YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Succession.S03E04.720p.(CM).mp4

635.8 MB N/A video/mp4 74 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Paradise Highway
6

ဆယ်လီဆိုတဲ့ အမျိုးသမီးဟာ ကုန်ကားကြီးတွေ မောင်းရင်း ဘ၀ဖူလုံရေးအတွက် ငွေရှာတယ်။ သူ့မှာ ဒန်းနစ်ဆိုတဲ့ ထောင်ကျနေတဲ့ မောင်တစ်ယောက်ရှိတယ်။ မဝေးတော့တဲ့ တစ်ရက်နှစ်ရက်မှာ လွတ်တော့မယ့် သူ့ရဲ့မောင်က ထောင်တွင်း မူးယစ်ဆေး ရောင်း၀ယ်ဖို့ သူ့ကို အကူအညီတောင်းတဲ့အခါ ပစ္စည်းရဖို့အရေး ဆယ်လီတစ်ယောက် အပြင်မှာ ထပ်လှုပ်ရှားရတယ်။ ဒီလိုနဲ့ ထောင်ထဲက မောင် ဒုက္ခမရောက်ဖို့အရေး လေလာဆိုတဲ့ ၁၀ နှစ်၀န်းကျင်ကလေးမလေးကို လူကုန်ကူးပေးဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ နယ်စပ်ရောက်တဲ့အချိန်မှာ ကလေးမလေးက တစ်ဖက်လူကို ဆယ်လီ့ကားထဲက သေနတ်နဲ့ ပစ်လိုက်လို့ လူသေမှုတစ်ခု ပြဿနာကပါ ဆယ်လီ့ဘ၀ထဲကို ထပ်တိုး၀င်လာပါတော့တယ်။ ဒီဇာတ်လမ်းမှာ အမှုစုံစမ်းတဲ့ စုံထောက် duo အဖြစ် မင်းသားကြီး Morgan Freeman နဲ့ Cameron တို့ရဲ့ အတွဲညီမှုက တစ်ဖက်၊ ဆယ်လီအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Juliette Binoche နဲ့ လေလာအဖြစ် သရုပ်ဆောင်သူ ကလေးသရုပ်ဆောင် Hala Finley တို့ရဲ့ အတွဲညီမှုကတစ်ဖက် စိတ်၀င်စားဖွယ်မြင်တွေ့ရမှာ ဖြစ်ပါတယ် Rating က အရမ်းထောင်တက်မနေပေမယ့် စာရေးသူအနေနဲ့တော့ ဆိုးဆိုးရွားရွားကြီးထဲ မပါဘဲ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားလို့ မြင်မိပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Yoon Sandi Aung ပဲ ဖြစ်ပါတယ်။ Genre.....Thriller Quality…. 1080p | 720p | 480p File size…1.5GB | 854MB | 434MB Format… mp4 Duration….1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator .....Yoon Sandi Aung Encoder .....August

Drama • Fantasy • Romance
6 2022 115 mins
Paradise Highway
Cassandro
6.4

Cassandro (2023) ============= IMDb Rating – 6.4/10 Biography, Drama, Sport တက္ကဆက်ပြည်နယ်က မိန်းမလျာလက်ဝှေ့သမား Cassandro ခေါ် ဆောလ်ရဲ့ ဘဝဇာတ်ကြောင်း မူဗီတစ်ပုဒ်ဖြစ်ပါတယ်။ Cassandro ဟာ NWA World Welterweight, UWA World Lightweight ချန်ပီ‌ယံဟောင်းကြီးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်ပဲ မိန်းမလျာလက် ဝှေ့သမားတွေဟာ လက်ဝှေ့လောကမှာ နေရာတစ်ခု ရလာခဲ့ခြင်းဖြစ် ပါတယ်။ ဒီဇာတ်လမ်းမှာတော့ Cassandro ရဲ့ အပျော်တမ်းမှ တက်သစ်စ၊ တက် သစ်စမှ နာမည်ကြီးလက်ဝှေ့ချန်ပီယံကြီး အဆင့်ဆင့်ဖြစ်သွားခဲ့ပုံတွေ၊ ဒီလောကထဲမှာ သူဘာကြောင့် ခြေချခဲ့လဲဆိုတာတွေ၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေး တွေကို သိခွင့်ရမှာဖြစ်ပါတယ်။ လက်ဝှေ့လောကမှာတင်မကဘဲ ဂေး လောက အသိုင်းအဝိုင်းအတွက် Cassandro ဟာ သူ့နည်းသူ့ဟန်နဲ့ စိတ် ခွန်အားတစ်ခု ဖြစ်ကြောင်းတွေ မြင်တွေ့ရပါလိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(2 GB) / (792 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Sport Translator……Act Molemy Encoder……….SWM

