YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sting (2024) WEB-DL,1080p5.1CH(CM).mp4

1.77 GB N/A video/mp4 765 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Sniper
4

စစ်မှန်တဲ့ မေတ္တာတွေနဲ့ ဖွဲ့စီးထားတဲ့ ကြေးစား တပ်ဖွဲ့တစ်ခု...? တစ်နေ့မှာတော့ သူတို့ဟာ ပြန်ပေးသမားတွေဖမ်းခေါ်သွားခဲ့တဲ့ ဇီဝလက်နက်ထုတ်လုပ်ရာမှာ ပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခနန်စီကို ကယ်တင်ဖို့အတွက် တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါတယ် ။ ဒီကယ်တင်တဲ့ လမ်းကြောင်းအတွင်းမှာပဲ ပြန်ပေးသမားတွေရဲ့ ထောင်ခြောက်အတွင်းဝင်ရောက်ခဲ့ရပြီး အဖွဲ့သားတွေ သေဆုံးသွားခဲ့ရပါတယ် ။ ဒီလိုရက်စက်တဲ့ မြင်ကွင်း အားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ အဖွဲ့အတွင်းက ယွီဝေ ဆိုသူ...? အဖွဲ့သားတွေကို ဘယ်သူသတ်သလဲဆိုတာ အရိပ်အယောင်တောင် မမြင်ရခဲ့တာကြောင့် စိတ်ထဲမှာ နာကျည်းမှုတွေ မုန်းတီးမှုတွေ လွှတ်မချနိုင်တဲ့အရာတွေနဲ့ ပြည့်နှက်နေခဲ့ရှာသူ....? တစ်နေ့မှာ ယွီဝေကိုယ်တိုင်လဲ ထူးဆန်းလှတဲ့ သေနတ်တစ်ချက်ကြောင့် သေဆုံးသွားခဲ့ပြီး အပြိုင်ကမ္ဘာတစ်ခုလိုဖြစ်တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် အဖွဲ့သားတွေသေဆုံးခဲ့တဲ့ အချိန်ကို ပြန်လည်ရောက်ရှိသွားချိန်မှာတော့ အဖွဲ့သားတွေရဲ့ ကံကြမ္မာကို ပြန်လည်ကယ်တင်ဖို့ အသည်းအသန်လုပ်လာခဲ့တဲ့အခါမှာ ....? ❏ အဖွဲ့သားတွေကို မကယ်တင်နိုင်တဲ့အပြင် ဒီလိုရက်စက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကြီးကို အကြိမ်ကြိမ်အဖန်ဖန်ကြုံတွေ့လာချိန်မှာတော့ သူဘယ်လိုတွေရင်ဆိုင်မှာလဲ ? ❏ ဒီလိုမျိုး ထူးခြားဆန်းကြယ်လှတဲ့ ပဟေဋိဆန်ဆန် ဖြစ်ရပ်ရဲ့ အမှန်တရားကရော ဘာတွေဖြစ်နေမှာလဲ? ❏ ယွီဝေတစ်ယောက် နာကျဥ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဝင်္ကပါကြီးထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆ်ိုတာ? ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Action  Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
4 2023 75 mins
Ghost Sniper
Kaithi
7.6

