YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Striking Rescue 2024 720p HEVC WEB-DL [RMC].mp4

1.08 GB 720p video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Little Vampire
6.8

The Little Vampire (2000) =================== IMDb Rating - 5.7/10 ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါ ရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူး ကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူး ခဲ့ကြမယ်ထင်ပါတယ်။ တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကို အမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ် ခုကအမြဲတမ်းပါနေခဲ့တယ်။ တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေး တစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ် ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင် တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင် ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။ ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့ သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ် ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော် တို့လို Back to childhood လုပ်ပြီး ငယ်ဘဝက ဇာတ်လမ်းလေးတွေ ကို ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း တော်တော်အဆင်ပြေတဲ့ ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.84 GB) / (758 MB) / (452 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Family Translator.......May Thet Khine Soe Encoder..........SWM

Comedy
6.8 2000 95 mins
The Little Vampire
Control
5.6

~ Rotten Tomatoes - 71% ~ သိပ္ပံကားတွေ စူပါပါဝါကားတွေကို ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့် ကားလေးပါ။ Thriller ဆန်ဆန်လည်း ရင်တသိမ့်သိမ့်တုန်ရသလို မင်းသမီးကလည်း ဝိုဗာရင်းထဲက ကလေးမလေးရုပ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဘတ်ဂျက်သိပ်မသုံးထားပေမဲ့ အတော်လေးဆန်းပြီး လှပအောင်ရိုက်ပေးထားပါတယ်။ စူပါပါဝါကားပေမဲ့ Saw လိုလို ဘာလိုလိုနဲ့ ရင်ဖိုစရာလည်း တော်တော်ကောင်းပါတယ်။ စိတ်နဲ့ အရာဝတ္တုတွေကို ထိန်းချုပ်နိုင်တဲ့ စူပါပါဝါရှိတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူ့မှာ အဲဒီအစွမ်းရှိလို့ ရှိမှန်းတောင် သူမသိရှာဘူး။ ဒီလိုနဲ့ သူ့ကို အခန်းတစ်ခန်းထဲထည့်ပြီး မလုပ်နိုင်ရင် သူ့သမီးကို သတ်မယ်လို့ ခြိမ်းခြောက်ပြီး အမျိုးမျိုး စမ်းသပ်တယ်။ ခုံမှာ သံကြိုးနဲ့ချည်ပြီး ခဲတံကို ချိုးခိုင်းတာတို့ ဘာတို့ပေါ့။ အဲဒီလိုစမ်းသပ်ခံရရင်း သူ့အစွမ်းက ကြီးသည်ထက်ကြီးလာတာပါပဲ။ ဒီလိုနဲ့ သူ့အစွမ်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်လာတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 924MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
5.6 2022 89 mins
Control
The Accidental Spy
6

၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့ ဂျက်ကီချမ်းရဲ့ အက်ရှင်ဟာသဇာတ်ကားလေးပါ။ မတင်ရသေးလို့ BluRay Quality နဲ့ အလန်းစားတင်ဆက်လိုက်ပါတယ်။ မင်းသမီးတွေကလဲ ကိုယ်တွေအကြိုက် ဟောင်ကောင်ရဲ့ Vivian Hsu နဲ့ ကိုရီးယားရဲ့ Min Kim တို့ဖြစ်ပါတယ်...Min Kim ကိုတော့ တစ်ခါတုန်းကတက္ကသိုလ်ဇာတ်လမ်းတွဲနဲ့ မှတ်မိကြမှာသေချာပါတယ်..ဗီဗီယန်ဆုကတော့ ဟောင်ကောင်ရဲ့ ရွှေမင်းသမီးလေးပါ။ ဇာတ်လမ်းကတော့... ရုပ်ရှင်ကားနာမည်အတိုင်းပဲ ဆဌမအာရုံကောင်းတဲ့ မိဘမဲ့ဂျက်ကီက ဓားပြမှုတစ်ခုကို တားဆီးပေးရင်းနာမည်ကျော်သွားရာကနေ မိဘအရင်းတွေကိုလိုက်ရှာဖို့အတွက် သူလျှိုတစ်ယောက်ဖြစ်လာပါတော့တယ်။ အတိတ်က အကြောင်းတွေကိုဖော်ထုတ်ရင်း လူဆိုးမျိုးစုံနဲ့ပတ်သတ်မိရာကနေ အရှုပ်တော်ပုံထဲကနေ လွတ်မြောက်အောင် ဘယ်လို အက်ရှင်ခန်းတွေနဲ့ စွန့်စားမလဲဆိုတာ...။ File size…(2.5 GB)/(1.2 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar

