YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Stone.Cold.1991.720p.BluRay.(CM).mp4

1.1 GB N/A video/mp4 75 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Hosto

Hosto (2023) ပက်ထရစ်ဟာ ငယ်ရွယ်စဉ်က ထင်ရာစိုင်းခဲ့တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ သားတစ်ယောက်အဖေဘဝနဲ့ ဘဝကိုကြိုးစားတည်ဆောက်နေပါတယ်။ သူ့မှာ ဇနီးအပြင် ချစ်သူအမျိုးသားလည်းရှိပြီးတော့ အဲဒီအမျိုးသားက သူ့အတွက်အစစအရာရာ ပံ့ပိုးဖြည့်ဆည်းပေးနေတဲ့သူပါ။ သူ့အိပ်မက်ကတော့ ဂျပန်မှာစာသင်ရင်းအလုပ်သွားလုပ်ဖို့ဖြစ်ပြီး အဲဒါတွေကလည်း သူ့သားရဲ့အနာဂတ်နဲ့ သူ့မိသားစုအတွက်ပါပဲ။ တကယ်တမ်း သူဂျပန်ကိုရောက်ရှိချိန်မှာတော့ စိတ်ကူးတွေထဲကနဲ့ အစစအရာရာ ကွာခြားနေခဲ့ပြီး လိုအပ်ချက်တွေများလွန်းတဲ့ သူ့မိသားစု၊ အထူးစောင့်ရှောက်မှုလိုအပ်နေတဲ့ သူ့ကလေးအတွက် ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ကြိုးစားသမျှတွေ အရာမထင်ဖန်များလာတဲ့နောက် သူနဲ့အတူနေမိတ်ဆွေ ရစ်ချတ်ရဲ့မိတ်ဆက်ပေးမှုနဲ့ ဂျပန်နိုင်ငံရဲ့ Nightlife ထဲမှာ Hosto တစ်ယောက်အဖြစ် အချိန်ပိုင်းလုပ်ဖို့ဖြစ်လာပါတော့တယ် (Hosto ဆိုတာအမျိုးသမီးကြီးတွေနဲ့ အတူထိုင်သောက် စကားပြော လိုအပ်ရင်အဆုံးထိလိုက်လျောရတဲ့အမျိုးသားဂေးရှားသဘောမျိုးပါ)။ ဒါပေမဲ့လည်း မိသားစုအတွက် တိုင်းတစ်ပါးမှာ အဆုံးစွန် စွန့်လွှတ်အနစ်နာခံနေမှုတွေကတစ်ဖက်၊ အဲဒီလိုအလုပ်တွေလုပ်နေရတဲ့အတွက် သူ့ဇနီးအပေါ်၊ ချစ်သူအပေါ်၊ သူ့လိပ်ပြာသူမလုံတဲ့ စိတ်တွေနဲ့ရှေ့ဆက်ဖို့ ခက်ခဲလာနေတဲ့ ပက်ထရစ်တစ်ယောက် သူ့အိမ်ရှင်ရဲ့သမီးဖြစ်တဲ့ သီယာဆိုတဲ့မိန်းကလေးက သူ့ကိုကယ်တင်တဲ့အနေနဲ့ သူနဲ့ဟန်ဆောင်လက်ထပ်ဖို့ကမ်းလှမ်းလာတဲ့အခါ... ချစ်သူတွေဝိုင်းနေတဲ့ ပက်ထရစ်တစ်ယောက် သူနဲ့ သူချစ်ရတဲ့သူတွေ မနာကျင်စေဖို့ ဘယ်လမ်းကိုရွေးမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ ဆက်လက်ရှုစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Family
0 2023 93 mins
[18+] Hosto
Cadaver
6.6

ဘယ်သူက တရားခံလဲ... ဘယ်သူက နစ်နာသူလဲ... တရားမှုကို ဘယ်လိုရှာဖွေကြမလဲ... ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်း သူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ... တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ... သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့ ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ... ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေ သူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊ ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ... စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာ အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်... File size…7.69GB / 2.08GB / 1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khai & OeliuJ & Kevin & Yunni

Comedy • Fantasy • Horror
6.6 2022 119 mins
Cadaver
The Millennial

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဖြစ်လည်း Generation-Y ဖြစ်တဲ့ ချက်ဒ် ဆိုတဲ့ လူငယ်လေးကို အင်တာဗျူးနေတဲ့ ပုံစံနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ချက်ဒ်ဆိုတဲ့ မာစတာဘွဲ့အထိတောင်ရထားတဲ့ လူငယ်လေးတစ်ယောက် အလုပ်သင်ကာလပြီးတော့ အရွေးမခံလိုက်ရလို့ အိမ်ကို စိတ်ပျက်လက်ပျက်ပြန်လာခဲ့ပါတယ်။ အဖေကလည်း အရမ်းအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်နေတော့ သူ့အနေနဲ့ အလုပ်မရလိုက်တာ ပိုလို့တောင် စိတ်ညစ်နေတဲ့အချိန် အိမ်ကလူတွေက သူ အလုပ်ရပြီအထင်နဲ့ ပါတီပွဲနဲ့ စောင့်ကြိုဂုဏ်ပြုဖို့ အားခဲထားကြတာပေ့ါ။ ဒီလိုတွေဖြစ်သွားတော့ သူလည်းအလုပ်မရခဲ့ကြောင်း မပြောနိုင်တော့ဘဲ ဘာလုပ်ရမှန်းမသိ၊ လမ်းပျောက်နေတုန်း ငယ်သူငယ်ချင်းရဲ့ Instagram က ပို့စ်ကို တွေ့ပြီး အတ္တလန်တာသွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ အဲဒီကနေ ဘယ်လိုတွေဖြစ်လာမလဲ? ကြုံတွေ့လာရမဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး အောင်မြင်သူ တစ်ယောက်ဖြစ်လာပါ့မလား? စိတ်ဓာတ်ကျပြီး အရှုံးသမား လုံးလုံး ဖြစ်သွားမလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုလိုက်စို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shin Rina ပါ။) File Size          : 1.4GB, 597MB, 288MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 20mins Genre              : Drama Translated by Shin Rina Encoded by Kinnov

