YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Swamp.Thing.1982.UNRATED.1080p.BluRay {CM}.mp4

1.61 GB N/A video/mp4 163 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lionel Messi: Destiny
7

Lionel Messi: Destiny (2023) ဒီ Documentary ကို BBC UK က ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တဲ့အ​ကြောင်း Footage​ တွေ Interview​ တွေအစုံနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ​ဘောလုံးပရိသတ်​တွေအားလုံး သိပြီးသားဖြစ်တဲ့အတိုင်း အာဂျင်တိုင်းသား​တွေဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ ​ပြောရမယ့် ​ဆော်ဒီအာ​ရေဗျကို ၂-၁ ရလဒ်နဲ့ အ​ရေးနိမ့်ပြီး အုပ်စုကထွက်ရမယ့် အ​နေအထားက​နေ လက်ကျန်ပွဲ​တွေဖြစ်တဲဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို အနိုင်ကန်ပြီး ရှုံးထွက်အဆင့်မှာ ဩဇီ၊ ကွာတားမှာ နယ်သာလန်၊ ဆီမီးမှာ ခရို​အေးရှားနဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်တို့ကို အနိုင်ယူ​ကျော်ဖြတ်ကာ သူတို့ရဲ့ ၃ကြိမ်​မြောက် ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။ ဒီပွဲမှာ လူတိုင်းစောင့်ကြည့် ထုတ်ခဲ့တဲ့မေးခွန်းက ကမ္ဘာ့အ​​ကောင်းဆုံးကစားသမား The Greatest of All Time လို့ သတ်မှတ်ထားကြတဲ့ အာဂျင်တီးနားအသင်း​ခေါင်း​ဆောင် လီယွန်နယ်မက်ဆီတစ်​ယောက် သူရဲ့ပထမဆုံးကမ္ဘာ့ဖလားကို ရယူသွားနိုင်မလားဆိုတဲ့မေးခွန်းပါ။ ၂၀၂၂ပြိုင်ပွဲဟာ လီယိုရဲ့ ၅ကြိမ်​မြောက်ကမ္ဘာ့ဖလားဖြစ်သလို ​နောက်ဆုံးပြိုင်ပွဲလည်းဖြစ်သွားနိုင်တဲ့အ​ခြေအ​နေမှာ ​​ပေါ်တူဂီအသင်းရဲ့ခေတ်ပြိုင်ကြယ်ပွင့် စီ​ရော်နယ်ဒိုနဲ့ ဘယ်သူကပိုသာလဲ ဘယ်သူက GOAT အစစ်လဲဆိုတဲ့ အားပြိုင်မှု​တွေရှိ​သလို အာဂျင်တီးနားဂန္ထဝင်ကြီး ဒီ​ယေဂိုမာရာဒိုနာ စွမ်း​​ဆောင်ခဲ့သလိုမျိုး ကမ္ဘာ့ဖလားကိုအရယူ​ပြီး အာဂျင်တိုင်း​တွေရဲ့ ဂန္ထဝင်အစစ်ဖြစ်​နိုင်မလား ​​စောင့်ကြည့်ခဲ့သူ​တွေလည်း ဒုနဲ့​ဒေးပါပဲ။ ဒါ​ပေမဲ့ လီယိုက ဒီဖိအား​နဲ့ သံသယ​တွေကို အ​ကောင်းဆုံး​ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရ​ရှိအောင် ဦး​ဆောင်ခဲ့သလို အ​ကောင်းဆုံးဆုဖြစ်တဲ့ ရွှေ​ဘောလုံးဆုကိုပါ အရ​ယူသွားခဲ့ပါတယ်။ ဒီဒိုကူမှာ လီယိုရဲ့ဦး​​ဆောင်မှု​တွေ အာဂျင်တိုင်းအသင်းသား​တွေရဲ့ ပေးဆပ်ကစားမှု​တွေကို မြင်​တွေ့ရမှာဖြစ်သလို ပြိုင်ပွဲတ​လျှောက် အ​ကောင်းဆုံး Highlight​ တွေကိုပါ ပရိသတ်​တွေအ​နေနဲ့ ပြန်လည်ခံစားနိုင်မှာပါ။ ဘာသာပြန်သူအ​နေနဲ့က​ နာမည်ကြီးပွဲတင်ဆက်သူ Peter Drury ရဲ့ "Messi has shaken hands with paradise" အစချီတဲ့ Iconic Monologue​​s ကို ပြန်ခံစားချင်​ပေမယ့် BBC ရဲ့ Docu ဖြစ်​နေတဲ့အတွက် BBC ပွဲတင်ဆက်သူ​တွေရဲ့​ကြေညာသံနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ တကယ်လို့ သင်ဟာ လီယွန်နယ်မက်ဆီရဲ့ ပရိသတ်ဖြစ်တယ်ဆိုရင်၊ ကမ္ဘာ့ဖလား​အောင်မြင်မှုဟာ နိုင်ငံတိုင်း၊ လူတိုင်းလိုချင်တပ်မက်​ရတဲ့ အ​ကြောင်းရင်းကိုသိချင်ရင် BBC ရဲ့ ဒီ Documentary က သင်တို့အတွက်ပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p TMDb Rating - 7/10 Format - mp4 Duration - 1H Genre - Documentary, Sport Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama • Sci-Fi & Fantasy
7 2023 59 mins
Lionel Messi: Destiny
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
The SpongeBob Movie: Sponge Out of Water
6.1

