YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Strong.Girl.Nam-soon.2023.EP14.WEB-DL.1080P(CM).mp4

927.23 MB N/A video/mp4 747 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Meter
4.5

Meter (2023) IMDb 8.1/10 ယခုတစ်ခါအလှည့်ကျလာတဲ့ဇာတ်ကားလေးကတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသားချောလေး Kiran Abbavaram နဲ့ မင်းသမီးလေး Athulya Ravi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီကားမှာဆိုရင် Rating ကလည်းအမိုက်စားမို့ သဘာဝဆန်ဆန်အမှုလိုက်ပုံလိုက်နည်းတွေနဲ့ ကြည့်ကောင်းနေမှာအမှန်ပါပဲ... ဖြောင့်မတ်တည်ကြည်တဲ့ရဲကို ဖခင်အဖြစ်ပိုင်ဆိုင်ထားရတဲ့ အာဂျွန်ကလျန် .. အဖေ့အတွက်ဆိုအမြဲဂုဏ်ယူနေတတ်သူလေးပေါ့ ဒါပေမဲ့ သူ့အ‌ဖေကတော့ ဖြောင့်မတ်မှုကြောင့်နဲ့ပဲ ခဏခဏ ရွှေ့ပြောင်းခံရပါတယ် လမ်းမှားနေရင်အထက်လူကြီးအလိုကိုတောင်မလိုက်တတ်လို့ အငြိုးထားခံရသူပေါ့ ဒီလိုဒုက္ခတွေခံရပေမဲ့လည်း သားဖြစ်သူအာဂျွန်ကလျန်က သူ့လမ်းစဉ်လိုက်နင်းပြီး ဖြောင့်မတ်တည်ကြည်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်သွားတာကို မြင်ချင်တာကသူ့အိပ်မက်.. ဒီလိုနဲ့တစ်နေ့ အာဂျွန်တို့လမ်းလျှောက်ထွက်ရင်း အမတ်တစ်ယောက်က အဖေဖြစ်သူကိုပါးရိုက်နေတာတွေ့လိုက်ပါတယ် ဖြောင့်မတ်ပေမဲ့လည်းရာထူးကွာရင် ဘာမှမလုပ်နိုင်တာကိုမြင်တော့ သူဒီရဲဆိုတာကိုမုန်းတီးလာပါတယ် ဖခင်အိပ်မက်ကလည်း အာဂျွန့်ကိုဖြောင့်မတ်တဲ့ရဲဖြစ်လာစေချင်တာဆိုတော့... ဒီအလုပ်ကိုမုန်းကြောင်းထုတ်မပြောရဲတဲ့အပြင် သူတလွဲတွေလုပ်တိုင်း အကောင်းဘက်ချည်းရောက်ရောက်သွားတဲ့အခါမှာတော့ .... ဖခင်အိပ်မက်ကိုသူဖြည့်ဆည်းပေးနိုင်မှာလား အလုပ်ကထွက်ရအောင် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးခွီနေရမလဲဆိုတာ ကြည့်ရှုလိုက်ပါရှင် File size…1080p WEB DL / 720p Quality…2.2GB / 1GB Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Khin Khin

