YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Su-ji And U-ri (2024) S01 EP59 WEB-DL,1080p(CM).mp4

452.96 MB 1080p video/mp4 26 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Mummy
5.5

အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။ အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။ အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ မကောင်းဆိုးဝါး တစ်ယောက်လိုဖြစ်သွားတဲ့ အာမာနက်ဟာ သူ့ခမည်းတော်နဲ့တကွမိသားစုအားလုံးကို သတ်ပစ်ခဲ့ပြီး ဆက်ကိုလူသားတစ်ယောက် အသွင်ဖန်တီးဖို့အတွက် အာမာနက်ဟာ သူ့ချစ်သူကိုစတေးပစ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဖာရိုးဘုရင်ကြီးရဲ့ ဘုန်းတော်ကြီးတွေက ဆက်ရဲ့ ဝိညာဉ်ရှိနေတဲ့ အာမာနက်ချစ်သူ ခန္ဓာကိုယ်ကို မံမီလုပ်ခဲ့ပြီး အာမာနက် ကိုယ်ထဲကမကောင်းဆိုးဝါး ထွက်မလာနိုင်အောင် ဂူဘေးမှာ ပြဒါးတွေဝန်းရံ ပြီး အရှင်လတ်လတ်မြေမြှုပ်ပစ်ခဲ့ပါတယ်။ ယနေ့ခေတ်အီရတ်နိုင်ငံမြင်ကွင်းနဲ့အတူ အမေရိကန်စစ်တပ် အရာရှိ နစ်မော်တန်နဲ့ သူ့လုပ် ဖော်ကိုင်ဖက် ခရစ္စဗေးလ်တို့ဟာ အာမာနက်ရဲ့ ဂူကိုမမျှော်လင့်ဘဲ တွေ့ခဲ့ကြပါတယ်။  နစ်ရဲ့ချစ်သူ ဟောင်းရှေးဟောင်း သုတေသန ပညာရှင် ဂျန်နီဟာလ်ဆေလည်း ရောက်လာပြီး နစ်တို့တွေ့ထားတဲ့ ဂူကိုလာပြီး စူးစမ်းလေ့လာခဲ့ပါ တယ်။ နောက်တော့နစ်ရဲ့ အရာရှိ ကာနယ်ကရင်းဝေးရဲ့ ညွှန်ကြား ချက်နဲ့ အာမာနက်ရဲ့အခေါင်းကို အင်္ဂလန်မှာ ဆက်လေ့လာဖို့ လေ ယာဉ်နဲ့ အင်္ဂလန်ကို သယ်ယူခဲ့ ပါတယ်။ အဲဒီလို သယ်သွားရင်း ဗေးလ်ဟာအခေါင်းထဲက ပင့်ကူ တစ်ကောင်ရဲ့ အကိုက် ခံရပြီးမှာ မကောင်းဆိုးဝါးဝင်ပူးခံရပြီး အာ မာနက်အခေါင်းကို ဖွင့်ဖို့ကြိုးပမ်းပါတော့တယ်။ နောက်ထပ်ထူးဆန်းတဲ့ကိစ္စတစ်ခုကတော့ လေယာဉ်ကို ကျီးအုပ်ကြီးဝင်တိုးခဲ့တဲ့ အတွက် လေယာဉ်ပျက်ကျခဲ့ပါတယ်။ နစ်က ဂျန်နီကိုလေထီးနဲ့ လွှတ်လိုက်တဲ့အတွက် ဂျန်နီလွတ်မြောက်ခဲ့ပေမယ့် နစ်တို့ကတော့ လေယာဉ်နဲ့အတူ  ပါသွားခဲ့ပါတယ်။ အောက်စဖို့ဒ်က ရင်ခွဲရုံကို ရောက်သွားခဲ့တဲ့နစ်ဟာ နောက်ရက်မှာ အသက်ပြန်ရှင်လာခဲ့ပြီး သူ့မိတ်ဆွေဗေးလ်ဟာ အာမာနက်ရဲ့အစွမ်းကြောင့် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတာ သိခဲ့ပါတယ်။ အဲဒီနောက်အာမာနက်  လွတ်မြောက်သွားခဲ့ပြီး သူ့ရဲ့ အစွမ်းအစတွေနဲ့ ဒုက္ခပေးပါ တော့တယ်။ အာမာနက်နဲ့နစ်၊ ဂျန်နီတို့ ထပ်တိုက်တွေ့တဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမှာလဲ၊ အာမာနက်ကို ပြန်ထိန်းချုပ်နိုင်ပါ့မလားဆိုတာ အက်ရှင်ပြကွက်တွေနဲ့အတူ ရင်တဖိုဖိုနဲ့ ဆက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာ တွမ်ခရုဇ်၊ အန်နာဘဲလ်ဝေါလစ်၊ ဆိုဖီယာ ဘိုတယ်လာ၊ ဂျိတ်ဂျွန်ဆင်၊ ကော့တနီဘီဗန့်စ်စတဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။        ။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြပါသည်။) File size…(5.3 GB)/(1.3 GB) /(800 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:50:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Crime • Drama
5.5 2017 110 mins
The Mummy
First Love
5.7

