YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Stranger Things (2025) S05 E05 1080p WEB-DL [RMC].mp4

1.27 GB 1080p video/mp4 22 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] The Brown Bunny

ဒီကားက Experimental ကား ပီပီသသနဲ့ပဲ လိင်ဆက်ဆံခန်းတွေဟာ သာမန် 18+ ကား‌တွေထက်တောင် လက်တွေ့ဆန်အောင်ပြထားတယ်။ ပုံမှန် 18+ ကားတွေပြလေ့မရှိတာတွေကိုပါ ရဲရဲတင်းတင်းပြထားတယ်ဆိုပါစို့။ အဲဒီလိုဆိုလို့ အပေါစား အညှီအဟောက်ဇာတ်ကားတစ်ခုသက်သက်လားဆိုတော့လည်း မဟုတ်နေပြန်ဘူး။ ဘာလို့ဆို ကိန်းရုပ်ရှင်ပွဲတော်မှာပါ ပြခဲ့ရတဲ့ကားဖြစ်နေလို့ပါပဲ။ ဒါပေမဲ့လည်း ဒီကားရဲ့အပြတွေအရ ကိန်းလိုရုပ်ရှင်ပွဲတော်ကြီးနဲ့ မထိုက်တန်ဘူးဆိုပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေကြား အငြင်းပွားခဲ့ရသလို ဂန္ထဝင်ရုပ်ရှင်‌ဝေဖန်ရေးဆရာကြီး Roger Ebert ကတောင် ကိန်းရုပ်ရှင်ပွဲတော်သမိုင်းပြခဲ့သမျှထဲ အဆိုးဆုံးကား ဆိုပြီးတောင် ထောပနာပြုခဲ့ပါသေးတယ်။ ‌ဒါပေမဲ့ ရုပ်ရှင်ပွဲတော်မှာ မပြခဲ့တဲ့ နောက်ဗားရှင်းကိုတော့ သူလည်း အကောင်းဘက်က ချီးကျူးခဲ့ပါတယ်။ ကားရဲ့ ဇာတ်အိမ်ကလည်း တော်တော်လေးဆန်းတယ်။ လေလွင့်နေတဲ့လူတစ်ယောက်ရဲ့ ခြေရာခံရခက်တဲ့အတိတ်ကို တငွေ့ငွေ့ချင်း ပုံဖော်ရင်း ဒီလူ ဘာလို့လေလွင့်နေလဲဆိုတာကို တစ်စတစ်စချင်း ပုံဖော်ပြသသွားတယ်။ Experimental Road Drama ပီပီသသပဲ လမ်းပေါ်မှာ တကယ်သွားနေတဲ့ အနေအထားနဲ့ တော်တော်ကျအောင်လည်းပြသွားတယ်။ ၁၈အပေါင်းထက် ပိုရင်ပိုလောက်တဲ့ ၂၁အပေါင်းကားပေမဲ့ အနုပညာလည်း မြောက်သလို Experimental ဖလင်ဖန်တွေအကြိုက်တွေ့မယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Abyss မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Abyss Encoded by RGB

Action • Adventure • Drama • Mystery
null 2003 93 mins
[18+] The Brown Bunny
Saint Omer
6.4