Action • Thriller
6 2001 108 mins
The Accidental Spy
Jersey
7

ဒီကားလေးက ယင်​ကောင်မင်းသား နာနီရဲ့ Jersey 2019 ကို ပြန် Hindi Remake ထားတယ်ဆိုပေမယ့် ဇာတ်လိုက် မင်းသားက Kabir Singh ဇာတ်ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မင်းသားချောလေး ရှာဟစ်ဒ်ကပူရ်ဆိုတော့ ကြည့်ရကျိုးနပ်ပါတယ်.... ဇာတ်လမ်းကြောရိုးကတော့ နိုင်ငံတော်ခရစ်ကတ်အသင်းထဲဝင်ခွင့်မရခဲ့တဲ့ အရည်အချင်းရှိ ခရစ်ကတ်ကစားသမားတစ်ဦးဟာ သူဘယ်လောက်ပဲ ကြိုးစားစား အခွင့်အရေးမရခဲ့တဲ့အတွက် ခရစ်ကတ်အားကစားကို လက်လျှော့ပြီး သာမန်ဘဝတစ်ခုမှာပဲ စိတ်နာနာနဲ့ နေထိုင်သွားခဲ့တယ်.... ခရစ်ကတ်ဝါသနာအိုးဖြစ်တ​ဲ့ သားဖြစ်သူရဲ့မွေးနေ့လက်ဆောင်အတွက် သူပူဆာတဲ့ Jersey (အိန္ဒိယခရစ်ကတ်အသင်းဝတ်စုံ) ​လေး ကို ဝယ်ပေးချင်တဲ့စိတ်နဲ့ မထင်မှတ်ဘဲ ခရစ်ကတ်လောကထဲကို သူပြန်ရောက်သွားတဲ့အခါမှာတော့.... ပတ္တမြားမှန်ရင် နွံမှာမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့တိမ်ဝှက်နေတဲ့ အရည်အချင်းတွေကို ထုတ်ဖော်ခွင့်ရပါ့မလား.... သူ့သားလေးတကယ်လိုချင်​နေတဲ့ မွေးနေ့လက်ဆောင်ကို ပေးနိုင်ပါ့လား.... သူဖြစ်ချင်နေတဲ့ အိပ်မက်ကော အကောင်အထည်ပေါ်လာပါ့မလား... ဒီဇာတ်ကားလေးက အားကစားသမားတစ်ဦးရဲ့စိတ်ဓါတ်နဲ့ ခွန်အားကို ရုပ်လုံးဖေါ်ပြပြီး အပိုထပ်ဆောင်းအနေနဲ့ သားသမီးအပေါ်ထားတဲ့ မိဘရဲ့မေတ္တာကိုလည်း အရိပ်အမြွက်လေးဖေါ်ပြထားလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ရှင့်.... File size…2.76GB / 1.16GB Quality…1080p WEB RIP AAC5.1CH / 720p WEB RIP Format…mp4 Duration….2h 5omins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Poe , Shwe Pyae Sone & Oeliu J

