YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Su-ji And U-ri (2024) S01 EP33 WEB-DL,1080p(CM).mp4

443.06 MB N/A video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[REC]²
6.6

လူကြိုက်များတဲ့ REC ဇာတ်ကားလေးကားရဲ့ ဒုတိယကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ REC 2017 ရဲ့အဆက်ဖြစ်ပြီး အရင်ဒါရိုက်တာတွေဖြစ်တဲ့ Paco Plaza နဲ့ Jaume Balaguero တို့ကပဲ ရိုက်ကူးထာတာဖြစ်ပါတယ်။ REC 2 ဟာ Rec(2017) ရဲ့အဆက်ဖြစ်တာကြောင့် ရှေ့ကားကိုကြည့်ပြီးမှာ ဒီကားကိုကြည့်ဖို့ အကြံပေးပါရစေ။ ဒီဇာတ်ကားမှာတော့ ကူးစက်ရောဂါပြန့်နှံ့နေတဲ့တိုက်ထဲကို မီးသတ်သမားတွေ ရဲတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဝင်သွားပြီး နှစ်နာရီခန့်အကြာမှာ အဆက်အသွယ်ပြတ်သွားတဲ့အတွက် နောက်ထပ်အကူ SWAT အဖွဲ့တစ်ခုနဲ့ဆရာဝန်တစ်ယောက်ကို တိုက်ထဲကိုထပ်ပြီးစေလွှတ်ပါတယ်။ ဆရာဝန်ဟာ ဖြေဆေးဖော်ဖို့အတွက် ကူးစက်မှုတွေရဲ့ပင်ရင်းဖြစ်တဲ့ Medeiros ဆိုတဲ့မိန်းကလေးရဲ့ မူရင်းသွေးကိုလိုက်ရှာကြရင်းနဲ့ Rec(2017) ရဲ့အဓိကဇာတ်ကောင် အန်ဟယ်လာဗီဒယ်နဲ့ ဆုံမိပါတော့တယ်။ ကူးစက်မှုရဲ့အစက ဘယ်ကနေစတာလဲ အန်ဟယ်လာကရော ဒီလောက်အကြာကြီးဘယ်လိုအသက်ရှင်နေတာဲ သူတို့ရှာနေတဲ့ မူရင်းသွေးကိုရှာတွေ့သွားမလားဆိုတာကတော့... သွေးထွက်သံယိုအခန်းတွေနဲ့ ရိုင်းစိုင်းတဲ့စကားပြောခန်းများပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့နှလုံးမကောင်းသူများ ကြည့်ရှုဖို့မသင့်တော်ပါခင်ဗျာ။ File Size :(2GB) (983 MB) and (245 MB) Quality : Blu-Ray1080 720p Format…mp4 Duration…01:25:00 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Documentary
6.6 2009 84 mins
[REC]²
The Ultimate Oppa
3.5

