YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Super Bear (2019) WEB-DL 720p [CM].mp4

541.47 MB 720p video/mp4 148 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rango
6.8

2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ … Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။ သူရဲကောင်းဆောင်နေတဲ့ Rangoတစ်ယောက် မြို့ကလူတွေ သိသွားတဲ့အခါ ဘယ်လို ပြသနာတွေ ကြုံတွေ့ရမှာလဲ၊သူရဲကောင်းဆိုတာ ဘယ်လို အဓိပ္ဗယ်ဆိုတာရော နားလည်သွားနိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ထပ် ကြည့်သင့်တဲ့အချက်တစ်ခုကတော့ ဒီ Rangoဆိုတဲ့ ပုတ်သင်ညိုကို Johnny Deepရဲ့ လှူပ်ရှားပုံကို အခြေံပြီးရိုက်ထားတာမို့ ကြည့်ကောင်းမှာ သေချာပါတယ်။ IMDB rating 7.2အထိ ရထားတဲ့ ဒီကားက Animation ပရိသတ်တွေအတွက် စိတ်ကျေနပ်မှူ ရစေမှာ သေချာပါတယ်။ File size__( 2 GB ) and ( 1.3GB) Quality__1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:51:00 Type__Animation, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Yu Aung Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Fantasy
6.8 2011 107 mins
Rango
8 Mile
7.1

ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊ Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊ မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက် စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာက အတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်က သူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ဒါပေမယ့် သူ့မှာရှိနေတဲ့ ပြဿနာတွေက သူ့ကို သံသယပွားစေခဲ့ပါတယ်။ သူက လူလွတ်တစ်ယောက်ဖြစ်နေခဲ့ပြီး သူ့မှာအသိဆိုလို့ သူငယ်ချင်း နည်းနည်းနဲ့အရက်စွဲနေတဲ့ အမေရယ်ပဲ ရှိတာပါ။စုတ်ချာလှတဲ့ သူ့ဘဝကနေ လွတ်လမ်းဆိုလို့ သူ့ရဲ့ ပင်ကိုယ်ပါရမီဖြစ်တဲ့ rap ရွတ်တာပဲရှိပါတယ်။တ်ထရိုက်မြို့ခံတွေကတော့ 8 Mile ဆိုတာ မြို့ရဲ့ နယ်နိမိတ်၊ နယ်ခြားမျဉ်း၊ စည်းလို့ပဲ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် Jimmy Smith Jr.(Eminem) အတွက်ကတော့ သူ့ရဲ့ ဖြစ်ချင်မှုဆန္ဒတွေဆီကနေ စည်းခြားထားတဲ့ လိုင်းတစ်လိုင်းလည်းဖြစ်နေပါတယ်။ သူ့ရဲ့အခွင့်အလမ်းကို အမိအရယူမလား၊လက်လွတ်အဆုံးရှုံးခံမလားဆိုတာကတော့.... (ဇတ်လမ်းအညွှန်းကိုတော့ ကို Wai Yan M မှ တင်ဆက်ပေးထားတာပါ)ရုပ်ရှင်ကားကို အတက်နိုင်ဆုံး အမှားကင်းအောင် ဘာသာပြန်ပေးထားသူကတော့ Hein Thet Naing ဖြစ်ပြီး အမှားများ ပါရှိပါက ခွင့်လွှတ်နားလည်ပေးကြပါလို့ :D File size…2.21GB/ 949MB Quality…1080p BluRay AAC5.1Ch/ 720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Hein Thet Naing

Action • Crime
7.1 2002 111 mins
8 Mile
The Hundred-Foot Journey
7.3

The Hundred-Foot Journey(2014) ******************************* အစားအသောက်တွေက ကျွန်နော်တို့ဘဝရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေလား... ဒါမှမဟုတ် ကျွန်နော်တို့ဘဝတွေကို နီးစပ်စေခဲ့တဲ့ အကြောင်းတရားများလား... ပေ ၁၀၀ သာ အကျယ်ရှိတဲ့ လမ်းတစ်ဖက်တစ်ချက်က မတူညီတဲ့ ယဉ်ကျေးမှု၊ စရိုက်တွေက ပေါင်းစပ်စေခဲ့တာကရော ဘာတွေများလဲ.... ဒီဇာတ်ကားမှာ ပြင်သစ်နယ်မြို့လေးရဲ့ အလှအပတွေနဲ့ အစားအသောက်တွေကို တဝကြီး ကြည့်ရမှာဖြစ်ပါတယ်... ပြင်သစ်က စိန့်အန်တိုနင်မြို့ကလေးကို အခြေတည်ထားတဲ့ ဒီဇာတ်ကားလေးမှာ ပြင်သစ်အစားအသောက်တွေနဲ့ မီချယ်လင်းစတားရရှိဖို့အတွက်ကလွဲ တခြားဘာမှ မျှော်လင့် မထားတော့တဲ့ မာနကြီးအဖွားအိုကြီးနဲ့ စိတ်ဆတ်တဲ့ အဖိုးအိုကြီးကြားက ပေတစ်ရာသာလှမ်းတဲ့ လမ်းကလေးက ဘယ်လိုမျိုးနီးစပ်သွားမှာလဲ ငယ်စဉ်ကတည်းက အရသာကောင်းကောင်းခံတတ်တဲ့ ကလေးတစ်ယောက် စာဖိုးမှုးဖြစ်လာတဲ့အခါ ဥရောပကိုရောက်လာတဲ့အခါ အနောက်တိုင်းအစားအစာတွေနဲ့ ဘယ်လိုမျိုးနီးစပ်သွားမလဲ.... ဇာတ်လမ်း ဇာတ်ကွက် ကောင်းမွန်လှတဲ့အတွက် အချက်အပြုတ်တွေစိတ်မဝင်စားရင်တောင်မှ ကြည့်သင့်တဲ့ကားလေးဖြစ်ပါကြောင်း....... File Size :(2.2GB) and (865MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…02:02:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wunna Encoded by Phyo Pyae

Action • Crime
7.3 2014 122 mins
The Hundred-Foot Journey
Scooby-Doo! And Krypto, Too!

