YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Sunny Sanskari Ki Tulsi Kumari (2025) Hindi 1080p HEVC WEB-DL [RMC].mp4

2.61 GB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Secret in Their Eyes
8

Original Title: El secreto de sus ojos Genre – Drama, Mystery, Romance IMDB – 8.2/10 ၂၀၁၀ ခုနှစ် အော်စကာပေးပွဲမှာ နိုင်ငံခြားဘာသာစကားပြော အကောင်းဆုံးရုပ်ရှင်ဆု ရခဲ့တယ် (စပိန်စကားပြော အာဂျင်တီးနားရုပ်ရှင်)။ IMDB မှာ 8.2 ကို လူနှစ်သိန်းကျော် ပျမ်းမျှအမှတ် ရထားတယ် IMDB အကောင်းဆုံးရုပ်ရှင် ၂၅၀ ထဲမှာ ၁၆၅ ကားမြောက်ဖြစ်တယ်။ ဘာများပြောစရာ လိုဦးမလဲ၊ ဟင်းလေးကြီးတစ်ခွက်ကို မြည်းစမ်းနေရသလိုပဲ ကြည့်ရတာတော့။ အငြိမ်းစား ဥပဒေအတိုင်ပင်ခံကြီး တစ်ယောက် အနားယူချိန်မှာ ဝတ္ထုရေးဖို့ ကြိုးစားကြည့်တယ် ကြိုးစားကြည့်တိုင်းလည်း လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ထူးထူး ခြားခြား ဖြစ်ခဲ့တဲ့ အမှုကိုပဲ ပြန်ပြီး အောက်မေ့နေတယ်။ ဒီတော့ ဒီအကြောင်းကို ဝတ္ထုလုပ်ရေးဖို့အတွက် သံယောဇဉ် ရှိခဲ့ပေမဲ့ အခြေအနေ ကွာခြားတာကြောင့် ရှေ့ဆက်မတိုးခဲ့ရတဲ့ အထက်အရာရှိဟောင်း (ခုလက်ရှိ တရားသူကြီး) ဆီ သွားအကြံ တောင်းရတော့တယ်။ အဲဒီမှာပဲ မေ့ပစ်လို့မရတဲ့ အမှတ်တရ ဟောင်းတွေ တစ်ပုံကြီး ပြန်ပေါ်လာတယ်။ အင်မတန်ချစ်ကြတဲ့ ဘဏ်စာရေးနဲ့ ကျောင်းဆရာမလင်မယားလေးကိုမှ ကံဆိုးစွာနဲ့ လူတစ်ယောက်က ဆရာမလေးကို မုဒိမ်းကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်။ အမှုယူရမှာ ကိုယ့်အလှည့် မဟုတ်ပဲ ယူလိုက်ရတဲ့ အတိုင်ပင်ခံကြီးတစ်ယောက် သူငယ်ချင်းအရက်သမားတစ်ယောက်နဲ့ အမှုလိုက်စုံစမ်းဖို့ အကြောင်းပါလာတော့တယ်။ တရားခံကို သိနေပေမယ့် ကောက်ရိုးပုံထဲက အပ်ရှာသလို ရှာရခက်ခက်နဲ့ ဘယ်လို တွေကြိုးစားပြီး ရှာဖွေကြမလဲ၊ ရှာတွေ့တဲ့အခါမှာလည်း ဘာတွေဆက်ဖြစ်မလဲ၊ အတိုင်ပင်ခံလေးနဲ့ ရှေ့နေမလေးတို့ ဇာတ်လမ်းက ဘယ်လိုလဲ၊ ဘဏ်စာရေးကရော မိန်းမကို လွမ်းစိတ်နဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ သူတို့မျက်ဝန်းတွေက လျှို့ဝှက်ချက်တွေနဲ့အတူ စီးမြောရမှာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးပြောရမယ်ဆို နောက်ဆုံးမှ ဟင်ခနဲ ဟာခနဲ သိရမယ့် ဇာတ်သိမ်းလှည့်ကွက်တွေလည်းပါပါတယ်။ ဆက်ညွန်းနေရင် ကြာပါတယ် အော်စကာဆိုတာ အလကား ရထားတာမှ မဟုတ်တာ အေးဆေးလေး အချိန်ယူကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ် နောက်ပြီး မုဒိမ်းခန်းတွေမှာ ပွင့်ပွင့် လင်းလင်း ပြသထားတာတွေ ကိုယ်အင်္ဂါတွေ ပြသတာတွေ ပါတဲ့အတွက် သတိထား ကြည့်စေလိုပါတယ်ဗျ။ File size…1.81GB / 720MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 9m Genre ..... Drama , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Mystery
8 2009 130 mins
The Secret in Their Eyes
Invitation to a Murder
5.9

စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်သူမှန်ရင် ရှားလော့ဟုမ်းဝ‌တ္ထုတွေကို မကြိုက်တဲ့လူမရှိသလောက်ပါဘဲ။ ငယ်စဉ်က ရှားလော့ဟုမ်းဝတ္ထုစနက်နဲ့ စုံထောက်ရူးရူးခဲ့ဖူးသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ခဲ့တာပေါ့။ အခုဒီကားလေးထဲက ဇာတ်လိုက်ကျော်လေး Miranda Greenသည်လည်း ကျွန်တော်တို့လိုပဲ Mysteryတွေကိုနှစ်သက်တဲ့ စုံထောက်ရူးလေးတစ်‌ယောက်ပါပဲ။ စုံထောက်ရူးပီပီ သူ့ရဲ့mottoကတော့ "Every contact leaves a trace"ပါတဲ့။ Mirandaက ကမ္ဘာကျော်စုံထောက်ဝတ္ထုရေးတဲ့စာရေးဆရာ Agatha Christie ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စွန့်စားခန်းတွေကို နှစ်သက်သူဆိုလည်းဟုတ်ပါတယ်။ အမြင်စူးရှပြီး ထက်မြက်လွန်းတဲ့Miranda ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းမြင့်တဲ့Mirandaတစ်ယောက် သူ့ရဲ့ နုနုရွရွ ပန်းရောင်းရတဲ့အလုပ်နဲ့ နည်းနည်းလေးမှ မအပ်စပ်ဖြစ်‌လို့‌နေတာပေါ့။ လှပပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေမရှိတဲ့အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ Mirandaအတွက်တော့ Christie ရဲ့စာအုပ်တွေက သူအသက်ဆက်နိုင်မဲ့ အိုအေစစ်ပါပဲ။ ဒီလိုနဲ့ Mirandaဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Louis Findleyနဲ့ တွေ့ဆုံဖို့အတွက် ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ဆို အတွေးစုံနဲ့ဗျာများနေမှာပေမဲ့ စွန့်စားခန်းကိုငတ်မွတ်နေတဲ့ Mirandaကတော့ Christieရဲ့စာအုပ်‌တွေထဲကလိုစူးစမ်းရှာ‌ဖွေထောက်လှမ်းအခွင့်အရေးကို အရယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကျွန်းကိုသွားတဲ့လမ်းမှာ သိလိုက်ရတာကတော့ သူနဲ့အတူ သူနဲ့တစ်ခါမှမသိကျွမ်းဖူးတဲ့ လူ ၅ ယောက်ကိုပါ အတူတူဖိတ်ခေါ်ထားတယ်ဆိုတာကိုပါပဲ။ Louis Findleyဆိုတာနဲ့ အထည်အလိပ်လုပ်ငန်းပိုင်ရှင် ဘီလီယံနာဆိုတာကလွဲလို့ ဘာမှကိုမသိရလောက်အောင် ဓာတ်ပုံပါရှာမရလောက်အောင် သိုသိပ်လွန်းတဲ့ တစ်ကိုယ်တော်နေရတာကိုပဲကြိုက်တဲ့ သူဌေးကြီးရဲ့ဖိတ်စာက Mirandaတို့ ၆ ယောက်ဆီကို ဘာဖြစ်လို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ။ သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပေမဲ့ တကယ်ရောက်လာချိန်မှာ Findleyတစ်ယောက် ဘာလို့ထွက်မတွေ့ဘဲရှောင်နေပြီး ဝန်ထမ်းတွေနဲ့ လွှတ်ထားတာလဲ။ ကျွန်း‌ကိုရောက်လာတဲ့ အခြားလူ ၅ ယောက်မှာရော ဘာအကြံတွေရှိနေကြတာလဲ။ ပဟေဠိတွေနဲ့ပြည့်နှက်နေတဲ့ ဒီကျွန်းလေးရဲ့လျှို့ဝှက်ချက်ကို Mirandaတစ်ယောက် ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုခံစားရင်း အဖြေရှာလိုက်ကြရအောင်ပါ။ File size…(1.6 GB)/(700 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Mystery Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Adventure • Drama • Family
5.9 2023 93 mins
Invitation to a Murder
Robin Hood: Prince of Thieves
6.8

ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်း အဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။ Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီး တွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာ ခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။ ဒါပေမဲ့သူပြန်‌ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေ ကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူး အလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိ အိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေ လွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့ တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲ ရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်‌တွေကိုစတင်‌ နှောင့်ယှက် ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။ သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့ ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရော ဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို Robin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး... File size…3.13GB / 1.22GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Fantasy • Romance • TV Movie
6.8 1991 143 mins
Robin Hood: Prince of Thieves
Wish Dragon
8

တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ကိုယ်တိုင် အသံသရုပ်ဆောင်ထားပြီး ၅၂၈ မေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံထားတဲ့ တရုတ်ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အခုတလော တရုတ်ကာတွန်းတွေလည်း အဆင့်မှီလာတာကို ကာတွန်းချစ်ပရိသတ်ကြီးတွေသိပြီးသားပါ။ ပုံစံကတော့ လူကြိုက်များခဲ့တဲ့ အာလာဒင်မီးခွက်စောင့်နတ်ကို အရှေ့တိုင်းပုံစံဖန်တီးထားတာပါ ။ မတူတာကတော့ ဇာတ်လမ်းပါ... အာရှတို့ရဲ့ထုံးစံအတိုင်း မေတ္တာတရားကိုအဓိကချပြထားတဲ့ ကာတွန်းကားလေးမို့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့်ကားလေး လို့ညွှန်းချင်ပါတယ်ခင်ဗျာ.. စိတ်ထားကောင်း သဘောကောင်းတဲ့ တင်းစီးကျီး တစ်ယောက်မမျှော်လင့်ဘဲ တရုတ်ရေနွေးခရားလေးတစ်လုံး ရရှိခဲ့ပါတယ်။ ခရားလေးထဲကနေ ထွက်လာတာက သူ့ရဲ့မိုက်ပြစ်ကြောင့် အပြစ်ဒဏ်ခံနေရတဲ့ မင်းသားကြီးဂျက်ကီချန်းသရုပ်ဆောင်ထားတဲ့ နဂါးကိုယ်တော်လေး ။ ကောင်းကင်ပေါ်ကိုပြန်တက်ဖို့ သခင်ဆယ်ပါးရဲ့ အလိုဆန္ဒကိုဖြည့်ဆည်းပေးရမယ်တဲ့။ ရွှေတွေငွေတွေအများကြီး ဆုတောင်းလို့ရပေမဲ့ တင်းစီးကျီး လေးကတော့ လိန လို့ခေါ်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ဆုတောင်းခဲ့ပါတယ်။ ကျန်တာတောင်း သူငယ်ချင်းဆုတောင်းတော့ မဖြည့်ပေးနိုင်ဘူးလို့ဆိုပြီး တင်းစီးကျီးနဲ့စကားများကြပါတော့တယ်.. လူ့သဘာဝကိုနားမလည်နိုင်တဲ့ နဂါးကိုယ်တော်... လူသားတွေရဲ့လောဘအကြောင်းကိုနားမလည်တဲ့ တင်းစီးကျီး.. အဖေ့အလိုကျ နေပေးနေရတဲ့ ရွှေသမီးလေး လိန... လောဘဇောတက်ပြီး မကောင်းမှုလုပ်နေတဲ့ လူဆိုးတစ်သိုက်တွေနဲ့ အရှေိ့တိုင်းဆန်ဆန် ဆုတောင်းပြည့်နဂါးမင်းကြီး ဘယ်လိုစခန်းသွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်... File size…1.4 GB and 2.3 GB Quality…. 720p and 1080p Format…mp4 Duration…. 1hr 38amin Subtitle….Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August

Drama
8 2021 99 mins
Wish Dragon
The Roommate

ကိုယ့်ကို အရမ်းရင်းနှီးပြီး အရမ်းတွယ်ကပ်နေတဲ့သူမျိုးကို တွေ့ဖူးလား ဒီဇာတ်ကားလေးမှာတော့ ဆာရာဆိုတဲ့ ကောင်မလေးနဲ့ သူ့ကို အရမ်းတွယ်ကပ်နေတဲ့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆာရာကတော့ အခုမှ ကောလိပ်စတက်မယ့် ကောင်မလေးတစ်ယောက်ပါ သူနဲ့ တစ်ခန်းထဲမှာ တူတူနေရတာကတော့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ရေဘတ်ကာဟာ အရမ်းချမ်းသာတဲ့ မိသားစုက လာခဲ့တာဖြစ်ပြီး သူနဲ့ပတ်သတ်လို့ တစ်ခုခု ထူးဆန်းနေခဲ့ပါတယ် တကယ်တော့ ရေဘတ်ကာဟာ စိတ်ရောဂါရှင်တစ်ယောက်ဖြစ်ပြီး သူဟာ သဘောကျတဲ့လူတစ်ယောက်ကို အရမ်းတွယ်ကပ်တတ်တာပါပဲ သူသဘောကျတာ ခံရတဲ့ ဆာရာတစ်ယောက်ကတော့ Guardian Devil တစ်ယောက်ရထားသလိုပါဖြစ်‌‌နေပါတော့တယ် ရေဘတ်ကာဟာ ဆာရာအတွက်ဆိုရင် လိုတာတွေရော မလိုတာတွေရော အကုန်လုပ်တဲ့အထိကို တွယ်ကပ်နေတာပါ ဆိုက်ကို တစ်ယောက်နဲ့ တစ်ခန်းတည်းနေရဲ့ ဆာရာတစ်ယောက် ဘာဆက်လုပ်မှာလဲ ရေဘတ်ကာကရော ဆာရာနဲ့ တူတူရှိနေဖို့ ဘာတွေများလုပ်မှာလဲ ဆိုတာကိုတော့ ကြည့်ရှူပေးကြပါဦးဗျာ File size…(1.3 GB)/(642 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Thriller • Horror • Comedy
0 2011
The Roommate
The Family Plan
6.2

Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့ အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရ ကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူ ကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာ နီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့ နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစား လုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေ ပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို ဖွင့်မပြောဘဲ အပမ်းဖြေ ခရီးလိမ်ပြီးခေါ်လာပြီး တစ်လမ်းလုံး မိသားစုမသိအောင် ရန်သူတွေကို တိတ်တိတ်လေးကြိတ်ရှင်းရတာကမျိုးနဲ့ ရိုက်ထားတာမို့ကြည့်လို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File size…4.71GB / 2.06 GB / 989MB Quality…WEB-DL 4K HEVC /1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr. Anderson

6.2 2023
The Family Plan
[18+] Foursome
6.5

Foursome (2023) ဒီနိုနဲ့ ဂျီနာတို့ဟာ ငယ်သူငယ်ချင်းတွေဘ၀ကနေ ညားသွားကြတဲ့ လင်မယားနှစ်ယောက်ပါ။ ငွေကြေးဥစ္စာပြည့်စုံသလို အချင်းချင်းလည်းချစ်ကြင်နာကြတဲ့ သူတို့နှစ်ယောက်ဘ၀မှာ အကြီးမားဆုံးပြဿနာကတော့ ဒီနိုရဲ့ ယောက်ျားဘာ၀အားနည်းမှုကြောင့်ပါပဲ။ ညားကာစခြောက်လလောက်အထိ အဆင်ပြေနေပေမဲ့ နောက်ပိုင်းဇာတ်ရှိန်တက်မှ ညှိုးကျသွားတဲ့ ဒီနိုရဲ့ပန်းကလေးကြောင့် ဂျီနာတစ်ယောက် ဟာစလာဖြစ်ပြီး ကျန်ခဲ့ရတာအခါခါဆိုတော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကီကီနဲ့မိန်းမချင်း နှစ်ပါးသွားကြပါတော့တယ်။ ဒီနိုဘက်ကလည်း သူ့ရဲ့ပြဿနာကိုအဖြေရှာဖို့ ဒီအပိုင်းမှာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာခရစ်စ်နဲ့တိုင်ပင်ရင်း သူကပါ ဒေါက်တာခရစ်စ်နဲ့အမျိုးသားချင်း သဒ္ဒါလွန်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒေါက်တာခရစ်စ်နဲ့ ဂျိမ်းပြီးတဲ့နောက်မှာ သူ့ရဲ့ညှိုးငယ်တဲ့ပြဿနာ ပျောက်ချင်းမလှပျောက်သွားပြီး သူဟာတွန်းနှိုးတစ်ယောက်ဖြစ်တယ်ဆိုတာ သိလိုက်ရချိန်မှာတော့… ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ကြမလဲ၊ ပြဿနာတွေဘယ်လိုတက်ပြီး အဖြေကိုဘယ်လိုရှာတွေ့ကြမလဲဆိုတာ လေးထပ်ကိတ်ဇာတ်ကားကြီးမှာ ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

6.5 2023 108 mins
[18+] Foursome
Just the Two of Us
6.6

လူတွေပြောနေကျ စကားတစ်ခွန်းရှိတယ်…။ အချစ်တစ်ခုတည်းနဲ့မပြည့်စုံဘူး…နှစ်ကိုယ်တူဘဝတည်ဆောက်ဖို့ဆို မေတ္တာ၊သစ္စာ၊ ဥစ္စာ ပြည့်စုံဦးမှ ဘာဘာညာညာပေါ့….။ ဒီအရာတွေပြည့်စုံပြီပဲထား နှစ်ယောက်တစ်ဘဝကို တကယ်တမ်းတည် ဆောက်လို့ရပြီလား ခိုင်မြဲပြီလား…..။ ဒီအချက်တွေအပြင် ကျွန်တော်တို့ မျက်စိအောက်တင်ဘဲ မေ့လျော့နေခဲ့တဲ့ အခြားအရေးကြီးအချက်ရှိပါသေးတယ်…။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် mental support၊စိတ်ခွန်အားပေးဖို့၊ တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို အလေးထားပြီး psychological freedom သူ့ကိုယ်ပိုင်စိတ်လွတ်လပ်ခွင့်ထားပေးဖို့လည်းလိုပါသေးတယ်….။ ဒါတွေ မပေးဆပ်နိုင်ဘဲ အရမ်းချစ်တယ်ဆိုပြီး နှုတ်ကသာ တစ်ဖွဖွ ချစ်တယ်ပြောရင်းနဲ့…. ကိုယ့်လက်တွဲဖော်ကို အပိုင်သိမ်းပိုက်ချုပ်ချယ် ထားချင်မယ်ဆိုရင်တော့ ကိုယ့်အချစ်ကသူ့အတွက် မွန်းကြပ်စရာတွေ သာဖြစ်လာမှာပါ…။ ဒီအချိန်ကျရင်တော့ အချစ်ဟာကြောက်ဖို့ကောင်းသွားပြန်ပါပြီ…။ အတ္တအချစ်စိတ်ဟာ ဘယ်လောက်ထိ မွန်းကြပ်စေနိုင်လဲ၊ ဘယ်လိုရုန်းထွက်မှလွတ်မလဲဆိုတာကို ဒီပြင်သစ် psychological dramaလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.68 GB / 868 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.6 2023
Just the Two of Us
Operation Laila
7.5

