YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Suspicion of the moon 2024 720p WEB-DL CM.mp4

604.78 MB N/A video/mp4 208 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Violet & Daisy
6.1

Violet နဲ့ Daisyဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေး နှစ်ယောက်ဟာ ကြေးစားလူသတ်သမားတွေဖြစ်ပါတယ်။ တစ်နေ့တော့ သူတို့ဟာ လူတစ်ယောက်ကို ရှင်းပစ်ဖို့ကြုံပါတယ်။ အဲ့လူရဲ့အိမ်ကိုသွားပြီးနောက်််မှာတော့ သူတို့ရှင်းရမယ့်သူက ကြင်နာတတ်တဲ့ကင်ဆာရောဂါသည်တစ်ဦးဖြစ််နေတာ တွေ့လိုက် ရပါတော့တယ်။ သူတို့ကိစ္စမပြီးပြတ်သေးခင်မှာတင် အဲ့လူကို သတ်ပစ်ဖို့ တခြားအဖွဲ့ကပါရောက်လာတဲ့အခါမှာတော့ အခက်ကြုံ ရပါတော့တယ်။ ဒီရုပ်ရှင်ကားဟာ သေနတ်တွေ လူသတ်တာတွေအပြင် သူငယ်ချင်း၊ မိသားစုကြားက သံယောဇဥ်တွေ သေခြင်းတရားအကြောင်းတွေကို လက်ရာမြောက်စွာ ပုံဖော်ထားတာမို့ ကြည့်နေကျ ကြေးစားလူသတ် သမားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားတဲ့ အနှစ်သာရရှိတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ကြည့်ရှုခံစားလိုက်ကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ File size…1.07GB / 431MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ..... Action , Crime , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin

Crime • Drama • Mystery
6.1 2011 88 mins
Violet & Daisy
The Game of Their Lives
5.7

၂၀၂၂ခုနှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကြီးကတော့ အာဂျင်တီးနားအသင်းကဖလားကြီးကို ကိုင်မြှောက်ရင်းနဲ့ပဲ လှလှပပအဆုံးသတ်သွားခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် မထင်မှတ်ထားတဲ့ပွဲတွေ မထင်မှတ်ထားတဲ့ရလဒ်တွေနဲ့ ပွဲကြည့်ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ကမ္ဘာ့ဖလားပွဲကြီးဟာ အားကစားပြိုင်ပွဲတွေအားလုံးထဲမှာ အကြီးကျယ်ဆုံးလို့သတ်မှတ်ခံထားရပါတယ်။ ၁၉၃၀ ခုနှစ်မှာအစပြုခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေဟာ လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ၁၉၄၂ နဲ့ ၁၉၄၆ ခုနှစ်တွေမှာတော့ ဒုတိယကမ္ဘာစစ်ကြောင့်ခေတ္တရပ်နားခဲ့ရပါတယ်။ ၁၉၅၀ ခုနှစ်မှာကမ္ဘာ့ဖလားပွဲ ပြန်လည်စတင်ခဲ့တဲ့အခါမှာတော့ အမေရိကန်ပြည်ထောင်စုကလည်း ကမ္ဘာ့ဖလားကန်ဖို့အတွက် အခွင့်အရေးရခဲ့ပါတယ်။ ဘောလုံးအဆင့်အတန်းအနေနဲ့ နိမ့်ပါးနေတဲ့အမေရိကအသင်းဟာ အဲ့ဒီအချိန်အခါမှာတော့ အောက်ဆုံးအသင်းအဖြစ်အများက သတ်မှတ်ခံထားရတဲ့အသင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဘောလုံးအားကစားအပေါ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ အသင်းသားတစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ နားလည်မှုတွေကြောင့် အဲ့ဒီခေတ်အခါမှာအင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် အသင်းသားတွေရဲ့အခက်အခဲတွေ တစ်ယောက်နဲ့တစ်ယောက်ရဲ့ယုံကြည်မှုတည်ဆောက်ခဲ့ရပုံတွေနဲ့ ဘောလုံးအားကစားအပေါ်ထားတဲ့သူတို့ရဲ့ ပြင်းပြတဲ့စိတ်ဓာတ်တွေကိုရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားလေးကတော့ ဘောလုံးချစ်တဲ့ပရိတ်သတ်တွေရော ရုပ်ရှင်ချစ်တဲ့ပရိသတ်တွေရော ကြိုက်နှစ်သက်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ File Size :(2.3GB)(1.1GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:41:00 Genre :Sport, History , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Drama
5.7 2005 101 mins
The Game of Their Lives
Civet Cat for Crown Prince