Scooby-Doo! and Krypto, too! (2023) Leaked Version (Official မဟုတ်ဘဲ Leak လာတာဖြစ်တဲ့အတွက် 1080p မရတာကို နားလည်စေချင်ပါတယ်။ 720p တောင်မှ ကြည့်လို့ပြေအောင် ချဲ့ကုတ်ထားရပါတယ်) မော်ဒန်ခေတ် Animation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Studio တွေရဲ့ ပြိုင်ဆိုင်မှုတွေ Fan တွေရဲ့ ပေါက်ကွဲအားတွေနဲ့ အတူ Animation တွေဟာ ရုပ်ရှင်ဇာတ်ခုံမြင့်ပေါ်မှာ အလုအယက် နေရာယူလာကြပါပြီ။ ခွေခေတ် VCD ခေတ်တွေကနေ Streaming Service ကို ကူးပြောင်းလာတဲ့ ကာလမှာ Writer တွေ Producer တွေဟာလည်း Animation တွေကို တစ်ခေတ်ဆန်းတဲ့နည်းနဲ့ ခေတ်နဲ့လည်း လိုက်လျောညီထွေအောင် ရိုက်ရင်း ပရိသတ်တွေဆီကို အမြင်သစ်နဲ့ ယူဆောင်လာခဲ့ကြတယ်။ သို့ပေမဲ့လို့ Streaming Service တွေ မပေါ်ခင် ကျွန်တော်တို့ Generation ရဲ့ ငယ်ဘဝ ပျော်စံရာကြီးဖြစ်ခဲ့တဲ့ ခွေခေတ်မှာလည်း WALL-E တို့လိုမျိုး "Animation ဟာ ရိုးရိုးကာတွန်းဆိုတာထက် မပိုဘူး” ဆိုပြီး ကြည့်ရှူသူတွေရဲ့ အတွေးတွေကို ရိုက်ခတ်ပစ်လိုက်တဲ့ ရုပ်ရှင်တွေကိုလည်း စတူဒီယိုကြီးတွေက risk ယူပြီး ဖန်တီးခဲ့ကြသလို Toy Story, Up အစရှိတဲ့ ကွန်ပျုတာသုံး 3D Animation တွေနဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝကို ပြည့်စုံစေခဲ့ကြတယ်ပေါ့ဗျာ။ လောလောလတ်လတ် Oscar Best Animated Feature မှာ ပီနိုချီရိုကို အမြင်သစ်နဲ့ ဖော်ပြထားတဲ့ရုပ်ရှင်နဲ့ ဆုရသွားခဲ့တဲ့ Guillermo ကြီးကလည်း Animation တွေဟာ Pure Cinema ဖြစ်ပြီး ဖန်တီးသူတွေကိုလည်း နည်းပညာသမားတွေအဖြစ် မမြင်ဘဲ အနုပညာရှင်တွေအဖြစ် မြင်ပေးဖို့ ပြောခဲ့ပါသေးတယ်။ အခုမော်ဒန်ခေတ်လို မရေမတွက်နိုင်တဲ့ ကွာလတီကောင်းကောင်း Animation ရုပ်ရှင်တွေ ကြီးစိုးလာချိန်မှာ တစ်ချိန်က ကျွန်တော်တို့ ကျုရှင်ကနေ အိမ်ကိုပြန်လာတိုင်း လွယ်အိတ်ပစ်ချပြီး တီဗီရှေ့ မျောနေခဲ့ရတဲ့ ကာတွန်းကားတွေကိုလည်း ဘယ်မေ့ထားကြနိုင်လိမ့်မှာတုန်းဗျာ။ အဲဒီထဲမှာမှ Scooby-Doo အပါအဝင် Tom & Jerry, Mickey Mouse, Peter Pan, Cinderella တို့ဟာ ကျွန်တော်တို့ ငယ်ဘဝကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တဲ့ အမှတ်တရတွေပေါ့။ နောက်ပိုင်းတော့ Remake တွေ Live-Action တွေနဲ့ ဒီဇာတ်ကောင်တွေကို ပိတ်ကားထက်ပေါ် တဖန် ပြန်ခေါ်လာဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ထင်သလောက် အရာမရောက်ခဲ့ရတဲ့ ရုပ်ရှင်တွေ မနည်းတော့ပါဘူး။ ဒီလိုနဲ့ မှေးမှိန်စ ပြုလာပြီဖြစ်တဲ့ ငယ်ဘဝ အမှတ်တရတွေထဲမှာ Scooby-Doo ကလည်း တစ်ထောင့် တစ်နေရာကနေ ပြည့်စုံစေခဲ့ဖူးတာ ငြင်းရက်စရာမရှိပါဘူး။ ချစ်စရာခွေးလေးတစ်ကောင်ရယ် လူငယ်လေးယောက်ရယ် အပြာရောင် တောက်တောက် ဗန်ကားလေးတစ်စီးရယ်နဲ့ အမြို့မြို့အနယ်နယ်က သရဲခြောက်နေပါတယ်ဆိုတဲ့ နေရာတွေကို ဓာတ်မီးကိုယ်စီနဲ့ ပတ်အဖြေရှာတဲ့ဇာတ်ဟာ ဖန်တရာတေနေတဲ့ ဇာတ်ပေမယ့် သရဲတစ်ကောင်ပေါ်လာတိုင်း ဒူးတုန်အောင်ကြောက်ရသလို စကူဘီဒူးနဲ့ ရှက်ဂီနှစ်ကောင်ပေါင်းပြီး မွှေတာကိုလည်း အကြိမ်ကြိမ်အဖန်ဖန် ရယ်မောခဲ့ကြတာ အရိုးသားဆုံးအမှန်တရားတွေပေါ့။ အလယ်က ဇာတ်အိမ်တွေ ဘယ်လိုပြောင်းပြောင်း ဗားရှင်းအသစ်တွေ အထပ်ထပ်အကာကာ ဘယ်လိုပဲလုပ်လုပ် Universe ကြီးတွေနဲ့ Collaboration အကြိမ်ကြိမ်လုပ်ခဲ့တဲ့တိုင် မရိုးမအီနိုင်အောင် မျောပါသွားခဲ့ကြတာပဲ မဟုတ်လား။ ဒီတစ်ခါက Collaboration ကတော့ စကူဘီဒူးတင်မက ခရစ္စပတိုလည်း ပါသဟေး ဆိုတဲ့အတိုင်း စကူဘီဒူးနဲ့ DC ပါ။ ပြောရရင် DC က နာမည်ကြီးတော်တော်များများလည်း ပါပါတယ်။ ဘတ်မန်း စူပါမန်း ဂျက်စတစ်လိဂ် လက်စ်လူသာ ဂျိုကာ ဟာလေကွင်း ဂျန်နရယ်ဇော့ လူးဝစ်လိန်း အစရှိသဖြင့်ပါ။ ဇာတ်ကတော့ ဒီလိုစပါတယ်... Hall of Justice ကနေ စူပါမန်းတို့အဖွဲ့ ရုတ်တရက်ကြီးပျောက်ချင်းမလှပျောက်သွားကြပါတယ်။ သူတို့မရှိတော့တဲ့ Hall of Justice မှာ သရဲတွေပါခြောက်လာပါတယ်။ ဒီတော့ လူးဝစ်လိန်းဟာ သတင်းထောက်ပီပီ အဆက်အသွယ်စုံလေတော့ နာမည်ကျော်သရဲစုံထောက်အဖွဲ့ကြီးကို ဒီအမှုကိုဖြေရှင်းဖို့ ဖိတ်ကြားလိုက်ပါတယ်။ စကူဘီဒူးတို့အဖွဲ့ပါပဲ။ စူပါဗီလိန်တွေသောင်းကျန်းနေတဲ့မြို့ပေါ် စကူဘီတို့ အမှုလာဖြေရှင်းတဲ့အခါ သူ့သခင်ကိုရှာနေတဲ့ ခရစ္စပတိုနဲ့တိုးကြပါလေရော။ စကူဘီနဲ့ ခရစ္စပတိုဆိုတဲ့ ခွေးလေး၂ကောင် စူပါမန်းတို့ကို ကယ်နိုင်မလား ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ခရစ္စပတိုဟာ သိပ်ချစ်ဖို့ကောင်းလွန်းနေတော့ ဒီကားကို အားလုံးသဘောကျကြမှာ သေချာသလောက်ပါပဲ။ (အညွှန်းရေး‌ပေးထားသူက‌တော့ Linn Ko Maung ဖြစ်ပြီး ဇာတ်ကားကိုတော့ Scooby Dooby မှ ပြန်ဆိုပေးထားပါတယ်) Size - 1.5GB, 630MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 18Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Scooby Dooby Encoded by Doo

