YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Summer.Strike.S01E10.1080P.CM.mp4

720.9 MB N/A video/mp4 146 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Lion King
7.1

ကလေးဘဝရဲ့ အကောင်းဆုံး ကာတွန်းရုပ်ရှင်တွေထဲက တစ်ခုကို Live action ပြန်လည်ရိုက်ကူးထားတာပါပဲ။ ၉၀ဖွား အများစုကတော့ Lion King ကို အတော်ရင်းနှီးနေကြမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဒီကားမှာလဲ သီချင်းတွေ၊ နာမည်ကျော်ခဲ့တဲ့ စကားစုတွေ အကုန်ပြန်ပါပါတယ်။ အမြင်သစ်နဲ့ ခံစားရမှာပါပဲ။ အသံသရုပ်ဆောင်တွေကတော့ အပြောင်းအလဲဖြစ်လာခဲ့ပါပြီ။ ဥပမာ နာလာ နေရာမှာ ဘီယွန်စေး၊ ဇာဇူးရဲ့ မစ္စတာဘင်း အသံနေရာမှာ ဂျွန်အိုလီဗာ စသည်ဖြင့်ပါ။ ဒါပေမယ့် မူဖာဆာရဲ့ အသံပိုင်ရှင်ကတော့ မပြောင်းလဲခဲ့ပါဘူး။ ဂျိမ်းစ် အားလ် ဂျုန်း ပါပဲ။ အမှတ်တရလေးတွေ ပြန်ကြည့်ဖို့ရယ် ကလေးတွေကို မိတ်ဆက်ပေးဖို့ရယ် ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mr Anderson ပဲဖြစ်ပါတယ်…… File Size : (4.47GB) and (2.85GB) (1.41GB) Quality : 4K HEVC , Blu-Ray1080p 5.1,  720p Running Time : 1hr 58min Format : Mp4 Genre : Animation, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr Anderson Encoded by Thit San Khant

Drama
7.1 2019 118 mins
The Lion King
Siya

Siya (2023) ************** ဒီ ဟင်ဒီစကားပြောCrime/Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးကိုတော့ Zee5 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး IMDb rating 8.9အထိ ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း စီယာဟာ ၁၇နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ရွာမှာ အဖေတို့ အဒေါ်တို့နဲ့ နေပါတယ်။ သူက ဒေလီကိုသွားပြီး အလုပ်လျှောက်ဖို့ အိပ်မက်မက်နေခဲ့ပေမဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် သွားခွင့်မရခဲ့ပါဘူး။ တစ်နေ့မှာတော့ ရွာသားတချို့ရဲ့ ယုတ်မာမှုကို ခံလိုက်ရပါ‌တော့တယ်။ ဒါပေမဲ့ သူဟာ အမှန်တရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ယုတ်ညံ့တဲ့ အသိုက်အဝိုင်းကို သတ္တိရှိရှိ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရာမှာတော့ ... စီယာတစ်ယောက် ဘယ်လိုအခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမှာလဲ .... အမှန်တရားက သူ့ကို မျက်နှာသာ ပေးမှာလား ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ... ဇာတ်လမ်းအညွှန်းကတော့ Thaik Sanမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Thaik San,BpLနဲ့ Yunniတို့ပဲ ဖြစ်ပါတယ်။ File size…1.9GB / 771MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San~BpL~Yunni