ဘဝအခြေအနေချင်း လားလားမှမအပ်စပ်တဲ့ လူနှစ်ဦး မထင်မှတ်ဘဲ နေရာချင်းလဲသွားတာကနေ ဇာတ်လမ်းကစပါတယ်။ ရွှီယိ ဟာအလုပ်ရောအချစ်ရေးမှာပါ ကံဆိုးမိုးမှောင်ကျနေတဲ့သူပါ။ အလုပ်ကလည်းငွေမရ၊ ချစ်သူကလည်းဖောက်ပြန်၊ အိမ်ငှားခလည်းပေးစရာမရှိ၊ လက်ထဲခြူးတစ်ပြားတောင်မူးလို့ ရှူစရာမရှိတဲ့ဘဝကြီးမှာ တိုက်ပေါ်ကခုန်ချဖို့ဖြစ်လာရင်း သူ့ဘဝဟာပြောင်းလဲဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။ လုံရှန်း ကတော့နာမည်ကြီးဖောက်ထွင်းဝိဇ္ဇာဖြစ်ပြီး တကိုယ်တည်းလှုပ်ရှားနေပေမယ့်၊လူဆိုးဂိုဏ်းတွေကပါ ကြောက်ရတဲ့သူဖြစ်ပါတယ်။ တစ်ရက်မှာတာဝန်တစ်ခုကိုလုပ်ဆောင်ရင်း ထိခိုက်မှုဖြစ်ပြီး အတိတ်မေ့သွားခဲ့တယ်။ အဲ့ဒီမှာ လုံရှန်းနဲ့ရွှီယိတို့ နေရာချင်းလဲနေဖို့ အကြောင်းဖန်လာပါတော့တယ်။ လုံရှန်းဟာလူရွှင်တော်ဖြစ်တဲ့ ရွှီယိဘဝမှာနေထိုင်ရင်း၊ ရွှီယွိကလည်း လူဆိုးဂိုဏ်းတွေနဲ့ဆက်ဆံနေရတဲ့ လုံရှန်းဘဝမှာနေထိုင်ရင်း ဘယ်လိုအလွဲတွေနဲ့ကြုံတွေ့ရမလဲ။ ဘယ်လိုပြဿနာတွေရော ပါဝင်ပတ်သက်လာမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ခံစားကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy , Romance Runtime : 1h 25min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Drama
0 2022 85 mins
Civet Cat for Crown Prince
Samajavaragamana
7

Samajavaragamana(2023) IMDb-8.1/10 ရုံတင်ငွေ ရူပီးသန်းငါးဆယ်ပြန်ရခဲ့တဲ့ တလေဂူးစကားပြော အိန္ဒိယဟာသကားလေးကို ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် အပျင်းပြေကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အဘိုးဖြစ်သူရဲ့သေတမ်းစာကြောင့် အဖေကို ဘွဲ့ရဖို့ကြိုးစားပေးနေရတဲ့ ဘာလူ။ ဘာလူက ရုပ်ရှင်ရုံကလက်မှတ်ဖြတ်တဲ့ကောင်တာမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်။ မိသားစုငါးယောက်စားအိုးကို တာဝန်ယူထားရတဲ့အပြင် အဖေလုပ်သူကိုလည်း ကျူရှင်ထားရ စာမေးပွဲဖြေဖို့လုပ်ရနဲ့ ဂရုစိုက်နေရပါတယ်။ သူ့အဖေကို ဘွဲ့ရဖို့ကြိုးစားပေးရင်းနဲ့ပဲ ကျောင်းသူမိန်းမချောလေးနဲ့ဆုံဆည်းခဲ့ပါတော့တယ်။ အဖေလုပ်သူဘွဲ့ရဖို့က ဘယ်လောက်အရေးကြီးလို့ အသည်းအသန်ကြိုးစားနေရတာလဲ။ ဆုံဆည်းခဲ့ရတဲ့ မိန်းမချောလေးနဲ့ရော အဆင်ပြေမှာလားဆိုတာကို ရယ်ရင်း ပြုံးရင်း ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~Cherry~Yunniတို့ပါပဲ) File size…2.63GB  / 1.24GB  Quality…1080p WEBDL  / 720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Zwe~BpL~Cherry~Yunni