Drama
6.4 2023
Cassandro
Hail to Hell
7.1

Hail to Hell (2023) ကျောင်းတွင်းမှာ အနိုင်ကျင့်မှုတွေခံရတဲ့ ကျောင်းသူတွေအဖို့တော့ ကျောင်းက ငရဲလိုပါပဲ တစ်ယောက်ပြီးတစ်ယောက် မပြီးနိုင်တဲ့အနိုင်ကျင့်မှုတွေကြားမှာ အလူးအလဲခံရတဲ့ ဟွမ်ဆွန်းဝူနဲ့ ဆုန်းနာမီတို့နှစ်ယောက်ကလည်း ငရဲကနေလွတ်မြောက်ချင်လို့ သေလမ်းကိုရွေးဖို့ လုပ်ကြပါတယ် ဒါပေမဲ့ မသေခင်လေး သူတို့ကို အရင်ဆုံးအနိုင်ကျင့်ခဲ့ပြီး ကောင်းကောင်းနေ ကောင်းကောင်းစားနေတဲ့ ဘတ်ချယ်ရင်းကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ် အဲလိုနဲ့ လက်စားချေဖို့ ဆိုးလ်ကို ရောက်သွားတဲ့အခါမှာ မထင်မှတ်တဲ့အရာတွေ အပြောင်းအလဲတွေနဲ့ ကြုံတွေ့လိုက်ရပါတော့တယ် နောက်ဆုံးမှာ လက်စားချေမှုက အောင်မြင်သွားမလား ဘယ်လိုအခက်အခဲတွေကို အတူဖြေရှင်းမလဲဆိုတာ ကြည့်ရှူခံစားပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.16GB | 520MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Action • Thriller • Adventure
7.1 2023
Hail to Hell
A Weekend to Forget

ဇာတ်လမ်းအကျဥ်းလေးကတော့ ငယ်သူချင်းတစ်စုဟာ မတွေ့ရတာကြာနေပြီဖြစ်လို့ စနေတနင်္ဂနွေပိတ်ရက်မှာ ဖာဒီရဲ့အိမ်မှာစုပြီးပါတီပွဲကျင်းပဖို့အတွက်ထွက်လာကြပါတယ် ငယ်သူငယ်ချင်းတွေအကြာကြီးနေမှပြန်ပြီးတွေ့ရမှာဖြစ်လို့ပျော်ပျော်ရွှင်ရွှင်နဲ့ပါတီကျင်းပရင်း နောင်အနာဂတ်မှာ သူငယ်ချင်းတွေစုပြီး လုပ်ငန်းအတူတူလုပ်ဖို့လည်းဆွေးနွေးတိုင်ပင်ကြဖို့စီစဥ်ထားပါတယ် ဒါပေမဲ့ တကယ့်လက်တွေမှာထင်ထားသလိုမဖြစ်ခဲ့ဘဲ အပျော်ကနေအပျက်ဖြစ်ခဲ့ပါတယ် ငယ်ကတည်းကရန်စရှိခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ကတောက်ကဆအပြင် ထင်မှတ်မထားတဲ့ပြဿနာလေးတွေရှိလာပြီး နောက်ဆုံး လူသတ်မှုဖြစ်သွားတဲ့အဆင့်ထိဖြစ်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီလူသတ်မှုမှာ တရားခံကဘယ်သူလဲ ဘာကြောင့်သတ်ရတာလဲဆိုတာ အဖြေရှာရပါတော့တယ် တရားခံကိုဒီလူလိုလို ဟိုလူလိုလိုနဲ့ သံသယဝင်စရာကောင်းအောင်ရိုက်ပြထားပြီး တကယ့်တရားခံအစစ်ကရောဘယ်သူလဲဆိုတာကို ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်နိုင်ပါတယ် File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