“The After” series ရဲ့အချောလေး Hero Fiennes Tiffin ရဲ့ 2022 ထွက် နောက်ထပ် romance drama တစ်ကားပဲဖြစ်ပါတယ်။ “ဘဝမှာ ပျော်ရွှင်မှုကိုစောင့်မျှော်နေလို့ပဲမရဘူး။ အဲဒီပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူမှပဲရနိုင်မှာ။” (Ann) “အမှတ်တရကောင်းတွေထက် ပိုပြီးခိုင်မာတဲ့အရာ .. ကောင်းတဲ့အရာမရှိဘူး။ အထူးသဖြင့် ကိုယ့်ရင်သွေးတွေနဲ့အတူဖြတ်သန်းရတဲ့အခါဆိုရင်ပေါ့ ..” (Greg) ရှက်တတ်ပြီး တော်ရုံဆိုဘယ်သူနဲ့မှလည်းမပေါင်း သူငယ်ချင်းတွေအတူတူလုပ်တဲ့ပါတီပွဲတွေလည်းတက်လေ့မရှိဘဲ သူ့ဟာသူတစ်ကိုယ်တည်းသာနေတတ်တဲ့ အထက်တန်းကျောင်းသားလေး Jimဟာ တစ်နေ့မှာတော့ သူနဲ့လုံးဝကိုအကျင့်စရိုက်ကွဲပြားပြီး သူငယ်ချင်းအပေါင်းသင်းများပြီးပျော်ပျော်နေတတ်တဲ့ Annကို စိတ်ဝင်စားသွားပါတော့တယ်။ ဒါကတော့ Jim ရဲ့ First Love အစပေါ့။ ဒီလိုနဲ့နှစ်ယောက်သား ပိုနီးစပ်သွားပြီး ချစ်သူတွေဖြစ်သွားပေမယ့်လည်း ရည်မှန်းချက်ကအစ အကျင့်စရိုက်အဆုံး ဘာမှမတူတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဖုအထစ်လေးဖြစ်လာတဲ့အခါ .. တစ်ဖက်မှာလည်း Jim ရဲ့မိဘတွေဖြစ်တဲ့ Greg နဲ့ Kay တို့ကလည်း အသက် ၁၇ နှစ်အရွယ်ကစသိခဲ့တဲ့သူနဲ့ပဲ ချစ်ကြိုက်ပြီးလက်ထပ်ထားတဲ့ အချစ်ဦးနဲ့ဖူးစာပါထားတဲ့အတွဲပါ။ လက်ရှိမှာတော့ Gregဟာ 2008ခုနှစ် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စီးပွါးပျက်ကပ်ဆိုက်ပြီး အလုပ်ထုတ်ခံလိုက်ရတာကြောင့် စိတ်ဓာတ်တွေကျနေတာပါ။ တစ်သက်လုံးကြိုးစားခဲ့သမျှအားလုံးပျက်စီးသွားပြီး လက်မှိုင်ချစိတ်ဓာတ်ကျနေတဲ့ Greg နဲ့ နောက်အလုပ်တစ်ခုကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရှာပြီး ယောက်ျားကိုပံ့ပိုးဖို့သာ အားသန်နေတဲ့ Kay တို့ အယူအဆ သဘောထားတွေကွဲလွဲပြီး အချစ်ကိုချစ်စရာရယ်လို့ သတိပါမရနိုင်ကြတော့တဲ့အခါ .. ဆယ်ကျော်သက်လူငယ်တွေရဲ့ ကြည်နူးစရာအချစ်နဲ့ အခက်အခဲတွေအပြင် အိမ်ထောင်ကျပြီး သက်တမ်းတွေကြာနေပြီဖြစ်တဲ့ အချစ်တို့ကိုနှိုင်းယှဉ်ပြထားတာမို့ romance dramaကြိုက်သူတွေအဖို့တော့ အပျင်းပြေကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Romance, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 658MB |276MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