Drama • Romance
0 2022
Siya
Mediterranean Fever
6.5

Mediterranean Fever (2022) ~ IMDb - 6.6/10, Rotten Tomatoes - 80% ~ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ညွှန်းဆုရခဲ့တဲ့ ပါလက်စတိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်နဲ့ အိမ်နီးချင်းသစ်တို့ကြားက Friendship ဖြစ်လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကျွန်‌တော်တို့အားလုံးက Depression Social Anxiety Bipolar Disorder စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အနည်းနဲ့အများ ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ။ တခါတလေမှာ Suicide လုပ်သွားတဲ့သူတွေက ပိုပြီးသတ္တိရှိနေသလို... ဒီဇာတ်ကားမှာလည်း အသက် ၄၀ အရွယ် ဝဲလိဒ်ဆိုတဲ့သူတစ်ယောက်က စိတ်ကျရောဂါခံစားနေရပြီး Counselling ယူနေရတယ်။ Depression နဲ့သားသမီးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေနဲ့နပန်းလုံးရင်း ဘဝကိုစိတ်ကုန်နေတဲ့သူ။ စာရေးမယ်ဆိုပြီး အလုပ်ထွက်လိုက်ပေမဲ့ စာရေးဖို့ Inspiration လည်းရှာမတွေ့ဘဲ ဘာတစ်ခုမှ စိတ်ပါလက်ပါမလုပ်နိုင်တဲ့ ဇာတ်ကောင်ရဲ့မွန်းကြပ်မှုတွေကိုတွေ့ရမယ်။ အဲဒီလိုနဲ့ တစ်နေ့မှာ ဝဲလိဒ်ရဲ့ဘေးအိမ်ကို ဂျလဲဆိုတဲ့လူတစ်ယောက်ပြောင်းလာတယ်။ ဝဲလိဒ်အတွက်တော့ ဂျလဲက မျက်စိစပါးမွေးစူးစရာပါပဲ။ စကားများတယ် စပ်စုတယ် အလိုက်ကမ်းဆိုးမသိ သီချင်းတွေအကျယ်ကြီးဖွင့်တယ်။ နောက်ပိုင်း ဂျလဲဟာ စိတ်ရင်းကောင်းပြီး ကူညီတတ်မှန်းသိသွားတဲ့ ဝဲလိဒ်က ဂျလဲကိုသူ့ Circle ထဲဝင်ခွင့်ပြုလိုက်တယ်။ ဝဲလိဒ်တစ်ယောက် အရင်ကနဲ့မတူဘဲ အတော်ပြောင်းလဲလာတယ်။ ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွရှိလာတယ်။ သူ့ဇနီးကတော့ ဝဲလိဒ် Depression ကနေသက်သာလာတော့မယ်ဆိုပြီး ဂျလဲကိုကျေးဇူးတင်နေတယ်။ ဒါပေမဲ့ ဂျလဲကြောင့် ဝဲလိဒ်ကပြောင်းလဲသွားတာလား... ဝဲလိဒ်ကဂျလဲကိုပြောင်းလဲလိုက်တာလား... ဇာတ်ကောင်နှစ်ယောက်ရဲ့မတူညီတဲ့အမူအကျင့်တွေနဲ့ Chemistry မိတဲ့သူတို့ရဲ့ Friendship ကို ပီပီပြင်ပြင်ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းက Dark ဘက်ကို ဘယ်လိုရောက်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 48Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Thriller
6.5 2022 108 mins
Mediterranean Fever
Black Girl Missing
7.9

ဒီနေ့တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ထားတဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ (၁၈) နှစ်အရွယ် သမီးလေး ပျောက်သွား လို့ လိုက်ရှာတဲ့ လူမည်းအမျိုးသမီး မိခင်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေ မတရားမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်လ်ဘိတ်ကာက ဘလူးဗယ်လ်လီ အထက်တန်းကျောင်းက ဒု ကျောင်းအုပ်ပါ။ ချစ်စရာ သမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထား ပါတယ်။ ခင်ပွန်းဆုံးသွားပြီး စိတ်သစ်လူသစ်ဖြစ်အောင် ဘလူး ဗယ်လ်လီကို ပြောင်းခဲ့ကြတာပါ။ တစ်နေ့မှာတော့ သမီးကြီး လော်ရန် ပိတ်ရက်အိမ်ပြန်လာတုန်း စကားများကြပါတယ်။ စိတ်ဆိုးပြီး လော်ရန် ကောလိပ်ကို ပြန် သွားပြီပဲ ထင်နေခဲ့တာပါ။ လော်ရန်နဲ့ စကားမပြောဖြစ်တာ ကြာ ပါပြီ။ ဖုန်းဆက်လို့ စာပို့လို့လည်း မရပါဘူး။ ဟိုဟိုဒီဒီ စုံစမ်းကြည့်မှ လော်ရန် ပျောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ရဲတွေကို သွား ရောက်အကြောင်းကြားပေမဲ့ ထွက်ပြေးသွားတာလို့ပဲ သုံးသပ် ပြောကြားပြီး သေချာစုံစမ်းမပေးကြပါဘူး။ သတင်းထောက်တွေကို ပြောတော့လည်း စိတ်ဝင်စားစရာ မရှိဘူးဆိုပြီး အာရုံမစိုက်ကြပါဘူး။ တစ်ချိန်တည်းမှာပဲ ဂျက်စီကာရူဆို ဆိုတဲ့ လူဖြူကောင်မလေး တစ်ယောက်လည်း ပျောက်နေပါတယ်။ ရဲတွေ စေတနာ့ဝန်ထမ်း တွေကလည်း အသည်းအသန်ရှာပေးကြပါတယ်။ သတင်းချန်နယ် တွေကလည်းဂျက်စီကာနဲ့ ပတ်သက်တဲ့ သတင်းတွေကို တစ်ချိန်လုံး တင်ဆက်နေကြပါတယ်။ ဒါပေမဲ့ လော်ရန်ပျောက်သွားတာကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ဒီတော့ ရှယ်ရယ်လ်နဲ့ သမီးငယ်မာလီ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှာဖို့ ကြိုးစားရပါတော့တယ်။ အဲတော့ ရှယ်ရယ်လ်နဲ့ မာလီ ပျောက်သွားတဲ့ လော်ရန်ကို ရှာတွေ့ပါ့မလား။ လော်ရန် ဘာလို့ ထွက်သွားတာလဲ။ သူတို့ခက်ခဲနေတုန်း ဘယ်သူတွေ ကူညီပေးမလဲ။ ခံစားခဲ့ရတဲ့ မတရားမှုတွေအတွက် တရားမျှတမှု ရနိုင်မလားဆိုတာကို စောင့်ကြည့်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.5 GB) / (530 MB) / (350 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......Phu Myat Thwe Encoder..........SWM

