YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Story of Kunning Palace E20 720p WEB-DL CM.mp4

340.01 MB N/A video/mp4 222 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Get Hard
6

ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကား လုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း (Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက် တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက် သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်း တောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြား တွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင် မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက် တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန် နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံး ဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊ နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လို အရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TmmT

Documentary • Comedy
6 2015 100 mins
Get Hard
Back To The Tomorrow
3

နေ့ရက်တစ်ရက်ထဲကိုပဲတစ်ဖန်တလဲလဲဖြတ်သန်းနေရမယ်ဆိုရင် သင်တို့ဘာတွေလုပ်ပြီး ဘယ်လိုဖြတ်သန်းကြမလဲ...... ကိုယ့်ကိုယ်ကိုကံဆိုးတယ်လို့ သတ်မှတ်ထားတဲ့ပေါင်ကျန့်ဟာ ဘာကိုမှအလေးနက်မထားပဲ ကြုံရာလုပ်စားပြီးနေလာခဲ့တယ်။ သူကအိမ်လခတောင်မှန်အောင်မပေးနိုင်ပါဘူး။ တစ်နေ့တာကုန်ဆုံးသွားပြီး နောက်တစ်နေ့ပြန်နိုးလာတဲ့အချိန်မှ ာ သူကဟာ(၁၁)လ (၁၁)ရက်ကိုပဲပြန်ပြန်ရောက်သွားပြီး ကြုံတွေ့ခဲ့တာတွေကို အတိအကျပြန်ကြုံရတာကိုသိလိုက်ရတယ်...... ဒီလိုနဲ့မပြီးဆုံးနိုင်အောင်ဖြတ်သန်းနေရတဲ့(၁၁.၁၁)နေ့ကို ပေါင်ကျန့်ဟာနည်းအမျိုးမျိုးစုံနဲ့ လုပ်ချင်ရာတွေလုပ်ပြီးဖြတ်သန်းရင်း သူလွဲချော်ခဲ့ရတဲ့အရာတွေ အထင်လွဲခဲ့တာတွေကိုနားလည်လာခဲ့တယ်။ အဲဒီလိုနဲ့သူ့ရဲ့(၁၁.၁၁)နေ့ကိုပိုပိုကောင်းအောင်ကြိုးစားရင်း အဲဒီညမှာနှလုံးရောဂါနဲ့သေရမယ့် ကလေးရှိတာကိုသိသွားခဲ့ပါတယ်။ ကံကြမ္မာကိုပြောင်းလဲလို့မရတဲ့အတွက် ကလေးလေးရဲ့ မသေခင်ဆန္ဒတွေကို ဖြည့်စည်းပေးဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ လူသားဆန်မှုတွေနဲ့ ဒီချာလည်ရိုက်နေတဲ့နေ့ရက်တစ်ခုကိုဘယ်လိုအကြိမ်ကြိမ်ဖြတ်သန်းကြမလဲ...... မနက်ဖန်ကိုဘယ်လိုများမှရောက်နိုင်မှာလဲ..ဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK

Drama • Family
3 2023
Back To The Tomorrow
Maari 2
5.6

မြန်မာစာတန်းထိုး ဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့..... လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။ မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး.... နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။ လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။ နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။ သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ ဖိုက်တင်ဆိုရင် လေပေါ်ကို လွင့်မှ ၊ ကားမှန်တွေကွဲ သေနတ်တွေ ပစ်မှ ၊ အားရကျေနပ်တယ်ဆိုရင်တော့..... အသစ်စက်စက် ထွက်ရှိလာတဲ့ ဒီကားနဲ့ ၂၀၁၅ ထွက် Maari ဇာတ်ကားနှစ်ကားလုံးဟာ ပြောစရာ ဟာကွက်မရှိတဲ့ ဇာတ်ကားတွေသာ ဖြစ်ပါတယ်။ File size…3GB / 1.5GB Quality…1080p WEBRIP AAC5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kyal Sin Yati Ko