ဒီတစ်ခေါက်မှာတော့ My Ultimate Oppa ဆိုတဲ့ မူဗီအသစ်လေးနဲ့မိတ်ဆက်ပေးပါရစေရှင် ဒီဇာတ်လမ်းလေးကတော့ စာရေးဝါသနာပါပြီး စာရေးဆရာဖြစ်ချင်တဲ့ ရာနာ ဆိုတဲ့ကောင်မလေးက သူ့အိုင်ဒေါ ကိုကိုမွန်းရှီဝူး ကို သူ့ရဲ့ Fanfic လေး ပို့ပေးခဲ့ရာကပြန်စာလေး ကံကောင်းစွာနဲ့ရလာခဲ့ပါတယ် အဲဒီအချိန်ကစပြီး ရာနာ့အတွက် ကိုကိုမွန်းရှီဝူးက ကမ္ဘာကြီးဖြစ်လာခဲ့ပါတယ် အဲဒီကိုကိုမွန်းရှီဝူးက သူ့ရဲ့ပထမဆုံးမိန်းကလေး ဖြစ်လာနိုင်တဲ့ “ မွန်းအတွက် ပထမဆုံးမိန်းကလေးနေရာကိုယှဉ်ပြိုင်ပွဲ” ကိုကျင်းပလာတဲ့အခါ ရာနာတစ်ယောက် ကိုရီးယားကို ရောက်လာပြီး သူ့ကိုကိုမွန်းရှီဝူးနဲ့ အနီးကပ် တွေ့ဆုံခွင့်ရလာခဲ့ပါတယ် ကိုရီးယားနိုင်ငံကြီးကိုလာပြီး ဘယ်လိုရင်ခုန်စရာတွေ အခက်အခဲတွေဖြစ်လာမှာလဲ သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ တကယ်ရှိနေတာကဘာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒါ့အပြင် ဒီကားလေးက ဖိလစ်ပိုင်နဲ့ ကိုရီးယား Collaboration ကားလေးဆိုတော့ ပိုပြီးထူးခြားပါတယ် Communicate လုပ်တဲ့နေရာမှာလည်း အင်္ဂလိပ်လိုတွေပဲလုပ်သွားတာမို့ တခြားမူဗီတွေနဲ့မတူတဲ့ခံစားချက်ကိုရမှာအသေအချာပါပဲ အများကြီးမညွှန်းတော့ပါဘူး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ အခုပဲကြည့်လိုက်ပါတော့နော် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size…2GB | 989MB | 470MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin and Cali Encoder ..... August

Adventure • Animation • Comedy • Family • Fantasy
3.5 2022 108 mins
The Ultimate Oppa
Immerstill
7.1

Immerstill(2023) *************** 2023 မှာ အသစ်ထွက်ရှိတဲ့ Crime ဇာတ်ကား အမျိုးအစားလေးပါ။ ပဟေဋိဆန်ဆန် မှုခင်း ဇာတ်ကားတွေကို နှစ်သက်တဲ့ ရုပ်ရှင် ချစ်သူတို့အတွက် သင့်တော်တဲ့ ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Immerstill မြို့ငယ် (ရွာ) လေးမှာ ရဲအရာရှိတွေ မြို့သူ မြို့သားတွေဟာ အမျိုးသမီးတွေကိုဆိုရင် အထင်သေးကြပြီး လူပျောက်တာကို ပေါ့ပျက်ပျက်သဘောထားပြီး မရှာဖွေကြဘူး။ ဒီလိုနဲ့ ကက်သီဆိုတဲ့ ကောင်မလေးက မားကုစ်ဆိုတဲ့ ကောင်လေးနဲ့ နယူးဇီလန်ကို ခိုးပြေးသွားတဲ့ပုံစံ စာပို့ပြီး ပျောက်သွားကြတယ်။ ကက်သီရဲ့ သူငယ်ချင်းဖြစ်သူ မာရီနဲ့ နာတာလီတို့က ကက်သီက မားကုစ်နဲ့ တူတူ ထွက်သွားတယ်ဆိုတာ ယုတ္တိမရှိကြောင်း လူကြီးတွေကို ရဲတွေကို ပြောပြပြီး ဘယ်သူမှ မယုံကြတဲ့အဆုံး သူတို့ဘာသာ လိုက်ရှာခဲ့ကြတယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့ ၂ ယောက်ပါ ပျောက်သွားကြတယ်။ မာရီရဲ့အစ်မဖြစ်သူ လီဆာတစ်ယောက် Vienna မြို့ကနေ ချက်ချင်း Immerstill ကို ပြန်လာပြီး သူ့ညီမလေးနဲ့ နာတာလီကို ရှာပုံတော် ဖွင့်ခဲ့တယ်။ ဇာတ်လမ်းလေးက ပရိယာယ်တွေပါပြီး စိတ်ဝင်စားဖို့ကောင်းတာမလို့... ဘာဆက်ဖြစ်မလဲ အဆုံးထိ ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ File Size :(1.9GB) and (718MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:28:00 Genre : Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

