YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Surrounded.2023.1080p.(CM).mp4

1.35 GB 1080p video/mp4 118 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Action Hero
6.4

IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ရုပ်ရှင်ထဲက ဇာတ်ကောင်က အပြင်လောကထဲ ထွက်လာချိန်မှာ ရုပ်ရှင်ထဲကလိုပဲ ဘယ်လိုသတ်သတ်မသေဘူးဆိုတဲ့ သဘောတရားက ဆက်ပြီးတည်ရှိနေနိုင်ပါဦးမလား.. ဆိုတာကိုတော့ အာနိုးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ဟာသဆန်ဆန် ဇာတ်ကွက်တွေကို ရုပ်ရှင်ထဲက ရုပ်ရှင်ကားအဖြစ် ရှုစားကြည့်ကြပါဦးလို့.. (ဇာတ်လမ်းတွေကြည့်ရင်းနဲ့ တစ်ခါတလေကျ သရုပ်ဆောင်တွေရဲ့ အပြင်လောကကနာမည်ကို မမှတ်မိဘဲ သူတို့သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နာမည်ကိုသာ မှတ်မိတာမို့ သူကတော့ဟိုကားက ဟိုလူနေရာမှာ သရုပ်ဆောင်တာ၊ ဒီလိုမျိုးမှတ်မိတတ်ကြတယ်မလား.. ဒီကားထဲက မက်ဒီဂန်လေးကလည်း ရုပ်ရှင်ထဲကိုရောက်သွားတော့ သရုပ်ဆောင်တွေကို တွေ့ပြီး သူကတော့ ဟိုကားထဲမှာ ဘယ်သူအဖြစ်နဲ့သရုပ်ဆောင်တာ၊ ဟိုလူကတော့ ဟိုကားထဲမှာ ဘယ်သူ့ကိုသတ်လိုက်တာဆိုတာမျိုးက ဟာသဇာတ်ကွက်ပေမယ့် လက်တွေ့ဆန်တာမို့ တချို့အခန်းတွေကျ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်နေရာရောက်သွားသလို ခံစားရပြီး ပြုံးမိစေပါတယ်..) File size…(2.3 GB)/(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:11:00 Genre...Adventure, Fantasty, Action, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Romance
6.4 1993 131 mins
Last Action Hero
Hypnotic
6

ခင်ဗျားမြင်နေရတာက အမှန်တရားလား.... ခုခင်ဗျား ဒီ Review ကို ဖတ်နေတယ်။ ဒါက အိပ်မက်လား... ခင်ဗျား အိပ်မက်တွေဟာ တကယ်များဖြစ်နေမလား.... Jennifer Thompson ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ရည်းစားဖြစ်သူ Brian နဲ့ ပြတ်စဲပြီးနောက် အစစအရာရာ စိတ်ဓာတ်ကျကာ ဘဝကိုအလွဲလွဲအချော်ချော်နဲ့ စိတ်ပျက်စွာဖြတ်သန်းနေသူပေါ့။ သူငယ်ချင်းဖြစ်တဲ့ Gina Kelman ကတော့ သူ့ကို သူတို့ရဲ့အိမ်တက်ပွဲမှာ Dr. Collin Meade ဆိုတဲ့ Hypnotherapist တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ သူ့ဘဝဟာ ဒီဆရာဝန်ကြောင့်ပြောင်းလဲခဲ့ကြောင်းပေါ့။ ဒီဆရာဝန်နဲ့ ပြကြည့်ဖို့လည်း ဆိုပါတယ်။ Jen ဟာ သူငယ်ချင်းဖြစ်သူရဲ့ စိတ်အလိုကျ ဒါကိုလက်ခံလိုက်ပြီး Dr. Meade နဲ့ သွားပြရင်း Jen နဲ့ ဒီဆရာဝန်တို့ သိကျွမ်းခဲ့ကြကာ Hypnosis session တစ်ခုကို လုပ်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ Jen ရဲ့ ဘဝဟာလည်း သိသိသာသာပြောင်းလဲ ပျော်ရွှင် လာပါတယ်။ ဒါပေမဲ့ ဒီနောက်ဆက်တွဲမှာ ရှုပ်ထွေးလှတဲ့ Hypnosis ရဲ့ ကြောက်မက်ဖွယ်သဘောတရားတွေကို Jen နဲ့ Detective Wade Rollins တို့ ဘယ်လိုရင်ဆိုင်ပြီး ဖော်ထုတ်သွားမလဲဆို‌တာကို Mystery ‌ဇာတ်ကားတွေရဲ့ ဆန်းကြယ်မှုတွေကို ကိုယ်တိုင်ပဲ ခံစားရင်း ဆက်လက်ရှုစားလိုက်ကြပါတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 28Min Genre - Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Crime • Drama • Thriller
6 2021 89 mins
Hypnotic
Bayi Ajaib
4.4

