YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sunny - Our Hearts Beat Together (Sunny - Tsuyoi Kimochi Tsuyoi Ai) [2018] (MM Sub).mp4

1.25 GB 720p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sin City: A Dame to Kill For
6.4

2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ တစ်ဆက်တည်းမဟုတ်မှန်းသိသာခဲ့ပေမဲ့ ဒီကားကတော့ တစ်ဆက်တည်းလိုလိုတော့ လုပ်ထားတယ်။ ဒီကားက အဖြစ်တွေမှန်သမျှ တစ်ဆက်တည်းလို့ ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတော့ သူ့ Timeline ကို ပြန်စီချင်ရင် ဒီကားရဲ့အစဉ်ကို ဗဟိုထားပြီး ပထမကားက အပိုင်းတွေကို ဖြည့်လိုက်မှရမယ်။ Clive Owenကလွဲ ကျန်တဲ့ဇာတ်ကောင်တွေမှာ အရင်သရုပ်ဆောင်တွေပဲ သရုပ်ဆောင်ထားတယ်။ အသစ်တွေလည်းပါတယ်။ ဒီကားရဲ့ ဒါရိုက်တာနှစ်ယောက်က ခေတော့မခေဘူး။ တစ်ယောက်က မူရင်း ဂရပ်ဖစ်နိုဗယ်ရဲ့ စာရေးဆရာ ။ နောက်တစ်ယောက်က တာရန်တီနိုနဲ့ တစ်ယောက်တစ်ခြမ်းရိုက်ဖူးသလို သူ့ကားမှာလည်း တာရန်တီနိုကိုထည့်သုံးဖူးတဲ့ဘဲ။ ပထမကားရိုက်တာမှာလည်း တာရန်တီနို အကြံယူလိုက်တာလား။ ဝင်ရိုက်ပေးတာလားတော့မသိ ရှိတော့ရှိခဲ့တယ်။ သူကိုယ်တိုင်လည်း Mexico Trilogyလို့ခေါ်တဲ့ နာမည်ကြီး Trilogy ကို ရိုက်ထားဖူးတယ်။ သူရိုက်ခဲ့တဲ့ထဲ Alita: Battle Angelတို့ Once Upon a Time in Mexicoတို့ From Dusk Till Dawnတို့တော့ လူတော်တော်သိလောက်မယ်။ Spy Kidsထွက်သမျှကားတွေအကုန်လည်း သူပဲရိုက်ထားတာ။ ဒီကားကပထမကားထက် နည်းနည်းတော့ လျော့သွားပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်နေတုန်းအပြင်ကို ထူးခြားချက်က ဒီကားထဲက အီဗာဂရင်းရဲ့ဇာတ်ကောင်က ရုပ်ရှင်သမိုင်းတစ်လျှောက်က noir ရုပ်ရှင်တွေထဲက နာမည်ကြီး black widowကာရိုက်တာတွေကို Homage ပေးထားတယ်လို့ ပြောကြတယ်။black widowဆိုတာက ကိုယ့်လင် ကိုယ့်ရည်းစားကို သတ်တဲ့ မိန်းမကိုခေါ်တာ။ Double Indemnityတို့ The Postman Always Rings Twice တို့ထဲက ကာရိုက်တာတွေကိုပေါ့။ Sin City: A Dame to Kill Forဟာ ပထမကားထက် ကြမ်းကြုတ်ရက်စက်တာတွေလျော့သွားပေမဲ့ ပထမကားထက်တော့ ပိုဆွဲဆောင်မှုရှိတဲ့ကားဆိုတာတော့ အီဗာဂရင်းနဲ့တင် အာမခံလို့ရပါတယ်။ ပထမကားလိုပဲ ရုပ်ရှင်ကြည့်ရတာနဲ့မတူဘဲ neo-noir comicsစာအုပ်တစ်အုပ်ဖတ်ရသလို အရသာမျိုးရစေမယ့်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB)/(1.3 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:42:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Action • Drama • Mystery • TV Movie
6.4 2014 102 mins
Sin City: A Dame to Kill For
Moving On
6.2