SpongeBob Squarepants ကိုတော့အားလုံးသိကြပြီးသားဖြစ်မှာပါ 2015 ခုနှစ်ကထွက်ရှိထားတဲ့ action & adventure movie ဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ် ဒီတစ်ခေါက်မှာတော့ Mr. Krabs ရဲ့လျှို့ဝှက်ဟင်းချက်နည်းက ရုတ်တရက်ပျောက်သွားရာကနေအစပြုပြီး Krabby Patties တွေလည်းထပ်မရှိတော့တာကြောင့် Bikini Bottom ကြီးတစ်ခုလုံးပရမ်းပတာတွေဖြစ်ပြီး ကပ်ဘေးကြီးဆိုက်သွားပါတော့တယ် SpongeBob တို့သူငယ်ချင်းတစ်စုသားလျှို့ဝှက်ဖော်မြူလာကိုရှာရင်းကုန်းပေါ်အထိပါတက်သွားရတဲ့အထိပါပဲ သူတို့ကုန်းပေါ်မှာ လျှိူ့ဝှက်ဖော်မြူလာကိုပြန်ရှာဖို့စွန့်စားခန်းတွေဖွင့်ရင်း Bikini Bottom ကိုကယ်တင်ဖို့ကြိုးစားကြတာတွေကိုပျော်ပျော်ကြီးကြည့်ရှုရမှာပါ

Drama • Romance
6.1 2015 93 mins
The SpongeBob Movie: Sponge Out of Water
My Professor’s Guide to Murder
5

အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။ Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…TV Movie, Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khant Zarni

Romance • Comedy
5 2023
My Professor’s Guide to Murder
Parundhaaguthu Oor kuruvi
7.6

Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 Thriller IMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်‌ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.6 2023
Parundhaaguthu Oor kuruvi
Arthur’s Whisky

Arthurs Whisky [2024] အာသာဆိုတဲ့ အဖိုးကြီးတစ်ယောက် ငယ်ရွယ်နုပျိုဆေးဖော်ပြီးကာမှ မိုးကြိုးပစ်လို့ ဆုံးပါသွားရှာပါတယ်… ဒီတီထွင်နိုင်ခဲ့မှုကို ဇနီးသည်ဖြစ်သူ ဂျုန်း မသိရှိခဲ့ပါဘူး… ဒီလိုနဲ့ ဂျုန်းရဲ့ ပူဆွေးမှုတွေကို ဖြေသိမ့်ဖို့ လင်ဒါရယ် ဆူဇီရယ် လက်ဖက်ရည်လာသောက်တဲ့ တစ်ရက်သားမှာ အာသာ့အလုပ်ဂိုဒေါင်ကို ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်… ဂိုဒေါင်ထဲကနေ ဝီစကီပုလင်းတွေ ရှာတွေ့တာမို့ ဂျုန်းဟာ အင်မတန်အံ့အားသင့်ခဲ့ရပါတယ်… အကြောင်းကတော့ အာသာဟာ ဝီစကီဆို အနံ့တောင်မခံနိုင်သူမို့ပါပဲ… ဒိလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက် အာသာ့ရဲ့ အဖိုးတန်ပုလင်းတွေကို ဖွင့်ဖောက်သောက်သုံးရင်း စကားတပြောပြောနဲ့ အိပ်ပျော်သွားကြပါတယ်… သူတို့ ပြန်လည်နိုးထလာတဲ့အခါမှတော့ သူတို့အားလုံး ငယ်ရွယ်နုပျိုလို့ နေပါတယ်… ဒီလို ဖြစ်ရခြင်းဟာ အာသာ့ဝီစကီကြောင့်လို့ သိရှိရပြီးတဲ့နောက် လူငယ်ဘဝတုန်းက သူတို့ လုပ်ချင်တဲ့ သူတို့ မလုပ်ခဲ့ရတဲ့ အရာတွေကို တစ်ခုချင်းစီ သွားရောက်လုပ်ကိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ်ခဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama, Fantasy Quality…. 1080p | 720p File size… 1.5GB | 779MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2024
Arthur’s Whisky
Hostile Forces

ယခုအခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် စစ်ပြန်တစ်ယောက်ဖြစ်သူ မစ်ကီဟာသူ့မိသားစုနဲ့အတူ သူ့အကိုဖြစ်သူ နိုအာ နေထိုင်ရာဆီသို့ အားလပ်ရက်ခရီးထွက်လာခဲ့ပါတယ်။ သူ့အကိုအိမ်ကိုရောက်တဲ့အခါ မမျှော်လင့်တာတစ်ခုဖြစ်လာခဲ့ပါတယ်။ မစ်ကီဟာသူ့အကိုရဲ့အလောင်းနဲ့အတူ အိတ်နှစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ ထိုအခါဒီအိမ်ကနေချက်ချင်းထွက်ခွာဖို့လုပ်ခဲ့ပေမယ် အိမ်အပြင်မှာလူတစ်စုကဝိုင်းထားပြီးပါပြီ။ နောက်နေ့မနက်ကျတော့ အိမ်ကိုဝိုင်းထားသူဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်သူ ကိန်းဆိုတဲ့သူဖြစ်နေခဲ့ပါတယ်။ မစ်ကီရဲ့အကိုဟာ ကိန်းအပါအဝင်အခြားလူတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးရောင်းစားနေခဲ့တာပါ။ ဒါပေမဲ့မစ်ကီရဲ့အကိုက မူးယစ်ဆေးတွေကိုပြန်ခိုးလို့ဆိုပြီး ကိန်းတို့ကသတ်လိုက်တာပါ။ ထိုအခါ ကိန်းရဲ့မူးယစ်ဆေးအိတ်တွေကိုပြန်ပေးလည်း အသတ်ခံရမယ်မှန်းသိခဲ့တဲ့အတွက် မစ်ကီဟာ သူ့မိသားစုကိုကယ်တင်ဖို့ ကိန်းတို့ရဲ့လက်ကနေလွတ်မြောက်အောင်ထွက်ပြေးရပါတယ်။ မစ်ကီတို့လွတ်မြောက်သွားမလား..ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(960 Mb) Quality….Webrip 720p Format…mp4 Duration….01:49:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

0 2023 109 mins
Hostile Forces
Model House
4.8

Model House (2024) ================ Social Media မှာ ဖော်လိုဝါတွေများအောင် ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲ အဲဒါဖော်လိုဝါတွေကြောင့်ပဲ ဘယ်လိုဒုက္ခအန္တရာယ် တွေ ကျလာလဲဆိုတာကို ဒီဇာတ်လမ်းက ရုပ်လုံးဖော်ပြသထား ပါတယ်။ ဖော်လိုဝါအများကြီးရှိတဲ့ နာမည်ကြီးမော်ဒယ်လ်တွေ အလုပ်ကိစ္စနဲ့ အိမ်တစ်အိမ်မှာ တစ်ညနားပြီးတည်းကြတယ်။ မော်ဒယ်ကောင်မ လေးတွေ အပန်းဖြေအိမ်မှာ ပျော်ပါးနေကြတုန်းမှာပဲ အိမ်ဖောက်ပြီး ဓားပြတိုက်တဲ့သူတွေ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုးတွေ ဓားပြ တိုက်တာက မော်ဒယ်လ်တွေဆီကမဟုတ်ဘဲ မော်ဒယ်လ်​တွေကိုအ သုံးချပြီး သူတို့ရဲ့ဖော်လိုဝါတွေကို ငွေပို့ခိုင်းတာပဲဖြစ်ပါတယ်။ စစချင်း မှာတော့ ထိခိုက်မှုမရှိတဲ့ ငွေလိမ်လည်မှုသက်သက်ဆိုပေမဲ့ နောက်ပိုင်း မှာ ဘယ်လိုသွေးသံရဲရဲနဲ့ ကပ်ဆိုက်ပြီး မော်ဒယ်လ်တွေရော လွတ်မြောက် နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.17 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