ကိုဆင်တစ်ယောက် မြစ်ထဲမှာ ရွေကျင်ရင်း ရွှေတုံးကြီးကြီးရပြီးနောက် သူဌေးဖြစ်သွားပါတယ်။ ငွေကြေးပြည့်စုံပြီဆိုတော့ ဇနီးဖြစ်သူလာရာနဲ့ ရွာမှာပဲအခြေချကာ ရွာကောင်းကျိုးပဲ သယ်ပိုးဖို့ကြံပါတော့တယ်။ ဇနီးသည်လေးကလည်း ကိုယ်လေးလက်ဝန် နေ့စေ့လစေ့မီးဖွားခါနီးကြီးပါ။ တစ်နေ့ ဇနီးသည်ဟာ မီးနေသည်ပြပြီးပြန်အလာ လမ်းမှာ ခွေးလိုက်ဆွဲတာနဲ့ ပြေးရင်းပြေးရင်း တောနက်ထဲရောက်မှန်းမသိရောက်သွားပါတယ်။ ရောက်သွားတဲ့နေရာမှာ လူတစ်ယောက်ရဲ့ အုတ်ဂူရှိနေပြီး အချိန်က လကြတ်ည။ လကြတ်ညမှာ ကလေးတွေနဲ့မိန်းမတွေ အပြင်မထွက်ရပါဘူး၊ နတ်ဆိုးဖမ်းစားတတ်လို့ပါ။ အခုတော့ ကိုယ်ဝန်ဆောင်တစ်ယောက် လကြတ်ည အုတ်ဂူတစ်ခုဘေးမှာ....။ ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို ရိုက်ကွင်းရိုက်ကွက်၊သရုပ်ဆောင်မှုတွေလည်း ခပ်ပေါ့ပေါ့မဟုတ်တဲ့အတွက် Horror ကြိုက်သူများ မြည်းစမ်းကြည့်သင့်ပါကြောင်း... File Size :(1.6GB) and (652MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Action • Adventure • Crime • Thriller
4.4 2023 97 mins
Bayi Ajaib
Born on the Fourth of July
7

Born on the Fourth of July(1989) ******************************* ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊ တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရော သူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊ နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေ စစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။ File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Documentary
7 1989 145 mins
Born on the Fourth of July
Borat Subsequent Moviefilm
6.5

