YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Suzhal (2022) S01E02.720p.Tamil.AAC2.0CH(CM).mp4

440.4 MB N/A video/mp4 555 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
La traversée
6.1

ပြင်သစ်စကားပြော ဟာသဇာတ်ကားလေးဖြစ်ပြီးတော့ IMDb 5.5 ရထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ငါးယောက်နဲ့အတူတူ ပင်လယ်ကို လေ့လာရေးခရီးထွက်လာတဲ့ နည်းပြနှစ်ယောက်ရယ် မာလိန်မှူး ရဲဝန်ထမ်းဟောင်းတစ်ယောက်ရယ် သင်္ဘောပေါ်မှာ ဖြစ်ပျက်ကြတာတွေကို ရိုက်ကူးထားတာပါ။ ဆယ်ကျော်သက်အရွယ်တွေ ဆိုးသွမ်းကြတာကို သည်းမခံနိုင်တဲ့ ရဲဝန်ထမ်းဟောင်းရယ် ကလေးတွေရယ် ပင်လယ်ထဲက သင်္ဘောပေါ်မှာ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.8GB | 963MB | 463MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Drama
6.1 2022 109 mins
La traversée
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Fantasy • Mystery • Thriller
7.3 1991 154 mins
Center Stage
Blast
6.9

ရုပ်ရှင်နဲ့ပတ်သက်ရင် သမိုင်းကြီးတဲ့ ပြင်သစ်ကထုတ်တဲ့၊ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုရထားတဲ့ Thriller ကားကောင်းလေးတစ်ကားပါ။ ဗုံးရှင်းလင်းရေးသမားကို အဓိကဇာတ်ဆောင်လုပ်ထားတဲ့ကားဆိုတော့ ဗုံးထောင်တာတွေ အကြမ်းဖက်တာတွေကို ရင်ဖိုစရာရောကောင်းအောင် ပြထားတဲ့ ရုပ်ရှင်ကောင်းပါပဲ။ ဆိုနီယာက ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူ၊ အလုပ်ကလွဲ ဘာမှမမြင်တာမို့ တော်လည်းတော်သလို နာမည်လည်းကြီးတယ်။ ဆိုနီယာနဲ့ ဖရက်တို့က ဒီမင်တာအမည်ရ ပြင်သစ်အခြေစိုက် မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ အတူအလုပ်လုပ်ရင်း မေတ္တာမျှခဲ့ကြသူတွေ။ မိုင်းရှင်းလင်းရေးကျွမ်းကျင်သူဖြစ်တဲ့ ဆိုနီယာက အလုပ်ကို ဦးစားပေးလွန်းပေမဲ့ ဖရက်နဲ့ သူ့ရဲ့ဆက်ဆံရေးက အပေးအယူမျှတာမို့ အရင်လက်တွဲမှုကနေ ကိုယ်စီရထားကြတဲ့ သားသမီးတွေနဲ့အတူ တရားဝင်မိသားစုလေးတစ်ခုလို ဖြစ်နေကြပြီဖြစ်တဲ့ သူတို့ဘဝကို ကံဆိုးမိုးမှောင်ကျစေမယ့်အဖြစ်က တစ်နေ့မှာ ရောက်ရှိလာခဲ့တယ်။ အဲဒါကတော့ ဒီမင်တာကုမ္ပဏီအပေါ် ရန်ကြွေးရှိသူတစ်ယောက်က လက်စားချေမှုအဖြစ်နဲ့ ဆိုနီယာရဲ့ကားမှာ ဗုံးထောင်ထားခဲ့ပြီး ဆိုနီယာနဲ့ သူတို့ရဲ့ကလေးနှစ်ယောက် ကားထဲကထွက်မရတော့ဘဲ ပိတ်မိသွားကြတာပဲ။ ကားဗုံးကိုဖြုတ်ဖို့အတွက် ဆိုနီယာတို့အဖွဲ့သားတွေ အပူတပြင်းကြိုးစားချိန်မှာ ဒီဗုံးရဲ့နောက်ကွယ်က လက်သည်ဟာ ယူကရိန်းမှာ သွားလုပ်ဆောင်ခဲ့တဲ့ ဒီမင်တာကုမ္ပဏီရဲ့ မစ်ရှင်ဟောင်းတစ်ခုနဲ့ ပတ်သက်နေနိုင်တယ်ဆိုတာကို ဆိုနီယာလို့ သိလာကြရတယ်။ အဲဒီကနေ တစ်စထက်တစ ကုမ္ပဏီတွင်းက ခြစားမှုတွေပါ မီးခိုးကြွက်လျှောက် ပေါ်လာပြီးတော့ သူတို့အဖွဲ့သားချင်းကြားမှာ အကြိတ်အခဲတွေ ဖြစ်လာတာနဲ့အတူ၊ ချိန်ကိုက်ဗုံးကလည်း တားထားလို့မရတော့တဲ့အနေအထားကို ရောက်လာတာကြောင့် သူတို့ဘဝတွေအပေါ် တစ်သက်စာရိုက်ခတ်မယ့် ဆုံးဖြတ်ချက်တွေကိုချရဖို့ ဖြစ်လာတော့တယ်။ ဘတ်ဂျက်အကြီးစားကားကြီးမဟုတ်တာကြောင့် Cringy အခန်းလေး နည်းနည်းပါပေမဲ့ အများအားဖြင့်ကတော့ လက်တွေ့ကျကျပြထားတဲ့ အခန်းတွေချည်းပါပဲ။ သူ့အတိုင်းလေးပဲ စီးမျောကြည့်လိုက်ရင်းကို ခင်ဗျားအတွက် အသည်းထိတ်ရမယ့်အခန်းတွေက ရောက်လာပါလိမ့်မယ်။ ဒီလောက်ဆို Thriller ကားတစ်ကားက ကြည့်ရတန်နေပြီမလား... (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 855MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 30Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Comedy • Drama
6.9 2022 90 mins
Blast
Greenfingers
6.4

၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ် ‌ဟာသဒရမ်မာဇာတ်လမ်း Greenfingers ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတာပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။Greenfinger ဆိုတာ သစ်ပင် အစိုက်ကောင်းတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်ဝေါ်တဲ့စကား ဖြစ်ပါတယ်။ အင်္ဂလန်က လုံခြုံရေးလျှော့ပေါ့ထားတဲ့ အကျဉ်း စခန်းတစ်ခုက ဆုရအကျဥ်းသားတွေအကြောင်း အခြေခံရိုက် ကူးထားတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းထဲမှာ ကောလင်န်ဘရစ်စ်ဟာ ထောင်နှစ်ရှည်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာပြီးတဲ့နောက် သူ့ အပြုအမူကောင်းတွေကြောင့် လုံခြုံးရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ရပါတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမဲ့ အထူးခြားဆုံးက သူ့အခန်းဖော် အဘိုးကြီးဖားဂတ်စ်ပါ။ တစ်နေ့မှာ ဖားဂတ်စ်ကြီးကောင်းမှုကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုတို့ ဥယျာဉ်မှူးဘ၀ကို ရောက်မှန်း မသိ ရောက်သွားကြပါတယ်။ အဲဒီမှာ သူတို့‌တွေအပြောင်းအလဲကြီး ပြောင်းလဲပြီး ဘ၀ပန်းတိုင်းကို ရှာတွေ့သွားကြပါတယ်။ ဒါပေမဲ့ လူတွေရဲ့ အလိုလိုအထင်သေးခံရမှုတွေကြောင့် သူတို့ပန်းတိုင် ကို သွားရာလမ်းဟာ မဖြောင့်ဖြူးဘဲ အနှောင့်အယှက်တွေ ကြုံရပါတယ်။ ထောင်ထဲကလူဆိုးတွေဘ၀ကနေ ပန်းဥယျာဉ်မှူးအဖြစ် ပြောင်းလဲသွား ကြတဲ့ ကောလင်န်တို့လူစု အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် သွားကြမလဲဆိုတာ တွေးရင်းငေးရင်း စိတ်၀င်တစား ကြည့်ကြရမှာပါ။ မြင်‌နေကျ အကျဉ်းထောင်ဇာတ်လမ်းတွေမျိုး ဖြစ်မယ်ထင်ထားပေမဲ့ ကြည့်ရင်းနဲ့ တစ်မျိုးတစ်ဖုံကွဲပြားပြီး စိတ်၀င်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ ဇာတ်ကားက တွေးစရာလေးတွေနဲ့ ငြိမ့်ငြိမ့်လေးတစ်မျိုး၊ လူ့သဘာ၀တွေကိုထင်ဟပ်ထားတဲ့ ရသကတစ်ဖုံကိုမှ ရိုရိုအခန်းလေးတွေနဲ့ ဟာသလေး ပါးပါးဖောက်ပြီး ဒရမ်မာလေးလည်း နှောထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.85 GB) / (838 MB) / (537 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Crime, Drama Translator.......C'mon Encoder..........SWM

