YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Sweet.Dreams.2023.1080p.BluRay.(CM).mp4

1.55 GB N/A video/mp4 42 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I Am Not a Serial Killer
6.3

I Am Not a Serial Killer (2016) ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I'm not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။ တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။ အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ ... Director Billy O'Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Vo Aung Din ပါ။) File Size          : 2GB, 880MB, 424MB Quality            :1080p Blu-ray, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 44mins Genre              : Drama, Horror, Thriller Translated by Vo Aung Din Encoded by Kinnov

Action
6.3 2016 104 mins
I Am Not a Serial Killer
Knocked Up
6.3

IMDb 6.9 Rotten Tomatoes 89% Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။ မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ... မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာ‌အောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ..... အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ဘန် ဆိုတဲ့ကောင်လေးနဲ့ ဆုံမိကြပါတယ်။ ဘန် ကတော့ ဆေးခြောက်ပုံမှန်သုံးစွဲလေ့ရှိတဲ့ သူငယ်ချင်းတစ်စုနဲ့ အတူနေတဲ့ ငပျင်းတစ်ကောင်ပါပဲ။ တကယ်ဆိုရင် သူက အမေရိကန်မဟုတ်ဘူး။ ကနေဒါကနေ တရားမဝင် လာနေနေတာ။ တရားမဝင်နေတော့ အခွန်ဆောင်စရာမလိုတော့ဘူးပေါ့ဗျာ တဲ့။ ဆောင်ရအောင်လည်း သူ့မှာ ပိုက်ဆံမှမရှိဘဲ။ သူ ကျောင်းသားဘဝတုန်းက စာပို့ကားတက်ကြိတ်တာခံရလို့ အစိုးရက သူ့ကို လျော်ကြေး ဒေါ်လာ တစ်သောင်းလေးထောင် ပေးဖူးသတဲ့။ဘာမှမလုပ်ဘဲ အဲဒါကိုထိုင်စားလာတာ ဆယ်နှစ်ကျော်ပြီတဲ့။ ခုတောင် လက်ထဲ ဒေါ်လာကိုးရာလောက် ကျန်သေးတယ်ဆိုပဲ။ သူက ဆေးခြောက်နဲ့ စပါဂက်တီခေါက်ဆွဲဖိုးလောက်ပဲ ကုန်စရာရှိတာကိုး။ သူ့ဘော်ဒါတွေကလည်း သူနဲ့ထူးမခြားနားပါပဲ။ ဒီလောက်ဆိုရင် အယ်လီဆင် နဲ့ ဘန် တို့ဟာ ဘယ်လောက်ခြားနားတဲ့ အနေအထားရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ကံတရားနဲ့ ဆန်းကြယ်သောစိတ်ကူးရှိသူ ဇာတ်ညွှန်းရေးဆရာကြီးတို့ရဲ့အလိုအရ သူတို့နှစ်ယောက် ဆုံဖြစ်အောင်ဆုံမိသွားကြပါတယ်။ သို့သော်လည်း one night stand က one nightနဲ့ ရပ်လို့မရဘဲ long-standingကိစ္စ ဖြစ်လာတဲ့အခါ နှစ်ယောက်လုံး တိုင်တွေပတ်ကုန်ကြပါတော့တယ်။ ဒီဇာတ်ကားမှာ နာမည်ကျော်ဟာသသရုပ်ဆောင်တွေ တပြုံကြီးပါဝင်ထားသလို ဧည့်သည်သရုပ်ဆောင် နာမည်ကျော်များကလည်း မထင်မှတ်တဲ့နေရာတွေကနေ အကွက်စေ့စေ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Ratingကောင်းတွေ ရရှိခဲ့သလို ဝင်ငွေအရလည်း ဘတ်ဂျက် 25 millionsမှာ ဝင်ငွေ 219 millionsရရှိခဲ့တဲ့အတွက် စီးပွားရေးအရပါ အောင်မြင်တဲ့ကား ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဇာတ်ကောင်တွေပြောတဲ့ ပြောစကားတွေထဲမှာ အမေရိကန်တွေ အနောက်တိုင်းသားတွေသာ ချက်ချင်းနားလည်မယ့် စကားလုံး၊စကားရပ်တွေ အသုံးအနှုန်းတွေအများအပြားပါဝင်နေပါတယ် ။ အထူးသဖြင့်တော့ Hollywood movie quotesတွေပေါ့။ သူတို့ပြောစကားထဲက နာမည်တွေလိုက်ပြီး Googlingလုပ်ရင်တောင် ဗဟုသုတ အတော်ပွားနိုင်စရာ ရှိပါတယ်။ ဇာတ်လမ်းကလည်း ရယ်ရရုံ ပျော်ရရုံသက်သက် မကဘဲ အိမ်ထောင်ရေးပဋိပက္ခတွေဖြစ်ရတဲ့ ဇစ်မြစ်၊ ကိုယ့်အတ္တနဲ့ တဖက်သားကို ဇွတ်ပြောင်းလဲလာအောင် ဖိအားပေးတတ်တဲ့စိတ်မျိုးတွေ ၊ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဘယ်လောက်အရေးကြီးသလဲဆိုတာတွေကို သင်ခန်းစာယူနိုင်ကြပါလိမ့်မယ်။ ကြည့်ရှုခံစားပျော်ရွှင်နိုင်ကြပါစေ။ Unrated Version နဲ့တင်ဆက်ထားတာမို့ တချို့အခန်းတွေမှာတော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။) File size…(2.6 GB)/(1 GB) Quality….BluRay Unrated 1080p / 720p Format…mkv Duration….02:12:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Horror • Thriller
6.3 2007 129 mins
Knocked Up
Devils
5