5.6 2018 150 mins
Maari 2
I Dream of a Psychopomp

I Dream of a Psychopomp (2021) ဆန်းဆန်းပြားပြား ထူးထူးခြားခြား သဘာဝလွန်ကားတွေကို ငံ့ငံ့လင့်လင့် ဖြစ်နေတဲ့လူတွေအတွက် ချာချာလည်အောင် မူးဝေဝေဖြစ်သွားမယ့် ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းကတော့ ရိုးရိုးကုတ်ကုတ်လင်မယားလေး တစ်တွဲရှိပါတယ်။ စစဖွင့်ချင်းမှာပဲ ဓာတ်တိုင်ကိုကားနဲ့တိုက်မိပြီး မိန်းမက လျောလျောရှုရှု ပွဲချင်းပြီး သေသွားပါတယ်။ သေပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ခနော်နီခနော်နဲ့ ဖြစ်သွားတဲ့ ယောက်ျားဟာ တမလွန်ဘက်ကို မြင်လာနိုင်သွားပါတယ်။ ဒီလိုနဲ့ နောက်ဘဝ နောက်တစ်ဘုံ မကူးနိုင်တဲ့ သူ့မိန်းမကို ကူညီဖို့ အကြောင်းဖန်လာတယ်။ ဒီတစ်ချိန်တည်းမှာပဲ ဒီလိုမြင်ရတာ သူတစ်ဦးတည်းထီးထီးမဟုတ်ဘဲ ကျန်တဲ့သူတွေလည်းရှိပါသေးတယ်။ အဲဒီလူတွေကိုပါ ဇာတ်လမ်းမှာထည့်ပြီး ပီပီသသပုံဖော်သွားပါတယ်။ ဒီဇာတ်လမ်းနဲ့အပြိုင်ပဲ မသေနိုင်တဲ့ လူတစ်ယောက်နဲ့ သေခါနီးကလေးမလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို လှလှပပသွတ်သွင်းထားပါတယ်။ သေချင်နေတဲ့မသေမျိုးရယ် မသေချင်နေတဲ့သေခါနီးကလေးမရယ် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်ရလေအောင် ကြံကြံဖန်ဖန် အစီအစဉ်တစ်ခုကို လုပ်ကြပါတယ်။ ဒီရုပ်ရှင်ဟာ ဒီလိုထူးခြားဆန်းပြား ဇာတ်လမ်းတွေကို ယှက်ဖောက်သီကုံးထားတဲ့ သဘာဝလွန် ရုပ်ရှင်မျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 690MB Quality – 1080p, 720p Format – mp4 Duration – 1H 20Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Horror • Mystery • Thriller
0 2021
I Dream of a Psychopomp
Foe
5.8