IMDb (7.1) / Rotten Tomatoes (84%) ဒီကားက သိပ်ထွေထွေထူးထူး ညွှန်းပြနေစရာမလိုတော့ပါဘူး။ ပထမကားမှာ အောင်မြင်ခဲ့တဲ့ ဘိုရတ် ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယကားမှာ နိုင်ငံရေးသရော်မှုတွေနဲ့အတူ ပြန်လာပါပြီ။ ဒီကားရဲ့အစမှာတော့ ဘိုရတ်ဟာ ပထမကားမှာ အောင်မြင်ခဲ့ပေမဲ့ သူ့နိုင်ငံဖြစ်တဲ့ ကာဇက်စတန်ကတော့ ကမ္ဘာ့အလယ် အဟားခံစရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားခဲ့ရတာမို့ ဘိုရတ်ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ခံခဲ့ရပါတယ်။ ပြစ်ဒဏ်ကျခံပြီး ၁၄ နှစ်ကြာပြီးနောက်မှာ ဘိုရတ်ဟာ သမ္မတနန်းတော်ဆီကို ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ အကြောင်းကတော့ အမေရိကန်မှာ သမ္မတအပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံးသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာ့လူကြမ်းခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ပူတင်တို့ ကင်မ်ဂျုံအွန်းတို့နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကာဇက်စတန်ကို အဖက်မလုပ်ဘဲ ပစ်ထားနေတာမို့ ကာဇက်စတန် သမ္မတက သူတို့နိုင်ငံကို ဒေါ်နယ်ထရန့် အရေးလုပ်ဖို့အတွက် လက်ဆောင်ပဏ္ဏာဆက်သဖို့ ဘိုရတ်ကို စေလွှတ်ချင်လို့ပဲဖြစ်ပါတယ်။ ဘိုရတ်ဟာ ၁၄ နှစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရပြီးနောက် အမေရိကန်ကို တစ်ဖန်ပြန်သွားရပါတော့တယ်။ သူရောက်သွားတဲ့အခါမှာတော့ အမေရိကန်ဟာ သူအရင်ကသိခဲ့တဲ့ အမေရိကန်မျိုး မဟုတ်တော့ပါဘူး။ အရမ်းကိုပြောင်းလဲသွားပါပြီ။ ထို့နောက် ဘိုရတ်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ အာမခံချင်တာတစ်ခုကတော့ အရမ်းအရမ်းကို ရယ်ရပါတယ် ပြီးတော့ မိသားစုနဲ့ အတူမကြည့်ပါနဲ့ ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မကြည့်ပါနဲ့ တစ်ယောက်တည်း ကြည့်ပါ။ တစ်ယောက်တည်း ကြည့်ပြီး အားရပါးရခွီလိုက်ပါ ပြီးမှ ကြည့်ပြီးတဲ့သူငယ်ချင်းတွေနဲ့ ပြန်ပြောရင်း ထပ်ခွီပါ။ ဒီဇာတ်ကားထဲမှာ လက်ရှိဖြစ်ပျက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စတွေလည်း ပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နှင်းနည်းတွေကအစပါဝင်တာမို့ ပညာရတယ်လို့ ပြောရင်း ဒီဇာတ်ကားရဲ့ အညွှန်းကို အဆုံးသတ်လိုက်ပါတယ်။ File size…(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • Mystery • Sci-Fi & Fantasy
6.5 2020 96 mins
Borat Subsequent Moviefilm
John Wick: Chapter 3 – Parabellum
7.5

Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်…. ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့… ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ…. ဘယ်သူတွေကရော သူ့ဘက်ပါမလဲ…. ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ… (function(f,b,n,j,x,e){})();

Action • Comedy • Crime
7.5 2019
John Wick: Chapter 3 – Parabellum
Old School
7

ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာက Superbad တို့ American Pie တို့လို ကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေ မဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်း လူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ ‌ အရိုးရဲ့ ‌‌‌အော်ပရာသီချင်းကိုလက်တွေဘဝမှာ ကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်း အဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို ‌မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကို အလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ‌ ဇာတ်ဆောင်တွေအနေနဲ့ကလဲ comedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie’s Angel, Death at a funeral, Idiocracy တို့မှမင်းသား Luke Wilson ပါမက Step Brothers, Anchor Man, Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကို Wedding Crushers, The Watch, Zoo Lander တို့မှ Vince Vaughn တို့လို ဟာသကျော်ကြီးတွေ သုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကို ကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့ မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size… 3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28 Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