IMDb ratings : 8.5/10 Genre : Action, Thriller Budget ₹35 crore Box Office ₹106 crore ဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကို အင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီး ဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။ သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ ဒါဟာ မှောင်ခိုပစ္စည်းပိုင်ရှင်တွေ အကွက်ချစီမံထားတာပဲ။ ဒီအချိန်မှာ အရာရှိအားလုံးကို တစ်ခြားနေရာကို ချက်ချင်းပို့ဖို့ အကြောင်းဖန်လာတာကြောင့်. . . ညနေခင်းကမှ သူ့အရာရှိတစ်ချို့ ဖမ်းဆီးလာတဲ့ ဂျစ်ကားပေါ်က ဒီလီဆိုသူကို ကုန်တင်ကားကြီးနဲ့ အရာရှိအားလုံးကို တင်ပို့ဖို့ စီစဉ်ပါတယ်။ ဒီလီ. . . ဒီလီဆိုတာက ထောင်ဆယ်နှစ်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ လူပါ။ မွေးကတည်းက ဆယ်နှစ်ကြာတဲ့အထိ မမြင်ဖူးခဲ့တဲ့ သမီးလေးရှိရာ မိဘမဲ့ကျောင်းမှာရှိတဲ့ သမီးငယ်ကို သူ သွားတွေ့မှာ။ ဒီလိုအချိန်မှာ. . . အင်စပက်တာ ခိုင်းစေတဲ့အလုပ်ကို သူလုပ်နိုင်ပါ့မလား. . . သူ့သမီးလေးနဲ့ တွေ့ခွင့်ရပါ့မလား. . . ဒီကားက အကတွေ ၊ သီချင်းတွေ လုံးဝမပါသလို မင်းသမီးလည်း မပါတဲ့ Non-Stop Thrilling ရသကို ပေးစွမ်းနိုင်တဲ့ ကားပါ။ တောင်ပိုင်းကား ပရိတ်သတ်တွေအပြင် တစ်ခြား အက်ရှင်ကားပရိတ်သတ်တွေပါ အားပေးနိုင်ပါတယ်။ (Over-Action မဆိုသလောက်သာ ပါပါတယ်) (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Nyi Koe & Myint Thu တို့ဖြစ်ပါတယ်။) ဒီဇာတ်ကားထဲကဇာတ်ကောင်တွေဟာ Vikram (2022) မှာ ပြန်လည်ပါဝင်လာပါတယ်..Vikram(2022) ကို ဒီမှာ https://channelmyanmar.org/vikram-2022/  ကြည့်ပါ။ File size…(5.1 GB)/(1.9 GB) / (950 MB) Quality….WEB-DL 4K HEVC/1080p HEVC/ 720p Format…mkv/mp4 Duration….02:24:37 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ,Nyeinsaeya Aung Translated by Nyi Koe & Myint Thu

Drama
7.6 2019 147 mins
Kaithi
Untold Scandal
6.6

ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်နှောင်းပိုင်း ယဉ်ကျေးမှု့တွေ ဓလေ့ထုံးတမ်းတွေကို နောက်ခံထားပြီး ရိုက်ကူးပြသထားပါတယ် Best Actress/Best Director/Best Music ဆု ၃ ခုလည်းရရှိခဲ့ပါတယ် ဇာတ်လမ်းအကျဉ်း သခင်မဂျိုဟာ ထူးချွန်ထက်မြက်တဲ့ ဇနီးကောင်းတစ်ယောက်အဖြစ် လူကုံထံအသိုင်းအဝိုင်းမှာ နာမည်ကြီးပါတယ် တကယ်တမ်းမှာတော့ အခြားယောက်ျားတွေနဲ့ အမြဲတမ်းခိုးပြီးရှုပ်တတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ် သခင်မဂျိုရဲ့ မောင်ဝမ်းကွဲဖြစ်သူ ဂျိုဝန်ကလည်း စာပေပညာရော သိုင်းပညာပါ ထူးချွန်သူဖြစ်ပေမယ့် ရာထူးရာခံတွေကို ငြင်းပယ်ခဲ့ပါတယ် ဂျိုဝန်က မိန်းမလိုက်စားသူတစ်ယောက်ဖြစ်ပြီး မိန်းကလေးတွေကို သွေးဆောင်ဖြားယောင်းရတာ နှစ်သက်တတ်သူပါ ဂျိုဝန်က သခင်မဂျိုရဲ့ အချစ်ဦးလည်းဖြစ်ပါသေးတယ် ဒါပေမယ့် သူတို့ရဲ့ အချစ်ကစားပွဲမှာတော့ သူတို့ခံစားချက်တွေကိုဖုံးကွယ်ထားခဲ့ကြပါတယ် သခင်မဂျောင်ကတော့ ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမတစ်ဦးပါ လက်ထပ်ပြီး မပေါင်းသင်းရသေးခင်မှာ ယောက်ျားသေဆုံးသွားတာကြောင့် အပျိုစင်မုဆိုးမလု့ိနာမည်ကြီးပါတယ် သခင်မဂျောင်ကို အရယူနိုင်မလားဆိုပြီး ဂျိုဝန်နဲ့ သခင်မဂျိုတို့ လောင်းကြေးထပ်ခဲ့ကြပါတယ် သူတို့နှစ်ယောက်ရဲ့ ကစားပွဲမှာ သခင်မဂျောင်က မြေစာပင်ဖြစ်သွားတဲ့အခါ... ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ ) File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__02:00:00 Type__Drama , History Subtitle__Myanmar Subtitle (Hardsub) Translated by Hay Thar Oo Encoded by Naing Aung Latt