ကလဲရာ၊ အက်ဗ်လင်းနဲ့ ဂျွိုက်စ်တို့ဟာ ကောလိပ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပြီး အိမ်ထောင်ကိုယ်စီကျသွားလို့ ဝေးသွားကြသူတွေပါ။ အဘွားအရွယ်ကိုရောက် မြေးတွေရလို့ရနဲ့ ဘဝရဲ့သက်တမ်းအတော်များများကိုဖြတ်သန်းပြီးခဲ့ကြပါပြီ။ ဒီလိုနဲ့ ဂျွိုက်စ် ကွယ်လွန်သွားတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့အသုဘကိုလာရင်း လေဒီကြီးနှစ်ယောက်ပြန်ဆုံစည်းမိကြပါလေရော။ ဇာတ်လမ်းကခုမှစမှာပါ။ သူတို့ဒီအသုဘကို လာခဲ့တာက အခြားရည်ရွယ်ချက်တွေ ကိုယ်စီကိုယ်စီနဲ့ပါ။ ပြောရရင် ကလဲရာဟာ ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူနဲ့က ရန်ကြွေးတွေရှိလို့ အသေသတ်ဖို့ကြံနေတာပါ။ အက်ဗ်လင်းကလည်း ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူကိုမကြည်တဲ့အကြောင်းရှိလို့ ကလဲရာကိုကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့တဲ့ သူတို့ကြားက ရန်ငြိုးကဘာဖြစ်မလဲ၊ လေဒီကြီးနှစ်ယောက်ကရော ဘယ်လိုအတူတကွပူပေါင်းလုပ်ကြံမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comdedyဇာတ်ကားလေးဖြစ်ပါတယ်။ File Size :(1.4GB) and (521MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Romance
6.2 2023 85 mins
Moving On
The Dark Knight
8.5

IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။ ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။ The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel Schumacher ရဲ့ ကလေးကြိုက် Batman Forever နဲ့ ဘယ်သူမှမကြိုက်တဲ့ Batman & Robin (၁၉၉၇မှာထွက်ခဲ့ပြီး Batman ကို ရုပ်ရှင် လောက ကနေ ခဏတာကွယ်ပျောက်သွားစေပါတယ်။) ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ Batman Begins နဲ့အတူ Batman နဲ့ Comic Book ရုပ်ရှင်တွေ ရုပ်ရှင်လောကကိုတကျော့ပြန် ဝင်လာခဲ့ပြီး ၂၀၀၈ ခုနှစ် ရဲ့ The Dark Knight ကတော့ ဘယ်သူမှမငြင်းပယ်နိုင်တဲ့ အကောင်းဆုံး Batman ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Batman Begins မှာ Gotham မြို့ကို ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ Batman/Bruce Wayne အနေနဲ့ သူ့ရဲ့ အဆိုးဝါးဆုံး ရန်သူ ဖြစ်တဲ့ Joker နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ The Dark Knight ကားက Joker နဲ့ Batman ကို တမူထူးခြားတဲ့ ရှု့ထောင့်ကနေတင်ဆက်ထားပြီးတော့၊ Joker အဖြစ်သရုပ်ဆောင်တဲ့ Heath Ledger ကလည်း၊ လူတကာကို ဒုက္ခပေးဖို့က လွဲရင်၊ ဖျက်လိုဖျက်ဆီးလုပ်ဖို့ကလွဲရင် ဘာကိုမှ မလိုချင်တဲ့ ဇာတ်ရုပ်အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Joker က ပိုက်ဆံ၊ အာဏာ၊ ရာထူး ဘာကိုမှ မမက်ပဲ၊ ဖျက်လိုဖျက်ဆီးလုပ် ဖို့နဲ့ Gotham မြို့တစ်မြို့လုံးကို သူလိုပဲ လူဆိုး လူရမ်းကားတွေဖြစ် လာအောင် လုပ်ဖု့ိ ရည်ရွယ်ချက်နဲ့ လုပ်နေတာတွေကို တားဆီးဖို့ Batman အနေနဲ့ လုပ်ရိုးလုပ်စဉ် ထဲက နေခွဲထွက်ပြီး Joker ကို ဖမ်းဖို့ကြိုးစားရပုံကို တကယ့် စုံထောက်ကား ကောင်းတစ်ကား အနေနဲ့ တင်ဆက်ထားပါတယ်။ Batman ရဲ့ Character မိတ်ဆက်ထဲမှာ ပြောထားသလိုပဲ Batman က Comic Hero တွေအားလုံးထဲမှာ The World Greatest Detective ဆိုတဲ့ ဘွဲ့ကိုရထားတဲ့ အတိုင်း ဒီကားမှာ သူ့ရဲ့ စုံထောက် စွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေး သာမက သူ့ရဲ့ တိုက်ရည်ခိုက်ရည်၊ စွန့်လွှတ်စွန့်စား နိုင်မှုတွေ ကိုပါ ပရိတ်သတ် ကြီး ကြည့်ရှုခံစားနိုင်မှာပါ။ ဒါ့အပြင် ဒီကားမှာ အဓိကသရုပ်ဆောင် Christian Bale ရဲ့ ပြီးပြည့်စုံတဲ့ Batman သရုပ်ဖော်မှု၊ ဒါရိုက်တာ ရဲ့ ရိုက်ကူးတင်ဆက်မှု၊ ထူးခြားတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံ၊ နက်နဲတဲ့ ဇာတ်အိမ်တည်ဆောက်မှုတွေနဲ့ ကွင်းဆက်မိမိ တက်ဆက်ထားနိုင်မှုတွေထက် ပိုပြီး ပြောစရာတစ်ခုရှိပါတယ်။ ဒါကတော့ Heath Ledger ရဲ့ နောက်ဆုံး သရုပ်ဆောင်မှုလည်းဖြစ်သလို အကောင်းဆုံး ဇာတ်ကောင်လည်းဖြစ်တဲ့ Joker ပါ။ Heath Ledger ရဲ့ The Joker က တကမ္ဘာလုံးက ပရိတ်သတ်တွေကို တုန်လှုပ်စေခဲ့ပြီး၊ ဗီလိန် တွေထဲမှာ ဆရာတစ်ဆူဖြစ်စေခဲ့ပါတယ်။ ဒီကားက Batman ရဲ့အကောင်းဆုံးကားဆိုရင် Joker က အကောင်းဆုံး ဗီလိန် ဖြစ်ပါတယ်။ Heath Ledger လည်း ဒီကားနဲ့ အကယ်ဒမီရခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားပါလို့ပြောလို့ရသလို၊ The Bourne Trilogy ထက်တောင် မှာ ပိုကောင်းတယ်ဆိုရင် ငြင်းမယ့်သူမရှိလောက်ပါဘူး။ ဒီကားက Batman Fan တွေနဲ့ Comic Book ပရိတ်သတ်တွေကို စိတ်ကျေနပ်မှု့အပြည့်အဝပေးနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ ဟာကွက် အနည်းငယ်ရှိပေမယ့် Batman, Gordon, The Joker နဲ့ Harvey Dent (Two Face) တို့ရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်လမ်းထဲမှာ မျောပါသွားပြီး ၂နာရီခွဲလုံး စိတ်လှုပ်ရှားစွာကြည့်ရမှာဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးနှစ်ယောက်ဖြစ်တဲ့ Michael Caine နဲ့ Morgan Freeman တို့ကလည်း ဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။ ဒီကားက ကလေးကြိုက် Batman ကားမဟုတ်သလို၊ ဖန်စီ အက်ရှင်ကားမဟုတ်ပါဘူး။ Crime/Action/Drama ကားဖြစ်ပြီး ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ #Sololay (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြပါသည်။) 4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။ Batman:The Dark Knight Trilogy ဇာတ်ကား ၃ ကားလုံးကို https://channelmyanmar.org/?s=batman+dark+knight   မှာကြည့်ပါ။ File size…(5.5 GB)/(2.2 GB)/(1.1 GB) Quality….IMAX 4K  HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….02:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Idiot MyoKo

