YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Sweet and Cold E09 (1080p) CM.mp4

659.75 MB 1080p video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Magical Girl
7.4

Magical Girl (2014) ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ပြုတ်သွားတဲ့ ကျောင်းဆရာပတ်ဒရိုဟာ သွေးကင်ဆာဖြစ်နေတဲ့ သူ့သမီးကိုကုနေရင်းနဲ့ တစ်ဖြည်းဖြည်း လုံးပါးပါးလာပါတယ်။ဆရာဝန်ရဲ့ ပြောပြချက်အရ သူ့သမီးရဲ့ အသက်ဟာ ထင်သလောက် မလွယ်ကူမှန်းသိသွားတဲ့အခါ သမီးဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။ သမီးရဲ့ ဆန္ဒတွေထဲက တစ်ခုဖြစ်တဲ့ anime ထဲက အင်္ကျီကို ဝယ်ပေးချင်ပေမယ့် ဈေးကြီးလွန်းတာကြောင့် သူ့အသိမိတ်ဆွေတွေကို အကူအညီ တောင်းပေမယ့် အဆင်မပြေပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ရတနာပစ္စည်းဆိုင်ကို ဖောက်ဖို့ကြိုးစားတဲ့အခါ သံသယလွန်ကဲလွန်းတဲ့ ယောက်ျားရဲ့ ထိန်သိမ်းမှုအောက်မှာနေရတဲ့ ဘာဘာရာနဲ့မထင်မှတ်ဘဲ ဆုံခဲ့တယ်။ ဘာဘရာရဲ့ယောက်ျားဟာ စိတ်ရောဂါဆရာဝန်ဖြစ်တဲ့အတွက် ငွေကြေးပြည်စုံပါတယ်။ အဲဒီညမှာပဲ ဘာဘရာဟာ ပတ်ဒရိုနဲ့ အိပ်ဖြစ်တယ်၊ အကြံကြီးတဲ့ပတ်ဒရိုဟာ အတူအိပ်ဖြစ်တဲ့အကြောင်းကို မှတ်တမ်းထင်ထားပြီး ဘာဘာရာဆီက ခြိမ်းခြောက်ငွေညစ်တဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။) File Size          : 1.3GB, 380MB, 228MB Quality            :1080p BDRip, 720p BDRip, 480p Format            : mp4 Duration         : 2hr 7mins Genre              : Drama, Thriller Translated by Tin Myo Lwin Encoded by Kinnov

Comedy • Romance
7.4 2014 127 mins
Magical Girl
Scream VI
7.2

Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ အဲဒီ လူသတ်သမားတွေကို အရမ်းအားကျတဲ့ သူတွေကလည်း သူ့ကိုသတ်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒီလိုနဲ့ သူတို့အနားကလူတွေ တဖြုတ်ဖြုတ် အသတ်ခံလာရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ထုံးစံအတိုင်းလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါပဲ။ ညီအစ်မနှစ်ယောက်နေရာမှာတော့ အရင် Scream မင်းသမီး Melissa Barrera နဲ့ ဝန့်ဇ်ဒေးစီးရီးထဲကမင်းသမီးလေး Jenna Ortega တို့ ပါဝင်ထားရုံတင်မက ပင်တိုင်စံမမကြီး Courtney Cox လည်း ဆက်ပါထားပါသေးတယ်။ Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 6.7GB, 1.85GB, 860MB Quality - 4K HEVC, 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 2Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama • War
7.2 2023 123 mins
Scream VI
Seven Sundays
8.1

သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။ လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဆိုတဲ့ ရပ်ရွာရဲ့လူကြီးလူကောင်း အဖိုးကြီးတစ်ယောက်ဟာ သားသမီးလေးယောက်၊ မြေးတွေများစွာရှိပါလျက်နဲ့ အိမ်မှာ တူဖြစ်သူ Jun နဲ့ နှစ်ဦးထဲ နေရသူပါ။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့မှာ လာဖို့ သားသမီးတွေကိုခေါ်ပေမယ့် ဘယ်သူမှမအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူ ဒီမွေးနေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိပဲ ဖြတ်သန်းလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ နောက်ဆုံးဧည့်သည်က ဆရာဝန်ဖြစ်နေပြီး သူဟာ အဆုတ်ကင်ဆာရှိနေတာကြောင့် ၂လပဲ နေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီအခါမှာ သားသမီးတွေကို ဆက်သွယ်ပြီး နှစ်လတာကာလအတွင်းက တနင်္ဂနွေခုနှစ်ရက် (Seven Sundays) ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တနင်္ဂနွေ ခုနှစ်ရက် အတွင်းမှာ ဒီဖခင်နဲ့ ညီကိုမောင်နှမလေးယောက် ဘာ‌တွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ရသမျိုးစုံခံစားရင်း ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyan Hlyan Chit မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/85  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.9 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….02:08:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Nyan Hlyan Chit

Drama
8.1 2017 128 mins
Seven Sundays
Cheap Thrills
6.7

IMDB 6.7/10 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ Craig Daniels (ခရေ့ဂ်ဒန်နီရယ်စ်) ဆိုတဲ့လူတစ်ယောက်က အလုပ်ပြုတ်လို့ စိတ်ညစ်ပြီး ဘားမှာအရက်သွားသောက်တော့ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်သူ Vince (ဗင့်စ်) ရယ် ပိုက်ဆံအရမ်းချမ်းသာတဲ့ လင်မယားနှစ်ယောက်နဲ့ တွေ့မိတယ်။ ထူးဆန်းတာက ယောကျာ်းဖြစ်တဲ့သူက အပျော်အဖြစ်နဲ့ သူတို့နှစ်ယောက်ကို အရမ်းလွယ်တဲ့ challenge တွေလုပ်ခိုင်းပြီး ငွေအများကြီးပေးတာပဲ။ ဒါပေမဲ့ သူတို့မသိခဲ့တာကတော့ အဲဒီလင်မယားနှစ်ယောက်ဟာ အကြံတစ်ခုနဲ့လုပ်နေတယ်ဆိုတာကိုပဲ။ ဘယ်လိုမျိုးအကြံနဲ့ သူတို့ဒါကိုလုပ်နေတယ်ဆိုတာကိုတော့ CM ပရိသတ်များ ကိုယ်တိုင်ကြည့်ရှုရင်း ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ File size… 1 GB / 458 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

6.7 2013
Cheap Thrills
Dragon Gate Posthouse 6: Concubine Tears
6

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဒါကတော့ မိန်းမတစ်ယောက်ရဲ့ ဆိုးရွားလှတဲ့ ကံကြမ္မာနဲ့ ခက်ခက်ခဲခဲတိုက်ခိုက်ရတဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ယွဲ့ယာမြို့ကိုပြောင်းလာခဲ့တဲ့ ထျန်းယာအရက်ဆိုင်က သူဌေးမ ချိုးညန်ဟာ ဉာဏ်ကောင်းပြီး တော်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်။ သူမမှာ အပေါ်ယံမှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ထားပေမယ့် ချိုးညန်အတွက်တော့ စိတ်ထဲမှာ စိုးရိမ်နေရပါတယ်။ တစ်ဖက်က ချိုးညန်တစ်ယောက် ကလေးမရနိုင်ခြင်း နောက်တစ်ဖက်မှာတော့ ယောကျာ်းဖြစ်သူ ဖန်းယိုသယ်ဟာ အရင်ဇနီး လျိုဖူရုန်အနားကို ပြန်သွားမှာ စိုးရိမ်နေရပါတယ်။ ဒီရခဲလှတဲ့ မိသားစုဘဝကို ထိန်းသိမ်းဖို့ သာမန်မိန်းမတစ်ယောက်လိုမျိုါ် ငြိမ်းချမ်းသာယာတဲ့ ဘဝမျိုးမှာ နေထိုင်ရဖို့ ချိုးညန်ဟာ နည်းလမ်းပေါင်းစုံကို သုံးခဲ့ပြီး ထိုအတွက် လူသတ်ဖို့လည်း ဝန်မလေးခဲ့ပါဘူး။ သို့သော် ကံကြမ္မာရဲ့ စီမံမှုကြောင့် အဝေးကနေ ယောကျာ်းကိုလာရှာတဲ့ ဖူရုန်ဟာ အရက်ဆိုင်ကို ရောက်လာတဲ့အခါမှာတော့ …….. ဒီရုပ်ရှင်ထဲမှာတော့ သားကိုအလေးပေးပြီး သမီးကို တန်ဖိုးမထားတဲ့ တရုတ်နိုင်ငံရဲ့ရှေးခေတ်အချိန်က အမျိုးသမီးတွေရဲ့ ဘဝကြမ်းတမ်းခက်ခဲမှုတွေကို ချိုးညန်ရဲ့ဘဝအတွေ့အကြုံတွေ အဖြစ်နဲ့သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ချိုးညန်ရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝကို CM ရဲ့ ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