Drama • Music • Romance
7.9 2023 90 mins
Black Girl Missing
Operation Sniping
5

ဒီဇာတ်ကားလေးဟာဆိုရင် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ဖြစ်ရပ်မှန် ကွမ်တုန်း မူးယစ်ဆေးဝါး အမှုတစ်ခုဖြစ်တဲ့ "GG Project" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် လူငယ်ရဲတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဝမ်ရှင်း / ခေါင်းဆောင် လီကွမ်းဖုန်းတို့နဲ့အတူတူ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များဟာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး တိုက်ပွဲတစ်ခုကို အသေအကျေ ဝင်ရောက်ခဲ့ပုံတွေကို ပုံဖော်ပြထားတဲ့ ကားလေးဆိုရင်လဲ မမှားပါဘူး နိုင်ငံတကာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်မှု အမှုတစ်ခုကို စစ်ဆေးဖို့အတွက် ဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်တွေ / လက်တွေ့ကျကျ စေ့စပ်မှုတွေနဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပုံရိပ်တွေ ကိုလဲ ရိုက်ပြထားပါသေးတယ် ဒါ့အပြင် ပစ်ခတ်မှုတွေ ရန်ပွဲတွေ ဖောက်ခွဲမှုတွေကြားက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြင်ကွင်းများကို မီးမောင်းထိုး ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာမို့ Action ကားတွေ ကြိုက်နှစ်သက်တဲ့ သူတွေ အနေနဲ့ကတော့ ဒီကားလေးကိုကြိုက်နှစ်သက်မိမှာအမှန်ပါပဲရှင် အဲ့တော့ အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် [ Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Thriller
5 2021 91 mins
Operation Sniping
Bound by Blackmail
6

ပိရမစ်လိမ်နည်းဆိုလား MLM လား ဘာလား ဘာညာသရာကာ အဲဒါမျိုးကို အားလုံးရင်းနှီးပြီးသားပဲမလား။ ဒီကားကတော့ တက်ကျမ်းတွေဟောတဲ့ ဘဲက ပိရမစ်လိမ်နည်းနဲ့ စိတ်ဓာတ်မြှင့်တင်ရေးအတန်းတွေဖွင့်၊ လူခေါ်အောင် မက်လုံးပေး၊ ထွက်မရအောင် အကြပ်ကိုင်တာတွေ လုပ်တဲ့ကားပေါ့။ ထူးတာက ဒီကားက အကောင်းစားကားလို့တော့ ပြောမရပေမဲ့ Thriller ကား ပီသတယ်။ စစချင်းမှာ ခင်ဗျား ဘာတွေဖြစ်နေတာလဲ တွေးမိမယ်။ နောက်ကျ ဇာတ်ရည်တဖြည်းဖြည်းလည်လာမယ်။ ဘယ်သူလုပ်နေတာလဲ ဆိုတဲ့ အချက်ကို ပြောင်းတွေးမိလာမယ်။ အဆုံးကျ ခင်ဗျား ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ အဖြေကို သိချင်လာရင်း ရင်တသိမ့်သိမ့်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ကလေးပါပဲ။ အကောင်းစားမဟုတ်ပေမဲ့ သင့်ရာတော်ရာကားကောင်းလေးပေါ့။ ပေါ့ပေါ့ပါးပါး ရင်တအေးအေးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးဆိုလည်းမမှားဘူး။ ဒီရုပ်ရှင်ဟာ လိုးဘတ်ဂျက် တီဗီမူဗီကားတစ်ကားဖြစ်ပေမဲ့လည်း သူမနိုင်တာတွေ ဘာမှမလုပ်ထားဘဲ သူနိုင်တဲ့အပိုင်းကိုပဲ သေချာပြပြီး ဇာတ်ညွန်းကိုလည်း Thriller ကား ပီပီသသ ရင်တဖိုဖိုဖြစ်ရအောင် သိချင်စိတ်ကိုဆွပြီး တဖြည်းဖြည်းချင်း သူ့ဇာတ်သူပုံဖော်သွားသလို သရုပ်ဆောင်တွေကလည်း ခက်ခက်ခဲခဲမဟုတ်တဲ့ ဇာတ်ရုပ်တွေကို အဆင်ပြေပြေသရုပ်ဆောင်သွားခဲ့ပါတယ်။ အကောင်းကြီးမဟုတ်လှတဲ့ကားပေမဲ့ သူသုံးထားတဲ့ ဘတ်ဂျက်အနေအထားအရ စုတ်ပြတ်မသွားတဲ့ ခြောက်ပြစ်ကင်းတယ်ဆိုတာ ရိုးရှင်းခြင်းမှာရှိတယ်ဆိုတာကို တစ်နည်းတစ်ဖုံသက်သေပြသွားတဲ့ ရုပ်ရှင်လေးပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 680MB Quality - 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 23Min Genre - Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Crime • Drama • Thriller
6 2022 85 mins
Bound by Blackmail
Rudrangi
7