Crime • Mystery • Thriller
0 2023 78 mins
Scooby-Doo! And Krypto, Too!
Needle in a Timestack
5.5

အနာဂတ်ကာလမှာ အချိန်ခရီးသွားခြင်းကိုအောင်မြင်ခဲ့ကြပါတယ်။ ပိုက်ဆံရှိတဲ့ သူဌေးတွေကတော့ ပိုက်ဆံအများကြီးပုံပေးရင်း အတိတ်ကိုပြန်သွားပြီး သမိုင်းဝင်ဖြစ်ရပ်တွေကိုကြည့်ကြတာ၊ အတိတ်ကို မတော်တဆ (သို့) တမင်ပြောင်းလဲတာမျိုးတွေ လုပ်ပစ်ကြလေ့ရှိပါတယ်။ သူတို့ပြောင်းလဲလိုက်တာတိုင်းက အနာဂတ်အချိန်ကို အချိန်ကူးပြောင်းမှုဆိုတွေလှိုင်းတွေနဲ့ရိုက်ခတ် လေ့ရှိပြီး တချို့လူတွေ၊ ဖြစ်ရပ်တွေက ပြောင်းလဲသွားတတ်ကြပါတယ်။ နစ်ခ်နဲ့ ဂျန်နင်ကတော့ ပျော်ရွှင်စွနေထိုင်နေကြတဲ့အတွဲလေးဖြစ်ပြီး လတ်တလောလေးမှာတင် အချိန်ကူးပြောင်းမှုလှိုင်းသုံးခုလောက် ရိုက်ခတ်တာခံထားရတာပါ။ ဒီလိုနဲ့ နစ်ခ်ကလည်း ဂျန်နင်ရဲ့ ခင်ပွန်းဟောင်း သူဌေး တွမ်မီက အချိန်ခရီးသွားပြီး သူတို့ရဲ့ ဖြစ်တည်မှုကိုဖျောက်ဖျက်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ သံသယဝင်လာခဲ့ပါတော့တယ်။ တနေ့မှာတော့ နစ်ခ်နဲ့ဂျန်နင်တို့ ခရီးသွားဖို့လုပ်နေကြတုန်းမှာပဲ အချိန်ကူးပြောင်းမှုလှိုင်းရိုက်ခတ်တာကိုခံလိုက်ရပြီ ဂျန်နင်က တွမ်မီဆီကိုပြန်ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နစ်ခ်လည်း အနာဂတ်ကာလအချိန်မှာပဲ ပိတ်မိနေမလား၊ သူ့မိန်းမဂျန်နင်ကို ပြန်ရအောင်ကြိုးစားမလား၊ သူ့မိန်းမနဲ့အတူ ပြန်ရှိနေနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Drama • Thriller
5.5 2021 111 mins
Needle in a Timestack
Redemption in Cherry Springs
6.1

ဒီတစ်ခါတော့ ပရိသတ်ကြီးကို လိုက်တွေးကြည့်လို့ကောင်းမဲ့ စုံထောက်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သိဖို့လည်း ခက်ခဲသလို လိုက်စဉ်းစားဖို့လည်း ကောင်းမဲ့ ကားကောင်းလေးတစ်ကာပါပဲ ချယ်ရီစပရင်းဆိုတဲ့ မြို့လေးကို မဲလ်ဆိုတဲ့ မှုခင်းစုံစမ်းရေးသတင်းထောက်လေးက ပြန်လာနေတာနဲ့ ဇာတ်လမ်းလေးကို အစပြုထားခဲ့တာပါ မွေးရပ်မြေဖြစ်တာနဲ့အညီ တွေ့တွေ့သမျှလူတွေကလည်းသူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေချည်းပါပဲ သူကတော့ သူရေးလိုက်တဲ့ ဆောင်းပါးတစ်ခုကြောင့် စက်ရုံကြီးတစ်ရုံပိတ်သွားပြီး အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်သွားတာကြောင့် ဘော့စတွန်ကိုပြောသွားခဲ့တဲ့သူလေးပါ အဲဒီလိုနဲ့ သူပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ကလေးဘဝထဲကသူငယ်ချင်း တိုနီဆိုတဲ့တစ်ယောက်က သူ့မိန်းမ ရေချယ်နဲ့ ရန်ဖြစ်ပြီး ပျောက်သွားခဲ့တာပါ အဲဒီ ချယ်ရီစပရင်းမြို့လေးကိုပဲ နယူးယောက်က ဂျိတ်ဆိုတဲ့ စုံထောက်ကြီးကလည်း ပြောင်းလာခဲ့တာမကြာသေးပါဘူး အဲဒီလိုနဲ့ တိုနီပျောက်သွားတဲ့အမှုကို စုံထောက်ကြီးရော သူ့ရဲ့သူငယ်ချင်းက မဲလ်ကရော လိုက်စုံစမ်းပါတယ် ဂျိတ်ကတော့ မဲလ် အမှုလိုက်စုံစမ်းတာကိုမကြိုက်ပေမဲ့လည်း သူ့ထက်တော်နေတော့ အောင့်သက်သက်နဲ့ ကြည့်နေရတာပါ လိုက်ရင်းနဲ့မှာ အမှုကို တစ တစ ဆွဲထုတ်မှုရင်း ဘာတွေပေါ်ပေါက်လာမလဲ တိုနီက ဘာလို့ပျောက်သွားတာလဲ အမှုကိုရောဘယ်လိုနည်းလမ်းတွေနဲ့စုံစမ်းမလဲဆိုတာကို တွေးကြည့်ရင်းကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ File size…1011MB/ 583.64MB/ 398MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:53:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Horror • Mystery • Thriller
6.1 2022
Redemption in Cherry Springs
Stronghold

ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ္ဘာပျက်ကပ်ဖြစ်အပြီးမှာ အသက်ရှင်ကျန်ရစ်သူသားအမိနှစ်ယောက်က တောအုပ်ထဲမှာ နှစ်ကိုယ်တည်းဆက်လက်နေထိုင်ခဲ့တယ်။…ဒီတောအုပ်ရဲ့အပြင်ဘက်မှာဘာတွေရှိမလဲဆိုတာကိုတော့ အမေဖြစ်သူကလွဲပြီး သမီးဖြစ်သူဆောလ်က ဘာတစ်ခုမှမသိရပါဘူး။… တနေ့တောထဲကို အပြင်လောကက လူတစ်ယောက်ရောက်လာတဲ့အခါမှာတော့…လက်တွေ့ဖြစ်ရပ်မှန်နဲ့ ဆောလ်တစ်ဘဝလုံးယုံကြည်ထားသမျှတွေက ဘယ်လိုတွေကွဲလွဲနေလဲ၊ ဆောလ်အမေကရော ဆောလ်ကို ဘာအကြောင်းတွေကြောင့် တောထဲမှာထားထားတာလဲဆိုတဲ့ အဖြေတွေကို ဇာတ်လမ်းထဲမှာ ကြည့်ရှူရမှာပါ။ File size…(1.5 GB)/(764 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