6 2018
Dragon Gate Posthouse 6: Concubine Tears
Dust To Dust
6.1

တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။ (၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။ နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။

Fantasy • Drama • Romance
6.1 2023
Dust To Dust
Mean Machine
6.4

“The Mean Machine” လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။ တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ဆေးလိပ်အမြန်ဖွက်ပုံနည်းလမ်းအထိ ထောင်တွင်းနေထိုင်နည်းအဖြာဖြာကို သင်ယူခဲ့ရပါတယ်။ အသင်းဖော်တွေရဲ့ ယုံကြည်မှုကို ခက်ခက်ခဲခဲစည်းရုံးအရယူအပြီးမှာတော့ ထောင်စောင့်တွေနဲ့ ယှဉ်ပြိုင်ရမယ့် ဘောလုံးပွဲစဉ်ဟာ နိုင်ငံသစ္စာဖောက်အဖြစ်နဲ့ ကျဆင်းခဲ့ရတဲ့ ဒန်နီရဲ့ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ရမယ့် ပွဲတစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်က The Longest Yard အမေရိကန်ရုပ်ရှင်ကားကို မှီငြမ်းထားပေမယ့် American Football အစား Soccer အကြောင်းကို ရိုက်ကူးတင်ဆက်ထားပြီး ဒန်နီမီဟန် အနေနဲ့ Vinnie Jones၊ Jason Statham တို့ ပါဝင်ထားတဲ့ Sports Comedy ဇာတ်ကားလေးကို CM ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1 GB / 625 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

War • Drama
6.4 2001
Mean Machine
A Hipster in Rural Spain

ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။ မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့ လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

Animation • Action • Adventure
0 2024
A Hipster in Rural Spain
Pradhan
5.5

Pradhan 2023 ပရာဒန် IMDb- 5.6/10 2023 ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံး Bengali ရုပ်ရှင်ဖြစ်ခဲ့တဲ့အပြင် Cinematic ၊ castတွေရဲ့သရုပ်ဆောင်ကောင်းမှုနဲ့ Chemistryမိတယ်ဆိုပြီး အပြုသဘောဆောင် ဝေဖန်မှုတွေ ရရှိထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ Bollywood ရိုးရာမပျက် ဒီကားလေးကလည်း နိုင်ငံရေးကစားကွက်တွေကြားက အမှန်တရားဘက်တော်သားလေးရဲ့တိုက်ပွဲကို မြင်ရမှာပါ။ ရိုးသားကြိုးစားပြီး မိသားစုရဲ့အားကိုးရတဲ့ ရဲအရာရှိဒီပါ့ခ်ပရာဒန်တစ်ယောက် လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ဒါမာပူရ်ဆိုတဲ့ရွာလေးကို ပြောင်းရွှေ့ရဖို့ ဖြစ်လာပါတယ်။ မိသားစုရဲ့ အားကိုးရတဲ့သားဆိုတော့ မိဘတွေလည်း မခွဲနိုင်မခွာရက်တဲ့ကြားက နိုင်ငံ့တာဝန်နဲ့ယှဉ်တော့လည်း ဒါမာပူရ်ကိုလွှတ်လိုက်ရတာပေါ့။ ဒီလိုနဲ့ အသစ်စက်စက် ကြင်စဦးမောင်နှံနှစ်ယောက် ဒါမာပူရ်ကို ရောက်လာတော့တာပေါ့။ ဒါပေမဲ့ ဒါမာပူရ်ရွာမှာလည်း အရင်ကတည်းက မင်းမူပြီးတော့ ကြီးနိုင်ငယ်ညှင်း ရွာသားတွေကို အနိုင်ကျင့်နေတဲ့ သူကြီးပရာဒန်ဆိုတာက ရှိနေတော့ အသစ်ရောက်လာတဲ့ ဦးစီးအရာရှိ ဒီပါ့ခ်ပရာဒန်က မျက်စိဆံပင်မွှေးဆူးစရာဖြစ် တစ်ဖက်ကလည်း တရားမျှတမှုကိုလိုလားတဲ့ အရာရှိပရာဒန်ကလည်း ဒီလို မတရားမှုတွေကို လက်ပိုက်ကြည့်နေမယ့်သူ မဟုတ်တဲ့အခါမှာတော့…. ဂူတစ်လုံးမှာ ခြင်္သေ့နှစ်ကောင်အောင်းရိုးထုံးစံမရှိတော့ ပရာဒန်အဟောင်းနဲ့ ပရာဒန်သစ်တို့ကြား ဘယ်လိုအားပြိုင်မှုတွေ ဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

