YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Sun's Affection(2022)Ep.11.mp4

1.05 GB N/A video/mp4 266 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Thiruvin Kural
4

ရုပ်ရှင်တကား ကောင်းတယ် မကောင်းဘူးပြောရအောင်က ကြည့်တဲ့သူအပေါ်မှာပဲ မူတည်တတ်တာမျိုးဗျ။ ဥပမာ K.G.F လိုမျိုး ၂ ဘ၀ကလဲ့စားလိုမျိုး အယောက်တရာလောက်ကို တယောက်ထဲ ယှဉ်ဖိုက်ပြီး မင်းသားကပဲ နိုင်တယ်ဆိုတဲ့ ဇာတ်မျိုးကြိုက်တဲ့သူ ရှိသလို Ae Dil Hai Mush Kil လိုမျိုး အချစ် ဒရမ်မာ သီးသန့်လေးကိုမှ ခိုက်ပါတယ်ဆိုတဲ့သူမျိုးနဲ့ ကွဲပြားကြသလိုပေါ့။တချို့ကျလည်း ဇာတ်ကားကြည့်တော့မယ်ဆို ဘယ်သူသရုပ်ဆောင်တယ် ဘာဇာတ်အမျိုးစားလဲဆိုတာထက် Rating တွေ Review တွေကြည့်ပြီး များမှဆိုတဲ့သူတွေလည်းရှိကြတယ်။ ပြောချင်တာ ခုတင်ဆက်ပေးမဲ့ ဒီတမီးလ်ရုပ်ရှင်ကားကလဲ ကြိုက်တတ်သူတွေအတွက်ကတော့ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ အက်ရှင် ဒရမ်မာကားတကားပါပဲ။ မင်းသားက စကားမပြောတတ်တဲ့အပြင် အနားကပ်ပြောမှ အသံသဲ့သဲ့ပဲကြားရတဲ့ ဘ၀၊ ဒါပေမဲ့ အင်ဂျင်နီယာဘွဲ့ရ၊အဖေဖြစ်သူနဲ့အတူတူ ဆောက်လုပ်ရေးတခုမှာ ဝင်ဦးစီးပေးနေတာ။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတခု ပိုင်ဆိုင်ထားတဲ့သူ။ လှတပတချစ်သူကောင်မလေးနဲ့ကလည်း ရွှေလမ်းငွေလမ်း ဖောက်ပြီးသား။ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို စော်ကားလာရင် ဖြုန်း ဖြောင်းနဲ့ ဆော်လွှတ်တတ်တဲ့စရိုက်နဲ့ လူ။ လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေလို့ ဆိုရမလိုပဲ တရက် မင်းသားရဲ့အဖေက ဆိုဒ်ထဲမှာ မတော်တဆမှုတခုနဲ့ ဆေးရုံတတ်ရပါလေရော။ အဲ့မှာ ဇာတ်နာတာပဲ။ဆေးရုံက ဝန်ထမ်းတွေ၊ ဝန်ထမ်းတွေဆိုတာ ဓာတ်လှေကားစောင့်တဲ့သူ ဆရာကြီးဦးဆောင်တဲ့ အောက်ခြေသိမ်းဝန်ထမ်းအဖွဲ့။ အဖွဲ့က တကယ့်ဇိုးတွေ။ရုပ်နဲ့စိတ်ဓာတ်နဲ့က တထပ်တည်းလို့ပြောရလောက်အောင် သရုပ်ဆောင်တော်ကြတဲ့ ဗီလိန်အဖွဲ့။အဲ့ဒီအဖွဲ့နဲ့မှ တည့်တည့်ရင်ဆိုင်မိတဲ့ မင်းသားတို့ မိသားစု၊မင်းသားကပဲ အဲဒီ ဗီလိန်အဖွဲ့ကိုဖြုတ်နိုင်ပြီး ပျော်ရွှင်တဲ့မိသားစုလေး ပြန်ဖန်တီးနိုင်မလား၊ဗီလိန်အဖွဲ့ကပဲ မင်းသားတို့ မိသားစုတစစီပြိုကွဲအောင် ယုတ်မာဖျက်ဆီးနိုင်ကြမလားဆိုတာ အသားတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ဇာတ်။ ကဲ ကိုယ့်အကြိုက်နဲ့ တထပ်တည်းကျသလားဆိုတာ ဒေါင်းယူကြည့်ရှုကြပါအုံးလို့ပြောရင်း... File size…2GB / 1GB Quality…1080p WEBDL / 720p Format…mp4 Duration….1h 59mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Aditit~chiclon3