Oh Dae Hwan နဲ့ Jang Dong Yoon တို့လို နာမည်ကြီး သရုပ်ဆောင်(၂) ယောက်အဓိကပါဝင်တယ်... The Childe တို့လို vibe မျိုးတော့မဟုတ်ပေမဲ့ Crime ကိုမှ Plotက နည်းနည်းဆန်းကျယ်တယ်လို့ဆိုရမယ်... စုံထောက်ချွဲဂျယ်ဟွမ်ဆိုတာ ရဲလောကမှာတော့ လူမုန်းများလှပေမဲ့ တော်တဲ့အရည်အချင်းကိုတော့ အသိအမှတ်ပြုခံရတယ်...သူဟာ တွဲဖက်တစ်ယောက်နဲ့ ကွင်းဆက်လူသတ်မှုကိုစုံစမ်းနေတုန်း တရားခံလူသတ်သမားဖြစ်သူ ချာဂျင်းဟျော့ဟာ သူ့ရဲ့ တွဲဖက်ကိုသတ်လိုက်တယ်... လုပ်ဖော်ကိုင်ဖက်ကိုဆုံးရှုံးလိုက်ရတဲ့ စုံထောက်ချွဲဂျယ်ဟွမ်ဟာ ချာဂျင်းဟျော့ဆိုတဲ့ လူသတ်ကောင်နောက်ကို အငြိုးကြီးကြီးလိုက်ရာက‌နေ တစ်နေ့မှာတော့ အကြီးစားထိခိုက်မှုဖြစ်ပြီး လူသတ်ကောင်နဲ့ ဝိညာဉ်ချင်းလဲသွားပါတော့တယ်... ဆိုတော့ စုံထောက်မျက်နှာနဲ့လူသတ်ကောင် ၊လူသတ်ကောင်မျက်နှာနဲ့စုံထောက် တူမလိုလိုနဲ့ လုံးဝကွဲပြားသွားတဲ့ ၂ယောက်ဖြစ်သွားတယ်.. ဝိညာဉ်ချင်းလဲသွားတဲ့အနေအထားမှာ စုံထောက်နဲ့လူသတ်ကောင်တို့ ဘယ်လို တစ်ယောက်နဲ့တစ်ယောက်အနိုင်တိုက်ကြမလဲဆိုတာကိုတော့... File size…1.6GB/ 641MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46min Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by  Miri,Treasure Htet & Stary

Science Fiction • Thriller
5 2023 105 mins
Devils
The King
7.2

Rating 7.6 ရရှိထားတဲ့ ဒီရုပ်ရှင်ကိုတော့ ကမ္ဘာကျော် ရှိတ်စပီးယားရဲ့ Henry V ပြဇာတ်ကနေ ပြန်လည်ရိုက်ကူးထားတာပါ။ ဒီပြဇာတ်ကို ရုပ်ရှင်တွေထဲမှာ ခဏခဏ ဖော်ပြတတ်ကြပါတယ်။ ရှားလော့ဟုမ်းစီးရီးထဲမှာတောင် ရှားလော့ ဆေးကွဲပြီး ရွတ်သွားတာ ဟင်နရီဘုရင်ရဲ့ မိန့်ခွန်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်တိုင်းပြည်မှာ စကော့တွေ ဝေလတွေ သူပုန်ထပြီး ဖရိုဖရဲ ဖြစ်နေချိန်၊ စတုတ္ထမြောက်ဟင်နရီ ဘုရင် နတ်ရွာစံပြီး သူ့ရဲ့ သားဖြစ်သူ ပဉ္စမမြောက် ဟင်နရီ ဘုရင် နန်းတက်လာချိန်၊ တိုင်းပြည်ကို ငြိမ်သက်အောင် ကြိုးစားရပုံပါ။ Henry V ဟာ အဖေနဲ့အဆင်မပြေလို့ နန်းတော်မှာလည်းမနေ အရက်သောက် ပျော်ပါးပြီး နယ်ဖျားမှာ နေခဲ့သူဖြစ်လို့ ဘယ်သူမှ မထင်မကြီးထားကြပါဘူး။ ကြိုးစားနေဆဲမှာပဲ ပြင်သစ်နဲ့ ပဍိပက္ခဖြစ်ပြီး စစ်ဖြစ်လာခဲ့ပါတယ်။ ဒီစစ်ပွဲဟာပဲ ဟင်နရီဟာ အင်္ဂလန်ရဲ့ ထိုက်တန်တဲ့ ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လာပါတော့တယ်။