7 2023 129 mins
Samajavaragamana
Mysterious Skin
7.6

Mysterious Skin (2004) ==================== (ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ) ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်. ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက် တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကို ဆွဲခေါ်သွားခဲ့ပါတယ်။ ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက် အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန် ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီး တစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်. သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ. ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကို ပရိသတ်များရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်…. File size…1.46GB / 508MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Horror • Thriller
7.6 2004
Mysterious Skin
Fool’s Paradise
6

Fool’s Paradise(2023) ********************* ဒီဇာတ်လမ်းလေးကတော့ ရုပ်ရှင်လောကအကြောင်း‌ သရော်ထားတဲ့ Comedyကားလေးပါ။ အနုပညာလောကရဲ့ ကျော်ကြားမှုတွေ၊ ဂုဏ်‌တွေ၊ ငွေတွေနောက်လိုက်ကြတဲ့သူတွေရဲ့ ဇာတ်ကြောင်းဘဝတွေပါ။ အနုပညာရှင်တွေဆိုတာ နေ့ချင်းညချင်းနာမည်ထကြီး၊ နေ့ချင်းညကြီးပဲ ခွက်ပျောက်ဖြစ်သွားတဲ့သဘောရှိပါတယ်။ ဒီလောကထဲမှာပဲ နာမည်ကြီးစဥ်က ကပ်ဖားယပ်ဖားလုပ်ပြီး အရှိန်အဝါမှေးမှိန်သွားမှ ပစ်ချတတ်တဲ့ အေဂျင်စီတွေရဲ့ သဘောကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဇာတ်လမ်းကြောင်းအနေနဲ့ စကားလည်းမပြောတတ်၊ ဉာဏ်ရည်ကလည်း ငါးနှစ်ကလေးသာသာ ကျပ်မပြည့်တဲ့သူတစ်ယောက် အနုပညာလောကကြီးမှာနာမည်ကြီးဖြစ်လာပုံကိုရိုက်ကူးပြထားတာပါ။ တစ်ကားလုံးမှာမှ စကားက လေးလုံးပဲပြောသွားပါတယ်။ သူ့ကို အမှီပြုပြီး ဖြတ်ခုတ်တွေ၊ ကပ်ဖားတွေ၊ အချောင်စားချင်တဲ့သူတွေအကြောင်းမြင်တွေ့ရမှာပါ။ Mr. Beanလို စကားမပြောဘဲ ဝါးလုံးကွဲရယ်ရအောင်လုပ်ပြတဲ့ကားမျိုးတော့မဟုတ်ပါဘူး။ သရော်ကားဖြစ်တာနဲ့အညီ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ တစ်ပတ်ရိုက်အကွက်တွေ မြင်တွေ့ရမယ့်ကားမျိုးပါ။ File Size : (2.2GB)and (703MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6 2023 99 mins
Fool’s Paradise
Appendage
5.5

ဒီဇာတ်ကားက ၂၀၂၃ထွက် horror ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်​သေ​ကြောင်းကြံစည်ဖူးသလို အလုပ်မှာလည်း အဆင်မ​ပြေတဲ့ ဟန်နာတစ်​ယောက် သူ့ရဲ့ဗိုက်​​ပေါ် ရှိတဲ့ ​​မွေးရာပါအမှတ်က အနာတစ်ခုလိုဖြစ်လာရင်း သာမန်အနာလို မဟုတ်ဘဲ သူ့ဗိုက်ထဲက​နေ ကိုယ်ပွားတစ်​ကောင် ပွားထွက်လာသလို ထူးဆန်းတဲ့သတ္တဝါတစ်​ကောင် ထွက်လာပါတယ်။ စကား​ပြောတတ်သလို ဟန်နာရဲ့ စိတ်ဒဏ်ရာ​တွေကို ​ပြော​တတ်တဲ့ အဲဒီ​ကောင်ကို ဟန်နာက ဖမ်းချုပ်ထားပြီး အင်တာနက်​မှာရှာကြည့် တဲ့အခါ အ​မေဗိုက်ထဲမှာ ကိုယ့်ရဲ့အမြွာသ​န္ဓေသားကို ကိုယ့်ကိုယ်ထဲ စုပ်ယူလို့ဖြစ်တတ်တဲ့ ဒီအန်​အေတွဲ ၂ ခုပိုင်ရှင်တွေ ဖြစ်​နိုင်တဲ့​ရောဂါ ဆိုပြီး ​တွေ့ခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့လိုမျိုး ဒီအန်​အေတွဲ ၂ခုပိုင်ရှင်၊ ကိုယ်ပွား​ကောင်​တွေ ထွက်ဖူးသူ​တွေဖွဲ့ထားတဲ့ အဖွဲ့ကိုသွား​တွေ့ရင်း သူမထင်ထားတဲ့ဖြစ်ရပ်​တွေ ကြုံလာရပါ​တော့တယ်။ File size…1.05GB / 496MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Action • Drama • Romance
5.5 2023 94 mins
Appendage
The Whisperer in Darkness
6.5

ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာ H.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့ ၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့် Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူ ပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီး ဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာ ထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့ ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။ အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့် ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ ဂြိုလ်သားတွေတကယ်ရှိသလား။ ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကို အဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာ တကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။ File size… 1.06 GB / 638 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Mystery • Thriller • Drama • Crime
6.5 2011
The Whisperer in Darkness
The Dirty South

2023 ထွက် Action/Drama ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ Budget အနေနဲ့ 1 million သုံးထားပြီး Rotten Tomatoes 90% ရထားပါတယ်။ Castတွေကလည်း မကျော်ကြားပေမယ့် မခေလှပါဘူး။ ဇာတ်အသွားအလာကလည်း မနှေးလွန်း မမြန်လွန်း ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် Sue က နယ်မြို့လေးတစ်ခုက သူ့မိသားစုပိုင် ဘားက Bartender တစ်ယောက်ပါ။ ဒါပေမယ့် အဲ့ဒီဘားကို ဘဏ်က အကြွေးနဲ့ သိမ်းတော့မှာပါ။ အဲဒီအကြောင်းကို သူ့ဆီသတင်းပေးလာသူက သူ့အဖေရဲ့ ရန်ဖက် Jeb Roys ဆိုတဲ့ သူဌေးအဖိုးကြီး ဖြစ်ပါတယ်။ ဒီအဖိုးကြီးက သူတို့ ဘားကို ဘဏ်ကနေ စျေးပေါပေါနဲ့ ပြန်ဝယ်ဖို့ အကြံရှိပြီးသားပါ။ ဒါပေမယ့် Sue ကို ၇၂နာရီအချိန်ပေးပါတယ်။ ၇၂နာရီအတွင်း ငွေသား ဒေါ်လာ ၃သောင်း ရှာမပေးနိုင်ရင် သူတို့ ဘားရော နေအိမ်ဆောက်ထားတဲ့ မြေကွက်ကိုပါ Jeb Roysက အပိုင်သိမ်းသွားတော့မှာပါ။ ဒီလိုနဲ့ Sue ရဲ့ ဘားဆီကို Dion ဆိုတဲ့ မြို့ခံမဟုတ်တဲ့ လူတစ်ယောက်ရောက်လာပြီး ဘားထဲက လူတွေဆီက ပိုက်ဆံအိတ်တွေ ခါးပိုက်နှိုက်သွားတာပါ။ ဒါကို Sueက သိပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် businessတစ်ခုကို သဘောတူလိုက်ကြပါတယ်။ Dion နဲ့ Sue နှစ်ယောက်ပေါင်းပြီး Sueရဲ့ ဘားဆိုင်လေးကို ကယ်တင်နိုင်ပါ့မလား၊ Sueရဲ့ အကြံက ဖြစ်လာမယ့် အကျိုးဆက်တွေက ဘာတွေဖြစ်မလဲဆိုတာ ရုပ်ရှင်ကြည့်ရင်း သိလာပါလိမ့်မယ်။ File size…(1.3 GB)/(794 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Drama
0 2023
The Dirty South
Exiled
7.2