2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Saint Omer ဟာ Film Critics ​ဆီတွေက​နေ Rating ​​တော်​တော်​ကောင်း​ကောင်းကိုရခဲ့တဲ့ ဥပ​ဒေ ဒရာမာဇာတ်ကား​ကောင်း​လေးတစ်ခုဖြစ်ပါတယ်။ ဆု​တွေအ​နေနဲ့လည်း ဆန်ကာတင်ဝင်ခဲ့တဲ့ ဆု ၄၁ ဆုမှာ ဆု ၁၆ ဆုထိရရှိခဲ့တဲ့ကား​လေးဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ စာ​ရေးဆရာမတစ်ဦးဖြစ်တဲ့ ရာမားက ပဲရစ်က​နေ စိန့်အိုမားထိ ​လော့ရန့်ကိုလီရဲ့ အမှု​အ​ကြောင်း​ရေးဖို့ လာခဲ့ပါတယ်။ ကိုလီက​တော့ ၁၅ လအရွယ် ကိုယ့်သမီး​လေးကို ပြန်သတ်တယ်ဆိုပြီး အမှုရင်ဆိုင်​နေရတဲ့ ဆီနီးဂဲတစ်​ယောက်ဖြစ်ပြီး ကိုယ့်အ​မေနဲ့လည်း ရှုပ်​ထွေးတဲ့ဆက်ဆံ​ရေးရှိ​နေတာ​ပေါ့။ အ​မေနဲ့အဆင်မ​ပြေတဲ့ ရာမားကလည်း သူနဲ့ အဖြစ်ချင်း​တူ​​နေ​တော့ ကိုလီကို အရမ်းစိတ်ဝင်စားသွားတယ်။ ရာမား ကိုလီအ​ကြောင်းဆက်ပြီး ​လေ့လာ​နေတုန်း ကိုလီ ပြင်သစ်​မှာ​နေရင်း ခံစားရတာ​တွေကို ကြားပြီး ရာမာတစ်​ယောက်ဘယ်လို​တွေမွန်းကြပ်သွားလဲ... သူမဘဝနဲ့ ဘယ်​လောက်​တောင်ထပ်တူကျနေလဲဆိုတာကို မြင်​တွေ့ရမှာဖြစ်ပါတယ်။ ကြည့်​နေတဲ့သူကိုလည်း တရားရုံးရဲ့ ဂျူရီအ​ဖွဲ့ဝင်​နေရာ​ရောက်သွားသလို ရိုက်ပြထားပြီး ကိုယ့်အတွက်လည်း ​တွေးစရာ ​မေးခွန်း​လေး​တွေ​ပေးတာ​ကြောင့် ​တွေး​တောရတာကြိုက်တဲ့သူ​တွေပါ ကြည့်သင့် သိသင့်တဲ့ကား​လေးဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 900MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 2Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
6.4 2022 123 mins
Saint Omer
The Fifth Element
7.5

IMDb - 7.6/10, Rotten Tomatoes - 71% ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်က ကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။ တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊ တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်း အောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File Size : (5.1GB) (1.1 GB) and (348 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:06:00 Genre : Action , Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Action • Crime • Drama • Thriller
7.5 1997 126 mins
The Fifth Element
Golden Escape
6.7

ညိုကီတွေအကြိုက် ဟောင်ကောင်ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အကြွေးတွေပိနေတဲ့ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ Zhong Zheng တစ်ယောက်ဟာ အချိန်မှီအကြွေးတွေမဆပ်နိုင်တဲ့အတွက် ကြံရာမရဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ဘိုးဘွားအမွေရွှေချောင်းတွေရှိကြောင်းသိလိုက်ရပြီး ရွှေတူးဖို့ကြံစည်ပါတော့တယ်။ ဖြစ်ချင်တော့ ဘိုးဘွားအိမ်အဟောင်းနေရာကို ကိုလိုခေတ်နီခေတ်မှာ အင်္ဂလိပ်ပိုင်သိမ်းလိုက်ပြီး လက်ရှိမှာ အကျဉ်းထောင်ဖြစ်နေတော့ Zhong Zheng မှာသားရဲတွင်းထဲခုန်ချရသလိုပဲပေါ့။ ဘိုးဘွားပိုင်ရွှေချောင်းတွေကိုရှာဖို့စတောင်မစရသေးခင်မှာပဲ ထောင်တွင်းဂိုဏ်းစတား၂ယောက်ဖြစ်တဲ့ Brother Xieနဲ့ Brother Da Biao တို့အင်အားပြိုင်မှုထဲကို ဆွဲထည့်ခံရတော့ အလူလူအလဲလဲပေါ့။ အကြိမ်ကြိမ်ကယ်တင်ပေးခဲ့တဲ့ ညီအကိုချင်းသစ္စာတရားကိုအလေးထားတဲ့ Brother Xie ကိုပြောပြပြီး အတူရှာကြပါတယ်။ သူတို့၂ယောက်အတူ ရွှေချောင်းကိုရှာတွေ့မလား ရက်စက်ယုတ်မာတဲ့ Da Biao ရန်ကနေဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကို သွေးသန်ရဲရဲ ပီပြင်တဲ့တိုက်ခိုက်ချက်တွေနဲ့ ကြည့်ရမှာပါ။ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ညိုကီတို့ဖန်သားပြင်မှာပဲဆက်ကြည့်လိုက်ပါ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Drama Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Horror • Thriller
6.7 2022
Golden Escape
Man on the Moon
7.4

Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ “အဆိုအကလူကြီး” လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင်‌ တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။