0 2023
A Weekend to Forget
Boat People
7.6

၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေ ဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကို Boat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့ အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann Huiက The Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီး ဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့ အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့ Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်က ဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့ ‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer, Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို 1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။ အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။ တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီး ဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။ သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကို နိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင် ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်း သူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲ သူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်း ဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။

7.6 1982
Boat People
A True Gentleman
5.5

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို တူရကီ romance drama ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားချော Çagatay Ulusoy, မင်းသမီးချော Ebru Sahin, Senay Gürler တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်ရင်းနဲ့ ပိုက်ဆံရှာတဲ့ Saygin ဆိုတဲ့ကောင်လေးဟာ အချစ်ဆိုတဲ့အရာနဲ့ ထိတွေ့မိသွားတဲ့အခါ သူ့ဘဝဟာ လုံးဝပြောင်းလဲ သွားခဲ့ပါတယ်။ ဒါပေမယ့် အတိတ်တုန်းက သူလုပ်ခဲ့တဲ့ကိစ္စတွေဟာ သူ့နောက်ကို အရိပ်လိုလိုက်လာပါတယ်။ သူ့အရင်ဘဝကို ကောင်မလေး မသိအောင် လျှို့ဝှက်ထားရင်း ဗျာများနေတဲ့ Saygin ရဲ့ဘဝဇာတ်လမ်းကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ကြည့်ပြီးသွားတဲ့အခါ ခေါင်းထဲမှာ တွေးစရာတွေကျန်နေခဲ့အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဇာတ်လိုက်မင်းသားရဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းကို အစကနေအဆုံးထိ သယ်ဆောင်ပေးသွားပြီးတော့ ကြည့်ရှုသူတွေကို ခံစားချက်ပေါင်းစုံပေးတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…1.95GB / 935MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.5 2024 110 mins
A True Gentleman
A Whale-Riding Teenager
5.8

ဒီတစ်ခါမှာတော့ CM ကနေပေါ့ပေါ့ပါးပါးကျောင်းသားကလေးနဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ သစ်ရွက်လှုပ်တာကအစ ရင်ခုန်တတ်တဲ့အရွယ်မျိုးဆိုသလို ပတ်ဝန်းကျင်တွေကြောင့်အချိန်မရွေးလမ်းမှာရောက်သွားနိုင်တဲ့ ဆယ်ကျော်သက်စွန်းစွန်းအရွယ်လေးတွေကို မိဘတွေကအမြဲတမ်းလိုက်ကြည့်နေရတာပေါ့။ ဒီဇာတ်ကားလေးထဲမှာလည်း ဟူရှောင်ကျိုးလို့ခေါ်တဲ့ကောင်လေးက အမြဲတမ်းသတ္တိနည်းပြီးမိသားစုလေးကသာမာန်ဖူလုံရုံလောက်ပဲပေါ့။ ဒါပေမဲ့ သူ့ဝါတနာကတော့လက်ဝှေ့ထိုးရတာ ဂိမ်းဆော့ရတာကိုကြိုက်နှစ်သက်သူဖြစ်တယ်။ သူနဲ့အတူငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ ဝမ်ချင်ဆိုတဲ့ကောင်မလေးကတော့ စာလည်းတော်ရုပ်လည်းချောပြီးဝေလငါးကိုအင်မတန်မှနှစ်သက်သူတစ်ယောက်ဖြစ်တယ်။ သူတို့နဲ့အတူ ဝူဖုန်း ဖုန်ကျွင်း လင်ဝမ်တို့ကလည်း ကျောင်းမှာပြိုင်စံရှားရန်ဖြစ်တဲ့လူတွေဖြစ်ကြတယ်။ ညတိုင်းချိန်းတွေ့လျှောက်သွားကြတဲ့သူငယ်ချင်းတွေအမြဲတမ်း အနိုင်ကျင့်ခံရတာတွေကို ဟူရှောင်ကျိုးတစ်ယောက် ကိုယ့်ကိုယ်အရှက်ရမိခဲ့တယ်။ ဒီလိုနဲ့ သူချစ်ရတဲ့ကောင်မလေး ဝမ်ချင်ကိုကာကွယ်ဖို့အတွက် လက်ဝှေ့ပညာကိုသင်ယူဖို့ ယွမ်နည်းပြလက်ဝှေ့ရုံဆီသွားပြီးသင်ကြားခဲ့တယ်။ လက်ဝှေ့ပညာကို အတော်တတ်မြောက်ပြီးတဲ့နောက်မှာ ဟူရှောင်ကျိုးတစ်ယောက် ကျောင်းပညာကိုစိတ်မဝင်စားတော့ပဲညဘက် ချိန်းတွေ့ရန်ဖြစ်တာတွေ အဖွဲ့လိုက်ရန်ဖြစ်တာတွေပါလုပ်လာခဲ့တာကြောင့် ကျောင်းကသူတို့ကိုကျောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကို ဟူရှောင်ကျိုးမိဘတွေကယွမ်နည်းပြဆီလာအပြစ်တင်ပုံချခဲ့တဲ့အချိန်မှာတော့………… ဒီဇာတ်ကားလေးဟာမိဘနဲ့သားသမီးကြားက နားလည်မှုတွေအပြင် ဆရာတစ်ယောက်ရဲ့သွန်သင်ဆုံးမမှုအရေးပါကြောင်းကိုမီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