Exiled (2006) ~ IMDb – 7.2/10, RT – 80%, Meta – 73% ~ Directed by “Johnnie To” ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။ Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ကောင်းကောင်းအသုံးချပြထားတဲ့ ဂျွန်နီတိုရုပ်ရှင်ပဲ။ ဒီဇာတ်အဖြစ်အပျက်တစ်ခုလုံးရဲ့ကြာချိန်ကို ဂိုဏ်းတွေပစ်ခတ်တဲ့ ကြားရောက်ရောက်လာတတ်တဲ့ ပင်စင်ယူတော့မယ့်ရဲအဘိုးကြီးကို သုံးပြီးပြသွားတယ်။ ဘယ်လိုပြလဲဆို‌တော့ သူတို့ပြဿနာစဖြစ်တဲ့အချိန်မှာ ရဲအဘိုးကြီးက သူပင်စင်ယူဖို့ ၃ရက်ပဲလိုတော့တယ် သူ့ဘာသာလေးနေပါရစေလို့ပြောတာကနေ စတယ်။ ဒီကနေ သူက ဂိုဏ်းတွေချပြီဆိုပေါ်လာတတ်တယ်။ သူပင်စင်ယူဖို့ ဘယ်နှနာရီပဲလိုတော့တယ် ထထအော်ပြီး လစ်လစ်သွားတယ်။ သူပင်စင်ယူမယ့်ညမှာ ဒီဇာတ်က ဆုံးသွားတယ်။ ဆိုတော့ အဖြစ်အပျက်တွေများပေမဲ့ ဒီဇာတ်က တကယ်တမ်း ၃ရက်ပဲ။ Exiled မှာ Anthony Wong, Francis Ng, Lam Suet, Nick Cheung, Richie Jen, Simon Yam တို့ပါထားတယ်။ ဒီလူတွေနဲ့ ဒီလိုကားတွေ လိုက်တယ်ဆိုတာ ထပ်ပြောဖို့မလိုလောက်တော့ဘူး။ Nick Cheung ရဲ့ ဇာတ်ကောင်က သူတို့ဘော့စ် Simon Yam ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒီတော့ သူတို့ဘော့စ်က နစ်ရဲ့ဇာတ်ကောင်ကို သူ့လူတွေကို သတ်ခိုင်းတယ်။ သူ့လူတွေဆိုတာလည်း နစ်ရဲ့ ဘော်ဒါတွေချည်းပဲ။ ဒီတော့ သူတို့တွေ သတ်ဖို့သွားပေမဲ့ တကယ်တမ်းမသတ်ရက်ဘဲ အတူတူထွက်ပြေးကြဖို့ အကြောင်းဖန်လာတယ်။ ဒီမှာတစ်ခုရှိတာက ဒီအဖြစ်က ကိုရီးယားက ရိုက်တဲ့ Jang Dong-gun ပါတဲ့ Friend (2001) လို အဖြစ်မျိုးပဲ။ အဲဒီမှာတော့ ဘော်ဒါကိုသတ်လိုက်ပေမဲ့ ဒီမှာတော့ တော်တော်အားရစရာကောင်းတယ်။ နှစ်ခုယှဉ်ကြည့်လိုက်ရင် ဒီဇာတ်က တော်တော်အားရစရာကောင်းလိမ့်မယ်။ ဆိုခဲ့သလို သူတို့တွေ ပြေးဖို့ကြံရင်း ငွေရအောင် နောက်ဆုံးအလုပ်ကိုလုပ်ကြတယ်။ အဲဒီအလုပ်အဆင်မပြေသွားရာကနေ ဒီသုံးရက်အတွင်း ဘယ်လို ဂြိုဟ်တွေ ဝင်စီးလဲ ပြတယ်။ ဒါပဲ။ သူ့ထုံးစံအတိုင်း ဇာတ်အချိန်ကျဉ်းတယ်။ ကကျိုးကကြောင်အဖြစ်တွေလည်းပါတယ်။ ဂျွန်နီတိုအရသာအပြည့်ရတယ်။ ဒါမဲ့ တချို့အချက်တွေကြောင့် ဒီကားကို ဂျွန်နီတိုရဲ့အကောင်းဆုံးကားလို့ သတ်မှတ်ချင်မိတာမျိုးတော့ ရှိတယ်။ ဥပမာဆို နောက်ဆုံးပစ်ခန်း ပစ်ကြခတ်ကြတာတွေကို ကျွန်တော်တို့ကိုပြရင် အနည်းဆုံး ၅မိနစ်ဝန်းကျင်လောက်တော့ ကြည့်ရတယ်။ လူအုပ်လိုက်ကြီးပစ်ခတ်နေကြတာဆိုတော့ ထောင့်ပေါင်းစုံက ပတ်ပြနေတာကိုး။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့အချိန်ဟာ ခဏလေးဆိုတာကို ကြည့်တဲ့သူ မြင်သာ‌အောင် ဂျွန်နီတိုက လှလှလေးပြသွားတယ်။ ဆိုင်မွန်ယန်းရဲ့ ဇာတ်ကောင် ဘော့စ်က ကျွဲရိုင်းဘူးကို ဝရန်တာက ပစ်ချပြီး သူ့လူတွေကို ပစ်ဖို့အချက်ပြတယ်။ ဘူးမကျခင် တစ်ကောင်က ဘူးကိုကန်ချလိုက်တယ်။ ပြီးတော့နောက်တစ်ကောင်ကကန်တယ်။ နောက်ဆုံးအန်သိုနီဝေါင်ထပ်ကန်လိုက်လို့ ဘူးလေထဲပြန်မြောက်သွားတဲ့အချိန်မှာ စပစ်ကြတယ်။ ပစ်တာခတ်တာကတော့ အကြာကြီးလိုလိုပဲ။ ဟိုကောင်ကပစ်တာပြလိုက် ဒီကောင်ကပစ်တာပြလိုက်နဲ့ပဲ။ အကုန်လည်းသေပြီးရော ဘူးက ကြမ်းပေါ်ပြုတ်ကျတာကိုပြတယ်။ တကယ်တမ်း သူတို့ပစ်နေကြတဲ့အချိန်က စက္ကန့်ပိုင်းပဲရှိခဲ့တာကို ဂျွန်နီတိုက ဇာတ်ထဲရှိနေပြီးသား အရာကိုပဲသုံးပြီး လှလှပပကို ပြသွားခဲ့တယ်။ Exiled (2006) ဟာ ကြည့်လို့တော်တော်အရသာရှိတဲ့ ဂျွန်နီတိုရုပ်ရှင်တွေထဲမှာတောင် ကြည့်လို့တော်တော်အရသာရှိနေတဲ့ ရုပ်ရှင်ပဲ။ ခုကြည့်ပြီး ခုနောက်တစ်ခေါက်ပြန်ကြည့်ချင်လောက်အောင်ကို ကြည့်ရ အရသာရှိလွန်းခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 50Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2006 108 mins
Exiled
Sijjin 4 (or) Siccin 4
5.7