Rudrangi (2023) IMDb-7.4/10 လူတစ်ယောက်ရဲ့ အတ္တမာန အလိုလောဘတွေကြောင့် အပြစ်မရှိတဲ့ ချစ်သူတွေ နစ်နာကြတာ ရှေးရှေးတုန်းတည်းက ဆိုပါတော့။ ရူဒရန်ဂီနဲ့ မာလက်ရှ်ဆိုတာ ကလေးဘ၀ကတည်းက အဘိုးကိုယ်တိုင် လက်ထပ်ပေးခဲ့တာ။အသိအမှတ်ပြုတဲ့ သဘောလောက်ပေါ့။ ဘီးမ်ရောဝ်ဆိုတာ နယ်တွေသိမ်း မိန်းမတွေနဲ့ပတ်ပြီးပျော်ပါးနေတဲ့သခင်တစ်ယောက်။ ဘူဂျန်ဂါရောဝ်နဲ့က အာဏာလုဘက် အပြိုင်တွေ။နှစ်ယောက်စလုံးက ဆိုးသွမ်းတဲ့သခင်တွေ။ တယောက်နဲ့ တယောက်သူသေကိုယ်သေ အပြိုင်သတ်ဖို့ကြိုးစားနေကြတာ။ အဲဒီလိုဆိုးဝါးလှတဲ့သခင်တွေနဲ့ သွားပတ်သက်မိတဲ့ မာလက်ရှ်တစ်ယောက် သခင်နှစ်ယောက်ကြားက အရှုပ်တော်ပုံကြီးမှာ ဘယ်လောက်ထိပါဝင်ပတ်သက်မိသွားမလဲ သူ့သခင်လို့သတ်မှတ်ခဲ့တဲ့ ဘီးမ်ရောဝ်က ရူဒရန်ဂီကိုတက်မက်စိတ်နဲ့ ရေရှားပါးလိုအပ်နေတဲ့ရွာလေးကိုအသုံးချပြီး ရူဒရန်ဂီကိုတစ်ညတာပိုင်ဆိုင်ခွင့် တောင်းဆိုလာတဲ့အခါမှာတော့ မာလက်ရှ်တစ်ယောက် ချစ်ရတဲ့ရူဒရန်ဂီကိုရော ကာကွယ်နိုင်ပါ့မလား။ အချစ်နဲ့သက်သေတည်ကြတဲ့ အပြစ်မဲ့သူအများစုနဲ့ဘက်ကပဲ အနိုင်ယူမလား။ အာဏာပါဝါရှိတဲ့လူတွေကပဲ ကြီးစိုးခြယ်လှယ်သွားနိုင်မလား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunni~Cherry~Moonတို့ပဲဖြစ်ပါတယ်) File size…3GB / 1.57GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni~Cherry~Moon

Action & Adventure • Drama • Sci-Fi & Fantasy
7 2023 142 mins
Rudrangi
Epic Tails
6.4