7 2003 92 mins
Old School
Medusa’s Venom
5.2

၂၀၂၃ ဖေဖော်ဝါရီက ထွက်ရှိထားတဲ့ Medusa Venom ရုပ်ရှင်ဇာတ်ကားက ၂၀၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Medusa ဇာတ်ကားရဲ့အဆက်ဆိုပေမယ့် ပထမဇာတ်ကားနဲ့ အဆက်အစပ်မရှိတာကြောင့် ယခုမှစကြည့်ဖို့သင့်တော်တဲ့ Horror အမျိုးအစား ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းကောင်လေးနှစ်ယောက် ညှဉ့်ငှက်ကလေးတွေရှိရာ ဂေဟာဆီ လာရောက်အပန်းဖြေရာကနေ ဇာတ်လမ်းကိုစတင်ဖွင့်လှစ်ထားပါတယ်။ လာရောက်ပျော်ပါးတဲ့ သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်ဟာ အဖြစ်ဆိုးနဲ့ ကြုံရပြီး နောက်တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ရက်အနည်းငယ်အကြာမှာ ညှဉ့်ငှက်ကောင်မလေးတွေရဲ့ ဂေဟာကို လိုလာဆိုတဲ့ ကောင်မလေးတစ်ယောက်လာရောက်တည်းခိုရာက သူကိုယ်တိုင်လိင်ဖျော်ဖြေရေး လုပ်သားဖြစ်သွားပြီး ဇာတ်လမ်းအစ ထွက်ပြေးသွားတဲ့ကောင်လေးနဲ့ တွေ့ဖို့အကြောင်း ဖန်လာပါတော့တယ်။ ကောင်လေးနဲ့လိုလာတို့ဟာ လိင်ဖျော်ဖြေရေးဂေဟာရဲ့နောက်ကွယ်က လျှို့ဝှက်ချက် တွေကို ဖော်ထုတ်ဖို့ကြိုးစားကြရင်း ဆန်းကြယ်တဲ့ သဘာဝလွန်အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လာရပါတယ်။ လိင်ဖျော်ဖြေရေးဂေဟာရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေဟာ ဘာဖြစ်မလဲ.. လိုလာကကော ညှဉ့်ငှက်ဘဝကရုန်းထွက်နိုင်မှာလား.. သဘာဝလွန်အဖြစ်အပျက်တွေက ဘာကြောင့်လဲ.. မိန်းကလေးတွေချည်းပဲရှိတဲ့ ဂေဟာဟာ ဘယ်လိုအစွမ်းသတ္တိတွေကြောင့် တောစပ်မှာသီးခြားရပ်တည်နိုင်တာလဲ.. ရုပ်ရှင်နာမည်အတိုင်း Medusa နတ်ဘုရားနဲ့ ဘယ်လိုများဆက်စပ်နေမလဲဆိုတာ Medusa Venom ဇာတ်ကားမှာ ရှုစားကြရမှာဖြစ်ပါတယ်။ ညှဉ့်ငှက်မိန်းကလေးများနဲ့ လိင်ဖျော်ဖြေရေးဂေဟာကို ဇာတ်အိမ်တည်ထားတာဆိုပေမယ့် အဖော်အချွတ်ကို အသားမပေးဘဲ Horror ဦးစားပေးဇာတ်လမ်းဖြစ်ပြိး ရိုက်ကူးထုတ်လုပ်တဲ့နိုင်ငံက UK ဖြစ်တာကြောင့် British English စကားပြောနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…1.29GB / 593MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 23m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Comedy • Drama
5.2 2023 83 mins
Medusa’s Venom
A Carol for Two
6.2

A Carol for Two (2024) ********************** ခရစ္စမတ် Vibe ရပြီး ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းမယ့် Romance ကားလေးတစ်ကားကိုတင်ဆက်ပေးပါရစေ .. Broadway ဆိုတာက သီချင်းပြဇာတ်လောကမှာ တက်သစ်စ အနုပညာရှင်တိုင်းအတွက် အိပ်မက်တစ်ခုပါ .. ဗိုင်အိုလက်ဆိုတဲ့ နယ်မြို့လေးက ကောင်မလေးဟာ Broadwayမှာ ပါဝင်ဖို့အရွေးခံရပြီး New Yorkကို တက်လာခဲ့ပါတယ် .. ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူ့ကိုရွေးထားတဲ့ ပွဲဟာပျက်သွားတဲ့အခါမှာတော့ အဖေဖြစ်သူကိုလည်း အမှန်အတိုင်းပြောလို့မရတဲ့ အခြေအနေဖြစ်လာပြီး ဗိုင်အိုလက်တစ်ယောက် New Yorkမှာ သောင်တင်ဖို့ဖြစ်လာပါတော့တယ် .. ဒီလိုနဲ့ အဒေါ်ဖြစ်သူရဲ့ဆိုင်မှာ အလုပ်သင်ဝင်လုပ်ရင်း အိပ်မက်နောက်ကိုဆက်လိုက်ဖို့ ကြိုးစားရကနေ အဲဒီဆိုင်မှာပဲအလုပ်လုပ်နေတဲ့ ဝါသနာတူအဲလက်စ်နဲ့ဆုံပြီး ခရစ္စမတ်အကြိုညမှာ ဖျော်ဖြေဖို့အခွင့်အရေးရလာခဲ့ပါတယ် .. ဝါသနာတူလူငယ်လေးနှစ်ယောက်ဖြစ်တဲ့ ဗိုင်အိုလက်နဲ့ အဲလက်စ်တို့ကြားမှာ ဘယ်လိုမျိုးတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ရအောင်ပါ .. ။ (အညွှန်းကို Thura Mg Mg မှ ရေးသားထားပါတယ်) File size…1.89GB / 782MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 24m Genre ….. Holiday, Romance, Romantic Comedy Subtitle….Myanmar Subtitle (Hard Sub) Translated by Thura Mg Mg Encoded by AHtet