Action • Adventure • Mystery • Science Fiction
6.4 2000 91 mins
Greenfingers
The Bad Seed
7.1

Rating 6.1 ရှိတဲ့ Horror ဆန်ဆန်ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.... ဒေးဗစ်ဂရိုစ့်မန်းဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမ မရှိတော့ဘဲနဲ့ သူ့သမီးလေးဖြစ်သူ အမ်မာဂရိုစ့်မန်းကိုစောင့်ရှောက်ပြီးနေထိုင်သူတစ်ဦးဖြစ်ပါတယ် တစ်နေ့မှာတော့ အမ်မာ့ရဲ့ကျောင်းမှာ ကောင်လေးတစ်ယောက်ရေနစ်ပြီး သေဆုံးသွားခဲ့ပါတယ်... ထိုအဖြစ်အပျက်ကြောင့် ဒေးဗစ်ဟာ အမ်မာဝမ်းနည်းပူဆွေးနေမှာကို စိုးရိမ်နေမိသော်လည်း အမ်မာမှာ သူထင်ထားသလိုမဟုတ်ဘဲနဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေပါတယ်... ချောမောပြီးချစ်စဖွယ်ကောင်းလှတဲ့ အမ်မာဟာ တကယ်တော့ ဘယ်လိုလူမျိုးလဲ... သူ့ရဲ့အကျင့်စရိုက်အမှန်က ဘာလဲဆိုတာကိုဒီကားထဲမှာဆက်ပြီးကြည့်ရှုလိုက်ကြပါဦး.... File Size : (787 MB) and (226 MB) Quality : Wed DL 720p Running Time : 1hr 27 min Format : Mp4 Genre : Drama , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Pone Thone Encoded by Moe Myint Lwin