Epic Tails (2022) Yolcos ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့လေးမှာ သူရဲကောင်း Jason ရယ် သူ့ရဲ့နောက်လိုက်အဖွဲ့ Argonauts ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီး နောက်ဆုံးမှာ မြို့ကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ Zeus နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။ အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြို့လေးပါ။ ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့် သူရဲကောင်း Jason ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။ တစ်နေ့မှာတော့ သူတို့မြို့လေးကို Poseidon နတ်ဘုရားက အမျက်ဒေါသထွက်ပြီး တောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင် မြို့ကို ဖျက်ဆီးပစ်တော့မှာမို့ မြို့သူမြို့သားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။ သူရဲကောင်း Jason ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ Argonauts အဖွဲ့သားတွေကလည်း သေဆုံးကုန်ပါပြီ။ အဲဒီအခြေအနေမှာ ပက်တီနဲ့ တိရစ္ဆာန်လေးတွေက ဘယ်လိုဝင်ကူညီပြီး မြို့ကိုကယ်တင်ပေးမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။ IMDb 5.9 ရရှိထားပြီးတော့ Animation ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

Drama • Mystery
6.4 2023 95 mins
Epic Tails
Clear and Present Danger
6.6

Clear and Present Danger (1994) ~ IMDb - 6.9/10, Rotten Tomatoes - 81% ~ ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲ​တွေရဲ့တတိယကားဖြစ်ပြီး အက်ရှင်ခန်း​တွေလည်း ပိုကြမ်းလာပါတယ်။ ဒုတိယကားဖြစ်တဲ့ Patriot Games က မင်းသားကြီး Harrison Ford ပဲ ဂျက်ရိုင်ယန်အဖြစ် ပါဝင်ထားသလို မင်းသားကြီး Willem Dafoe ကလည်း အ​ရေးပါတဲ့​နေရာက ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းက အ​မေရိကန်နဲ့ ​ကိုလံဘီယာ မူးယစ်ရာဇာ​​တွေကြား ပဋိပက္ခ​တွေကို ဇာတ်လမ်းဆင်ထားတာပါ။ အ​မေရိကန်သမ္မတရဲ့ နိုင်ငံ​ရေးမိတ်ဖက်တစ်ဦးကို မူးယစ်ရာဇာကြီး အက်စကို​ဘေတိုက သတ်ဖြတ်လိုက်တဲ့အတွက် အ​မေရိကန်အစိုးရဘက်က နိုင်ငံ​​တော်လုံခြုံ​ရေးကို ထိပါးမှုဆိုတဲ့ ​ခေါင်းစဉ်နဲ့ အဲဒီမူးယစ်ရာဇာနဲ့ ဂိုဏ်းကို ချေမှုန်းဖို့ လုပ်​ဆောင်ပါ​တော့တယ်။ ဒါ​ပေမဲ့ ဒီဂိုဏ်းကို​ချေမှုန်းဖို့က တိုင်းတပါးမှာ လျှို့ဝှက်စစ်ဆင်​ရေးအဖြစ်နဲ့ပဲ ​ဆောင်ရွက်လို့ရတာ​ကြောင့် အစိုးရအ​နေနဲ့ သူတို့ဘက်ကို ပြန်အမှုမပတ်​အောင် ​ကြေးသားစစ်သား​တွေကို ငှားပြီး တရားမဝင် စစ်ဆင်​ရေးအဖြစ် ​ဆောင်ရွက်ခဲ့ပါတယ်။ဒီဇာတ်ထဲမှာ ပဲ​လှော်ကြား ဆားညပ်သွားတာက ဂျက်ရိုင်ယန်ဖြစ်ပြီး ​ထောက်လှမ်း​ရေးအရာရှိအ​နေနဲ့ သမ္မတရဲ့မိတ်​​ဆွေ အသတ်ခံရတဲ့အမှုကိုစုံစမ်းရင်း နိုင်ငံ​​ရေးအရှုပ်​အ​ထွေးကြားထဲ ပါဝင်သွားခဲ့ပြီး ဒီတရားမဝင်စစ်ဆင်​ရေးကို ဖြေရှင်းရမယ့်အ​ရေးနဲ့ ကြုံသွားပါ​တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 855MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 21Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Comedy • Drama
6.6 1994 141 mins
Clear and Present Danger
The Novelist’s Film
7

The Novelist’s Film (2022) ~ IMDb – 7/10, Rotten Tomatoes – 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist’s Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist’s Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.73GB, 1.13GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Biography • Drama • History
7 2022 92 mins
The Novelist’s Film
Peace by Chocolate
6