Comedy • Romance
6.6 2003 124 mins
Untold Scandal
A Separation
7.9

A Separation (2011) ~ IMDb - 8.3/10, Rotten Tomatoes - 99% ~ ဒီဇာတ်လမ်းကတော့ အီရန်လူ့အဖွဲ့အစည်းရဲ့ တင်းကြပ်တဲ့စည်းမျဥ်းတွေအောက်မှာ ရုန်းကန်နေရတဲ့ဘဝတွေအကြောင်းဖြစ်ပြီး နာဒါ စီမင်တို့စုံတွဲနဲ့ ရာဇီရက် ဟိုဂျက်တို့စုံတွဲနှစ်တွဲက ဒီဘဝတွေကို ကိုယ်စားပြုထားပါတယ်။ နာဒါနဲ့စီမင်တို့က ၁၄ နှစ်ကြာအိမ်ထောင်ရေးကိုအဆုံးသတ်ဖို့လုပ်နေကြပြီး အကြောင်းရင်းကတော့ စီမင်က သူ့သမီးကို လုံခြုံပြီးတိုးတက်တဲ့နိုင်ငံမှာ ပျိုးထောင်ချင်ပေမဲ့ နာဒါကတော့ အယ်ဇိုင်းမားရောဂါခံစားနေရတဲ့သူ့အဖေကိုထားခဲ့ပြီး ဘယ်ကိုမှမသွားဖို့ဆုံးဖြတ်ထားလို့ပါ။ ရာဇီရက်ဇာတ်ကောင်ကတော့ တင်းကြပ်တဲ့ဘာသာရေးနဲ့ ဖိုဝါဒကြီးစိုးမှုအောက်မှာ ဘယ်အရာကိုမှကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ခွင့်မရှိတဲ့ အမျိုးသမီးတွေရဲ့ မွန်းကြပ်မှုကိုထင်ဟပ်နေပါတယ်။ ရာဇီရက်တစ်ယောက် အိမ်ရဲ့ငွေကြေးအခက်အခဲကိုဖြေရှင်းဖို့ ယောက်ျားမသိအောင်အလုပ်ထွက်လုပ်ရာကနေ ပြဿနာပိုကြီးသွားပါတယ်။ မိသားစုနှစ်ခုရဲ့ဒုက္ခသုက္ခတွေနဲ့အတူ လိင်ခွဲခြားမှု လူတန်းစားခွဲခြားမှု ဘာသာရေးအယူသီးမှုတွေကို Highlight လုပ်ထားတာကိုတွေ့ရမှာပါ။ A Separation ဟာ Academy Award for Best Original Screenplay ဆုကို ဆန်ခါတင်ဝင်ခဲ့သလို Golden Globe မှာလည်း Best Foreign Language Film ဆုရခဲ့ပါတယ်။ အော်စကာမှာလည်း Best Foreign Language Film ဆုကို အီရန်ကားအနေနဲ့ ပထမဆုံးရခဲ့တယ်။ အီရန်ကားဆိုတဲ့အတိုင်းပဲ အီရန်လူနေမှုဘဝဒုက္ခတွေကို အခြေခံထားပြီး အီရန်ရဲ့အော်စကာအများဆုံးရထားတဲ့ ဒါရိုက်တာ Asghar Farhadi က ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ Asghar Farhadi ဟာ ၂၀၁၂မှာ တိုင်းမ်မဂ္ဂဇင်းရဲ့ 100 List of the Most Influential People in the World စာရင်းထဲဝင်ခဲ့ပါတယ်။ သူဟာ The Godfather, Rashomon, Tokyo Story တို့လိုကားတွေကို ကြိုက်တဲ့သူဖြစ်ပြီး သူ့ရုပ်ရှင်မှာလည်း တစ်ခါတလေ Rashomon Effect ကို ထည့်သုံးတတ်တဲ့ အီရန်ဒါရိုက်တာပါ။ A Separation ဟာ အီရန်ကားတွေထဲကမှ ပထမဆုံးအော်စကာရထားတဲ့ကားမို့ မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 875MB Quality - 1080p, 720p IMDb Rating - 8.3/10 Format - mp4 Duration - 2H 3Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama
7.9 2011 123 mins
A Separation
Natural Born Liar
4.8

