YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Streaming (2025) 1080p HEVC NF WEB-DL [RMC].mp4

1.62 GB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nitham Oru Vaanam
6.7

ဝတ္ထုဇာတ်လမ်းတွေဟာ ကျွန်တော်တို့နဲ့ဘယ်တော့မှသက်ဆိုင်မှာမဟုတ်တဲ့ ကမ္ဘာတွေကို ခေါ်သွားပေးနိုင်တဲ့စွမ်းအားရှိပါတယ်.. ငယ်ငယ်ကတည်းက စကားပြောရတာထက် စာအုပ်တွေဖတ်ပြီး စာအုပ်ထဲက ဇာတ်ကောင်အတိုင်း ကိုယ့်ကိုယ်ကိုမြင်ယောင်ခံစားတတ်တဲ့ Arjun ဆိုတဲ့လူငယ်လေးတစ်ယောက်အပေါ်အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်.. Introvert ဖြစ်တဲ့အပြင် OCD ပါရှိနေတဲ့ Arjun တစ်ယောက် တစ်ဘဝလုံးလူ့ဂွစာဖြစ်လာခဲ့ပြီးနောက်မှာ တစ်ယောက်သောသူနဲ့တွေ့ပြီး နှစ်လအကြာမှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်.. ဘဝကြီးဟာစိုပြေလာပြီလို့ထင်ရပေမယ့် မထင်မှတ်ထားဘဲ လက်ထပ်ပွဲဖျက်သိမ်းခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျဖို့ဖြစ်လာရပါတော့တယ်.. အဲ့လိုနဲ့ အသိဒေါက်တာတစ်ယောက်ရေးထားတဲ့ ဝတ္ထု၂ပုဒ်ကိုဖတ်ကြည့်မိတဲ့အခါ ဇာတ်သိမ်းပိုင်းတွေကို မသိရသေးပါဘူးတဲ့.. perfectionist ဖြစ်လွန်းတဲ့စိတ်ကြောင့် ပြင်ပလောကမှာတကယ်ရှိနေတဲ့ ဒီဝတ္ထုထဲက ဇာတ်သိမ်းတွေကို ရှာဖို့ ခရီးထွက်လာတဲ့ Arjun တစ်ယောက် Shubathra နဲ့တွေ့ပြီး အတူခရီးထွက်ကြတဲ့အခါ ဘာတွေကြုံတွေ့ပြီး ဝတ္ထုလေးတွေကရော ဘယ်လိုအဆုံးသတ်မလဲ Arjun ရဲ့ဘဝကရော ဘာတွေပြောင်းလဲသွားမလဲ .. အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါ ဇာတ်ကားကောင်းလေးကို နုံချာတဲ့review လေးကြောင့် အရသာပေါ့သွားစေမှာစိုးလို့ ကိုယ်တိုင်ကိုယ်ကျ CM Website မှာ ဒေါင်းကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ် File size…2.17GB /  1.05GB  Quality…1080p True  WEB DL /720p Format…mp4 Duration…2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O ~ Yunni ~ Sora

Drama
6.7 2022 146 mins
Nitham Oru Vaanam
Aadavaallu Meeku Johaarlu
3.6

အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ် မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါ ဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ် အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့ အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကို အကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူး ဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ် ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ..... လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး မင်းသမီးချောလေး ရှက်ရ်မီး ပါဝင်သရုပ်ဆောင်ထားတဲ့ကားမလို့ အခုပဲ ဒေါင်းပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်နော် File size…950MB / 1.6GB Quality…720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by  Shwe Pyae & Eliza & Yate & Myo Myo &Haruko