Drama • Romance
6.2 2024 84 mins
A Carol for Two
The Hunter’s Anthology – The Demon Hunter
5

ဒီဇာတ်ကားလေးကတော့ Mystery, Horror ဆန်ဆန် ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ သဘာဝလွန်စူးစမ်း ရှာဖွေမှုတွေနဲ့ မှောင်မိုက်တဲ့အမှန်တရားတွေကို ဖော်ထုတ်မယ့် နတ်ဆိုးမုဆိုးတစ်ယောက်ရဲ့စွန့်စားခန်းကို ဇာတ်အိမ်ထား ရိုက်ကူးထားပါတယ်။ 2021 တုန်းကထွက်ရှိခဲ့တဲ့ The Hunter’s Anthology Series ကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် လူအုပ်စုတစ်စုဟာ နတ်ဆိုးမုဆိုးတစ်ယောက်နဲ့အတူ မြေအောက်ရထားတွဲထဲမှာ ပိတ်မိသွားပြီးတော့ သူတို့ထဲမှာပုန်းနေတဲ့နတ်ဆိုးကို ဖမ်းဖို့အတွက် တစ်ယောက်ချင်းစီရဲ့ မှောင်မိုက်တဲ့အတိတ်တွေကို စစ်မေးရင်း နတ်ဆိုးကိုဖော်ထုတ်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းပုံစံက စုံထောက်ဆန်ဆန်ကိုမှ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်ထားပြီးတော့ ကြည့်ရှုသူတွေကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ IMDb မှာလည်း rating ကောင်း တစ်ခုကို ရရှိထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ File size… (1.53GB) / (793MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 6m Genre …..Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 126 mins
The Hunter’s Anthology – The Demon Hunter
Supernova
4.8