Crime • Mystery • Thriller
7.1 2018 84 mins
The Bad Seed
Babel
7.4

[Unicode] Babel (2006) IMDB – 7.4 Rotten Tomatoes – 69/100 ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်မှာ နိုင်ငံသုံးနိုင်ငံပါတယ်။ အမေရိကန် ဂျပန် မော်ရိုကို သူတို့ရဲ့ဘာသာစကားတွေ မတူညီကြဘူး။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုဟာ အဲ့ဒီနိုင်ငံသုံးခုက မိသားစုသုံးခုက ကလေးတွေကို ချိတ်ဆက်ပေးလိုက်တယ်။ ဒီချိတ်ဆက် မှုဟာ ကလေးတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေနဲ့ ချိတ်ဆက်ထားတယ် ထင်စရာရှိပေမယ့် ဂျုန်းမိသားစုက ကလေးနှစ်ယောက်ကတော့ ဘာအမှားမှမလုပ်ခဲ့တဲ့အတွက် ဒီရုပ်ရှင်ရဲ့ ဦးတည်ရာက မိဘတွေကိုပါပဲ။ ” ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကားတမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်းငှာ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေ‌ ‌တော်မူသဖွငျ့ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။ “ ကမ္ဘာဦးကျမ်း ၁၁ ၆ ၇ ၈ ကမ္ဘာဦးကျမ်းအတိုင်းပြောရရင် ဘုရားသခင်ဟာ လူသားတွေကို ဖန်တီးခဲ့တယ်။ ဘုရားသခင်ဟာ လူသားတွေရဲ့ဖခင်ပါပဲ။ သူဖန်တီးခဲ့တဲ့ သူ့သားသမီးတွေဟာ ဘုရားသခင်ကို အန်တုဖို့ပြင်ဆင်လာကြတယ်။ ကလေးတွေရဲ့ ဘာသာသဘာဝအသစ်အဆန်းကို မြင်ရင် စမ်းသပ်ချင်ကြတယ်။ ဒါကို ဘုရားသခင်က လူသားတွေကို အပြစ်ပေးပြီး ဘာသာစကား အရပ်ဒေသတို့ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်ကို ခင်ဗျားကြည့်ပြီးတဲ့ အခါ ဒီကလေးတွေရဲ့ အမှားတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ကမ္ဘာဦးက လူတွေရဲ့အမှားအတွက်ရော ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သိမှာပါ။ ဒီရုပ်ရှင်ဟာ ဒီတစ်လမ်းတည်းတည်းသွားတာတော့ မဟုတ်ပါဘူး။ Brad Pittကိုယ်တိုင်မှာလည်း ကမ္ဘောဒီးယား အီသီယိုးပီးယားနဲ့ ဗီယက်နမ်က ကလေးသုံးယောက်ကို မွေးစားထားပါတယ်။ သူ့သွေးရင်းကလေးသုံးယောက်လည်းရှိတယ်။ ဒီရုပ်ရှင်ဟာ ဘရက်ပစ်ရဲ့ကလေးသုံးယောက်နဲ့ လူမျိုးကွဲ ကလေးသုံးယောက်ကို အဓိကပြထားပါတယ်။ တိုက်ဆိုင်မှုဆိုရင်တောင် အတော်ကြီးတဲ့ တိုက်ဆိုင်မှုပါ။ ဒါရိုက်တာ Alejandro G. Iñárrituကလည်း Revenant တို့ 21 gramsတို့ Birdmanတို့ ရိုက်ထားတဲ့သူပါ။ ့ ဘာသာစကားခြောက် မျိုးကိုသုံးသွားပြီး တစ်ခုသော ဘာသာစကားကတော့ ဆွံ့အနားမကြားကောင်မလေးသုံးတဲ့ Sign Languageပါပဲ။ သေချာတာကတော့ မိဘနဲ့ သားသမီးမှမဟုတ်ပါဘူး။ ဆက်နွယ်ပက်သက်နေတဲ့ လူတွေတိုင်းမှာ ဘယ်လိုဘာသာစကားကိုပဲသုံးသုံး ချစ်ခြင်းရဲ့ အရာရာလိုက်လျောမှုသဘောအပေါ် ခံစားနားလည်မှုမပေါင်းရင် တကယ်တမ်း ကျွန်တော်တို့ တစ်ဖက်သားကို အပြည့်အဝ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ ပင်လယ်သမုဒ္ဒရာကြီးပါပဲ။ ဘာဘယ်မျှော်စင်ကြီးပေါ်က ကြည့်နေရသလို ကျယ်ပြန့်လှတဲ့ကမ္ဘာထဲက ဘဝတွေကို ခင်ဗျား‌မြင်ရမယ်။ ဘယ်မြစ်ကနေပဲသွားသွား အဆုံးမှာတော့ ဒီရသပင်လယ်ကြီးရဲ့တစ်နေရာကို ရောက်သွားမှာပါပဲ။ ပင်လယ်နီလား ပင်လယ်ဝါလား ဘယ်ပင်လယ်ထဲရောက်သွားမလဲဆိုတာတော့ ခင်ဗျားအပေါ်ပဲမူတည်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__( 2GB ) IMDb Rating__7.4/10 Format__mp4 Duration__02:23:50 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Animation • Family
7.4 2006
Babel
The Muppets