Action • Adventure • Science Fiction
4.5 2023 127 mins
Meter
Holy Emy

Holy Emy (2021) ============== ၂၀၂၁ ခုနှစ်က ဂရိနိုင်ငံမှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကား။ ဂရိမှာနိုင်ငံမှာရိုက်ကူးပေမဲ့ အဓိကဇာတ်ဆောင် တွေကို ဖိလစ်ပိုင်သရုပ်ဆောင်‌တွေသာ သုံးထားတဲ့ ရုပ်ရှင် ကားကောင်းတစ်ကား။ ခရစ်တော်ကိုချီးမွမ်းခြင်း ကားတစ် ကားလို့လည်းဆိုနိုင်သလို အဓိကသရုပ်ဆောင် ဖိလစ်ပိုင် ညီအစ်မနှစ်ယောက်ကြားက သံယောဇဉ်၊ မေတ္တာအတိမ်အနက် ကို ဖော်ညွှန်းပေးတဲ့ ဒရာမာရုပ်ရှင်။ လူ့ဘဝသရုပ်တွေကို ပီပီ ပြင်ပြင်တင်ပြသွားတာနဲ့အညီ ဂရိနိုင်ငံထွက်ကားတွေထဲမှာ IMDb 6.2 ထိရထားလို့ မဆိုးဘူးလို့ဆိုရမယ့်ကား တစ်ကားပါ။ ရုပ်ရှင်ကားလေးရဲ့ဇာတ်အိမ်က အတော်ထူးဆန်းတယ်လို့ဆိုရမှာ ဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်လမ်းကျောရိုးဟာလည်း အတော်လေးထူးခြားနေပါတယ်။ အမေဖြစ်သူနဲ့ နိုင်ငံချင်းခြားပြီး နေနေရတဲ့ ဖိလစ်ပိုင် ညီမနှစ်ယောက်အကြောင်း ရိုက်ကူးထားပြီး အဘယ်ကြောင့် Holy Emy ‌ဆိုတဲ့ အမည်နာမပေးထားရတယ်၊ ဒီညီမနှစ်ယောက်နဲ့ သူတို့‌အမေနဲ့ကြား ဘယ်လို‌တွေဖြစ်ခဲ့ကြတယ်၊ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ Holy Emy လေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)

Action • Adventure • Drama • Science Fiction
0 2021
Holy Emy
Mission Raniganj
7.7

Mission Raniganj (2023) IMDb-7.7/10 မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ရုံတင်ကားကြီး တစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။ ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာ ပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့ အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီး အဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့ နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။ ချာနိုဘိုင်း,The Dam, စသည်ဖြင့် သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် သောက်တလွဲတွေထလုပ်မိလို့ အသက်နဲ့ရင်းအလုပ်လုပ်ရတဲ့ လုပ်သားတွေရဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရပုံတွေကို ရိုက်ကူးပြသခဲ့တဲ့ဇာတ်ကားတွေလိုပဲ အခုဇာတ်ကားမှာတော့ မင်းသားကြီး အာရှေးကူးမားက အစွမ်းပြထားပါတယ်။ အားရှေးကူးမားဟာ ခုလို သူရဲကောင်းဆန်ဆန် ဇာတ်လမ်းတွေ အတ္တပတ္တိဇာတ်လမ်းတွေက ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိတာကိုတော့ ဝန်ခံပါရစေ။ အဲ့မူရင်းလူတွေကို မသိဖူးမမြင်ဖူးပေမဲ့ သူတို့ဒါမျိုးလုပ်ခဲ့ပါလားဆိုတဲ့ Vibe ကိုတော့ အာရှေးကူးမားက ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ် အဲ့ဒီတော့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကား ဇာတ်လမ်းကြီးလဲကြိုသိတယ်ဆိုပေမဲ့ ကြားထဲမှာ တလွဲပေါင်းသောင်းခြောက်ထောင်နဲ့ လူပေါင်းစုံ စရိုက်ပေါင်းစုံ အကောင်းအဆိုး ရသစုံစွာ ခံစားရမှာပဲဖြစ်လို့ ခုလို Genre ကိုမျှော်နေတဲ့ ပရိသတ်အတွက် တင်ဆက်ပေးလိုက်ရပါတယ်….. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.7 2023
Mission Raniganj
An American Werewolf in Paris
5.1

1981 ခုနှစ်မှာထွက်ရှိခဲ့တဲ့ An American Werewolf in London ရဲ့ sequel ရုပ်ရှင်ဖြစ်ပြီး ဒီတကြိမ်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ‌‌ 1981 ရုပ်ရှင်အပြီး လန်ဒန်မြို့မှာ ဒေးဗစ် ကတ်စလာ ‌ေ-သဆုံးသွားခဲ့တဲ့နောက် ဒေးဗစ်ရဲ့ ချစ်သူ အဲလက်စ် ပရိုက်စ်က ဒေးဗစ်နဲ့ရခဲ့တဲ့ သမီးလေး ဆာရာဖင်းနဲ့အတူ ပဲရစ်မြို့ကိုပြောင်းနေခဲ့တာက‌နေ ဆာရာဖင်းအရွယ်ရောက်လာပြီးနောက်ပိုင်းကို ဇာတ်လမ်းဆက်ထားတာပါ။ 1981 ရုပ်ရှင်ကိုပဲကျောရိုးယူထားပြီး ရိုက်ကူးထားတာဖြစ်ပေမဲ့ အထူးပြုလုပ်ချက်တွေ ၊ မိတ်ကပ်တွေက 1981 ရုပ်ရှင်ကို မမှီဘူးဆိုပြီး ဝေဖန်မှုတွေရှိခဲ့တဲ့ ရုပ်ရှင်ကားပဲဖြစ်ပေမဲ့လည်း ကောင်း၊ မကောင်းကိုတော့ ကိုယ်တိုင်ကြည့်ပြီးမှ ဆုံးဖြတ်လိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။ File Size : 7.3 GB, 2 GB, 872 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 38min Format : Mkv and Mp4 Audio : AAC, AC3 Genre : Comedy, Fantasy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