Action • Fantasy • Thriller
7.2 2019 140 mins
The King
The Maze Runner
7.2

လူငယ်တစ်ဦးဟာ ရွေ့လျားနေတဲ့ ဓာတ်လှေကားတစ်ခုထဲမှာပိတ်မိနေပြီး သွေးပျက်ကြောက်ရွံ့စွာ ဓာတ်လှေကားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါနေရပါတယ်။ ဓာတ်လှေကားရဲ့ ခရီးအဆုံးမှာတော့ သူမသိတဲ့ လူငယ်တစ်ချို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြန်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူထွက်ပြေးချိန်မှာ ဘယ်သူမှသူ့ကို လိုက်မဖမ်းပဲ အော်ဟစ်ရယ်မောနေကြပါတယ်။ မကြာခင်မှာပဲ သူ့ကိုဘာ့ကြောင့်လိုက်မဖမ်းသလဲဆိုတဲ့အဖြေကို သူသိရှိသွားပါတော့တယ်။ သူရောက်ရှိနေတဲ့နေရာဟာ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ကာဆီးထားလို့ပါပဲ။ အရှေ့က ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပါ။ ကောင်လေးဟာ သူ့ရဲ့နာမည်သောမတ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိပါဘူး။ ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြိ်း တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကဘာတစ်ခုဆိ်ကို သွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။ လူငယ်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာကို Glade လို့အမည်ပေးထားပြီး သူတို့ကိုယ်သူတို့ Gladers လို့ ခေါ်ကြပါတယ်။ စောင့်ရှောက်သူ keeper ရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်အသီးသီးကိုခွဲဝေထမ်းဆောင်ကြရပါတယ်။ တောင်နံရံတွေကို ဝင်္ကဘာကြီးတစ်ခုက ကာရံထားပြီး အတွင်းမှာ Grievers လို့ခေါ်တဲ့ စက်ပစ္စည်းတွေထပ်ဆောင်းတပ်ဆင်ထားတဲ့ ပင့်ကူလိုသတ္တဝါဆိုးကြီးတွေရှိနေပါတယ်။ ရောက်ရှိခဲ့ပြီးသား Glader တွေရဲ့ နှစ်နှစ်ကျော်ကြာအောင် ဒီဝင်္ကဘာထဲက လွတ်မြောက်ဖို့ လေ့လာတွေ့ရှိထားသမျှကို သောမတ်စ်ဟာ သင်ယူရပါတယ်။ ဝင်္ကဘာထဲကို runner လို့ခေါ်တဲ့ သွားရောက်လေ့လာသူတွေဟာ မနက်စောစောတံခါးဖွင့်ချိန်မှာ ဝင်ရောက်ပြီး ာနေတံခါးမပိတ်မီမှာ ပြန်လာကြရပါတယ်။ ဝင်္ကဘာထဲကနေ ပြန်ထွက်မလာနိုင်တော့တဲ့ runner တွေလည်း အများကြီးရှိခဲ့ပါတယ်။ တစ်ရက်မှာတော့တံခါးပိတ်ချိန်အထိ ရောက်မလာကြသေးတဲ့ runner နှစ်ယောက်အတွက် အားလုံးစိတ်ပူနေကြချိန်မှာ သောမတ်စ်ဟာ အန္တရာယ်များလှတဲ့ ဝင်္ကဘာထဲကို ဝင်ရောက်သွားပါတော့တယ်။ တောမတ်စ်ရဲ့ဖြတ်ထိုးဉာဏ်နဲ့ runner နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် စည်းကမ်းဖောက်ဖျက်တဲ့အတွက် တစ်ညအချုပ်ထဲထည့်ခံလိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ သောမတ်စ်ကို runner အသစ်အဖြစ်တာဝန်ပေးခြင်းခံရပါတော့တယ်။ သောမတ်စ်တစ်ယောက် ဒီဝင်္ကဘာထဲက ရုန်းထွက်နိုင်မှာလား? ဒီဝင်္ကဘာကြီးကို ဘယ်သူတွေ တည်ဆောက်ခဲ့တာလဲ? ဝင်္ကဘာကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုတော့ ကိုယ်တိုင်သာကြည့်ရှုခံစားကြပါလို့။ ဒီဇာတ်လမ်းအဆုံးမှာတော့ ဘာကိုမှ မယုံရဘူးလို့ ရေရွတ်မိလောက်အောင် အပြောင်းအလဲ၊ လှည့်ကွက်လေးတွေနဲ့တင်ဆက်ထားပြီး လူသားဆန်မှု၊ ဉာဏ်ပညာ၊ စည်းလုံးခြင်းရဲ့အင်အား၊ ခင်မင်မှုနဲ့ ယုံကြည်မှုတို့ကို ကောင်းကောင်းဖော်ညွှန်းထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း မှတ်ချက်ချပါရစေ။ ဒီဇာတ်ကားကို Dylan O’Brien, Alm Ameen နဲ့ ကိုရီးယားသရုပ်ဆောင် Ki Hong Lee တို့က ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ကလေးသရုပ်ဆောင် Blake Copper က ချက်ခ်ဆိုတဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ imdb rating 7.5/10 ရရှိထားပြီး ဒါရိုက်တာကတော့ Wes Ball ဖြစ်ပါတယ်။ အားလုံး စိတ်ချမ်းမြေ့ပါစေ။ Movie Preview Credit- MMmovie Guide File Size : (900 MB) and (398 MB) Quality : Blu-Ray 720p Running Time : 1hr 53min Format : Mp4 Genre : Action, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by ကျော်ကျော် (CU-Mdy) Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.2 2014 113 mins
The Maze Runner
Funny Pages
6.3