Action • Comedy
7.1 2023 88 mins
Immerstill
Gifted
8

ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ စိုးရိမ်လို့ တားမိတာပါပဲ။ တကယ်လည်း ကလေးကို ခွဲမယ့်သူ ပေါ်လာပါတယ်၊ အဲဒါကတော့ သူတို့ကို ၇နှစ်လုံး ပစ်ထားခဲ့တဲ့ မေရီရဲ့အဘွားပါပဲ။ တကယ်တော့ မေရီလေးရဲ့ အမေဟာ သချာင်္ဉာဏ်ကြီးရှင်ပါပဲ။ မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပါ။ မေရီအမေ ထားခဲ့တဲ့ ပုစ္ဆာဟာ millennium problems တွေထဲက တစ်ခုပါ။ Millennium problems တွေဆိုတာ ၂၀၀၀ ခုနှစ်တုန်းက Clay သချာင်္တက္ကသိုလ်ကြီးကနေ သက်သေပြပေးဖို့ ထုတ်ခဲ့တဲ့ ပုစ္ဆာ ၇ ပုဒ်ပါ။ အဖြေရှာနိုင်သူဟာ ဒေါ်လာသန်းချီပြီး ဆုရရှိမယ့်အပြင် ဆုတံဆိပ်တွေနဲ့ နိုဘယ်ဆုအထိကို မှန်းနိုင်ပါလိမ့်မယ်။ လက်ရှိ ၂၀၁၇ အထိကို တစ်ပုဒ်ပဲ အဖြေရှာနိုင်သူရှိပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ မေရီလေးကို သူ့အဘွားက ဒီပုစ္ဆာတွေရှင်းနိင်ဖို့နဲ့ သူ့လက်အောက်မှာ ပျိုးထောင်ဖို့ ဖရန့်ဆီကနေ လာခေါ်ပါတယ်။ ဖရန့်ကတော့ သူ့အမေရဲ့ ဖြစ်ခဲ့သလို မေရီ့ကို မဖြစ်စေချင်ဘဲ သာမာန်ကလေးဘဝနဲ့ ကြီးပြင်းစေချင်တာမို့ လုံးဝငြင်းဆန်လိုက်တဲ့အခါ သားအမိနှစ်ယောက် ကလေးလုဖို့အတွက် ရှေ့နေကိုယ်စီနဲ့ တရားရုံးမှာ ရင်ဆိုင်တွေ့ရပါတော့တယ်။ ဖရန့်က ကလေးတက်လမ်းအတွက် မေရီ့ကို လက်လွှတ်နိုင်မလား၊ ဆက်ခေါ်ထားဖို့ ဆုံးဖြတ်မလား။ မေရီကို ပိုင်ဆိုင်တဲ့သူက အနိုင်လား အရှုံးလား၊ လက်လွှတ်ရတဲ့သူက အနိင်လား အရှုံးလား။ မေရီအတွက်ကရော ဘယ်လမ်းက အမှန်လည်း ဘယ်လမ်းကအမှားလည်း။ ပြိုင်ပွဲတစ်ခုဆိုတာ အနိုင်အရှုံး ရိုးရှင်းပေမယ့် မေတ္တာတရားနဲ့ ရောယှက်လာရင်တော့ ဒီမေးခွန်းတွေဟာ အင်မတန်ကို ဖြေရခက်ပါလိမ့်မယ်။ မထင်ထားတဲ့ဟာတွေနဲ့ လှည့်ကွက်တွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ခံစားကြည့်ပါလို့ ညွှန်းချင်ပါတယ်။ File Size     :   725 MB Duration    :   1 : 36: 54 Quality       :   Bluray rip 720p Translator  :  Littleneo Encoder      :  Littleneo

Comedy • Crime • Drama
8 2017 101 mins
Gifted
The Square
6.8

IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်… စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ် အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : SWEDISH.720p.WEB-DL.XviD.AC3-FGT Translated by Myo Myint Oo (Arakanese) Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.8 2017 151 mins
The Square
Guardians of the Galaxy
7.9

Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2.12 GB) and (1.2 GB in Openload) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tariq L Walker

Action • Science Fiction • Thriller
7.9 2014 121 mins
Guardians of the Galaxy
Death of the Ember
6

အခုတစ်ခေါက် CM က အက်ရှင်စုံထောက်ဇာတ်လမ်းကြိုက်တဲ့ ပရိသတ်တွေအတွက် Death of the ember ဆိုတဲ့ စုံထောက်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တိတ်ဆိတ်ပြီး လှပတဲ့ ယွီမြိုမှာ မိုးညတစ်ညရဲ့ ထူးဆန်းတဲ့ ကားတိုက်လူသတ်မှုတစ်ခုကြောင့် ယုတ်မာမှုရဲ့ အပိုင်းအစတွေ ထွက်ပေါ်လာပါတယ်။ ရဲဖြစ်သူ အားကျန့်ဟာ တာဝန်အရ ချင်မိသားစု ကုမ္ပဏီတွင် သူလျှိအဖြစ်ဝင်ရောက်ခဲ့ပြီး စခန်းမှူးအသစ်ဖြစ်သူ လန်ကျဲနှင့်ပူးပေါင်းကာ မကောင်းမှုတွေကို ဖော်ထုတ်ရန် ကြိုးစားနေပါတယ် သိုသော် ချင်မိသားစု ညီအစ်ကို နှစ်ယောက်က အလွန်ဉာဏ်နီဉာဏ်နက်များပြီး သတိကြီးကြတဲ့အတွက် သူလျှိလှုပ်ရှားမှုအတွက် ခက်ခဲနေခဲ့ပါတယ် ချင်မိသားစု ညီအစ်ကိုရဲ့ တဖြည်းဖြည်းကြီးမားလာတဲ့ လောဘတွေနဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုတွေကြားမှာ အချိန်မရွေး သေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတဲ့ အားကျန့်တစ်ယောက် တာဝန်ကို အောင်မြင်အောင် ဘယ်လို ထမ်းဆောင်မလဲဆိုတာကို CM က ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါဦးနော်။

6 2023
Death of the Ember
Kompromat
6.3

Kompromat (2022) =============== IMDb Rating – 6.3/10 တာဝန်ဝတ္တရားတွေကို စိတ်ခံစားချက်တွေနဲ့ ရောထွေးပစ်ပြီး ကိုယ်လုပ်ချင်ရာလုပ်လိုက်တယ်ဆိုတာ လုပ်လို့ရနေတယ်ဆိုတဲ့ အသိနဲ့ကြောင့်မို့ လုပ်ချင်ရာလုပ်နေကြတာ။ ဒီလိုလူတွေဟာ စနစ်တစ်ခု ယန္တရားကြီးတစ်ခုလုံးကို အပြစ်ဖြစ်စေနေတတ်တာမျိုး ငါးခုံးမတ​​စ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားတာမျိုးပေါ့။ လူတွေဟာ အသစ်အဆန်းတစ်ခုခုတွေ့ရင် စမ်းသပ်ချင်တာမျိုး လေ့လာချင်တာမျိုး သိချင်တာမျိုးတွေဖြစ်ကြတယ်။ ဒီလိုစိတ်တွေကြောင့်ပဲ လူသားတွေဟာ ဆင့်ကဲဆင့်ကဲ တိုးတက် လာကြတယ်ဆိုပြီး လက်ခံထားကြတယ်။ အချစ်မှာရော ငြီးငွေ့ ခြင်းက ထွက်ပြေးလိုစိတ်၊ toxic rsကနေ ရုန်းထွက်လိုစိတ်တွေဟာ ဆုံတွေ့မိသွားရင် အချင်းချင်းလက်တွဲရင်း ထွက်ပြေးချင်စိတ်ကို အဖော်ပြုပေးကြရင်း ဘောင်တွေကို ကျော်လွန်တဲ့ အသစ်အဆန်း နယ်ပယ်တစ်ခုကို အတူတူ စူးစမ်းကြတယ်ဆိုရင် အပြစ်ဖြစ်ပါ အုံးမလား။ ချစ်ခြင်းတွေ လှည့်ကွက်တွေ ချောက်ချအကွက်ဆင် တာတွေကို လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံးချပြထားတဲ့ ဇာတ်လမ်းမျိုး ကြည့်ချင်ပါတယ်ဆိုရင်တော့ ဒီကားလေးက လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ခုပေါ့ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်) File Size……….(1.5 GB) / (560 MB) / (300 MB) Quality…………Blu-Ray 1080p / 720p / 480P Duration………2Hrs 07Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Paul Encoder……….SWM

