲပြီးပြဿနာပေါင်းစုနဲ့နာမည်ကျစပြုနေတဲ့ ရာဟူးဆိုတဲ့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်၊ နယ်မြို့လေးတစ်မြို့မှာရှိုးပွဲသွားဆိုရင်း အဲ့ဒီမြို့က ခပ်နုပ်နုပ်ဘားတစ်ခုမှာ သီချင်းဆိုနေတဲ့ အာရိုနီဆိုတဲ့ ကောင်မလေးကိုအမှတ်မထင်တွေ့ပြီး စွဲလန်းသွားခဲ့မိပါတယ်။အစပိုင်းမှာ သူစွဲလန်းမိတာ လူကိုလား အနုပညာကိုလား မဝေခွဲတတ်ခဲ့ပေမယ့် အဲ့ဒီစွဲလန်းစိတ်နဲ့ပဲ ကောင်မလေးကိုမြို့ပေါ်ခေါ်သွားပြီးမြေတောင်မြှောက်ပေးဖို့စဉ်းစားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းအတူနေရင်း သံယောဇဉ်တွေ ရင့်သန်လာကြရင်းနဲ့ ရာဟူးနဲ့ အာရိုနီရဲ့ ဘ၀အနိမ့်အမြင့်အတက်အကျတွေ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့ ရာဟူးရဲ့စွဲလန်းမှုပြဿနာတွေကြားက သူတို့ရဲ့ဇာတ်လမ်းကိုရှုစားကြရမှာပါ။ ဒီကားကဇာတ်လမ်းပေါက်ခဲ့သလို သီချင်းတွေလည်းအကုန်ပေါက်ခဲ့တဲ့ကားပါ။ ဇာတ်ကားမကြည့်ဖူးတဲ့ သူတွေတောင်သီချင်းတွေကိုတော့ နားစွဲနေမှာဖြစ်တဲ့အတွက် မကြာမှီလာမည်ဆိုတဲ့ Aashiqui 3 မလာခင်လေးမှာ အရင်ကားလေးကိုခဏလောက်ပြန်နွှေးထားကြရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

7.1 2013 132 mins
Aashiqui 2
Whispery In Soapta
4.7

Whispery (2021) In Soapta ခေတ်အဆက်ဆက်ကြာပြီးနောက်ပိုင်း အရှေ့ပိုင်းတွေမှာ တစ်အိမ်ထောင်၊ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးလာကြပါတယ်။ သိုပေမယ့်လည်း အနောက်အလယ်ပိုင်း အထူးသဖြင့် ဥရောပတစ်ခွင်မှာတော့ ဒါမျိုတွေက ရှေးရိုးစွဲလိုဖြစ်ဆဲပါပဲ။ ဒီဇာတ်ကားထဲမှာတော့ အချစ်စံအိမ်မှာ အချစ်တွေဖော်ပေမယ့်လည်း လိုအင်ရမ္မက်မပြည့်စုံနိုင်တဲ့ အမျိုးသမီး ဘယန်ကာကို ဇာတ်အိမ်တည်ထားတာပါ။ ဘယန်ကာက ချစ်ပြီးရင်း ချစ်ရည်လူးနေပေမယ့်လည်း လိုအင်ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ ဒီလိုနဲ့ သူ့ရဲကောင်လေးကို ငြိငြင်စပြုလာပါတယ်။ နားလည်ပေးတတ်တဲ့ ကောင်လေးကလည်း အရမ်းမချုပ်ခြယ်ပဲ တတ်နိုင်သလောက်လိုက်လျောပေးပါတယ်။ ဒါပေမဲ့လည်း ကတောက်ကစလေးတွေ ရှိစမြဲပါပဲ။ တစ်နေ့မှာတော့ ပါတီတစ်ခုတက်ရင်း သူတို့လို ရမ္မက်ကြီး လိုအင်မပြည့်နိုင်တဲ့ အတွဲနဲ့ တွေ့သွားတဲ့အခါမှတော့ အပြန်အလှန်ခြံခုန်ကြရင်ပျော်ပွဲနွှဲပါတော့တယ်။ ***18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။*** (အညွှန်းနဲ့ဘာသာပြန်ကတော့ SM ဖြစ်ပါတယ်။) File size…(1.3 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:39:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by SM