Funny Pages (2022) ———————- ဒီရုပ်ရှင်ကပြောရရင် ကောမစ်တွေအကြောင်း။ ဇာတ်လိုက်‌ကောင်လေးက ကောမစ်တွေစုသလို ကောမစ်ရေးတဲ့သူဖြစ်ချင်လို ငယ်ငယ်လေးကတည်းက ကောမစ်တွေထိုင်ဆွဲနေတဲ့ကလေး။ ဒီကားဇာတ်အိမ်တည်ရာ အချိန်မှာလည်း သူက ၁၇နှစ်ပဲရှိသေးတယ်။ သူက မာဗယ် ဒီစီတိုလို ကောမစ်တွေလည်းစုတယ်။ ငယ်ငယ်က ကစ်ဇုန်ထဲ ကျွန်တော်တိုရင်းနှီးပြီးသားဖြစ်တဲ့ ငပြောင်ကောင် ဂျက်သတ်ကောမစ်တွေလည်းစုတယ်။ သိုပေမဲ့ သူက အဲဒီငပြောင်ကောမစ်တွေကို ပိုသဘောကျတဲ့သူ။ သူဆွဲတာကလည်း အဲဒီလိုကောမစ်မျိုးပဲ။ သမိန်ပေါသွပ်တို ဂျက်ဟတ်တို ဘာတိုကို ပြန်လွမ်းလိုရမယ့် Nostalgia vibeလေး အပြည့်ရတယ်။ ထူးတာက ဒီရုပ်ရှင်တစ်ခုလုံးက ကောမစ်တွေကို ချစ်တဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ ကောမစ်တွေအကြောင်းသက်သက်ပဲ။ နာမည်ကိုကလည်း Funny Pages. , Genreကလည်း Comedyပေမဲ့ ဟာသကွက်လည်းမပါသလို။ ဒီပျက်ရှင်၀င်လောက်စရာ ဇာတ်၀င်ခန်းတွေအပြည့်နဲ့ပြသွားတယ်။ ရုပ်ပြကာတွန်းကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ရုပ်ပြကာတွန်းဆွဲဖို ကြိုးစားတာကို သေချာပြသွားတာဆိုတော့ တော်တော်တော့ စိတ်၀င်စားစရာကောင်းပါတယ်။ နာမည်နဲ့လိုက်ဖက်တဲ့ ပျော်စရာတစ်ခုမှ မပါပေမဲ့ တော်တော်စိတ်၀င်စားစရာကောင်းတဲ့ ထူးထူးခြားခြားဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဘာရယ်မဟုတ် မြင်နေကြုံနေကျဇာတ်မဟုတ်လို ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ File Size__(2.7GB) / (1GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:26:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Crime • Drama • History
6.3 2022
Funny Pages
Sarkaaru Noukari
8.4