Horror • Thriller
8.5 2008 152 mins
The Dark Knight
Detective Knight: Rogue
6.6

Halloween ရာသီမှာ ဇာတ်လမ်းတွေနဲ့ Chill ကြမယ့် ရုပ်ရှင်ပရိသတ်တွေ အတွက် မင်းသားကြီး Bruce Willis ရဲ့ စုံထောက်ရုပ်ရှင်အသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ လော့အိန်ဂျယ်လိစ် မြို့မှာ ပိုက်ဆံတွေတင်လာတဲ့ ထရပ်ကားကို အဖွဲ့တစ်ဖွဲ့က ဓားပြဝင်တိုက်ပါ‌တော့တယ်။ စုံထောက် နိုက်တ်နဲ့ သူ့တွဲဖက် ဖစ်ဇ် တို့လည်း ဓားပြတွေကို ဖမ်းဆီးဖို့ ကြိုးစားရင်း၊ ဖစ်ဇ်တစ်ယောက် သေနတ်အပစ်ခံရပြီး အရေးပေါ်ကိုရောက်သွားပါတော့တယ်။ နိုက်တ်လည်း အဆိုပါအဖွဲ့ကို လိုက်ဖမ်းဖို့ ရေကုန်ရေခမ်းကြိုးစားပါတော့တယ်။ သို့သော် ထိုအဖွဲ့က မြို့တွေ တစ်မြို့ပြီး တစ်မြို့သွားပြီး ဓားပြတိုက်နေသလို ခြေရာလက်ရာဖျောက်တဲ့နေရာမှာလည်း သေသပ်တာမို့ ဖမ်းလို့မမိဖြစ်နေပါ တော့တယ်။  နိုက်တ်လည်း ထိုအဖွဲ့ကို နယူးယော့ခ်မြို့မှာ ခြေရာခံမိရင်း အတိတ်က ပတ်သက်ခဲ့ဖူးတဲ့ သတင်းပေး ဝင်းနာ ဆိုတဲ့လူနဲ့ ပြန်လည်တွေ့ဆုံရာကနေ ဘယ်လိုမျိုး အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နိုက်တ်အနေနဲ့ သရုပ်ဆောင်ထားတာကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး Bruce Willis ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.68 GB) / (630 MB) / (350 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Thriller Translator.......Leonard Lin Encoder..........SWM