Action • Crime • Thriller
5.7 2022 95 mins
First Love
I’m No Longer Here
7.3

I’m No Longer Here (2019) ~ IMDb – 7.3/10, Rotten Tomatoes – 98% ~ မကြာခဏ မြင်ဖူးမှာပါ… အမေရိကန်ကားတွေကြည့်တဲ့အခါမှာ ဝါကျင့်ကျင့်အရောင်နဲ့ ကိုယ်စားပြု ဖော်ပြလေ့ရှိတဲ့ ဒုစရိုက်နိုင်ငံ၊ မှောင်ခိုနိုင်ငံ၊ အဆိုးတကာ့အဆိုးတို့ရဲ့ မက္ကဆီကို။ “ ကျွန်တော်တို့… မက္ကဆီကန်လူမျိုးတွေအနေနဲ့ ရှင်သန်နေထိုင်ရတဲ့အထဲမှာ ကြေကွဲဖွယ်ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးသုံးစွဲသူလည်းဖြစ် လက်နက်တင်ပို့သူလည်းဖြစ်တဲ့ နိုင်ငံကြီးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါပဲ ” တဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ကတော့ မက္ကစီကိုရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းလေးကို မပြောခင် Cumbia လို့ခေါ်တဲ့ အကပုံစံတစ်မျိုးအကြောင်းကို အရင်ပြောပြရမယ်ထင်တယ်။ တကယ်တမ်းတော့ အဲဒီအကအမျိုးအစားဟာ ကိုလံဘီယာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော်အက (National Dance) ပေါ့။ ဒါပေမဲ့ တခြား လက်တင်အမေရိကနိုင်ငံတွေမှာပါ ခေတ်စားပြီး အခု ဇာတ်လမ်းတည်ရာ မွန်တာရေးမြို့ မြောက်ပိုင်းမှာဆိုလည်း အရမ်းခေတ်စားတဲ့အရာပေါ့။ အဲဒီအကကို ကဖို့ သီချင်းအမျိုးအစားကလည်း သက်သက်ရှိပြီး ဒါကိုပဲ နှစ်ခြိုက်မြတ်နိုးတဲ့ လူတစ်စုဟာလည်း သက်သက်ရှိကြတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့ပေါ်က တာကို (Terkos) လို့ခေါ်တဲ့ လမ်းပေါ် လူငယ်ဂိုဏ်လေးတစ်ခုရှိတယ်ပေါ့။ သူတို့ရဲ့ အဓိက ဇာတ်လိုက်ကတော့ အပေါ်က အကနဲ့ဂီတပါပဲ။ ကမ်ဘီယာ (Cumbia) သာ အက၊ ကမ်ဘီယာသာ ဂီတ၊ ကမ်ဘီယာသာ ဘဝလို့ ယူဆတဲ့ လူငယ်တစ်စုပေါ့။ သူတို့ရဲ့ နေ့ရက်တွေကို အကပွဲတွေ သွားရင်း၊ ပါတီတွေတက်ရင်း ကုန်ဆုံးရင်း သူတို့ယူဆထားတဲ့ ကမ်ဘီယာစတိုင် အဝတ်အစား၊ ဆံပင်ပုံံ စတာတွေကို အချင်းချင်း ကြွားလုံးထုတ် ဂုဏ်ယူရင်း ပျော်ရွှင်ကြတဲ့ သူတွေပေါ့။ တစ်ရက်မှာတော့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ မတော်တဆ သွားငြိမိရာကနေ ၁၇နှစ်အရွယ် ဂိုဏ်းခေါင်းဆောင် အူလိစေးစ်ဟာ သူ့မိသားစုရော သူကိုယ်တိုင်ရော အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိလာတဲ့အတွက် အမေရိကကို ထွက်ပြေးခဲ့ရပါတယ်။ အသားကျဖို့ ကြိုးစားပေမယ့် သူ့ဂိုဏ်းကော သူ့မြတ်နိုးရာ ကမ်ဘီယာယဉ်ကျေးမှုရောနဲ့ အဝေး အမေရိကမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရင်း အိမ်ပြန်နိုင်ဖို့ကိုပဲ တမ်းတရင်းနေရှာသတဲ့။ အမေရိကန်တွေထင်နေသလိုမျိုး အားလုံးက အမေရိကန်အိပ်မက် (American Dream) ရှိကြတာမှမဟုတ်ဘဲ။ ဂိုဏ်းခေါင်းဆောင်လေးရဲ့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အမေရိကန်နေ့စွဲများပေါ့။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာလည်း ဒီကားအတွက် သရုပ်ဆောင်ရွေးတုန်းက ဗီဒီယိုလေးတွေကို Credit Scenes အဖြစ် ထည့်သွင်းပေးထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 895MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.3 2019 112 mins
I’m No Longer Here
Oregon
4.7