Action • Crime
7 2022 175 mins
Jersey
Rambo: Last Blood
6.5

ဒီကားကတော့ တိုက်ခိုက်ခန်းတွေနဲ့သတ်ဖြတ်ခန်းတွေ ရက်စက်တာမို့ R rated သတ်မှတ်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရမ်ဘိုကြီးဟာဗီယက်နမ်စစ်ပွဲ၊ မြန်မာစစ်ပွဲတွေ နွှဲခဲ့အပြီးမှာ အိမ်ကိုပြန်လာပြီး မိတ်ဆွေဟောင်း အမျိုးသမီးနဲ့သူ့ရဲ့မြေးလေး ဂေဘရီရယ်တို့ရဲ့ အိမ်မှာ အတူနေနေပါတယ်။ တစ်ရက်မှာ ဆယ်ကျော်သက်လေး ဂေဘရီရယ်ဟာမက္ကဆီကို ကိုခိုးထွက်ပြီး သူ့ကိုစွန့်ပစ်သွားတဲ့ဖခင်ဖြစ်သူကို လိုက်ရှာပါတော့တယ်။ အဲဒီအချိန်မှာ သူပြန်မလာနိုင်ဘဲလူမှောင်ခို ပြည့်တန်ဆာဂိုဏ်းလက်ထဲပါသွားတဲ့အခါမှာ အဘိုးကြီး ရမ်ဘိုတစ်ယောက်စွန့်စားခန်းတွေ ထပ်ဖွင့်ရပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…

Drama • War & Politics
6.5 2019 89 mins
Rambo: Last Blood
The Three Musketeers: D'Artagnan
7.3

The Three Musketeers: D'Artagnan (2023) ~ IMDb - 6.9/10, Rotten Tomatoes - 96% ~ ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent Cassel, François Civil, Eva Green, Louis Garrel တို့လို လူတွေကို သုံးပေးထားပါတယ်။ ဇာတ်လမ်းကတော့ ဒူးမားရဲ့ ဇာတ်လမ်းအတိုင်းကိုမှ အနည်းအကျဥ်း အပြောင်းအလဲလေးတော့ရှိတာပေါ့ဗျာ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ယေဘုယျဝေဖန်ချက်တွေကတော့ အဖက်ဖက်မှာ အကောင်းတွေများပြီး ဇာတ်လမ်းပြန်ယူထားတဲ့နေရာမှာတော့ သဘောမကျတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ စာအုပ်က ကောင်းနေတော့ အသစ်ထပ်ပြောင်းတာကို လက်မခံကြတဲ့သူတွေက မကျေမနပ်ဖြစ်ကြတာလည်းဖြစ်နိုင်ပါတယ်။ အက်ရှင်ခန်းတွေလည်း မဆိုးသလို ဟာသလေးလည်းနှောပြီးပြတယ်။ ဇာတ်လမ်းက အရမ်းကြီးလေးမနေသလို စုံထောက်ဇာတ်လမ်းလည်းဆန်တယ်။ Eva Green က Milady နေရာက သရုပ်ဆောင်ထားတာကတော့ အပိုဆုလေးပေါ့။ သူ အဲဒီနေရာက သရုပ်ဆောင်ထားတာက ဇာတ်ကားကို နောက်တစ်ဆင့်မြှင့်ပေးလိုက်သလိုပါပဲ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြဿနာတက်တဲ့တစ်ချက်က ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့အချိန် ၁၇ ရာစုလောက်က ဇာတ်ကောင် ပေါသိုး ကို Bi လား Gay လား လုပ်ထားတာတစ်ခုတော့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ပထမပိုင်းပဲရှိပါသေးတယ်။ နောက်တစ်ပိုင်းကို မျှော်နေတဲ့သူတွေလည်း အများကြီးပါပဲ။ အဲဒီထဲမှာ ခင်ဗျားပါမလားဆိုတာကတော့ ကြည့်ပြီး ဆုံးဖြတ်ပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 680MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 1Min Genre - Action, Adventure, History Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Crime • Drama
7.3 2023 121 mins
The Three Musketeers: D'Artagnan
Perfect Creature
5.4