Comedy • Horror
3.6 2022 139 mins
Aadavaallu Meeku Johaarlu
Tolkien
7

ဒီရုပ်ရှင်ကိုတော့ လူတိုင်းကြိုက်မယ်မထင်ပါဘူး။ အရမ်းကြိုက်မယ့်သူတွေလည်း ရှိပါလိမ့်မယ်။ ဒါက ကျွန်တော်တို့တွေ အရမ်းကြိုက်ရတဲ့ ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ အကြောင်းပါပဲ။ The lord of the rings နဲ့ Hobbit ရုပ်ရှင်တွေကို အများစု သိကြမှာပါ။ အော်စကာတွေ တစ်ပြုံကြီးနဲ့ ဂန္ဓဝင် ရုပ်ရှင်တွေကိုး။ ဒါပေမယ့် မူရင်းဝတ္ထုရဲ့ စာရေးသူကိုတော့ အမာခံဖန်တွေပဲ သိကြမယ်ထင်ပါတယ်။ J.R.R.Tolkien ခေါ် ဂျွန် ရော်နယ် ရူအယ် တိုကင်းန်ပါပဲ။ တိုကင်းန်ဟာ လူငယ်ဘဝမှာ သူငယ်ချင်း သုံးယောက်ရှိခဲ့ပါတယ်။ စာပေအနုပညာကို စိတ်တူကိုယ်တူလိုက်စားကြတဲ့ လေးယောက်အဖွဲ့ပေါ့။ ဒါကြောင့်လဲ သူ့ရဲ့ဝတ္ထုတွေမှာ လေးယောက်တွဲတွေ လွှမ်းမိုးမှုရှိခဲ့တာလားပါပဲ။ တိုကင်းန်ဟာ ဘာသာစကားတွေ ဒဏ္ဍာရီတွေဘက်မှာ အရမ်းထူးချွန်တဲ့သူပါ။ သူဟာ ပထမကမ္ဘာစစ်မှာ ပါဝင်တိုက်ခဲ့ဖူးခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်မှာ ဝှက်စာဖြေသူအဖြစ် ပြောင်မြောက်စွာ လုပ်ကိုင်ပေးခဲ့ပါသေးတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ဘာသာစကား ပါမောက္ခအဖြစ် တာဝန်ယူခဲ့တာပါ။ ဘာသာစကားနဲ့ပတ်သတ်ပြီး သူပြုစုခဲ့တဲ့ စာအုပ်တွေ ဘာသာပြန်တွေဟာ အခုထိ တက္ကသိုလ်တွေမှာ လေ့လာနေကြရဆဲပါပဲ။ Lotr နဲ့ Hobbit ရုပ်ရှင်တွေကို ကြည့်ရတာ ဇာတ်အိမ်ကျယ်ပြန့်လှပြီလို့ ထင်မိပါသလား။ ဒါဆိုရင်တော့ ဆရာ တိုကင်းန်က ပြုံးပါလိမ့်မယ်။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ ဇာတ်ကောင်တွေသာမက ဆွေစဉ်မျိုးဆက် သမိုင်းတွေ၊ ပြက္ခဒိန်တွေ၊ သူကိုယ်တိုင်ဆွဲထားတဲ့ မြေပုံတွေ အပြင် ကိုယ်ပိုင်တီထွင်ထားတဲ့ ဘာသာစကားအသစ်တွေပါ ပါဝင်ခဲပါတယ်။ အဲဒီဘာသာစကားအတွက်လည်း အဘိဓာန်တွေ ပြန်ထုတ်ပေးခဲ့ပါသေးတယ်။ ရုပ်ရှင်ထဲက အကြောင်းအရာတွေဟာ တိုကင်းန်ရဲ့ လက်ရာတွေနဲ့စာရင် အကျဉ်းချုံးလေးသာသာပဲ ရှိပါသေးတယ်။ တိုကင်းန်အပြင် သူသေဆုံးပြီးနောက်မှာ သူ့ရဲ့သား ခရစ္စတိုဖာ တိုကင်းန်ကလည်း သူ့ရဲ့ လက်ရေးမှတ်စုတွေကို ပြန်စုစည်းတည်းဖြတ်ပြီး ထုတ်ဝေခဲ့တဲ့ ကမ္ဘာကျော်စာအုပ်တွေ ရှိခဲ့ပါသေးတယ်။ ဒါကြောင့် Lotr ဖန်တွေ ဂျေအာအာတိုကင်းန်ကို စိတ်ဝင်စားတဲ့သူတွေအတွက် ဒီရုပ်ရှင်က အရမ်းကို နှစ်သက်ဖို့ ကောင်းပါလိမ့်မယ်။ ဒါတွေနဲ့ မရင်းနှီးဘဲတော့ ဒီရုပ်ရှင်ကိုကြည့်ပြီး ပျင်းစရာလို့ ထင်ကောင်းထင်ပါလိမ့်မယ်လို့ ကြိုပြီး သတိပေးပါရစေ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်…… File Size : (900 MB)  Quality : Blu-Ray 720p Running Time : 1hr 52min Format : Mp4 Genre : Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.X264-AMIABLE Translated by Littleneo Encoded by Thanhtike Zaw

Sci-Fi & Fantasy
7 2019 112 mins
Tolkien
She Will
5.4

She will (2021) =========== ဒီဇာတ်ကားကတော့ 2021 မှာ ထွက်ရှိခဲ့ပြီး IMDb 5.5 ရရှိထားတဲ့ Psychological Horror and Thriller ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကတော့ ဗရိုနီကာ ဂန့်ထ် ဆိုတဲ့ နာမည်ကြီးမင်းသမီးကြီး တစ်လက်ဟာ ခွဲစိတ်မှုတစ်ခုကို ခံယူပြီး ပြန်လည်ထူထောင်ရေးအတွက် စကော့တလန်နယ်ဘက်မှာ သွားရောက်နေထိုင်ရာမှ စတင်လာပါတယ်။ ဒေစီ ဆိုတဲ့ သူနာပြုအကူတစ်ယောက်လည်း ဗရိုနီကာ့ကို ပြုစုပေးဖို့အတွက် သူမနဲ့အတူတူ လိုက်ပါလာခဲ့တယ်။ အဆိုပါနေရာက ဆက်သွယ်မှုပြင်ပ ဧရိယာတစ်ခုဖြစ်ပြီး ထိတ်လန့်ဖွယ် အဖြစ်ဆိုးတွေနဲ့ တည်ရှိနေခဲ့တဲ့ နေရာတစ်ခုပါ။ လူထောင်ချီ မီးလောင်သေဆုံးခဲ့ရပြီး ထူးဆန်းဖွယ် ရွှံ့နွံတွေအပြည့်နဲ့ နေရာမှာ ဗရိုနီကာတို့လိုပဲ အနားယူဖို့ လာရောက်ကြတဲ့ လူထူးဆန်းတွေလည်း ရှိလို့နေပါတယ်။ ဗရိုနီကာလည်း အဲဒီကိုရောက်မှ သူမရဲ့ ငယ်ဘဝက စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာပြီး အိပ်မက်တွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအင် တွေ ရရှိလာတာကို သိလိုက်ရတယ်။ အဲဒီနောက်မှာတော့ ကြောက်လန့်ဖွယ် အဖြစ်အပျက်တွေနဲ့ ထိတ်လန့်ဖွယ်အတိတ်ဆိုးတွေ ပြန်လည်စတင်လာပါတော့တယ်။ မီးလောင်မှုတွေနဲ့ ရွှံ့နွံတွေကြား ဆက်စပ်မှုတွေ၊ စုန်းမငှက်မွှေးလို့ခေါ်ကြတဲ့ ကျပ်ခိုးတွေနဲ့ အမှောင်ထုတွေကြားက ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာမို့ Psychological Horror and Thriller ကြိုက်တဲ့သူတွေအဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Sci-Fi & Fantasy • Western
5.4 2021
She Will
Clouds of Chernobyl
5.8