Foe (2023) Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖြစ်ပြီး မနှစ်က A24 ရဲ့ Aftersun နဲ့ လူကြိုက်များခဲ့သလို မင်းသားဆုလည်း အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့၊ Normal People စီးရီးရဲ့ အဓိကဇာတ်ကောင်လည်းဖြစ်ခဲ့တဲ့ Paul Mescal နဲ့ သူ့အရွယ်တန်းမင်းသမီးတွေထဲ သူ့ကိုမီတဲ့လူ ဘယ်သူမှမရှိတဲ့၊ ဟိုးငယ်ငယ်ကလေးကတည်းက Atonement မှာ အားလုံးမြင်ကတ်လောက်အောင် ပညာပြခဲ့သလို Little Women, Lady Bird, The Grand Budapest Hotel, Loving Vincent စစသဖြင့် ရိုက်သမျှကားတိုင်းမကောင်းမရှိသလို သရုပ်ဆောင်လည်း သိပ်ကောင်းတဲ့ Saoirse Ronan တို့က ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီ၂ယောက်ရဲ့ Acting စကေးနဲ့တင် ဒီကားက တန်ပေမဲ့ ဝေဖန်ရေးသမားတွေဆီမှာတော့ မျက်နှာပန်းမလှခဲ့ပါဘူး။ ဇာတ်ကလည်း ပြချင်တာတော့ ကောင်းပေမဲ့ နည်းနည်းတော့ မနိုင်သလိုဖြစ်သွားတာကြောင့်လည်း ပါချင်ပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်က မဆိုးနေပြန်တော့ တန်တယ်ပြောရမှာပဲ။ ဇာတ်ကတော့ Psychological Thriller ဇာတ်။ မူရင်းစာအုပ်ကလည်း ဆုတွေဘာတွေရထားသေးတယ်။ ပြထားတာတွေကတော့ သိပ်မကြာသေးခင်က နည်းနည်းဟောင်းတဲ့ကာလတွေဆန်ပေမဲ့ ကာလကတော့ လူသားတွေ အာကာသထဲ အခြေချဖို့ကြိုးစားနေကြတဲ့ ဒီခေတ်အလွန်ကာလ။ ကျေးလက်ထဲမှာ ရိုးရိုးကုတ်ကုတ်နေနေတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ပြောရရင် အမေရိကကို ဒီဗွီပေါက်သလို အမေရိကကနေ အာကာသထဲကိုသွားဖို့ ယောက်ျားဖြစ်သူက ဒီဗွီပေါက်သွားတယ်။ အာကာသထဲသွားနေရတော့မယ်ပေါ့။ ဒီမှာ ကျန်ခဲ့ရမယ့်သူနဲ့ ထွက်သွားရတော့မယ့်သူကြား ပြဿနာစတက်တယ်။ ဆန်းတော့ဆန်းသား… ဒီကားက သိပ္ပံစိတ်ကူးယဉ်အမျိုးအစားလည်း သွင်းလို့ရပေမဲ့ ပေါလ်ရဲ့ ရိုနန်တို့ရဲ့ သရုပ်ဆောင်စကေးကို ပြလို့ရမယ့် ဒရာမာခန်းတွေချည်း ဖောဖောသီသီသုံးသွားတယ်။ ဒီနောက် သူတို့ကို လာစောင့်ကြည့်တဲ့လူထည့်ပြီး ဒီသုံးယောက်ကြားက ပဋိပက္ခတွေကို ဆက်ပြတယ်။ သုံးယောက်စလုံး သရုပ်ဆောင်ကောင်းနေလေတော့ စကားပဲများနေတာပေမဲ့ ကြည့်လို့တော့ကောင်းနေတယ်။ နောက် ထွက်သွားရတော့မယ့် ယောက်ျားနေရာမှာ အစားထိုးဖို့ လူလုပ်အသိဉာဏ်နဲ့ ခန္ဓာကိုယ်ပါရှိတဲ့ သူ့ယောကျ်ားနဲ့တစ်ထေရာတည်းတူတဲ့ လူလုပ်လူတစ်ယောက်ထားခဲ့ဖို့လုပ်တယ်။ အဲဒီလူလုပ်လူအတွက် လိုအပ်တဲ့ မှတ်ဉာဏ်တွေ ဗီဇတွေ ပင်ကိုစရိုက်တွေကို ပေါလ်ရဲ့ဇာတ်ကောင်ဆီက ယူဖို့လုပ်ရင်း မထင်မှတ်ထားတဲ့အရာတွေ ကြုံလာရတယ်။ ဒါပါပဲ။ တစ်ခါတလေ ဉာဏ်စဉ်မမီနိုင်တော့တဲ့ အချစ်တွေရှိလိမ့်မယ်။ ဆန်းပြားစွာပဲ သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေကြတယ်။ ဘယ်လိုပုံစံမျိုးနဲ့ရှိနေလဲ ကျွန်တော်တို့ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့အရာတွေပေါ့။ ဘောင်တွေထဲဝင်ရင်းတိုးရင်း ကျွန်တော်တို့ဘယ်လိုလူတွေလဲ ကျွန်တော်တို့မသိနိုင်တော့တဲ့အထိ အဲဒီအချစ်တွေ ခက်ခဲလွန်းတယ်။ ဒီရုပ်ရှင်ရဲ့ တစ်စိတ်တစ်ဒေသဟာ အဲဒီလိုအချစ်တွေကို ပုံဖော်သွားခဲ့တယ်။ မှန်ခြင်းမှားခြင်းတွေပါလာတဲ့အခါ ဒီရုပ်ရှင်က ဇာတ်ကောင်တွေဟာ အဲဒီအချစ်တွေကို ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ သဏ္ဍာန်တွေ သဏ္ဍာန်တွေ ဘယ်လိုပဲ ကွဲကြပါစေပေါ့… အချစ်ဆိုတဲ့အရသာဟာ ဘယ်တော့မှ ဟောင်းမသွားဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 2.2GB, 1.05GB Quality – 4K HEVC, 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 50Min Genre – Drama, Thriller, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