Operation Laila (2024)”လိုင်လာအော်ပရေးရှင်း” ================================== Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီး အန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။ တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့ လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.5 2024 124 mins
Operation Laila
Amanda
6.6

၂၀၂၂ ထွက်အီတလီ ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်……အသိုင်းအဝိုင်းနဲ့နေတဲ့ လူ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့အတွေးအခေါ်က သူများတွေနဲ့ လိုက်လျောညီထွေမဖြစ်ဘူးဆို ဘယ်လောက်ခက်ခဲမလဲ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာလေးကိုရိုက်ပြထားတဲ့ကားလေးပါ….. ဒီကားလေးမှာတော့ အသက် ၂၄ နှစ်အထိ သူငယ်ချင်းတစ်ယောက်မှ မရှိတဲ့ အမန်ဒါ ကတကယ့်လူဂွစာပါ အဲဒါကြောင့် သူငယ်ချင်းတွေ ရည်းစားတွေရဖို့အတွက် သူ့ရဲ့ ထူးခြားတဲ့အတွေးအခေါ်တွေနဲ့ အကောင်အထည်ဖော်ကြိုးစားပြီး အခက်အခဲတွေအလွဲ တွေနဲ့ ရင်ဆိုင်ရတာကို ရိုက်ပြထားပါတယ်။ File size…(1.6 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Action • Thriller
6.6 2022 94 mins
Amanda
The Searchers
7.8