4.8 2024
Model House
Klem
6.3

Klem ( 2023 ) ဒတ်ချ်ကားကိုမှ အီတလီမှာ ဇာတ်အိမ်တည်ထားပြီး ဝိုင်လုပ်ငန်းတွေ စပျစ်ခြံတွေနဲ့ အီတလီရဲ့ အလှတရားတွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ နယ်သာလန်က ပြောင်းလာတဲ့လူတွေ အီတလီမှာ အခြေချဖို့ကြိုးစားရင်း စပျစ်ခြံလုပ်ငန်းထဲ ဝင်ပတ်သက်မိရာကနေ စပျစ်ခြံကိုလိုချင်နေတဲ့ အီတလီမားဖီးယားတွေနဲ့ နယ်သာလန်က မိသားစုနှစ်စု ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ မှုခင်းကားကိုမှ ဥပဒေရေးတွေပါ ရောပြီး သမထားတဲ့အပြင် ဒီမိသားစုနှစ်စုရဲ့ခင်မင်မှုကိုကြည့်ရတာလည်း ချစ်စရာကောင်းတာမို့ အငွေ့အသက်ပေါင်းစုံ ပေါင်းပြီးရနေမယ့် မှုခင်းကားပေမဲ့ စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါးကားလေးပါပဲ။ ဇာတ်ကလည်း အကွေ့တွေအကောက်တွေနဲ့ ထူးတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားရှာနေရင်တော့ အရွေးမမှားလောက်ပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

6.3 2023
Klem
Second Life
6

တရုတ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးလာပါပြီ။ ဇာတ်လမ်းရဲ့အစကတော့ ရဲအရာရှိဖြစ်တဲ့ယောင်္ကျားဖြစ်သူကို ဂိုဏ်းစတားခေါင်းဆောင်ကြီးကလုပ်ကြံလိုက်တဲ့အတွက် တရုတ်တိုင်းရင်းဆေးဆရာမကြီးကတစ်ချက်ထဲ ကန်သတ်ပစ်လိုက်တဲ့အခန်းနဲ့ ခပ်ကြမ်းကြမ်းစခဲ့တယ်။ လူဆိုးကိုသတ်တာဆိုပေမယ့်လဲ လူသတ်မှုဖြစ်တဲ့အတွက်ထောင်ကျခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့မှာကိုယ်ဝန်ရှိနေတဲ့အတွက် ကလေးကို ထောင်ထဲမှာပဲမွေးခဲ့ရပြီးတော့ ၁နှစ်ပြည့်တဲ့အချိန်မှာ မိဘမဲ့ဂေဟာကိုပို့လိုက်ရပါတယ်။ သက်တမ်းစေ့လို့ထောင်ကထွက်လာတဲ့အခါ သားလေးကိုပြန်ရှာဖို့ကြိုးစားပါတယ်။ အဲ့ဒီအချိန်မှာ တစ်ဖက်ဂိုဏ်းကလဲ အဖေကိုကန်သတ်သွားတဲ့တရားခံကို လက်စားချေဖို့ဆိုပြီး ကလေကချေတစ်ယောက်ကိုလွှတ်လိုက်တဲ့အခါ အဖွားကြီးနားမှာ သူ့သားအယောင်ဆောင်ပြီး အယုံသွင်းလုပ်ကြံဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အဖွားကြီးနဲ့လူမိုက်လေးကြားမှာဘယ်လိုတွေဖြစ်လာမလဲ…… အဖွားကြီးရဲ့သားအရင်းကရော ဘယ်သူဖြစ်နေမလဲ……