5.8 2023
Foe
La Confesion

La Confesion / Confessions of a Cam Girl (2024) IMDb – 6.0/10 ခရစ္စတင်းဆိုတဲ့ ကျောင်းသူလေးက မိဘတွေစကားကိုနားထောင်တဲ့ စာတော်တဲ့ကျောင်းသူလေးတစ်ယောက်။ မိဘနှစ်ပါးစလုံးက သူတို့မတက်ခဲ့ရတဲ့ ကောလိပ်ကျောင်းတော်ကြီးကို သမီးဖြစ်သူ ခရစ္စတင်း တက်ဖို့အရေး အဖက်ဖက်က ဝိုင်းဝန်းထောက်ပံ့အားပေးနေကြတဲ့ စိတ်အားထက်သန်ကြသူတွေ။ ခရစ္စတင်းရဲ့ မိဘတွေရဲ့စိတ်အားထက်သန်မှုနဲ့ မတူညီနေတာက ကောလိပ်မတက်ဘဲ ပဲရစ်ကိုသွားပြီး ဒီဇိုင်နာလုပ်ဖို့ အိပ်မက်ရှိနေပါတယ်။ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ကောလိပ်စရိတ်ထဲကနေ ထောက်ပံ့ပေးဖို့ပြောပေမဲ့ မိဘတွေက လုံး၀လက်မခံကြပါဘူး။ ဒီလိုနဲ့ပဲ ပဲရစ်က ဖက်ရှင်ပရိုဂရမ်တစ်ခုမှာ တက်ဖို့အရေး လိုချင်တဲ့ငွေပမာဏရအောင် XPဆိုတဲ့ ဖော်ချွတ်အက်ပ်တစ်ခုမှာ အကောင့်ဖွင့်ပါတော့တယ်။ အဲဒီကစလို့ သူ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားပြီး ရင်ဆိုင်လာရတာတွေနဲ့အတူ မင်းသမီးချောလေးရဲ့ ရှိုက်ကြီးရှိုက်ငယ် အသွယ်သွယ်ကို ရှုမြင်ရင်း ခံစားကြည့်ရှုကြပါဦး။ (ဒီရုပ်ရှင်ကို aungmo3hanက ဘာသာပြန်တင်ဆက်ထားပါတယ်) Genre….. Crime, Thriller Quality…. 1080p | 720p File size… 1.3GB | 629MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3hanက Encoder ….. Aaron

0 2024
La Confesion
Big Fish & Begonia
7

ပရိသတ်ကြီးတို့ကို တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး animation movie တွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Big Fish and Begonia လို့ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဲဒီထဲက Big Fish ဆိုတဲ့ ost ဟာ ဒီနေ့ဒီအချိန်အထိ တရုတ်ပြည်မှာ ရေပန်းအစားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပါ။ ဒီဇာတ်ကားကို inspire ယူပြီး cosplay လုပ်တာတွေ performance လုပ်တာတွေ အခုထိ ရှိပါတယ်။ ရုံတင်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ရထားတဲ့ animation လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ချွင်လို့ခေါ်တဲ့ ကောင်မလေးနဲ့ သူ့ရွာကလူတွေက လူမဟုတ်သလို နတ်ဘုရားတွေလည်း မဟုတ်ကြပါဘူး။ သူတို့က သဘာဝတရားကြီးရဲ့ နိယာမတွေကို ထိန်းသိမ်းသူတွေဖြစ်ပြီးတော့ လူ့လောကမဟုတ်တဲ့ နေရာမှာ နေကြပါတယ်။ သူတို့လူမျိုးဆီမှာ ထုံးတမ်းတစ်ခုရှိပါတယ်။ အသက် ၁၆ နှစ်ပြည့်သူတိုင်းက လင်းပိုင်နီတွေအဖြစ်နဲ့ ဝဲကြီးကနေတစ်ဆင့် လူသားလောကကို ၇ ရက်တိတိ သွားလေ့လာခွင့် ရကြပါတယ်။ ချွင်ဆိုတဲ့ ကောင်မလေးကလည်း ၁၆ နှစ်ပြည့်ပြီမလို့ လင်းပိုင်နီလေးအဖြစ် လူ့လောကကို သွားရောက်လေ့လာတော့တာပေါ့။ လူ့လောကဘက်ကို စရောက်ချိန် ကမ်းစပ်နားမှာ လူသားမောင်နှမနှစ်ယောက်ကို ချွင် တွေ့ခဲ့တယ်။ ချွင်က လူသားကောင်လေးကို သဘောကျသလို ဖြစ်သွားတယ်။ ၇ ရက်မြောက်နေ့ အိမ်ကိုပြန်ရတော့ချိန်မှာ ချွင်ဟာ ဝဲကြီးထဲကို ပြန်မဝင်နိုင်ဘဲ ထောင်ချောက်မှာ ပိတ်မိခဲ့တယ်။ လူသားကောင်လေးဟာ မြင်သွားပြီးတော့ သူ့ကို ကယ်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူသားကောင်လေးက ချွင်ကိုကယ်တင်ရင်းနဲ့ ဆုံးသွားခဲ့ပါတယ်။ ချွင်ကတော့ သူ့အိမ်ကို ပြန်လာနိုင်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ချွင်ဟာ သူ့ကြောင့် တခြားလူ အသက်ဆုံးရှုံးသွားရတာ ဖြစ်တာမလို့ ပြန်ပြီးပေးဆပ်ချင်တယ်။ ဒါကြောင့် ချွင်ဟာ ဝိညာဉ်ထိန်းသိမ်းသူဆီသွားပြီး လူသားကောင်လေးကို အသက်ပြန်သွင်းဖို့ အပေးအယူလုပ်ဖို့ ကြိုးစားပါတော့တယ်။ လူသေတစ်ယောက်ကို အသက်သွင်းတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးပါ။ ဒါမျိုး လုပ်ရပ်ကို ကျူးလွန်မယ့် ချွင်ကြောင့် သူတို့ လူမျိုးစုအနေနဲ့ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူသားကောင်လေးကို လူ့လောကဆီ ပြန်လွှတ်ပေးမယ့် အစီအစဉ်အတွက် စိတ်ပါလက်ပါ ကူညီပေးမယ့် ချွင်ရဲ့သူငယ်ချင်းဖြစ်သူ ချိုးရဲ့ ပေးဆပ်မှုတွေကိုလည်း မျက်ရည်အဖြာဖြာနဲ့ ကြည့်ရှုရဦးမှာပါ။ ဒီဇာတ်ကားလေးအပေါ် ဘာသာပြန်သူရဲ့ ထင်မြင်ချက်ကိုပြောရရင်တော့ တစ်ခါတလေမှာ အချစ်ဆိုတဲ့ အရာက သိပ်ကိုဆန်းကြယ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုချစ်တဲ့သူကို မသိကျိုးကျွံပြုတတ်ကြပြီး ခက်ခဲတဲ့အချစ်ကိုမှ လိုချင်ကြတယ်ဆိုတာကို ဒီဇာတ်ကားလေးကနေတစ်ဆင့် တွေ့မြင်ရမှာပါ။ ဒါ့အပြင် လူတွေဟာ အချစ်ကြီးသွားတဲ့အခါ မပိုင်ဆိုင်ရလည်းဖြစ်တယ် သူ ပျော်ရင်ရပြီဆိုတဲ့ ရူးမိုက်မှုမျိုးတွေ လုပ်တတ်တာကိုပါ ဒီဇာတ်ကားလေးထဲမှာ ထည့်ပြပေးထားတာမလို့ အချစ်ရေးမှာ ဒုတိယလူဖြစ်ပြီး အရွေးမခံခဲ့ရတဲ့ ပရိသတ်ကြီးတို့အတွက် ကွက်တိဖြစ်စေမယ့် ဇာတ်ကားလေးဖြစ်တာမလို့ ကြည့်ရှုကြဖို့ recommend ပေးလိုက်ပါတယ်။ File size… 1.6 GB / 758MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Drama
7 2016
Big Fish & Begonia
The Good Thief
6.5