Drama • Romance • TV Movie
5.5 2023 160 mins
Pradhan
A Copenhagen Love Story
6.3

ဒီတစ်ခေါက်မှာတော့ လက်တွေ့ဘဝနဲ့ တစ်သားတည်းဖြစ်အောင် ရိုက်ကူးတင်ဆက်ပြထားတဲ့ ဒိန်းမက်စ‌ကားပြော ရုပ်ရှင် တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် မီယာဟာအတော်အသင့် အောင်မြင်နေပြီဖြစ်တဲ့ စာရေးဆရာမတစ်ဦးပါ။ မီယာက ခါတိုင်းဆို မနူးမနပ် တက္ကသိုလ်‌ကျောင်းသားအရွယ် မောင်လေးတွေနဲ့ပဲ တွဲခုတ်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ရဲ့ စာအုပ် မိတ်ဆက်ပွဲနေ့မှာ သူငယ်ချင်းနဲ့အတူပါလာတဲ့ အီမီးဆိုသူနဲ့ ဆုံဖြစ်ပြီး ဒိတ်ကြည့်တဲ့အခါ အဆင်ပြေတဲ့အတွက် တွဲဖြစ် သွားပါတယ်။ ကိုယ့်ထက်အသက်ငယ်တဲ့လူတွေနဲ့ပဲတွဲလေ့ရှိတဲ့ မီယာက သူနဲ့သက်တူရွယ်တူ ကလေး ၂ယောက်အဖေ အီမီးကို အတည်တကျချစ်မိသွားပြီး အီမီးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာ အီမီးရဲ့ကလေးနှစ်ယောက်ကိုလည်း သူကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးရင်းနဲ့မှ ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးတဲ့ ရင်သွေးလိုချင်လာတဲ့အတွက် အီမီးနဲ့ အတူ ကလေးယူဖို့ ကြိုးစားပါတော့တယ်။ တစ်ချို့သောသူတွေအတွက် သားသမီးရဖို့ဆိုတာ လွယ်ကူတယ် ဆိုပေမဲ့လည်း မီယာနဲ့အီမီးတို့အတွက်ကတော့ မလွယ်ကူခဲ့ပါဘူး။ ဒီလိုနဲ့သူတို့နှစ်ယောက် ရင်သွေးလေးရဖို့အတွက် ဆေးရုံဆေးခန်း တွေပြ ကုထုံးတွေခံယူရင်း အခက်အခဲမျိုးစုံကိုကျော်ဖြတ်ရပုံကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ တကယ့်လက်တွေ့ဘဝမှာလည်း သားသမီးရင်သွေးရရှိဖို့အတွက် ခက်ခဲရုန်းကန်နေတဲ့သူတွေရှိမယ်ဆိုရင် ဒီဇာတ်ကားကတကယ်ကို ဆေးတစ်ခွက်ဖြစ်စေမှာပါ။ ဒီရုပ်ရှင်ဟာ မီယာနဲ့ အီမီးတို့ကြားက စိတ်ခံစားချက် ရသမျိုးစုံအပြင် မျိုးဆက်ပွားကျန်းမာရေးအကြောင်းကိုပါသေချာလေး ‌ရိုက်ကူး ပြထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။ File size… (1.37 GB) / (669 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.3 2025 105 mins
A Copenhagen Love Story
The Most Beautiful Girl in the World
6.1