Supernova (2000) ဒီတစ်ခါတော့သိပ္ပံစိတ်ကူးယဥ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။Supernova ဆိုတာက ကြယ်ပေါက်ကွဲမှုဖြစ်ပါတယ် ။ ကြယ်ဆိုတာကနေပါပဲ။နေတွေမှာသက်တမ်းရှိပါတယ်။လက်ရှိကမ္ဘာရဲ့နေကကြယ်ဝါပု( yellow dwarf)ပါ။ ကြယ်တွေမှာဟိုက်ဒရိုဂျင်တွေလောင်ကျွမ်းပြီးလောင်စရာကုန်တော့ ဟီလီယမ်တွေပါ ဆက်fusionဖြစ် ပိုလေးလံတဲ့အောက်ဆီဂျင် ကာဘွန်နဲ့တစ်ခြားလေးလံတဲ့ဒြပ်စင်အဖြစ်ဆက်fuseဖြစ်ပြီး စွမ်းအင်တွေအများကြီးထွက်လာပြီးကြယ်တွေရဲ့အပြင်လွှာကအပြင်ကိုအရှိန်အဟုန်နဲ့ပြန့်ကားထွက်လားထွက်လာပါမယ်။ အနီးအနားကဂြိုလ်တွေလတွေကိုဝါးမြိုသွားမှာပါ။အဲဒီအဆင့်က ကြယ်နီကြီး(Red Giant)ပါ ။ပြန့်ကားတာကြာလာတဲ့အခါဒြပ်ဆွဲအားသက်ရောက်တာနည်းပြီးစကြာဝဠာထဲကိုလွတ်ထွက်သွားပါမယ်။ အရွယ်အစားကအဆပေါင်းများစွာသေးတဲ့ ကြယ်ဖြူပုဖြစ်လာပြီးအဲဒီကြယ်ဒြပ်ထုတစ်ဝက်ကအပြင်ခွံလွှာမှာပါသွားပြီးအဲဒီဒြပ်မှုန်လွှာတွေကဓါတ်ငွေ့ဖုန်မှုန့်အစုအဝေး planetry nebulaဖြစ်လာပါမယ်။ အဲဒီနက်ဗျူလာက ကြယ်ဖြူပုကိုပတ်နေပါမယ်။နှစ်ဘီလီယံ ထရီလီယံကြာပြီးနောက်တော့ တောက်လောင်တာချုပ်ငြိမ်းပြီးကြယ်ပုမည်းဖြစ်ပြီးအပြီးပျောက်ကွယ်သွားပါမယ်။ လက်ရှိ ကမ္ဘာဂြိုလ်ရဲ့နေထက် အဆ ၂၅ဆ ၃၀ဆကြီးတဲ့ ကြယ်တွေသေဆုံးရင်တော့ Supernova အဖြစ်ပေါက်ကွဲပါတယ်။ ပေါက်ကွဲမှုကထွက်လာတဲ့ရောင်စဥ်တွေက ဂလက်ဆီတစ်ခုလုံးကိုလင်းလက်တောက်ပသွားနိုင်ပါတယ်။ပေါက်ကွဲမှုပြီးရင် မြို့တစ်မြို့စာအကျယ်ရှိတဲ့ နျူထွန်ကြယ်သေအဖြစ်ရှိနေပါမယ်။ အဆ၃၀နီးပါးကြီးတဲ့ကြယ်တွေက အာကာသတွင်းနက်တွေအဖြစ်ရှိနေပါမယ်။ကြယ်တာရာသချိုင်းမှာရှိတဲ့ ရုပ်ကြွင်းနက်ဗျူလာတွေ ဓါတ်ငွေ့တိမ်တိုက်အစုအဝေးတွေကစကြာဝဠာထဲခရီးဆက်သွားပြီး စုမိပေါင်းမိပြီးကြယ်တွေကိုထပ်မွေးဖွားပါမယ်။ စကြာဝဠာထဲက ဒြပ်စင်တွေ ကမ္ဘာပေါ်ကဒြပ်စင်တွေ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ဒြပ်စင်တွေက ကြယ်သေဆုံးမှုကလွင့်လာတဲ့အမှုန်အမွှားတွေလို့ဆိုပါတယ်။ ဒီအကြောင်းလေးကိုဘာလို့ ပြောပြရသလဲဆိုတော့ ဒီသဘောတရားတွေကိုရုပ်ရှင်ထဲမှာ ပြောပြထားလို့ပါပဲ။ဒါတွေကိုသိထားရင် ရုပ်ရှင်ရဲ့ အနှစ်သာရကလည်း ပိုကောင်းလာနိုင်ပါတယ်။ ဇတ်လမ်းအကျဥ်း ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအာကာသယာဥ် နိုက်တင်းဂေးလ်ဟာ အာကာသထဲမှာတစ်ရက်မှာအက်စ်အိုအက်စ်(အရေးပေါ်အကူညီတောင်းခံခြင်း)ဆစ်ဂနစ်တစ်ခုကိုတိုက်ရိုက်လက်ခံရရှိပါတယ် ။ အဲဒါက အလင်းနှစ်၃၄၃၂ ကွာဝေးတဲ့တိုင်တန်လပေါ်ကမိုင်းတွင်းဟောင်းတစ်ခုကလာတာပါ။ အကူညီတောင်းခံတဲ့ ကားလ်လာဆန်ဆိုတဲ့လူကို ဒေါက်တာ ခေးလာအဲဗားစ်(အိန်ဂျယ်လာ ဘက်စ်ဆက် Angela Basset)ကသိပါတယ်။ အဲဒီကိုသွားကယ်ဖို့ဆိုရင်သူတို့တွေကhyperspaceလို့ခေါ်တဲ့ဒိုင်းမန်းရှင်းမတူတဲ့နေရာမှာဒိုင်မန်းရှင်းဒရိုက်ရဲ့အကူနဲ့အလင်းထက်မြန်အောင်သွားနိုင်မှရောက်မှာဖြစ်ပါတယ် ။ ဒိုင်းမန်းရှင်းခုန်(အလင်းထက်မြန်အောင်ခရီးသွား)ပြီးတိုင်တန်လနားကိုရောက်တဲ့အခါ အခက်အခဲတွေကြုံရပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ယာဥ်မှုး သေသွားသလိုလပါတ်လမ်းထဲက အမှုန်တွေအခဲတွေနဲ့တိုက်မိပြီး လောင်စာကန်ပေါက်ပြီးလောင်စာတွေလည်းတော်တော်ဆုံးရှုံးသွားပါတယ်။ လနဲ့လည်းတိုက်မိမလိုဖြစ်ပါတယ်။ အဲဒါနဲ့ ခဏအစမ်းခန့်တဲ့သဘောနဲ့ ယာဥ်ပေါ်ကိုရောက်နေတဲ့ဒုပိုင်းလော့နစ်ခ်ဗန်ဇန့်(ဂျိမ်း စပက်ဒါ James Spader) က ယာဥ်မှူးတာဝန်ကိုယူလိုက်ရပါတယ်။ တိုင်တန်လကနေ ယာဥ်တစ်စင်းရောက်လာပြီးယာဥ်ပေါ်ကလူကသတိမေ့နေပါတယ်။အကူညီတောင်းတဲ့ ကားလ်လာဆန်လည်းမဟုတ်ပါဘူး ။သူ့ရဲ့သားထရွိုင်လို့ဆိုပါတယ်။ ထရွိုင်ရဲ့ ယာဥ်ပေါ်ကိုရှာတဲ့အခါထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုသွားတွေ့ပါတယ်။ ထရွိုင်က တိုင်တန်လ မိုင်းတွင်းဟောင်းထဲမှာ လောင်စာတွေရှိတယ်ပြောတာကြောင့်နစ်ခ်က ကယ်ဆယ်ရေးယာဥ်တစ်စင်းနဲ့ သွားယူပါတယ်။ အဲဒီထူးဆန်းတဲ့စ္စည်းကဘာလဲ ထရွိုင်ရဲ့လျို့ဝှက်ချက်ကဘာလဲ နစ်ခ်တိုင်တန်ပေါ်ကနေလောင်စာတွေရမလား ယာဥ်အမှုထမ်းတွေကမ္ဘာမြေကိုပြန်ရောက်မလားဆိုတာကိုတော့ဆက်လက်ပြီးဖန်သားပြင်ပေါ်မှာကြည့်နိုင်ပါတယ်။ ဒါရိုက်တာက Walter Hill ပါ။ ဒီဇာတ်ကားမှာ သဘောကျတာက ရူပဗေဒနဲ့ဆိုင်တဲ့ သဘောတရားတွေ ကြယ်တာရာတွေဂြိုလ်တွေကိုပါ။ ဇတ်ကောင် ထရွိုင်ပြောတာက “ကိုယ့်ကိုအခုထိတူညီတဲ့ပစ္စည်းတွေနဲ့ပဲဖွဲ့စည်းထားတာ ကယ်လဆီယမ် အိုင်းရွန်း ဇင့်ဒြပ်စင်တွေအားလုံး ဒါအကုန်လုံးကကြယ်တွေရဲ့ဖုန်တွေ ကိုယ်တို့တောင်မှပဲကြယ်တွေသေလို့ကိုယ်တို့အသက်ရှင်နိုင်တာပြီးတော့ကိုယ်တို့သေတယ်အဲဒါကြောင့်ကြယ်တွေကိုပြန်မွေးဖွားနိုင်တယ်” ရုပ်ရှင်ကြည့်ရင်း ဒြပ်စင်တွေနဲ့ဖွဲ့စည်းထားပြီးစကြာဝဠာထဲက ဖုန်တစ်မှုန့်နဲ့တူတဲ့လူတွေရဲ့မမြဲတဲ့သဘောတရားလေးကိုပြေးမြင်မိလိုက်တာက ကိုယ့်အတွက်တော့အနှစ်သာရပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (1.6 GB) / (860 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Sci-Fi, Thriller Duration….01:31:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Drama
4.8 2000 91 mins
Supernova
eXistenZ