Action • Comedy
7.4 1999 118 mins
Man on the Moon
Follow Me
5.4

Follow Me (2020) အသက်လုပြီး လွတ်မြောက်အောင်လုပ်ရတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးလ်ဆိုတဲ့ကောင်လေးက ပရိသတ်တွေမဲပေးတဲ့နေရာစုံကိုသွားပြီး လျှို့ဝှက်သည်းဖို Challenge တွေလုပ်ပြတဲ့ Youtuber တ​စ်ယောက်ပါ။ ကိုးလ်က သူ့ချန်နယ် ၁၀ နှစ်ပြည့်တဲ့အထိမ်းအမှတ်အတွက် ရိုက်ကူးမယ့်နေရာကို Follower တွေဆီ မဲကောက်ရင်း ရုရှားနိုင်ငံ မော်စကိုကိုသွားဖို့အကြောင်းဖန်လာပါတယ်။ ကိုးလ်တို့အဖွဲ့ထဲက ဒက်ရှ်ဆိုတဲ့သူငယ်ချင်းရဲ့ ရုရှားကအသိတစ်ယောက်က ကိုးလ်ရဲ့ Content တွေကိုသဘောကျပြီး သူတို့ဆီက Escape Room Challenge မှာပါဝင်ကစားဖို့ ဖိတ်လိုက်ပါတယ်။ ကိုးလ်တို့အဖွဲ့ကို အဆောက်အဦးတစ်ခုထဲပိတ်ထားပြီး အချိန်မပြည့်ခင် Puzzle တွေကိုအဖြေရှာပြီး သူငယ်ချင်းတွေကိုကယ်ထုတ်ရမှာပါ။ အစပိုင်းမှာတော့ ကစားပွဲတစ်ခုသက်သက်ပဲလို့ထင်ခဲ့ပေမဲ့ တခုခုမှားယွင်းနေပြီဆိုတာ သတိထားမိတဲ့အချိန်မှာ ကိုးလ်တို့အဖွဲ့နောက်ကျသွားပြီလား… ကိုးလ်တစ်ယောက် သူ့သူငယ်ချင်းတွေကို အောင်အောင်မြင်မြင်ကယ်ထုတ်နိုင်မှာလား… ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 850MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 31Min Genre – Adventure, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

5.4 2020 88 mins
Follow Me
Ruined
4

Ruined (2023) =========== ရစ်ချတ်နဲ့ အိုလီဗီယာ တို့နှစ်ယောက်သားဟာတစ်ယောက်ကိုတစ်ယောက် သိပ်ကိုချစ်ကြတဲ့ စုံတွဲလေးပေါ့။ ဒီလိုနဲ့ လက်ထပ်လိုက်ကြပြီး အလုပ်အကိုင် ကလည်း ရစ်ချတ်ကလည်း သွားဖွားမီးယပ်အထူးကု၊ အိုလီဗီယာကလည်း ဗိသုကာဒီဇိုင်နာဆိုတော့ အိုကေစိုပြေနေခဲ့ကြတာပေါ့။ အဘက်ဘက်ကနေ ပြည့်စုံနေတဲ့ မိသားစုလေးထဲကို ဝင်နှောင့်တဲ့ ပြသနာက ကြီးပါတယ်။ အိမ် ထောင်သက် ၁၀ နှစ်ကြာတဲ့အထိ ရစ်ချတ်တို့ ကလေးမရနိုင်သေးပါဘူး။ ကြာလာတော့လည်း အိမ်ထောင်ရေး အဖုအထစ်တွေဖြစ်ပြီး တစ်ပူပေါ် နှစ်ပူ ဆင့်တော့တာပေါ့။ ဒီလိုနဲ့ မိန်းမဖြစ်သူ အိုလီဗီယာတစ်ယောက် အိမ်ထောင်ရေးကုထုံး ဆွေးနွှေးဖို့ ဖြစ်လာတဲ့အခါမှာတော့ တာဝန်ခံ ဆရာဝန်မလေးဟာ တချိန်က ယောင်္ကျား ဖြစ်သူရဲ့ အဆက်ဟောင်း ဖြစ်နေတဲ့အခါမှာတော့ ယောင်္ကျားဖြစ်သူနဲ့ အဆက် ဟောင်းတို့ အတိတ်မှာဘာတွေဖြစ်ခဲ့ကြမလဲ။ အဆက်ဟောင်းကရော နှစ်တွေ အကြာကြီးကြာပြီးမှ ဘာဖြစ်လို့ ပြန်ပေါ်လာရသလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thettti Tun ဖြစ်ပါတယ်) File Size……….(1.3 GB) / (473 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator……Thettti Tun Encoder……….SWM

History • Drama • Action
4 2023
Ruined
Talk to the Dead

Talk to the Dead (2013) ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။ တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က “တွေ့ချင်တယ်” လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။ မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ ဒီ App ဟာ တကယ်ပဲ သေသွားတဲ့သူတွေကို ဆက်သွယ်လို့ရတာလား၊ တွေ့ဖို့ပြောတာကို လက်ခံလိုက်တဲ့အခါမှာရော ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ ရင်ဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ Genre….. Horror Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thada NL Encoder ….. Aaron