Drama
6.6 2022 105 mins
Detective Knight: Rogue
Twelve Monkeys
7.6

ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။ 1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။ ဆိုတော့ကာ ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။ ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ ကိုးလ်ရောက်သွားတာ ၁၉၉၀ပါ။ လမ်းမပေါ် ပလတ်စတစ်အကြည်သား ဝတ်စုံကြီးဝတ် အတွင်းခံကလွဲအထင်းသားမြင်နေရတဲ့ ကိုးလ်ကို ၁၉၉၀က လူတွေ ပို့လိုက်တဲ့တစ်ခုတည်းသောနေရာက အရူးထောင်ပါပဲ။ ဒီရုပ်ရှင်မှာ အရာအားလုံးက အကျိူးအကြောင်းတစ်ခုနဲ့ ဖြစ်‌နေကြတာပါ။ ဒီလိုနဲ့ 12monkeysရှိတောင်မရှိသေးတဲ့ ကာလကို ရောက်လာတဲ့ ကိုးလ်ဟာ သူတွေ့သင့်လား ‌မတွေ့သင့်လား ကျွန်တော်တို့တောင် မရေရာတဲ့ လူတွေနဲ့ တွေ့ခဲ့ရပါတယ်။ အနာဂတ်ကလာတယ်ပြောပေမယ့် သက်သေပြစရာမရှိတဲ့ ကိုးလ်ဟာ ဆေးရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် တိုက်ပိတ်ခံလိုက်ရပါတယ်။ ဆရာဝန်တွေလာစစ်တဲ့ အခါမှာတော့ လေဝင်ပေါက်ကလေးလွဲ ဘာမှမရှိတဲ့အခန်းကနေ ကိုးလ်ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတယ်။ သူ့ကို ဘယ်သူမှလည်း မတွေ့တော့ပါဘူး။ ခြောက်နှစ်အကြာ 1996မှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာကြီးနဲ့ ကိုးလ် ပြန်ပေါ်လာပြီး စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ကတ်သရင်းရေလ်လီကို ပြန်ပေးဆွဲခဲ့ပါတယ်။ ‌ဗိုင်းရပ်စ်ဖြစ်လာဖို့ အချိန်အရမ်းနီးနေပါပြီ။ 12Monkeysနောက်ကို ကိုးလ်လိုက်နေပေမယ့် လိုက်လေဝေးလေဖြစ်နေပါပြီ။ သူ့ကို ယုံကြည်တဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ရဲတွေလိုက်ရှာနေတဲ့ကြားကနေ ကိုးလ်ထပ်ပျောက်သွားပေမယ့် ကတ်သရင်းကတော့ ကိုးလ်ပေါင်ထဲက သူထုတ်ခဲ့တဲ့ကျည်ဆန်ဟာ ပထမကမ္ဘာစစ်ကဆိုတာ သိလိုက်ပြီ ပထမကမ္ဘာစစ်အတွင်းက ကိုးလ်လို့ယူဆရတဲ့လူတစ်‌ယောက်ဓာတ်ပုံကိုတွေ့လိုက်တဲ့အခါမှာတော့... Time Travleကား တစ်ခုပေမယ့် ပြချင်တဲ့ Conceptကတော့ အတော်များပါတယ်။ တိရိစ္ဆာန်အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ရဲ့ အစွန်းနှစ်ဖက်၊ Alfred Hitchcock ရုပ်ရှင်၊ အိုမာခယမ်ကဗျာ၊ နာမည်ကျော်သမိုင်းဖြစ်ရပ်တွေကို Refယူထားပြီး ဖြစ်ရပ်တွေ Dialougeတွေရဲ့ အချိတ်အဆက်က သေသပ်ပါတယ်။ ဒီရုပ်ရှင်နဲ့ Brad Pittပထမဆုံး အော်စကာ ဆန်ခါတင် ဝင်ထားပြီး Sound Trackတွေထဲ WOLFGANG AMADEUS MOEZARTရဲ့ Piano Concertoတောင်ပါပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__(2.5GB ) and (1.4GB) Quality__1080p ,720p IMDb Rating__8.0/10 Format__mp4 Duration__02:09:31 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama
7.6 1995 129 mins
Twelve Monkeys
Last Night in Soho
7.4