Siccin 4 (2017) IMDB : 5.7 Genr : Horror/Thriller Siccin 4 ဟာ Siccin ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Siccin ဆိုတာ တူရကီနိုင်ငံဟာ Horror ရုပ်ရှင်မှာ သွားနောက်လို့မရတဲ့အကြောင်းကို အကောင်းဆုံးသက်သေပြနေတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အတော်လေးလည်းဇာတ်လမ်းကောင်းတယ်လို့ဆိုရပါမယ်။ ဇာတ်ညွှန်း အရင်က စီးပွားရေးတောင့်တင်းပြီး ချမ်းသာခဲ့ပေမယ့် ကံအကောင်းအကြောင်းမလှတော့ အိုမာ တို့မိသားစုလေးဟာ သူ့အဘွားရဲ့အိမ်ကိုပြောင်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာကျန်းမာရေးမကောင်းတဲ့ အဘွားနေပြီး ခြံထဲမှာ သူ့အဘိုးရဲ့ အလောင်းကိုမြုပ်ထားတဲ့ အုတ်ဂူရှိနေပါတယ်။ ခက်တာက အိမ်ကြီးကိုပြောင်းလာကတည်းက တစ်မျိုးပြီးတစ်မျိုးခြောက်လှန့်နေတာပါပဲ။ Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းလေးကမြုပ်ကွက်တွေ လှည့်ကွက်တွေနဲ့မလို့ ကြည့်ရကောင်းပါတယ်။ Jumpscare များတာကြောင့် ချစ်သူရည်းစားရှိသူများ အတူတူကြည့်ဖို့အကြံပေးပါတယ်။ ကြောက်ရင်ဖက်ထားလို့ရတာပေါ့။ ကျွန်တော်ကတော့ ဘယ်သူမှမရှိလို့ မျက်ရည်များနဲ့ ကြောက်ကြောက်လန့်လန့်ဘာသာပြန်ခဲ့ရပါကြောင်း… File size… 1.4 GB / 718 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Horror • Science Fiction • Thriller
5.7 2017
Sijjin 4 (or) Siccin 4
Jama
7.9