Drama
0 2013
Talk to the Dead
Ghost Project

Ghost Project (2023) အခုလတ်တလောမှ ထွက်ရှိလာတဲ့ Horror / Sci-Fi ကားသစ်လေးပါပဲ။ ကားနာမည်အတိုင်းပဲ သရဲပရောဂျက်ပါ။ ပရိုဂရမ်မာသုံးယောက်က စွန့်ပစ်အဆောက်အဦးထဲမှာ စမ်းသပ်မှုလုပ်ရင်း ဆိုနာသံလိုက်လှိုင်းနဲ့ သရဲရှာတဲ့စက်အဟောင်းတစ်လုံး ကောက်ရခဲ့ပါတယ်။ အဲဒါနဲ့ သူဌေးဖြစ်ကိန်းဆိုက်ပြီဆိုပြီး ဖုန်းအက်ပ်တစ်ခုလုပ်ပြီး ‌ဆဲလ်ဖုန်းနဲ့သရဲမြင်နိုင်မလား စမ်းသပ်ကြပါတယ်။ စမ်းသပ်မှုလုပ်ဖို့ စွန့်ပစ်အဆောက်အဦးတစ်ခုရွေးလိုက်တဲ့အခါ အဲဒီအဆောက်အဦးကလည်း ဇမသေးလှတဲ့ရာဇ၀င်ရှိနေတဲ့အခါမှာတော့ သူငယ်ချင်းသုံးယောက် သူဌေးကိန်းပဲဆိုက်မလား… သေကိန်းပဲဆိုက်မလား… ကြည့်ရှုရမှာပါ။ Jump Scare တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 640MB Quality – 1080p, 720p Format – mp4 Duration – 1H 17Min Genre – Fantasy, Horror, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Fantasy • Thriller • Mystery • Horror
0 2023
Ghost Project
Contact
7.5