IMDb – 6.8/10 RT – 76% Old But Gold ဇာတ်ကားတစ်ခုပါ။ တစ်ကားလုံး မကြည့်ဖူးသေးရင်တောင် ဂျုဒ်လော ဟင်းပွဲထဲကအရိုးတွေကိုဆက်ပြီး သေနတ်လုပ်တဲ့ ပြကွက်ကိုတော့ FB Reel တွေမှာ ကြည့်ဖူးမှာပါ။ အခုနောက်ပိုင်းမှ အမှန်အကန်တွေ့လာရတဲ့ AI တို့၊ Virtual Reality Game တို့အကြောင်း လွန်ခဲ့တဲ့ ၂၆နှစ်က ရုပ်ရှင်တစ်ကားရှိခဲ့တယ်ဆိုတာ သင်ယုံနိုင်မလား။ ဇာတ်လမ်းကတော့ နာမည်ကြီး ဂိမ်းဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ အလယ်ဂရာ (Jennifer Jason Leigh)ဟာ ဂိမ်းမိတ်ဆက်ပွဲတစ်ခုမှာ လုပ်ကြံဖို့ ကြိုးစားခံရတဲ့အတွက် လုံခြုံရေးဝန်ထမ်း ပိုက်ကယ်လ် (Jude Law) နဲ့ အတူ ထွက်ပြေးကြရပါတယ်။ လုပ်ကြံရတဲ့ အကြောင်းကလည်း သူမဖန်တီးထားတဲ့ဂိမ်းကို ဖျက်ဆီးချင်တာ‌ရော၊ ခိုးယူချင်တာပါ ဖြစ်နေပါတယ်။ ထွက်ပြေးရာ လမ်းတစ်လျှောက် လုပ်ကြံသူတွေ အစီအရီအကြား သူမတို့နှစ်ယောက် ဘယ်လို အသက်လုပြေးကြရမလဲကို ဆက်လက်ရှုစားကြပါ။ စိတ်ကူးယဉ်ဇာတ်လမ်းပေမယ့် အတော်လေး သဘာဝကျတဲ့ ဇာတ်ဝင်ခန်းတွေ၊ concept တွေကို မြင်ရပါတယ်။ အထူးသဖြင့် Virtual Reality မှာ နေ့နဲ့ချီနေပေမယ့် ပကတိကာလမှာ မိနစ်ပိုင်းပဲရှိသေးတာ၊ Virtual Reality ကို စိတ်ရောဂါလက္ခဏာတစ်ခုနဲ့ခိုင်းနှိုင်းထားတာ (ဘာက ဂိမ်းထဲမှာ…ဘာက ပကတိလောကမှာ ခွဲခြားမရအောင်ရှုပ်ထွေးကုန်တာ)၊ ဥပမာအရကတော့ ဂိမ်းထဲမှာ လူတစ်ယောက်ကို သတ်မိတာ သွေးအေး‌အေးနဲ့ ထိုင်ကြည့်နေသလိုမျိုး ပကတိထိုင်ကြည့်နေမိတာမျိုး၊ လက်တွေ့ဘဝနဲ့ ကင်းကွာလာတာမျိုးကို ပြထားပါတယ်။ ဟိုတုန်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပေမယ့် လက်ရှိကာလမှာတော့ ပြဿနာတကယ်ရှိလာပါပြီ။ နာမည်ကြီးတွေထဲက Willem Dafoe, Ian Holm, Don Mackellar တို့တွေ ဇာတ်ရံအနေနဲ့ ပါဝင်ထားပြီး ထုတ်လုပ်သူ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ David Cronenberg ဖြစ်ပါတယ်။ အကောင်းဆုံးရုပ်ရှင်ဆု၊ တည်းဖြတ်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေရဖူးပြီး ဇကာတင် ၁၄ကြိမ် ဝင်ဖူးပါတယ်။ (SciFiမှာ Matrix ကို နောက်ကောက်ကျရတာများပါတယ်) အညွှန်းနှင့်ဘာသာပြန် TLone ဖြစ်ပါတယ်။ File size…(2 GB)/(993 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by T Lone

Science Fiction • Comedy • Action
0 1999
eXistenZ