Adventure • Animation • Family • Fantasy
0 2022 80 mins
The Millennial
Secret Love
5.8

ပရိတ်သတ်ကြီးကို ဒီတစ်ခေါက် ကိုရီးယား erotic thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကား နာမည်ကတော့ Secret Loveဖြစ်ပြီး ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာပါ ယွန်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူချစ်ရတဲ့ သူ့ရဲ့ချစ်သူ ဂျင်ဝူးနဲ့ လက်ထပ်ခဲ့ပါတယ်။ ထူးခြားစွာနဲ့ပဲ ဒီလက်ထပ်ပွဲကျင်းပတဲ့ နေမှာ ကနေဒါမှာရှိတဲ့ ဂျင်ဝူးရဲ့ အမွှာညီဖြစ်တဲ့ ဂျင်ဟိုဟာ ကိုမာဝင်နေရာကနေ ပြန်သတိရလာခဲ့ပါတယ်။ အမွှာတို့ရဲ့ကံလို့ပဲ ပြောရမလားမသိ လက်ထပ်ပြီး အနည်းငယ် အကြာမှာပဲ ကားမတော်တဆမှုတစ်ခုကြောင့် အကိုဖြစ်သူ ဂျင်ဝူးဟာ ကိုမာဝင်သွားပြန်ပါတယ်။ ဒီသတင်းကိုကြားတဲ့အခါ ဂျင်ဟိုတစ်ယောက် အကိုဆီကိုပြန်လာတဲ့အချိန် အကိုရဲ့ မိန်းမဖြစ်သူ ယွန်နဲ့ တွေ့ဆုံမိကြပါတော့တယ်။ ဂျင်ဝူးနဲ့ ဂျင်ဟိုဟာ ရုပ်ရည်ချင်း ခွဲမရအောင်တူတဲ့ အမွှာညီအကို တွေဖြစ်နေတာကို ယွန် သိရှိသွားတဲ့အခါမှာတော့ ဂျင်ဟိုနဲ့ ယွန်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာ ကြည့်ရှုရမှာပါ။ ဒီအချိန်မှာပဲ ဂျင်ဝူးတစ်ယောက် သတိပြန်ရလာ ရင်ရော ပြဿနာတွေ ဘယ်လိုရှုပ်ကြဦးမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာမို့ ကိုရီးယားကား ကြိုက်သူတွေရော erotic thriller ကြိုက်တတ်သူတွေပါ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ယွန်အဖြစ် Jin-Seo Yoonက သရုပ်ဆောင်ထားပြီး အမွှာညီအကိုအဖြစ် Yoo Ji-tae က သရုပ်ဆောင်ထားတာပါ။ File size…1.60GB / 664MB Quality…Web-Rip 1080p / 720p Format…mp4 Duration….1h 51m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato

Comedy • Adventure • Fantasy
5.8 2010
Secret Love
Anything Goes
7.6

ငြီးငွေ့နေတဲ့စိတ်တွေကိုဖြေဖျောက်ပေးမဲ့ musical လေးတစ်ပုဒ်လာပါပြီ နားယဉ်စရာသီချင်းတွေ တေးသရုပ်ဖော်အကလေးတွေနဲ့အတူဇာတ်လမ်းတစ်ပုဒ်ကိုဖော်ကျူးထားပြီး IMDb 7.6 အထိရရှိထားပါတယ် ဒါရိုက်တာကတော့ Ross MacGibbon နဲ့ Kathleen Marshall ဖြစ်ပြီး 2022 ခုနှစ်မှာ ဒီ musical နဲ့ Kathleen Marshall က Best Theatre Choreographer ဆုကိုရရှိခဲ့တဲ့အပြင် သီချင်းတွေကိုနာမည်ကျော် Cole Porter ကရေးစပ်ထားတဲ့အတွက်ကြောင့်လည်းနာမည်ကြီးတဲ့ musical တစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ S.S American ဆိုတဲ့ပင်လယ်ကူးသင်္ဘောပေါ်ကခရီးသည်တွေရဲ့ဖြစ်ရပ်လေးတွေကိုဖော်ပြထားပြီး ရီနိုဆိုတဲ့မိန်းမလှလေးကတော့တရားဟောရှိုးတွေလုပ်တဲ့သူတစ်ယောက်ပါ သူသဘောကျနေတဲ့ကောင်လေး ဘီလီကတော့ချစ်ရတဲ့ကောင်မလေးကြောင့်သင်္ဘောပေါ်ခိုးတက်လာခဲ့ပြီး ဟိုကလက်ထပ်တော့မယ်ဆိုတာကို‌နောက်ကျမှသိလိုက်ရတဲ့သူဖြစ်ပါတယ် ရီနိုနဲ့ဘီလီတို့သင်္ဘောပေါ်မှာအချစ်ဇာတ်လမ်းတွေကိုမှန်ကန်အောင်လုပ်ဖို့ကြိုးစားကြရင်း သူတို့ကြုံတွေ့ကြရမဲ့ဇာတ်လမ်းလေးတွေကိုထူးခြားတဲ့တင်ဆက်မှုလေးတွေနဲ့ကြည့်ရှုရမှာပါ ပေါ့ပေါ့ပါးပါးနဲ့စိတ်ကိုရွှင်လန်းစေနိုင်တာကြောင့်လုံးဝကြည့်ကိုကြည့်သင့်တဲ့ musical တစ်ပုဒ်ပါပဲ File size…(1.2 GB)/(1.75 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:17:00 Genre…Music Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Horror • Comedy
7.6 2021
Anything Goes
[18+] Kinbaku Flower