Crime • Thriller
5.1 1997
An American Werewolf in Paris
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
Autumn and the Black Jaguar
6

ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ အော်တန် ဆိုတဲ့ ကလေးမလေးနဲ့ “ဟုပ်” လို့ အမည်ရတဲ့ သူ့ရဲ့ ကျားသစ်နက်လေးအကြောင်းပါ ။ အော်တန်ဟာ တောထဲမှာ မွေးပြီး တောထဲမှာ ကြီးပြင်းခဲ့တဲ့ ကလေးမလေးဖြစ်တာမို့ သဘာဝပတ်ဝန်းကျင်အပေါ်ရော တိရစ္ဆာန်လေးတွေအပေါ်ရော အရမ်းကြင်နာတဲ့ ကလေး တစ်ယောက်ပါ ။ ဒီလိုနဲ့ သူ့အမေ သေဆုံးပြီးတဲ့နောက်မှာ အရွယ်ရောက်လာတဲ့ အော်တန်ဟာ နယူးယောက်မြို့ကြီးပေါ်ကို ပြောင်းလာခဲ့ပြီး တစ်နေ့မှာတော့ သူ့ရဲ့ တောတွင်းမိသားစုတွေဆီက ပို့လိုက်တဲ့ စာကို မြင်လိုက်ရပါတော့တယ် ။ “ဟုပ်” လေး အသက်အန္တရာယ် ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားပြီးတဲ့ အော်တန်ဟာ အမေဇုန် တောထဲကို မရမကသွားပြီး ဟုပ်ကို ကယ်ဖို့ ကြိုးစားပါတော့တယ် ။ နောက်ဆုံးမှာ အော်တန် တကယ်ပဲ တစ်ကောင်တည်းကျန်တော့တဲ့ ရှားပါးကျားသစ်နက်လေး ဟုပ်ကို ကယ်နိုင်ပါ့မလား ။ ဇာတ်လမ်းအစမှာတင် အော်တန် အရမ်းမုန်းနေတဲ့ သူ့ဇီဝဗေဒဆရာမ မစ္စရှိုင်းမောကရော ဘယ်လိုပြောင်းလဲလာမလဲ ။ ဒီရုပ်ရှင်လေးမှာတော့ အော်တန်နဲ့ မစ္စရှိုင်းမောတို့ မတည့်အတူနေ ဆရာတပည့်နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ် ။ File size… (2.41GB) / (1.35GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6 2024
Autumn and the Black Jaguar
Kalashnikov
6.6

ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။ အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။ အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။ File size…(5.25 GB)/(2.2 GB)/(1 GB) Quality….Webrip 4K HEVC/Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Biography, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by KZL

