YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Superman.Brainiac.Attacks.2006.1080p.BluRay {CM}.mp4

1.22 GB N/A video/mp4 171 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wandering
7

ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Action • Drama
7 2022 150 mins
Wandering
Arthur: Malediction
3.2

ဒီကားက ဟိုးတုန်းက နာမည်ကျော်ခဲ့တဲ့ Arthur and the Invisibles Trilogyကို Theme ယူပြီး ရိုက်ထားတဲ့ ဆိုက်ကိုလိုဂျီကယ် ဟော်ရာကား။ ဟော်ရာကားတွေထဲ ဆိုက်ကိုလိုဂျီကယ်ဟော်ရာတွေ ဘယ်လောက်စားလဲ သိကြတယ်မလား။ ဒီကားကလည်း အဲဒီလိုခပ်စားစားကား။ စစချင်းမှာ ကြည့်ရင် အရောင်စိုစို ကလေးဘဝဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်လိုလေး အာသာကားတွေလို ဖြစ်တော့မလိုလိုပုံလေးပြထားတယ်။ အမှန်ပြောရရင် ဒီကားကို ကျွန်တော် ဘာကားလဲ ရှာမကြည့်မိဘူး။ ဒီတိုင်းပဲကြည့်လိုက်မိတာ ဆိုတော့ ဘာအမျိုးအစားလဲတောင် မသိခဲ့ဘူး။ တစ်ဝက်လောက်ထိကို ဖန်တက်စီကားလေးလိုလိုပဲထင်နေခဲ့တာ တစ်ဝက်နားကျမှ အရိပ်အယောင်တွေပြ ဘာတွေပြနဲ့ ဒီကားမဟုတ်တော့မဟုတ်တော့ဘူးလို့ သိလိုက်တယ်။ နောက်ကျမှပဲ သတ်တာဖြတ်တာတွေ ပါလာတော့မှ ဒီလိုကားကိုးလို့ သိလိုက်တာ။ ပြောချင်တာက ဒီတိုင်းကြည့်တဲ့လူတစ်ယောက်ဆို ဘာကားမှန်းတောင် သတိထားမိမှာမဟုတ်ဘူး။ တစ်ဝက်လောက်ကျမှ သတ်ချသွားမယ့် အချိုးအကွေ့ကြမ်းတဲ့ ရုပ်ရှင်ပေါ့။ ဆန်းတာက ဒီကားက ဟိုကားထဲက အဖြစ်တွေ တကယ်မရှိနေသလို ပါတော့ပါပေမဲ့ ဟိုကားထဲကလို မှော်ဆန်နေတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီကားကို Spin-off အဖြစ် သတ်မှတ်ထားတယ်။ ဆန်းတော့ဆန်းပါတယ်။ မကြာခင်မှာ ဂရင့်ဟော်ရာတွေ ဝင်နီသည်ပူးလ် ဟော်ရာတွေလာဦးမှာဆိုတော့ အာသာကိုဟော်ရာပြောင်းပစ်တဲ့ ဒီကားကို ကြည့်ပြီး ကြိုကြိုတင်တင် စိတ်ညစ်ကြလို့ရပါပြီ။ ဒီကားကတော့ အဲဒီ၂ကားလောက် တိုက်ရိုက်မဟုတ်တော့ အဲဒီ၂ကားလောက်တော့ ဖျက်လိုဖျက်ဆီးဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအရသာမျိုးဖြစ်မလဲ အပေါ့စားမြည်းစမ်းကြည့်ကြပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 695MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Horror Subtitle - Myanmar Subtitle (Hardsub)

Action & Adventure • Drama • Sci-Fi & Fantasy
3.2 2022 87 mins
Arthur: Malediction
Zack Snyder's Justice League
8.2