The Good Thief (2002) IMDb Rating (6.5) / Rotten Tomatoes (77%) ဘော့ဆိုတာ အတိတ်က နေ့ရက်ကောင်းတွေကို ကျော်ခဲ့ပြီးတဲ့ အသက်ကြီးကြီး သူခိုးတစ်ယောက်။ ဆေးကလည်းစွဲနေပြီး လောင်းကစားကလည်း မဖြတ်နိုင်ဘူး။ သူခိုးပေမယ့် စိတ်ထားလေးက ကောင်းရှာတော့ သူ့ခိုးယက်မှု‌တွေမှာ လူမသတ်ဖူးသလို ကောင်မလေးတစ်‌‌ယောက်ကို‌တောင် ကူညီလိုက်သေးတယ်။ သူ ဘာကြံဦးမလဲတောက်လျှောက်စောင့်ကြည့်နေတဲ့ အသိဟောင်းရဲရော်ဂျာကလည်း ရှိသေးတယ်။ အဲ့တာတောင်မှ သူ့သူငယ်ချင်း ရာအို အကြံပေးချက်အရ မွန်တီကာလိုကာစီနိုကို လုယက်ဖို့ ကြံပြန်တယ်။ အဲ့လိုကြံ‌နေတာကို ရော်ဂျာသိသွားတော့ ဘော့ကို ဘယ်လိုဖမ်းဖို့ကြိုးစားမလဲ ဘော့ကကော ဘယ်လိုနည်းလမ်းတွေနဲ့ ကာစီနိုကို အလစ်သုတ်သွားမလဲ။ နာမည်အတိုင်းပဲ သူခိုးကောင်းတစ်ယောက်က ဉာဏ်နီဉာဏ်နက်တွေ ဘယ်လိုထုတ်သုံးသွားမလဲသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Romance, Thriller Duration….01:49:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