Comedy • Drama
6.6 2020 105 mins
Kalashnikov
Vanvaas
5.7

Vanvaas (2024) အတိတ်နှင့်ပစ္စုပ္ပန် IMDb 6.7/10 မိသားစုဒရမ်မာ ကြိုက်နှစ်သက်သူတိုအတွက် ဟင်ဒီဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကလေးသုံးယောက်နဲ့ မြေးတွေနဲ့ ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရမယ့် အရွယ် ရောက်ရှိလို‌ နေပြီဖြစ်ဝာဲ့သူက စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ မှတ်ဉာဏ်တွေရောထွေးလိုက် မေ့ပျောက်လိုက် ဖြစ်နေခြင်းရယ်ပါ။ သူ့ဇနီးသည်နဲ့သူ အခုမှ ချစ်စကြင်နာစအရွယ်ရောက်လိုက်၊ ကလေးတွေ ဆယ်နှစ်တောင်မပြည့်သေးတဲ့အရွယ်ရောက်သွားလိုက်၊ ပစ္စုပ္ပန်ကာလကိုရောက်ရှိလာလိုက်နဲ့ သူ့မှတ်ဥာဏ်‌တွေဟာ ရော‌ထွေးနေပါတယ်။ သူဘာလုပ်နေတယ်၊ မနေ့ကဘာလုပ်ခဲ့တယ်၊ အခုလေးတင် ဘယ်ပစ္စည်းကို ဘယ်မှာထားခဲ့တယ်‌ဆိုတာကို မေ့ပျောက်လိုက်နဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းကိုလည်းရင်ဆိုင်နေရပါတော့တယ်။ တစ်နေ့ သူတိုတစ်မိသားစုလုံး ဂင်္ဂါမြစ်ဘေးက ဘုရားပွဲတစ်ခုကို ခရီးတိုလေးထွက်ဖို စီစဉ်ကြပါတယ်။ တစ်နိုင်ငံလုံးက ခရီးသွားတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပါ စည်ကားနေတဲ့နေရာမို သွားလာ လည်ပတ်ရင်း သူနဲ့ကလေးတွေနဲ့ လူစုကွဲသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကလေးတွေ ငယ်ရွယ်စဉ်ကလည်း ပွဲဈေးတစ်ခုမှာ လူစုကွဲ ပျောက်သွားလို သူတိုလင်မယားနှစ်ယောက် ခေါင်းမီးတောက် ရှာဖွေခဲ့ရဖူးတာပါ။ သူ့အနေနဲ့ဒီမှတ်ဉာဏ်နှစ်ခုရောထွေးလို သူ့ကလေးငယ်လေးတွေကို ရှာဖွေနေသေးတယ်အမှတ်နဲ့ လိုက်လံမေးမြန်းနေပါတော့တယ်။ သူ့ကလေးတွေကို သူပြန်ရှာတွေ့ပါ့မလား၊ သူ့မှတ်ဉာဏ်ပြဿနာနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို အိန္ဒိယရိုးရာဓလေ့လေးတွေနဲ့အတူ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးမှုကိုပါ ကြည်နူးစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ။

5.7 2024 160 mins
Vanvaas
The Dominator
6.4

The Dominator (2019) ********************* IMDb….. 6.4 ဒီတစ်ခါမှာတော့ ပုံမှန်ရိုမန့်တစ်ဆန်တဲ့ ကိုးရီးယားအထက်တန်းကျောင်းဇာတ်ကားမဟုတ်ဘဲ ကိုးရီးယားမှာဆို ကျောင်းတိုင်းမှာ ရှိစမြဲဖြစ်တဲ့ ကျောင်းလူဆိုးတွေက အထက်တန်း ဒုတိယနှစ်ရဲ့ ခေါင်းဆောင်နေရာကို လုကြတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အထက်တန်းကျောင်းသားတွေလို့တောင် မထင်ရစေတဲ့ အပြောအဆိုကြမ်းကြမ်းတွေ အက်ရှင်ခန်းတွေနဲ့ စိတ်ဝင်စားစရာကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဥ်း ဟန်ချောဟာ ကျောင်းရဲ့ အကြမ်းဖက်ဆုံး လူဆိုးတစ်ဖြစ်လဲ ဆန်းဂီကို အနိုင်ယူပြီးနောက် နောက်ထပ် အင်အားအကြီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ ဂျန်းမန်ကို ရှောင်မရအောင် ရန်စပါတော့တယ်။ ဂျန်းမန်က ရန်မဖြစ်ချင်တဲ့သူဆိုပေမဲ့ ဟန်ချောက သူ့ကို ပစ်မှတ်ထားပြီး အနိုင်ရဖို့ ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးလာတဲ့အခါ ကျောင်းထဲမှာ အကြီးစားပဋိပက္ခ ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားလေးက သာမန်အထက်တန်းကျောင်းသားဘဝထက် ပိုမိုရက်စက်ပြီး စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာမလို့ CM ပရိသတ်တွေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Yee Wai ပဲ ဖြစ်ပါတယ်။) File Size : 1.24GB/ 600MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:24:06 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Tiff