6.3 2022 127 mins
Kompromat
Quan Dao: The Journey of a Boxer
5.9

ဒီဇာတ်လမ်းမှာတော့ ရှောင်နျိုဆိုတဲ့ကောင်လေးရဲ့အဖေက သူ့သူငယ်ချင်းကောင်းကို ကာကွယ်ပေးဖို့အတွက် မျက်စိမမြင်ဖြစ်သွားခဲ့တယ် အဲဒီအချိန်ကစပြီး သူ့သူငယ်ချင်းတွေဆီကဝေးကွာပြီး သူ့သားနှင့်အတူ တိတ်ဆိတ်အေးချမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့တယ် နှစ်ပိုင်းလောက်ကြာပြီးတဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်ကပြန်တွေ့ကြပြီး သူ့သားရှောင်နျိုကို သူငယ်ချင်းထံမှာလက်ဝှေ့သင်စေခဲ့တယ် ဆရာဖြစ်သူရဲ့သင်ကြားပေးမှုအောက်မှာ ရှောင်နျိုက ထူးချွန်တဲ့လက်ဝှေ့သမားတစ်ယောက် ဖြစ်လာခဲ့တယ် နောက်တော့လက်ဝှေ့သင်တန်းရဲ့ ငွေကြေးအခက်အခဲကြောင့် ရှောင်နျိုနှင့်သူငယ်ချင်းဖြစ်သူမာကျိုင်တို့က ငွေရှာဖို့ကြိုးစားရင်း လမ်းမှားသို့ရောက်ရှိခဲ့ပါတော့တယ်

5.9 2020
Quan Dao: The Journey of a Boxer
The Eye
5.4

Horror ကားလည်း ကြည့်ချင်တယ် .. သိပ်ပြီးတော့လည်း မကြောက်ချင်ဘူး .. ဒါပေမယ့် ဇာတ်ကားကလည်း ကြည့်ရတာ စိတ်ဝင်တစားဖြစ်ချင်တယ်ဆိုရင်တော့ နာမည်ကြီး မင်းသမီး Jessica Alba သရုပ်ဆောင်ထားတဲ့ The Eye ဆိုတဲ့ ဇာတ်ကားကို ကြည့်ပါ။ ဒီဇာတ်ကားထဲမှာ ဆစ်ဒနီဝဲလ်ဆိုတဲ့ မျက်မမြင် ကောင်မလေးနေရာမှာ Jessica Alba က အထူး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဆစ်ဒနီဝဲလ်က အသက်ငါးနှစ် အရွယ်တုန်းက မျက်စိကို ထိမှန်ပြီး ဗျောက်အိုးထိမှန်ပြီး မျက်စိကွယ်ခဲ့တဲ့သူ။ နောက် ဆယ့်ငါးနှစ် အကြာမှာ သူ့ရဲ့ မျက်စိကို မျက်ကြည်လွှာ အစားထိုးကုသခဲ့တယ်။ ဇာတ်လမ်းက ဒီမှာ စတာပါ။ မျက်စိက ကုသပြီးလို့ စစချင်း ဘာမှ သိပ်မမြင် ရသေးပေမယ့် ခက်တာက ကြောက်စရာကောင်းတဲ့ ပုံရိပ်တွေ .. မီးလောင်နေတာတွေ .. လူသေတွေ အဲဒါတွေကို သူ့အနေနဲ့ မြင်လာရတယ်။ သေမယ့် လူတွေကို ကြိုတင်ပြီး ပုံရိပ်တွေ မြင်နေရသလို ဖြစ်လာတယ် .. ဒီလိုတွေ မြင်လာရတာက ဘာကြောင့်လဲ? ဆစ်ဒနီအနေနဲ့ ဒါကို ဘယ်လိုမျိုး ကျော်ဖြတ်သွားမလဲ? ဆေးပညာနဲ့ ဒီကိစ္စက ဘယ်လိုမျိုး ဆက်သွယ်မှုတွေ ရှိနေသလဲ စတဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဒီဇာတ်ကားထဲမှာ ဆက်လက်ပြီး ကြည့်ရှုသွားရမှာ ဖြစ်လို့ မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါလို့ ပြောလိုက်ပါရစေ။ File size…1.6GB , 656MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre …..Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