1986ခုနှစ် ရိုမေးနီးယားမှာ ကွန်မြူနစ်အစိုးရအုပ်ချုပ်ခဲ့တုန်းက နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို နောက်ခံထားရိုက်ထားတဲ့ မိသားစုဇာတ်ကားဖြစ်ပါတယ်။ဓာတ်ပေါင်းဖိုကနေယိုစိမ့်လာတဲ့ ရေဒီယိုဓာတ် ရောင်ခြည်တွေက လေကနေတဆင့် ချာနိုဘယ်မြို့ရဲ့ တိမ်တွေထဲမှာစုနေပါတယ်။ ပြည်သူပြည်သားတွေက ကွန်မြူနစ်အစိုးရကြောင့်ဒုက္ခရောက်ကြရတဲ့အထဲ အဆိပ်သင့်ဓာတ်ငွေ့တွေကိုလေကတဆင့်ရှူမိကြလို့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြပါတယ်။ ဒီနျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ဖြစ်ရပ်ဟာ သမိုင်းမှာရှိတဲ့ဟီရိုရှီးမား ဗုံးပေါက်ကွဲမှုပြီးရင်အထင်ရှားဆုံးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အီရီနာဆိုတဲ့ အမျိုးသမီးဟာ ခေတ်ပျက်ထဲမှာ ကိုယ်ဝန်ရသွားပြီး ဖိအားတွေကြားထဲကနေ အသက်ရှင်ဖို့ရုန်းကန်ရပုံကိုကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်း ဇာတ်လမ်းအေးမယ်လို့ ထင်ရနိုင်ပေမယ့် တစိမ့်စိမ့်နဲ့အရှိန်တက်ပြီးကြည့်လို့ကောင်းတဲ့ကားမျိုးဖြစ်ပါတယ်။ မိဘမေတ္တာနဲ့အဲဒီခေတ်က victimတွေအတွက်ရည်ရွယ်ရိုက်ကူးထားတဲ့ကားဖြစ်လို့ political drama ကောင်းကောင်းကြည့်ချင်နေသူတွေအတွက် ကွက်တိပါပဲ။ File size…(1.2 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre…Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni

Romance • Drama • History
5.8 2022
Clouds of Chernobyl
The Slumber Party
5.8

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Disney ရဲ့ Comedy, Family အမျိုးအစား The Slumber Party ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းအကျဉ်းလေးကတော့ မက်ဂန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု အန်နာမာရီယာရဲ့မွေးနေ့မှာ ပါတီကျင်းပရင်းဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စိတ်ရောဂါဆရာဝန် အဖေနှစ်ယောက်ရှိတဲ့ LGBTမိသားစုကနေ မွေးဖွားလာတဲ့ မက်ဂန်၊ အမြဲတက်တက်ကြွကြွနေတတ်ပြီး သတ္တိရှိတဲ့ မက်ဂန်ရဲ့ ငယ်သူငယ်ချင်း ပေ့ခ်ျ၊ သူ့ရဲ့မွေးနေ့မှာ အဖေက နောက်အိမ်ထောင်ပြုတော့မှာကြောင့် စိတ်ရှုပ်နေတဲ့ အန်နာမာရီယာ၊ အန်နာမာရီယာရဲ့ညီအစ်မတော်ဖို့ ဖြစ်လာတဲ့ ဗရော်နီကာ၊ အဖေနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်မနေတတ်ဘဲ အမြဲထိန်းချုပ်ပြီး‌နေတတ်တဲ့ မက်ဂန်ဟာ အန်နာမာရီယာ့မွေးနေ့မှာတော့ သူရဲ့ထိန်းချုပ်မှုတွေ ပူပန်မှု‌တွေကိုမေ့ပစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ အသစ်အဆန်းတွေလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရင်း….. အစ်မရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဗရော်နီကာ ဖိတ်ပေးထားတဲ့ မှော်ဆရာကလည်း သူတို့ကို စိုးရိမ်ပူပန်မှုအကုန်မေ့ပျောက်ပြီး စိတ်လွတ်လက်လွတ် ပျော်ပျော်နေကြဖို့ စိတ်ညှို့‌ပေးလိုက်တဲ့ အခါမှာတော့…. သူတို့သူငယ်ချင်းတစ်စု ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အခုပဲကြည့်ကြည့်လိုက်ရအောင် File size…(840 MB) Quality….Webrip 720p Format…mp4 Duration….01:23:00 Genre…Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