TV Movie • Thriller
4 2023 122 mins
Thiruvin Kural
Hello Zindagi

အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ လူငယ်တွေအတွက် ပညာပေးဇာတ်ကားလေးဆိုလည်း မမှားလောက်ပါဘူးနော်။ ဒီဘက်ခေတ်မှာ နည်းပညာတွေမြင့်တက်လာတာနဲ့အမျှ လူငယ်တွေဟာ လောကကြီးရဲ့အလှတရားတွေကို သဘာဝတရားကြီးမှာ ရှာဖွေမနေကြတော့ဘဲ မိုဘိုင်းဖုန်းကမ္ဘာထဲမှာပဲ မိန်းမလှလေးတွေကို ရှာဖွေနေကြပါတယ်။ တချို့မိန်းကလေးတွေဆိုရင် လိုက်ခ်တစ်ခု ကော်မန့်တစ်ခုရဖို့အတွက် အဖေါ်အချွတ်တွေတောင်လုပ်ဖို့ ဝန်မလေးကြပါဘူး။ ဒီဇာတ်လမ်းလေးက ဆိုရှယ်မီဒီယာကို တအားစွဲလမ်းနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ ဒီရှားဟာ သူ့တစ်နေ့တာလုပ်ငန်းစဉ်ဘဝကို ဆိုရှယ်မီဒီယာပေါ် အမြဲတင်လေ့ရှိတော့ ဖခင်ဖြစ်သူဟာ သမီးအတွက် လွန်စွာစိုးရိမ်ပူပန်နေခဲ့ပါတယ်။ ဒီတော့ သူ့သမီးက သူပြောတဲ့အတိုင်းခရီးတစ်ခုကို တစ်ယောက်တည်းထွက်ပေးမယ်ဆိုရင် သမီးဖြစ်သူရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို လိုက်လျောပေးမယ်ဆိုပြီး စည်းကမ်းချက်တစ်ခုသတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ လမ်းခရီးမှာ စမတ်ဖုန်းလုံးဝ ယူသွားခွင့်မပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဒီရှားတစ်ယောက် ခရီးလမ်းမှာ ကြုံတွေ့ရမယ့်ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ...။ လောကရဲ့အလှစစ်ကို ရှာဖွေတွေ့ရှိခဲ့သလား...။ ဘယ်သူတွေနဲ့ ကြုံဆုံရဦးမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးကြပါဦးနော်။ File size…2.16GB / 971MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Thriller
0 2022 114 mins
Hello Zindagi
Addams Family Values
6.9