The Searchers (1956) ~ IMDb – 7.8/10, Rotten Tomatoes – 87% ~ ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို “King of Directors” လို့ပြောဖူးတယ်။ Jean-Luc Godard ဆို The Searchers ရဲ့ ဇာတ်သိမ်းခန်းကို Ulysses နဲ့ Telemachus ပြန်ပေါင်းစည်းကြတဲ့အခန်းနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ဖူးတယ်ဆိုတယ်။ Alfred Hitchcock ဆို ဂျွန်ဖို့ဒ် ရုပ်ရှင်တွေရဲ့အပြဟာ အရာရာလှပတယ်လို့ပြောဖူးတယ်။ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ခဲ့ကြဖူးတဲ့ Citizen Kane ရဲ့ ဒါရိုက်တာနဲ့မင်းသား Orson Welles ကို တစ်ခါသား သူအကြိုက်ဆုံး ဒါရိုက်တာသုံးယောက်နာမည်မေးတော့ “ကျွန်တော်က ဆရာ့ဆရာကြီးတွေကို ကြိုက်တာဗျ။ ဥပမာဆို ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ်ပေါ့” လို့တောင် ဖြေဖူးတယ်။ Andrei Tarkovsky ကလည်း ဖို့ဒ်က သူ့အကြိုက်ဆုံး ဒါရိုက်တာတွေထဲပါတယ်လို့ ဖြေဖူးတယ်။ သူတို့လိုလူတွေအပြင် ဂျွန်ဖို့ဒ်ကိုကြိုက်တဲ့ထဲ Satyajit Ray တို့၊ Jean Renoir တို့၊ Federico Fellini တို့၊ Francois Truffautတို့၊ Ingmar Bergman တို့၊ Stanley Kubrick တို့၊ Sergio Leone တို့လို ရုပ်ရှင်သမိုင်းရဲ့ထိတ်ထိတ်ကြဲတွေတောင်ပါပါတယ်။ သူတို့ထက် နှောင်းတဲ့ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ စတိုရှိခွန်တို့ စကောဆဲစီတို့လိုလူ‌တွေလည်း မနည်းဘူး။ David Lean ရဲ့ ဂန္ထဝင်ဖြစ်တဲ့ Lawrence of Arabia ကလည်း The Searchers ကို Inspiration ယူခဲ့တယ်လို့ David Lean ကိုယ်တိုင်ပြောဖူးတယ်။ Landscape တွေကို ဘယ်လိုရိုက်ရမလဲဆိုတာကို ဒီကားကို ကြည့်ပြီးလေ့လာခဲ့တာပါတဲ့။ နောက်ထူးခြားတဲ့အချက်ကတော့ ဂျွန်ဖို့ဒ်ဟာ ဒီလောက်ဆရာကျတဲ့ ဒါရိုက်တာဖြစ်ခဲ့ပေမဲ့ စတိုရီဘုတ်လုံးဝမသုံးပါဘူး။ သရုပ်ဖော်ထားတာရော စာနဲ့ရေးထားတာရော မသုံးခဲ့ပါဘူး။ ဒိုင်ယာလော့စာရွက်သက်သက်လောက်ပဲ သုံးခဲ့တယ်။ ဒါက ဝေါင်ကာဝေးလည်း ဒီလိုလုပ်တယ်ကြားဖူးပေမဲ့ ဝေါင်ကာဝေးရဲ့ ကာရိုက်တာတည်ဆောက်ပုံနဲ့ မသုံးတာက ဆန်းတောင် မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပေမဲ့ ဂျွန်ဖို့ဒ် ကာရိုက်တာတည်ဆောက်ပုံနဲ့ စတိုရီဘုတ်လုံးဝမသုံးဘဲ ဒီလိုပုံစံထွက်တာက ဂျွန်ဖို့ဒ်က လူလွန်မသားပါလို့ ပြောနေသလိုပါပဲ။ အခု ဒီ The Searchers ကတော့ ဂျွန်ဝိန်းနဲ့ ဖို့ဒ်တွဲဖက်ထားတဲ့၊ Lawrence of Arabia ကားရဲ့ မြစ်ဖျားခံရာဖြစ်တဲ့၊ ဖို့ဒ်ရဲ့အကောင်းဆုံးတွေထဲက တစ်ကားပါပဲ။ ဖို့ဒ်ဟာ Western ကားတွေကို အခန်းတိုင်းမလွတ်လှနေအောင် ရိုက်ပြနိုင်တဲ့အချက်နဲ့လည်း ကျော်ကြားပါတယ်။ အခုကားကိုလည်း Western ကားတွေရိုက်ရင် သူအကြိုက်ဆုံးလိုကေးရှင်းတွေထဲက တစ်ခုဖြစ်တဲ့ Monument Valley မှာပဲရိုက်ထားတယ်။ နောက် ဒီထဲကဇာတ်ကောင် အီသန်ဟာ ဂျွန်ဝိန်းသရုပ်ဆောင်ဖူးသမျှထဲ အကြိုက်ဆုံးဇာတ်ကောင်ဖြစ်ခဲ့ပြီး သူ့သားနာမည်ကိုပါ ဒီဇာတ်ကောင်နာမည်ပေးထားခဲ့ပါတယ်။အမေရိကန်ဖလင်အင်စတီကျူ့ကလည်း Greatest American Western လို့ သမုတ်ခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ Texas–Indian စစ်ပွဲကာလမှာ တည်ထားတယ်။ တက္ကဆက်သားတွေနဲ့ အင်ဒီးယန်းတွေ သူသတ်ကိုယ်သတ်လုပ်နေကြတဲ့ ကာလပေါ့။ အဓိကဇာတ်ကောင်ကတော့ အဲဒီကာလက ပြည်တွင်းစစ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ အီသန်။ စစ်ကြီးပြီးတာတောင် စစ်ရှုံးသွားတာတောင် အရှုံးပေးချင်စိတ်မရှိတဲ့ ဘုကလန့်စစ်ပြန်ကြီးတစ်ယောက် ညီနဲ့ညီမ တူတွေတူမတွေရှိတဲ့ အိမ်ကလေးကို ပြန်လာတာကနေ ဇာတ်ကိုစထားတယ်။ သူရောက်ပြီးသိပ်မကြာခင်မှာပဲ အင်ဒီးယန်းတွေက သူတို့မြို့ကို လာတိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်။ ဒီလိုနဲ့ သူအပါအဝင်တက္ကဆက်ရိန်းဂျားတွေက အဲဒီလူနီရိုင်းတွေကို သတ်ဖို့လိုက်ကြတယ်။ ဒါပေမဲ့ သူတို့မျှားခေါ်ခံလိုက်ရတာဖြစ်နေပြီး သူ့ညီအိမ်ကို ဖျက်ဆီးပြီး သူ့ညီတစ်မိသားစုလုံး အသတ်ခံခဲ့ရတယ်။ သူ့တူမလေးတွေလည်း အဖမ်းခံခဲ့ရတယ်။ ဒီလိုနဲ့အီသန်ဟာ သူ့တူမလေးတွေကို ပြန်ကယ်ဖို့ရော ကလဲ့စားချေဖို့ရော နေရာအတည်တကျမရှိဘဲ လှည့်ပတ်နေထိုင်နေတဲ့ လူနီရိုင်းတွေနောက်ကို ခြေရာကောက်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ The Searchers ဟာ ဂျွန်ဖို့ဒ် ပီပီသသ အခန်းတိုင်းလှနေတဲ့ Landscape စီနီမာတိုဂရပ်ဖာအလန်းစားတွေနဲ့ကြည့်ရမယ့် အကောင်းဆုံး Western ကားတွေထဲက တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.31GB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 59Min Genre – Adventure, Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1956 119 mins
The Searchers
Mayavanam