ဒီရုပ်ရှင်ကတော့ rating အတော်မြင့်တဲ့ Horror ရုပ်ရှင်ပါပဲ။ ၁၉၆၀ အငွေ့အသက်တွေ အပြည့်ပါတယ်။ ရိုက်ချက်အလှအပတွေ အပြည့်ပါတယ်။ ခေါင်းဆောင်မင်းသမီး နှစ်ယောက်ကလည်း Anya Taylor-Joy နဲ့ Thomasin McKenzie ဆိုတဲ့ စတားလေး နှစ်ယောက်ဖြစ်နေတယ်။ အတော်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အယ်လီဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် နယ်မြို့လေးတစ်ခုကနေ လန်ဒန်မှာ ဖက်ရှင်ကျောင်းတက်ဖို့ ရောက်လာခဲ့တယ်။ သ လန်ဒန်မြို့ပေါ်က မြို့ကြီးသူတွေနဲ့ အံမဝင်တဲ့အခါ ကိုယ်ပိုင်အခန်းလေးတစ်ခု ငှားနေလိုက်မိတယ်။ သူက ၁၉၆၀ သီချင်းတွေ ဖက်ရှင်တွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ပါ။ အဲဒီအခန်းလေးမှာနေရင်းနဲ့ ၁၉၆၀ တုန်းက အဖြစ်ဆိုးကြီးကြုံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို ဆက်တိုက် မျက်စိထဲမှာမြင်လာတယ်။ သူ့ဘဝကို ကိုယ်တိုင်ခံစားနေရသလိုကို တွေ့လာတယ်။ အဲဒီလိုနဲ့ သူ ဆက်တိုက်မြင်ယောင်နေတဲ့ ကောင်မလေးအတွက် တရားမျှတမှုကို ရှာဖွေရင်းနဲ့ ကြောက်စရာ အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့အခါ... File Size : (1.7 GB) & (900 Mb) Quality : Webrip HEVE, 1080p & 720p 5.1 CH Running Time : 1:56:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub)| Genre : Drama, Horror, Mystery Translated by CM Team Encoded by CM Team

Comedy • Drama
7.4 2021 117 mins
Last Night in Soho
Sanju
7.3

ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါ ============================================ ကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး ============================================ AK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ဟာ ထောင်နန်းစံရတော့ပါမယ် အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီ ဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ် ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ... တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ... ============================================ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ် ဒါရိုက်တာကလည်း 3 Idiots, PK နဲ့ Munna Bhai နှစ်ကားလုံးကို ရိုက်ကူးထားတဲ့ Rajkumar Hirani ဖြစ်နေတာကြောင့် ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပါပြီ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေ အနေနဲ့ IMDb 8.5/ 10 နဲ့ Rotten Tomatoes 50% အထိ ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ ကိုဇော်ထူးရေးပေးထားတာပါ) (ဘာသာပြန်သူတွေကတော့ CM ရဲ့ အိန္ဒိယလိုင်းဆရာကြီးနှစ်ပါးဖြစ်တဲ့ ကိုဇော်ထူးနဲ့ ညီညီကိုးပါ) File Size : (1.2 GB) Quality : NF WEB-DL 720p Running Time : 2hr 35min Format : Mkv Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEB-DL.H264.DDP5.1.DTOne Translated by Zaw Htoo & Nyi Nyi KOe Encoded by Thanhtike Zaw