ဒီတစ်ခါမှာတော့ Menteurဆိုတဲ့ ပြင်သစ် Comedy ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်.. အင်္ဂလိပ်လိုဆိုရင်တော့ Natural Born Liar တဲ့… ဝမ်းတွင်းပါလူလိမ်ပေါ့ဗျာ.. ဇာတ်လမ်းအကျဥ်း ဂျယ်ဟွန်းမ်ဘယ်ဟာဒါ ဆိုတဲ့ မလိမ်ရမနေနိုင် လူလိမ်တစ်ယောက်ရှိပါတယ်.. သူများတွေကို လိုက်လိမ်စားတာမျိုးမဟုတ်ပဲ စကားပြောနေရင်းနဲ့ကို အလိမ်တွေညှပ်ပြောတတ်တဲ့သူပါ… တစ်နေ့မှာတော့ သူ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သည်းမခံနိုင်တော့တဲ့အဆုံး သူ့ကိုမလိမ်ဖို့ ဝိုင်းပြောပါတော့တယ်… လူလိမ်တွေရဲ့ထုံးစံအတိုင်းပဲ သူမလိမ်ဘူးလို့ ဖင်ပိတ်ငြင်းတာပေါ့… ဒါပေမယ့် နောက်နေ့မနက်ရောက်တော့ သူလိမ်ခဲ့သမျှအရာတွေအကုန်လုံး လက်တွေ့ဘဝမှာ တကယ်ဖြစ်လာတဲ့အခါ….. ဘာကြောင့် ဒီလိုတွေဖြစ်လာတာလဲ….. ကျိန်စာလား….. အရင်အတိုင်းပြန်ဖြစ်အောင် လုပ်လို့ရောရပါ့မလား… တစ်နာရီခွဲစာ ကားလေးဆိုပေမယ့် အသေခွီနေရပါတယ်… ဘယ်ဟာဒါညီအစ်ကို၂ယောက်ရဲ့ အလွဲပေါင်းတစ်သိန်းနဲ့တင် အချိန်ပေးရကျိုးနပ်နေပြီမလို့ မြန်မြန်သာဒေါင်းကြည့်လိုက်ကြပါတော့ CMပရိသတ်ကြီးရေ….. File size…(2.86GB) / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal

Drama • Romance
4.8 2022
Natural Born Liar
Dealing with Dad

IMDb – 7 / RT – 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ အာမခံကုမ္ပဏီမှာလုပ်နေတဲ့ရွိုင်ရယ်၊ action figure အရုပ်တွေရောင်း၀ယ်ပြီး မိဘအိမ်မှာကပ်နေနေတဲ့ ဂိမ်းဂျပိုးလယ်ရီနဲ့အတူ အဖေဖြစ်သူကို အရင်ကလိုပုံစံပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို အဖြေရှာကြရပါတော့တယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံက မှားယွင်းခဲ့တာကြောင့် သားသမီးတွေ အထူးသဖြင့် အငယ်ဆုံးသမီးဖြစ်တဲ့မာဂရတ်ဟာ ငယ်ဘ၀ကတည်းက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖေနဲ့ပြန်ပြီးပြောဆိုဆက်ဆံရတာဟာ မာဂရတ်အတွက်တော့ မလွယ်ကူနေခဲ့ပါဘူး။ ဒါကြောင့်လည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ကျ အိမ်ကနေလွတ်ရာကျွတ်ရာကိုထွက်သွားပြီး အိမ်ထောင်ပြုရင်းဘ၀သစ်ကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒီလိုတစ်သက်လုံးအဆင်မပြေခဲ့ရတဲ့အဖေကြီးက နေ့ချင်းညချင်းပြောင်းလဲသွားတော့လည်း မာဂရတ်ခမျာ အောင့်အီးသည်းခံပြီးတော့ အသုံးမကျတဲ့အစ်ကိုနှစ်ယောက်နဲ့အတူ ဒီအဖေကြီးကိုနေပြန်ကောင်းအောင်လုပ်ပေးဖို့ရာကြိုးစားရင်းကနေ တစ်သက်နဲ့တစ်ကိုယ်မသိခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း သိလာရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ခိုင်တဲ့အထဲမှာပါပါတယ်။ သရုပ်ဆောင်ပိုင်းတွေ ဒိုင်ယာလော့တွေကလည်း အပိုအလိုမရှိအောင်ကောင်းပြီးတော့ ဟာသလေးတွေကလည်း အတင်းကလိထိုးရယ်ခိုင်းတဲ့ဟာသတွေမဟုတ်ဘဲ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့အရာတွေကိုပဲ ရယ်စရာအဖြစ်ဖန်တီးထားတာကြောင့်လည်း တော်တော်လေးသဘာ၀ကျပါတယ်။ တစ်ကားလုံးမှာ ရုပ်ရှင်‌တွေ လက်တွေ့ဘ၀ကကိုးကားချက်တွေကိုလည်း ဖောဖောသီသီသုံးထားပြီးတော့ မောင်နှမသုံးယောက်အကြားက ခွီလို့ကောင်းမယ့်ဇာတ်၀င်ခန်းတွေနဲ့အတူ ဇာတ်ကားတစ်ခုလုံးကို အဆုံးထိကြည့်ချင်သွားအောင်ဆွဲဆောင်သွားမယ့်ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်ပါကြောင်း။ File size…(1.7 GB)/(755 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Dealing with Dad
Nobel Son
6.1

ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော Thwal Htoo Zin ပါ ) File size_(2GB)/( 990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy, Crime, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2007 110 mins
Nobel Son
Saving Grace
6.9

Saving Grace ဇာတ်ကားလေးဟာ 2000 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Comedy/Crime အမျိုးအစားဖြစ်ပါတယ်။ IMDb 6.9 ရှိပြီးတော့ Rotten tomatoes 63% ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂရေ့စ်ဟာ ယောက်ျားဖြစ်သူဆုံးသွားတဲ့အခါမှာ ဘာမှမရရှိခဲ့ဘဲ အကြွေးတွေ တင်ကျန်ခဲ့ပါတယ်။ အဲ့အကြွေးတွေဆပ်ဖို့ ဖိအားပေးခံရတဲ့အခါမှာ သိထားတဲ့ စိုက်ပျိုးရေးနည်းကိုသုံးပြီး ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။ မိတ်ဆွေတွေရဲ့ကူညီမှု‌တွေ၊ သူ့ရဲ့စိုက်ပျိုးရေးအသိပညာတွေနဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ‌ရှုစားရမှာဖြစ်ပါတယ်။ ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ လန်းလန်းဆန်းဆန်းရှိစေပြီး ရုပ်ရှင်ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size… 3.5 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo

Animation • Adventure • Fantasy • Family • Drama
6.9 2000 93 mins
Saving Grace
Kali: Avenging Angel
5.8