Mayavanam (2024) ဆေးကျောင်းသားလေးယောက်စွန့်စားခန်းဆေးကောလိပ်တစ်ခုက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ‌ဖြစ်ကြတဲ့ ရှန်ကူ ၊ မာလူ ၊ တိုင်ဆက် ၊ လာချူးတို့ လူငယ်လေးယောက်က ကျောင်းသားအရေး ကျောင်းအရေးတွေမှာ တက်တက်ကြွကြွလှုပ်ရှားကြတဲ့ လူငယ်လေးယောက် ။ တစ်နေ့ဆေးနဲ့ပတ်သတ်တဲ့ ကမ်ပိန်းသွားလုပ်ရင်း လူမိုက်တစ်ဖွဲ့နဲ့ပြဿနာဖြစ်လာတယ် ၊ အဲဒီလူမိုက်အဖွဲ့ထဲမှာ အကောင်ကြီးကြီးအနွှယ်တွေပါနေတာကြောင့် ကျောင်းအုပ်ကြီးက ပြဿနာတွေရှုပ်မလာအောင် သူတို့လေးယောက်ကို သူ့သူငယ်ချင်းရဲ့ အပန်းဖြေအိမ်ကို ခဏပို့လိုက်တယ် အဲဒီသွားတဲ့လမ်းမှာလည်း မဟုတ်မခံဇာတ်ဇာတ်ကြဲလေးလာချူးက သူ့လာကြောင်တဲ့အကောင်တစ်ကောင်နဲ့ ပြဿနာထပ်ဖြစ်ရော ။ ရှောင်တယ်လို့မတွေးဘဲ ကျေးလက်မှာခဏပျော်ကြမယ်လို့တွေးပြီးရောက်လာတဲ့ သူတို့လေးယောက်ဆီ မထင်မှတ်ထားတဲ့‌အန္တရာယ်တွေရောက်လာချိန်မှာတော့……. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်

0 2024 103 mins
Mayavanam
My Favourite Cake Keyke mahboobe man
7.5

My Favorite Cake ( 2024) IMDb Rating (7.5) / Rotten Tomatoes (100%) အနောက်တိုင်းနာမည်ကြီးမဂ္ဂဇင်းများပါမှာပါ ဖော်ပြခံရတဲ့ထိနာမည်ကြီးနေတဲ့ အီရန်ဇာတ်ကားကောင်းတစ်ခု အသက်၇၀အရွယ် “မဟင်း” (Lili Far -adpour)ဟာသားသမီးများနိုင်ငံခြားကိုထွက်ခွာသွားကြပြီးတဲ့နောက်အိမ်ထဲမှာတစ်ယောက်တည်းအဖော်မရှိနေနေရပါတယ်။ သူငယ်ချင်းများနဲ့လည်းတစ်နှစ်မှတစ်ခါလောက်ဆုံရပြီး အထီးကျန်စွာနေရတဲ့ရက်တွေများလာတဲ့အခါ နှစ်သုံးဆယ်လုံးအဖော်မရှာပဲနေလာတဲ့“မဟင်း”တစ်ယောက် သူငယ်သူချင်းတွေရဲ့တိုက်တွန်းတာကြောင့်အဖော်ရှာဖို့တွေးလာတဲ့အခါ တက္ကစီကားမောင်းတဲ့ဖာရမ်မာ့ဇ်(Esmae-el Mehrabi)ကို ပင်စင်စားစားသောက်ဆိုင်မှာအမှတ်မထင်တွေ့ရာကနေ သူ(မ)ကပဲစုံစမ်းစမိတ်ဖွဲ့ပြီးသူ့အိမ်ကိုလိုက်လည်ဖို့ခေါ်ရာမှမထင်မှတ်တဲ့အလှည့်အပြောင်းတွေကြုံရတာကိုရိုက်ပြထားတာဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အထီးကျန်ရတဲ့အခြေအနေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်နေတဲ့အချက်တွေ လူသားတွေပဲမို့အချစ်နဲ့ရော ရာဂနဲ့ပါမကင်းနိုင်တဲ့ပုထုဇဥ်လူသားတွေရဲ့သဘာဝကိုလည်း ရဲရဲတင်းတင်းချပြထားတာတွေ့ရပါတယ်။ သဘာဝဆန်ဆန်နဲ့တကယ့်အပြင်ကလူတွေရဲ့စရိုက်ကိုရိုက်ပြထားနိုင်တာသဘောကျစရာကောင်းပါတယ်။ ဒီဇာတ်ကားမှာ အီရန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေစီးပွါးရေးအခြေအနေနဲ့တင်းကျပ်ထားတဲ့အခြေအနေတစ်ချို့ကို ခပ်ပါးပါးချပြထားတာတွေ့ရပါတယ်။ ဇာတ်ကားကိုအီရန်မှာဖြန့်ချီတာမဟုတ်ပဲဇာတ်ကားကို ကော်ပီတစ်ခုကူးထားပြီးဂျာမဏီနီရုပ်ရှင်ပွဲတော်မှာစပြသပြီး ဂျာမဏီနိုင်ငံမှာဖြန့်ချီတာဖြစ်ပါတယ်။ အီရန်နိုင်ငံက ဒါရိုက်တာနှစ်ယောက်နဲ့အဓိက အမျိးသမီးသရုပ်ဆောင် လီလီဖာရက်ပူးကိုခရီးသွားခွင့်တားမြစ်ထားပါတယ်။ အီရန်နိုင်ငံအတွင်းမှာတော့ဒီရုပ်ရှင်ဟာအမျိုးသမီးတွေ ဆံပင်ကိုဖော်ထားတာဝိုင်သောက်တာနဲ့ ကတာအတွက်အငြင်းပွားစရာဖြစ်နေတယ်လို့ဆိုပါတယ်။ ဆင်ဆာစည်းမျဥ်းအရဒါတွေကိုပြလို့မရပဲ ယခုဇာတ်ကားကဒါတွေကိုဖောက်ထွက်လာတာဖြစ်ပါတယ်။ ဒါရိုက်တာက Maryam Moghadamနဲ့ Behtash Sanaeehaတို့ဖြစ်ပါတယ်။ Rotten Tomato မှာကြည့်ရူသူ rating 100% ရထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာလည်းဆုရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.8 GB) / (850 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:37:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