Sarkaaru Noukari (2024) “အစိုးရဝန်ထမ်း” IMDb-8.4/10 အိန္ဒိယကားဆို ဘယ်မင်းသား ဘယ်မင်းသမီးဆိုပြီးရွေးမနေဘဲ ဇာတ်လမ်းကောင်းမှ ကြည့်ချင်တာဆိုသူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၆ခုနစ် တယ်လာဂန်နာပြည်နယ် ကိုလာပူရ်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာ။ လူသားတွေဆိုတာ သက်ရှိတွေကြားထဲမှာ သူတို့ကိုသူတို့ ကြီးမြတ်တယ်ထင်တဲ့သတ္တဝါတွေ… ဒီလူသားတွေက ကိုယ့်ကိုယ်ကိုယ် အားကောင်းလှပြီအထင်နဲ့ သဘာ၀တရားကြီးနဲ့ ပြိုင်ဆိုင်လာချင်ကြတယ်… ဘယ်လောက်ပဲ အားကောင်းလှပါချည်ရဲ့ဆိုဆို သဘာ၀တရားနဲ့ပြိုင်လို့ ဘယ်နိုင်မလဲ… သဘာ၀တရားကြီးကပြန်ပေးတဲ့ ကပ်ဘေးတွေကိုရင်ဆိုင်ရတဲ့အခါ လူသားတွေပြိုလဲရတာပဲ.. မကြာခင်ကဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုပဲကြည့်… အယုတ်အလတ်အမြတ်မရွေးဘဲ လူသားပေါင်း သန်းနဲ့ချီတဲ့ဘ၀တွေကို နှုတ်ယူသွားခဲ့တာ… ဒီလိုကပ်ဘေးတွေကြားထဲကမှ ၁၉၈၆ခုနစ်ကစပြီး ဒုက္ခပေးလာတဲ့ အေအိုင်ဒီအက်စ်ပိုးကတော့ အခုချိန်ထိ လူတွေရဲ့အသက်ကို တဖြုတ်ဖြုတ်ချွေနေတုန်းပါပဲ… ကျွန်တော်က ဒီကပ်ရောဂါကြောင့် တောသူတောင်သားတွေ မသိလိုက်ရဘဲ အသက်ဆုံးရှုံးရတာကနေ ကာကွယ်ချင်တာပဲ… ရုံးခွဲအသစ်မှာ တာဝန်ကျမဲ့ ဒါကတော့ အိမ်ထောင်ကျခါစ ကျန်းမာရေးဝန်ထမ်းလေး ဂိုပါလ်ရဲ့ စကားသံတွေပေါ့။ အဲဒီခေတ်အခါ သူလုပ်ရတဲ့ အလုပ်အကိုင်နဲ့ သူကြုံတွေ့ရမဲ့ အခက်အခဲတွေကို ရီရခက်ငိုရခက်နဲ့ခံစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~ToMo~Alex~BpL~Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.4 2024
Sarkaaru Noukari
Uyir Thamizhukku
7

Uyir Thamizhukku (2024) တမီးလ် အဓွန့်ရှည်စေသော် ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating 7.3 အထိ ရရှိထားတဲ့ တမီးလ်ဘာသာစကားပြော နိုင်ငံရေးဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Adam Bhava ရိုက်ကူးပေးထားပြီးတော့ Ameer Sultan, Imman Annachi, Chandini Sreedharan တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ တမီးလ်နာဒူရဲ့ လူမှုရေး နိုင်ငံရေးကို အခြေခံထားပြီး ယဉ်ကျေးမှုနဲ့ နိုင်ငံရေးလှည့်ကွက်တွေ စတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တင်ဆက်ပေးထားတာမလို့ စိတ်ဝင်စားစရာကောင်းမှာကတော့ သေချာပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် သစ္စာဖောက်မှုတွေ ပူးပေါင်းကြံစည်မှုတွေက ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ကို လွှမ်းမိုးနေတဲ့အခါ သူကိုယ်တိုင်ကလည်း အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့ဆိုပြီး စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဉာဏ်ပညာနဲ့ ကိုယ့်ရဲ့ မဟာမိတ်တွေကို အသုံးချရင်း တရားမျှတမှုနောက် လိုက်ရာကနေ ဘယ်လို အခက်အခဲ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်