6 2024
Second Life
Bhagwan Bharose
6.3

Bhagwan Bharose ( 2023 ) ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ ဟင်ဒီစကားပြော အိန္ဒိယကားဖြစ်ပြီး IMDb 6.4/10 ရရှိထားတဲ့ကားဖြစ်တဲ့အပြင် လန်ဒန်မှာကျင်းပတဲ့ ၂၅ ကြိမ်မြောက် UK Asian Film Festival မှာ အပိတ်ဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၉ ခုနှစ် မြောက်အိန္ဒိယရဲ့ရွာငယ်လေးတစ်ခုက ဘိုလာနဲ့ရှန်ဘူဆိုတဲ့ကလေးလေးနှစ်ယောက်ပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ရိုးရာယုံကြည်မှုတို့ကို မျက်စိမှတ်ကိုးကွယ်ကြတဲ့ ရွာလေးတစ်ရွာဖြစ်တဲ့အလျောက် ဘိုလာနဲ့ရှန်ဘူတို့ဟာလည်း ရိုးရာနတ်ဘုရားတွေအကြောင်းကို အရမ်းစိတ်ဝင်တစားမေးခွန်းထုတ်တတ်ကြသူတွေဖြစ်ကာ အရိုးစွဲအောင်ယုံကြည်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းမှာ သိပ္ပံအကြောင်းသင်ရတဲ့အခါမှာတော့ သူတို့ရဲ့အသိအမြင်တွေနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေတာကြောင့် လက်မခံနိုင်အောင်ဖြစ်ရပါတော့တယ်။ ဒါ့အပြင် နိုင်ငံရေးအလှည့်အပြောင်းတွေရဲ့ကြားမှာ ရိုးရာယုံကြည်မှုတွေထဲက မကောင်းဆိုးဝါးထက် လူ့ကိုယ်တွင်းကမကောင်းဆိုးဝါးတွေရဲ့ ကြောက်စရာကောင်းပုံတွေကိုလည်း ရိုက်ပြထားပါသေးတယ်။ နာမည်ကြီးမီဒီယာတွေကတောင် တဖွဲ့တနွဲ့ချီးကျူးပေးခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် အချိန်ကုန်ဘေကုန်ခံရကျိုးနပ်မယ့်ဇာတ်ကားလည်းဖြစ်ပါတယ်ဗျာ။ ( အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team မှ တင်ဆက်ပေးထားပါတယ် )

Animation • Family • Adventure
6.3 2023
Bhagwan Bharose
Tom and Jerry: Robin Hood and His Merry Mouse
6.3

ဒီဇာတ်လမ်းကတော့ Tom and Jerryနဲ့ နာမည်ကျော်သူခိုးကြီး ရော်ဘင်ဟုဒ်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အားလုံးလည်း သိကြတဲ့အတိုင်း ရော်ဘင်ဟုဒ်ဆိုတာ လူကုံထံတွေဆီက ပိုက်ဆံတွေကို လုယက်ခိုးဝှက်ပြီး လူဆင်းရဲတွေကို ပြန်ပြီးဝေမျှပေးတဲ့ လူဆိုးကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာလည်းရော်ဘင်ဟုဒ်က နော်တင်ဟမ်မြို့မင်းသားနဲ့ အရာရှိကြီးရဲ့အခွန်တွေကို ကြားဖြတ်လုယက်သွားခဲ့လို့ အကုန်လုံးကတောနင်းဖမ်းဆီးချင်နေကြတာပါ။ ရော်ဘင်ဟုဒ်မှာလည်းအတွင်းလူတစ်ယောက်ရှိနေပြီး သူကနေတဆင့် သတင်းတွေရနေလို့ လက်မတင်လေး လွတ်နေခဲ့တာပါ။ ဒါကြောင့်လည်းမင်းသားတို့က မြားပစ်ပြိုင်ပွဲ တစ်ခုလုပ်ပြီး သူ့ကိုဖမ်းဆီးဖို့ ကြံပါတော့တယ်။ သူတို့ရဲ့အကြံအစည် အောင်မြင်သွားမှာလား၊ ရော်ဘင်ဟုဒ်တို့ လွတ်မြောက်သွားမှာလား ကြည့်ရှုရမယ့်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ File Size : 1 GB, 524 MB Quality : Blu-Ray 1080p / 720p Running Time : 57min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Thriller • Crime • Drama
6.3 2012 55 mins
Tom and Jerry: Robin Hood and His Merry Mouse
Romantic Friction
5.3