Oregon (2023) ============ တစ်နေ့တည်းမှာ ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို ဇာတ်အိမ် တည်ပြီး လူ့ဘဝအထွေထွေကို ချပြသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရမယ်။ အခက်အခဲတွေကနေ သင်ယူစရာတွေလည်း ရလာကြလိမ့်မယ်။ဒါ ဘဝပဲ မဟုတ်လား။ ၁၉၈၅ ခုနှစ် နွေရာသီတစ်ရက်မှာတော့ အစ်စတန်ဘူဆိုတဲ့ မြို့လေး ဆီကို ဟာကန်နဲ့ဂါရီဆိုတဲ့ စုံတွဲတစ်တွဲ ရောက်လာခဲ့ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဆယ်လန် ဆိုတဲ့ သူငယ်ချင်းမလေးကို တိပ်ခွေ လေးတစ်ခွေ ပြန်ပေးဖို့ပါပဲ။ ဖြစ်ချင်တော့ အဲဒီရက်မှာမှ ဆယ်လန်က ခရီးသွားနေတယ်တဲ့။ ဒီတော့ ဆယ်လန့်ရဲ့ အခန်းအပေါ်ထပ်မှာရှိတဲ့ အပေါက်လေးကနေ တိပ်ခွေကို ပစ်ချပေးဖို့ ကြိုးစားကြ‌တာပေါ့။ (တော်တော်အူကြောင်ကြောင်နိုင်တယ်ဆိုပေမဲ့ အကြောင်းရင်းကို သိရင်တော့ နားလည်သွားကြပါလိမ့်မယ်) အဲဒီမှာပဲ တိုက်ခန်းစောင့်ကြီးက သူတို့ကို ပိုင်နက်ကျူးကျော်သူတွေ ဆိုပြီး စွပ်စွဲရာကနေ ရန်တွေစဖြစ်ကြတော့တာပေါ့။ ဒီလိုနဲ့ စုံတွဲနှစ် ယောက်လည်း ရဲစခန်းကို ရောက်လာပြီး ကြုံရဆုံရစခန်းအမှတ်တရ တွေ စတင်လာပါတော့တယ်။ အရှေ့မှာ ညွှန်းခဲ့သလိုပဲ တစ်နေ့တာကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတာဖြစ်တဲ့အတွက် အချိုးအကွေ့တွေတော့ မပါခဲ့ပါဘူး။ ဒါပေမဲ့ ကြည့်ရှုပြီးရင်တော့ အတွေးတစ်ခု ကျန်နေစေခဲ့မဲ့ ဇာတ်လမ်းမျိုးဆိုတာကတော့ ငြင်းလို့မရနိုင်တဲ့ အချက်တစ်ခုပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.23 GB) / (516 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….May Thet Khine Soe Encoder……….SWM

4.7 2023
Oregon
Tabu: Mengusik Gerbang Iblis
5.5

Tabu: Mengusik Gerbang Iblis (2019) အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း… ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာ ပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။ တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့ တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့် သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ… တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့ သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.5GB | 757MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.5 2019
Tabu: Mengusik Gerbang Iblis
Soul Kitchen
7.2

ရပ်ကွက်ထဲက အခြေခံလူတန်းစားတွေအတွက် ဈေးနှုန်းသက်သာပြီး အဆင်ပြေတဲ့ Soul Kitchen လို့ နာမည်ပေးထားတဲ့ စားသောက်ဆိုင်ပိုင်ရှင် ဂျာမန်-ဂရိ စားဖိုမှုး ဇီနော့စ် ရဲ့ အချစ် အလွမ်း ဟာသ ဘဝ ဒုက္ခ တွေကို ဟာသလေးနှောပြီးရိုက်ထားတဲ့ Commedy/ Drama ဇာတ်ကားကောင်းလေးတစ်ကားပါ…. ဇာတ်အိမ်လေးကတော့ Soul Kitchen စားသောက်ဆိုင်မှာ ကိုယ်တိုင်ပိုင်ရှင် ကိုယ်တိုင် စားဖိုမှုးလုပ်နေတဲ့ ဇီနော့စ် ဟာတနေ့တော့ သူ့ကောင်မလေးက အလုပ်ကိစ္စနဲ့ ပြည်ပကိုထွက်သွားခဲ့တယ် သူလိုက်သွားဖို့လုပ်တော့… – ဆိုင်ကိုလက်လွှဲခဲ့ဖို့အကြံထုတ်ရ…. – သူ့ဆိုင်ကို ရတဲ့နည်းနဲ့ လုဖို့ကြိုးစားနေတဲ့ ငယ်သူငယ်ချင်း လူလည်ပန်ကာ ရန်ကနေလည်းကြောက်ရ….. – တစ်ပိုင်းလွတ်ငြိမ်းချမ်းသာနဲ့ ထောင်ကနေထွက်လာတဲ့ လက်ကြောမတင်းတဲ့ သူ့အစ်ကိုလောင်းကစားသမားရန်ကိုလည်း ကြောက်ရနဲ့ လူရိုး လူမှန် ဒေါသသမား ဇီနော့စ် တစ်ယောက် ဘယ်လို ဟာသအလွဲတွေကိုလုပ်ဦးမလဲဆိုတာကိုတော့….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.4GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:39:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