************************** လိင်မှုကိစ္စတွေနဲ့ ပက်သက်ပြီး အနောက်တိုင်းက စာပေ၊ အနုပညာ၊ လေ့လာဆန်းစစ်မှု အစရှိတဲ့ ကိစ္စတွေမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် အများသိကြတဲ့ ကာမသျှတ္တရကျမ်း ခေါ် ချစ်မှုရေးရာကျမ်း အပါအဝင် လိင်မှုကိစ္စ၊ ချစ်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတာတွေနဲ့ ပက်သက်ပြီး ပန်းချီ၊ ပန်းပု၊ ကဗျာ၊ စာပေ စတဲ့အနုပညာရပ်တွေနဲ့ ဖော်ကျူးတာ၊ တိတိကျကျ မှတ်တမ်းတင်ခဲ့တာတွေဟာ အရှေ့တိုင်းတိုင်းပြည် တွေက စတင်ခဲ့တာပါ။ ဒါ့ကြောင့်လည်းလိင်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတဲ့နည်းနာ၊ နိဿယတွေနဲ့ ပက် သက်လာရင် အနောက်နိုင်ငံတွေဟာ အရှေ့တိုင်းရဲ့ဓလေ့၊ ထုံးတမ်းစဉ်လာတွေကို လေ့လာနည်းယူကြရ ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အရှေ့တိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်တို့ရဲ့ လိင်မှုကိစ္စ၊ ချစ်မှုရေးရာ များအနက် “ကင်မ်..ဘကု” (Kinbaku) ဆိုတဲ့ ကြိုးချည်ကြိုးတုပ်ပြီး လိင်ဆက်ဆံပုံရဲ့ သမိုင်းကြောင်း၊ နည်းစနစ်၊ ဓလေ့၊ အယူအဆတွေအကြောင်း ရိုက်ကူးထားပါတယ်။ အမျိုးသမီးဝါဒီတွေကိုယ်တိုင် ကဲ့ရဲ ရှုံ့ချရ ခက်ခဲလောက်အောင် “ကင်မ်..ဘကု” ကြိုးချည်နည်းစနစ်ရဲ့ ခိုင်မာမှု၊ စနစ်ကျနမှုတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပါတယ်။ ဂျပန် BDSM အကြောင်းကို အသေးစိတ်ခြယ်မှုန်းထားတဲ့အတွက် ဂေါင်းကြီးတို့သိချင်နေတဲ့ကိစ္စ တွေအများကြီး သိနိုင်မှာပါ။ အလှပဂေးလေး သရုပ်ဆောင်ထားတာဖြစ်လို့ လုံးဝလက်လွှတ်မခံဖို့ တိုက် တွန်းလိုက်ရပါတယ်။ File size… 2.3GB& 752MB Quality… WEB-DL1080P, 720p Format…mp4 Duration….1h 30min Genre ….. Adult , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

0 2016
[18+] Kinbaku Flower
Sharktopus
5.8

တိရစ္ဆာန်ကြီးတွေနဲ့ သည်းထိတ်ရင်ဖို သွေးထွက်သံယိုတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့အတွက် ငါးမန်းဘဝဲရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ်မှာ လူအုပ်စုတစ်ဖွဲ့က ပျော်ပါးနေကြပါတယ်။ သူတို့ မသိကြတာက သင်္ဘောရဲ့ အောက်ခြေမှာ သိပ္ပံပညာရှင်ကျင့်ယာနဲ့ ချန်မျိုးနွယ်ကုမ္ပဏီသူဌေး ချန်ထျန်းခွင်းတို့က စမ်းသပ်မှုကြီးတစ်ခုလုပ်နေပါတယ်။ ငါးမန်းနဲ့ ရေဘဝဲမျိုးရိုး ဗီဇ နှစ်ခုကို ပေါင်းစပ်ပြီး ငါးမန်းဘဝဲမျိုးစိတ်ကို ပျိုးထောင်နေကြပါတယ်။ ငါးမန်းဘဝဲရဲ့ ဦးနောက်အရည်ဟာ ရောဂါပေါင်းစုံကို ပျောက်ကင်းစေနိုင်တဲ့အတွက် သက်ရှိဆေးဖော်စပ်ဖို့ လောဘသမား ချန်ထျန်းခွင်းဟာ ငါးမန်းဘဝဲကို ပျိုးထောင်ဆေးရည် အဆမတန်ထိုးပေးခဲ့တဲ့အတွက် မိစ္ဆာကောင်ကြီးဟာ အဆမတန်ကြီးလာပြီး လူတွေကို လိုက်လံ တိုက်ခိုက်ပါတော့တယ်။ တစ်ဖက်မှာ အစ်ကိုဖေးဦးဆောင်တဲ့ ပင်လယ်စောင့်ရှောက်ရေးတပ်ဖွဲ့ဟာ တရားမဝင်သက်ရှိဆေးတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ချန်ထျန်းခွင်းကို ဖမ်းဆီးဖို့အတွက် သင်္ဘောပေါ်ကို ရောက်နှင့်နေပြီး ဖြစ်ပါတယ်။ ကျင့်ယာနဲ့ အစ်ကိုဖေးတို့တစ်တွေ ငါးမန်းဘဝဲရဲ့ အန္တရာယ်ကို ဘယ်လို ရင်ဆိုင်ကြမလဲ……