Peace By Chocolate (2021) ~ IMDb – 6/10, Rotten Tomatoes – 86% ~ ၂၀၁၁ မတ်လမှာ စဖြစ်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အခုရုပ်ရှင်ကို တင်ဆက်လိုက်တဲ့ အချိန်မှာဆို ၁၁နှစ် ၂လ ၄ပတ်နဲ့ နှစ်ရက်တိတိရှိပါပြီ။ တော်တော်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်သလို ကမ္ဘာပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည်အများဆုံး ပေါ်ထွက်စေခဲ့တဲ့ ပြည်တွင်းစစ်လည်း ဟုတ်ပါတယ်။ အဲဒီက လူတွေ ဒုက္ခသည်လက်ခံပေးတဲ့ နိုင်ငံအသီးသီးမှာ ခိုလှုံကြတဲ့ အကြောင်းရုပ်ရှင်တွေလည်း မနည်းတော့ပါဘူး။ ဒီကားကတော့ အဲဒီဒုက္ခသည်တွေထဲကမှ ထူးထူးခြားခြား အောင်မြင်သွားတဲ့ မိသားစုတစ်စုအကြောင်းပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဆီးရီးယားမှာ ဗုံးကြဲခံရရာက မိသားစုချောကလက်လုပ်ငန်းလေး ပျက်စီးခဲ့ရသလို သူတက်နေတဲ့ ဆေးကျောင်းလည်းတစ်၀က်တစ်ပျက် ဖြစ်ခဲ့ရတဲ့ ဆေးကျောင်းသားလေးနဲ့ သူ့မိသားစုဟာ ကနေဒါကိုရောက်လာခဲ့ပါတယ်။ ဆာတီဖီကိတ်မရှ်ိလို့ ဆေးပညာနဲ့ အသက်မွေးချင်ပေမဲ့ မရ ဖြစ်‌နေတဲ့ ကျောင်းသားလေးနဲ့ သူ့မိသားစုကို ကနေဒါဒေသခံမိသားစုတစ်စုက ခေါ်ထားပေးပါတယ်။ ချစ်တဲ့လူတွေလည်းဆုံးရှုံး၊ အိမ်လည်းမရှိ၊ ဘ၀လည်းမရှိတော့တဲ့ သူတို့ဟာ သူတို့ဇာတိမှာ ဆုံးရှုံးခဲ့ရတဲ့ချောကလက်လုပ်ငန်းလေးကို အိမ်တွင်းဖြစ်အ‌နေနဲ့ စထောင်ပြီး ချာ့ခ်ျကျောင်းမှာ ရောင်းရာက အရသာကောင်းလွန်းလို့ အောင်မြင်လာခဲ့ပြီး အခက်အခဲတွေကြုံခဲ့ရပေမဲ့ လုပ်ငန်းကြီးထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းရဲ့ နာမည်က Peace by Chocolate တဲ့။ သူတို့မရခဲ့တဲ့ ငြိမ်းချမ်းမှုကို ချောကလက်နဲ့ရှာဖွေချင်တဲ့… ချောကလက်နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တဲ့သူတွေပေါ့။ ဒုက္ခသည်တွေလည်း အောင်မြင်နိုင်ကြောင်း အမြင်သစ်ဖွင့်ပေးခဲ့တဲ့သူတွေဆိုလည်း မမှားဘူးပေါ့။ လက်ရှိမှာ Peace By Chocolate ဟာ ကမ္ဘာနဲ့ချီအောင်မြင်နေတဲ့ ချောကလက်လုပ်ငန်းစုကြီးဖြစ်ပြီး သူတို့အမြတ်ရဲ့ ၃ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်းကို ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ လှူဒါန်းပေးထားပါတယ်။ တကယ့် Peace By Chocolate ပါပဲ။ မယုံမရှိပါနဲ့။ တစ်ခါတလေကျ ချောကလက်ကလည်း ကမ္ဘာကြီးကို ငြိမ်းချမ်းစေနိုင်တာပါပဲ။ စာကြွင်း – အဓိကဇာတ်လမ်းကို သိပ်မထိခိုက်ပေမဲ့ တစ်ချို့ အာရေဗျလိုပြောတဲ့နားမှာ စာပါမလာပါဘူး။ မူရင်းစာဖိုင်မှာကို ပါမလာတာပါ။ သုံးဖြတ်လောက်ပဲဖြစ်ပြီး တစ်ဖြတ်ကို ဘယ်လောက်မှမကြာသလို ဇာတ်လမ်းကိုလည်း မထိခိုက်တာမို့သည်းခံပေးကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.63GB, 772MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 36Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Mystery • Thriller
6 2021
Peace by Chocolate
Bursting Point
6