Action • Adventure
6.4 2019
The Dominator
Mobile Suit Gundam III: Encounters in Space
7.5

Mobile Suit Gundam Movies Trilogy Mobile Suit Gundam III: Encounters in Space (1982) Mobile Suit Gundam ဆိုတာက Anime လောကမှာဆိုရင် သူ့ဟာနဲ့သူ Star Wars လို့တောင် တင်စားလို့ရမယ်ထင်တယ်။ ဒီ ရုပ်ရှင် ၃ ကား Trilogy ကတော့ မူရင်းစီးရီးကို ရုပ်ရှင် ၃ ကားအဖြစ် ဖန်တီးထားပြီး Music ပိုင်း Animation ပိုင်း ပိုအားထုတ်ပေးထားတယ်။ နောက်ပြီး Mecha လို့ ခေါ်ရမယ့် စက်ရုပ်ကြီးတွေနဲ့ တိုက်ပွဲဆင်တာ ဘာညာကို စတင်မိတ်ဆက်ပေးတဲ့ကောင်လည်း ဟုတ်တယ်။ အဲဒီလိုဆိုလို့ စက်ရုပ်အက်ရှင်တွေပဲလားဆိုတော့ မဟုတ်ဘူး သူက လူသားတွေရဲ့ Emotional တွေ စစ်ရဲ့ဆိုးကျိုးတွေ နိုင်ငံရေးတွေပါ ထည့်သွင်းပုံဖော်ထားတာ။ Sci-fi, War, Psycological Drama ဆိုတာတွေကို အချိုးကျကျ ရောသမပေးထားတာမျိုး။ ဇာတ်လမ်းအကျဉ်းမပြောခင် သူတည်ဆောက်ထားတဲ့ကမ္ဘာမှာ လူသားတွေက အာကာသတွေပေါ်မှာ ကိုလိုနီလုပ် နေထိုင်နေကြပြီ။ အဲဒီမှာ Earth Federation နဲ့ Zeon ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့နှစ်ဖွဲ့ကွဲပြီး စစ်ဖြစ်နေကြရော။ Zeon ဖက်က Zaku ဆိုတဲ့ စက်ရုပ်ကြီးတွေနဲ့ လူမောင်းနှင်ပြီး တိုက်ခိုက်သလို Federation ဖက်ကလည်း Gundam, Guntank, Guncannon ဆိုပြီး စက်ရုပ်တွေနဲ့ ပြန်ဆော်ကြတယ်။ အဲဒီမှာ Federation ဘက်သားဖြစ်သူ ဖခင် အင်ဂျင်နီယာကြောင့် အာကာသစခန်းပေါ် လိုက်နေတဲ့ Amuro လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူတို့နေရာကို ဆုတ်ခွာမိန့်ပေးထားတာကို မကြားပဲ သူ ဝါသနာပါရာတွေလုပ်နေရင်း ကျန်ခဲ့တာ ။ ဒီမှာတင် Zeon တွေက ဝင်တိုက်တော့ ပြေးကြလွှားကြရင်းနဲ့ လမ်းမှာ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ Gundam ဆိုတဲ့ စက်ရုပ်ကြီးပေါ်ကို Manual ဖတ်ရင်း ပြန်ချရာကနေ ဒီကောင်က လက်စောင်းထက်လာပြီး White Base ဆိုတဲ့ စစ်ယာဉ်ကြီးနဲ့ လွတ်ရာကိုပြေးရင်း နောက်ကလည်း Zeon တပ်က တိုက်ခိုက်ရာကနေ ဒီ Trilogy တစ်ခု ဖြစ်လာခဲ့တာပါ။ ဒီလိုနဲ့ ပထမကားအရ အူကြောင်ကြောင်နဲ့ စစ်ပွဲထဲဝင်လာတဲ့ ကောင်လေးတစ်ယောက်ဟာ တဖြည်းဖြည်း ဒီ အကျည်းတန်ရုပ်ဆိုးတဲ့ စစ်ပွဲဆိုတာကြောင့် ဘယ်လို စိတ်ဒဏ်ရာတွေဖြစ်လာမလဲဆိုတာတွေ၊ Zaku Vs Gundam ချခန်းတွေ၊ Villain ဂန္ဓဝင်ဇာတ်ကောင် Char နဲ့ Amuro တို့ရဲ့ အဆက်မပြတ် တိုက်ပွဲတွေ ၊ ပြီးပြည့်စုံတဲ့ ကမ္ဘာတည်ဆောက်မှုနဲ့ ဖန်တီးမှုကြောင့် အဟောင်းဖြစ်သော်ငြား Old is Gold မို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်) File size… 3.58 GB / 2.22 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 2h 24m Genre ….. Anime/Action/ Sci-fi/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