Romance • Drama
5.8 2023
The Slumber Party
The Nun II The Nun 2
6

Conjuring ရုပ်ရှင်စကြဝဠာထဲက တစ်ကားဖြစ်တဲ့ Nun 2 လာပါပြီ။ ဒီရုပ်ရှင်ကတော့ Ed and Lorraine ရဲ့ ယနေ့ခေတ်ကာလမဟုတ်ဘဲ သီလရှင်နတ်ဆိုး သောင်းကျန်းခဲ့တဲ့ ရှေးခေတ်ကာလမှာ သူ့ကိုရှင်ဆိုင်ခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေအကြောင်းပါပဲ။ ဒီဇာတ်လမ်းအစမှာတော့ စိန့်ကာတာဘုရားကျောင်းမှာ သီလရှင်တွေဆက်တိုက် သေဆုံးမှုတွေဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးနဲ့ သီလရှင်တစ်ပါးက သွားရောက်အဖြေရှာတဲ့အခါ နတ်ဆိုးတစ်ကောင်ရဲ့ လက်ချက်ဖြစ်နေတာကြောင့် နှိမ်နင်းခဲ့ရပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာပဲ အဲဒီနတ်ဆိုးရဲ့လုပ်ရပ်တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ သေဆုံးမှုတွေ ဘုန်းတွေကြီးတွေနဲ့သီလရှင်တွေထပ်ကြုံလာရပြီးဥရောပတဝှမ်းမှာဖြစ်လာတာကြောင့် ဘုရားကျောင်းက ဒီအမှုတွေကိုစုံစမ်းဖို့ စိန့်ကာတာက နတ်ဆိုးကို အနိုင်ယူခဲ့တဲ့ သီလရှင်ကိုတာဝန်ပေးလိုက်ပါတော့တယ်။ အဲဒီတုန်းက ဘုန်းတော်ကြီးက သေသွားပြီဖြစ်လို့ပါ။ အဲဒီသီလရှင်နဲ့အတူ သီလရှင်အသစ်လေးတစ်ယောက် လိုက်လာပြီး နတ်ဆိုးက ဒီလိုလုပ်နေရတဲ့အကြောင်းရင်းကို လိုက်စုံစမ်းတဲ့အခါ…. ဒီရုပ်ရှင်ထဲမှာ သူတော်စင် လူစီအကြောင်းကို အခြေခံထားပါတယ်။ ရောမအင်ပါယာခေတ် Pagan ဗာရီဟဝါဒီ အားကောင်းနေတဲ့အချိန်မှာ ခရစ်ယာန်ကိုးကွယ်သူတွေ အမြောက်အမြား အသတ်ခံခဲ့ရပါတယ်။ သူတော်စင်လူစီကတော့ နောက်ဆုံးနဲ့အပြင်းထန်ဆုံးသတ်ဖြတ်တာခံရတဲ့သူပါပဲ။ မှတ်တမ်းအရတော့ သူတော်စင်လူစီကို မီးတင်ရှို့ပပေမဲ့ မီးမစွဲတာကြောင့် မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပြီး ကွက်မျက်ခဲ့ပါတယ်။ ဒါကြောင့် သူတော်စင်လူစီကို မျက်မမြင်တို့ရဲ့သူတော်စင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲက နတ်ဆိုးနဲ့ အသတ်ခံရသူတွေဘယ်လိုပတ်သတ်လဲ၊ သူတော်စင်လူစီနဲ့လည်း ဘယ်လိုပတ်သတ်လဲဆိုတာ သိအောင် ဆက်ကြည့်လိုက်ပါဦး။ Conjuring ဇာတ်လမ်းတွေက အချိန်အစဉ်လိုက် ကြည့်ချင်တယ်ဆိုရင်တော့ The Nun (2018) https://channelmyanmar.to/the-nun-2018/ Annabelle: Creation (2017) The Nun 2 (2023) Annabelle (2014) The Conjuring (2013) Annabelle Comes Home (2019) The Conjuring 2 (2016) The Conjuring: The Devil Made Me Do It (2021) ဒီလိုကြည့်ရှုနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