ဒီတစ်ခေါကါ CM ကတင်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်လမ်းကတော့ ဟောင်ကောင်ရဲဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲမှူး လီကျစ်ရှင်က ကျန်းမင်ကို မူးယစ်ဆေးမှောင်ခိုအဖွဲ့အစည်းထဲသို့ သူလျှိုအဖြစ်ဝင်ခိုင်းပြီး ခေါင်းဆောင်ဖြစ်သူဟန်ယန်ကိုဖမ်းဆီးခိုင်းခဲ့တယ် ဒါပေမဲ့ကျန်းမင်က အခြေအနေအရမတတ်သာပဲ အမှောင်ဘက်သို့ တဖြည်းဖြည်းရောက်ရှိသွားခဲ့တယ် လီကျစ်ရှင်က ပြန်ကယ်ချင်ပေမယ့် မအောင်မြင်ပဲ ဆရာတပည့်နှစ်ယောက်က ရန်သူတွေဖြစ်လာခဲ့ပြီးတော့ ပြန်အဖတ်မဆည်နိုင်ဖြစ်ခဲ့ရလေတယ် ဒီဇာတ်လမ်းလေးမှာ ဆရာတပည့်ဆက်ဆံရေးက နောက်ဆုံးဘယ်လိုဖြစ်လာမလဲ ကျန်းမင်နောက်ဆုံးမှာ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါစို့

6 2023
Bursting Point
Dark Night of the Scarecrow 2

1981 ခုနှစ်က ထွက်ရှိထားတဲ့ Dark Night Of The Scarecrowရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ Dark Night Of The Scarecrow 2 ကို တင်ဆက်ပေးချင်ပါတယ်။ Single mom ဖြစ်သူ ခရစ်ရိုင်မာဟာ သူရဲ့သားလေးဖြစ်သူ ဂျရမီနဲ့အတူ အခြေချနေထိုင်ဖို့ စတက်ဘယ်ဖီးလ်ကောင်တီကို ပြောင်းလာပါတော့တယ်။ သူတို့ပြောင်းလာတဲ့အချိန်မှာ ၉၀ခုနှစ်တုန်းကလို တုန်လှုပ်ခြောက်ခြားဖွယ် လူသတ်မှုတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။ အဆိုပါ လူသတ်မှုတွေနဲ့ ခရစ်ရိုင်မာတို့ သားအမိနဲ့ ဘယ်လိုပတ်သက်နေမလဲ …. ဂျရမီလေးကရော ဘယ်လိုအခန်းကဏ္ဍာကနေ ပါဝင်နေမှာလဲ ….မစ္စစ် ရိုင်မာကရော သူရဲ့သားလေးကို ဘယ်လိုကယ်တင်မလဲ …. အစရှိတာတွေကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကား တစ်ခုဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.5 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

0 2022
Dark Night of the Scarecrow 2
Kisah Tanah Jawa: Pocong Gundul
6.8

ဒီဇာတ်ကားကတော့ ကျောတချမ်းချမ်းနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမယ့် အင်ဒိုနီးရှားနိုင်ငံသရဲကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ခေတ်နောက်ပြန်ဆွဲနိုင်စွမ်းရှိပြီး အတိတ်ကို အချိန်ခရီးသွားရင်း အဖြစ်အပျက်တွေကို မြင်နိုင်စွမ်းရှိတဲ့ Hao ဟာ မထင်မှတ်ဘဲ ပျောက်ဆုံးသွားတဲ့ ကျောင်းသူလေး Sari ကို ပြန်လည်ရှာတွေ့အောင် ကြိုးစားခဲ့ပါတယ်။ ကျောင်းတက်ရင်း ရုတ်တရက် ကျောင်းဝန်းထဲမှာ ပျောက်ဆုံး သွားတဲ့ Sari ကို ဟောင်က သူ့အစွမ်းအစနဲ့ရှာဖွေတဲ့အခါ ကျောင်းသူလေးကို ပြန်ပေးဆွဲသွားခဲ့တဲ့ သင်္ချိုင်းဖုံးမှာ ရစ်ပတ်နေတဲ့ ခေါင်းပြောင်တစ္ဆေကြီးပိုချောင်နဲ့ ထိပ်တိုက် တွေ့ခဲ့ပါတယ်။ ဟောင်ရဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့ ခေါင်းပြောင်တစ္ဆေကြီး ပိုချောင်ဟာ ဟောင်နောက်ကိုလိုက်လာပြီး ဒုက္ခပေးဖို့ ကြိုးစားပါတော့တယ်။ ဒီအခါမှာတော့ ဟောင်နဲ့သူ့ကောင်မလေး ရီဒါတို့ကြားမှာ ရင်တုန်စရာ အဖြစ်အပျက်တွေက ဆက်တိုက် ဖြစ်ပျက်လာခဲ့ပြီး ဟောင်က ပိုချောင်ရဲ့အတိတ်ကို စူးစူးစိုက်စိုက် ကြည့်ရင်း သူ့ရဲ့ဇစ်မြစ်နဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ် သွားမှာဖြစ်ပါတယ်။ ဆယ်နှစ်တကြိမ် လူတွေကိုဒုက္ခပေးနေတဲ့ ခေါင်းပြောင်တစ္ဆေကြီးကို ဟောင်တယောက် ဘယ်လိုပညာပေး သွားနိုင်မလဲဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေ၊ သည်းထိတ် ရင်ဖိုစရာတွေနဲ့ အင်ဒိုနီးရှားရိုးရာပုံပြင်တွေကို ပေါင်းစပ်ပြီး ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ File size…1.26GB / 487MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Thriller • Horror
6.8 2023
Kisah Tanah Jawa: Pocong Gundul
The Three Stooges
6.9