6.5 2002 108 mins
The Good Thief
B4

၂၀၁၂ တုန်းကထွက်ရှိခဲ့တဲ့ Si-Fi Movie လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းဇာတ်ကောင်တွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ မျက်စိနောက်အောင် လျှောက်ထည့်ထားတဲ့ Si-fi Movie တွေထက်စာရင် ဆောင်းတွင်းမှာ စောင်လေးခြုံကွေးပြီး ကော်ဖီလေးတစ်ခွက်နဲ့ တစ်စိမ့်စိမ့်ကြည့်ရင်း တစ်စိမ့်စိမ့်တွေးကြည့်ရတဲ့ ဇာတ်ကားမျိုးဆိုတာ နောက်ပိုင်းမှာတော်တော်ရှားသွားပါပြီ။ ထွက်သမျှဇာတ်ကားတွေက ဇာတ်လမ်းဇာတ်ကွက်သွက်သွက်နဲ့ Tempo တွေကိုအချိန်ပြည့်မြင့်ပြီး ဆွဲခေါ်သွားတဲ့ဇာတ်ကြောင်းတွေပဲ များလာတော့ ဒီလိုကားလေးတွေက ၂၀၂၀ နောက်ပိုင်းကားတွေပဲ ရှာကြည့်နေရတာ။ တစ်ခါတစ်လေကျတော့လဲ ဝိုင်းဒိုင်းကျဲ ဘာမှမတွေးပဲကြည့်ရတဲ့ဇာတ်ကားတွေများလာတော့ ဒီလိုတွေးရင်းကြည့်ရတဲ့ ဇာတ်ကားလေးတွေက ပြန်ပြီးခံစားလိူ့ကောင်းလာတာပေါ့။ အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကလဲ စောင်လေးကိုဆွဲ ဆိုဖာလေးမှာ ငုတ်တုတ်လေးထိုင်ခြုံပြီးတော့ ဘေးနားမှာကော်ဖီတစ်ခွက်နဲ့ ထိုင်ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မီဂန်၊ အယ်ရွန် နဲ့ ဒေးဗစ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်က ဒေးဗစ်ကြွားကြွားနေတဲ့ ကောင်မလေးကိုသွားပြီးကြည့်ကြမယ်ဆိုပြီး ကလပ်ကိုသွားကြည့်ကြပါတယ်။ ဒါပေမဲ့ ထင်သလိုဖြစ်မလာပဲ သူငယ်ချင်းသုံးယောက် စိတ်ဓာတ်ကျကျနဲ့ ကလပ်ကပြန်ထွက်လာတဲ့အချိန်မှာတော့ သူတို့ကားပါကင်ထိုးထားတဲ့ B4 ဆိုတဲ့အထပ်မှာ ထိုးခဲ့တဲ့ကားက ပျောက်ချင်းမလှပျောက်သွားရာကနေ အကူညီခေါ်ဖို့ ဒေးဗစ်ကို အပေါ်ထပ်ပြန်လွှတ်လိုက်ရာ သူတို့မသိလိုက်ချိန်မှာပဲ သူတို့က ဒီ B4 ဆိုတဲ့ကားပါကင်အထပ်ထဲမှာပဲ ပိတ်မိနေပါတော့တယ်။ အဲ့အပြင် ဘယ်ကမှန်းမသိတဲ့ကောင်မလေးတစ်ယောက်နဲ့ ပေါလ်ဆိုတဲ့စိတ္တဇကောင်တစ်ယောက်ကို ဝင်တားရာကနေ သူငယ်ချင်းသုံးယောက်ရယ် ကောင်မလေးတစ်ယောက်ရယ် ပေါလ်ဆိုတဲ့ သူတို့ကိုသတ်ချင်နေတဲ့ စိတ္တဇကောင်တစ်ယောက်ရယ် ဒီ B4 ဆိုတဲ့ကားပါကင်လေးမှာ ဘယ်လောက်ကြာအောင်ပိတ်မိနေကြမလဲ။ သူတို့တွေဒီ B4 အထပ်ကနေလွတ်အောင် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး …. ဘာသာပြန်နဲ့ အညွှန်းကိုတော့ Khant Zaw Hein မှ ရေးသားပေးထားပါတယ် Genre….. Sci-Fi, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 732MB | 288MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khant Zaw Hein Encoder ….. Aaron