Contact (1997) IMDb Rating (7.5) / Rotten Tomatoes (68%) Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။ လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် မဟုတ်ပါဘူး။ အတ္တအဇ္ဇတ္တတစ်ခုနဲ့ပဲ လူကြီးမင်းဟာ ကမ္ဘာပေါ်က နေ့ရက်တစ်ခုကို ကျင်လည်ခဲ့တယ်ဆိုပါစို့။ လူကြီးမင်းဖြတ်သန်းနေတဲ့ မိနစ်တိုင်းမှာ စကြဝဠာထဲက ခုန်လျှိုးပေါက်တွေကတဆင့် သတ္တဝါတွေဟာ အလင်းနှစ်သန်းချီအဝေးကို စက္ကန့်မခြား ခရီးထွက်နေကြသတဲ့။ မိခင်မြေက စွန့်ခွာလာသူတွေကို ကြိုဆိုလိုက် မောင်းထုတ်လိုက် လုပ်နေသူတွေရှိပါတယ်။ ဒါဟာ ဘယ်သူတွေပါလဲ။ ဒါမှမဟုတ် ဘယ်သူပါလဲ။ သိပ္ပံပညာဟာ အချက်အလက် (database) နဲ့ သက်သေသက္ကာရ (prove) ကို အလေးအနက်ထား နံပါတ် ၁ နေရာက စဉ်းစားကြသူတွေပါ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေမှာရော ဘုရားရှင်ကို အရာရာရဲ့ အဖြေပါလို့ လက်ညိုးထိုးမလား။ သတိထားပါ လူကြီးမင်း။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းခဲ့သလဲလို့မေးရင် ကြက်ဥနဲ့ ကြက်မပြဿနာလို ဂျာအေးကို မုန့်လုံးစက္ကူကပ်နေမှာပါပဲ။ ဆင်မှာလည်း ဆင်အထွာနဲ့၊ ဆိတ်မှာလည်း ဆိတ်အထွာနဲ့ဆိုပေမဲ့ ဆင်အထွာကိုရော ဆိတ်အထွာကိုရော ပုရွက်ဆိတ်လေးက မမီခဲ့ပါဘူး။ ဒါပေမဲ့ ဆင်တွေ ဆိတ်တွေကို အောင်သေအောင်သားစားသူက ပုရွက်ဆိတ်လေးလည်း ဖြစ်နိုင်ပါရဲ့။ နွားခြေရာခွက်ထဲမှာ ရေတင်ကျန်ရစ်တာကို သမုဒ္ဒရာကြီးထင်နေတဲ့ ဖားလောင်းကို ဧရာဝတီမြစ်ထဲက ငါးကြင်းတစ်ကောင်က ရယ်သွမ်းသွေးတယ်ပဲ ထားကြပါစို့။ ‌အတ္တလန်းတစ် သမုဒ္ဒရာထဲက ဝေလငါးကတော့ သူ့နေရာမှာတောင် နယ်မနှံ့ခဲ့သေးပါဘူး။ ဒီလိုနဲ့ပဲ ဘုရားသားတော်တစ်ပါးနဲ့ သိပ္ပံကျေးကျွန်တစ်ယောက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့ပေမဲ့ ရေများရင် ရေနိုင်လို့ မီးများရင် မီးနိုင်တဲ့လောကကြီးမှာ အမှန်တရားနဲ့ ယုတ္တိကျ ပြေပြစ်ခြင်းဆိုတာ တစ်ခါတလေမှာလည်း ဘယ်ဘက်မှာ၊ တစ်ခါတလေမှာလည်း ညာဘက်မှာ။ လူကြီးမင်းက အဖြူကို အဖြူပါလို့လက်ခံထားချိန်မှာ မဟူရာလို နက်မှောင်ပါတယ်လို့ ပြောလာသူတစ်ယောက်ကို လေးစားတတ်ဖို့ တကယ်အရေးကြီးပါတယ်။ သူကလည်း အမည်းကို ‌အဖြူလို့ ပြောလာသူတစ်ယောက်ကို ရင်ဆိုင်နေရသူပါ။ ဒါပေမဲ့ တစ်ထွာစာ မြေနေရာလောက်နဲ့ လူတစ်သိန်းအသက်ကို စတေးရဲသူ လူသားတွေဟာ အမည်းကို အဖြူပြောတယ်ဆိုပြီး အယူလွှဲမှားသူစာရင်းထဲကိုထည့် ရက်ရက်စက်စက် အပြစ်ပေးတတ်သူတွေ။ ဒီလိုနဲ့ပဲ အပြစ်အနာအဆာတွေ အများကြီးနဲ့ လူသားတွေရယ်၊ လူသားတွေလိုသတ္တဝါတွေရယ်ကို သူတို့က ဘယ်လောက်တောင် သိမ်နုတ်သလဲ၊ ဉာဏ်တိမ်သလဲဆိုတာ ခေါ်ပြောလိုက်ရုံတမယ် တစ်ဆင့်မြင့် အခြားကြယ်စုကြယ်ဝေးက ဂြိုဟ်သားတွေဟာ ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ခေါ်ယူ ပညာပေးနေကြသတဲ့။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးတစ်စုံတစ်ရာ ‌ပေးစွမ်းမှာဖြစ်ပြီးတော့ တနုံ့နုံ့ခံစားနေရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ဗေဂါကြယ်အဖွဲ့အစည်းဆီကနေ ဆက်သွယ်မှုတစ်ခုရ၊ သူတို့ပေးတဲ့နည်းပညာနဲ့ သူတို့ဆီကို ခရီးထွက်ခဲ့တဲ့အကြောင်းဆိုပေမဲ့ အရင်းစစ်ရင် အမြစ်ကဆိုသလို မြေကမ္ဘာပေါ်မှာပဲ အသိအသစ်တွေနဲ့ အစကနေ ပြန်လည်နေထိုင်ရခြင်းကို ရည်ညွှန်းတယ်ထင်ပါရဲ့လေ။ စိတ်ပညာအသားပေးရုပ်ရှင်မလို့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကို အဓိကမထားဘဲ ဒါရိုက်တာပေးချင်တဲ့ သတင်းစကားကိုသာ လိုအပ်သလို အဓိပ္ပာယ်ဖွင့်ယူနိုင်တဲ့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားဖြစ်‌ကြောင်းပါဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.5 1997
Contact
Piano no mori [The Piano Forest]
7.1