Science Fiction • Action
7.5 1982 140 mins
Mobile Suit Gundam III: Encounters in Space
The Pelican Brief
6.6

The Pelican Brief (1993) *************************** IMDB Rating ——– 6.6 ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္တုဟာ The Firm တို့ A Time To Kill တို့ Rain Makerတို့လို နာမည်ကျော် Legal Thriller တွေပဲရေးခဲ့တဲ့ John Grisham ပါ။ သူရဲ့ ပထမဆုံးဝတ္တု A time to kill ဟာ ၂၀၁၂အထိ စစ်တမ်းအရ ၂၇၅သန်းအထိ ကော်ပီရောင်းရပြီးပါပြီ။ ဒီနောက်ရေးတဲ့ The Firm ဟာ Best Seller စာရင်းဝင်ခဲ့ပြီး သူ့ကို စအောင်မြင်စေခဲ့တဲ့ Legal Thriller လည်း ဖြစ်ပါတယ် ။ အခုတော့ သူရဲ့ နာမည်ကျော်ဝတ္တုတစ်ပုဒ်ကိုပဲ Julia Roberts နဲ့ Denzel Washington တို့လို ထိတ်ထိတ်ကြဲတွေ သရုပ်ဆောင်ထားတဲ့ The Pelican Brief ဆိုတဲ့ ကားနဲ့ ထပ်မိတ်ဆက်ပေးပါရစေ။ ဗဟိုတရားရုံး ဂျူဒီ နှစ်ယောက်ကို Khamelလို့ အမည်တွင်တဲ့ လူလတ်သမားတစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်သွားပါတယ်။ ဒီအဖြစ်အပျက်အပြီး နှစ်နှစ်တာ အကြာမှာ Tulane တက္ကသိုလ်က ရှေ့နေကျောင်းသူ Darby Shaw ဟာ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး ဘာလို့ သူတို့ အသတ်ခံရလဲဆိုတာကို သီအိုရီထုတ်ပြီး လျှောက်လဲချက်တစ်ခု ရေးခဲ့ပါတယ်။ ဒီလျှောက်လဲချက်ကို သူမရဲ့ ဥပဒေပါမောက္ခကိုပေးခဲ့ပြီး သူ့ဆရာက Gavin Verheek ဆိုတဲ့ FBI ဒါရိုက်တာ ရဲ့အထူးရှေ့နေတစ်ယောက်ကို မူပွားပေးခဲ့ပါတယ်။ ဒီနောက်မှာ..ပါမောက္ခဟာ ဗုံးခွဲအသတ်ခံခဲ့ရပါတယ်။ Darby ကိုယ်တိုင်လည်း တိုက်ခိုက်မှူ တချို့ကြုံရပြီးတဲ့အခါ သူ မသေအောင်ရှောင်ဖို့ လုပ်ရပါတော့တယ်။ဒီအချိန်မှာပဲ သူ သီအိုရီ ထုတ်ထားတဲ့ လျှောက်လဲချက်ဟာ မမှားလို့ သူ့ကို လုပ်ကြံဖို့ ကြံစည်နေကြောင်း သဘောပေါက်ခဲ့တယ်။ ဒီလိုနဲ့ သူမ ပုန်းကွယ်ပြီး Verheek ဆီက အကူအညီတောင်းခဲ့ရပါသတဲ့..