Addams Family ဟာ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ Fictional Family တစ်ခုဖြစ်ပြီး The New Yorker မဂ္ဂဇင်းမှာ 1938 ကတည်းက စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ နှစ်၁၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေပါပဲ။ Tom & Jerry ထက်‌တောင် နှစ်နှစ်စောပေါ်ခဲ့တဲ့ ဇာတ်ကောင်တွေ‌ပေါ့။ 1964 မှာ The Addams Family ဆိုပြီး TV series အနေနဲ့ စအသက်သွင်းခဲ့ပြီး Addams Family franchise ကြီးစတင်ခဲ့ပါတယ်။ ခုထိဆို တီဗီစီးရီး ၇ခု ထွက်ပြီးပါပြီ။ 1991-1999အတွင်းမှာတော့ ရုပ်ရှင်သုံးကားထွက်ရှိခဲ့ပြီး 2019 နဲ့ 2021 မှာတော့ အန်နီမေးရှင်း၂ကားထပ်ထွက်ခဲ့ပါတယ်။ 2022 မှာတော့ တင်ဘာတန်ရဲ့လက်ရာနဲ့ Wednesday ထွက်လာခဲ့ပါတယ်။ Addams တွေဟာ ၂၀ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ပြီး ၁၉၆၄ဇာတ်လမ်းတွဲမှာမှ ဇာတ်ကောင်နာမည်တွေ စပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွေဟာ Pop Culture တစ်ခုဖြစ်လာခဲ့ပြီး Video game တွေ Academic Book တွေအထိထွက်ခဲ့သလို အမေရိကန် Comics, Cinema နဲ့ Television တွေအပေါ် လွှမ်းမိုးမှုကြီးခဲ့ပြီး Goth Subculture နဲ့ Fashion တွေကိုလည်း မြစ်ဖျားခံစေခဲ့ပါတယ်။ တင်ဘာတန်ရဲ့ Gothic ဟန်ဟာလည်း Addams တွေနဲ့ မကင်းလောက်ပါဘူး။ အခုမှာတော့ ပထမဆုံးထွက်ခဲ့တဲ့ Addams Family ရုပ်ရှင်နှစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Classic လို့ ပြောလည်းမမှားတဲ့ကားတွေပေါ့။ ဟန်ဆောင်မှုကင်းစွာ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း ခြေထိုးခံတတ်ကြပြီး လူ့ဘောင်ကျင့်ဝတ်တွေနဲ့ လုံးလုံးလျားလျားလွဲနေတဲ့ သူတို့ရဲ့စံတွေကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်မှု၊ မြင်မှန်းတန်းမိသူတွေဆီက နားလည်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ခံရပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေဆီကနေတော့ လေးစားချစ်ခင်မှုကို ရရှိထားကြတဲ့ မိသားစုတစ်သိုက်ဖြစ်တဲ့ Addams Family အကြောင်းကို အားလုံးသိပြီးသားဆိုတော့ အထွေအထူးတော့ ပြောစရာမလိုပါဘူး။ တင်ဘာတန်ကြီးဖန်တွေရော Addams Family ဖန်တွေရော ကြည့်သင့်တဲ့ကားလို့ပဲ ပြောစရာရှိပါတယ်။ Dark Comedy Film တွေရဲ့ ထုံးစံအတိုင်း ဒီသောက်တလွဲလောကကြီးကို ဟားတိုက်ပစ်ချင်ရင်လည်း ကြည့်သင့်တဲ့ကားတွေပါပဲ။ ----------------------------------ဇာတ်လမ်းအကျဉ်း---------------------------------- Gomez နဲ့ Morticia တို့ဟာ ရင်သွေးနှစ်ချာ အသစ်စက်စက်ကလေးကို ပိုင်ဆိုင်ထားပြီး Wednesday နဲ့ Pugsley တို့က သူတို့မောင်ညီလေးကို သတ်ဖို့ ကြံပေမဲ့ မိဘနှစ်ပါး အဆူခံလိုက်ရသာ အဖတ်တင်ပြီး မအောင်မြင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အက်ဒမ်စ်တို့ဟာ ဒီကလေးကိုထိန်းဖို့ Debbie လို့ခေါ်တဲ့ နာနီတစ်ယောက် ငှားလိုက်ကြပါတယ်။ သူတို့မသိလိုက်တာကတော့ Debbie ဟာ သူဌေးတွေနဲ့ လက်ထပ်ပြီး သူတို့ကိုသတ်ပြီး အမွေရအောင်ကြံတတ်တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေတာပါပဲ။ ဒီလိုနဲ့ Debbie ရဲ့နောက်ပစ်မှတ်ဟာ Uncle Fester ဖြစ်လာခဲ့ပါတယ်။ အကင်းပါးတဲ့ Wednesday က ဒတ်ဘီကို မသင်္ကာဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစုနဲ့ ဒီကွင်းဆက်လူသတ်သမား ထိပ်တိုက်ရင်ဆိုင်ဖို့ အကြောင်းဖန်လာတဲ့အချိန် ငါ့မောင်လေးကို ငါကလွဲ ဘယ်သူမှ မနှိပ်စက်ရဘူးဆိုတဲ့ Wednesday ဟာ သူ့မိသားစုကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားမလဲ မြင်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.02GB, 1GB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1h 34Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Crime • Drama • Thriller
6.9 1993 94 mins
Addams Family Values
Scary People
2

ဒီချောက်ချားစရာ ပုံပြင်လေးကတော့ နာမည်နဲ့မတူလောက်အောင် ထိုက်ဖျင်(အေးချမ်းသာယာ)ဆိုတဲ့နယ်မြို့လေးတစ်ခုရဲ့ လူသေဆုံးမှုကနေ စတင်ခဲ့ပါတယ် "ယွဲ့နူ"ဆိုတဲ့မိန်းကလေးဟာ ထိုက်ဖျင်မြို့မှာအမှီပြုနေထိုင်ရာမှ ရုတ်တရက် သေဆုံးသွားပါတော့တယ်။ တစ်နေ့မှာ ယွဲ့နူရဲ့သေဆုံးမှုဟာ မိမိကိုယ်ကို သေကြောင်းကြံစည်တယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်လို့နေပါတယ် ဒါပေမဲ့ ယွဲ့နူသေပြီး လဝက်မကျိုးခင်မှာပဲ သူမရဲ့အစ်ကိုဖြစ်သူ လျိုသောင်းဇစ်အပါအဝင် နောက်ထပ်လူတွေ ဇစ်မြစ်မသိရဘဲ သေဆုံးသွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ အမှုစစ်ဆေးရေးမှုး ဆရာကြီးကျန်းယိရန်ဟာ ထိုက်ဖျင်ရွာကို လာရောက်စစ်ဆေးရာမှာတော့。。。 ကျန်းယိရန်ဟာ သရဲတစ္ဆေဆိုတာ လောကမှာမတည်ရှိဘူးဆိုတဲ့ ခံယူချက်ကို နှလုံးသွင်းထားတဲ့လူဖြစ်ပြီး ရွာကိုအရောက်မှာ သတ္တိခဲသူတောင်းစားမလေး ကုံဇစ်နဲ့ တွေ့ဆုံခဲ့ရပါတယ်၊‌ ဧည့်သည်တွေကို ခြောက်လန့်ပြီး ‌ငွေ‌လိမ်ယူနေတဲ့ ပေါ့ပျက်ပျက် ကုံဇစ်ဟာ ဒီအမှုမှာ ဘယ်လိုစရိုက်လက္ခဏာမျိုးနဲ့အတူပူး‌ေပါင်းဖြေရှင်းသွားမလဲ -ယွဲ့နူရဲ့သေဆုံးမှုဟာရော သွေးရိုးသားရိုးဖြစ်နိုင်မလား -ဒီလိုဆိုရင်တောင် သူမသေပြီးမကြာခင်မှာမှ အဲ့လောက်တိုက်ဆိုင်စွာနဲ့ပဲ လူတွေသေဆုံးနေတာလား? ယွဲ့နူနဲ့ရော ဘာတွေပတ်သတ်မှုရှိနေဦးမလဲဆိုတာ ?.... CMမှာဆက်လက်ကြည့်ရှုခံစားရင်း အဖြေထုတ်ကြည့်လိုက်ရအောင်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Comedy Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK

Comedy • Romance
2 2023 73 mins
Scary People
Onward
7.7

ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး တစ်ကားလောက် ကြည့်ရအောင်။ ရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။ ဇာတ်လမ်းအကျဉ်း…. ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ မှော်ဝင်သတ္တဝါတွေဟာ ခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။ အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်း ငယ်ငယ်ကတည်းက အဖေဆုံးသွားလို့ မိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့ မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိ ပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ ဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး အဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာ ခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင် အဖေကို နောက်ဆုံးတွေ့နိုင်ဖို့ မှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်…. ဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့ ဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့် ကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေ သဘောကျကြမယ်ထင်ပါတယ်။ ဘာသာပြန်ပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်

Drama • Mystery • Sci-Fi & Fantasy
7.7 2020 103 mins
Onward
My Best Friend’s Breakfast
7.9

နောက် ၁၅ နှစ်နေရင် ဘယ်လိုတွေဖြစ်ကြမှာလဲ…ဒီဇာတ်ကားလေးရဲ့ အဓိကစာကြောင်းလေးပေါ့။ နောက် ၁၅ နှစ်နေရင် အောင်မြင်မှာလား၊ အခုထက်ပိုဝမှာလား၊ အခုလက်ရှိတွဲနေတဲ့ချစ်သူနဲ့ရော ဆက်တွဲဖြစ်ပါ့မလား… စသည်ဖြင့်မသိနိုင်တဲ့အချိန်ကာလတစ်ခုပေါ့ တွေးရင်း စဉ်းစားရင်းနဲ့ ခံစားလို့ကောင်းဦးမယ့် ထိုင်ဝမ်ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားကားတွေဆို ထိုင်ဝမ်ကားတွေကပဲ ကြည့်လို့ပိုကောင်းတယ်လို့ထင်မိတယ်။ ပိုပြီးလည်း ယုတ္တိဆန်သလို ဆယ်ကျော်သက်အရွယ်ခံစားချက်ကိုလည်း ထိထိမိမိရိုက်ပြနိုင်တတ်ကြပါတယ်။ ဒီကားကလည်း အဲ့ဒီလိုမျိုးပါပဲ။ အစားအသောက်ဆို မီးလိုတောက်တဲ့ ရှန့်ဝေရှင်းကတော့ သူ့သူငယ်ချင်းကို ပိုးကြေးပန်းကြေးနဲ့ လာပို့ပေးတတ်တဲ့ မနက်စာကိုတောင် အကုန်စားပစ်တတ်တဲ့ သူပါ။ အစားအသာက်ရှိနေမှ ဘဝအဓိပ္ပါယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့သူက နောက် ၁၅ နှစ်ကြာရင် ဘယ်လိုဖြစ်လာမလဲဆိုပြီး စဉ်းစားနေရင်းနဲ့ အခုလို အချစ်၊ဒရာမာ၊ လူငယ်ဆန်ဆန်ရုပ်ရှင်ကားလေးဖြစ်တည်လာပါတော့တယ်။ ရိုးရှင်းမလိုလိုနဲ့ ရှုပ်ထွေးတဲ့အထဲမှာ ဒီဇာတ်ကားလည်းပါပါတယ်။ အတွေးစတစ်ခုခုရရှိစေပြီး စာအရှည်ကြီးရေးချင်လာတဲ့ဖီလင်ဖြစ်လာမှာပါ။ ကဲ… ဒီကားလေးကြည့်ရင်းနဲ့ ပရိသတ်ကြီးလည်း နောက် ၁၅ နှစ်နေရင် ဘယ်လိုပုံစံဖြစ်မလဲ စဉ်းစားကြည့်ရအောင်လားဗျာ…။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(2.1GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.9/10 Format__mp4 Duration__02:01:00 Type__Romance, School Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Drama • Horror • Science Fiction
7.9 2022
My Best Friend’s Breakfast
Hanuman Shadow Master
7.3

ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့ အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့ နည်းနည်းတော့ကြောင်ပါတယ်။ ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန် ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့ အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ်။ မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာ ညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကို ဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူက ဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့ ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့ အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီး နတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ အဲတော့ ချကြတယ်ပေါ့။ ကြည့်ကြည့်လိုက်ပါ။

Documentary
7.3 2022 90 mins
Hanuman Shadow Master
99.9 Criminal Lawyer: The Movie
6.3

99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating – 6.3/10 “ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်”၊ “တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ”၊ “ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်”။ဤကား ဇာတ်ကားမိတ်ဆက်။ 99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။ ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ “ဟာ!” ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.9 GB) / (828 MB) / (495 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………2Hrs 05Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Crime, Drama Translator…….Ngwe Zin Encoder……….Zin Phyo Aung

Action & Adventure • Sci-Fi & Fantasy
6.3 2021 120 mins
99.9 Criminal Lawyer: The Movie
Hibiscus Town
8.1

Hibiscus Town (1986) ================ IMDb Rating – 8.1/10 Hibiscus Town ဟာ ဟောင်ကောင် ထိုင်ဝမ် ပြည်မ သုံးခြမ်းပေါင်းက အကောင်းဆုံးရုပ်ရှင်တစ်ရာကို စာရင်းလုပ်ထားတဲ့ထဲက တစ်ကားအပါ အဝင်ဖြစ်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ရိုက်ထားတဲ့ ဒါရိုက်တာက တရုတ် ပြည်မရဲ့ တတိယမျိုးဆက်ဒါရိုက်တာစာရင်းဝင် Xie Jin။ သူ့ကျန်တဲ့ကား တွေတော့ မကြည့်ဖူးပေမဲ့ ဒီကားအရတော့ အရောင်အသုံးတော့မတူပေ မဲ့ ဇာတ်တင်ဆက်ပုံတော့ ကျန်းရိမူနဲ့ တော်တော်လေး တူတယ်လို့တော့ ခံစားရတယ်။ တစ်ခုရှိတာက ကျန်းရိမူက မူရင်းဇာတ်ကို အမြဲချုံ့ပစ်တတ် ပေမဲ့ သူကတော့ အဲဒီလိုမဟုတ်လောက်ဘူး။ ကျန်းရိမူက ငါးဆက်မြောက် မျိုးဆက် သူက တတိယမျိုးဆက်ဆိုတော့ ကျန်းရိမူတို့ chen kaige တို့ ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ နောက်ခံရုပ်ရှင်မျိုးတွေကို သူရိုက်တာ ပိုစောတာတော့ သေချာတယ်။ ကျန်းရိမူကို ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားမျိုးလို့တော့ ပြောလို့ရတယ်။ သူရိုက်တဲ့မူရင်းစာအုပ်က လည်း ဒီကားနဲ့ နာမည်အတူတူပဲ။ ဇာတ်က ဘာဇာတ်လဲဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ တရုတ်ပြည်က ရွာလေးတစ်ရွာကို နောက်ခံထားပြီး အဲဒီရွာလေးက ဘဝတွေ ဇာတ်တွေ ရိုက်ခတ်မှုတွေကို ပြထားတယ်။ မင်းသားကလည်း ကျန်းရိမူရဲ့ပထမဆုံးကားမှာ မင်းသားလုပ်ခဲ့တဲ့ In the Heat of the Sunတို့ The Sun Also Risesတို့ကို ဒါရိုက်တာအဖြစ်ရိုက်ဖူးတဲ့ တရုတ် ပြည်ရဲ့ ခြောက်ဆက်မြောက်ဒါရိုက်တာတွေထဲက Wen Jiang။ သို့ပေမဲ့ လည်း ဒီကားက ကျန်းရိမူကားတွေလိုပဲ မင်းသမီးအဓိကဇာတ်ပါပဲ။ ရှည် နေတာကလွဲ ကျန်းရိမူကားတွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံတော်တော်တူ တယ်။ သူ့နောက်ခံထားတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလကြောင့်လား တော့မသိဘူးပေါ့။ ဘာနေနေပါ တရုတ်ပြည်သုံးခြမ်းလုံးရဲ့ ကားပေါင်း ကုဋေချီထဲကမှ အကောင်းဆုံးတစ်ရာကို ပြန်ရွေးထုတ်တဲ့ထဲက တစ်ကား ဆိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.83 GB) / (816 MB) / (500 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………2Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History, Romance Translator…….WiRa Aung Encoder……….SWM