ဒီတစ်ခေါက်မှာတော့မင်းသမီး‌တစ်ယောက်တည်း ရှယ်ကြမ်းပြမဲ့ ပြင်သစ် အက်ရှင်ဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လီဆာဟာ မကြာသေးခင်ကမှ သားဖြစ်သူကိုဆုံးရှုံးထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေရတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးပါ။ သူ့ခင်ပွန်းဖြစ်သူ အဲရစ်ဟာလည်း သူ့လို အေးဂျင့်တစ်ဦးဖြစ်တာမို့ နိုင်ငံရပ်ခြားမှာ စစ်ဆင်ရေးတွေသွားရောက်ဆောင်ရွက်နေရသူပါ။ တစ်နေ့မှာ လီဆာရဲ့ ခင်ပွန်းဖြစ်သူ အဲရစ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့ရဲ့ ပြင်သစ်သံရုံးရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာခံလိုက်ရပါတယ်။ သားဖြစ်သူကိုဆုံးရှုံးထားရပြီး တစ်ဦးတည်းသောကျန်တဲ့ ‌ ခင်ပွန်းကလည်း အသတ်ခံလိုက်ရတော့ လီဆာလည်း အရူးမီးဝိုင်း သလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ သူ့ခင်ပွန်းအတွက်လက်စားချေဖို့ ဘရာဇီးကိုလိုက်သွားပြီး တစ်စတစ်စစုံစမ်းရင်းကနေမှ မထင် မှတ်ထားဘဲ လူပေါင်းများစွာကို အသက်အန္တရာယ်ပေးနေတဲ့ နောက်ကွယ်ကအမှုကြီးတစ်ခုကို သိရှိသွားရပါတော့တယ်။ လီဆာတစ်ယောက်တည်း တစ်ဆင့်ပြီးတစ်ဆင့်‌‌ ဖော်ထုတ်ရင်းနဲ့ နောက်ကွယ်ကကြိုးကိုင်ထားတဲ့ လက်မည်းကြီးကို လက်စားချေဖို့ ကြိုးပမ်းပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီတော့ အဲရစ်ကဘာကြောင့်သေသွားရတာလဲ၊ အံ့ဩလောက်စရာ အမှုကြီးကရော ဘာများဖြစ်မလဲ၊ ‌ဒီကိစ္စကိုဘယ်သူက ကြိုးကိုင် ထားပြီး ဘယ်သူတွေပါဝင်ပတ်သက်နေမလဲဆိုတာကို ဇာတ်လမ်း ထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.44GB) / ( 835MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Drama
5.8 2024
Kali: Avenging Angel
The Volunteers: The Battle of Life and Death
6.3

သေမင်းနဲ့တိုက်ပွဲဝင်ရမှာသေချာပြီးအသက်ရှင်ပြန်လာနိုင်ခြေ ၁ ရာခိုင်နှုန်းတောင် မသေချာတဲ့ တိုက်ပွဲမှာ… စိတ်လိုလက်ရ ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်မယ့် စေတနာရှင် ပြည်သူ့သူရဲကောင်းတွေကို သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ရိုက်ကူးတဲ့ ကားတွေအများကြီးထဲကမှ အတော်လေး လူကြိုက်များပြီး အသိမှတ်ပြုခံထားရတဲ့ The Volunteers: To the War (2023) ကားအပြီးမှာတော့ နောက်ဆက်တွဲ The Volunteers: The Battle of Life and Death ( 2024 ) လေးထွက်လာတာမို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လက်နက်အား၊ လူအင်အား၊ နည်းပညာအကူအင်အား မမျှတဲ့ အမေရိကန်တပ်နဲ့ တရုတ်တပ်တို့ ရဲ့ လွန်ခဲ့သော နှစ် ၁၀၀ လောက်က မြေပြင်မှာ တိုက်ခဲ့တဲ့ သမိုင်းကြောင်းကို မှတ်တမ်းတွေကတစ်ဆင့် ပြန်တူးဖော်ပြီး ပုံဖော်တင်ဆက်ထားတဲ့ကားလေးပါ… ဒီဇာတ်လမ်းလေးမှာတော့… စွန်းရှင်းတစ်ယောက် စစ်မြေပြင်မှာကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်မှုကြောင့် မှတ်ဉာဏ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး… ဘာတွေကြုံတွေ့ခဲ့တယ်… ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားပါတော့တယ်… ဒါပေမယ့်လည်း ရောဂါကုသရမယ့်အစား စစ်မြေပြင်မှာ ဆက်ပြီး တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့ပြန်တယ်… တရုတ်တပ်နဲ့ အမေရိကန်တပ်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြားထဲမှာမှ… ၁၉၅၀-၅၃ ခုနှစ်ကြားမှာ တောင်မြောက်ကိုရီးယားအရေးက တစ်ဆင့်ဖြစ်သွားခဲ့တဲ့ ကာလရှည်တိုက်ပွဲကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်တာမို့… သမိုင်းကြောင်းလေ့လာချင်လို့ပဲဖြစ်ဖြစ်၊ ဗျူဟာတွေ၊ စစ်မြေပြင်အခြေအနေကို ရုပ်ရှင်ကတစ်ဆင့် ကွင်းဆင်းလေ့လာချင်လို့ပဲဖြစ်ဖြစ်… စစ်ကားတွေကို ကြည့်ချင်တယ်ဆို… ဒီပေါ်လစီကားကြီးကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက ဦးဆောင်ပြီး ကိုယ်ခံပညာအသားပေးကားမှ ရိုက်တဲ့ ဝူကျင့်၊ ချန်ခိုင်ခယ် ဒါရိုက်တာကြီးရဲ့သား ချန်ဖေးယွီ၊ ကာရိုက်တာတိုင်းကို ရင်ဘတ်ကြီးနဲ့ သရုပ်ဆောင်တတ်တဲ့ ကျူးယိလုံတိုနဲ့အတူ ပေါက်စီမြေက အနုပညာရှင် တစ်ဝက်လောက်ကို ခေါ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို CM နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