7.2 2009 99 mins
Soul Kitchen
Flawless
6.7

ဒီကားလေးကတော့ IMDB 6.7/10 ရရှိထားတဲ့ Crime/Drama/Thriller ကားဟောင်းလေးဖြစ်ပြီး မင်းသမီးကြီး Demi Moore နဲ့ မင်းသားကြီး Michael Caine တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၆၀ ခုနှစ်များဆီက ဥရောပတစ်ခွင်မှာ အလုံခြုံဆုံးဆိုတဲ့၊ အတွင်းဘက်မှာ ကွန်ကရစ်တွေ၊ ကျောက်သားနံရံတွေနဲ့ ကာရံထားပြီး အပြင်ဘက်မှာ ၃ လက်မထု စတီးနံရံနဲ့ ဝန်းရံထားတဲ့ လန်ဒန်စိန်အဖွဲ့အစည်းကြီးရဲ့ အလုံပိတ်ခန်းထဲကနေ စိန် ၂ တန်စာလောက်ပျောက်သွားခဲ့ပါတယ်။ ပေါင် သန်း ၁၀၀ လောက်တန်ကြေးရှိတဲ့ စိန်တွေကို လုံခြုံရေးကင်မရာတွေ၊ သံမဏိနံရံတွေ၊ အစောင့်တွေ၊ အဆောက်အအုံရဲ့ ပိတ်ထားတဲ့ တံခါးအထပ်ထပ်ကိုဖြတ်ပြီး ဘယ်သူက ဘယ်လိုပြောင်မြောက်တဲ့နည်းလမ်းနဲ့ ခိုးယူခဲ့လဲဆိုတာနဲ့ စိန်တွေကို ပြန်တွေ့အောင်ရှာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(866 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

6.7 2007
Flawless
Staring at Strangers

Staring at strangers ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ဇာတ်ကောင် Carpenter Damián ကအဝတ်ဗီရိုထဲမှာ ပုန်းနေပြီး အပြင်ကမိသားစုတစ်စုမသိအောင် နေနေရတဲ့သူတစ်ယောက်ပါ။သူ့သူဌေးဆီက အလုပ်ဖြုတ်ခံရပြီး ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရာက အဲဒီဗီရိုကို အလုပ်သမားတွေ လူရှိနေမှန်းမသိဘဲ ဗီရိုဝယ်သူဆီ သယ်သွားခဲ့ကြတယ်။ မိသားစုမရှိ သူငယ်ချင်းလည်းမရှိတဲ့ Carpenter တစ်ယောက် အပြင်လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ဗီရိုထဲမှာပဲ သူ့ရဲ့ကမ္ဘာငယ်တစ်ခုအဖြစ် ထွက်ပေါက်ရှာနေထိုင်ရင်းက ​အိမ်ပိုင်ရှင်ဇနီးသည် Lucia နဲ့ ဘယ်လိုတွေ ခံစားချက်ပေါ်ပေါက်လာမလဲ၊ လူမမိအောင် အမြဲတမ်းပုန်းနေနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ psychology thriller ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin

0 2022
Staring at Strangers
Justice League: War
7.2

Justice League War (2014) IMDB: 7.2 Rotten Tomatoes: 57% Genre: Action/Sci-fi Justice League War ဟာ ၂၀၁၄ ခုနှစ်ထွက် DC Animation ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။ Justice League အဖွဲ့စတင်ဖြစ်ပေါ်လာပုံကိုရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး ဆိုက်ဘော့တောင်မှာ ဆိုက်တော့မဖြစ်သေးတဲ့ကာလဖြစ်ပါတယ်။ ဇာတ်ညွှန်း မြို့ကြီးတွေတိုင်းမှာ အမည်မသိအကောင်ကြီးတွေက ဗုံးတွေလာထောင်နေပါတယ်။ ဘာကြောင့်လည်းမသိသလို ဘယ်ကလာတယ်ဆိုတာလည်းမသိခဲ့ရပါဘူး။ ဒီလိုလာရောက်ပြီးကျူးကျော်မှုကို ကာကွယ်ဖို့ ဂရင်းလန်သန် တစ်ယောက်အလုပ်တွေရှုပ်နေပါတယ်။ ဒီလိုမျိုးကာကွယ်နေတုန်းမှာ ဘတ်မန်းရောက်ရှိလာကာ ဘုနဲ့ဘောက်ဖြစ်ကြရင်း စူပါမန်းဆီကိုရောက်သွားပါတယ်။ တစ်ဖက်မှာလည်း ဖလက်ရှ်က အဆိုပါဗုံးကို ဒေါက်တာစတုန်း(ဆိုက်ဘော့အဖေ) ဆီကိုအဖြေရှာဖို့အပ်ခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမြို့ကတော့ ဒိုင်ယာနာကို သံတမန်အနေနဲ့ဆင့်ခေါ်ထားပါတယ်။ တစ်ခုမှတ်ထားရမှာက ဒီဇာတ်လမ်းဇာတ်အိမ်တည်ထားတဲ့အချိန်မှာလူတွေက စူပါဟီးရိုးတွေကိုကြောက်ရွံကြပြီး မထောက်ခံတဲ့အချိန်ဖြစ်ပါတယ်။ အမည်မသိအကောင်းကြီးတွေ(ပါရာဒီးမွန်း)တွေရဲံနောက်ကွယ်မှာတော့ ဒါ့ခ်ဆိုက်ဒ် ရှိနေပါတယ်။ ဒါ့ခ်ဆိုက်ဒ်ကို ဘတ်မန်း၊ စူပါမန်း၊ ဖလက်ရှ်၊ ဆိုက်ဘော့၊ ရှဇမ်း၊ ဝန်ဒါဝူးမန်း၊ ဂရင်းလန်သန် တို့ ၇ ယောက်ပေါင်းပြီးဘယ်လိုများ ကာကွယ်ကြမှာလဲ။ File size… 1.4 GB / 686 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 19m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