Piano no mori [The Piano Forest] (2007) ============================== IMDb Rating – 7.1/10 CM ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့ သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ် ယောက်ကို ယှဉ်ပြီးပြထားပါတယ်။ “အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်း ဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင် ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေး ကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီး မျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျား လေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင် ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီ တာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့ သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး ခိုင်ကတော့ ဘယ်သူမှအသံထွက်အောင်မတီးနိုင်တဲ့ တောထဲက စွန့်ပစ်စန္ဒရားကြီးကို ၃နှစ်သားကတည်းက ကလိရင်း အပျော်တမ်းတီး တဲ့သူပါ။ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ရင်းနှီးပါလိမ့်မယ်။ မိဘခိုင်းလို့ လုပ်တာနဲ့ တကယ်ဝါသနာပါလို့လုပ်တဲ့ လူငယ်တွေလိုပေါ့။ ဒါပေမဲ့ ကြာ လာရင် ကိုယ်ကျွမ်းကျင်သွားတဲ့နယ်ပယ်မှာ “ပျော်မွေ့”တတ်လာတာမျိုးလည်း ရှိ သေးတယ်ကိုး။ တစ်နေ့ကျ ၅၆ကြိမ်မြောက်ဂျပန်နိုင်ငံလုံးဆိုင်ရာကျောင်းပေါင်းစုံ စန္ဒရားပြိုင်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်လုံးဝင်ပြိုင်ဖို့ဖြစ်လာရင်း သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးမှာ “ပြိုင်ဘက်”ဆိုတဲ့စကားလုံးလေးလည်းဖြည့်စွက် လာတဲ့အခါ….။ အကြောင်းပြချက်ရော၊ ပင်ကိုစရိုက်ရော မတူကြတဲ့ သူတို့နှစ်ယောက်ရဲ့စန္ဒရားပညာ ရှင်လမ်း ဘယ်လိုဖြစ်သွားလဲဆိုတဲ့ ဇာတ်သိမ်းကို ကျွန်တော်လည်းမသိပါဘူး။ Piano Forest ဟာ ခိုင်နဲ့ ရှုဟေတို့ လူကြီးဖြစ်ချိန်ထိပါတဲ့ Series ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန် တော့်အတွက် Movie ရဲ့အဆုံးသတ်က လုံလောက်သွားပြီမို့ အကြည့်ရပ်ထားပါတယ်။ ခိုင်နဲ့ ရှုဟေတို့နှစ်ယောက်ဆီကနေ အများကြီးသင်ယူလိုက်ရတာပါပဲ။ ရှုဟေကို စည်းစနစ်ကျမှုနဲ့ ခိုင်းနှိုင်းရင် ခိုင့်ကို အထိန်းအကွပ်မဲ့မှုနဲ့ ခိုင်းနှိုင်းရပါလိမ့်မယ်။ ရှုဟေက ပိရိသေသပ်ပြည့်စုံသူလို့‌ဆိုရရင် ခိုင်က တီထွင်ဆန်းသစ်တတ်တဲ့သူလို့ဆိုရမှာပါ။ နှစ်ယောက်လုံးက “ကြိုးစားမှုပါရမီရှင်”တွေပါပဲ။ ဒီ movie ထဲမှာ ခိုင်နဲ့ ရှုဟေတို့ သူငယ် ချင်းပြိုင်ဘက်နှစ်ယောက် စတင်သိကျွမ်းပုံကစလို့ တစ်ယောက်ဆီကတစ်ယောက်သင်ယူ ရင်း၊ ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာရင်း၊ အိပ်မက်ပန်းတိုင်တစ်ခုကို မတူညီတဲ့လူသားနှစ် ယောက် ခံယူချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဟန်အတိုင်းလျှောက်လှမ်းဖို့အစပြုပုံကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.0 GB) / (527 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Anime, Animation, Drama, Family, Translator…….Ngwe Zin Encoder……….SWM