0 2023
Stronghold
Young Black Stallion
5.5

ဒီဇာတ်လမ်းလေးကတော့ Walt Disneyကထုတ်ခဲ့တဲ့ ချစ်စရာကားဟောင်းကားကောင်းလေးတစ်ကားပါပဲ…။ ဇာတ်လမ်းလေးကို အာရေဗီယျကန္တာရထဲက မျိုးနွယ်စု လေးတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီကန္တာရမျိုးနွယ်စုတွေမှာက နှစ်စဥ်နှစ်တိုင်းမြင်းပြိုင်ပွဲတွေ လုပ်ရင်း မြင်းသားဖောက်တဲ့လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ အဓိကဇာတ်လိုက်လေးလည်းဖြစ်တဲ့ နီရာဆိုတဲ့ကောင်မလေး ဟာလည်း ဒီမျိုးနွယ်စုက ကောင်မလေးတစ်ယောက်ပေါ့။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့ နီရာတို့လည်း စစ်ဒဏ်ကြောင့် မြင်းလုပ်ငန်း မလုပ်နိုင်တော့ဘဲ အေးချမ်းတဲ့တစ်နယ်တကျေးကို သွားရောက်စစ်ရှောင်နေခဲ့ရပါတယ်…။ စစ်ကြီးအပြီးမှာ နီရာလေးဟာ မွေးရပ်မြေကိုပြန်လာရင်း လမ်းမှာ ဓားပြတွေနဲ့ကြုံပါလေရော…။ ဓါးပြတွေလက်က လွတ်အောင်ပြေးရင်းနဲ့ နီရာလေးတစ်ယောက် မှော်ဆန်တဲ့ အနက်ရောင်မြင်းသိုးလေးနဲ့ကြုံ့ဆုံခဲ့ရပါတော့တယ်…။ ဒီမြင်းလေးနဲ့ဆုံပြီးနောက် နီရာရဲ့ဘဝဟာ ဘယ်လိုတွေပြောင်းလဲ သွားမလဲဆိုတာကို…. Disneyဇာတ်ကားတို့ထုံးစံအတိုင်း ချစ်စရာဇာတ်အိမ်လေး၊ ရူခင်းလေးတွေအပြည့်နဲ့ကို မရိုးမအီနိုင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.15GB / 604MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….50m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Drama • Mystery • Thriller • Crime
5.5 2003 49 mins
Young Black Stallion
20,000 Species of Bees

ကားနာမည်ကို ဒီတိုင်းကြည့်ရင် ပျားမျိုးစိတ်တွေအကြောင်းများ ရိုက်ထားတာလားလို့ ဇဝေဇဝါဖြစ်သွားနိုင်ပေမဲ့ တကယ်တမ်း ဒီဇာတ်ကားလေးကတော့ IMDB 7/10 ရရှိထားတဲ့ မိဘနဲ့ သားသမီးအကြား နားလည် လက်ခံပေးမှုတွေကို အဓိက ဖော်ကျူးထားတဲ့ စပိန် Drama ကားလေးပါ။ ဘာလင်ရုပ်ရှင်ပွဲတော်နဲ့ တခြားရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုပေါင်း ၃၄ ဆုအပြင် nomination ၅၃ ခု ဝင်ခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်လေး Sofía Otero ဟာလည်း ၈နှစ် အရွယ်လေး အိုင်တောရဲ့ ခံစားချက်တွေကို ပီပြင်အောင် သရုပ်ဖော်နိုင်ခဲ့တာမို့ အကောင်းဆုံး အဓိကဇာတ်ဆောင်ဆုတွေ ရရှိခဲ့ပါတယ်။ လူတွေက ကိုယ့်ရဲ့တည်ရှိမှုကို ဘယ်အသက်အရွယ်မှာ စတင် သတိထားမိလာပါသလဲ။ ကိုယ်က အဖြူရောင်ကြိုက်တာလား၊ အမည်းရောင်ကြိုက်တာလား။ ဆံပင်အတိုကြိုက်တာလား၊ အရှည်ကြိုက်တာလား။ စတဲ့ ရွေးချယ်နိုင်မှုတွေ မဟုတ်ဘဲ ကိုယ့်ရဲ့တည်ရှိမှု အစစ်အမှန်ကို သတိထားလာမိတဲ့အရွယ်က ပျမ်းမျှ ဘယ်အရွယ်လောက်များလဲ။ ဒီဇာတ်ကားထဲက အိုင်တောဆိုတဲ့ အဓိကဇာတ်ကောင်လေးကတော့ သူက ရွယ်တူတခြားကလေးတွေလို မဟုတ်ဘူးဆိုတာကို ၈ နှစ်အရွယ်မှာ သတိထားမိခဲ့ပါတယ်။ အိုင်တောရဲ့အမေဖြစ်သူ အန်နီကတော့ စားဝတ်နေရေးအတွက် လုံးပန်းနေရလို့ အလုပ်တွေရှုပ်နေခဲ့ပြီး အဖေဖြစ်သူကတော့ အိုင်တောထက် သူ့အစ်ကို အယ်နဲကိုကို အချစ်ပိုသူပါ။ တစ်ရက်မှာတော့ အိုင်တောတို့မိသားစုက တခြားမြို့က ပျားမွေးမြူရေးလုပ်တဲ့ သူတို့အမျိုးတွေဆီ နွေရာသီ အလည်သွားကြရင်းနဲ့မှ အိုင်တောလေးက သူ့ဘဝရဲ့ တည်ရှိမှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ အရွယ်နဲ့မမျှအောင် ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားရတဲ့ အိုင်တောလေးခမျာ ရွယ်တူကလေးတွေလိုလည်း မပျော်နိုင်ဘဲ တမှိုင်မှိုင် တတွေတွေပဲ ဖြစ်နေပါတော့တယ်။ ကိုယ်မွေးထားတဲ့ သားသမီးမို့ သူ့ရဲ့တည်ရှိမှုလေးအတိုင်း လက်ခံပေးနိုင်ပေမဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အကြည့်တွေကို ကြောက်ရွံ့မိသူ အန်နီက အိုင်တောကို အသိအမှတ်ပြုပေးနိုင်မှာလား၊ အိုင်တောရဲ့အဖေကရော သူ့ရဲ့မတူထူးခြားမှုကို နားလည် လက်ခံပေးနိုင်ပါ့မလား ဆိုတာကိုတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(1GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Thriller
0 2023
20,000 Species of Bees
Where Your Heart Belongs
5.5