Comedy • Adventure
0 2012
B4
Golmaal Returns
5.3

Golmaal Returns (2008) “ပရမ်းပတာ” တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Golmaal ဟာသ ဇာတ်လမ်းတွဲထဲက ဒုတိယမြောက်ကားလေးကို ပရိသတ်တို့အတွက် ပြန်လည်တင်ဆက်ထားပါတယ် ဒီကားထဲမှာ မင်းသားအဂျေး (Ajay Devgn) နဲ့ ဝါရင့်မင်းသမီးကရီနာကပူးတို့က ခေါင်းဆောင်ပါဝင်ထားပြီး ၂၀၀၈ မှာ ဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်စာရင်းထဲ ပါခဲ့တာပါ ဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လိုက်ကျော် ဂိုပယ်က စကားမပြောတတ်တဲ့ သူ့သူငယ်ချင်း လပ်ကီးရဲ့အစ်မဖြစ်သူ အက်တာနဲ့ အိမ်ထောင်ကျသွားခဲ့ပြီး ငါးလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေပါတယ် သူ့မိန်းမအက်တာက တီဗွီဇာတ်လမ်းတွဲတွေအကြည့်များပြီး သူ့ယောကျ်ားကို အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ သံသယများနေတဲ့အပြင် ရဲအရာရှိတစ်ယောက်ကလည်း သူတို့ကုမ္ပဏီက ငါးပုဇွန်တင်တဲ့ သင်္ဘောထဲမှာ မူးယစ်ဆေးတွေရှိနိုင်တယ်လို့ သင်္ကာမကင်းဖြစ်နေပြန်ပါတယ် တစ်ရက်မှာ ဂိုပယ်က မီရာဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိလိုက်ရာကနေစလို့ ဘယ်လိုပြဿနာတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာမလဲ ဆိုတာကတော့ —- အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy
5.3 2008 136 mins
Golmaal Returns
Novo Land : Floating Heart
6

Novoland (ကျိုကျိုး) ဆိုတာဒဏ္ဍာရီလာ အလွန်လှပတဲ့လောကတစ်ခု ။ အတောင်ပံပါတဲ့မျိုးနွယ်စု ၊ ရေသူမျိုးနွယ်စု၊ ဝိဉာဉ်မျိုးနွယ်စုနဲ့ လူပုလေးမျိုးနွယ်စုတို့ဟာ ကျိုကျိုးမှာနေထိုင်ကြပါတယ်။ ဇာတ်လမ်းကတော့ မင်းဆရာကြီးရဲ့သမီးဖြစ်သူ နန်ရှင်းဟာ မင်္ဂလာပွဲမတိုင်ခင် တစ်ညအလိုမှာထူးဆန်းစွာသေဆုံးသွားတာကနေစပါတယ် ။ မင်းဆရာကြီးကတော်ကလည်းအရူးတစ်ပိုင်းဖြစ်သွားပြီး အိမ်တော်တစ်ခုလုံး အရှုပ်အထွေးနဲ့ကြုံတွေ့နေရချိန်မှာ… မျိုးနွယ်စုအသီးသီးကလူတွေ၊ ကျောင်းတော်အသီးသီးက လူတွေဟာလည်း နန်ရှင်းရဲ့သေဆုံးမှုကိုစုံစမ်းဖို့ပါဝင်လာတဲ့အခါ… နန်ရှင်းရဲ့သေဆုံးမှုမှာဘာလျို့ဝှက်ချက်တွေရှိနေမလဲ။ ဘာလို့မျိုးနွယ်စုအသီးသီးကလူတွေရောပါဝင်လာတာလဲ။ နန်ရှင်းဟာ တကယ်ပဲသေသွားတာရေဟုတ်ရဲ့လား။ ဒီလိုဇာတ်လမ်းမျိုးကတဖြည်းဖြည်းချင်းကြည့်ပြီးမှ ရုပ်လုံးပေါ်လာတာမျိုးမို့ spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်လမ်းကိုအများကြီးမပြောပြတော့ပါဘူး။ Novo land စီးရီး တွေရဲ့ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းထဲကလျို့ဝှက်ချက်တွေကို ကိုယ်တိုင်ကြည့်ရှုပြီးရှာဖွေဖော်ထုတ်ကြည့်ကြရအောင်။