8.1 1986 164 mins
Hibiscus Town
Happiness for Beginners
6.7

Happiness for Beginners(2023) **************************** အမေရိကန်စာရေးဆရာမ Katherine Centerရဲ့ ဝတ္ထုကောင်းတွေထဲကတစ်အုပ်ဖြစ်တဲ့ Happiness for Beginnersကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး ‌တောတွင်း ခရီးထွက်ရတဲ့ hiking vibeလေးတွေ ရှုခင်းလှလှလေးတွေကိုပါ လိုက်ပါခံစားလို့ရမယ့် ဇာတ်ကားလေးပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဟယ်လန်ဟာ ယောကျ်ားဖြစ်သူနဲ့ကွာရှင်းပြတ်စဲပြီး တစ်နှစ်အကြာမှာ ဘဝအသစ်ပြန်စဖို့ အားယူရန် တောတွင်းလမ်းလျှောက်ခရီးလေးကို စိတ်ပြေလက်ပျောက်ထွက်ခဲ့လိုက်ပါတယ်…။ အိမ်ထောင်ရေးကံခေလို့ ကွာရှင်းပြီးတာတောင် ခင်ပွန်းဟောင်းဖြစ်သူက လိုက်ကပ်နေတာတွေ…၊ အိမ်ထောင်ကွဲမိဘတွေရဲ့စွန့်ပစ်ခံခဲ့ရတဲ့အတိတ်တွေ…၊ တစ်ဦးတည်းသောသွေးသားရင်း မောင်လေးနဲ့ အဆင်မပြေတာတွေ စတဲ့ အထိုထိုသောဘဝရဲ့ အခက်အခဲတွေကို move onလုပ်ဖို့အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ ဒီခရီးကိုထွက်ခဲ့တာ….။ တိုက်ဆိုင်ချင်လို့လားပဲ…။ ဒီခရီးမှာ ဟယ်လန့်မောင်လေးရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂျိတ်လည်း လိုက်ပါလာပါတယ်…။ တစ်ယောက်တည်း ဆိတ်ငြိမ်ချင်လို့ခရီးထွက်ပါတယ်ဆိုမှ ခရီးမှာ မျက်နှာသိပါလာတော့ ဟယ်လန်တစ်ယောက် ထပ်ပြီးစိတ်ညစ်ပြန်ရပါလေရော…။ သို့ပေမဲ့ ဘဝဆိုတာ ဆိုးတာချည်းပဲကြုံမနေဘူးလေ အပြောင်းအလဲလေးရှိသေးတာကိုး…။ ဟယ်လန်တစ်ယောက် တောတွင်းလမ်းလျှောက်ခရီးမှာ မျက်နှာသိ ဂျိတ်နဲ့ ကတောက်ကဆ၊ကမောက်ကမဖြစ်ရင်း ဘယ်လိုတွေ စခန်းသွားကြမလဲဆိုတာကို ဒီ Comedy Drama movieလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.8GB/ 741MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 43min Genre ….. Comedy, Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Themes

TV Movie • Comedy • Romance
6.7 2023 103 mins
Happiness for Beginners
Deadly Entanglement
720