စောင့်မျှော်နေတဲ့ Snyder's Cut တော့ ထွက်ရှိလာပါပြီ 2017 မှာထွက်ရှိခဲ့တဲ့ Justice League ရဲ့ အကြီးအကျယ် Failed တာကြောင့် DC ပရိတ်သတ်တွေဟာ Zack Snyder နှုတ်မထွက်ခင်က Version ကို WB ကိုအသည်းအသန်တောင်းကြပါတယ် 4 နှစ်အကြာမှာတော့ အိမ်မက်တွေဖြစ်မြောက်ပြီလို့ဆိုရမှာပါ ဒီဇာတ်ကားဟာ Super Man & Batman ကားရဲ့ အဆုံးသတ်ကနေစပြီး ဇာတ်လမ်းပြန်တည်ထားပါတယ်..SuperMan သေဆုံးပြီးတဲ့နောက် ကနေစပြီး Mother Box သုံးခုနိုးထလာမှုနဲ့အတူ Steppenwolf ဟာ လိုက်လံစုဆောင်းပါတော့တယ် Mother Box သုံးခုရဲ့ကြီးမားတဲ့ အစွမ်းကိုသိနေတဲ့ Wonder Woman ဟာ Bruce Wayne ကိုပြောပြပြီး ဖြစ်လာမယ့် အန္တရာယ်တွေအတွက် တားဆီးဖို့ လူစုခိုင်းပါတော့တယ် ဒီလိုနဲ့ပဲ Justice League အဖွဲ့ဖြစ်တည်လာဖို့ Bruce Wayne ကစတင်ပြီး လူစုပါတော့တယ်...ဒီဇာတ်ကားဟာ 4 နာရီကြာမြင့်တာဖြစ်ပြီး တချို့ဇာတ်ကောင်တွေရဲ့ Origin တွေဟာလည်းပြည့်ပြည့်စုံစုံပါတယ် ဒီတခါတော့ JL ဟာသင်တို့ကိုစိတ်ပျက်စေမှာမဟုတ်လောက်ဘူးလို့ထင်ပါတယ်... စစထွက်တုန်းက WEBRIP Quality နဲ့ တင်ဆက်ဖူးပြီး အခုတော့ BluRay DS4K 1080p HEVC Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်... Screenshot လေးတွေကို ကြည်ကြည့်ပေးပါ။ သိမ်းထားလို့ရတဲ့ Quality ဖြစ်ပါတယ်။ Screen Ratio ကတော့ Zack Snyder ရဲ့ သူ့ Original အတိုင်း ခပ်ရှည်ရှည်ပဲဖြစ်ပါမယ်။ File size…(3.8 GB)/(2.1 GB) Quality….BluRay DS4K 1080p / WEBRip 720p Format…mkv/mp4 Duration….04:02:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung , August Translated by Little Neo , August , Idiot MyoKo

Drama
8.2 2021 242 mins
Zack Snyder's Justice League
Raging Flower

အခုလိုကာလလေးမှာ အက်ရှင် ဟာသကားလေးကြည့်ရတာက စိတ်ကို အနည်းငယ်သက်သာရာရစေမှာအမှန်ပါပဲ။ နာမည်ကြီး အက်ရှင်ဟာသကားတွေကြားက Raging Flowers ဆိုတဲ့ တရုတ် အက်ရှင် ဟာသကားလေးကို ညွှန်းချင်ပါတယ်။ ကူ​လေ နဲ့ ပိုင်ရိုနန် တို့ ကျောင်းသူ၂​ယောက်ဟာ ကျောင်းကလွှတ်တဲ့ Camp အတွက် ထိုင်းနိုင်ငံအသွား အပျော်ကနေ အပျက်ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို ဟာသနှောပြီးကြည့်ရမှာပါ။ ထိုင်းနိုင်ငံရောက် တရုတ်တွေဖြစ်တော့ ပေါက်ကရတွေဖြစ်၊ ကြောင်တောင်တောင်တွေနိုင်တဲ့အပြင် သူတို့ရဲ့ ဆရာမကိုလည်း ရာဇဝတ်ဂိုဏ်းတစ်ခုက ပြန်ပေးဆွဲသွားတဲ့အခါမှာတော့ "အမလေး ငါသွေးတက်" ဖြစ်သွားတော့တာပါပဲ။ ဆရာမကို ကယ်ဖို့ ဇာတ်လမ်းတွေလုပ်ရင် ပလန်တွေဆွဲရင် အသေတီးကြတာကိုလည်း ကြည့်ရမှာဖြစ်တော့ Raging Flower (ဒေါသပုန်ထသော ပန်းကလေး) ဆိုတဲ့အတိုင်း မင်းသမီးချောချောလေးတွေကို ဟာသနှောပြီး ငမ်းရမှာအသေအချာပဲဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ ဒီကားရဲ့အဆက် Raging Flower 2 (2021) ကို ဒီမှာ https://channelmyanmar.org/raging-flower-2021/ ကြည့်ပါ။ File size…(1.2 GB)/(700 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Omi

Adventure • Comedy • Science Fiction
0 2018
Raging Flower
Chun Tae-il: A Flame That Lives On
6

ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူး ဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ် ၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ် အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon Hye Hyo နဲ့ Yeom Hye Ran တို့ဖြစ်ပါတယ် File size…953MB / 492MB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subbtitle (Hard Sub) Encoder….YK Translated by Thu Thu

Horror • Mystery • Thriller
6 2021 99 mins
Chun Tae-il: A Flame That Lives On
Election 2
7.3

~ IMDb - 7.3/10, RT - 96%, Meta - 83% ~ Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာ ဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို Godfather တစ်ယောက်ရှိသင့်တဲ့ အတွေးအခေါ်တို့ စိတ်အခံတို့ကိုလည်း သေချာပုံဖော်သွားပါတယ်။ ပြောရရင် Wong Kar Wai ရဲ့ The Grandmaster ဂန်းဗားရှင်းလို့တောင် ဆိုလို့ရပါတယ်။ Election နဲ့ Triad Election တို့ဟာ အာရှရဲ့ Godfather လို့ ချီးကျူးခံရတဲ့အထိ ကောင်းတဲ့ ဂန်းရုပ်ရှင်တွေဖြစ်ပြီး Godfather Part 3 အတွက် ကော်ပိုလာက 16နှစ်အချိန်ယူခဲ့သလို Johnnie Toလည်း Election 3 အတွက် အချိန်ယူလာခဲ့တာ ၂၀၀၆ ကတည်းကနေ ခုထိပါပဲ။ ခုတောင် 16နှစ် ရှိနေပါပြီ။ လက်ရှိ Actor တွေအပြင် Andy Lau ပါ ပါလာမယ်လို့ ဆိုကြပါတယ်။ မကြာခင်နှစ်တွေမှာ Johnnie To ရဲ့ ဇာတ်ညွန်းရှိပြီးသား Election 3 ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျဆင်းလာတဲ့ အရည်အသွေးအရ သိပ်တော့မမျှော်လင့်ရဲပေမဲ့ ဘာရိုက်ရိုက် မာစတာပိစ်ဖြစ်နေတဲ့ Johnnie To ကတော့ သူ့မာစတာပိစ်နှစ်ကားရဲ့ Trilogy အပိတ်အတွက် အကောင်းဆုံးမဟုတ်တောင် မညံ့တဲ့ရုပ်ရှင်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ လက်ရှိနှစ်ကားကတော့ နိုင်ငံတကာ ဂန်းရုပ်ရှင်ပဲကြိုက်ကြိုက် အာရှကားပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ မာစတာပိစ်နှစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 575MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min IMDb rating - 7.3/10 Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