ကျွန်တော်တို့နဲ့ ဆင်တူတဲ့ အခြားကမ္ဘာတခုမှာတော့ Vampiresတွေဟာ လူသားမျိုးနွယ်နဲ့ အတူတကွ ငြိမ်းချမ်းစွာနေထိုင်ကြတယ်။ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့ အရိပ်အာ၀ါသအောက်မှာ ဘုရားသခင်က လူသားမျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့သူတို့ကိုဖန်တီးခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ ဘရားသားဟုဒ်ဆိုတဲ့အမည်နဲ့ တာ၀န်ထမ်းဆောင်ကြတယ်။ ဘရားသား ဆိုင်းလက်စ်ကတော့ ဒီထဲကတယောက်ပါ။ ကျောင်းတော်မှာအမြင့်ဆုံးကာဒီနယ်ဖြစ်လာတော့မယ့်သူ။ ဒါပေမယ့် ညီဖြစ်သူ ဘရားသား အက်ဒ်ဂါက လူသားတွေကို စတင်သတ်ဖြတ်လာခဲ့တော့ လူသား ရဲအရာရှိ လစ်လီဆိုတဲ့ အမျိုးသမီးနဲ့အတူ သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်အက်ဒ်ဂါက ဘာဖြစ်လို့ ဒီလိုတွေလုပ်နေရတာလဲ။ ကျောင်းတော်ကြီးကလည်း နောက်ကွယ်မှာဘာတွေဖြစ်နေတာလဲ။ အက်ဒ်ဂါရဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အကြံအစည်ကိုရော တားဆီးနိုင်ပါ့မလား။ လစ်လီနဲ့ ဆိုင်းလက်စ်တို့ကြား ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဒီPerfect creature ဆိုတဲ့ဇာတ်ကားလေးမှာရှုစားအားပေးကြပါဦး File size… 1.5GB / 500MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

5.4 2006
Perfect Creature
Alien Invasion

Lyra‌မွေးနေ့အတွက် သူငယ်ချင်းတစ်စုဟာ Lyraအိမ်ကို ရောက်ရှိလာကြပါတယ်။ မွေးနေ့ပါတီမှာ ဂိမ်းကစားရင်း ‌အလောင်းအစားနဲ့ ဘေးအိမ်ကရေကူးကန်မှာ ရေကူးကြဖို့ စိန်ခေါ်ကြပါတယ်။ လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ ဘေးအိမ်မှာ ရေခိုးကူးရုံတင်မက အဖွဲ့ထဲက ကိုစပ်စုက အိမ်ထဲကိုဖောက်ဝင်ပါတော့တယ်။ အိမ်ရဲ့မြေအောက်ခန်းမှာ သူတို့မထင်မှတ်ထားတဲ့အရာကို တွေ့ရှိကာ ပြန်ထွက်ဖို့ကြိုးစားပေမဲ့ အိမ်ရှင်လည်း ပြန်ရောက်လာတာကြောင့် ထွက်မရဘဲ ပိတ်မိနေပါတော့တယ်။ သူတို့ဘာဆက်လုပ်ကြမလဲ မြေအောက်ခန်းထဲမှာရှိနေတာကရောဘာလဲ ဘာအန္တရာယ်တွေကြုံရမလဲ ဆိုတာ ဆက်လက်ကြည့်ရှုကြပါဦးခင်ဗျာ။ File size…0.99GB / 383MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

0 2023 73 mins
Alien Invasion
Juang
7

ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က “တိုက်ပွဲ”လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ပြန်လိုက်ပါလာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ကိုဗစ်ကာလတုန်းက လမ်းတွေပိတ်၊ ကားတွေစစ်၊ ဖြတ်သန်းခွင့်မရှိရင် မသွားရဆိုပြီး တားမြစ်မိန့်တွေလည်း ထုတ်ခဲ့တာမို့ အဲဒါအမိန့်ကို ဆောင်ရွက်ရတဲ့ ဝန်ထမ်းတွေနဲ့ အဲဒီအမိန့်ကို မလွှဲမရှောင်သာ ဖောက်ဖျက်ရတဲ့သူတွေ၊ ကိုယ်မှန်တယ်ထင်ရင် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အတ္တသမားတွေ၊ ကိုယ်အဆင်ပြေဖို့ပဲအရေးကြီးပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူတွေရဲ့ အတ္တလောဘတွေ၊ ပစ္စည်းမလောက် လူအင်အားမရှိဘဲ ရှေ့တန်းက တိုက်ခိုက်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခက်အခဲတွေ၊ အရေးကြုံရင် ရှိတဲ့ပစ္စည်း ရှိတဲ့လူအင်အားနဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေး ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဗဟုသုတတွေ၊ ကိုဗစ်ကာလရဲ့ နာကျင်ဖွယ်၊ သံဝေဂရဖွယ် ဒုက္ခမျိုးစုံကိုပါ ကွင်းကွင်းကွက်ကွက် မြင်သာအောင် ထည့်သွင်းရိုက်ကူးထားတာမို့ ခံစားချက်မျိုးစုံရရှိစေမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်မှာအမှန်ပါ။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller • TV Movie
7 2022
Juang
Manodrome