မက်ကင်ဇီ ဆူလီဗန်က အမေဖြစ်သူဆုံးသွားကတည်းက သူ့မွေးရပ်မြို့ကလေးကို မပြန်ဖြစ်တော့ပဲ အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်မခံစားချင်တာကြောင့် နယူးရော့ခ်မြို့မှာ အခြေချကာ အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေးမားကတ်တင်းပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ အချောအလှလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူမရဲ့အခင်ဆုံးသူငယ်ချင်းက မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲကို မွေးရပ်မြို့ကလေးမှာ ပြန်လုပ်ချင်တဲ့အတွက် သူမကို ပွဲစီစဉ်ကူဖို့ အကူအညီတောင်းလို့ မွေးရပ်မြို့ကလေးကို ပြန်လာရပါတော့တယ်။ အဲဒီအချိန်မှာ အထက်တန်းတုန်းက သူမကို သဘောကျခဲ့တဲ့ အဆက်ဟောင်း ဒေလန်ဟာ အရင်လိုမဟုတ်တော့ပဲ ရင့်ကျက်ခန့်ညားလာကာ သူတို့နှစ်ယောက်သား အတူတူ မင်္ဂလာပွဲစီစဉ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီတော့ မက်ကင်ဇီတစ်ယောက် ဒေလန်နဲ့ ပြန်အဆင်ပြေသွားမလား၊ အမေဖြစ်သူဆုံးသွားတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ပါ့မလားဆိုတာကို ချစ်စရာအလွဲအမှားလေးတချို့နဲ့ ကြည်နူးဖွယ်ကြည့်ရှုရမယ့် romance comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre… Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Drama • Thriller • Romance
5.5 2022 84 mins
Where Your Heart Belongs
Respati
6.5

Respati (2024) IMDb Rating (6.5) သူတို့ဆီမှာရုံတင်နေစဉ်ကတည်းက တစ်တော့မှာနာမည်ကြီးနေခဲ့တဲ့ အင်ဒိုသရဲကားလေးရပါပြီ။ Assembly စီနေကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ သရဲတွေကိုမြင်နေရတဲ့ကျောင်းသားလေးတစ်ယောက်ဆီကို သရဲစုံတွဲလေထဲမှာမျောပြီးရွေ့လာတဲ့အခန်းကိုကြည့်ဖူးသူတွေမှတ်မိကြပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ရတ်စ်ပါတီဟာ မိဘမဲ့ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး အဘိုးဖြစ်သူနဲ့အတူနေထိုင်ပါတယ်။ သူ့မိဘနှစ်ပါးသေဆုံးခဲ့ရမှုအပေါ်အပြစ်မကင်းသလိုခံစားချက်နဲ့အခုချိန်ထိ အိမ်မက်ဆိုးတွေနဲ့အတူ အိပ်မပျော်ရောဂါကိုပါခံစားနေရတဲ့သူဟာ တစ်စတစ်စနဲ့ တစ်ပါးသူတွေရဲ့အိမ်မက်တွေထဲကိုဝင်ရောက်နိုင်စွမ်းရှိတာကိုသိစပြုလာချိန် သူ့ဘေးပတ်ဝန်းကျင်မှာ ရက်စက်ပြီး တရားခံမပေါ်တဲ့လူသတ်မှုတွေဆက်တိုက်ဖြစ်လာနေပါတယ်။ အဲ့ဒီအချိန်မှာပဲသူခံစားနေရတဲ့ ဝေဒနာတွေကိုနားလည်တဲ့ သူ့လိုပဲ နာမ်လောကနဲ့အဆက်အသွယ်ရှိတဲ့ကျောင်းသူလေးတစ်ယောက် သူတို့ကျောင်းကိုပြောင်းလာတဲ့အချိန်မှာတော့ ရတ်စ်ပါတီ၊ သူ့သူငယ်ချင်းတာတာနဲ့ ကျောင်းသူသစ်လေး ၀ူလန်တို့သုံးယောက်ဟာ သူတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ထူးခြားဆန်းကြယ်တဲ့အဖြစ်တွေကို အဖြေရှာဖို့ကြိုးစားရင်း ထင်ထားတာထက်ကြောက်မက်ဖွယ်ကောင်းနေတဲ့ ရန်သူတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ Indo horror တို့ထုံးစံဇာတ်လမ်းဇာတ်အိမ်ကောင်း၊ လှည့်ကွက်ကောင်းတွေနဲ့ ပရိသတ်စိတ်မပျက်စေရမယ့်ကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်) File size…(1.6 GB) / (815 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:53:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