Crime • Drama
7.3 2018 161 mins
Sanju
Witch Hunt
4.7

Witch Hunt (2021) =============== စုန်းမတွေ တကယ်ရှိပြီး စုန်းအတတ်တွေကို တရားဥပဒေအရ တားမြစ်ထားတဲ့ မော်ဒန်အမေရိကခေတ်မှာ စုန်းမလေး ၂ ယောက်ကို ဝှက်ထားပေးတဲ့မိသားစု တစ်စုအကြောင်း ရိုက်ပြထားတာပါ။ ကလယ်ရာ့မှာ အမေဖြစ်သူ မာသာရယ်၊ အမြွှာမောင်လေး ၂ ယောက် ရယ် ရှိပါတယ်။ ကလယ်ရာတို့အိမ်က အမေရိကန် နယ်စပ်ကိုဖြတ်ပြီး မက္ကဆီကိုဘက်ကို သွားမယ့် စုန်းတွေကို တစ်ညတာ တည်းခိုခွင့်ပေးတဲ့ အိမ်ပါ။ တစ်ရက်တော့ သူတို့အိမ်ကို စုန်း ညီအစ်မနှစ်ယောက် ရောက် လာပါတယ်။ ဖြစ်ချင်တော့ စုန်းတွေကို မက္ကဆီကိုဘက် ပို့ပေးတဲ့သူကို စုံထောက်က ဖမ်းမိသွားပြီး စုန်းညီအစ်မနှစ်ယောက် ကလယ်ရာတို့အိမ်မှာ သောင်တင်ဖို့ ဖြစ်လာပါတော့တယ်။ စုန်းအတတ်ကို ရာဇဝတ်မှုလို ရှုမြင်ကြတဲ့အသိုင်းအဝိုင်းကြားထဲမှာ အဲဒီညီအစ်မကို ကလယ်ရာတို့ သေချာဝှက်ထားနိုင်ပါ့မလား။ ကလယ်ရာတို့ မိသားစုကရော စုန်းတွေနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ဆိုတာကို ဒီကား လေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.03 GB) / (438 MB) / (246 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror, Thriller Translator…….Roman Nox Encoder………..SWM

4.7 2021 92 mins
Witch Hunt
The Abyss
5.5

ဆွီဒင်နိုင်ငံ မြောက်ပိုင်းစွန်း ခိရူနာ မြို့လေးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး မြေအောက်သတ္တုတူးဖော်ရေး မိုင်းတွင်းကြီး တည်ရှိမှုနဲ့ လူသိများ ထင်ရှားတဲ့ မြို့လေးဖြစ်ပါတယ်။ ဒီဇာတ်ကားကို ခိရူနာ မြို့လေးကို အခြေတည်ပြီး ရိုက်ကူးခဲ့တာပါ။ ဖရီဂါလို့ အမည်ရတဲ့ အမျိုးသမီးက မိုင်းတွင်းမှာ လုပ်ငန်း လုံခြုံရေးတာဝန်ခံ မန်နေဂျာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့ လုပ်ထားချိန်မှာ အတူရထားတဲ့ ကလေးနှစ်ယောက်နဲ့လည်း ဆက်ဆံရေး သိပ်မပြေလည် ကြပါဘူး။ အန္တရာယ်များလှတဲ့ လုပ်ငန်းခွင်တစ်ဖက်နဲ့ မပြေလည်တဲ့ အိမ်တွင်းရေး ပြဿနာတွေကို ဖရီဂါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ မြို့မှာ တဖြည်းဖြည်း ခပ်စိပ်စိပ်ဖြစ်လာတဲ့ မြေပြိုကျမှုတွေက မိုင်းတွင်းနဲ့ ဘယ်လိုများ ဆက်စပ်မှုရှိနေမလဲ။ File size…1.65GB / 756MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2023 104 mins
The Abyss
Yatra 2
6.5