5.4 2008 98 mins
The Eye
Kill Command
5.8

၂၀၁၆ ကထွက်ရှိထားတဲ့ဗြိတိန်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Kill Command ကတော့ မရိန်းစစ်သားတွေနဲ့ AI စက်ရုပ်တွေကြမ်းကြမ်းတမ်းတမ်းချကြမယ့် အက်ရှင်ကား တစ်ကားဖြစ်ပါတယ်။ Mission: Impossible ရုပ်ရှင်တွေထဲက မင်းသမီးချော Vanessa Kirby က အဓိကဇာတ်ကောင်တစ်ခု ဖြစ်တဲ့ Cyborg မလေး Mills အဖြစ် ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ နည်းပညာအရမ်းတိုးတက်နေတဲ့ခေတ်ကာလ တစ်ခုကို အခြေခံထားပြီး Harbinger Corporation အတွက် အလုပ်လုပ်တဲ့ Cyborg မလေး Millsဟာ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုမှာတည်ရှိတဲ့ Harbinger I လေ့ကျင့်ရေးကွင်းမှာ တိုက်ခိုက်ရေး AI စနစ်တစ်ခုက တစ်စုံတစ်ခုလွှဲမှားနေမှန်း ရိပ်စားမိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Mills ဟာ ကပ္ပတိန် Bukes ခေါင်းဆောင်တဲ့ Reaper I မရိန်းအဖွဲ့အတူ Harbinger I ကို သွားရောက်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် Bukes နဲ့အဖွဲ့က သာမန်စစ်ရေး လေ့ကျင့်မှုတစ်ခုလို့ပဲထင်ပြီး ခပ်ပေါ့ပေါ့ပဲလာခဲ့ကြပေမယ့် တပ်ဖွဲ့ဝင်တချို့သေဆုံးသွားပြီးတဲ့နောက်မှာမှ ကျွန်းပေါ်က စနစ်ချွတ်ယွင်းနေတဲ့ AI တိုက်ခိုက်ရေးစနစ်နဲ့ အသေအကြေ ရင်ဆိုင်တိုက်ခိုက်ရမှာကိုသိရှိလာခဲ့ရပါတယ်။ Mills နဲ့ကပ္ပတိန် Bukes တို့အဖွဲ့ဟာ နည်းပညာအဆင့်မြင့်ပြီး သူတို့ကိုသားကောင်တွေလိုသဘောထားအမဲလိုက်မယ့် ခေတ်လွန်စက်ရုပ်ကြီးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB / 696MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.8 2016 99 mins
Kill Command
Natsume’s Book of Friends: Ephemeral Bond