War
7.3 2006 92 mins
Election 2
That Peter Crouch Film
6.9

That Peter Crouch Film (2023) ~ IMDb - 7.2/10, Rotten Tomatoes - 89% ~ ရပ်ကွက်အခေါ် "ပီတာခရော့" ပြောင်ပြီးခေါ်တာ "ပီတာငပျော့" ချစ်လို့ခေါ်ရင် "ပီတာငကျော့" ပီတာခရောက်ခ်ျဆိုတဲ့နာမည်က ဘောလုံးပရိသတ်တွေနဲ့ စိမ်းတဲ့နာမည်တော့မဟုတ်ပါဘူး။ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနဲ့ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိနေကြမှာပါ။ အရပ်မြင့်မြင့် ခြေတံလက်တံရှည်ရှည်နဲ့ ဂိုးသွင်းပြီး စက်ရုပ်အက ကတယ်ဆိုတာ ဘုရားသခင်သွန်းလုပ်တဲ့ ဒီပုံမကျပန်းမကျကစားသမားနဲ့ ခွဲထုတ်လို့မရတဲ့အရာတွေပေါ့။ ဒီစက်ရုပ်ကြီးက ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၁၀၀ သွင်းခဲ့ပြီး ခေါင်းတိုက်ဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုတင်ထားပါတယ်။ ပီတာခရောက်ခ်ျဟာ ပရီးမီးယားလိဂ်မှာဆိုရင် တော်တော်ကို Underrated ဖြစ်တဲ့ ကစားသမားလို့ ကျွန်တော်ပြောရင် ငြင်းချင်တဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြောပါရစေဦး။ ပီတာ‌ခရောက်ခ်ျလို အရပ်အမောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လို ဂိုးတွေသွင်း ဖလားတွေယူဖို့ဆိုရင် ပိုတောင်ခက်ဦးမှာပါ။ သူ့ရဲ့ ကစားပေါက်ကိုကြည့်မယ်ဆိုရင် အရပ်အမောင်းမြင့်တာအပြင် သူ့မှာ နည်းစနစ်ကြွယ်ဝမှုတစ်ခုရှိနေတယ်ဆိုတာလည်း မြင်ရပါလိမ့်မယ်။ ဂိုးတွေ တဒိုင်းဒိုင်းလှိမ့်သွင်းတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့ လွှတ်ထားလို့ရတဲ့ကစားသမားမျိုးလည်းမဟုတ်ပြန်ဘူး။ သူကန်တာက အချိုးမကျဖြစ်နေပေမဲ့ ခေါက်ရိုးမညီမှုကြားမှာ အနုပညာချည်မျှင်ပါးပါးလေးတစ်ချောင်းရှိတယ်။ အဲဒီချည်မျှင်လေးကပဲ ကျွန်တော်တို့ကို သူ့ကစားဟန်‌‌ကနေ ရုန်းမရအောင် ချည်ထားခဲ့တာဖြစ်မှာပါ။ ပီတာခရောက်ခ်ျ ဒိုင်ယာရီတွေက ကျွန်တော်တို့သတိမထားမိခင် ကျွန်တော်တို့ရင်ထဲ ကြိုထွင်းထုပြီးသားဖြစ်နှင့်နေတယ်။ စက်ရုပ်အက ကတဲ့ဘဲကြီး... ကလန်ကလား ဘဲကြီး... ခေါင်းတိုက်ဂိုးတစ်ပေါက်တော့ နောက်လို့မရဘူးဆိုတဲ့ဘဲကြီး... အစရှိသဖြင့်ပေါ့။ လက်ဖက်ရည်ဆိုင်ခေတ်မှာ ကျွန်တော်ဘောလုံးပွဲစကြည့်ဖြစ်တော့ ပီတာငကျော့ဟေ့လို့ တစ်ယောက်အော်လိုက်တာနဲ့ ကျွန်တော်တို့မှာ ပြူးတူးပြဲတဲ ကလန်ကလားနဲ့ ဘဲကြီးကို ရယ်ချင်သလိုလို ထူးဆန်းသလိုလို မျက်လုံးမျိုးတွေနဲ့ ငေးခဲ့ရဖူးတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပန်ပြီး က,လိုက်တဲ့ စက်ရုပ်အကမှာ သူ့လက်တစ်ချက်လှုပ်တိုင်း ကျွန်တော်တို့ အပျော်တွေ တစ်စက်ချင်း သွေးကြောထဲစိမ့်ဝင်ခဲ့ရတာပေါ့။ အောင်မြင်မှုအရ ခြေစွမ်းအရ ဆိုရင် သူ့ထက်သာတဲ့ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်အချစ်ကိုရတဲ့နေရာမှာတော့ သူ့ထက်သာတဲ့လူ လက်‌နှစ်ဖက်ပြည့်မယ်မထင်ပါဘူး။ ကလန်ကလား၊ ဂိုးမသွင်းတတ်‌တဲ့ကောင်၊ အင်္ဂလန်လက်ရွေးစင်နဲ့ မတန်ဘူး ဘာညာဆိုတဲ့ ဝေဖန်သံတွေ၊ အမုန်းစကားတွေကြားထဲက ပီတာခရောက်ခ်ျတစ်ယောက်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး အိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ရာကနေ ပရိသတ်အချစ်တော် ကစားသမား‌တစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘောလုံးဆိုတာ အသင်းနှစ်သင်း အလုံးတစ်လုံးကို ဝိုင်းလုကြတာထက်ပိုပါတယ်။ ဘောလုံးခေတ်တစ်ခု၊ ကစားသမားတစ်ယောက်၊ ပွဲတစ်ပွဲ ကိုကြည့်လိုက်ရင် အဲဒါနဲ့ ပတ်သက်တဲ့ တစ်ချိန်က အမှတ်တရတွေဟာ အတွေးပိတ်ကားပေါ် ‌မှတ်ဉာဏ်ဆေးစက်တွေမှောက်ချလိုက်တဲ့အတိုင်း အလိုလို ပြန်မြင်ယောင်လာတတ်ကြတာပါပဲ။ ဒီမှတ်တမ်းရုပ်ရှင်‌လေးကြည့်ပြီး တစ်ချိန်က ကျွန်တော်တို့သဘောကျခဲ့ဖူးတဲ့ စက်ရုပ်ကြီးပီတာခရောက်ခ်ျနဲ့ပတ်သက်လို့ အမှတ်တရတချို့ အရိပ်ထင်လာခဲ့တာမျိုးရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 800MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 25Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Crime • Drama
6.9 2023 85 mins
That Peter Crouch Film
Maximum Overdrive
5.4