Jama (2024) ဇာတ်သဘင် တန်ဒါဗန်ဦးဆောင်တဲ့ဇာတ်အဖွဲ့တစ်ခုမှာ ကာလီယာနမ်ဟာ မိန်းမဇာတ်ရုပ်ကိုသရုပ်ဆောင်သူရတစ်ဦးပါ ထိုဇာတ်အဖွဲ့ကိုမူလပထမတည်ထောင်ထောင်ခဲ့သူကသေဆုံးသွားပြီဖြစ်တဲ့ ကာလီယာနမ်ရဲ့ဖခင်ဖြစ်ပေမဲ့ အဖေ့ရဲ့မိတ်ဆွေဖြစ်တဲ့ လက်ရှိဇာတ်အဖွဲ့ကိုဦးစီးနေတဲ့ တန်ဒါဗန်အနားယူမှပဲ သူကဇာတ်အဖွဲ့ကိုရမှာပါ ဇာတ်အဖွဲ့မှာအဖွဲ့ဝင်ဆယ့်ခြောက်ယောက်ရှိပြီး ‌အမျိုးသားဇာတ်ရုပ်ကို သရုပ်မဆောင်ရတဲ့တစ်ဦးတည်းသောသူကတော့ကာလီယာနမ်ပါ အဖွဲ့ထဲကသူ့သူငယ်ချင်းချန်ဒရာထွက်သွားပြီးနောက် မိန်းမဇာတ်ရုပ်မှန်သမျှကိုသူချည်းဒိုင်ခံကရပေးရပါတော့တယ် ယောက်ျားလေးဇာတ်ရုပ်ကိုလိုချင်ပေမဲ့ နွဲ့နှောင်းနေတဲ့သူရဲ့ပုံစံနဲ့ ယောက်ျားလေးဇာတ်ကောင်မလိုက်ဘူးလို့အနှိမ်ခံရပြီးအခွင့်အရေးမပေးခဲ့ပါဘူး တစ်ဖက်မှာလည်းရွာသားတွေကသူ့ကိုမိန်းမလိုမိန်းမရဖြစ်တယ်ဆိုပြီးလိုက်လံစနောက်နေကြပြီး သူ့အမေ့ကလည်းကာလီယာနမ်အမျိုးသမီးအနေနဲ့ဇာတ်ကတာကိုသဘောမကျ မိန်းမပေးစားဖို့ကိုအမျိုးအမျိုးစီစဉ်ပါတယ် ဒါ‌ေပမဲ့ကာလီယာနမ်ကတော့လက်ထပ်ဖို့ကသူ့အတွက်အရေးမပါဘဲ သူဘဝရည်မှန်းချက်အနေနဲ့ သူ့အဖေရဲ့ဇာတ်အဖွဲ့ကိုသာဦးစီးဖို့ကြိုးစားချင်နေသူပါ ငယ်ရွယ်တဲ့ဇာတ်သရုပ်ဆောင်တစ်ဦးအနေနဲ့ကွဲကွာနေတဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာ သူ့အမေရဲ့ဆန္ဒ သူ့ရဲ့ဘဝရည်မှန်းချက်တွေကြားမှာ သူ့‌အဖေရဲ့‌ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းဖို့ကြိုးပမ်းမလဲ…… အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team မှပဲဖြစ်ပါတယ်

Comedy • Drama
7.9 2024 133 mins
Jama
Rewind
7.5

Rewind 2024 (အချစ်အတွက်ဆို အချိန်ခရီးပါသွားပစ်တဲ့ကောင်လေး) ယခုတစ်ခါမှာတော့ တေလ်ဂူ အချိန်ခရီးသွား ခပ်မိုက်မိုက် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်။ ကာသစ်ဆိုတဲ့ကောင်လေးဟာ သူ့သူငယ်ချင်းဆူဘူးအိမ်ကိုလာရင်းနဲ့ ရှန်သီဆိုတဲ့ကောင်မလေးကို တွေ့သွားပြီးတော့ မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်။ ရှန်သီဟာလည်း နေရာပြောင်းလာသူဖြစ်ပြီး သူ့သူငယ်ချင်းရဲ့အိမ်မှာ ခဏလာနေတုန်း ကာသစ်နဲ့တွေ့ခဲ့တာဖြစ်ပြီးတော့ နောက်ရက်မှာပဲ သူငှားနေတဲ့အိမ်ကိုပြောင်းသွားပါတော့တယ်။ ဒီလိုနဲ့ ကာသစ်တစ်ယောက် ရှန်သီ့ကိုတွေ့ရဖို့အတွက်ကြိုးစားပြီးတော့ ရှာဖွေပေမယ့်လည်း ဘယ်လိုမှကို ရှာလို့မတွေ့ဖြစ်ခဲ့ရပါတယ်။ ဒီလိုအလှည့်အပြောင်းတွေကြားထဲမှာ ကာသစ်တစ်ယောက် ရှန်သီ့ကို ရှာတွေ့နိုင်ဖို့အတွက်နဲ့ နည်းမျိုးစုံကြိုးစားပါတော့တယ်။ နည်းလမ်းတွေရှာဖွေရင်းနဲ့ပဲ ရှန်သီနဲ့တွေ့တဲ့အချိန်ကို ပြန်သွားပြီးတော့ ရှန်သီ့အချစ်ကို ပြန်ရဖို့အတွက် တွေးမိရင်း အချိန်ခရီးသွားစက်ကို လုပ်ပါတော့တယ်။ ဒီလိုတွေ ကြိုးစားရင်း အချိန်ခရီးသွားစက်နဲ့ အချိန်တွေနောက်ပြန်လှည့်ရင်း ရှန်သီနဲ့ပြန်တွေ့နိုင်ပါ့မလား ……….. ဒီလို ကြိုးစားလုပ်ဆောင်နေတဲ့ကြားထဲမှာရော ဘယ်လိုတွေ ကြုံတွေ့ရဦးမလဲ …….. ကာသစ်နဲ့ ရှန်သီတို့ ပြန်လည်တွေ့ဆုံပြီး အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာနိုင်မလား ……. ဆိုတာတွေကို ကြည့်ရှုရမယ့် အချစ်ဒရာမာ အချိန်ခရီးသွားကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Animation • Adventure • Family • Fantasy
7.5 2024 135 mins
Rewind
Diddy: The Making of a Bad Boy
Vanvaas
5.7