Horror
5.8 2023
Sharktopus
Cure
7.5

Cure (1997) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ Directed by “Kiroshi Kurosawa” Cure ရဲ့ ဒါရိုက်တာ ခိရိုရှိ ကူရိုဆာဝါကို ဂျပန်ရုပ်ရှင်ပရိသတ်တော်တော်များများလည်း ရင်းနီးလောက်ပါတယ်။ Japanese Horror Genre အကြောင်းပြောရင် မပါမဖြစ်ကိုထည့်ရမယ့် ဂုရုကြီးဖြစ်သလို လက်ရှိ ဂျပန်စီနီမာရဲ့ ဆရာတစ်ဆူလည်းဟုတ်တယ်။ ခိရိုရှိဟာ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ ဝေဖန်ရေးသမားဖြစ်သလို Tokyo University of the Arts မှာ ပရော်ဖက်ဆာလည်း လုပ်နေတယ်။ တစ်နှစ်က အော်စကာရခဲ့တဲ့ ဂျပန်ရုပ်ရှင် Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိလည်း အဲဒီမှာပဲ သူ့တပည့်ဖြစ်ခဲ့သလို သူ့လွှမ်းမိုးမှုလည်း ရှိခဲ့တယ်။ ခိရိုရှိဟာ Pulse, Creepy, Tokyo Sonata, Séance, Retribution နဲ့ Charisma တို့လို အောင်မြင်တဲ့ Thriller, Horror ကားတွေကိုလည်း ရိုက်ခဲ့တယ်။ Cure ဟာ ခိရိုရှိ ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်သလို ခိရိုရှိကူရိုဆာဝါဟာ Cure နဲ့ပဲ အင်တာနေရှင်နယ်ရဲ့ အာရုံစိုက်မှုကို စရခဲ့တယ်။ ရလည်းရသင့်ပါတယ်။ ပြောရရင် ဒီကားကို တစ်ချို့က Se7en နဲ့ ဆင်တယ်လို့ပြောကြတယ်။ မှားတော့လည်းမမှားဘူး ပြောရမှာပေမဲ့ ဒီလိုကားမျိုးရိုက်လို့ ဒီလိုမျိုးဆင်သွားတာက ဆန်းတော့ဆန်းမနေဘူး။ ဒါပေမဲ့လည်း Cure ဟာ Se7en ထက် တင်ဆက်ပုံ ပိုသိမ်မွေ့သလို Se7en ရဲ့ အလှဆုံးလို့ပြောကြတဲ့ ဇာတ်သိမ်းထက် ပိုအထာကျတဲ့ ဇာတ်လမ်းမျိုးပိုင်ထားတယ်လို့တော့ ပြောချင်တယ်။ လူတိုင်းအတွက်တော့ ဒီလိုဖြစ်နေမယ်မထင်ဘူး။ ဂျပန်ရုပ်ရှင်ရဲ့ တင်ဆက်ပုံနဲ့ ရင်းနှီးနေတဲ့ လူတွေအတွက်တော့ ဟုတ်လိမ့်မယ်။ ပါရာဆိုက်နဲ့အော်စကာရခဲ့တဲ့ ဘွန်းဂျွန်းဟိုကတော့ Cure ကို One of the Greatest Films of All Time လို့ ဆိုထားဖူးတယ်။ ဒီကားက ခိရိုရှိကူရိုဆာဝါနဲ့ Koji Yakusho ပထမဆုံး စတွဲရိုက်တဲ့ကားလည်းဟုတ်တယ်။ ခိုဂျိရဲ့ သရုပ်ဆောင်စွမ်းရည်ကို စပြနိုင်ခဲ့တဲ့ သူ့ရဲ့အစောပိုင်းကားတွေထဲက တစ်ကားလည်းဟုတ်တယ်။ ခိုဂျိဟာ ခိရိုရှိနဲ့ Pulse, Séance, Retribution, Charisma တို့လည်း ဆက်တွဲရိုက်ခဲ့တယ်။ အကုန်လုံးလည်း အောင်မြင်ခဲ့တယ်။ နောက်ပိုင်း သူဟာ Kore-eda တို့ Shinji Aoyama တို့နဲ့လည်း ရိုက်ခဲ့သလို တစ်နှစ်ကဆို Under the Open Sky လို သူ့သရုပ်ဆောင်စွမ်းရည်ကို ပြနိုင်တဲ့ကားမျိုးတွေ ရိုက်ခဲ့တယ်။ အင်တာနေရှင်နယ်အနေနဲ့ Memoirs of a Geisha တို့ Babel တို့ ဒီနှစ်ဆို Wings of Desire ဒါရိုက်တာ Wim Wenders နဲ့ Perfect Days ရိုက်ပြီး Cannes မှာပါ မင်းသားဆုရသွားတယ်။ သတိထားမိချင်မှ ထားမိမှာပေမဲ့ သူ့ကို ကျွန်တော်တို့ Tampopo လို ဂန္ထဝင်ကားမှာ စတွေ့နိုင်တယ်။ Cure ရဲ့ ဇာတ်ဟာ စုံထောက်နဲ့ စိတ္တဇလူသတ်သမား အပြိုင်ကြဲတဲ့ ဇာတ်လိုဇာတ်မျိုးပဲ။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ စိတ်ရဲ့အစစ်အမှန်ဆိုတာနဲ့ ပေါင်းစပ်ထားတယ်။ ဒီလိုဆိုလို့ ကြောင်တောင်တောင် ဒိုင်တွေချည်း ထိုင်ရွတ်နေမှာလားဆိုတော့ မဟုတ်ဘူး။ မသိမသာလေးနဲ့ပဲ ကစားသွားတယ်။ ဒါကြောင့်လည်း တင်ဆက်ပုံက တော်တော်သိမ်မွေ့တယ်လို့ ပြောခဲ့တာပါပဲ။ ပြောရရင် ဒီထဲက လူသတ်သမားက လူသတ်နေတာတောင်မဟုတ်ဘူး။ လူတွေသေကြတယ်။ သေပုံတွေဆင်ကြတယ်။ ဒါပေမဲ့ သူတို့ကြား ဘာအဆက်အစပ်မှ ရှိမနေသလို သူတို့ကိုသတ်သွားတဲ့လူတွေဆိုတာကလည်း သူတို့ရဲ့ အရင်းနှီးဆုံး သူတို့အချစ်ဆုံးလူတွေချည်း။ ဒါပေမဲ့ စုံထောက်က မသင်္ကာဘူး။ ဒီကြားက အဆက်အစပ်ကို ရအောင်လိုက်ရှာတယ်။ တကယ်တမ်းလည်း အဆက်အစပ်က ရှိမနေဘူး။ ဒါပေမဲ့ ဘာအကြောင်းနဲ့ ဒီလူတွေ ဒီလိုဖြစ်ကြလဲဆိုတာကို စုံထောက်က‌ တွေ့သွားတယ်။ ဒါပေမဲ့လည်း သူလက်လှမ်းမမီပြန်တဲ့အရာပေါ့။ ဒါကို သူဘယ်လိုဖြေရှင်းမလဲ ကြည့်ရမယ့်ဇာတ်ပေါ့။ ဒီဟန်ကို ဘန်နီဒစ်ကမ်ဘားဘတ်ရဲ့ ရှားလော့အပိုင်းတစ်ပိုင်းမှာလည်း သုံးသွားဖူးတယ်။ ဘယ်အပိုင်းလဲတော့ စပွိုင်လာဖြစ်မှာစိုးလို့ မပြောတော့ဘူး။ ၂ခုလုံးကြည့်ဖူးရင် သိမှာပါပဲ။ နိဂုံးချုပ်ရရင် Cure ဟာ သိမ်မွေ့တယ် သိချင်စရာကောင်းတယ်။ ကြက်သီးထစရာကောင်းတယ်။ အေးစက်တယ်။ အေးစက်တာနဲ့မလိုက်အောင်ဘဲ Cure ဟာ အားရစရာကောင်းတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.25GB, 970MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 51Min Genre – Crime, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.5 1997 112 mins
Cure
Miss Meadows
5.8