7.1 2007 101 mins
Piano no mori [The Piano Forest]
These Final Hours
6.6

ခင်ဗျားတို့မှာသာ အသက်ရှင်သန်ဖို့အတွက် အချိန်၁၂နာရီ သာကျန်တော့မယ်ဆိုရင် ဘာလုပ်ကြမလဲ ကိုယ်ချစ်ခင်ရသူတွေ အနားမှာပဲ နေမှာလား ဒါမှမဟုတ် ဘဝကိုစိတ်ရှိလက်ရှိပျော်ပျော်ကြီး လုပ်ချင်ရာတွေလုပ်ပြီး ဖြတ်သန်းပစ်လိုက်မလား ဒီဇာတ်ကားက ကမ္ဘာပျက်ခါနီး အချိန်၁၂နာရီအလိုမှာ လူတွေရဲ့ သဘာဝကို ဒါရိုက်တာ Zak Hilditch ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်.. ဒီဇာတ်ကားက ဆန်ခါတင်စာရင်းများစွာ မှာပါဝင်ခဲ့ပြီး လူငယ်အမျိုးသမီးအကောင်းဆုံးဇာတ်ဆောင်ဆု အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အကောင်းဆုံး ဒါရိုက်တာဆု စတဲ့ဆုများစွာကို ဆွတ်ခူးရရှိထားပါတယ် ဒီ These Final Hours ဆိုတဲ့ မင်းသား Nathan Phillips , မင်းသမီးလေး Jessica De Gouwတို့ပါဝင်သရုပ်ဆောင် ထားပြီး rating 6.6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်.. ဒီဇာတ်လမ်းအစမှာ ဂျင်မီတစ်ယောက် ကမ္ဘာပျက်ခါနီး အချိန်မှာ ကိုယ်ဝန်ရှိနေတဲ့ ရည်းစားကိုထားခဲ့ပြီး ရည်းစားအသစ်နဲ့ ပျော်ပါးဖို့ အဆုံးသတ်ပါတီပွဲကျင်းပရာဆီကို ထွက်လာရာလမ်းမှာ မမျှော်လင့်ဘဲ ရို့စ်ဆိုတဲ့ ဖခင်နဲ့ကွဲသွားပြီး ခိုကိုးရာမဲ့နေတဲ့ ဆယ်နစ်သမီးအရွယ် ကလေးမလေးတစ်ယောက်နဲ့ဆုံတွေ့ ခဲ့ပါတယ် ဒီလိုနဲ့ ပါတီပွဲကိုသွားမယ့် ဂျိမ်းစ်တစ်ယောက် ကလေးမလေးကို ဖခင်နဲ့ပြန်လည်တွေ့ဆုံပေးဖိူကြိုးစားရာမှာ ဘာတွေဆက်ဖြစ်လာမလဲ.. ဘယ်လိုတွေ့ကြုံရမလဲ ကလေးမလေးကရာ သူမရဲ့ဖခင်နဲ့ ပြန်လည်စုံစည်းနိုင်ပါ့မလား တဖြည်းဖြည်းကမ္ဘာပျက်ဖို့ အချိန်တွေနီးကပ်လာတာနဲ့အမျှ ဂျိမ်းစ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်လာမလဲ ပါတီပွဲကိုသွားပြီး ရည်းစားအသစ်နဲ့ပျော်ပါးမလား ဒါမှမဟုတ် ကိုယ်ဝန်သည်ကောင်မလေးဆီကိုပဲ ပြန်ပြေးမလား ဆိုတာ ကြည့်ရှသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားကိုအပြီးထိသေချာလေးကြည့်ပြီးသွားရင်တော့ ခင်ဗျားတို့ရဲ့ရင်ထဲမှာ တစ်ခုခုကိုဆို့နှစ်ပြီး ကျန်ခဲ့မှာအသေချာပါပဲ ဇာတ်ညွှန်းရေးဆရာကိုပဲအပြစ်တင်ရမလား မင်းသားဂျိမ်းစ်ကိုပဲ ခင်ဗျားကသိပ်ရက်စက်တဲ့သူတစ်ယောက်ဆိုပြီး အပြစ်တင်မိ မလားဆိုပြီး ဒွိဟဖြစ်နေမှာ အသေချာပါပဲ.. ဒီဇာတ်ကားကကြည့်ရှုသူပရိတ်သတ်ကြီးကို ထိုင်ရာကနေထမသွားချင်လောက်အောာင် စွဲဆောင်ထားနိုင်မှာ အသေအချာပါပဲ ဇာတ်ကားက Drama, Sci-fic & Thriller အမျိုးအစားဖြစ်ပြီး ရုပ်ရှင်ချစ်ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်… File size…1.53GB / 833MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre …..Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.6 2013 87 mins
These Final Hours
Música

အသစ်ထွက်ရှိလာတဲ့ ရွှေရင်အေး Musical/ အချစ်ကားလေး ဖြစ်ပြီး rating တွေလည်း ကောင်းတာမို့ ကြည့်ပျော်ရှုပျော် ဖြစ်မှာပါ ရူဒီမန်ကူဆို ဆိုတဲ့ youtuber တစ်ယောက်ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ဘဝ ဇာတ်လမ်းလေးပါပဲ မင်းသမီးကလည်း သူ wifey ပဲပေါ့ ရူဒီ ဆိုတဲ့ New Jersey ရောက် ဘရာဇီးသားလေးက ဂီတကို ဝါသနာထုံပြီး ရထားလမ်းဘေးမှာ ရုပ်သေးပြတဲ့ အလုပ်ကိုလည်း လုပ်ပါသေးတယ် ကျောင်းပြီးတော့မှာ ဖြစ်ပေမယ့် မေမေ့အိမ်မှာ အတူနေတုန်း၊ မာမားဘွိုင်းလေးပေါ့ သူ့မှာ ပတ်ဝန်းကျင်က သာမန်အသံမျိုးစုံကို ဂီတနုတ်အဖြစ် ပြောင်းလဲပြီး Melody တွေပါ ဖန်တီးနိုင်တဲ့ အစွမ်းတစ်ခုလည်း ရှိပါသေးတယ် အမေရိကန်သူ ရည်းစားကောင်မလေးကတော့ သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်တဲ့ သူဌေးသမီးတစ်ယောက်ပါ ဒီလို ဆန့်ကျင်ဘက်စရိုက်နဲ့ သူတို့နှစ်ယောက် ပြဿနာတက်ရင်းကနေ ပြတ်သွားတဲ့အချိန်မှာ ငါးရောင်းတဲ့ ဘရာဇီးသူလေး “Isabella” ဆိုသူ၊ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဂုဏ်ဒြပ်တွေ မလေးမထားတဲ့ မိန်းကလေးကို ဆုံတွေ့မိတဲ့ အခါမှာဆိုရင်တော့…. ဇာတ်လမ်းလေးက တက်တက်ကြွကြွရှိပြီး rating လည်း ကောင်းတာမို့ ပရိသတ်ကြီး အပျင်းပြေခံစားနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်….. File size…(1.7 GB)/(890 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Romance, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
Música
Donovan’s Reef
6.7