4.7 2021 98 mins
Whispery In Soapta
Street Fighter: The Legend of Chun-Li
3.7

Street Fighter The Legend of Chun-Li (2009) Street Fighter ဂိမ်းကို ရုပ်ရှင်တွေ၊ Animation Movie တွေအဖြစ် များစွာအသက်သွင်းခဲ့တဲ့ ဇာတ်ကားတွေထဲမှာမှ ဒီဇာတ်ကားက ပရိသတ်အချစ်တော် ချွန်းလီရဲ့ဒဏ္ဍာရီကို တင်ဆက်ထားတာဖြစ်ပါတယ်။ ချွန်းလီဖခင်ရဲ့အိပ်မက်ကတော့ သူ့သမီးလေးကို စန္ဒရားပညာရှင်တစ်ယောက်အဖြစ် ကြီးပြင်းအောင်မြင်စေချင်ခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ အလုပ်အကိုင်ကို ဂဃနဏမသိခဲ့ရဘဲ အိမ်ခဏခဏရွှေ့ပြောင်းနေရတာကိုပဲ ငယ်ရွယ်စဉ်ဘဝမှာ အမှတ်ရနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ချွန်းလီရဲ့ဖခင်ကို ရှာဒါလောင်း ဒုစရိုက်အဖွဲ့အစည်းကြီးရဲ့ခေါင်းဆောင် ဘိုင်ဆန်က အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖခင်ကို ဖမ်းဆီးသွားရတဲ့ ရည်ရွယ်ချက်ကို မသိရှိခဲ့ရဘဲ မိခင်နဲ့အတူ ကြီးပြင်းခဲ့ရပြီး သူ့အဖေဖြစ်စေချင်တဲ့ စန္ဒရားပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရောဂါသည်မိခင်ဖြစ်သူကို ပြုစုရင်း ဘဝကို စန္ဒရားပညာရှင်အဖြစ် ဖြတ်သန်းနေတဲ့ ချွန်းလီရဲ့ဘဝထဲကို ရှေးဟောင်းတရုတ်စာတွေ ရေးသားထားတဲ့ ထူးခြားတဲ့စာလိပ်တစ်ခု ရောက်လာခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆုံးပါးပြီးနောက် ဘဝရည်မှန်းချက်တွေ ပျောက်ဆုံးနေတဲ့ချွန်းလီအတွက် အဆိုပါစာလိပ်ရဲ့ ပဟေဠိကို စူးစမ်းရှာဖွေဖို့ ဖြစ်လာခဲ့ပါတယ်။ အဆိုပါစာလိပ်ကို ကုဒ်ဖော်ပေးမယ့် တရုတ်အမျိုးသမီးကြီးတစ်ဦးနဲ့ တွေ့ခဲ့ပြီးတော့ သူ့ရဲ့ကံကြမ္မာအရ ဘန်ကောက်ကိုသွားပြီး ပင့်ကူအိမ်အဖွဲ့ရဲ့ခေါင်းဆောင် ဂန်ကို ရှာဖွေဖို့ သူ့ကို စေလွှတ်ခဲ့ပါတယ်။ သူ့ရဲ့ဘဝဟောင်းကို စွန့်ခွာပြီး ဘန်ကောက်မှာ ရရာခိုကပ်စားသောက်ရင်းနဲ့ပဲ ဂန်ဆိုတဲ့သူကို နေဝင်နေထွက် ရှာဖွေနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘန်ကောက်လမ်းသရဲတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီး သတိမေ့နေခဲ့တဲ့ ချွန်းလီကို လူတစ်ယောက်က ကယ်ဆယ်သွားခဲ့ပါတယ်။ အဆိုပါသူဟာ ချွန်းလီအရမ်းတွေ့ချင်နေသူဖြစ်တဲ့ ပင့်ကူအိမ်အဖွဲ့ရဲ့ခေါင်းဆောင် ဂန် ဖြစ်နေပြီး သူ့အဖေ ဘယ်မှာရှိတယ်ဆိုတာကို သိကြောင်း ပြောပြခဲ့ပါတယ်။ သူ့အဖေကို ချက်ချင်းကယ်ဆယ်ချင်နေတဲ့ ချွန်းလီကို သူရင်ဆိုင်ရမယ့် ရှာဒါလောင်းအဖွဲ့အစည်းအကြောင်းကို ခရေစေ့တွင်းကျ ရှင်းပြခဲ့ပါတယ်။ ဖခင်နဲ့အတူ ဝူရှူးသိုင်းပညာကို သင်ကြားဖူးခဲ့တဲ့ ချွန်းလီဟာ ဂန့်ရဲ့တပည့်အဖြစ် ခံယူပြီး ဘိုင်ဆန်ကို ရင်ဆိုင်နိုင်တဲ့ အထိ လေ့ကျင့်ခဲ့ရပါတယ်။ သာမန်စန္ဒရားပညာရှင်လေးဘဝကနေ ကျော်ကြားတဲ့ Street Fighter ချွန်းလီ အဖြစ်သို့ ကူးပြောင်းလာပုံများကို ပရိသတ်ကြီးအနေနဲ့ ရှုစားရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Action/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Science Fiction • Adventure • Comedy • Family
3.7 1900 97 mins
Street Fighter: The Legend of Chun-Li