Deadly Entanglement (2023) ====================== လောကမှာ ပစ္စည်းတစ်ခုခုကိုပဲဖြစ်ဖြစ်၊ လူတစ်ယောက်ကိုပဲဖြစ်ဖြစ် ကိုယ်မှမပိုင်ဆိုင်ရရင် တခြားဘယ်သူ့ကိုမှပိုင်ဆိုင်ခွင့်မပေးနိုင်လောက် တော့တဲ့ စွဲလမ်းစိတ်ကြီးမားတဲ့သူတွေရှိကြမှာပါ။ ကျွန်တော်တို့တတွေ ဟာ တွေ့ဆုံကြုံကွဲ ဆိုတဲ့ သံသရာစက်ဝန်းထဲမှာပဲ လည်ပတ်နေတာ ဖြစ်လို့ တစ်ခါတစ်ရံ မစွန့်လွှတ်ချင်ပေမဲ့လည်း စွန့်လွှတ်လိုက်ရတဲ့ အခိုက် အတံ့ပေါင်းများစွာ ကြုံတွေ့ကြရမှာ။ အဲလိုမှ မဟုတ်ပဲ တစ်ဖက်သတ် အတင်း တွယ်ကပ်နေမယ်ဆိုရင်တော့ ‘တစ်ဖက်သတ်’ ဆိုတဲ့အတိုင်း တစ်ဖက်ကို သတ် ရင်း ကိုယ်ပါသေတတ်တယ်မဟုတ်လား။ ဒီဇာတ်ကားလေးထဲမှာလဲ ကွာရှင်းပြီးတဲ့ သူ့ရဲ့ခင်ပွန်းဟောင်းကို ဖက်တွယ် မိတဲ့ ဒီဒရာ ဆိုတဲ့ တစ်ယောက် သူတို့ရဲ့ သားလေးကို အုပ်ထိန်းခွင့် ရဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခင်ပွန်းဟောင်းရဲ့ မိသားစုနဲ့ ပတ်သတ်ဖို့အကြောင်းဖန် လာပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်အစစ်က သူ့ခင်ပွန်းရဲ့ အနား မှာ ရှိတဲ့ တခြားသူတွေကို ဖယ်ရှားပစ်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သား ရယ် ခင်ပွန်း ရယ် ဇနီးဟောင်းရယ် ဇနီးသစ်လေးရယ် ကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ် ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.39 GB) / (489 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thetti Tun Encoder……….SWM

Comedy • Family • Drama • Fantasy
720 2023 88 mins
Deadly Entanglement
A Scottish Love Scheme

A Scottish Love Scheme (2024) စိတ်အပန်းပြေဖို့ ကြည့်သင့်တဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စကော့တလန်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ ပန်းရောင်စုံ‌လေးတွေနဲ့ ဓလေ့ထုံးစံတွေကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ကလေးဘဝတည်းက အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ အမေနှစ်ယောက်က သူတို့သားနဲ့သမီးကို အဆင်ပြေစေဖို့ အောင်သွယ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ လီလီက ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းလိုက်ပြီး သူမ အမြဲအိပ်မက်မက်ခဲ့တဲ့ ဓာတ်ပုံပညာသင်ဖို့ စပိန်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကိုမသွားခင် သူ့အမေနဲ့အတူ သားအမိနှစ်ယောက် စကော့တလန်ကို ခရီးထွက်ခဲ့ပါတယ်။ လီလီအမေသူငယ်ချင်းရဲ့သား လိုဂန်က လီလီ့အတွက်လည်း ငယ်သူငယ်ချင်းဖြစ်ပြီး လက်ရှိမှာ ဇနီးဆုံးသွားတည်းက သားလေးနဲ့ မိသားစုလုပ်ငန်းကို ညီအစ်ကိုသုံးယောက်ဦးစီးနေပါတယ်။ လိုဂန်တို့က စကော့တလန်မှာ မျိုးရိုးစဉ်ဆက် အရက်ချက်စက်ရုံထောင်ထားပြီး လက်ဆင့်ကမ်းဦးစီးခဲ့တာပါ။ လီလီတို့ရောက်တဲ့အချိန်မှာ လိုဂန်တို့ ဝီစကီအသစ်ထုတ်တာက ပြိုင်ဘက်စက်ရုံနဲ့ ဆင်တူနေတဲ့အခါ လေဘယ်ပြန်ဒီဇိုင်းဆွဲဖို့ ဖြစ်လာပြီး လီလီကို အမေတွေက ကူညီပေးခိုင်းခဲ့ပါတယ်။ လီလီလည်း ကူညီပေးရင်း လိုဂန်ရဲ့သားလေး ဖင်နဲ့ပါ သံယောဇဉ်တွယ်လာပါတယ်။ အစက စကော့တလန်မှာ ခဏနေပြီး စပိန်ကိုဆက်သွားမှာဆိုပေမဲ့ လီလီ့အမေတိုက်တွန်းတာကြောင့်ပါ သူ့တို့သားအမိခရီးစဉ်ကို ရက်ထပ်တိုးပြီး နေဖြစ်သွားပါတယ်။ တကယ်က လီလီ့အမေ ခရီးထွက်တာက သူမကိုအောင်သွယ်ပေးဖို့အပြင် သူမရဲ့ရောဂါကြောင့် နောက်ဆုံးအကြိမ်အဖြစ် ငယ်ဘ၀အမှတ်တရတွေရှိတဲ့နေရာကို လာခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်မှန်ကို လီလီသိသွားတဲ့အခါ သူ့အိပ်မက်နောက်ပဲလိုက်မလား… သူ့အနာဂတ်အတွက် ဘာကို ရွေးချယ်မလဲ… လိုဂန်နဲ့ရော အမေတွေ မျှော်လင့်သလို အဆင်ပြေမှာလား… ဆိုတာ ရှုစားရမှာပါ။ သားအမိနှစ်ယောက်ကြားက နွေးထွေးတဲ့ မေတ္တာနဲ့ မိသားစုတွေ ညီအစ်ကိုတွေကြားက ခိုင်မာတဲ့ Bond တွေအပြင် မိသားစုလုပ်ငန်းကိုပါ အဓိပ္ပါယ်လှလှလေး ဖွင့်ဆိုထားတာ တွေ့မြင်ရမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ ကားလေးဖြစ်ကြောင်း တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 620MB Quality – 1080p, 720p Format – mp4 Duration – 1H 24Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2024
A Scottish Love Scheme
The Voices
6.3