6.5 2024
Respati
Girl Scout
5.5

Girl Scout (2008) ********************* ဒီတစ်ခါမှာတော့ Kim Sun-Ah, Na Moon-hee, Goo Jun-Hee တို့လို့ ဝါရင့်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့ ရယ်လည်းရယ်ရပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ 2008 ခုနှစ်ထွက် ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ဆံသဆိုင်မှာ စုကြေးငွေ စုကြရင်း ငွေလိမ်ခံလိုက်ရတဲ့ အမျိုးသမီးတွေအကြောင်းပါပဲ ။ ရှယ်ယာကစားရင် ရှယ်ယာရှုံး ၊ အထည်ဆိုင်ဖွင့်တော့ အရင်းပြုတ်တဲ့အပြင် ယောကျ်ားကပါ ထားသွားတဲ့ ချွဲမီဂယောင်းအတွက်တော့ အဲဒီပိုက်ဆံက စားသောက်ဆိုင်လေး ဖွင့်ဖို့ စုထားတဲ့ပိုက်ဆံဖြစ်သလို နှလုံးရောဂါရှိနေတဲ့ သားလေးရဲ့အမေ အိုဘုံဆွန်းကလည်း သူ့သား ခွဲစိတ်ဖို့ စုထားတဲ့ ပိုက်ဆံပါတဲ့။ စူပါမားကတ်မှာ ခါးကျိုးမတတ်အလုပ်လုပ်ရတဲ့ အဘွားအို အီမန်ကလည်း ငွေလိမ်ခံရလို့ သားဖြစ်သူဆီမှာ အထုအထောင်းခံရပြန်ပေါ့။ အဲဒီမှာပဲ အကြွေးနွံနစ်နေတဲ့ ဂန်အွန်းဂျီကပါ အဒေါ်ကြီး သုံးယောက်နဲ့အတူ အလိမ်ခံရတဲ့ငွေတွေကို ပြန်ရှာဖို့အရေး လေးယောက်သား ကြိုးစားကြတဲ့ အခါမှာတော့… သူတို့အလိမ်ခံရတဲ့ ပိုက်ဆံတွေ တကယ်ပဲ ပြန်ရမှာလား..။ အဲဒီကိစ္စတွေ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ..။ တစ်ဖက်က ပိုက်ဆံနဲ့ ဆွဲဆောင်လာတဲ့အခါ သူတို့ လေးယောက်ရော စည်းစည်းလုံးလုံး ဆက်ရှိနိုင်ပါ့မလားဆိုတာကိုတော့ ဒီ Girl Scout ရုပ်ရှင်မှာ ဆက်ရှုစားလိုက်ရအောင်နော် ။ (ဇာတ်လမ်းအကျဉ်းကို Hazelle မှ ရေးသားပေးထားပါတယ်။) File size…1.42GB / 670MB Quality…WEB-DL 1080p/ WEB-DL 720p Format…mp4 Duration….1h 40m Genre ….. Comedy, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hazelle

5.5 2008 100 mins
Girl Scout
Fangs & Fury
5.9

အတိတ်မေ့နေတဲ့ ယွမ်ပုဆိုတဲ့ ကောင်လေးတစ်ယောက်ကို ပန်းဆိုင်ဖွင့်ထားတဲ့ ဝူထင်နဲ့ လျို့လျို့တို့ မောင်နှမက အခြေအနေတချို့ကြောင့် ကယ်ထားခဲ့ပြီး ၃ ယောက်သား မိသားစုလို နေထိုင်ခဲ့ပါတယ်။ ယွမ်ပုဆီမှာ သာမန်လူတွေ နားမလည်နိုင်တဲ့ လျှို့ဝှက်ချက်ပေါင်းများစွာရှိပေမဲ့ ယွမ်ပုရဲ့ ရိုးသားပြီး ပွင့်လင်းတဲ့စရိုက်ကြောင့် မောင်နှမနှစ်ယောက်ကလည်း လက်ခံနိုင်ခဲ့ပါတယ်။ ဝူထင်မှာ မွေးရာပါသွေးပူရောဂါရှိပြီး ရောဂါပြင်းထန်လာတဲ့အတွက် ခွဲစိတ်မှုလုပ်ဖို့ ငွေလိုလာပါတယ်။ ယွမ်ပုဟာ ဝူထင်အတွက် ဆေးကုစရိတ်ရှာဖို့ ကြေးစားလက်ဝှေ့ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ပြိုင်တိုင်းနိုင်တဲ့ ယွမ်ပုရဲ့ သတင်းကလည်း ချက်ချင်းပဲ ကျော်ကြားသွားခဲ့ပြီး ယွမ်ပုကို စမ်းသပ်ပစ္စည်းလုပ်ဖို့ လိုက်ရှာနေတဲ့ ဖုယိက ရှာတွေ့သွားပါတော့တယ်။ ဝူထင်ရဲ့ ရောဂါကို ကုသဖို့ နည်းလမ်းရှိပါ့မလား…… ယွမ်ပုတစ်ယောက် ဖုယိတို့ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2024
Fangs & Fury
The Last Year of Darkness
5.5