Comedy
7.2 2014
Justice League: War
Shinda Shinda No Papa
5.8

Shinda Shinda No Papa (2024) “ဖအေထက် သားတစ်လကြီး” ဂိုပီဆိုတာ ငယ်စဉ်ကတည်းက သူတို့ ပန်ချာပီရိုးရာအတိုင်း လူကြီးတွေက ရိုက်နှက်ဆုံးမတာခံယူပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်။ ဒါပေမဲ့ အသက်ကြီးလာတော့ ကနေဒါမှာ အိမ်ထောင်ကျပြီး သားတစ်ယောက် ထွန်းကားခဲ့တာပေါ့။ အဲဒီမှာ သူ ငယ်ငယ်တုန်းကလိုပဲ ပန်ချာပီရိုးရာ အဆုံးအမတွေနဲ့ သွန်သင်ချင်ပေမဲ့လည်း သူ ရောက်နေတာက ကနေဒါဆိုတော့ မိဘက သားသမီးကို ခက်ခက်ထန်ထန် ကြည့်ရုံနဲ့ ဖအေခမျာ အချုပ်အောင်းရတဲ့ထိ ကလေးတွေကို ဦးစားပေးထားတဲ့ ဥပဒေတွေရှိနေတော့ ဂိုပီတစ်ယောက် သားဖြစ်သူက ဘာတွေပဲလုပ်လုပ် ပြန်မလုပ်နိုင်ပဲ ခြေချုပ်မိနေခဲ့တာပေါ့။ သူကိုယ်တိုင်လည်း အချုပ်ထဲ ခဏခဏဝင်ရပြီး ငွေကုန်ရပေါင်းလည်း မနည်းတော့ဘူး။ ဒီလိုနဲ့ တစ်စထက်တစ်စ ဆိုးသွမ်းလာတဲ့ သားတော်မောင်ကို အိန္ဒိယကို အလည်ပြန်ခေါ်ရင်း ဆုံးမမယ်ဆိုတဲ့ အကြံဆိုးနဲ့ ဂိုပီတို့ မိသားစုတစ်သိုက် အမိမြေ ပြန်လာခဲ့ကြတဲ့အခါမှာ ဘယ်လိုတွေ ကြုံရဆုံရ ဖြစ်ပျက်ကြဦးမယ်ဆိုတာကို ဟာသလေးနှောပြီး သားသမီး ပြုစုပျိုးထောင်နည်းကို ပညာပေးသွားတဲ့ အိန္ဒိယ ပန်ချာပီကားလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Thriller • Crime
5.8 2024 133 mins
Shinda Shinda No Papa
Back in Action
6.7

Back In Action (2025) ================= ဒီရုပ်ရှင်ကတော့ 2025 ရဲ့ထိပ်တန်းနာမည်ကြီးသရုပ်ဆောင်တွေနဲ့ စတင်ထားတဲ့ Nonstop အက်ရှင်ကားကောင်းတစ်ကားပါ…Jamie Fox , Cameron Diaz , Andrew Scott စတဲ့ နာမည်ကြီးအမြောက်အမြားပါဝင်ထားပါတယ်…. CIA ရဲ့ ထိပ်တန်းစပိုင် ၂ ယောက်ဖြစ်တဲ့ အမ်မလီနဲ့ မတ်ဟာ ရုရှားတွေဆီကနေ… ကမ္ဘာအနှံ့က အရေးပါတဲ့ နယူးကလီယားဓာတ်ပေါင်းဖို.ဆည်ကြီးတွေ ဓာတ်အားပေးရုံတွေ စတဲ့အရာတွေကိုထိန်းချုပ်နိုင်တဲ့ သော့တစ်ချောင်းကို ခိုးလာပါတယ်… ဒီသော့ကိုပြန်အပ်ဖို့ အပြန်လမ်း လေယာဉ်ပေါ်မှာ အမ်မလီဟာ မတ်ကြောင့် ကိုယ်ဝန်ရသွားကြောင်း သိရာကနေ..စီးလာတဲ့လေယာဉ်ပါ ချောက်ချခံလိုက်ရပြီး ရန်သူဘက်က တိုက်ခိုက်တာကိုခံရတာကြောင့် လေယာဉ်ပျက်ကျသွားပါတယ်…သော့ပါပျောက်သွားပြီး သူတို့နှစ်ယောက်လုံး သေလူဟန်ဆောင်က ဇာတ်မြှုပ်နေလိုက်ကြပါတယ် ဒါပေမယ့် ၁၅ နှစ်ကြာအပြီး သားနဲ့သမီးနဲ့ သာမန်မိသားစုလေးတစ်ခုရလာချိန်မှာ… အတိတ်ကသူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေ ပြန်လိုက်လာတဲ့အတွက် စွန့်လွှတ်ခဲ့တဲ့ သူလျှိုဘဝကိုပြန်သွားရပါတော့တယ်.. File Size : ( 2.71GB ) ( 1.92GB) ( 782MB ) Quality : NF Web-Dl 4K HEVC / 1080p AAC5.1 / 720p Format…mp4 / mkv Duration…01:55:00 Genre : Spy, Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Matteo & Thiha Encoded by Phyo Pyae , Min Wai