7.5 2024 97 mins
My Favourite Cake Keyke mahboobe man
Anxiety
6.1

polish- german ပူးပေါင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးက မယ်ဂိုဇာတာနဲ့ လုပ်ခ့်ခါဆိုတဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးတဲ့ဆက်ဆံရေးကို ခရီးစဉ်တိုလေးတစ်ခုမှာ မြင်တွေ့ ရမှာဖြစ်ပါတယ်။ မယ်ဂိုဇာတာက ကင်ဆာရောဂါခံစားနေရသူဖြစ်ပြီး လူ့လောကကို စွန့်ခွာချင်သူပါ၊ သူ့ညီမဖြစ်သူ လုခ့်ခါကတော့ သူ့ဘဝကို အရှုံးမပေးဘဲ ဆက်တိုက်ခိုက်နိုင်အောင် အားပေး နိုင်တယ်လို့ ယုံကြည်ပါတယ်။ အတိတ်က အကြောင်းတွေနဲ့ ငိုကြ ရယ်ကြ ၊ ရန်ဖြစ်ကြရင်း ညီအစ်မနှစ်ယောက်ကြားက real ဖြစ်တဲ့ ဆက်ဆံရေးမျိုးကို ဝမ်းနည်းဝမ်းသာ တစိမ့်စိမ့် ခံစားကြည့်ရှုရမှာပါ။ Magdalena Cielecka က မယ်ဂိုဇာတာ အဖြစ်ပါဝင်ထားပြီး Marta Nieradkiewicz က လုခ့်ခါအဖြစ် သရုပ်ဆောင်ထားပါတယ်။ File size… (1.39 GB) / (751 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Drama • Romance
6.1 2024 96 mins
Anxiety
3BHK
7.6

3BHK (2025) နွေးထွေးတဲ့ အိပ်မက်အိမ်ကလေး IMDb -7.6/10 သာမန်မိသားစုလေးတစ်ခုရဲ့ ရိုးရှင်းနွေးထွေးတဲ့ အိပ်မက်လေးတစ်ခုအကြောင်းကို ဒရာမာခပ်နည်းနည်းနဲ့ တင်ပြထားတဲ့ ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အိမ်ပိုင်မဟုတ်တဲ့ အိမ်ထောင်စုလေးတစ်ခုရဲ့ အခန်းကိုယ်စီနဲ့အိမ်လေးရဖို့ ကြိုးစားမှုလေးက အတော်လေးချစ်စရာကောင်းတာမလို့ ခုပဲ ရှုစားလိုက်ရအောင်ပါ။ ဗာဆူဒေဗန်က သားတစ်ယောက် သမီးတစ်ယောက်ရှိတဲ့ မိသားစုလေးရဲ့ အိမ်ထောင်ဦးစီး သူ့ရဲ့ ကာလရှည်ကြာအိပ်မက်တစ်ခုက မြို့ထဲမှာ အခန်းကိုယ်စီပါတဲ့ တိုက်ခန်းကောင်းကောင်းတစ်လုံး ဝယ်ဖို့ပါပဲ။ ဒါပေမဲ့ ရတဲ့လစာနဲ့ မိသားစုတွေစားစရိတ် သားသမီးတွေရဲ့ ကျောင်းစရိတ်က လောက်ငှရုံလေးဆိုတော့ အိပ်မက်က လိုက်လေပြေးလေ တွေးလေဝေးလေဖြစ်နေတာပေါ့။ ဒီလိုနဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ အိမ်ဝယ်တော့မယ်လို့အတွေး မြို့ထဲကတိုက်ခန်းကို ငေးကြည့်နေတဲ့ အဖေ့ရဲ့ဆွေးရိပ်ထင်နေတဲ့မျက်နှာကိုကြည့်ပြီး သူတို့တစ်မိသားစုလုံး အိမ်ဝယ်ဖို့ ကြိုးစားပါတော့တယ်။ ကဲ သူတို့အိပ်မက်ထဲက Home sweet homeလေးကို ပိုင်ဆိုင်ခွင့် ရသွားကြမလားကတော့ အတူရှုစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှပဲဖြစ်ပါတယ်)

Action • Drama
7.6 2025 139 mins
3BHK