Horror
6 2022
Novo Land : Floating Heart
Meet the Khumalos
5.1

Meet the Khumalos (2025) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ အာဖရိကန်ရုပ်ရှင်တွေထဲမှာ IMDb rating 5.1 ထိ ရထားတဲ့ မိသားစုအချစ်ဟာသကားလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ပိတ်ရက်မှာ ကြည့်ရှုဖို့အတွက် ဇာတ်လမ်းကောင်းလေးပါ။ ငယ်ငယ်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြပေမဲ့ တစ်ချိန်မှာ အမုန်းဆုံးရန်သူတွေ ဖြစ်သွားပြီး ဝေးကွာသွားခဲ့ကြတဲ့ Grace နဲ့ Bongi တို့ဟာ ကံကြမ္မာနတ်ဆရာဖန်တော့ တစ်နေ့ ဘေးချင်းကပ် အိမ်နီးချင်းတွေ ဖြစ်သွားကြတယ်။ ပြန်တွေ့တွေ့ချင်း နှစ်ဖက်အမုန်းတွေနဲ့ ကိုယ့်မိသားစု သူ့မိသားစုကို မခင်မင် မဆက်သွယ်ရဘူး ဆိုပြီး တားမြစ်ကြလေရဲ့.. ဒါပေမဲ့ Grace ရဲ့ သားဖြစ်သူနဲ့ Bongi ရဲ့သမီးဖြစ်သူတို့ကတော့ လူငယ်သဘာဝ မြင်မြင်ချင်း သဘောကျသွားခဲ့ကြပါတယ်။ ဒီလိုနဲ့ အမေတွေမသိအောင် ခိုးတွဲလာကြရင်း ၆ လတာလွန်မြောက်တဲ့အချိန်မှာတော့ မထင်မှတ်ဘဲ အမေနှစ်ယောက်က သူတို့တွဲနေမှန်း သိသွားကြပါတယ်။ အချစ်ဆုံးဖြစ်ခဲ့ပေမဲ့ အမုန်းဆုံးဖြစ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ သားနဲ့သမီး မပေါင်းဖက်ရေးအတွက် မချစ်သော်လည်း အောင့်ကာနမ်းပြီး ပူးပေါင်းကြံစည်ကြတဲ့အချိန်မှာ .. ကိုယ်တိုင် ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Khey Ki ဖြစ်ပါတယ်။) File size… (5.5 GB) / (2.1 GB) / (1.1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:33:17 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khey Ki

Drama • Romance
5.1 2025 92 mins
Meet the Khumalos
Mr. Klein
7.5

ဒီဇာတ်ကားလေးကတော့ ထွက်တာအတော်လေးကြာပြီ‌ဖြစ်ခဲ့ပေမဲ့ ခုလက်ရှိထိကြည့်လို့ကောင်းနေတဲ့ဇာတ်လမ်းလေးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းပြင်သစ်နိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေကိုလည်း အကဲခတ်ကြည့်ရှုခံစားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ဇန်နဝါရီ ၁၉၄၂ မှစပြီး ပြင်သစ်ကို ဂျာမန်တွေသိမ်းပိုက်ပြီးချိန်မှာပဲ ဂျုးလူမျိုးတွေကိုသုတ်သင်ရှင်းလင်းတော့တာပဲ။ အဲ့ဒီမှာ ပြင်သစ်မှာနေထိုင်နေတဲ့ MC ဖြစ်သူ Robert Klein ဆိုတဲ့ ပန်းချီရောင်းသူဟာ နိုင်ငံကနေအလောတကြီးထွက်ပြေးမဲ့ ပြင်သစ်ဂျုးလူမျိုးတွေဆီကနေ အနုပညာလက်ရာပစ္စည်းတွေကိုအရောင်းအဝယ်လုပ်ပြီး စီးပွားရေးဖြစ်ထွန်းနေတယ်။ ဒါပေမဲ့ တစ်နေ့မှာ ရဲတွေလိုက်လံဖမ်းဆီးနေတဲ့ဂျုးလူမျိုးဖြစ်သူဟာလည်း Robert Klein ဆိုတဲ့ နာမည်နဲ့ တိမ်းရှောင်နေတယ်။ဒီချိန်မှာပဲ သူဟာ MC(Klein )ရဲ့ အိမ်ကိုဂျုးသတင်းစာတစ်ခုမှာ လိပ်စာနဲ့အတိအကျပို့လိုက်တော့တယ်။ Klein ကလည်း ဒါကိုသံသယဝင်ပြီး ရဲစခန်းကိုချက်ချင်းတိုင်လိုက်ပေမဲ့ သူနဲ့နာမည်တူတွေကများနေတာနဲ့ပဲ ရဲတွေကသူ့ကိုစစ်ဆေးရေးလုပ်တော့တယ်။ဒါကိုသူက သံသယမရှိအောင်ဘယ်လို သက်သေပြမယ်ဆိုတာနဲ့ သူ့ကိုနောက်ကွယ်ကနေအပြစ်လွှဲပုံချသွားတဲ့သူကို လိုက်ရှာရင်း ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားရမလဲဆိုတဲ့အကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုလိုက်ကြရအောင်။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:03:00 Genre… Crime, Drama, Mystery, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Noah

Adventure • Comedy • Family • Fantasy
7.5 1976 123 mins
Mr. Klein