Romance • Drama
6.7 2025 114 mins
Back in Action
The Little Mermaid
5

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Little Mermaid ဖြစ်ပြီး သင်တို့ထင်ကြတဲ့အတိုင်း Disney ကထုတ်တဲ့ ရေသူမလေးမဟုတ်ပါဘူး။ ဒီကားထဲကရေသူမလေးကမင်းသမီးမဟုတ်ဘဲ ဗီလိန်ရေသူမဖြစ်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ရိုက်ကူးထားတာတော့ မဟုတ်ပေမဲ့ ကြည့်လို့ကောင်းတယ် စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတဲ့ထဲမှာတော့ ပါဝင်ပါတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ် နည်းနည်းစိတ်ဝင်စားသွားပြီဆိုရင်တော့ Review လေးကိုဖတ်ကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ အဲရစ်ဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်က ရှေးဟောင်း နေရာတစ်ခုမှာ တူးဖော်သုတေသနပြုနေရင်းနဲ့ ရှေးခေတ်က အဆောက်အဦးပုံစံတွေကိုတွေ့ခဲ့တဲ့အတွက် စိတ်အား ထက်သန်စွာနဲ့ ဆက်လက်တူးဖော်နေခဲ့ပါတော့တယ်။ ဒါပေမယ့် အဲ့ဒီမြေပိုင်ရှင်က ခဏခဏပြဿနာလာရှာနေတဲ့ အတွက် သူငယ်ချင်းဖြစ်သူဖာဒီနဲ့ပေါင်းပြီး လာဘ်ထိုးရ ပေါင်းလည်းမနည်းတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာအော်ရိုရာဆိုတဲ့ ကောင်မလေးချောချောလေးတစ်ယောက်နဲ့ အဲရစ်တို့တွေ့ဆုံ ခဲ့ပြီး သံယောဇဉ်တွေတွယ်လာခဲ့ကြပါတော့တယ်။ ဖြစ်ချင်တော့ အဲရစ်ရဲ့တူးဖော်မှုသုတေသနကြီး ရှယ်အောင်မြင် ပြီဆိုမှ မြေပိုင်ရှင်ကညစ်ပြီး ဆက်တူးဖော်ခွင့်မပေးတော့ ကြောင်းကို အော်ရိုရာဆီရင်ဖွင့်လိုက်ရာမှာတော့ သူဌေးမကြီး ဖြစ်တဲ့အော်ရိုရာက အဲ့ဒီမြေကိုဝယ်ချလိုက်ပြီး အဲရစ်ကို အေးဆေးသုတေသနလုပ်ခွင့်အမ်းခဲ့ပါတော့တယ်။ မကြာခင်မှာသူ့သူငယ်ချင်းဖာဒီလည်းရောက်လာပြီး အဲရစ်နဲ့ အော်ရိုရာတို့ကြားက ဆက်ဆံရေးကိုမသင်္ကာဖြစ်တာက တစ်ကြောင်း သူတို့တွေ့ရှိတဲ့သုတေသနတွေကလည်း ထူးဆန်း နေတာကတစ်ကြောင်းကြောင့် သံသယတွေဖြစ်လာခဲ့ရင်းမှ အော်ရိုရာက ရေသူမဆိုတာကို ဘယ်လိုရှာဖွေတွေ့ရှိသွားကြမလဲ သုတေသနကရော ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.42 GB) / (842 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
5 2024 89 mins
The Little Mermaid
Vicky and Her Mystery
6.3