Yatra 2 2024 ၂၀၀၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Yatraရဲ့ အဆက် Yatra 2 ထွက်ရှိလို့လာခဲ့ပါပြီ။ အရှေ့ဇာတ်လမ်းကို ပြန်နွှေးပေးရမယ်ဆိုရင် ရာဂျာရှက်ခါရာရက်ဒီဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမှုကို ခံခဲ့ရပြီး ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလှုပ်ရှားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။ အခု Yatra2 မှာတော့ ရာဂျာရှက်ခါရာရက်ဒီရဲ့ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီရဲ့ နိုင်ငံရေးလမ်းကြောင်း လျှောက်လှမ်းပုံကို ဆက်လက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာဂျာရှက်ခါရာရက်ဒီဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားသူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း သူ့ကို အရမ်းကို ချစ်မြတ်နိုးကြပါတယ်။ ဝန်ကြီးချုပ်ဆိုပြီး သူ့ကိုယ်ကျိုးကို မကြည့်ဘဲ ပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပေးတဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကိုလည်း နိုင်ငံရေးလောကထဲဆွဲသွင်းပြီး သားဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်တာ ၉လလောက်ပဲ ရှိတဲ့အချိန်မှာပဲ ရာဂျာရှက်ခါရာရက်ဒီဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရင်း ရှာလို့မတွေ့တဲ့အဆုံးမှာ သေလူအဖြစ်နဲ့ ဈာပနာပွဲပြုလုပ်လိုက်ရပါတော့တယ်။ ပြည်သူချစ်တဲ့ ဝန်ကြီးချုပ်မရှိတော့တဲ့အချိန်မှာ ပြည်သူတွေ, ပါတီဝင်တွေ အကုန် ဝမ်းနည်းကြပေမယ့် ဝန်ကြီးချုပ်ရဲ့လစ်လပ်နေရာကိုတော့ အစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာ ပါတီဝင် MLAအယောက်၁၅၀ဟာ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကို ဝန်ကြီးချုပ်ရာထူးနေရာပေးဖို့ ထောက်ခံပေးခဲ့ပါတယ်။ နိုင်ငံရေးဝါကြီးတဲ့သူတွေကတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ၉လသာ တာဝန်ထမ်းဆောင်ရသေးတဲ့ ဂျာဂန်ကို ဝန်ကြီးချုပ်နေရာ မပေးချင်ခဲ့ပါဘူး….. ဒီလိုနဲ့ နိုင်ငံရေးလောကရဲ့ ထုံးစံအတိုင်း မနာလိုသူတွေရဲ့ ကန့်ကွက်မှုတွေကြားမှာ ဂျာဂန်မိုဟန်တစ်ယောက် ဘယ်လိုတွေ ဖြတ်သန်းရမလဲ ….. ဝန်ကြီးချုပ်ရာထူးနေရာကိုရောက်ရှိဖို့ ဘယ်လို ဆူးလမ်းခရီးကို ဖြတ်ကျော်ရဦးမလဲ …. ဆိုတာတွေကို ကြည့်ရှုရမယ့် နိုင်ငံရေးဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.5 2024 130 mins
Yatra 2
The Abandon

အီရတ်နဲ့ စစ်ပွဲမှာ စစ်တိုက်ရင်း ဒဏ်ရာရသွားတဲ့ စစ်သား Miles Willis တစ်ယောက် အဖြူရောင်အလင်းတန်းကို မြင်ပြီး ထူးဆန်းတဲ့ ကုဗတုံးပုံအခန်းထဲမှာ နိုးလာတယ်။ ကုဗတုံးပုံအခန်းဟာ မြေဆွဲအားအလိုက် ရုတ်တရက် ဦးတည်ချက်တွေပြောင်းလဲတာတွေ၊ အပူချိန်ပြောင်းလဲတာတွေ၊ အခန်းကျဉ်းလာတာတွေကြောင့် Miles တစ်ယောက် သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တယ်။ ဒါ့အပြင် အခန်းနံရံပေါ်မှာလဲ စာလုံးတွေ သင်္ကေတတွေဟာ တစ်ခုပြီးတစ်ခုပေါ်လာပြီး Miles ကို အဖြေရှာလို့မရအောင်ဦးနှောက်ခြောက်စေခဲ့တယ်။ အဲ့သင်္ကေတတွေကရောဘာလဲ။ Miles တစ်ယောက် အခန်းထဲကရော အသက်ရှင်လျက်ထွက်လာနိုင်မှာလားဆိုတာတော့ Thriller/Sci-Fi ကြိုက်တဲ့သူတွေအတွက် The Abandon ဆိုတဲ့ကားလေး အကြိုက်တွေ့စေမှာပါ။ File size…(1.1 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

0 2022 97 mins
The Abandon
The Quiet Man
7.7

IMDb Rating – 7.7/10, RT -91% Awards – 2wins and 11Nominations ဒီကားလေးကတော့ အော်စကာဆုနှစ်ဆုရခဲ့တဲ့ Old but Goldတန်း၀င် ရိုမန့်စ်ဟာသဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း – ရှောင်သွန်တန်က ဘောင်ဆင်လောကကနေ အနားယူပြီး မွေးရပ်မြေ အိုင်ယာလန်ကိုပြန်လာတဲ့သူပါ။ ရောက်ရောက်ချင်းမှာပဲ အရင်နေခဲ့တဲ့အိမ်လေးကို မုဆိုးမတီလန်ဆီမှာသွား၀ယ်ရင်း လူဂွစာမြေရှင်‌ဝေလ်ဒန်နာဟာနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ နောက်တော့ မြို့ကိုပြန်ရောက်ရောက်ချင်း ချစ်ကြိုက်မိတဲ့သူက မြေရှင်ရဲ့ညီမဖြစ်နေတဲ့အခါ ရှောင်ရဲ့အချစ်ရေးကအဆင်ပြေပါ့မလား သူ့အစ်ကိုကလက်ခံပါ့မလား နောက်ပိုင်းအချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:09:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