Miss Meadows(2014) IMDb rating- 5.8 ဇာတ်လမ်းအညွှန်း မယ်ရီမဲဒိုးစ်ဟာ ငယ်ရွယ်ပြီး ချစ်စရာလည်းကောင်း၊ယဉ်ကျေးမှုလည်းရှိတဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။ အိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေထိုင်ပြီး သူ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို သူ့အမေဆီ အမြဲဖုန်းဆက်ပြောပြတတ်ပါတယ်။ အခုကတော့ ပထမတန်းကလေးတွေအတွက် ယာယီဆရာမလေး လုပ်ပေးနေပါတယ်။ ဒီလိုအမျိုးသမီးလေးက အပြင်ပိုင်းမှာ တည်ငြိမ်ချစ်စရာကောင်းနေပေမယ့် သူ့ရဲ့တကယ့်သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူးပါဘူး။ လူဆိုးတွေ၊ရာဇဝတ်ကောင်တွေ၊လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့သူတွေကို သတ်ပစ်တဲ့သူ (vigilant) တရားဘက်တော်သားအနေနဲ့ ရှင်သန်နေသူတစ်ဦးပါ။ လောကကြီးမှာ လူဆိုးတွေရှိနေလို့မဖြစ်ဘူးလို့ စိတ်သွင်းထားတဲ့သူ့အတွက် ဘယ်လိုအတိတ်ဆိုးတွေများ ရှိနေမလဲ။ ဒီလိုနဲ့ တစ်နေ့တော့ ရဲမှူးနဲ့မစ်မဲဒိုးစ်တို့နှစ်ဦးသား တွေ့ဆုံချစ်ကြိုက်ကြပါလေရော။ အဲဒီနောက် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာလေးမှာ နေထိုင်နေတဲ့ မယ်ရီမဲဒိုးစ်လေးတစ်ယောက် လက်တွေ့လောကကြီးဆီ ရုန်းထွက်လာနိုင်မယ့်ပုံလေး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ လက်တွေ့လောကကြီးဆီ သူ တကယ်ပဲနီးစပ်လာနိုင်ခဲ့လား ဆိုတာကတော့ တွေးစရာလေးအဖြစ် ကျန်ရှိနေစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ မစ်မဲဒိုးစ်အဖြစ် နာမည်ကြီးမင်းသမီးကြီး Kate Holmes က သရုပ်ဆောင်ထားပါတယ်။ ကလေးဆန်တဲ့ချစ်စရာအသွင်အပြင်လေးတွေ ညွှန်းပြစရာမလိုလောက်အောင် အပီအပြင်သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 2 GB / 844 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Drama
5.8 2014 88 mins
Miss Meadows
Rahel Makan Kora
7.9

Rahel Makan Kora (2024) “ချစ်ခြင်းတရားမှာ သက်သေတည်” IMDb – 8.1/10 ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာ အိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။ မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။ အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲ တုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။ မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန် အမှန်တရားဘက်တော်သားကြီးပေါ့။ မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီး စိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီး သဘောတူနေလေရဲ့။ ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်း အရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Rahel Makan Kora
Abigail
7