Romance • Drama
5.8 2024
A Whale-Riding Teenager
Black Bags
5.6

ဒီရုပ်ရှင်က Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပေမဲ့ သွေးထွက်သံယိုတွေနဲ့ ကြမ်းတမ်းနေတာမျိုးမဟုတ်ဘဲ အေးအေးလူလူနဲ့ ကျောထဲကစိမ့်လာစေတဲ့ Thriller အမျိုးအစား ဖြစ်တာမို့လို့ အဲဒီလိုရုပ်ရှင်မျိုးသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအစကိုတော့ တက်စ် မက်ကာသီဆိုတဲ့ ကိုယ်ဝန်သည် အမျိုးသမီးလေးတစ်ယောက်နဲ့ စထားပါတယ်။ သူနဲ့သူ့အမျိုးသားက ကိုယ်ပိုင်အိမ်ခြံဝန်းခပ်ကျယ်ကျယ်ကိုမှ ဈေးသက်သက်သာသာနဲ့ နေချင်တဲ့သူတို့ရဲ့အိပ်မက်အတိုင်း ဘွန်းန်ဆိုတဲ့နယ်မြို့လေးမှာနေကြပေမဲ့ အမျိုးသားဖြစ်သူက အလုပ်ကိစ္စနဲ့ ခရီးအမြဲထွက်နေရလို့ အိမ်မှာမရှိတာများပါတယ်။ အဲဒီလို အိမ်ကျယ်ကြီးမှာ တစ်ယောက်တည်းနေရတဲ့ တက်စ်က ကိုယ်ဝန်က အချင်းပါးတဲ့ပြဿနာကြောင့် မြို့ပေါ်ကို နှစ်ပတ် တစ်ခါတက်ပြီး ဆေးညွှန်းသွားယူရပါတယ်။ သွားတဲ့အခါတိုင်း အမျိုးသားဖြစ်သူက စိတ်မချဘူးဆိုတာကြောင့် ကိုယ်တိုင်ကားမမောင်းဘဲ ဘတ်စ်ကားစီးရာကနေ ဇာတ်လမ်းစတာ ဖြစ်ပါတယ်။ ဗိုက်တစ်လုံးနဲ့ ဆေးတွေထည့်ထားတဲ့အိတ်ကိုသယ်ပြီး ကားစီးတဲ့တက်စ်တစ်ယောက် ကားပေါ်မှာ ဘေးချင်းကပ်ထိုင်တဲ့ အမျိုးသမီးနဲ့ စကားပြောရင်း ခင်မင်သွားပါတယ်။ သူတို့ဆင်းရမယ့်နောက်ဆုံးဂိတ်ကိုရောက်တဲ့အခါ ဘေးနားက အမျိုးသမီးက အိပ်ပျော်နေတဲ့အတွက် သူ့ဘာသူအောက်ဆင်းပြီး ကားဗိုက်ထဲကခရီးဆောင်အိတ်ကိုယူကာ အိမ်ပြန်လာပါတော့တယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူ့အိမ်တံခါးကို ဘဲ လ်လာတီးလို့ ထွက်ဖွင့်ပေးတဲ့အခါမှာ သူနဲ့ကားပေါ်မှာခင်ခဲ့တဲ့ အမျိုးသမီးဖြစ်နေပါတယ်။ အဲဒီအမျိုးသမီးက သူ့ရဲ့ခရီးဆောင်အိတ်ကို တက်စ်က မှားယူ သွားတဲ့အတွက် သူ့အိတ်ကို ပြန်လာယူတာလို့ပြောပါတယ်။ သူတို့ရဲ့ ချွတ်စွပ်ဆင်တူနေတဲ့ အိတ်အမည်းနှစ်လုံးထဲမှာမှ တက်စ်ရဲ့ အမှားကြောင့် မတော်တဆမှားယူမိခဲ့တာလား… အိတ်လေးတစ်ခါမှားယူမိတာနဲ့ ဘယ်လိုပြဿနာတွေတက်လာမလဲ ဆိုတာကို ဒီရုပ်ရှင်မှာ မမြန်လွန်း မနှေးလွန်းတဲ့ ဇာတ်ရှိန်နဲ့တကွ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ File size… (1.32GB) / (645MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