မားပက်ထ်ဆိုတာက ငယ်ငယ်က‌ကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေး‌တစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ကားတစ်ကားဖြစ်ပေမဲ့ ပျင်းစရာကောင်းလောက်အောင် သီချင်းတွေဆိုနေတာမျိုးမဟုတ်ဘဲ comedy ဆန်ဆန်နဲ့ ကြည့်ရှုသူကိုဆွဲခေါ်သွားပြီး IMDB rating 7.1 အထိရရှိထားတာမို့ အားလပ်ရက်မှာ အပန်းဖြေရင်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Music, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

0 2011
The Muppets
The Blob

1988 မှာထွက်ရှိခဲ့တဲ့ old but gold ဖြစ်တဲ့ body horror/sci-fi ကား တင်ဆက်ပေးလိုက်ပါတယ် သူ့ခေတ်သူ့အခါက practical effect တွေက ကြည့်လို့ကောင်းပြီး ငယ်ငယ်ကကြည့်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ ဖီလင်ကိုပါ ပေးစွမ်းနိုင်မဲ့ ဇာတ်လမ်းမျိုးပါ ဇာတ်လမ်းအကျဥ်းကတော့ တစ်ည မြို့လေးတစ်မြို့မှာ ဥက္ကာခဲတစ်ခဲ ကျလာခဲ့ပါတယ် ဒါကိုသွားစပ်စုတဲ့ အဘိုးကြီးတစ်ယောက်ကို “Blob”ဆိုတဲ့ ဇီဝပစ္စည်းတစ်ခု ကူးစက်သွားခဲ့ပြီးတော့တစ်မြို့လုံးကို ပျံ့သွားပါတယ် ဒါကို အဓိကဇာတ်ကောင် ဇိုးကျောင်းသားဖြစ်တဲ့ Brian နဲ့ Megg တို့နဲ့အတူ သူတို့မြို့လေးက ရဲတွေ ပြည်သူတွေပါ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ အကာအကွယ်ဝတ်စုံတွေနဲ့ အစိုးရလူတစ်စုက ကယ်ဖို့ ရောက်လာခဲ့ပြီး တစ်မြို့လုံးကိုလည်း Quarantine ချထားဖို့ အမိန့်ပေးထားခဲ့ပါတယ် သူတို့ squad က ကာနယ်ဖြစ်သူ ဒေါက်တာမယ်ဒိုးစ်က Blob ရဲ့ဇစ်မြစ်ကို ရှင်းပြပေမယ့် မယုံတဲ့ ဇိုးကျောင်းသား Brian က သူတို့ ကွာရန်တင်းကနေ ထွက်ပြေးပြီး အကောင်ကြီးရဲ့ ဇစ်မြစ်ကို သူ့ဘာသူ အဖြေရှာပါတော့တယ် File size…(2.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre..Science Fiction, Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 1988
The Blob
Novoland

ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့ နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။ ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်က ထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီး သူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။ အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်က ခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာ နောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့ မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။ မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရော ဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။ နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာ သေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့ ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့ ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။ မဟုတ်မခံနဲ့ ဘာမဆိုဝင်‌ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက် သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ? နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ? တခြားဘယ်လိုအမှုတွေရော ပါဝင်နေအုံးမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ ။