Manodrome (2023) အာဖရိက အကယ်ဒမီမှာ Best Film ဆုရဖူးတဲ့ တောင်အာဖရိကဒါရိုက်တာ John Trengove ရဲ့ ဟောလိဝုဒ်ဘက်မှာ ပထမဆုံးရိုက်တဲ့ရုပ်ရှင်ပါ။ ထုံးစံအတိုင်း မိန်းစထွင်းမ်တက်ရိုက်တဲ့ ဘဲတွေရဲ့ အထာအတိုင်း ပျော့ကွက်လေးတွေရှိသွားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က မင်းသားတွေက Jesse Eisenberg နဲ့ Adrien Brody တို့လို တကယ့်ထိတ်ထိတ်ကြဲတွေ။ ဇာတ်ကလည်း သိပ်အားရစရာတော့ ရှိမနေပေမဲ့ သူတို့ဘာလို့ ဝင်သရုပ်ဆောင်လဲဆိုတာကတော့ ပဟေဠိပဲ။ အိုင်ဆန်ဘတ်အတွက်ကတော့ တန်တယ်လို့ပြောရမယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ကားလောက် ကောင်းမနေပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အိုင်ဆန်ဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အများကြီး ချီးကျူးထားကြတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်ဆန်ဘတ် စကေးအပြထားဆုံးရုပ်ရှင်လို့တောင် ဆိုကြတယ်။ ဇာတ်က Psychological Thriller ဆန်ဆန်သွားထားတော့ ဒိသွားရင်လည်း မတရားဒိမယ့်ဇာတ်၊ အခုတော့ အလှမ်းကျယ် အလယ်လပ်လောက်ဖြစ်သွားပေမဲ့ သရုပ်ဆောင်တွေရဲ့ ဝိတ်နဲ့ မဆိုးလှတဲ့ အနေတစ်ခုရောက်သွားတယ်။ ဘာလင် အင်တာနေရှင်နယ် ရုပ်ရှင်ပွဲတော်မှာလည်း ပြခဲ့သေးတယ်။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Taxi Driver နဲ့ ယှဉ်ပြောကြတယ်။ ဇာတ်လမ်းကတော့ အဖေမဲ့ကြီးပျင်းလာပြီး ဘဝဒဏ်ကိုမျိုးစုံခံခဲ့ရတဲ့ ကောင်လေးဟာ အလုပ်ကပြုတ်ပြီး တက္ကစီသမားလုပ်နေတယ်။ သူ့မိန်းမကလည်း နေ့စေ့လစေ့ကလေးမွေးတော့မှာဖြစ်သလို ကလေးပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းကလည်းကြီး သူ့ဝင်ငွေကလည်းသိပ်မရှိတော့ ဒုက္ခအတိနဲ့ ဘဝကြီးထဲ ထွက်ပေါက်မဲ့နေတဲ့ လူပေါ့။ ဒီနောက် ကူကယ်ရာမဲ့ဖြစ်နေတဲ့ သူ့ဘဝထဲ ကယ်တင်ရှင်လိုလို အသင်းအဖွဲ့တစ်ခုနဲ့ တိုးတယ်။ ဒီအဖွဲ့ကလည်း စားတော့စားတယ်။ အဖွဲ့ဝင်အကုန်လုံးက မိန်းမတွေကလေးတွေကိုအပြီးအပိုင်ပစ်ပြီး ပျော်ပျော်ကြီးလာပျော်ပါးနေကြတဲ့လူတွေ။ အဲဒီလူတွေက သူ့ကို ဒီအဖွဲ့ထဲသွင်းဖို့ကြံကြတယ်။ သူလည်း စိတ်မပါတပါဖြစ်နေရာကနေ သူ့မိန်းမဆီက လေးစားမှုလည်းမရတော့တဲ့နောက် စိတ်ကပါလာတယ်။ အဲဒီနောက် သူနဲ့အဲဒီအဖွဲ့နဲ့ သူ့မိန်းမကြားက စိတ္တဇဆန်ဆန်အဖြစ်တွေကို ဂျက်စီကာအိုင်ဆန်ဘတ်ရဲ့ အားလုံးသိပြီးသား သရုပ်ဆောင်စကေးနဲ့ ခင်းကျင်းပြသွားတဲ့ကားတစ်ကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 595MB Quality – 1080p, 720p Format – mp4 Duration – 1H 35Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
0 2023
Manodrome
Little Miss Rawther
7.9