6 2023
The Nun II The Nun 2
The Old Oak
7.2

The Old Oak (2023) =============== IMDb Rating – 7.2/10 The Old Oak ရုပ်ရှင်ကတော့ ဒရာမာကားလေးပါပဲ။ ဖြည်းဖြည်းလေးနဲ့ နင့်နင့်လေးခံစားရတဲ့ကားလေးပါ။ ဆုတွေလည်း တစ်သီကြီး ရယူထားတဲ့ ကားလေးဖြစ်တာကြောင့် ဇာတ်ကားကောင်းတစ်ခုဆိုတာ ပြောစရာတောင် မလိုပါဘူး။ ဇာတ်လမ်းကတော့ အဂ်လန်အရှေ့မြောက်ဘက်ပိုင်းက ရွာလေးတစ်ရွာဟာ အရင်တုန်းက လုပ်ထားတဲ့ သတ္တုတွင်းမိုင်းလုပ်ငန်းတွေပိတ်လိုက်တဲ့အချိန်မှာ လူသူကင်းမဲ့လာပြီး မတက်မကြွဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေကို မကြိုက် ကြတဲ့သူတွေကလည်း ဒါကို ပြင်ဆင်ဖို့ကြိုးစားကြပေမယ့် ဘာမှမလုပ်နိုင်ကြ လို့ သူတို့ကိုယ်သူတို့စိတ်ပျက်နေကြတာပါ။ ဒီလိုအခြေအနေမှာ ဆီးရီယား နိုင်ငံရဲ့စစ်ဘေးသင့်ပြည်သူအချို့ဟာ ဒီရွာလေးမှာ ခိုလှုံဖို့ရောက်လာခဲ့ပါတယ်။ အဲဒီအထဲမှာ ယာရာဆိုတဲ့အမျိုးသမီးလေးဟာ သူ့ပတ်ဝန်းကျင်ကို အမြဲတမ်း ကူညီလိုစိတ်ရှိတာကြောင့် ဒီရွာရဲ့ အခြေအနေဆိုးကို ကူညီဖို့ကြိုးစားရင်းက ဒီရွာမှာ ရှိနေကြတဲ့သူတွေနဲ့ ရင်းနှီးလာခဲ့ပါတယ်။ နိုင်ငံမတူ ၊ လူမျိုးမတူ ၊ ကိုး ကွယ်ရာမတူကြတဲ့သူတွေရဲ့ ထိတွေ့မှုကနေ ပြသနာတွေလည်း အများကြီးထွက် လာတာမို့ ဒီပြသနာကို ရင်ဆိုင်ဖြေရှင်းရင်း ဒီပတ်ဝန်းကျင်ကို ဘယ်လိုပြောင်း လဲနိုင်လိုက်သလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါ။ IMDb Rating 7.2 ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.6 GB) / (799 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thy Santa Encoder……….SWM

Drama
7.2 2023
The Old Oak
M.S. Dhoni: The Untold Story
8

MS.Doni The Untold Story (2016) “ခရစ်ကတ်ကစားသမား ဒိုနီရဲ့ ဘဝစာမျက်နှာ” IMDb 8/10 RT score 75% ရုံတင်ငွေအရလဲ အောင်မြင်ခဲ့ပြီး cast နဲ့တင် လဲသေလို့ရတဲ့ biographical sport drama ကားလေးကို CM Bollywood ပရိသတ်ကြီးအတွက် ပြန်တင်ဆက်ပေးပါရစေ အဓိကဇာတ်ဆောင်တွေအဖြစ် PK ကားထဲက ဇာတ်ပို့မင်းသား ဆူရှန့်ဆင်းဂ် Shershaah ထဲက အချောလေး ကီရာရာ နဲ့ မြင်သူငေးမင်းသမီးလေး ဒီရှားတို့က ဦးဆောင်ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ Test, ODI, T20I ချန်ပီယံ အိန္ဒိယခရစ်ကတ်နိုင်ငံ့လက်ရွေးစင်ဟောင်း မဟင်ဒရာဆင်းဂ် ဒိုနီရဲ့ ဘဝဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဗမာပြည်နဲ့ထူးမခြားနား စာမရမှာစိုးလို့ အားကစားမလုပ်ခိုင်းတဲ့ ကျောင်းပညာရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ခရစ်ကတ်ဆိုတာကို စတင်သိရှိခဲ့ပြီး ကျောင်းလက်ရွေးစင်ကနေ နိုင်ငံ့ကိုယ်စားပြုတစ်ယောက်အထိ ဖြစ်လာဖို့ အောင်မြင်မှုတွေရရှိလာဖို့အတွက် နောက်ကွယ်က ပေးဆပ်ရုန်းကန်ခဲ့ရတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားလေးမို့ အားကျအတုယူဖို့လဲကောင်း ကြည့်ရတာလဲ ရသစုံလင်ပါတယ် Cast တွေနဲ့တင်ကြည့်ရတာတန်နေပြီမို့ မိုတီကားကောင်းလေးတွေကြိုက်နှစ်သက်တဲ့ Bollywood ပရိသတ်ကြီးအတွက် CM Bollywood Team ကနေ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2016
M.S. Dhoni: The Untold Story
Role Play
5.5