အမေရိကန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Ben Mullinkossonရဲ့ တရုတ်နိုင်ငံ ချန်တူးမြို့ပြမှာနေတဲ့လူငယ်လေးတွေရဲ့ဘဝကို မှတ်တမ်းတင်ပုံဖော်ထားတဲ့ Documentary ဇာတ်ကားဖြစ်ပါတယ်။ အမေရိကန်ဒါရိုက်တာတစ်ယောက်ကချပြတဲ့ တရုတ်လူငယ်တွေရဲ့ဘဝဆိုတဲ့အတိုင်း ပုံမှန်သမာရိုးကျမြင်နေကျ တရုတ်ကားတွေနဲ့ လုံးဝကွဲထွက်နေတဲ့ပုံစံနဲ့မြင်ရမှာပါ။ တရုတ်ဇာတ်ကားတွေမှာချပြလေ့မရှိတဲ့ LGBT လူငယ်တွေရဲ့ဘဝအကြောင်းကို Funky Townဆိုတဲ့ ကလပ်တစ်ခုကိုအခြေခံပြီးတော့ ပုံဖော်ပြထားတာဖြစ်ပြီးတော့ ဘဝရဲ့ဖိအားတွေ မြို့ပြရဲ့ဖိအားတွေကြားမှာ ပြိုလဲနေတဲ့လူငယ်လေးတွေဟာ ကိုယ့်စိတ်ကိုယ်ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။

Comedy
5.5 2023
The Last Year of Darkness
The Blackcoat’s Daughter

American Horror Story/Scream Queen တို့နဲ့လူသိများပြီး Horror Princess လို့တောင်တင်စားခံရတဲ့ မင်းသမီး Emma Robertsရယ်၊ မကြာသေးမီက ထွက်ရှိထားတဲ့ Red One ဇာတ်ကားထဲက ဗီလိန်မင်းသမီး Kiernan Shipka အပြင် နာမည်ကျော်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lucy Boyntonတို့ရဲ့ 2015ခုနှစ်ထွက် Horror ရုပ်ရှင်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ အမျိုးသမီးသီးသန့် ကတ်သလစ်ဘော်ဒါကျောင်းတစ်ခုမှာ ဆောင်းရာသီကျောင်းပိတ်ရက်ရောက်တော့ ကျောင်းသူတွေအားလုံး ကိုယ်စီ အိမ်ပြန်ကြရပါတယ်။ ဒါပေမဲ့ ကတ်သရင်းနဲ့ ရို့စ်ဆိုတဲ့ကျောင်းသူလေးနှစ်ယောက်ကတော့ ဘု‌ရားကျောင်းဆစ်စတာတွေနဲ့အတူ ကျောင်းမှာ ကျန်ခဲ့ကြပါတယ်။ ရို့စ်ကတော့ မိဘတွေကိုလာခေါ်ရမဲ့ရက်မှားပြောလိုက်လို့ နောက်ကျနေတာဆိုပေမဲ့ ကတ်သရင်းကတော့ သူမိဘတွေကသူ့ကိုလာမခေါ်တော့ဘူး၊ ကျောင်းမှာပဲနေမယ်လို့ ထူးထူးဆန်းဆန်းတွေပြောလာပါတယ်။ မိဘတွေလာခေါ်မှာကိုစောင့်နေကြရင်း ကတ်သရင်းဟာ တ‌ဖြည်းဖြည်းနဲ့ မူမမှန်တော့ဘဲ ခြောက်ခြားစရာကိစ္စတွေ ဖြစ်ပျက်ကုန်ပါတော့တယ်။ တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်နဲ့အတူ ကားကြုံလိုက်စီးဖြစ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုလည်း အပြိုင်အနေနဲ့ ပြသထားပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အစပိုင်းတော့ “ဘာကြီးမှန်းမသိဘူး”လို့ထင်ကောင်းထင်နိုင်ပေမဲ့ ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း ဇာတ်ရည်လည်ပြီး ကြောက်စရာကောင်းလာတာမျိူးပါ။ ကွက်ကွက်ကွင်းကွင်း Jump scares တွေထက် ဒိုင်ယာလော့နည်းနည်းနဲ့ တွေးတွေးပြီးကြောက်နေရမဲ့ slow burn ပုံစံ horrorဇာတ်ကားပါ။ ဘော်ဒါဆောင်မှာ နှစ်ယောက်တည်းကျန်ခဲ့တဲ့ ကောင်မလေးနှစ်ယောက်ရယ်၊ လမ်းမှာကားကြုံလိုက်စီးတဲ့ကောင်မလေးရယ်က ခြောက်ခြားစရာကိစ္စတွေနဲ့ ဘယ်လိုတွေ သက်ဆိုင်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 1 GB / 364 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror/ Mystery/ Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Muse

Drama
0 2015 93 mins
The Blackcoat’s Daughter