7 2024 128 mins
Uyir Thamizhukku
Coyote Woman

အနောက်တိုင်း သမိုင်းထဲက မြင်းစီးကောင်းဘွိုင်တွေ၊ အင်ဒီးယန်းလူရိုင်း‌တွေအကြောင်းကိုပြန်ရိုက်ထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ စင်သီယာဆိုတဲ့လူဖြူမိန်းကလေးဟာ တောတွင်းတစ်နေရာမှာ ဓားစာခံအဖြစ်ဖမ်းခံရရင်းကနေ လွတ်မြောက်သွားခဲ့ပြီး ကွန်မန်ချီလို့ခေါ်တဲ့အင်ဒီးယန်းလူရိုင်းမျိုးနွယ်စုတစ်ခုထဲကိုရောက်ရှိသွားခဲ့တယ်။ ဂျေဂျေဂလင်တန်လို့အမည်ရတဲ့မြင်းစီးရိန်းဂျားတွေဟာ သူတို့ရဲ့မူလအဖွဲ့ကနေခွဲထွက်လာခဲ့ပြီး ထင်ရာစိုင်းနေကြပါတယ်။ ဂလင်တန်တို့အုပ်စုဟာ သူတို့အနိုင်တိုက်ပြီးတဲ့ရန်သူတွေရဲ့ ဦးရေပြားတွေကိုခွာယူရောင်းချတဲ့အလုပ်ကိုလည်းလုပ်ကိုင်ကြပါသေးတယ်။ ဒီလိုနဲ့ ဂလင်တန်တို့ရိန်းဂျားအုပ်စုနဲ့ စင်သီယာတို့ရဲ့ နောက်ဆုံးကျန်ရစ်တဲ့ကွန်မန်ချီမျိုးနွယ်စုတို့ ထိပ်တိုက်ရင်ဆိုင်ရဖို့ကြုံလာ‌တဲ့အခါမှာတော့… File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024 111 mins
Coyote Woman
The Seed of the Sacred Fig
7.8

The Seed of the Sacred Fig (2024) IMDb Rating (7.8) / Rotten Tomatoes (93%) ဘာသာရေးကိုင်းရှိုင်းပြီးရိုးသားတဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ အီမန်ဟာ ဇနီးဖြစ်သူ နက်ဂျ်မား၊ သမီးနှစ်ဦးတို့နဲ့အတူနေထိုင်ပါတယ်။ လတ်တလောမှာတော့ အီမန်ကို တီဟရန်ကအထူးတရားရုံးမှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးအဖြစ်ရာထူးတိုးမြှင့်ခံထားရတဲ့အတွက် လစာပိုကောင်းလာမှာဖြစ်သလို သူတို့မိသားစုအတွက် တိုက်ခန်းကျယ်တစ်ခုလည်းရမှာဖြစ်တဲ့အတွက် တစ်မိသားစုလုံးဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်ပါ။ အဲ့ဒီအချိန်မှာပဲ မာဆာအာမီနီ ဆိုတဲ့ ၂၂ နှစ်အရွယ်အီရန် ကာ့ဒ်အနွယ်ဖွားမိန်းကလေးတစ်ယောက်ဟာ ဟီဂျပ်ဘ်ကောင်းကောင်းမခြုံလို့ဆိုတဲ့အမှုနဲ့ ဘာသာရေးရဲတွေက ဖမ်းဆီးစစ်ဆေးနေစဉ်မှာသေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကတစ်ဆင့် နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး အီမန်ရဲ့သမီးကြီးဖြစ်သူ ရေ့ဇ်ဗန်းရဲ့ သူငယ်ချင်းတစ်ဦးလည်းဖမ်းဆီးခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်တွေအပေါ် အီမန်နဲ့နက်ဂျ်မားကအုပ်ချုပ်သူတွေ၊ စည်းမျဉ်းစည်းကမ်းတွေကသာ အမှန်လို့ယူဆပြီး သမီးနှစ်ဦးကတော့ သူတို့နဲ့ဆန့်ကျင်ဘက်အမြင်ဖြစ်ပြီးသဘောထားကွဲလွဲခဲ့ကြပါတယ်။ ဒါတွေဟာ တည်ငြိမ်အေးချမ်းတဲ့ သူတို့မိသားစုအတွက် ရင်ဆိုင်ရမယ့် မုန်တိုင်းရဲ့အစပဲရှိပါသေးတယ်။ The Seed of the Sacred Fig ဟာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံနေကျ အီရန်ကားတွေရဲ့ဖန်တီးရှင် Mohammad Rasoulof ရဲ့လက်ရာဖြစ်ပြီး သူ့အတွက်နောက်ထပ်ဂန္ဓဝင်ကားကောင်းတစ်ခုဖြစ်လာမှာပါ။ ၂၀၂၄ အော်စကာဆုအတွက်လည်း German entry အဖြစ်ရွေးချယ်ခံထားရပါတယ်…ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (730 MB) Quality….WEB-DL 1080p HEVC /720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….02:47:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.8 2024 167 mins
The Seed of the Sacred Fig
God’s Not Dead: In God We Trust