ဟာလီယာကာလိုဟာကျွန်းဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ လူမျိုးပေါင်းစုံစုပေါင်းနေကြပြီး အေးချမ်းသာယာတဲ့ကျွန်းတစ်ကျွန်း။ ကျွန်းပေါ်နိုင်ထိုင်ကြတဲ့သူတွေထဲ အမေရိကန်စစ်ပြန်ကြီးတိုဖြစ်ကြတဲ့ မိုက်ကယ်ဒိုနိုဗန်တိုလည်းပါတယ်။ တနေ့မှာတော့ မိုက်ကယ့်မိတ်ဆွေဒေါက်တာရဲ့သမီးဟာ ဘော်စတွန်ကနေ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာတော့ ‌ဒေါက်တာဟာကျွန်းပေါ်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက်ရှိနေပြီဆိုတဲ့အကြောင်း သူ့သမီးကို ဘယ်လိုပြောပြရကောင်းမှန်းမသိလို့ ကလေး ၃ ယောက်ကို သူ့သားသမီးတွေပါလို့ လိမ်ဆင်လုပ်ရာကနေပြီးတော့အစပြုမယ့် သူတိုရဲ့ချစ်ဇာတ်လမ်း။ File size…(3.1 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:49:00 Genre… Adventure, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Action • Crime • Thriller
6.7 1963 109 mins
Donovan’s Reef
Brain Freeze
4.9

Brain Freeze (2021) —————————– IMDb rating -4.9/10 Rotten Tomatoes – 71% Genre – Zombie Horror, comedy ဇာတ်လမ်းအကျဉ်း – သုံးမကုန်အောင် ပိုက်ဆံချမ်းသာ‌နေပြီးတော့ ၊ လူပေါ်လူဇော်လုပ် ဂေါက် ရိုက်ရတာကြိုက်တဲ့ လူချမ်း သာတွေက တစ်နှစ်ပတ်လုံး ‌လုပ်စရာမရှိ ဂေါက်ရိုက်ချင်ကြပါတယ် ဒါပေမဲ့ ဆောင်းတွင်းအခါ နှင်း‌တွေခဲတာကြောင့် မြေမှာ မြက်ပင်တွေ မပေါက်နိုင်တဲ့အခါ လူချမ်းသာတွေ ဟာ ဂေါက်ရိုက်ဖို့ မဖြစ်နိုင်ကြပါဘူး အဲ့ဒီအခါမှာ ဉာဏ်ကြီးရှင် စီးပွားရေး သမား‌တွေ ဟာ အကြံထုတ်ကြပါတော့တယ် သူတို့အတွက် အကျိုးအမြတ်များစွာရရှိနေတဲ့ လူချမ်းသာ တွေအတွက် ဆောင်းတွင်း မှာပါ မြက်တွေပေါက်ဖို့ကို ပညာရှင်တွေနဲ့ စမ်းသပ် ပြီး ဓာတ်မြေဩဇာကို ဖန်တီးလိုက်ပါတယ် မျော်လင့်ထားသလို အလုပ်ဖြစ်ခဲ့ပေမဲ့ ဓာတုပစ္စည်းရဲ့ အန္တာယ်ဟာ ဘယ်လောက်တောင်ဆိုးကျိုးရှိပြီး လူတွေကို ဇွန်ဘီအဖြစ် ပြောင်းသွားစေလောက်အောင် ဖြစ်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပေးကြပါခင်ဗျား။ File size… 1.2 GB / 600MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kafka

Drama • Thriller
4.9 2021 91 mins
Brain Freeze