5.6 2024
Black Bags
Someone Like You
5.8

Someone Like You (2024) ************************* IMDb Rating – 5.8/10 ဒါကတော့ ဒါရိုက်တာ Tyler Russell ရိုက်ကူးထားပြီး မင်းသား Jake Allyn နဲ့ မင်းသမီး Sarah Fisher တို့ အဓိကပါဝင်ထားတဲ့ လွမ်းမောဖွယ်ရာ အချစ်ဇာတ်ကားလေးပါ။ ဒေါ်ဆန်နဲ့လန်ဒန်တို့ဟာ ကလေးဘဝတည်းက သူငယ်ချင်းတွေပါ။ ဒေါ်ဆန်က လန်ဒန့်ကိုချစ်နေခဲ့ပေမယ့် friend zoneထဲမှာပိတ်မိနေခဲ့ပါတယ်။ သူဖွင့်ပြောတော့မဲ့အချိန်မှာပဲ လန်ဒန်က မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ နောင်တတွေနဲ့ အချစ်ဦးကိုမေ့မရနိုင်တဲ့ ဒေါ်ဆန်က လန်ဒန်က ဖန်ပြွန်သ‌န္ဓေသားဖြစ်ပြီး အမြွှာညီအစ်မရှိနေတာကို သိလိုက်ရတဲ့အခါ……ရှာပုံတော်ဖွင့်ဖို့ ဖြစ်လာခဲ့ပါတယ်။ အမြွှာ အန်ဒီကလည်း မိဘရင်းတွေရှိသေးမှန်းသိလာတဲ့အခါ ဒေါ်ဆန်နဲ့ ဆက်သွယ်ရဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူအကြောင်း သိချင်နေတဲ့ အန်ဒီက ဒေါ်ဆန်နဲ့ အစ်မဖြစ်သူ လုပ်ခဲ့ဖူးတာတွေကို လိုက်လုပ်ကြည့်ရင်း သူတို့နှစ်ဦးဟာ နှလုံးသားချင်းနီးစပ်လာကြတဲ့အခါ…..။ (အညွှန်းကို K မှ ရေးသားထားပါတယ်) File size…2.2GB / 820MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 06m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by K Encoded by AHtet