Maximum Overdrive (1982) Genre – Action, Comedy, Horror IT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ် အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့ စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင် သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် (သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင် Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC က တီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ၈ ရက်လောက် ကပ်မိသွားတာဖြစ်လို့ ကမ္ဘာပေါ်က လျှပ်စစ်ပိုင်းဆိုင်ရာ မော်တာပါ စက်ပစ္စည်းမှန်သမျှဟာ သူ့ဘာသာ အသက်တွေဝင်လာပြီး လူသားတွေကို သတ်ဖြတ်တာမျိုး ဖြစ်သွားတာပါ။ ဒီလို စက်ယန္တရားရန်စွယ်တွေကနေ ဒစ်ဆီဘွိုင်းဆိုတဲ့ ဆီဆိုင် စားသောက်ဆိုင်လေးတစ်ဆိုင်ထဲမှာ ရဲရင့်ဖြတ်လတ်တဲ့ ဝိတ်တာလေးရယ် လမ်းကြုံလေလွင့်လာတဲ့ ကောင်မလေးတစ်ယောက်ရယ် ကြင်စဦး ဇနီးမောင်နှံတို့ရယ် အဖေဖြစ်သူကို လိုက်ရှာနေတဲ့ ကလေးတစ်ယောက်ရယ်နဲ့ ဆိုင်ထဲက တခြားလူတွေရယ် အကုန်စုပေါင်းပြီး ဘယ်လိုတွေ ကာကွယ်တိုက်ခိုက် စွန့်စားကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 3.6 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Action/Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

5.4 1986 97 mins
Maximum Overdrive
Shame on Dry Land
6.2

ဒင်မ်မန်က လူလိမ်တစ်ယောက်ဖြစ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရာကနေ အခင်ဆုံးသူငယ်ချင်းဟောင်းဖြစ်သူ တွဲဖက်ဟောင်းလည်းဖြစ်သူ ဖရက်ဒရစ်ရဲ့ မင်္ဂလာဆောင်နဲ့ အချိန်ကိုက် မော်လ်တာကို ရောက်လာပါတော့တယ်။ မော်လ်တာမှာ သူ့သူငယ်ချင်း ဖရက်ဒရစ်နဲ့ ဆာရာတို့ စုံတွဲက ဆွီဒင်လူမျိုးအွန်လိုင်းလောင်းကစားအဖွဲ့ကြီးတစ်ခုမှာ ပါဝင်နေပြီးတော့ ငွေကိစ္စအရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ … ကျွန်းပေါ်ကို စုံထောက်တစ်ယောက်ကလည်း ရောက်လာတဲ့အခါ … ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Drama • Crime • Thriller • Horror
6.2 2023
Shame on Dry Land
Love Without End

တော်တော်လည်းဟောင်းနေတဲ့ ဟောင်ကောင်ကားပါ။ ရှားရှားပါးပါးကြည့်ရတာလို့တောင် ပြောရမယ်။ ထူးထူးခြားခြားတော့ မရှိလှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုသက်သက်ကိုပဲ ဖော်ကျူးထားတဲ့ရုပ်ရှင်ပေမဲ့ အဖြူအမည်းနဲ့ ရှေးသရုပ်ဆောင်တွေနဲ့ ရှေးကားတစ်ကားရဲ့ ဇာတ်အိမ်မျိုးနဲ့။ ရှေးတော်တော်ကျတဲ့ အာရှရုပ်ရှင်ဟောင်းတစ်ခုကို ကြည့်ရတဲ့အရသာကတော့ ထူးတယ်လို့ပြောရမယ်။ ဒီကားက ရှေးတုန်းက မြန်မာကားတွေကို ကြည့်ရတဲ့အရသာနဲ့တောင် ခပ်ဆင်ဆင်တူလိမ့်မယ်။ ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ကြည့်ရတာပေါ့။ ဇာတ်လမ်းတည်ဆောက်ပုံတို့ဘာတို့ကတော့ ချက်ကော့ရဲ့ သေနတ်ကို ပစ်ကိုပစ်ရမယ်ဆိုတဲ့ အယူအတိုင်းပဲ သွားထားတယ်။ ဒီလိုမသွားလိုက်ရင်တော့ ဒီရုပ်ရှင်က မတူတဲ့အရသာတစ်ခုတော့ ပေးနိုင်မှာပဲ။ အခုဇာတ်လမ်းကတော့ အချစ်ဆိုတဲ့ အသိရအခက်ဆုံးအရာကို သစ္စာတရားတွေနဲ့ အနစ်နာခံခြင်းတွေနဲ့သက်သက် ဖော်ကျူးသွားတယ်။ ဒါပေမဲ့လည်း အချစ်နဲ့စစ်ကပဲ ကဗျာတွေစလာခဲ့သလို အချစ်နဲ့စစ်ကပဲ ရုပ်ရှင်တွေစလာခဲ့သလို အကြောင်းအရာပေါင်းစုံဆီ မစီးကူးသွားသေးခင် ကျော်ဖြတ်ရတဲ့ကာလတစ်ခုရဲ့ ခေတ်အခါပေါ့။ ဒီလိုပုံစံနဲ့ ယုံကြည်ခဲ့ကြတဲ့အချစ်တွေဆီကနေ ပိုနားလည်လာရင်း ပိုအသိရခက်လာရင်းဖြစ်လာတဲ့အရာဆိုတာကို တင်ပြလာကြတဲ့ အချိန်တစ်ခုမရောက်လာခင် ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တစ်ခုပေါ့။ File Size : 1.6 GB / 825 MB Quality : WEB-DL 1080p / 720p Running Time : 1hr 57min Format : Mp4 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