Vanvaas (2024) အတိတ်နှင့်ပစ္စုပ္ပန် IMDb 6.7/10 မိသားစုဒရမ်မာ ကြိုက်နှစ်သက်သူတိုအတွက် ဟင်ဒီဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကလေးသုံးယောက်နဲ့ မြေးတွေနဲ့ ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရမယ့် အရွယ် ရောက်ရှိလို‌ နေပြီဖြစ်ဝာဲ့သူက စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ မှတ်ဉာဏ်တွေရောထွေးလိုက် မေ့ပျောက်လိုက် ဖြစ်နေခြင်းရယ်ပါ။ သူ့ဇနီးသည်နဲ့သူ အခုမှ ချစ်စကြင်နာစအရွယ်ရောက်လိုက်၊ ကလေးတွေ ဆယ်နှစ်တောင်မပြည့်သေးတဲ့အရွယ်ရောက်သွားလိုက်၊ ပစ္စုပ္ပန်ကာလကိုရောက်ရှိလာလိုက်နဲ့ သူ့မှတ်ဥာဏ်‌တွေဟာ ရော‌ထွေးနေပါတယ်။ သူဘာလုပ်နေတယ်၊ မနေ့ကဘာလုပ်ခဲ့တယ်၊ အခုလေးတင် ဘယ်ပစ္စည်းကို ဘယ်မှာထားခဲ့တယ်‌ဆိုတာကို မေ့ပျောက်လိုက်နဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းကိုလည်းရင်ဆိုင်နေရပါတော့တယ်။ တစ်နေ့ သူတိုတစ်မိသားစုလုံး ဂင်္ဂါမြစ်ဘေးက ဘုရားပွဲတစ်ခုကို ခရီးတိုလေးထွက်ဖို စီစဉ်ကြပါတယ်။ တစ်နိုင်ငံလုံးက ခရီးသွားတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပါ စည်ကားနေတဲ့နေရာမို သွားလာ လည်ပတ်ရင်း သူနဲ့ကလေးတွေနဲ့ လူစုကွဲသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကလေးတွေ ငယ်ရွယ်စဉ်ကလည်း ပွဲဈေးတစ်ခုမှာ လူစုကွဲ ပျောက်သွားလို သူတိုလင်မယားနှစ်ယောက် ခေါင်းမီးတောက် ရှာဖွေခဲ့ရဖူးတာပါ။ သူ့အနေနဲ့ဒီမှတ်ဉာဏ်နှစ်ခုရောထွေးလို သူ့ကလေးငယ်လေးတွေကို ရှာဖွေနေသေးတယ်အမှတ်နဲ့ လိုက်လံမေးမြန်းနေပါတော့တယ်။ သူ့ကလေးတွေကို သူပြန်ရှာတွေ့ပါ့မလား၊ သူ့မှတ်ဉာဏ်ပြဿနာနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို အိန္ဒိယရိုးရာဓလေ့လေးတွေနဲ့အတူ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးမှုကိုပါ ကြည်နူးစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ။

5.7 2024 160 mins
Vanvaas