The Big Bang Theoryထဲက ပန်နီရဲ့ အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အမ်မီဆိုတာ သာယာတဲ့မိသားစုလေးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်ဖက်မှာတော့ ဖုံးကွယ်ထားတဲ့ဘ၀တစ်ခုရှိနေခဲ့ပါတယ်။ အမ်မီတို့ ဇနီးမောင်နှံဟာ သူများတွေအတွက် စံပြစုံတွဲဖြစ်ကြပေမဲ့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ချစ်စကြင်စကလို စိတ်လှုပ်ရှားမှုနည်းလာတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ အချင်းချင်း သူစိမ်းတွေအဖြစ်ဟန်ဆောင်ကာ ဟိုတယ်ဘားမှာ မတော်တဆတွေ့တဲ့ပုံနဲ့ ရိုးပလေးလုပ် သိုင်းချဖို့တိုင်ပင်စီစဉ်လိုက်ကြပါတယ်။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း မဖြစ်ဘဲ ဟိုတယ်ဘားမှာ တခြားတစ်ယောက်ပုံစံ ရုပ်ဖျက်ထားတဲ့ အမ်မီဆီကို သူစိမ်းယောက်ျားတစ်ယောက် ချဉ်းကပ်လာတဲ့အခါမှာတော့…။ ဒီရုပ်ရှင်လေးဟာ သိုင်းကားမဟုတ်ပေမဲ့ ပန်နီလေးရဲ့ ကြွကြွရွရွ ငွားငွားစွင့်စွင့်အလှတွေကို မကြာခဏမြင်ရမှာဖြစ်ပြီး ဇာတ်လမ်းကလည်း အက်ရှင် သည်းထိတ်ရင်ဖိုကို ပုံစံကျကျနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(868 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Comedy • Horror
5.5 2023 101 mins
Role Play
Instacult

နီနာဆိုတဲ့ သူ့ရဲ့bffကို ဗဟိုပြုပြီးလည်ပတ်နေတဲ့ ဂျူလီယာရဲ့ ဘဝလေးဟာ နီနာရုတ်တရက် ပျောက်ဆုံးသွားတဲ့ညမှာပဲ အတူပျောက်ဆုံးသွားခဲ့တာပေါ့။ လူတွေသိထားကြတာတော့ နီနာနဲ့ဂျူလီယာတို့နှစ်ယောက် ကပွဲကနေ တောထဲကိုအတူသွားတယ်ဆိုတာရယ်၊ နီနာကတော့ပျောက်သွားပြီး ဂျူလီယာကတော့ တောထဲကနေ ပြန်ရောက်လာပြီး အဲဒီညကအဖြစ်အပျက်တွေကို မေ့လျော့ နေတယ်ဆိုတာပဲ သိထားကြလေတော့ နီနာကိုသတ်တာ ဂျူလီယာလို့ပဲ အားလုံးကထင်နေကြတာပေါ့။ တစ်ဖက်က တစ်ယောက်တည်းသောအချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရ တစ်ဖက်က လူတွေအားလုံးရဲ့ လူသတ်သမားဆိုတဲ့ တံဆိပ်တပ်တာခံရတဲ့ဂျူးစ်တစ်‌ယောက် ကျောင်းတစ်နှစ်နားရပြီး စိတ်ကျန်းမာရေးဆွေးနွေးကုသမှုပါ ခံယူရတဲ့အထိ ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ ကျောင်းပြန်တက်ရချိန်မှာ ဂျူးစ်တစ်ယောက် နီနာပျောက်သွားတဲ့ညက မှတ်ဉာဏ်ကို ပြန်ရှာဖို့ကြိုးစားရင်း နီနာပျောက်သွားတဲ့ညနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို စုံစမ်းဖို့ ကြိုးစားရာကနေ The Family ဆိုတဲ့ အဖွဲ့ဆီက ထူးဆန်းတဲ့ စာတွေရောက်လာပြီး ဒီအဖွဲ့နဲ့ ပတ်သက်မိချိန်မှာတော့…. File size… (1.40GB) / (744MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Choco

Horror
0 2024 90 mins
Instacult
Carnage for Christmas
4.6

Carnage for Christmas (2024) IMDb Rating (4.6) / Rotten Tomatoes (89%) ဒီဇာတ်လမ်းကတော့ ခရစ္စမတ်မှာ ရင်တထိတ်ထိတ်နဲ့ စောင်ခြုံပြီး ကွေးချင်သူတွေအတွက် ကွက်တိဖြစ်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ ။ Horror ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း နယ်မြို့သေးသေးလေးပါမယ်။ ခရစ္စမတ်ရောက်တိုင်း လူလိုက်သတ်တတ်တဲ့ ပုံပြင်လိုလို ဒဏ္ဍာရီလိုလို သရဲ တွေပါမယ်။ သရဲခြောက်တဲ့ အိမ်ကြီးပါမယ်။ ဒီလို ခြောက်ခြားစရာတွေကိုမှ စိတ်ဝင်စားတဲ့ မြို့ကလာတဲ့ မိန်းမချောလေးတွေပါမယ်။ ဒီလောက်ဆိုရင်တော့ Horror ကားပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းနေလောက်ပါပြီ။ ဇာတ်လမ်းအကျဥ်း လိုလာ ဆိုတဲ့ လိင်ပြောင်းအမျိုးသမီးတစ်ယောက်ဟာ မှုခင်းဇာတ်လမ်းတွေကို အသံလွှင့်ပြီး နာမည်ကြီးနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ ခရစ္စမတ်မှာ သူ့ရဲ့ မွေးရပ်မြေ နယ်မြို့လေးကို ပြန်လာတဲ့ အချိန် တိုက်ဆိုင်စွာပဲ လူသတ်မှုတွေ ဖြစ်ပေါ်နေပြီး လူသတ်သမားဟာ သူတို့မြို့ရဲ့ ဒဏ္ဍာရီထဲက အရုပ်လုပ်သမားသရဲ လို့ ကောလဟာလတွေလည်း ထွက်နေပါတယ်။ ဒါကြောင့် စူးစမ်းချင်စိတ်ရှိတဲ့ လိုလာ ဟာ ဒီလူသတ်သမားလား သရဲလား မသဲကွဲတဲ့ အမှုကို စုံစမ်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.3 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Horror, Mystery Duration….01:11:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