Little Miss Rawther (2023)”အချစ်ရူးမလေး မိရော်သာ” ======================================= IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။ သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.9 2023
Little Miss Rawther
I Just Wanna Hug You
6.6

I Just Wanna Hug You (2014) IMDb – 6.6 % My Drama List – 7.8 % “အချစ်ဆိုတာ ဘယ်လိုမျိုးလဲ…သူ့နားမှာ အမြဲရှိနေချင်တယ်… သူ့အတွက် တစ်ခုခုလုပ်ပေးချင်တယ်ဆိုတာ အချစ်ပဲ”… ကံမကောင်းအကြောင်းမလှလို့ မသန်စွမ်းဖြစ်ခဲ့ရတဲ့ Tsukasa က ဘုရားသခင်ရဲ့လှည့်ကွက်ကြောင့် မသန်စွမ်းဖြစ်ခဲ့ရပေမယ့် မသန်ပေမယ့် စွမ်းပါတယ်ဆိုတာကို သက်သေပြဖို့အတွက် Boccia ကစားနည်းကို စပြီးကစားခဲ့ပါတယ်… တက်စီမောင်းပြီး အသက်မွေးနေရပေမယ့် ဝါသနာဖြစ်တဲ့ ဘက်စကတ်ဘောကို အားရင်အားသလို သူငယ်ချင်းတွေနဲ့ကစားဖြစ်တဲ့ Masami… သူတို့နှစ်ယောက် တစ်ရက်မှာတော့ အားကစားရုံမှာ မတော်တဆဆုံမိကြရင်း Tsukasa ကို Masamiက အိမ်ပြန်လိုက်ပို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သံယောဇဉ်တွယ်လာခဲ့ပြီး အဆင့်တွေတက်ခဲ့ကြပါတယ်။ နှစ်ဖက်မိဘတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ပူကန့်ကွက်တဲ့ကြားက သူတို့နှစ်ယောက်ရဲ့အချစ်ရေးက ဘယ်လိုမျိုးဖြစ်သွားမလဲ… ဘယ်လိုမျိုး လောကဓံတွေနဲ့ကြုံတွေ့ရပြီး ဘယ်လိုတောင့်ခံကျော်ဖြတ်ကြမလဲ… ဒါတွေကို 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance, drama ဇာတ်ကားလေး I Just Wanna Hug You ကို ရသအပြည့်နဲ့ကြည့်ရှုခံစားလိုက်ကြရအောင် Reviewed by Benni File size… 2.5 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Benni