Natsume’s Book of Friends: Ephemeral Bond (2018) IMDb Rating – 7.1 ငယ်ငယ်ကတည်းက မိဘတွေကွယ်လွန်သွားတဲ့အတွက် ‌အမျိုးတွေရဲ့အိမ်မှာ လိုက်နေနေရတဲ့ နာဆုမဲတာကာရှိက အဘွားဖြစ်သူ နာဆုမဲရဲခိုရဲ့ ဝိညာဉ်မြင်နိုင်စွမ်းကိုအမွေရရှိခဲ့ပါတယ်။ အဲဒီအစွမ်းအပြင် အဘွားဖြစ်သူရဲ့ပစ္စည်းတွေကိုပါ အမွေရခဲ့ပြီး အဲဒီအမွေပစ္စည်းတွေထဲမှာ စာအုပ်လေးတစ်အုပ် ပါလာပါတယ်။ အဲဒီစာအုပ်ကတော့ အဘွားဖြစ်သူ နာဆုမဲရဲခိုတစ်ယောက် ငယ်စဉ်က မကောင်းဆိုးဝါးတွေကိုအနိုင်ယူပြီး နာမည်တွေစုဆောင်းထားခဲ့တဲ့စာအုပ်လေးပါ… မကောင်းဆိုးဝါးတွေရဲ့နာမည်တွေဖြစ်တဲ့အလျောက် နာမည်ကိုခေါ်လိုက်ရင် အခေါ်ခံရတဲ့မကောင်းဆိုးဝါးက အမိန့်ကိုနာခံရတဲ့အစွမ်းပါရှိပါတယ်။ အဲဒီလိုအစွမ်းကြီးတဲ့စာအုပ်ကို အပိုင်စီးချင်တဲ့မကောင်းဆိုးဝါးတွေရဲ့ရန်ကနေ ထွက်ပြေးရင်း နာဆုမဲတာကာရှိတစ်ယောက်က နာမည်ပိုင်ရှင်မကောင်းဆိုးဝါးတွေကို နာမည်လိုက်ပြန်ပေးနေပါတယ်။ ဒီ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ephemeral Bond ဆိုတဲ့ရုပ်ရှင်ကားလေးထဲမှာတော့ နာဆုမဲတစ်ယောက် အဘွားကိုသိတဲ့လူတစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုမျိုးမကောင်းဆိုးဝါးတွေနဲ့တွေ့ရမယ်၊ အဘွားဖြစ်သူရဲ့ဘယ်လိုဇာတ်ကြောင်းတွေကို သိရှိရမယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်က Benni ဖြစ်ပါတယ်။ File size… 1.5 GB / 678 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Action • Thriller
0 2018 104 mins
Natsume’s Book of Friends: Ephemeral Bond
A Dog Year
6

ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့ စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲ ဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်.. ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက် သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေး တစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေ စတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာ ဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်း သောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆို ခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ် စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါ ထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော် ကွိုင်ပါတော့တယ်.. ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝ သူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်း နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါ ဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာ သရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆု ရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေ အတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာ မြင်ဖူးကျမှာပါ) File size…1.61GB / 896MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

6 2009
A Dog Year
Stealing Harvard
5.1

Stealing Harvard (2002) ကြမ်းကျွံသော်နုတ်ရ စကားကျွံသော်နုတ်မရဆိုတဲ့အတိုင်းပဲ ဂျွန်တစ်ယောက် သူ့ရဲ့တူမလေးကို ရုတ်တရက်ပြောမိတဲ့စကားကြောင့် သူ့ရဲ့သာမန်လက်လုပ်လက်စားဘဝကနေ လတော်တော်ကြာစကားမပြောဖြစ်တဲ့ သူ့ရဲ့အချစ်တော် သူငယ်ချင်းဒက်ဖ်နဲ့ပြန်ပေါင်းထုပ်မိပြီး တစ်လွဲတွေစတင်လာပါတော့တယ်။ Comedy Movieဖြစ်လို့ jokesတွေက မပေါ့တဲ့အပြင် plot twistတွေကလည်းမိုက်တဲ့အတွက်ကြောင့် Underrated ဖြစ်သော်ငြားလည်း ကြည့်ပျော်တယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် တစ်ခါလောက်တော့tryကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(2.1 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Crime, Drama Duration….01:25:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

5.1 2002 85 mins
Stealing Harvard