The Three Stooges ကိုအားလုံးသိကြမှာပါ။ ငယ်ဘဝရဲ့တစ်စိတ်တပိုင်း၊ ပရိသတ်ကို ပါးစပ်မစေ့ရအောင် ဖျော်ဖြေပေးတဲ့ လူသုံးယောက်အဖွဲ့ပေါ့။ Stooge ကို မြန်မာလိုပြန်ရင် “အရူး” တဲ့။ အဲတော့ “အရူး သုံးယောက်” ပေါ့ဗျာ။ ဒါပေမယ့် ဒီတစ်ခုကတော့ ခင်ဗျားတို့မြင်နေကြ Three Stooges မဟုတ်သလို ရယ်ရတဲ့ ဇာတ်လမ်းတစ်ခုလည်းမဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ဖော်ထားတဲ့ Docu/Drama ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာတစ်ခုရှိတယ်။ “အမြဲတမ်းရယ်မောနေတဲ့လူက ဝမ်းနည်းစရာတွေနဲ့အမြဲလိုလိုကြုံတွေ့နေရတဲ့လူဖြစ်ပြီး၊ ပေါတောတောနေတဲ့လူတွေကလည်း ဘဝရဲ့ထိုးနှက်ချက်ကို အလူးအလဲခံဖူးတဲ့လူ” ဖြစ်ပါတယ်တဲ့။ Robert DeNiro ရဲ့ “The King of Comedy” မှာဆို “ခင်ဗျားတို့ကိုအရမ်းရယ်ရတဲ့ ဟာသတစ်ခုပြောပြမယ်” ဆိုပြီး သူ့ဘဝကို ပြန်လည်ပြောပြတဲ့အခန်းပါပါတယ်။ ဒီ Three Stooges မှာလည်းအဲလိုပါပဲ။ Moe Howard Curly Howard Larry Fine Shemp Howard သူတို့ဘယ်လိုမျိုး ဟာသလောကထဲကိုဝင်လာလဲ ခေါင်းပုံဖြတ်အမြတ်ကြီးစားခံရတဲ့ဘဝကနေပြီး “Colombia Pictures” “20th Century Fox” “Werner Bros” တို့လို ဒိတ်ဒိတ်ကြဲ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ စာချုပ်ကမ်းလှမ်းခြင်းက်ုခံရအောင် ဘယ်လိုများ ကြိုးစားခဲ့ရလဲ။ မူယာမာယာများလှတဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကကို အတန်းပညာမတက်၊ ဟာသပဲလုပ်တတ်တဲ့ အရူးသုံးကောင်က ဘယ်လိုများ ပရိသတ်ရင်ထဲစွဲအောင်လုပ်ခဲ့လဲ။ သူများကိုရယ်အောင်မောအောင်လုပ်ပေးနေပေမယ့် ကိုယ်တိုင်ရင်ထဲမှာ ဘယ်လိုတွေခံစားနေရလဲ။ ဒါတွေကို မြင်သာအောင်ရိုက်ပြထားတဲ့ Docu/Drama တစ်ကားဖြစ်တာကြောင့်လက်မလွှတ်သင့်ဖူးလို့ထင်ပါတယ်။ File Size : 2.6 GB, 992 MB Quality : WEB-DL 1080p / 720p Running Time : 1hr 28min Format : Mp4 Genre : Biography, Comedy, Documentary, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

6.9 2000 88 mins
The Three Stooges