0 2024
Novoland
Rajawali
6.3

Rajawali (2022) IMDb Rating (6.3) ဒီဇာတ်လမ်းလေးကတော့ ပရိုဂရမ်ဟောင်းတစ်ခုထဲက အောက်လမ်းမှော်ကိုဖော်ထုတ်ပြီး စွမ်းအင်ရဖို့ကြိုးစားနေတဲ့ မကောင်းဆိုးဝါးအကပ်ခံရထားတဲ့ Komang နဲ့ သူ့ကိုတားဆီးရမဲ့ Komang ရဲ့သား Abang Long တို့ရဲ့ မလေးရှား horror ကား တစ်ပုဒ်ပဲဖြစ်ပါတယ်။ Komang က မကောင်းဆိုးဝါးတွေကို ထိန်းချုပ်ဖို့ ပရိုဂရမ်တစ်ခုကိုဖန်တီးခဲ့ပြီး ရုတ်တရက် မကောင်းဆိုးဝါးပူးခံရတာကြောင့် သူ့ရဲ့သားသမီးတွေကို စွန့်ပစ်လိုက်တယ်။ Komang ရဲ့သူငယ်ချင်း Tok Wan က Abang Long တို့ကို သူ့သားသမီးအရင်းလို စောင့်ရှောက်ခဲ့ပြီး Abang Long ကြီးပြင်းလာတဲ့အခါမှာတော့ အောက်လမ်းမှော်ရှိတဲ့ ပရိုဂရမ်ဟောင်းကို ဖော်ထုတ်ဖို့အတွက် ကျွမ်းကျင် hackers တွေကို စုဆောင်းနေတဲ့ သူ့အဖေဆီကနေ သူ့ရဲ့ညီလေးနဲ့ညီမလေးကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ပဲဖြစ်ပါတယ်။) File size…(1.5 GB) / (630 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:20:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

6.3 2022
Rajawali
Handle Me with Care
7.1

Handle Me with Care (2008) IMDb ~~~ 7.1 ‘ကွဲကြေလွယ်သည်၊ သတိနှင့် ကိုယ်တွယ်ပါ’ ဒါကို ဖန်ပုလင်းတွေ၊ ဖန်ခွက်တွေထည့်ထားတဲ့ စက္ကူဘူးတွေမှာ ရေးထားကြတာကို မြင်ဖူးကြမှာပါ။ ပစ္စည်းတွေကိုကျ မကျိုးပဲ့ရအောင် သတိနဲ့ကိုင်တွယ်ဖို့ သတိပေးတတ်ကြတဲ့ ကျွန်တော်တို့လူတွေဟာ အချင်းချင်းကိုတော့ အကြင်နာတရားနဲ့ ဆက်ဆံဖို့ မေ့လျော့နေကြပါတယ်။ ဒီဇာတ်ကားက ဒါကို ဖော်ပြထားတာပါပဲ။ ခွမ်ဆိုတဲ့ကောင်လေးမှာ မွေးကတည်းက လက်တစ်ဖက်အပိုပါလာတယ်။ သာမန်လူတွေနဲ့မတူဘဲ လက်သုံးဖက်ရှိတဲ့လူဖြစ်နေတာပါ။ အဲဒီလိုလူတစ်ယောက်က လူမှု့အသိုင်းအဝိုင်းမှာ လွယ်လွယ်ကူကူရှင်သန်နိုင်မယ်လို့ ထင်ပါသလား။ သေချာပေါက် ကဲ့ရဲ့ခံရ၊ လှောင်ပြောင်ခံရ၊ သူ့ကို ကျိန်စာသင့်နေတဲ့လူဆိုပြီး သနားစရာကြည့်ကြတာတွေကို အမြဲကြုံနေရတာပါ။ ပထမဆုံး သူ့အမေဆုံးတယ်။ ပြီးတော့ သူဝတ်ဖို့အင်္ကျီကို အမြဲချုပ်ပေးနေကျ အပ်ချုပ်ဆရာလည်း ဆုံးသွားတဲ့အခါ ခွမ်တစ်ယောက် ခံနိုင်ရည်အားကုန်ဆုံးပြီးတော့ သူ့လက်အပိုတစ်ဖက်ကိုဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လက်ဖြတ်ပြီးတော့ရော သူ့ဘဝက သာမန်လူတွေလို လွယ်ကူသွားပါ့မလား… သာမန်လူဖြစ်တာကကောင်းတာလား၊ ထူးခြားတဲ့လူဖြစ်တာက ကောင်းတာလား… ဒီဇာတ်ကားကနေ သိလိုက်ရတာက လူ့အသိုင်းအဝန်းကိုယ်တိုင်ကိုက လူတွေကို စိတ်ဒါဏ််ရာအပေးနိုင်ဆုံးနေရာဆိုတာပါပဲ။ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။ (အညွှန်းကိုတော့ Yee Waiက ရေးသားပေးထားပါတယ်) File Size ~~~880 MB/ 2.26 GB Quality ~~~WEB-DL 1080p/ 720p Duration ~~~02:04:29 Format ~~~mp4 Genre~~~Romance, Drama Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Yee Wai Encoded by ~~~ Treasure Htet