6.6 2014 122 mins
I Just Wanna Hug You
A Hero of Our Time

IMDb 6.4/10 ဒီတစ်ခါတော့ တူရကီဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။တူရကီဇတ်ကားတွေကိုတော့“အိုင်လာ(Ayla)”ဆိုတဲ့ကိုးရီးယားစစ်ပွဲနောက်ခံကားနဲ့တင်အထင်မသေးရဲတော့တာပါ။”အိုင်လာ”ကရုပ်ရှင်ကြည့်လို့ငိုရရင်ရှက်လို့မငိုဘူးကွဆိုပြီးမျက်ရည်ကျရတဲ့ကားပါ။ ဇတ်လမ်းအကျဥ်း အသက်သုံးဆယ်ကျော်“မတ်ထ်”ကမြို့တော်အစ္စတန်ဘူလ်မှာအလုပ်လုပ်နေပါတယ်။သူ့အဖေသေလို့အသုဘအခမ်းအနားအတွက်ပြန်လာပါတယ်။မတ်ထ်တို့အိမ်က တူရကီမြောက်ပိုင်း မြို့ငယ်လေးနားက တောင်တန်းတွေနဲ့လက်ဖက်စိုက်ခင်းတွေနားမှာရှိပါတယ်။။မတ်ထ်တို့ကလက်ဖက်ခင်းတွေကိုပိုင်ပါတယ်။သူတို့အိမ်မှာသူတို့ဦးလေးမိသားစုနဲ့သူ့အဖေငှါးထားတဲ့အလုပ်သမားမိသားစုပါအတူနေကြပါတယ်။ရုပ်ရှင်က သူ့အဖေကိုမြှုပ်ဖို့ သူ့အဖေကသူ့ညီကို ပြထားတဲ့နေရာမှာကျင်းတူးတာနဲ့စထားပါတယ်။နောက်တော့ မတ်ထ်ရဲ့ချစ်သူလည်းအသုဘအတွက်​မတ်ထ်တို့အိမ်ကိုရောက်လာပါတယ်။ မတ်ထ်ရဲ့ဦးလေးက သင်္ဂြိုဟ်တော့မယ်လုပ်ခါမှ အဒေါ်ကရက်ရွှေ့ဖို့ပြောလာပါတယ်။ဦးလေးကသဘောမတူပေမဲ့ရက်ရွှေ့ပေးလိုက်ရပါတယ်။မြို့တော်ဝန်လည်း ဝမ်းနည်းစကားပြောဖို့ရောက်လာပါတယ်။မတ်ထ်ကိုအဒေါ်က လက်ဖက်ခင်းတွေကိုဦးစီးဖို့နဲ့ မဦးစီးနိုင်ရင် လုပ်သင့်တဲ့ကိစ္စတွေကိုလာပြောပါတယ်။မတ်ထ်ကသူ့ချစ်သူနဲ့လည်းရှင်းရမယ့်ကိစ္စရှိနေပါတယ်။သူ့အဖေရဲ့အလုပ်သမားကလည်း မတ်ထ်ကိုအကူအညီတစ်ခုတောင်းလာပါတယ်။မတ်ထ်က မြို့ငယ်လေးထဲဖုန်းပြင်ဖို့မုန့်ဝယ်ဖို့တွေသွားရင်း ပြဿနာတစ်ခုပြီးတစ်ခုတက်ပါတယ်။ မတ်ထ်တက်တဲ့ပြဿနာတွေကဘာလဲသူ့ချစ်သူနဲ့ဘာကိုရှင်းကြလဲ သူ့အဖေအလုပ်သမားက ဘာအကူအညီတောင်းလဲသူ့အဖေကိုဘယ်လိုသင်္ဂြိုဟ်လိုက်လဲဆိုတာတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ရုပ်ရှင်ရဲ့ထူးခြားချက်ဒီရုပ်ရှင်မှာဂီတသံကိုသုံးမထားပါဘူး။သဘာဝအသံတွေကိုသုံးထားပါတယ်။ဒါကလည်းထူးခြားပါတယ် ညဘက်ဆို ပုဇဥ်းရင်ကွဲအော်နေတဲ့အသံမျိုးတွေပါ။ ရှု့ထော့င်တစ်ခုကပဲပုံသေရိုက်ပါတယ်။မျက်နှာအမူအရာတွေ ခံစားချက်တွေကိုအသားမပေးပါဘူး။ဒါက ပြောတဲ့စကားတွေကိုအပြည့်အဝအာရုံစိုက်မိစေပါတယ်။တစ်ချို့ အချီအချစကားတွေက ပရိသတ်ကိုပြုံးမိရယ်မိစေပါလိမ့်မယ်။ရိုးရှင်းပေမဲ့ယူတဲ့ရှု့ထောင့်နဲ့ရိုက်ချက်တွေကကိုပြောချင်တာတွေကိုပြောင်ပြောင်မြောက်မြောက်​ပြောသွားနိုင်တယ်လို့ထင်ပါတယ်။ ဒီဇတ်ကားဟာ နေ့စဥ်ဖြစ်ပျက်နေတဲ့အရာလေးတွေကိုရိုးရိုးရှင်းရိုက်ပြသွားတာပါ။တွေးစရာတွေတော့အများကြီးရပါတယ်။သေသွားတဲ့သူကသေသွားပြီ ရှင်တဲ့လူတွေကလည်းပူဆွေးတာထက် သူတို့ပြဿနာနဲ့သူတို့ ဆက်ပြီးရှင်သန်အောင်ကြိုးစားကြရတာမျိုးပါ။ တူရကီရဲ့ပညာရေး အလုပ်အကိုင်ရရှိရေးနဲ့ အစိုးရစနစ်တစ်ချို့ကိုလည်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်ပါတယ်။နိုင်ငံတွေသာကွဲတယ် ရင်ဆိုင်နေရတာတူနေပါလား တွေးမိတာမျိုးပါ။သေခြင်းကောင်းဖို့ ရှင်နေတဲ့အချိန်ဘာတွေလုပ်ရမလဲပေးထားတဲ့ မက်ဆေ့ဂျ်ကလည်းသဘောကျစရာပါ။ အကြိုက်ဆုံးက နောက်ဆုံးအခန်းပါ။သင်တရားတော်တော်ရသွားနိုင်ပါတယ်။နောက်ဆုံးအခန်းက ရိုးလွန်းလို့ဆန်းပြီးမျက်စိထဲကပါမထွက်တော့တာ ဒါရိုက်တာနဲ့ ဇတ်ညွှန်းဆရာတွေရဲ့ သမ္ဘာပါပဲ။ကြည့်ကြည့်လိုက်ပါ သဘောကျမှာပါ။ File size…(1 GB)/(873 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 2024
A Hero of Our Time
Asterix & Obelix Take on Caesar