Crime • Drama • Thriller
4.6 2024
Carnage for Christmas
Don’t. Get. Out!
5.8

Don’t. Get. Out! (2018) ********************** IMDb….5.8 အရင်တုန်းက အခွေထိုးကြည့်ခဲ့ရတဲ့ Speed ဆိုတဲ့ ဘတ်စ်ကားပေါ်မှာ ဗုံးထောင်ထားတဲ့ကားကိုတော့ အနည်းနဲ့အများမှတ်မိကြဦးမှာပါ။ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလည်း အဲဒါမျိုးခပ်ဆင်ဆင် ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ Feeling မျိုးရစေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Don’t Get Out! ဖြစ်ပြီး IMDb Rating 5.8 အထိရရှိထားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကထွက်ရှိခဲ့တာဆိုပေမဲ့ အခုပြန်ကြည့်ရင်တောင်မှ ကောင်းနေဆဲလို့ပြောလို့ရပါတယ်။ ဇာတ်ကားအစမှာ ကားလ်ဆိုတဲ့ အိမ်ခြံမြေစီမံကိန်းအကျိုး‌ဆောင်တစ်ယောက်က ကွာရှင်းလုဆဲဆဲမိန်းမဖြစ်သူနဲ့ ကလေးတွေဆီလာတဲ့ခရီးလမ်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။ စစချင်းတုန်းကတော့ ၁၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မလို့ ချစ်ကြည်နူးတစ်တီတူးဖို့ စိတ်ကူးနဲ့လာခဲ့ပေမဲ့ မိန်းမဖြစ်သူက အဆင်မပြေတဲ့အတွက် ရန်ဖြစ်‌ပြီး ကလေးနှစ်ယောက်ကို ကျောင်းပို့ဖို့ သူ့ကားနဲ့ထွက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ဘယ်ကမှန်းမသိတဲ့ ဖုန်းတစ်လုံးက သူ့ကားပေါ်ရောက်နေပြီး ဖုန်းဝင်လာခဲ့ပါတော့တယ်။ အဲ့ဒီဖုန်းကိုကိုင်လိုက်တဲ့အချိန်မှာ သူ့ကားပေါ်မှာ ဖင်ကြွလိုက်တာနဲ့ ပေါက်ကွဲမဲ့ဗုံးထောင်ထားကြောင်းသိခဲ့ရပြီး ခြိမ်းခြောက်ငွေညှစ်တာကိုခံခဲ့ရပါတော့တယ်။ စစချင်းတုန်းကမယုံပေမဲ့ ကလေးတွေအသက်ကို မစွန့်စားရဲတဲ့အတွက် ကားလ်က အဲဒီခြိမ်းခြောက်ငွေညှစ်သူရဲ့စကားအတိုင်း တသဝေမတိမ်းလိုက်နာခဲ့ပြီး နောက်ပိုင်းမှာ ရဲတွေပါ ပါဝင်ပတ်သတ်လာတဲ့အခါမှာတော့ အရှုပ်အထွေးတွေဖြစ်ကုန်ပြီး ကားလ်နဲ့သူ့ကလေးတွေ ဒီဗုံးရန်ကလွတ်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saw Lay ပဲဖြစ်ပါတယ်…) File Size : 1.87GB/ 940MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Action, Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Tiff

Thriller • TV Movie
5.8 2018 105 mins
Don’t. Get. Out!
Companion
7.3

Companion (2025) IMDb Rating (7.3) / Rotten Tomatoes (94%) ဒီကားက ဟော်ရာကားဖြစ်ပြီး IMDb 7 ကျော် ရထားတာပါ။ ထိုက်ထိုက်တန်တန်ကိုရထားတာပါ။ Substance တုန်းကလိုပဲ ဇာတ်လမ်းဆန်းသစ်ပြီး တင်စားထားတာတွေ အရမ်းကောင်းပါတယ်။ မထတမ်း ကြည့်ချင်စေမဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒါရိုက်တာ Drew Hancock ရဲ့အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ မင်းသမီးက Heretic တို့ Yellowjackets တို့မှာ အရမ်းလန်းထားတဲ့ Sophie Thatcher ပါ။ မင်းသားကတော့ The Boys ထဲက အားလုံးအချစ်တော် ဟူဝီဖြစ်တဲ့ Jack Quaid ပါပဲ။ ဇာတ်လမ်းအကျဉ်း +++++++++++ ဟော်ရာထုံးစံအတိုင်း လူသူမနီးတဲ့ ရေကန်အိမ်ကြီးထဲကို အလည်အပတ်ထွက်လာတဲ့ အတွဲသုံးတွဲရှိတယ်။ အဓိက အတွဲကတော့ဂျော့ရှ် နဲ့ အိုင်းရစ် တို့အတွဲပါ။ အိုင်းရစ်က ဂျော့ရှ်ကို အသေအလဲချစ်နေတဲ့ကောင်မလေးပေါ့။ နောက်တစ်တွဲကလည်း အီလိုင်ဆိုတဲ့ကောင်လေးရယ် သူ့ကိုအသေအလဲချစ်နေတဲ့ ပတ်ထရစ်ရယ်ပါမယ်။ နောက်တစ်တွဲကတော့ ရုရှားခပ်ဆိုးဆိုးကောင်ကြီး ဆာဂေ နဲ့သူ့စမောလေး ကတ် တို့ပါပဲ။ အိမ်ထဲမှာ ကြောက်စရာတွေကြမယ် ဘာညာတော့ သိမှာပါ။ ကျန်တာတော့ ဘာမှမညွှန်းချင်တော့ပါဘူး ဟာ ဟာ နဲ့ ကြည့်လို့ရအောင် ဒီအတိုင်းပဲတင်ပေးထားလိုက်ပါတယ်။ ဘာမှမသိဘဲသာ ဆက်ကြည့်လိုက်ပါ။ကြိုက်သွားပါလိမ့်မယ်။ File size…(3.6 GB) / (1.13 GB) / (647 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy • Action
7.3 2025 97 mins
Companion
Yes Man
6.8