IMDb Rating – 2.5 Genre – Politics, Religion ကဲ ဒီတစ်ခေါက်တော့ နိုင်ငံရေးကားအသစ်မျှော်နေတဲ့သူတွေအတွက် 2024ခုနှစ်ထွက် အမေရိကန်နိုင်ငံရေးဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း – ဖာသာ ဒေးဗစ် ဟေးလ် တစ်ယောက် မူဝါဒက နေ ဘာသာရေးကို ဖယ်ထုတ်ချင်သူတစ်ဦးနဲ့ လွှတ်တော်မတ်အဖြစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ယုံကြည်သက်၀င်မှုဟာ ပြည်သူလူထုရဲ့ ဘ၀မှာ ဘယ်လောက်အရေးပါသလဲ‌ဆိုတာရယ် ဘာသာရေးတန်ဖိုးများကို အစိုးရ အနေနဲ့ တစ်စိတ်တပိုင်း ပါ၀င်အားစိုက်ထုတ်ထားရန် ကြိုးစားမှုကို ဖော်ပြထားပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး အားပြိုင်ထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by IVY

Comedy • Romance
0 2024
God’s Not Dead: In God We Trust
The Dinner Guest El comensal
5.2

The Dinner Guest (2022) IMDb Rating (5.2) “El Comensal” ကတော့ 2022 ခုနှစ်တွင် ထွက်ရှိလာတဲ့ စပိန် ဒရာမာဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Ángeles González-Sinde ကဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ ETA အဖွဲ့၏လက်ချက်နဲ့ ဖြစ်လာတဲ့ မိသားစုရဲ့စိတ်ဒဏ်ရာတွေကိုပြန်လည်ပြီးတော့ ကုစားတာမြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းထဲကသရုပ်ဆောင်ကောင်းတွေနှင့် ကောင်းမွန်တဲ့ ဇာတ်ညွှန်းတွေကြောင့် စိတ်ဝင်စားဖို့ကောင်းပြီးတော့ခံစားချက်မျိုးစုံရမှာဖြစ်တယ် ။ Ginés García Millán, Susana Abaitua, Adriana Ozores တို့၏ သရုပ်ဆောင်မှုများက ဇာတ်ကားကို ပိုမိုကျစ်လစ်ကောင်းမွန်စေပါတယ်။ အတိတ်နှင့် ပစ္စုပ္ပန်ကြားက ချိတ်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းတွေက မိသားစုရဲ့စိတ်ခံစားချက်တွေကိုသေချာရိုက်ပြထားသလို နည်းနည်းတော့ရှုပ်ထွေးတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ “El Comensal” သည် မိသားစုရဲ့ အတိတ်ကို ရှင်းလင်းဖြေရှင်းဖို့ကြိုးစားပြီ စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ပြီးတော့ရှေ့ဆက်လှမ်းဖို့ကြိုးပမ်းမယ့်ပုံစံပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:36:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Thriller
5.2 2022 100 mins
The Dinner Guest El comensal
Exterritorial
5