။ တစ်ဖက်မှာ Garciaလို့ သူ့ကိုယ်သူ ခေါ်တဲ့ သတင်းပေးတစ်ယောက်ဟာ သတင်းထောက် Gray Granthamကို လုပ်ကြံမှုတွေနဲ့ ပက်သက်တဲ့ သတင်းပေးပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။ ဒီနောက် Darby ဟာ သူ့ လျှောက်လှဲချက်တွေ မှန်ကန်တာတွေ့ရှိခဲ့တဲ့ သတင်းထောက်နဲ့ ဆက်သွယ်ခဲ့ပါတယ်။ Darby ဟာ ထပ်အတိုက်ခိုက်ခံရပြီး လွတ်မြောက်သွားပေမဲ့ သူ့ကွန်ပျူတာ ဖိုင် ဒေတာတွေ အကုန်ပျောက်ကွယ် သွားခဲ့တယ်။ Verheek နဲ့ တွေ့ဆုံဖို့ စီစဉ်တဲ့အခါလည်း Verheek အသတ်ခံခဲ့ရပြီး လူသတ်သမားက အယောင်ဆောင်လာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ဆီကရောက်လာမှန်းမသိတဲ့ ကျည်တစ်တောင့်က သူ့ အသက်ကို ကယ်တင်သွားခဲ့ပါတယ်။ Grantham နဲ့ Darbyတို့ နယူးယောက်မှာ တွေ့ကြပြီး သူရဲ့ Palican လျှောက်လဲချက်ထဲက ခန့်မှန်းချက်တွေ အကြောင်း Granthamကို ပြောပြခဲ့ပါတယ်။ Granthamကလည်း သတင်းပေးလူအကြောင်းပြောပြရရင်း သတင်းပေးတဲ့လူကို သူကို သူတို့သိပြီးတဲ့အခါ…. သက်သေဘယ်လိုရှာရင်း သူရဲ့ Palican လျှောက်လဲချက်ကို ဘယ်လို သက်သေပြမလဲ ဘယ်လောက်ထိ အဆင့်မြင့်တဲ့ အုပ်ချူပ်ရေးပိုင်းက လူတွေပါပါနေလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရင်ခုန်လိုက်ကြပါ….။ ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္တုရေးဆရာ John Grishmanဟာ ရှေ့နေလည်းဟုတ်သလို နိုင်ငံရေးသမားတစ်ဖြစ်လဲ စာရေးဆရာလည်း ဟုတ်ပါတယ်။ ဒီတော့ သူ့ရဲ့ Legal Thriller ဝတ္တုတွေဟာ သေသပ်ပြည့်စုံပါတယ်။ သူ့ စာအုပ်ကို ရိုက်ထားတဲ့ Julia Roberts တို့ Danzel Washington တို့လို လူတွေ သရုပ်ဆောင်ထားတဲ့ ဒီကားဟာလည်း Rating မများလှပေမဲ့ ကားကောင်းတစ်ခုမို့လို့ ပြန်လည်တူးဖော် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung မှရေးသားပေးပြီး ဘာသာပြန်သူကတော့ Pinky Barbie ပဲဖြစ်ပါတယ်… File size…2.42GB / 865MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….2h 22m Genre ….. Crime, Drama, Mystery Subtitle….Myanmar Subtitle (Hard Sub) Translated by Pinky Barbie Encoded by AHtet