The Most Beautiful Girl in the World (2025) ******************************************* WinTV ရုပ်သံလိုင်းရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ ရူဘန်ဟာ အရမ်းကို ပွေရှုပ်တတ်တဲ့ ပလေးဘွိုင်းလေးတစ်ယောက်ပေါ့။ သူဟာ သူ့အဖေနဲ့လည်း မျက်နှာချင်းဆိုင်လိုက်တာနဲ့ ရန်ပွဲဆိုတာလိုဖြစ်နေပြီး အမေဖြစ်သူကလည်း သူနဲ့သူ့အဖေကို ထားကာ ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရူဘန့်အဖေဟာ ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အဖေရဲ့ သေတမ်းစာမှာတော့ ရူဘန်တစ်ယောက် ၆လအတွင်းမှာ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေးနဲ့ လက်ထပ်နိုင်မှ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ရမယ်ဆိုတာပါပဲ။ ဒီအတွက်နဲ့ ရူဘန်တစ်ယောက် မိန်းမရှာပုံတော် ထွက်ရပါတယ်။ ရုပ်သံလိုင်းရဲ့ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးဆိုတဲ့ မော်ဒယ်ရှိုးကို အထူးစီစဥ်အနေနဲ့ ရူဘန်ရဲ့ ဇနီးလောင်းရှာဖွေပွဲကြီးအဖြစ်‌ ပြောင်းလဲလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ရူဘန်တစ်ယောက် ၆လအတွင်း မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်နိုင်ပါ့မလား .. ရူဘန်ရဲ့ ဘဝ အချစ်ခရီးလမ်းက ဘယ်လိုတွေ ကြုံတွေ့လာရမလဲ … ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ အချစ်ရိုမန့်ဟာသ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.52GB / 674MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 03m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by AHtet

6.1 2025 122 mins
The Most Beautiful Girl in the World
Adult Best Friends
5.8

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ friendship နဲ့ပတ်သတ်တဲ့ ရုပ်ရှင်ကားကောင်းလေးပါ။ လူတိုင်း ဘဝမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်တော့ အနည်းဆုံး ရှိကြမှာပါ။ ကျောင်းသား ကျောင်းသူဘဝတုန်းက သက်တူ ရွယ်တူ စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေလည်း အများကြီး ရှိခဲ့ ကြဖူးမှာ‌ပေါ့။ ဒါပေမဲ့ အသက်အရွယ်တွေ ကြီးပြင်းလာပြီး 20 somethingအရွယ်တွေ ကိုရောက်တဲ့အခါမှာတော့ အဲဒီ သူငယ်ချင်းဆိုတဲ့ အဝန်းအဝိုင်းလေးက တဖြည်းဖြည်း သေးလာတာကိုလည်း ကြုံကြရမှာပါ။ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ကိုယ်ဘဝ တစ်လျှောက်လုံး ပခုံးဖက်ပေါင်းလာခဲ့တဲ့ အခင်ဆုံးသူငယ်ချင်း ဟာလည်း အချိန်တိုင်းအနားမှာ မရှိနေနိုင်တော့ပါဘူး။ တစ်ခါတလေမှာဆိုရင် သဘောထားချင်းမတိုက်ဆိုင် ကြတော့လို့ ခွာပြဲကြရတာမျိုးတွေတောင်ရှိတတ်ပါ သေးတယ်။ ဒီဇာတ်ကားထဲက ကေတီနဲ့ ဒီလန်နီဟာလည်း အသက် 12နှစ် ကတည်းက မခွဲမခွာဘဲ အတူတူပေါင်းလာကြတဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက်အရွယ်ရောက် လာတဲ့အခါမှာ ကေတီက ချစ်သူရည်းစားအတည်တကျနဲ့ ဘဝကိုဖြတ်သန်းနေပေမဲ့ ဒီလန်နီကတော့ ဘဝကို ပျော်ပျော် ပါးပါး စားလိုက်သောက်လိုက်နဲ့ ဖြတ်သန်းနေတုန်းပါပဲ။ ဒါပေမဲ့ ဒီလန်နီက အပြောင်းအလဲတွေကို မနှစ်သက်သူမို့ သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲမှာ ကေတီရဲ့ ကောင်လေး ဝင်လာတာကို သိပ်သဘောမကျပါဘူး။ တစ်ရက်မှာ ကေတီက သူ့ကောင်လေး‌ဆီကနေ လက်ထပ် ခွင့်တောင်းခံလိုက်ရ‌တော့ အပြောင်းအလဲတွေ သဘော မကျတတ်တဲ့ ဒီလန်နီကိုပြောပြဖို့ အခက်တွေ့လာပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲ ကတောက်ကဆ လေးတွေ ဖြစ်လာတာကို သဘာဝဆန်ဆန်ရိုက်ကူးပြထား တာပါ။ သူငယ်ချင်း ဆက်ဆံရေးနဲ့ပတ်သတ်တဲ့အကြောင်း အရာတွေအပြင်၊ Adult တစ်ယောက်ဖြစ်လာတဲ့အခါ ကြုံတွေ့လာရမဲ့ အမျိုးမျိုးသော အပြောင်းအလဲတွေကိုပါ လက်ခံတတ်စေဖို့ကို အဓိကထားပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆို လိုက်ချင်ပါတယ်။ File size… (1.43 GB) / ( 778 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 30m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Mystery • Thriller • Drama
5.8 2024 90 mins
Adult Best Friends
Prince and Family
5