Exterritorial (2025) ဆာရာဟာ ဂျာမန်စစ်မှုထမ်းဟောင်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ ဂျော့ရှ်ဆိုတဲ့ ခြောက်နှစ်အရွယ်သားလေးလည်း ရှိပါတယ်။ သူမက အာဖဂန်နစ္စတန်စစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်ခဲ့ပြီး အဲမှာကြုံတွေ့ခဲ့တဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာရပြီး စိတ်ဖောက်ပြန်ချင်သလို ဖြစ်သွားခဲ့လို့ စိတ်ကျန်းမာရေးဆေးရုံမှာ ကုသမှုခံယူခဲ့ရပြီး ပြန်သက်သာလာတာ မကြာသေးပါဘူး။ တစ်နေ့မှာတော့ ဆာရာကို အမေရိကန်လုံခြုံရေးကုမ္မဏီကြီးက သူမရဲ့အတွေ့အကြုံကို သဘောကျလို့ အလုပ်ကမ်းလှမ်းလာတဲ့အခါ သူမဟာ အသစ်တဖန် စတင်ချင်တဲ့အတွက် အလုပ်ကိုလက်ခံဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ ဂျာမန်မြေပေါ်က အမေရိကန်ကောင်စစ်ဝန်ရုံးကတစ်ဆင့် လေယာဉ်စီးရမှာမလို့ ကောင်စစ်ဝန်ရုံးကို သွားခဲ့ပါတယ်။ အဲမှာ သူတို့ဟာ လေယာဉ်ကို သုံးနာရီကြာအောင် စောင့်နေပေမဲ့လည်း မရောက်လာသေးတာနဲ့ ဂျော့ရှ်ကလည်း နားနေခန်းနားက ကလေးကစားခန်းကို တွေ့သွားခဲ့ပါတယ်။ ဂျော့ရှ်က ကစားခန်းမှာ ကစားနေတုန်း ဆာရာက ကော်ဖီသွားဝယ်ပြီး ပြန်လာတဲ့အခါမှာ ဂျော့ရှ်ဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ ဒီတော့ ဆာရာဟာ သက်ဆိုင်ရာအရာရှိတွေကို အကူအညီတောင်းတဲ့အခါ အဲရစ်ကင့်ချ်ဆိုတဲ့ အထက်အရာရှိက ဆာရာက ကောင်စစ်ဝန်ရုံးကို တစ်ယောက်တည်း လာခဲ့ကြောင်း၊ ဂျော့ရှ် မပါလာခဲ့ကြောင်း အယုံသွင်းပြီး အတင်းအကြပ်ပြန်လွတ်ပါတော့တယ်။ ဒီတော့ စိတ်ဖောက်ပြန်ဖူးတဲ့ဆာရာက တွေဝေသွားပေမဲ့လည်း သူ့သား ဂျော့ရှ်က ဒီအဆောက်အဦးအတွင်းမှာ ပျောက်သွားတာသေချာတဲ့အတွက် ကောင်စစ်ဝန်ရုံးက ပြန်လွတ်တာကို လက်မခံပဲ အခက်အခဲ အတားအဆီးတွေကြားက ဂျော့ရှ်ကို ဘယ်လိုရှာမလဲဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ စိတ်ပူဖွယ် စောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size… (1.9 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Thriller Duration…. 01:49:43 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Matteo

Crime • Mystery • Thriller
5 2025 109 mins
Exterritorial
Super Charlie
6

Super Charlie (2024) ဟာ စိတ်လှုပ်ရှားဖွယ်ရာ Family Drama Super Hero Animation ဇာတ်ကားကောင်း တစ် ကားဖြစ်ပါတယ်။ စူပါဟီးရိုးစွမ်းအားတွေနဲ့ ညီကို ၂ ဦးရဲ့ စွန့်စားခန်းတွေကို ရင်သပ်ရှုမောဖွယ် တင်ဆက်ထားပါတယ်။ ဒီဇာတ်ကားဟာ animation ဆိုပေမဲ့ ကလေးငယ်လေးတွေသာမကဘဲ မိသားစုဝင်အားလုံး အတူတူပျော်ရွှင်စွာနဲ့ ကြည့်ရှုနိုင်မဲ့ ရသစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++++ ချာလီ (Charlie) ဆိုတဲ့ သာမန်ကလေးငယ်လေးဟာ မထင်မှတ်ပဲ စူပါဟီးရိုးစွမ်းအားတွေ ရရှိသွားပါတယ်။ သူ့ရဲ့ဒီအစွမ်းတွေကို သုံးပြီး မကောင်းတဲ့သူတွေကို တိုက်ထုတ်ဖို သူ့အစ်ကို ဝီလီနဲ့အတူ စွန့်စားခန်းတွေထဲ ဝင်ရောက်ရပါတော့တယ်။ ချာလီရဲ့ မိသားစုနဲ့သူငယ်ချင်းတွေကလည်း သူ့ကိုကူညီပြီး ဒီစွန့်စားခန်းတွေမှာ ပါဝင်ကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဝီလီဟာ သူ့ညီချာလီရဲ့ စူပါစွမ်းအားတွေကိုဖျက်ဆီးဖိုရည်ရွယ်ထားပေမဲ့ ချာလီက ဝီလီ့ကိုစိတ်ပြောင်းအောင်လုပ်ပြီး တကယ့်ဗီလိန်တွေကို အနိုင်ယူနိုင်မလား၊ ဝီလီက တကယ့်ဗီလိန်ဖြစ်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size… (1.44 GB) / ( 647 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 20m Genre …..Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Romance • Comedy • Drama
6 2024 78 mins
Super Charlie