Thriller • Romance • Drama
6.6 1993 141 mins
The Pelican Brief
GATAO: Like Father Like Son
6.2

ကြမ်းမှရမ်းမှဆိုတဲ့ ဂိုဏ်းစတားပရိသတ်တွေအတွက် Golden Horse Film Festival မှ ာ Nomineeတစ်ခု နဲ့အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုတစ်ခုရခဲ့တဲ့ ထိုင်ဝမ်ကားကြမ်းကြမ်းတစ်ကားကိုCMမှတင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထိုင်ဝမ်မြောက်ပိုင်းမြို့တစ်မြို့မှာ လူမိုက်ဂိုဏ်း(၄)ဂိုဏ်းက ကိုယ့်ပိုင်နက်နဲ့ကိုယ်ကြီးစိုးပြီး သင့်သင့်မြတ်မြတ်နေကြတယ်။ မျိုးသစ်လူငယ်တစ်ယောက်ဖြစ်တဲ့မိုက်ကယ်က မူးယစ်ဆေးရောင်းတဲ့အပြင် သူ့အဖေရဲ့လုပ်ရပ်တွေကိုအားမရပဲ လောဘတက်ပြီးတစ်နယ်လုံးကို ကြီးစိုးနိုင်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ပိုက်ဆံရှာဖို့ တစ်ခုထဲနဲ့မိုက်ကယ်ဆီရောက်လာတဲ့ ဂိုဏ်းမရှိ အဖွဲ့အစည်းမရှိတဲ့ လူငယ်လေး(၃)ယောက်က လူမိုက်ဂိုဏ်းပိုင်လောင်းကစားရုံမှာပိုက်ဆံလုပြီးပြန်လာနိုင်ခဲ့ကြတယ်။ သူအထင်မကြီးတဲ့ကောင်လေးတွေက ဘာမှမဖြစ်ပဲပြန်လာနိုင်တဲ့အတွက် မိုက်ကယ်ကအံ့ဩပြီး သဘောကျနေခဲ့တယ်။ ဒီလိုနဲ့ အရင်မျိုးဆက်ကိုကျော်ပြီး အာဏာလုချင်တဲ့မိုက်ကယ်တို့ရဲ့ဂိုဏ်းအရှုပ်အထွေးပဋိပက္ခတွေကြားမှာ လက်ရဲဇက်ရဲလူငယ်လေး(၃)ယောက်က ဘုမသိဘမသိရောက်သွားပါတော့တယ်။ ဉာဏ်များတဲ့အဖိုးကြီးတွေနဲ့ စိတ်အားထက်သန်ပြီးစိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူငယ်မျိုးဆက်ကြားကတိုက်ပွဲဟာ ဘယ်လိုအဆုံးသတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ……

6.2 2025
GATAO: Like Father Like Son
Oshi no Ko -The Final Act-
6.7

Oshi no Ko -The Final Act- (2024) ******************************** ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Mystery. Drama. Supernatural အမျိုးအစား စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ဒေါက်တာဂိုရိုဟာ အလုပ်သင်ဆရာဝန်အနေနဲ့ ဆေးရုံမှာအလုပ်နေသူဖြစ်ပါတယ်။ အဲဒီဆေးရုံမှာ အအိဆိုတဲ့ အိုင်ဒေါကို အရမ်းသဘောကျနေတဲ့ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့လူနာ ဆာရီနာနဲ့ ရင်းနှီးကျွမ်းဝင်နေသူပါ။ ဆာရီနာ ဆုံးပါးသွားပြီးနောက်မှာ သူလည်း သားဖွားမီးယပ်ဆောင်မှာ အမြဲတမ်းဒေါက်တာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဆာရီနာရဲ့နောက်ဆုံးဆန္ဒကို အကောင်အထည်ဖော်ပေးဖို့ အတွက် ဒေါက်တာဂိုရို ဟာလည်း အအိရဲ့ ပရိသတ်ဖြစ်သွားပါတော့တယ်။ တစ်နေ့ သူ့ဆီကို အအိက ရုပ်ဖျက်ပြီး အမြွှာကိုယ်ဝန်ဆောင်အနေနဲ့ ရောက်လာခဲ့ရာ သူကလည်း ကလေးတွေကို ကျန်းမာစွာ မွေးဖွားပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။ လျှို့ဝှက်ချက်များစွာနဲ့ အိုင်ဒေါ အအိ မီးဖွားခါနီးအချိန်မှာ ဆေးရုံထိ နောက်ယောင်ခံ လိုက်လာသူရှိနေမှန်း ဒေါက်တာဂိုရိုသိသွားချိန် ထိုလူနောက်ကို လိုက်သွားရင်း သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးတာကို မသိလိုက်ခင်လေးမှာပဲ ထူးဆန်းစွာနဲ့ သူဟာ အအိရဲ့ အမြွှာကလေးထဲက တစ်ယောက်ဖြစ်နေတာကို ဂိုရိုသိသွားခဲ့ပါတယ်။ ကလေးမွေးထားတာကို လျှို့ဝှက်ထားတဲ့တစ်ကိုယ်တော်မိခင် အိုင်ဒေါ အအိဟာ သူ့မျက်စိရှေ့မှာတင် အသက်ခံလိုက်ရတဲ့အခါ မိခင်ဖြစ်သူ အိုင်ဒေါရဲ့ သေဆုံးမှုကို အကွာ (ဒေါက်တာဂိုရို)က ဘယ်လိုတွေ ဖော်ထုတ်သွားမလဲဆိုတာ… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.8GB / 947MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Fantasy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo & Char Ou Encoded by AHtet

6.7 2024 129 mins
Oshi no Ko -The Final Act-