5.8 2024 118 mins
Someone Like You
Love Reddy
7.1

Love Reddy (2024) အချစ်ရူးလေးရတ်ဒီ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၂၄ ခုနှစ်ထွက် တလေဂူးစကားပြော အချစ်ဟာသဇာတ်လမ်းလေးဖြစ်တဲ့ အချစ်ရူးလေးရတ်ဒီဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ မိဘကမိတ်ဆက်ပေးသမျှမိန်းကလေးကို ချေးထိုင်များနေခဲ့တဲ့ ရတ်ဒီဟာ တစ်ရက်မှာတော့ ဘတ်စ်ကားပေါ်မှာ အလှပဂေးကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ ကောင်မလေးကိုစွဲလမ်းပြီး မြင်သမျှကို ဒီမိန်းမလှလေးရဲ့ပုံရိပ်တွေပဲမြင်တဲ့အထိ အချစ်ရူးဖြစ်သွားတဲ့ရတ်ဒီဟာ သူနဲ့လက်ထပ်ပေးမယ့်မိန်းကလေးကို မြင်တဲ့အခါမှာ သူ့စိတ်ကူးထဲကနတ်သမီးလေးဖြစ်နေတာကြောင့် ချက်ချင်းလက်ခံလိုက်တာပေါ့ဗျာ။ အမှန်တော့ သတို့သမီးက တခြားတစ်ယောက်ဖြစ်နေပြီး သူ့ဘာသာကောင်မလေးကို မြင်ယောင်ပြီးလက်ခံခဲ့မိမှန်းနောက်မှသိလိုက်ရတဲ့အခါ.. အချစ်ရူးလေး ရတ်ဒီတစ်ယောက် ကောင်မလေးကို ဘယ်လိုလိုက်မလဲ.. လက်ထပ်ဖို့ပြောထားပြီးတဲ့ မိန်းကလေးနဲ့ ဘယ်လိုဇာတ်ရှုပ်တွေဆက်ဖြစ်မလဲဆိုတာကတော့… ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် )

Mystery • Drama • Thriller • Comedy • Crime
7.1 2024 138 mins
Love Reddy
Unit 234
5.8

Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ cm ပရိသတ်ကြီးကို ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသမီးက ပရိသတ်တွေ ရင်းနှီးပြီးသား Orphan ဇာတ်ကားထဲက အက်စသာအဖြစ် သရုပ် ဆောင်ခဲ့တဲ့ အစ္စဘယ်လာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း သူမရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင် အောင် သရုပ်ဆောင်ထားနိုင်တာကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆင်ဗီးလ်က အစွန် အဖျားရပ်ကွက်မှာ မိသားစုအမွေ သိုလှောင်ရုံ ပိုင်ဆိုင် ထားတဲ့ လော်ရီစကိုင်လာဆိုတဲ့ ကောင်မလေးက ပိတ်ရက် နက်ရှ်ဗီးလ်မှာ ရှိတဲ့ သူ့ရည်းစားဆီ မွေးနေ့ အတွက် သွားလည်ဖို့ စီစဉ်နေပါတယ်။ ကံဆိုးချင်တော့ လေယာဉ်ချိန် နောက်ကျသွားတဲ့အပြင် သူ့ဝန်ထမ်း ကောင်မလေးက ရုတ်တရတ် ခွင့်ယူသွားတော့ သွားဖို့ အစီအစဉ် ပျက်သွားပါတယ်။ ရေယိုစိမ့်မှုဖြစ်နေတဲ့ သိုလှောင်ခန်း တစ်ခန်းကို သွားပြင်ရင်း အခန်းနံပါတ် ၂၃၄ ထဲမှာ သတိလစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတဲ့ အခါမှာ လန့်သွား ခဲ့ပါတယ်။ ဒီလူက ဘယ်သူလဲ….. ဒီလူကို ခေါ်ဖို့အတွက် သေနတ်တွေ ကိုင်ထားတဲ့ အဖွဲ့တွေက ရောက်လာတဲ့ အခါမှာတော့….။ ဇာတ်ကားအစကနေ အဆုံးအထိ ပျင်းရိစရာ အခန်း မရှိဘဲ ဇာတ်သိမ်းထိကို Twist ပါတဲ့ Thriller ဇာတ်ကားလေးမို့ ကြည့်ရတာ တန်ပါတယ်လို့‌ ပြောချင်ပါတယ်။ File size… (872 MB) / (563 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • Comedy
5.8 2024 86 mins
Unit 234
The Salt Path
7