Vicky and Her Mystery (Mystre, 2021)ဆိုတဲ့ ဇာတ်ကားလေးကတော့ မိသားစု၊ဒရာမာတစ်ပုဒ်ဖြစ်ပြီး သားသမီးနဲ့ တိရစ္ဆာန်များကြားက ချစ်ခြင်းမေတ္တာ၊ ဝမ်းနည်းမှုနှင့် ပြန်လည်ထူထောင်မှုတို့ကို သဘာဝ ဆန်ဆန်ဖော်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ Denis Imbert မှ ဦးဆောင်ရိုက်ကူးထားပြီး အသက် ရှစ်နှစ်အရွယ် မိန်းကလေးဖြစ်သည့် Vicky နှင့် သူ့အဖေ Stphane တို့သည် မိခင်/မိန်းမ ကိုဆုံးရှုံးလိုက်ရပြီးနောက် တောထဲရှိ ကျေးရွာသို့ ရွှေ့ပြောင်းနေထိုင်တာကနေ အစပြုထားပါတယ်။ သူတို့နှစ်ဦးလုံးသည် ဝမ်းနည်းမှု အတွင်းမှ ပြန်လည်ထွက်မြောက်ရန် ကြိုးစားရင်း တစ်နေ့မှာ သားအဖနှစ်ယောက်တို့ကတောင်တက်ရင်း လမ်းပျောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်ခြေက အိမ်တစ်အိမ်မှာအကူညီတောင်းခံပြီး အိမ်ရှင်က Vickyကို Mystery ဆိုတဲ့ခွေးလေးတစ်ကောင်လက်ဆောင်ပေးခဲ့ပါတယ်။ သို့သော်လည်း Mystery က ဝံပုလွေဖြစ်ကြောင်း သိရှိ လာသည့်အခါ ဝံပုလွေကိုမုန်းတီးကြတဲ့ သိုးထိန်းနယ်ခံတွေ ကြားထဲမှာ သူတို့ဘယ်လိုမျိုး ပြဿနာတွေကိုဖြေရှင်းကြမလဲ Mysteryကိုကယ်တင်ပေးနိုင်ကြမလား ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပါ။ Vicky and Her Mystery သည် မိသားစုနှင့် တိရစ္ဆာန် ချစ်သူများအတွက် ကြည့်ပျော်ရှူပျော်ဖြစ်မဲ့ ဇာတ်ကား တစ်ပုဒ်ဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ သက်ရှိသတ္တဝါများ ကြားထဲကချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုခံစားနိုင်မဲ့ ကားလေးပဲ ဖြစ်ပါတယ်။ File size… (1.50 GB) / (832 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Drama • Comedy
6.3 2021 84 mins
Vicky and Her Mystery
My Ordinary Love Story
6.3

My Ordinary Love Story (2014) ****************************** IMDb ကလည်း 6.3 ရရှိထားပြီး My Mister, Possessed စတဲ့ စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Song Sae Byeok နဲ့ Tidal Wave ရုပ်ရှင်က မင်းသမီး Kang Ye Won တို့ရဲ့ အချစ်ဟာသ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…။ အွန်းဂျင်ဆိုတဲ့ မိန်းကလေးက ငယ်ငယ်ကတည်းက ထားခဲ့သမျှ ရည်းစားတွေရဲ့ သစ္စာဖောက်မှုတွေကို ခံခဲ့ရပြီး အချစ်ရေးနဲ့ ပတ်သက်လို့ ကံဆိုးတဲ့ မိန်းကလေး တစ်ယောက်ပါ…။ အသက် ၃၀ရောက်ပေမဲ့ ချစ်သူရယ်လို့ အတည်တကျမရှိခဲ့ဖူးပေါ့…။ အဲဒီလို အချစ်ရေးနဲ့ ပတ်သက်ပြီး ကံဆိုးနေတဲ့အချိန် ဟျွန်းဆော့ဆိုတဲ့သူနဲ့ စတွေ့ဖြစ်ခဲ့တယ်…။ ဟျွန်းဆော့ကတော့ သူ့အပေါ်လည်း ကောင်းတယ်။ အလုပ်အကိုင်လည်း အတည်တကျရှိတော့ နှစ်ယောက်သား လက်ထပ်ဖို့အထိပါ စီစဉ်လိုက်ကြတာပေါ့ …။ ဒါပေမဲ့ တစ်ရက်မှာ ဟျွန်းဆော့ဆီ မိန်းမတစ်ယောက် မက်ဆေ့ချ်ပို့တာကို မြင်လိုက်ပြီး သူ့အပေါ် သစ္စာဖောက်နေတာလားလို့ သံသယ စဝင်လာတော့တယ်…။ ဒီလိုနဲ့ အွန်းဂျင်က ဟျွန်းဆော့ကို နောက်ယောင်ခံလိုက်ရင်း သူမသိသေးတဲ့ ဟျွန်းဆော့ရဲ့ အမှောင်ဘက်အခြမ်းကိုပါ စပြီး သိလာရတော့တာပါပဲ…။ ဒီဇာတ်ကားက ကြည့်ရင်းနဲ့ ရယ်လည်း ရယ်ရ၊ ကြောက်ဖို့လည်းကောင်းနဲ့ ခံစားချက်အစုံ ပေးနိုင်မဲ့ကားလေးမို့လို့ ညွှန်းလိုက်ပါတယ်နော် .. (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.21GB / 512MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 33 min. Genre ….. Thriller, Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Crime • Drama • Comedy • Action
6.3 2014 93 mins
My Ordinary Love Story