War • History • Adventure
7.1 2008
Handle Me with Care
The Stranger by the Shore
7.2

The Stranger by the Beach (2020) ———————————– MyAnimeList – 7.8/10 IMDb – 7.2/10 Anime ကိုမှ BL လေးတွေ ကြည့်ချင်ကြတဲ့ လူတွေရှိကြလား မသိဘူး…..။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ CM ကနေ ၂၀၂၀ က ထွက်ရှိထားတဲ့ BL Anime Movie လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေက ကျွန်းတစ်ကျွန်းပေါ်က ကောင်လေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Mio ဆိုတဲ့ ‌ကောင်လေးဟာ သူ့အမေဆုံးသွားပြီးတဲ့နောက် တစ်ယောက်တည်းကျန်ခဲ့ပြီး ပင်လယ်ကမ်းခြေနားက ခုံရှည်လေးမှာ အမြဲတမ်း လာထိုင်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူ့ကို စောင့်ကြည့်နေတတ်တဲ့ ကောင်လေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ Shun တဲ့။ Shun ဆိုတဲ့ စာ‌ရေးဆရာလေးက အဲဒီကမ်းခြေနားက အိမ်တစ်အိမ်မှာနေရင်း အမြဲတမ်း တစ်ယောက်တည်း ထိုင်နေတတ်တဲ့ Mio ကို ကြည့်ပြီး စိတ်ဝင်စားနေခဲ့တာပါ။ ဒီလိုနဲ့ပဲ စကားသွားပြောကြည့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက် ခင်လာကြမယ့် တစ်ရက်မှာ Mio က ကျွန်းမကြီးပေါ်ကို သွားတော့မယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ အဲဒီလိုနဲ့ နှစ်တွေလတွေကြာပြီး ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ သူက Shun ကို ဖွင့်ပြောခဲ့ပြီး Shun နဲ့ တစ်အိမ်ထဲမှာ အတူနေဖို့ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ Shun က အရင်ကတည်းက လိင်တူကြိုက်တဲ့သူ တစ်ယောက်ဖြစ်ပေမယ့် Mio က သူ့ကို ဖွင့်ပြောခဲ့တဲ့အခါမှာတော့ မယုံနိုင်ဖြစ်ပြီး ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့တာပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ Shun ရဲ့ အိမ်ကနေ သူ့ကို ပြန်ခေါ်ဖို့ ရောက်လာခဲ့တဲ့အခါ…. အမြဲတမ်း အထီးကျန်ပြီး တစ်ယောက်တည်းဖြစ်နေတဲ့ Mio ကို Shun က ပြန်ကြိုက်နိုင်ပါ့မလား၊ Shun ကရော ဘာလို့အိမ်ကနေ ထွက်ပြေးလာခဲ့တာလဲ၊ မိသားစုကိစ္စတွေ ပါဝင်လာတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော လှလှပပနဲ့ အဆုံးသတ်နိုင်ပါ့မလားဆိုတာကို စောင်ကိုက်ပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ Hibari Studio ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Animation လေးကလည်း တကယ့်ကို လှတဲ့အပြင် ဇာတ်ဆောင်နှစ်ယောက်ရဲ့ Chemistry ကလည်း အမိုက်စားမို့လို့ BL ကြည့်ရတာကြိုက်တဲ့ လူတွေအနေနဲ့ လုံးဝကို လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်….။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲ ဖြစ်ပါတယ်) File size… 530 MB / 280 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 59m Genre ….. Anime, Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by ttmuswe

7.2 2020 59 mins
The Stranger by the Shore