0 1961
Love Without End
Drama Special Season 15: To My Lonely Sister
6

To My Lonely Sister (2024) *************************** မိသားစုဝင်ထဲမှာ ကျန်းမာရေးချို့တဲ့တာဖြစ်ဖြစ် တစ်ခုခု abnormal ဖြစ်နေတဲ့ လူတစ်ယောက်လောက်ရှိနေရင် ကျန်တဲ့လူတွေပင်ပန်းရတာက ထုံးစံပါပဲ။ ကိုယ်ချစ်ရတဲ့မိသားစုဝင်တစ်ယောက်က သာမန်လူတွေနဲ့မတူဘဲ ချို့ယွင်းချက်ရှိနေတဲ့အခါ ပစ်မထားရက်ဘဲ သူ့ကိုပဲ ပိုဂရုစိုက်ပေးရတာနဲ့တင် ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားတဲ့အခိုက်အတန့်တွေလည်း ရှိစမြဲမဟုတ်လား။ ဒီကားလေးမှာဆိုရင်လည်း လူကြောက်တတ်ပြီး စိတ်ဓာတ်ကျဝေဒနာကိုခံစားနေရတဲ့ အစ်မဖြစ်သူ “နိုအူး” ကို ဂရုစိုက်ပေးနေရတာနဲ့တင် ကိုယ့်ရဲ့ငယ်ရွယ်မှုအချိန်တွေကို ပျောက်ဆုံးနေရတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေး “ဟာနူး” ကို မြင်တွေ့ရမှာဖြစ်ပြီး cast တွေအနေနဲ့ကလည်း Oh Ye Ju, Kim Kang Min, Park Ho San နဲ့ Yang Ui Jin တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါပဲဖြစ်ပါတယ်။ အဖေဖြစ်သူက မိသားစုစားဝတ်နေရေးအတွက် အဝေးမှာအလုပ်ထွက်လုပ်နေရတာမလို့ သားအဖ ၃ ယောက်တည်းရှိတဲ့ မိသားစုလေးမှာ “ဟာနူး” ကပဲ ကျောင်းတစ်ဖက်နဲ့ အစ်မဖြစ်သူ “နိုအူး” ကို စောင့်ရှောက်နေရတာပါ။ စိတ်ဓာတ်ကျဝေဒနာကြောင့် အခန်းထဲကအခန်းပြင်မထွက်ဘဲနေနေတဲ့ အစ်မဖြစ်သူကြောင့် “ဟာနူး” ခမျာလည်း ၃ နှစ်လုံးလုံး ကျောင်းနဲ့အိမ်ကလွဲ ဘယ်မှကို မသွားနိုင်ရှာပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ ဂျယ်ဂျူကျွန်းကို အလည်လာဖို့ခေါ်တဲ့သူငယ်ချင်းဆီကို သွားလည်ချင်လွန်းလှတဲ့ “ဟာနူး” တစ်ယောက် အစ်မဖြစ်သူအတွက်ရော သူ့အတွက်ရော အဆင်ပြေမဲ့နည်းကိုရှာရာကနေ ၃ နှစ်တာလုံး အခန်းအောင်းနေခဲ့တဲ့အစ်မဖြစ်သူကို အခန်းပြင်ထွက်လာအောင်လုပ်ဖို့ကြံပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ညီအစ်မနှစ်ယောက်လုံး ကိုယ်စီလွတ်လပ်မှုတွေ ရရှိသွားကြမလား… စိတ်ကလေးကြည်သာနေဖို့က လူတစ်ယောက်အတွက် ဘယ်လောက်တောင်အရေးကြီးလဲဆိုတာကို ရှုစားနိုင်မဲ့ healing drama ကောင်းလေး တစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Lai Laii မှ ရေးသားပေးထားပါတယ်…) File Size : 1.12GB/ 410MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:07:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Laii Laii & Miri Encoded by Tiff