7.7 1952
The Quiet Man
The Storyteller
7

The Storyteller (2022) “ဇာတ်ကြောင်းပြောသူ” IMDb 6.9 အားလုံးမြင်ဖူးလောက်မယ့် ဝါရင့်မင်းသား Paresh Rawal ပါဝင်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ် တာရီနီဆိုတဲ့ အဘိုးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ အလုပ် ၇၃ ခုထိ ပြောင်းလုပ်ခဲ့ပြီး အငြိမ်းစားယူသွားတဲ့အချိန်မှာ ဟာတာတာကြီး ဖြစ်သွားခဲ့တယ် သူဟာ အရင်းရှင်စနစ်ကို အမြင်ကတ်သူဖြစ်ပြီး အမေရိကားလို အရင်းရှင်နိုင်ငံကို မလိုက်နိုင်ဘူးကွလို့ US ရောက် သားဖြစ်သူကို အတွင်တွင်ငြင်းနေသူ နောက်ပြီး သူ့ကို ဇာတ်လမ်းပြောကောင်းသူတစ်ယောက်လို့ လူအများက သတ်မှတ်ကြပြီး သူ့ဇာတ်လမ်းတွေကို နားထောင်ချင်ကြတယ် တစ်ရက်မှာတော့ သတင်းစာထဲက အလုပ်ခေါ်စာတစ်ခုမှာ ဇာတ်ကြောင်းပြောသူ ခေါ်နေတာကြောင့် ကလေးတွေကို ပုံပြင်ပြောရမယ်အထင်နဲ့ အလုပ်သွားလျှောက်ခဲ့ရာမှာ တကယ့်အလုပ်က ဘာအလုပ်ဖြစ်မလဲ ဘဝရဲ့တတိယအရွယ်မှာ ဒီအလုပ်က သူ့ဘဝကို ထပ်မံပြောင်းလဲပေးနိုင်မှာလား ခံစားကြည့်ရှုလိုက်ကြပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller • Science Fiction • Drama
7 2022 112 mins
The Storyteller
Something Is About to Happen

IMDb – 5.9/10, Rt – 100% Awards – 6wins and 6 nomis ဒိီကားလေးက ဒါရိုက်တာ Antonio Méndez Esparzaရဲ့စတုတ္ထမြောက် ရုပ်ရှင်ဖြစ်ပြီး၊း သူရဲ့ဇာတိနိုင်ငံ စပိန်မှာ ရိုက်ကူးထားတာပါ ဇာတ်လမ်းကို Juan José Millásရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားကာ၊ ဇာတ်ကောင် Lucía ၏ ဘဝကို အဓိကထားပြသထားတာဖြစ်ပါတယ်။ ဒီကားဟာ Lucía (Malena Alterio) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို အဓိကအနေနဲ့နောက်ကွယ်ကဖော်ပြထားပါတယ်။ သူမဟာ အိုင်တီ အထောက်အပံ့အလုပ်လုပ်နေသူတစ်ဦးဖြစ်ပြီး၊ အလုပ်ထုတ်ခံလိုက်ရတဲ့အခါမှာ သူမဘဝတစ်လျှောက်မှာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။ သူမဟာ တက္ကစီမောင်းသူအဖြစ်အသစ်စတင်ပြီး၊ လူ ပေါင်းစုံနှင့်တွေ့ဆုံရင်း သူမရဲ့ဘဝဟာ မထင်မှတ်ပဲ ရူးသွပ်လာပါတော့တယ်။ သရုပ်ဆောင် Malena Alterio က Lucía အဖြစ် သဘာဝကျကျသရုပ်ဆောင်ထားပြီး သူမရဲ့စိတ်ခံစားမှုတွေက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဟာသ၊ ဒရာမာ၊ mystery စတဲ့ အမျိုးအစားတွေကို ချောချောမွေ့မွေ့ပေါင်းစပ်ထားလို့ ရုပ်ရှင်တစ်ခုလုံးကို သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရမယ့် အခန်းတွေနဲ့တင်မက၊ ထိုင်တွေးစရာလည်းဖြစ်စေပါတယ်။ ဆုတွေလည်းခြောက်ခုလောက်ရထားပြီး RTကလည်း 100%အပြည့်နဲ့ကားကောင်းလေးမလို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.7 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

Drama • Science Fiction
0 2024
Something Is About to Happen