Abigail (2024) =========== IMDb Rating – 7.0/10 အက်ရှင် ဟော်ရာ ကားသစ်တစ်ကားလာပါပြီ။ ဒါရိုက်တာကတော့ လိုက်တမ်းပြေးတမ်း နဲ့ အသတ်အဖြတ်တွေ ပိုင်တဲ့ Matt Bettinelli- Olpin ပါပဲ။ Ready or Not နဲ့ Scream VI ရဲ့ ဖန်တီးရှင်ပါ။ မင်းသမီး ကတော့ Melissa Barrera၊ Ant Man ထဲက အချောလေး Kathryn Newton၊ Beauty and the Beast ထဲကမင်းသား Dan Stevens တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း – ဟက်ကာတစ်ယောက်၊ မရိန်းတပ်ထွက်တစ်ယောက်၊ ဆေးတပ်သား ဟောင်းတစ်ယောက်၊ စုံထောက်ဟောင်းတစ်ယောက်၊ ကားသမားတစ် ယောက်ဟာ အိမ်ကြီးတစ်လုံးထဲက ၁၂ သမီးလေးတစ်ယောက်ကို ပြန် ပေးဆွဲလာဖို့ အလုပ်အပ်ခံရလို့ စုပေါင်းပြီး ပြန်ပေးဆွဲလာကြပါတယ်။ ဆွဲပြီးတော့ ကလေးအဖေဆီက သန်း ၅၀ တောင်းဖို့ အိမ်ကြီးတစ်လုံး ထဲမှာ ကလေးကို တစ်ရက်ပိတ်ထားပြီး စောင့်ကြည့်နေကြရတယ်။ ဒါပေမဲ့ အိမ်ကြီးထဲမှာပဲ ကြောက်စရာတွေဖြစ်လာတဲ့အချိန်၊ ကလေး အဖေ ဘယ်သူလဲဆိုတာ သိလာရသလို ကလေးက ဘယ်သူလဲဆိုတာ လည်း သိလာပြီး မုဆိုးဘဝကနေ သားကောင်ဘဝရောက်ကုန်ပါတော့ တယ်။ ဒီအဖွဲ့ထဲက ဘယ်နှယောက်မာလကီးယားပြီး ဘယ်နှယောက် နောက်တစ်ကားရိုက်ဖို့လွတ်လာမလဲ ကြည့်ရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(3.6 GB) / (1.92 GB) / (1.17 GB) Quality…………WEB-DL 4K HEVC/1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Mr.Anderson Encoder……….SWM

7 2024 109 mins
Abigail
Kuyang
6.4

အသစ်ထွက်ရှိထားတဲ့ အင်ဒိုခေါင်းပြတ်စုန်းသရဲကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရဲကားအမျိုးအစားထဲမှာတော့ပါပေမဲ့ အဓိကအားဖြင့်ကတော့ စုန်းတွေ ကဝေတွေ‌ အောက်လမ်းပညာတွေအဓိကတွေ့ရမှာပါ။ ပြောရရင်တော့အမေရိကန်သရဲကားမျိုးတွေထက် ထိုင်းသရဲ ကားတွေရဲ့ Vibe နဲ့တော်တော်လေးသွားဆင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကတော့ Kuyang(ခေါင်းပျံကြီး)ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားပါတယ်။ အေးချမ်းသာယာလှတဲ့ ညနေခင်းလေးတစ်ခုမှာ ကျောင်းဆရာဘီမို နဲ့ဇနီးဖြစ်သူဆရီတို့က ဘီမိုတာဝန်ကျရာ ရွာလေးတစ်ရွာကိုသွားဖို့အတွက်စောင့်ဆိုင်းနေကြပါတယ်။ ရွာမှာသွားရောက်နေထိုင်ပြီး စာသင်ကြားပေးရမယ်ဆိုတာ ခက်ခဲပေမဲ့လည်း တာဝန်ကျရာသွားရမှာပဲမလို့ ဇနီးဖြစ်သူကပါ မောင်တစ်ထမ်း မယ်တစ်ရွက်လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ကြပါ တော့တယ်။ ဒီလိုနဲ့ရွာကို ကားတစ်စီးနဲ့စထွက်လာခဲ့ကြပြီး စစချင်းမှာတင် မီးလောင်နေတဲ့ခေါင်းပျံကြီးတွေ သူ့ဘာသာသူအလိုအလျောက် ရွေ့နေတဲ့အခေါင်းကြီးတွေနဲ့စတင်ကြိုဆိုပါတော့တယ်။ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းပြီး ရွာကိုရောက်သွားတဲ့ အချိန်မှာတော့ ရွာရဲ့ဝမ်းနည်းစရာသမိုင်းကြောင်းကိုသိခဲ့ရ ပါတော့တယ်။ဒီရွာမှာ အရင်တုန်းက အကြီးအကျယ်ရေ လွှမ်းမိုးခဲ့ပြီး ရွာမှာရှိတဲ့ လူတော်တော်များများကလေးလူငယ် လူကြီးမရွေးသေဆုံးခဲ့ကြပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့ လူတော်တော်များများကလည်း ဒီရွာကနေထွက်သွားကြတဲ့ အတွက်အခုအချိန်မှာ ရွာသူရွာသားအနည်းငယ်နဲ့ ကျောင်းသူ ကျောင်းသား ၇ ယောက်သာကျန်ပါတော့တယ်။ဒါပေမယ့် ကလေးဘယ်လောက်နည်းနည်း စာသင်ပေးရမဲ့ တာဝန်ရှိတာက တစ်ကြောင်း ရွာသူကြီးအဆွယ်ကောင်းတာက တစ်ကြောင်းနဲ့ လင်မယားနှစ်ယောက်လုံး နောက်ရက်မှ ာစာစသင်ခဲ့ကြပါ တော့တယ်။ဒါပေမယ့်သူတို့စာစသင်တဲ့ရက်ကတည်းကစပြီး ကြောက်လန့်စရာတွေတစ်ခုပြီး တစ်ခုဆက်တိုက်တွေ့လာကာ ဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.39GB / 583MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Comedy • War
6.4 2024 98 mins
Kuyang
Striking Rescue
6.7