Animation • Family • TV Movie • Mystery • Comedy
6 2024
Drama Special Season 15: To My Lonely Sister
Vadakkan
7.1

Vadakkan (2025) “ပရလောကခြေရာများ” ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် သမားရိုးကျသရဲကားတွေနဲ့မတူဘဲ ထူးထူးခြားခြားတင်ဆက်ထားတဲ့ သည်းထိတ်ရင်ဖို horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရာမန်ဟာ သဘာ၀လွန်ကိစ္စတွေနဲ့ပရလောက အကြောင်း ထဲထဲ၀င်၀င်စူးစမ်းလေ့လာနေသူ ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့အဆက်ဟောင်းဖြစ်သူမယ်ဂါရဲ့ခင်ပွန်းသည်ရာဗီ ထူးဆန်းစွာသေဆုံးမှုဖြစ်ခဲ့ပါတယ်။ ဖြစ်ပုံကတော့ ကျောချမ်းစရာကျွန်းတစ်ကျွန်းမှာ သရဲတစ္ဆေတွေနဲ့ပတ်သက်တဲ့ ရသစုံတီဗီရှိုးတစ်ခုရိုက်ကူးရင်း လူတွေသေဆုံးသွားခဲ့တာပါ။ အဲဒီသေဆုံးသူတွေထဲမှာ ရှိုးရဲ့ဒါရိုက်တာ ရာဗီဗာရ်မာလည်း ပါ၀င်ပါတယ်။ အဲဒါကြောင့် ရာမန်တစ်ယောက် ရှိုးအတွက်ရိုက်ကူးမှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယိုတွေကနေတဆင့် အဲဒီအမှုကို အဖြေရှာဖို့ကြိုးစားပါတော့တယ်။ ရှိုးမှာပါဝင်ခဲ့ကြသူတွေ ရှိုးရိုက်ကူးနေရင်း ဘယ်လိုအဖြစ်တွေကြုံခဲ့ရသလို၊ နောက်ကွယ်‌မှာ ဘယ်လိုကြောက်စရာကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေမလဲ… ရာမန်တို့ရော ဘာတွေဆက်ရင်ဆိုင်ရမလဲဆိုတာ အဖြေရှာရင်း ရင်တထိတ်ထိတ်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~Alex နဲ့ KKKZ တို့ ဖြစ်ပါတယ်။)