The Voice (2014) Horrer/Thriller Imdb 6.3/10 ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။ File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre…Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo

Drama • Romance
6.3 2014
The Voices
Barbershop 2: Back in Business

ကဲ ပေါ့ပေါ့ပါးပါးဆိုပေမယ့် နက်နဲတဲ့စကားလုံးတွေနဲ့ ရီရမယ့် ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့ Barbershop ရဲ့ အဆက် ဒုတိမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အရင်ဇာတ်ကားလိုပဲ ကယ်ဗင် ပါးမား နဲ့ သူ့ရဲ့ ဆံပင်ညှပ်ဆရာတို့ရဲ့ ပျော်ရွင်စရာ ဟာသလေးတွေအပြင် သူတို့ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း တင်ပြထားပါတယ်။ နေရာကတော့ ချီကာဂိုမှာ ဇာတ်အိမ်တည်ထားပြီး ထုံစံအတိုင်း သူတို့ ဆံပင်ညှပ်ဆိုင်လေးက စကားသံတစ်ညံညံနဲ့ ဆူညံနေဆဲပါ။ တစ်ရက် သူတို့ရဲ့ လမ်းတစ်ဖက်မှာ ဆံပင်ညှပ်ဆိုင်အသစ် လာဖွင့်တဲ့အခါမှာတော့… နောက်ပြီး ဒီဇာတ်ကားရဲ့ မပါမဖြစ် ဟာသတွေကြီးလှိမ့်ပြောနေတဲ့ အက်ဒီကတော့ အသက်ပါပဲ။ ဒီကားလေးက သူငယ်ချင်းစိတ်ဓာတ်၊ မိသားစုခံစားချက်တွေအပြင် အသိုင်းအဝိုင်းတစ်ခုအပေါ် အပြောင်းအလဲတစ်ခုရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြထားတဲ့ကားလည်းဖြစ်ပါတယ်။ ရယ်လည်းရယ်ရပြီး ရင်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

Action • Adventure • Science Fiction
0 2004
Barbershop 2: Back in Business
The Day Shall Come
5.9

The Day Shall Come(2019) IMDb….5.9.,,,,Rotten….76% ဒီတစ်ခေါက်တော့ Channel Myanmarပရိသတ်ကြီးအတွက် Comedy,Thriller ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်က The Day Shall Come (2019) ပဲဖြစ်ပါတယ်။Imdb Rating 5.4/10 Rotten Tomatoes 75% တောင်ရရှိထားတဲ့ ဒီကားလေးကတော့ နိုင်ငံရေးကို သရော်တော်တော်ရိုက်ကူးထားတဲ့ ကားလေးလို့ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါတယ်။ရှာဘတ်ဆိုတာက အလာအရှင်မြတ်ကို ကိုးကွယ်ယုံကြည်တဲ့ လူမည်းတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးကိုမြတ်နိုးသူ လယ်သမားတစ်ယောက်လဲဖြစ်ပါတယ်။ လူဖြူအစိုးရကို ဖြုတ်ချပြီး တစ်နေ့မှာတော့လူမည်းတွေအုပ်ချုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ စစ်တပ်တစ်တပ်ကိုတည်ထောင်ထားပါတယ်။ စစ်တပ်ဆိုတာကလဲ သူ့ရဲ့အမျိုးလေးယောက်ရယ် သူရယ်ပါပဲ။သူကအဲလိုစည်းရုံးရေးတရားတွေပြောနေတာကို တစ်နေ့မှာတော့ FBI က မျက်စိကျကာ ရာထူးတိုးရေးအတွက် အကြမ်းဖက်သမားတံဆိပ်တပ်ကာအကွက်ချဖမ်းဆီးပါတော့တယ်။ သေနတ်တောင်မကိုင်တဲ့ ရှာဘတ်တို့တတွေ FBI ရဲ့လှည့်ကွက်တွေထဲမှာ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဟာသဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Day Shall Come(2019)ပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်….. File Size : 1.89GB / 750MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:28:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Tiff

Comedy
5.9 2019 87 mins
The Day Shall Come