ong bak မင်းသား တိုနာဂျားပါတဲ့ တရုတ် အက်ရှင် ရုပ်ရှင်အသစ်ပါ။ မွေ့ထိုင်းသမားနဲ့ တရုတ်သိုင်းသမားတွေတွေ့တာပေါ့။ ဒါရိုက်တာကလည်း အက်ရှင်ဒါရိုက်တာ Siyu Cheng မို့ အတိုက်အခိုက်ခန်းတွေ ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ ပိုင်အန်းဆိုတဲ့လူဟာ ဂိုထောင်ညစောင့်တစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့သမီးနဲ့မိန်းမကို ဘိန်းမှောင်ခိုဂိုဏ်းတစ်ခုက သတ်တာ ခံလိုက်ရယ်။ အဲဒီသတ်တဲ့လူတွေနောက်ကို လိုက်ရင် ဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်ကို သတ်နိုင်တဲ့အထိ လိုက်ကြိုးစားပါတော့တယ်။ အဲဒီအချိန်မှာပဲ သူသတ်ရမဲ့သူရဲ့ သမီးကို ကယ်ဖို့အကြောင်းဖန်လာပြီး သူနဲ့ ကလေးမလေးနဲ့ နှစ်ယောက် အခြားရန်သူတွေလက်ကလည်းလွတ်အောင်ပြေးရင်း သူ့အဖေကို ကယ်ဖို့နဲ့ သတ်ဖို့ အတူတူကြိုးစားကြရပါတော့တယ်။ File size… (3.93GB) / (1.61GB ) / (941MB) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 46m Genre …..Action , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.7 2024
Striking Rescue
Non-Stop
6.9

ဒီဇာတ်ကားက မင်းသားကြီး Liam Neesonရဲ့ အက်ရှင် ကားကောင်းတွေထဲက တစ်ကားဖြစ်ပြီး IMDb 6.9နဲ့ RT 62%အထိ ရထားပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး အနေနဲ့ လေကြောင်းအရာရှိ ဘေလ်မက်ဇ်အဖြစ် ပါဝင် ထားတာပါ။ နယူးယောက်ရဲဌာနကနေ စိတ်ကျရောဂါနဲ့ အရက်စွဲပြဿနာကြောင့် တာဝန်က ရပ်နားခံထားရတဲ့ ဘေလ်ဟာ လေကြောင်းလိုင်းတစ်ခုမှာ အရာရှိအနေနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေတာပါ။ တစ်နေ့မှာ သူ့ရဲ့လေယာဉ်ပေါ်မှာ ဘဏ်အကောင့်ထဲ သန်း၁၅၀အတိ လွှဲမပေးမချင်း မိနစ်၂၀ပြည့်တိုင်း ခရီးသည်တစ်ဦးကို သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုဝင်လာပါတယ်၊ ခြိမ်းခြောက်ထားတဲ့အတိုင်းပဲ မိနစ်၂၀တိုင်းမှာ ခရီးသည် တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အခါ သန်း၁၅၀ လွှဲပေးဖို့ အာဏာပိုင်တွေနဲ့ ဘဏ်အကောင့်ကို စစ်ကြည့်မှ ဘေလ်ရဲ့နာမည်နဲ့ဖွင့်ထားတဲ့ အကောင့် ဖြစ်နေခဲ့ပါတယ်၊ ဒါကြောင့် အစိုးရဘက်ကလည်း စိတ်ကျရောဂါရာဇဝင် ရှိထားတဲ့ ဘေလ်ကို မယုံတော့ဘဲ လူသတ်မှုနဲ့ လေယာဉ် ပြန်ပေးဆွဲမှုတွေကို ကျူးလွန်နေတဲ့ သံသယတရားခံလို့ တထစ်ချ သတ်မှတ်လိုက်တဲ့အခါ တရားခံအစစ်တွေနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဖိအားတွေကြားကနေ ဘေလ် တစ်ယောက် ခရီးသည်တွေကို ကယ်တင်နိုင်ပါ့မလား။ တရားခံအစစ်ကို ဖော်ထုတ်နိုင်ပြီး သူ့အပေါ်ကို ကျနေတဲ့ သံသယအမြင်တွေကို ဖယ်ရှားနိုင်မလားဆိုတာ ဇာတ်ရှိန် မကျတမ်းကြည့်ရမယ့် အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ File Size : 1.5 GB, 745 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 46min Format : Mp4 Genre : Action, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encoded by : Thit San Khant