Yes Man (2008) IMDb Rating (6.8) ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး Jim Carrey အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး မင်းသမီးကတော့ (500) Days of Summer ရဲ့ ဆမ်းမား တဖြစ်လဲ Zooey Deschanel က တွဲဖက်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ “Yes Man” ဟာ 2008 ခုနှစ်ထွက် ရိုမန်တစ်ဟာသ ဇာတ်လမ်းတစ်ခုဖြစ်ပြီး၊ ဒါရိုက်တာ Peyton Reed က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းရေးသားတင်ဆက်သူတွေကတော့ Nicholas Stoller, Jarrad Paul, နှင့် Andrew Mogel တို့ဆိုတဲ့ ဒိတ်ဒိတ်ကြဲတွေပေါ့ဗျာ။ ဒီဇာတ်လမ်းက 2005 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဗြိတိသျှ ဟာသစာရေးဆရာ Danny Wallace ရေးသားခဲ့တဲ့စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Danny Wallace ကိုယ်တိုင်လည်း ဇာတ်ကားထဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ ဝေဖန်သူတွေဆီက အကောင်းအဆိုး ရောထွေးတဲ့ သုံးသပ်ချက်များတွေ ရှိခဲ့ပေမဲ့ ရုပ်ရှင်ရုံမှာတော့ အောင်မြင်မှု ရရှိခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းမှ စုစုပေါင်း $223 သန်း ဝင်ငွေ ရရှိခဲ့ပါတယ်။ လူ့လောကနဲ့ ကင်းကွာနေတဲ့သူတစ်ယောက်။ အိမ်ထောင်ရေးလည်း ပြိုကွဲပြီးကာစ၊ ဘယ်သူနဲ့မှ မတွေ့ချင် မမြင်ချင် အဆက်အဆံမလုပ်ချင်ဘဲ တစ်ကိုယ်တော်လေလွင့်နေတဲ့ ဇာတ်လိုက်ကျော်ကြီး ကားလ် ဆိုတဲ့လူတစ်ယောက် ရှိခဲ့ပါတယ်။ ဒီလို ပြောရဆိုရခက်၊ လမ်းမှန်ပေါ်ဆွဲတင်ရခက်နေတဲ့သူ့ကို မိတ်ဆွေတစ်ယောက်က လူမှုရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ခေါ်သွားလိုက်တယ်။ အဲဒီ ညီလာခံရဲ့ ရည်ရွယ်ချက်က ကိုယ့်အပေါ် လူတွေ တောင်းဆိုလာတာရှိရင် ငြင်းဆန်ခွင့်မရှိ “အင်း” လို့ ပြောဖို့။ ဒီလိုနဲ့ “ဟင့်အင်း” ဆိုပြီး နေရာတကာ ငြင်းချက်ထုတ်ပြီး လူတွေနဲ့ကင်းကွာနေတဲ့ ကားလ် တစ်ယောက် သူ မဖြစ်မနေ ပေးခဲ့ရတဲ့ ကတိပဋိညာဉ်တစ်ခုကြောင့် လူတကာတောင်းဆိုသမျှ “အင်း” လိုက်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ အံ့အားသင့်စရာပါပဲ။ ဒီလိုနေထိုင်နေရင်း ကားလ် အပေါ်မှာ ကောင်းတဲ့အရာတွေချည်း ဖြစ်လာပါတော့သတဲ့။ အလုပ်မှာလည်း ရာထူးတိုးရုံမက အကြီးပိုင်းအထိဖြစ်သွား။ လူမှုဝန်းကျင်မှာလည်း သတင်းကောင်းတွေ မွှေးပျံ့။ ကံမကောင်းတဲ့တစ်နေ့တော့ ကားလ် တစ်ယောက် တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုကို ဘယ်လိုမှ လက်ခံပေးလို့မရဘဲ ငြင်းလိုက်ရပါတယ်။ ဒီလိုနဲ့ ကတိပဋိညာဉ်ရဲ့ နောက်ဆက်တွဲဒဏ်ခတ်မှုကို ကားလ် တစ်ယောက် ကြုံလိုက်ရတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Comedy • Romance
6.8 2008 104 mins
Yes Man