7.1 2025 120 mins
Vadakkan
Tinker Ticker
6.4

Tinker Ticker (2014) ******************** IMDb… 6.4 ဒီကားလေးကတော့ Black Out, Uncle Samsik, Following, Mr. Sunshine စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Byun Yo Han နဲ့ Newtopia, The 8 Show, Harbin, Keys to the heart စတဲ့ ဇာတ်ကားကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Park Jeong Min တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကားဟောင်းလေးဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘဝတုန်းက ကျောင်းသားတွေကို အနိုင်ကျင့်ခဲ့တဲ့ ဆရာတစ်ယောက်ကို ကိုယ်တိုင်လုပ် လက်လုပ်ဗုံးနဲ့ဖောက်ခွဲပြီး ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ “ဘတ်ဂျောင်းဂူ” ဟာ လက်ရှိအရွယ်မှာတော့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲ ပြန်ဝင်ဆံ့အောင်ကြိုးစားနေတဲ့သူတစ်ယောက်ပေါ့။ တတ်စွမ်းသလောက်ကြိုးစားပေမဲ့လည်း ရှိခဲ့ဖူးတဲ့အတိတ်ကြောင့် တက္ကသိုလ်မှာလည်း ဘွဲ့လွန် ဆက်တက်ရောက်ခွင့်မရသလို အလုပ်အင်တာဗျူးတွေမှာ အငြင်းခံရတာ စတဲ့ စိတ်ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာပေါ့။ အဲဒီစိတ်ဒုက္ခတွေ ပင်ပန်းမှုတွေကို စိတ်ပြန်ဖြေတဲ့အနေနဲ့ “ဘတ်ဂျောင်းဂူ” က သူတတ်ကျွမ်းတဲ့ လက်လုပ်ဖောက်ခွဲရေးဗုံးတွေလုပ်ပြီး အသုံးလိုမယ်လို့ထင်တဲ့လူတွေဆီကို ပို့ဆောင်ပေးရင်း စိတ်ကျေနပ်မှုရယူနေပါတော့တယ်။ ဒါပေမဲ့ သူ့ဗုံးကို လက်ခံရရှိတဲ့လူတွေထဲမှာ တစ်ယောက်ကမှ တကယ် လက်တွေ့အသုံးချတာမျိုး မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ “အီဟျိုမင်း” ဆိုတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး “အီဟျိုမင်း” က ဗုံးဖေါက်ခွဲရတာကို ပျော်မွေ့တဲ့သူဖြစ်နေတဲ့အခါ .. “ဘတ်ဂျောင်းဂူ” တစ်ယောက် “အီဟျိုမင်း” နဲ့ ဘယ်လိုရှေ့ဆက်မလဲ .. ဒီလိုမကောင်းတဲ့အလုပ်ကိုလုပ်ပြီး သူ့ဆန္ဒအတိုင်း လူမှုအသိုင်းအဝိုင်းမှာ ပြန်ဝင်ဆံ့နိုင်ပါ့မလား.. ဘာတွေဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Lai Laii ပဲ ဖြစ်ပါတယ်။) File Size : 1.31GB/ 580MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:42:02 Genre : Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii Encoded by Tiff

6.4 2014 102 mins
Tinker Ticker
Time to Be Strong
6.5

Time to Be Strong (2025) *********************** IMDb… 6.5 Beyond Evil , The Sound of Magic တို့ထဲက မင်းသမီး Choi Sung-Eun၊ Cheer Up ထဲက မင်းသား Hyun Woo Seok နဲ့ Family By Choice ထဲက မင်းသမီး Ha Seo-Yoon တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Healing ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – ကိုယ့်ရဲ့ ငယ်ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံပြီး အိုင်ဒေါအဖြစ် ပွဲဦးထွက်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ၏ အများစိတ်ဝင်စားမှုကို မရလိုက်ဘဲ အဖွဲ့ဖျက်သိမ်းလိုက်ရတဲ့ Love&Liz အဖွဲ့ဝင်ဟောင်း ဆူမင် (Choi Sung-Eun) နဲ့ အီဆာရန်း (Ha Seo-Yoon) ၊ Five God Child အဖွဲ့ဝင်ဟောင်း ထယ်ဟီး (Hyun Woo Seok)… အမြဲ အေဂျင်စီက ခိုင်းသလိုပဲ လုပ်လာခဲ့ရတဲ့ သူတို့သုံးဦးဟာ အနားယူပြီးနောက်မှာ ဘာလုပ်ဘာကိုင်ရမလဲမသိဘဲ လမ်းပျောက်နေပေမဲ့လည်း အားလပ်ချိန်ရှိသွားပြီဖြစ်တဲ့အတွက် ကျောင်းနေအရွယ်တုန်းက မသွားဖြစ်ခဲ့တဲ့ လေ့လာရေးခရီးသွားဖို့ သုံးယောက်သား အစီအစဉ်ချဖြစ်သွားတဲ့အခါမှာတော့… သူတို့ရဲ့ ဂျယ်ဂျူကျွန်း ခရီးစဉ်လေးမှာ ဘယ်လိုတွေ အချိန်ကုန်ဆုံးကြမလဲ… ဘယ်လိုအမှတ်တရ‌လေးတွေ ဖန်တီးကြမလဲဆိုတာကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ စိတ်အပန်းပြေဖွယ် ရိုက်ကူးပြထားတာမို့လို့ ဆူမင်၊ ဆာရန်း၊ ထယ်ဟီးတို့ သုံးဦးနဲ့အတူ လိုက်ပါစိတ်အပန်းဖြေရင်း ရုပ်ရှင်လေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size : 1.81GB/ 900MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr40m Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Su Sandi, Hsu Pyae & Hnin Wai Oo Encoded by Tiff

6.5 2025 99 mins
Time to Be Strong