IMDb Rating (7.0) / Rotten Tomatoes (84%) ရထားတဲ့ ဒီဇာတ်ကားထဲမှာလည်း Raynor Winn ရဲ့ ဖြစ်ရပ်မှန်အမှတ်တရစာအုပ်ကို အခြေခံထားပြီး အိုးမဲ့အိမ်မဲ့ဘဝ၊ နာတာရှည်ရောဂါနဲ့ လူမှုရေးအခက်အခဲတွေကို သဘာဝထဲမှာ ကျော်လွှားပုံကို ဖော်ပြထားပါတယ်။ အဓိကသရုပ်ဆောင်နှစ်ယောက်ကလည်း ဟယ်ရီပေါ်တာဇာတ်ကားမှာ Malfoyရဲ့အဖေ Lucius Malfoy အဖြစ်သရုပ်ဆောင်ထားတဲ့ Jason Isaacs နဲ့ Johnny English ဇာတ်ကားမှာ M17 agent အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Gillian Andersonတို့ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ်မစွမ်းသာတော့တဲ့အချိန်မျိုးမှာ ကိုယ့်ဆီက အကျိုးတစ်စုံတစ်ရာမျှော်ကိုးပြီး အနားကပ်နေတဲ့သူတွေက ကိုယ့်ကို ရင်ထဲကစေတနာပါပါနဲ့ ပြုစုစောင့်ရှောက်ချင်ကြမှာမဟုတ်ပါဘူး။ ကိုယ့်ဆီက ရစရာရှိတာရပြီးတဲ့အခါ ကိုယ့်ကိုလည်း ပစ်ထားခဲ့ဖို့ ဝန်လေးမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် ဘဝရဲ့လက်တွဲဖော်က ကိုယ့်အတွက် စစ်မှန်တဲ့လက်တွဲဖော်ဖြစ်ဖို့လည်း လိုပါသေးတယ်။ ကိုယ့်ဘဝအတွက် အဆိပ်အတောက်လို လက်တွဲဖော်ဖြစ်နေခဲ့ရင်တော့ ကိုယ့်ဘဝတစ်လျှောက်လုံး ဘဝအဆုံးသတ်ချိန်အထိ ထိုမကောင်းတဲ့လက်တွဲဖော်ရဲ့ ဒဏ်ကို ခံစားသွားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ++++++++++ ရေနာဝင်းနဲ့မော့သ် ဝင်းတို့ဟာ ဝေးလ်စ်က သူတို့ရဲ့အိမ်ခြံမြေကို ရင်းနှီးမြှုပ်နှံမှု မအောင်မြင်မှုကြောင့် ပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ မော့သ်မှာ corticobasal degeneration ဆိုတဲ့ သေစေနိုင်တဲ့ အာရုံကြောရောဂါကို ဖြစ်နေတာကို သိလိုက်ရတယ်။ ဒီဒုက္ခတွေကျော်လွှားဖို့ သူတို့ဟာ အင်္ဂလန်ရဲ့ South West Coast Path ၆၃၀ မိုင်ကို လမ်းလျှောက်ခရီးထွက်ဆုံးဖြတ်ခဲ့တယ်။ ငွေကြေးချမ်းသာစည်းစိမ်ပေါများ အခြွေအရံပေါများတဲ့အခြေအနေမျိုးမှာ အတူရှိနေပေးခြင်းက မသိသာပေမယ့် နိမ့်ကျ၊ ဆင်းရဲ၊ ရှုံးနိမ့်ချိန် ဘေးမှာ အတူရှိနေပေးတဲ့ ဘဝလက်တွဲဖော်က ပိုပြီး စစ်မှန်ကြောင်း… သင်အောင်မြင်ချိန်အတူ ဝမ်းသာပေးမယ့်သူဖြစ်သလို၊ သင်နိမ့်ကျချိန်မှာလည်း သင့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမယ့်သူမျိုးသာဖြစ်တယ်ဆိုတာ ဒီဇာတ်ကားလေးက သက်သေပြပေးသွားမှာပါ။ File Size… (1.78 GB) / (988 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Family • Fantasy • Comedy • Adventure
7 2024 115 mins
The Salt Path