ပိတ်ရက်မှာပဲ ဖြစ်ဖြစ် အားလပ်ချိန်မှာပဲ ဖြစ်ဖြစ် အနားယူချိန်မှာ serious မဖြစ်ပဲ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ အမျိုးစားလေးဖြစ်ပါတယ် ။ဒီကားလေးကတော့ ဥရောမမှာ အောင်မြင်ခဲ့တဲ့ ပြင်သစ်ရုပ်ပြ ကာတွန်းကနေ ရုပ်ရှင်ပြန်ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်တွေကတော့ ခပ်တုံးတုံး ရှိပေမဲ့ စွမ်းအားကြီးတဲ့ အိုဘိလိစ် ရယ် ဉာဏ်ကောင်းတဲ့ သူငယ်ချင်း အက်စထရိစ် တို့ဖြစ်ပြီး သူတို့ရဲ့ ရွာကို ကျူးကျော် လာတဲ့ ရောမတွေ ရန်ကနေ ကာကွယ်တဲ့ စွန့်စားခန်းကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ခံစားရမှာပါ ၊ ခေတ်ကတော့ ဂျူးလိယက် ဆီဆာရဲ့ ခေတ်ကို အခြေပြုထားပြီး ၊ ဆီဆာက အိုဘိလိစ် တို့ ဂေါလ်ရွာကို ဘာကြောင့် တိုက်ခိုက်လဲ ၊ ‌ဒီထရိကျုစ် ဆိုတဲ့ ဆီဆာ့ရဲ့ အမှုထမ်းက ဘယ်လို လှည့်စားမလဲ ၊ ဂေါလ်တွေရဲ့ လျို့ဝှက်လက်နက် ဖြစ်တဲ့ မှော်ဆေးရည်ကိုသောက်လိုက်တာနဲ့ အင်အားကြီးလာတဲ့ ဂေါလ်တွေကို ဆီဆာ့ တပ်တွေ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ် ကလေးရော လူကြီးပါ မိသားစုနဲ့ ပေါ့ပေါ့ပါးပါး အပန်းပြေစေမယ့် ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ် File size… (2.7 GB) / (1.5 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Family,Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kafka

Drama
0 1999
Asterix & Obelix Take on Caesar