6.9 2014
Non-Stop
Dogma

IMDB Rating – 7.3/10 ၁၉၉၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီရုပ်ရှင်ဟာ ခရစ်ယာန်​သာသနာ အထူးသဖြင့်​ ကတ်​သလစ်ကျောင်းတော်ရဲ့ တရားသေ အယူအဆ​တွေ​ သမ္မာကျမ်းစာလာ ဒေသနာ​တွေနဲ့ ဘာသာရေး​အင်​စတီကျူးရှင်းတွေရဲ့ အကျင့်​ပျက်​မှုတွေကို​ ပြောင်​ပြောင်​တင်းသရော်​ထား​တဲ့အတွက်​ အနောက်​နိုင်ငံတွေ​က ကတ်​သလစ်အသိုင်းအဝိုင်းတွေကို ပွက်​လော​ရိုက်​သွား​စေခဲ့ပါတယ်။ ဒါရိုက်တာ​ဖြစ်သူ​လည်း အီးမေးလ်ကနေ ဆဲဆိုစာတွေ၊ ခြိမ်း​ခြောက်​စာတွေ ထောင်​နဲ့ချီ ရရှိ​ခဲ့တယ်လို့ ဆိုပါတယ်။ ဥပမာ​ပြောရရင်​ ဒီရုပ်ရှင်​ထဲမှာ​ ဘုရား​သခင်​ကို အမျိုး​သမီး​အဖြစ်​ ပုံ​ဖော်​ထားတာတွေ၊ ခရစ်တော်​ရဲ့ Apostle ဆယ့်နှစ်ပါးအပြင် ၁၃ ပါးမြောက် Apostle လည်း​ရှိခဲ့ပြီး အဲဒီ​ နောက်​ဆုံး Apostle က လူမည်း​ဖြစ်နေ​လို့ သမ္မာကျမ်းထဲမှာ ချန်​လှပ်​ခဲ့တယ်​ဆိုတာ​တွေ၊ လူလူချင်း ကျွန်​ပြုရောင်းဝယ်တဲ့ခေတ်နဲ့ ဂျူး​တွေရဲ့ ဟိုလိုကော့စ်ဖြစ်ရပ်တွေမှာ ကတ်သလစ်ကျောင်းတော်က လက်​ပိုက်​ကြည့်နေခဲ့တဲ့အကြောင်းတွေ စသဖြင့် ကျောင်း​တော်​ရဲ့ တရား​သေ အယူအဆ​တွေကို သရော်​လှောင်​ပြောင်​ထားတဲ့​ ဒိုင်​ယာ​လော့​တွေ အများကြီး​ပါဝင်​ပါတယ်​။ ရုပ်ရှင်​ထဲမှာ Ben​ Affleck, Matt Damon, Linda Florentino, Salma Hayek နဲ့ Chris Rock လို နာမည်ကြီး​သရုပ်ဆောင်​များ ပါဝင်​ထား​တဲ့အပြင်​ ၂၀၀၀ ဝန်းကျင်က နာမည်ကြီး​အဆိုတော်​ Alanis Morissette​ ကလည်း ဘုရား​သခင်​အဖြစ်​ ပါဝင်​ထားပါသေးတယ်။ ဒါရိုက်တာ​ကတော့ Kevin Smith ဖြစ်​ပြီး ဒီရုပ်ရှင်ထဲမှာပဲ Silent Bob ဆို​တဲ့ ဇာတ်​ကောင်​အဖြစ်​ ပါဝင်​အားဖြည့်​ထား​ပါသေးတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Bartleby နဲ့ Loki တို့ဟာ တမန်​တော်​နှစ်​ပါးဖြစ်ပြီး ဘုရား​သခင်​က အပြစ်​ပေးထားတာကြောင့် လူ့ပြည်က ဝစ္စကွန်ဆင်ပြည်နယ်မှာ နေထိုင်​နေကြ​ပါတယ်​။ တစ်​နေ့မှာ​ သူတို့ရဲ့အပြစ်တွေကို ချေဖျက်​ပြီး ကောင်း​ကင်ဘုံ​ကို တစ်ဖန်ပြန်ဝင်နိုင်မဲ့ ယိုပေါက်​တစ်ခုကို တွေ့ရှိ​ခဲ့ပါတယ်။ ဒါကတော့​ ကတ်​သလစ်သာသနာရဲ့ တရား​သေ ယုံကြည်မှု​တစ်​ခုဖြစ်တဲ့ Planery Indulgence ဖြစ်​ပြီး​ နယူး​ဂျာစီက ဘုရား​ကျောင်း​တစ်ခု​ထဲက မုခ်​ဦး​တစ်ခုကို​ ဖြတ်​လျှောက်​လိုက်​ရုံနဲ့ ဘုရား​သခင်​က သူတို့​နှစ်ဦး​ကို ခွင့်​လွှတ်​ရမှာ ဖြစ်​တယ်​လို့ဆိုပါတယ်။ ဒါပေမဲ့​ ဒီကိစ္စ​က ​ထင်ထားတာထက် နက်​နဲပြီး သူတို့နှစ်ဦး​ မုခ်​ဦး​ကိုဖြတ်လိုက်တာနဲ့ တစ်လောကလုံးရဲ့ ဖြစ်​တည်​မှုကို ပြောင်းပြန်လှန်သလိုဖြစ်ပြီး အရာအားလုံး​ ပျက်​သုဉ်း​သွားမှာပါ။ ဒီတော့ ဘုရား​သခင်​ရဲ့ အသံတော်ဖြစ်တဲ့ Metatron ကနေ ဦး​ဆောင်​ပြီး အဖွဲ့တစ်ခု ဖွဲ့စည်း​ကာ တမန်​တော်​နှစ်​ပါး​ကို တားဆီး​ဖို့ ပြင်ဆင်​ရပါ​တော့တယ်။ အဖွဲ့​ထဲမှာ The Last Scion ဖြစ်​တဲ့ မိန်းကလေး​တစ်ဦး၊ ခရစ်​တော်​ရဲ့ ၁၃ ပါးမြောက်​ Apostle​ နဲ့ Muse နတ်သမီး​တစ်ပါး၊ ဆေးသမား ​ဂျလေဘီနှစ်ယောက်​ ပါဝင်​ကြပါ​တယ်။ ဇာတ်လမ်း​အမျိုး​အစား​က Satire/Comedy အမျိုး​အစား​ဖြစ်​ပြီး​ ဒီရုပ်ရှင်ကို မုန်း​တီး​ကြသူတွေရှိသလို ​ယုံကြည်​မှု​နဲ့ဆိုင်တဲ့ လေးနက်​တဲ့ အကြောင်း​အရာ​တွေ​ကို ဟာသဆန်​တဲ့ ဒိုင်​ယာ​လော့တွေနဲ့ အနား​သတ်​ထား​ပုံ​တွေ၊ ရဲဝံ့ပြောင်မြောက်တဲ့ မေး​ခွန်း​ထုတ်​သရော်​ထားမှုတွေကြောင့်လည်း လူကြိုက်များတဲ့ cult- classic ရုပ်​ရှင်​လို့လည်း သတ်မှတ်​နိုင်​ပါတယ်။ ရိုင်း​ပျပြင်းထန်တဲ့ စကားလုံး​တွေ၊ ပြကွက်တွေ ပါဝင်​တာကြောင့်​ R-rated သတ်မှတ်​ထား​ပြီး၊ ဘာသာ​ရေး​အရ ထိရှ​လွယ်​သူတွေ ကြည့်​ရှု​ဖို့​မသင့်ပါဘူး။ File size…(1.6 GB)/(897 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Fantasy, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Crime • Drama • Mystery
0 1999
Dogma