Romantic Friction (2024) IMDb Rating (5.3) ဟိုးအရင်တုန်းက အမေရိကန်မှာ အမျိုးသမီးစာရေးဆရာတွေဆို နှိမ်ချတတ်၊ အားမပေးတတ်လို့ ယောက်ျားကလောင်နာမည်သုံးပြီး စာရေးရလေ့ရှိပါတယ်။ အခု ဒီကားလေးမှာတော့ နာမည်ရပြီးသား စာရေးဆရာ မိုက်ကယ်ဟာ အမျိုးသမီးကလောင်နာမည် ရို့စ်လို့ သုံးပြီး စိတ်ကူးယဉ်အချစ်ဝတ္ထုစာအုပ်တစ်အုပ်ကို အလောင်းအစားအနေနဲ့ ရေးခဲ့ပါတယ်။ မထင်မှတ်ဘဲ ပေါက်သွားပြီး အကောင်းဆုံးဝတ္ထုဆုစာရင်းဝင်တဲ့အထိ ဖြစ်သွားတဲ့အခါမှာတော့ စာအုပ်အဖုံးဒီဇိုင်းပညာရှင် လီယာကို ရို့စ် ဟန်ဆောင်ခိုင်းခဲ့ပါတယ်။ ဘဝင်ကိုင်ပြီး အချစ်ဝတ္ထုတွေကို အိမ်သာသုံးစက္ကူသာသာပဲလို့ ဝေဖန်နေကျ မိုက်ကယ် နဲ့ အသည်းကွဲပြီးစ လီယာတို့ ဘယ်ပုံ စခန်းဆက်ကျမယ်ဆိုတာကို ဟာသလေးနှောရင်း ရှုစားကြည့်ပါ။ သရုပ်ဆောင်တွေကတော့ Julie Roy နဲ့ Brandon Santana တို့ပါ။ မင်းသမီးကြီး Kate Twa နဲ့ မင်းသားကြီး Harrison Coe တို့က ဇာတ်ပို့ပေးထားပါတယ်။ Director ကတော့ Wendy Ord ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.7 GB) / (930 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:31:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Family • Adventure • Animation • Comedy • Mystery
5.3 2024 90 mins
Romantic Friction
The Friend
6.5

Boulder နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ The Friend ကို ခရမ်းချဉ်သီးပုပ်ကလည်း rating 7/10 ပေးထားပါတယ်။ လူသားနဲ့အိမ်မွေးခွေးကြားက နှစ်လိုဖွယ်ရာသံယောဇဉ်ကို ပူဆွေးသောကနဲ့တွဲဖက်ဖော်ကျူးထားပြီး မင်းသား၊ မင်းသမီးကြီး တွေဖြစ်တဲ့ Naomi Watts၊ Bill Murray တို့က ပါဝင် သရုပ်ဆောင်ပေးထားကြပါတယ်။ The Friend ဟာ ခွေးပိုင်ရှင်တွေနဲ့ ချစ်ရသူတွေကိုလောလော လတ်လတ်ဆုံးရှုံးထားရသူတွေအတွက် ခံစားချက်တွေထပ်တူ ကျစေမယ့်ကားဖြစ်ပါတယ်။ စာရေးဆရာမအိုင်းရစ္စဟာ မိတ်ဆွေဖြစ်သူဆုံးပါးသွားတာကြောင့် အဲဒီမိတ်ဆွေရဲ့ဆန္ဒအရ အပိုလိုဆိုတဲ့အသက်ကြီးနေပြီဖြစ်တဲ့ Grate Dane ခွေးကြီးကို သူ့တိုက်ခန်းလေးထဲမှာ မွေးရဖို့ဖြစ်လာ တဲ့အခါ အိုင်းရစ္စတစ်ယောက် အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင် ခဲ့ရပါတယ်။ ကိုယ်တိုင်က မိတ်ဆွေကိုဆုံးရှုံးရလို့ ပူဆွေးသောက ရောက်နေတဲ့တိုင်အောင် အပိုလိုရဲ့ပူဆွေးသောကကပိုကြီးနေတဲ့ အတွက် အပိုလိုကိုကယ်ဆယ်ရေးဂေဟာတွေကိုမပို့တော့ဘဲ အိုင်းရစ္စဟာ အသက်ကြီးနေပြီဖြစ်တဲ့အပိုလိုရဲ့နောက်ဆုံးအချိန် တွေကိုအဖော်ပြုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ကြိမ်တိုင်တိုင်စွန့်ပစ်ခံခဲ့ရတာကြောင့် အမြဲတမ်းဝမ်းနည်းနေပုံ ပေါက်တဲ့အပိုလိုဆိုတဲ့ခွေးကြီးရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ စာရေး ဆရာမပီပီ ပူဆွေးသောကနဲ့ပတ်သက်လို့ အိုင်းရစ္စရဲ့ပြောင်မြောက်တဲ့ ခံစားချက်တွေကလည်း ရုပ်ရုပ်ခံစားမှုကိုပိုပြီးအသက်ဝင်စေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ File size… (1.49 GB) / (869 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.5 2024 119 mins
The Friend