Prince and Family 2025 (ပရင့်စ်နဲ့ သူ့မိသားစုဘဝ) ဒီတစ်ခါမှတော့ မလေယာလမ်ရုပ်ရှင်လောကမှာ နာမည်ကြီးတဲ့ မင်းသားကြီး Dileep ရဲ့ ဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ပရင့်စ်ဆိုသူဟာ မိသားစုမှာ အကြီးဆုံးသားတစ်ယောက်ဖြစ်ပါတယ်။သူဟာ ဒီဇိုင်နာပညာကို သင်ယူထားပြီး ဖက်ရှင်ဆိုင်လေးဖွင့်ကာ မိသားစုရဲ့ တာဝန်တွေကို ထမ်းနေရသူတစ်ဦးပေါ့။ ပရင့်စ်ရဲ့ ညီနှစ်ယောက်ကတော့ မိန်းမကိုယ်စီရကာ ကလေးတွေနဲ့ဖြစ်နေတဲ့အချိန်ထိ ပရင့်စ်တစ်ယောက်ကတော့ လူပျိုကြီးအဖြစ်နဲ့ပဲ သူ့စိတ်ကြိုက် အမျိုးသမီးကို ရွေးချယ်လျက်ရှိနေပါတယ်။ ဒီလိုနဲ့ ချေးများလွန်းတဲ့ လူပျိုကြီး ပရင့်စ်တစ်ယောက် ဘလော့ကာမလေးနဲ့တွေ့ကာ အိမ်ထောင်ကျခဲ့ရပါတော့တယ်။ ဒီမှာပဲ ပြဿနာတွေက စတင်လာပါတော့တယ်။ ပရင့်စ်ကတော့ ရှေးရိုးစွဲတည်တည်ငြိမ်ငြိမ်အတွေးနဲ့ရှိပေမဲ့ သူယူလိုက်တဲ့ မိန်းမကတော့ ဘလော့ကာလည်းဖြစ် ငယ်ရွယ်သူလည်းဖြစ်တော့ နှစ်ဦးသား ကိုက်ညီမှုမရှိဖြစ်လာတဲ့အခါမှာတော့ …….. ဒီဇာတ်လမ်းမှာ မိသားစုကိစ္စတွေ အသက်အရွယ်ကွာဟမှုကြားက ပြဿနာတွေကို ဟာသလေးတွေနှောလို့ ကြည့်ရှုရမှာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦး ပရိသတ်ကြီးတို့ ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

5 2025 134 mins
Prince and Family