6.3 2024
The Volunteers: The Battle of Life and Death
Blackmark
5

Blackmark(2017) *************** သမ္မတ ကနေဒီ ကို လုပ်ကြံခဲ့တဲ့ သူကို သမိုင်းတွင် အထင်အရှား သိနိုင်ကြပါတယ်…… ဒါပေမယ့် နောက်ကွယ်က အကြောင်းတွေကို သိကြတဲ့သူ စိတ်ဝင်စားတဲ့လူကတော့ နည်းလွန်းလှပါတယ်… သမ္မတ တစ်ယောက်ကို လုပ်ကြံရလောက်တဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေများ ရှိနေမလဲ… ဇာတ်လမ်းက စစ်အေးကာလကို နောက်ခံထားပြီး နိုင်ငံရေးလှည့်ကွက်တွေများစွာပါတဲ့ ဇာတ်ကြမ်းကားလေး တစ်ကားမို့လို့ အစပိုင်း ကြည့်ရတာ ရှုပ်သလို ဖြစ်နေပါလိမ့်မယ်… ဒါပေမယ့် နောက်ပိုင်းမှာ ကွင်းဆက်လေးတွေချိတ်ဆက်ရင်း နားလည် သဘောပေါက်သွားပါလိမ့်မယ်.. တကယ့်ကို ကောင်းတဲ့ ဇာတ်ကားကောင်းလေးပါ…… ကိုင်း ခံစားကြည့်လိုက်ပါဦးဗျို့…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pye Sone ဖြစ်ပါတယ်… File Size : 1.32 GB, 423 MB Quality : WEB-DL 1080p, 720p Format…mp4 Duration…01:34:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by AHtet

Comedy • Drama • Romance
5 2017 94 mins
Blackmark
Bachhala Malli
7.3

Bachhala Malli (2024)”မာလီ” ======================= ၂၀၂၄ ခုနှစ်က ရုံတင်ခဲ့ပြီး အခုမှ ဒစ်ဂျစ်တယ်ဗားရှင်းထွက်လာခဲ့တဲ့ အက်ရှင်နဲ့ ဒရာမာကို လှလှပပတွဲဖက်ပြီး ပုံဖော်ထားတဲ့ တေလေဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းအစမှာတော့ ပွတ်ရှ်ပါဇာတ်လမ်းအစပိုင်းထဲက အာလူးအာဂျွန်လိုမျိုး မုတ်ဆိတ်ဗရပွ၊ ဆံပင်ဘုတ်သိုက်၊ စုတ်တီးစုတ်ပဲ့အဝတ်အစားနဲ့ ဘာကိုမှထီမထင်တဲ့လူတစ်ယောက်ကို တွေ့ကြရမှာပါ။ သူကတော့ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ဘာချလာ မာလီဖြစ်ပါတယ်။ သူဟာ ဂုန်နီအိတ်ချုပ်တဲ့အလုပ်ရုံက အလုပ်သမားတစ်ယောက်ဖြစ်ပြီး ဘာကိုမှအလေးမထားပဲ ပေတေလေလွင့်နေတဲ့သူပါ။ အဲဒီလို လေလွင့်လူဖြစ်နေတဲ့ မာလီဟာ တချိန်ကတော့ အင်မတန်လိမ္မာတဲ့သားတစ်ယောက်၊ ခရိုင်အဆင့်ပထမရခဲ့တဲ့ ထူးချွန်ကျောင်းသား၊ ဆရာတွေရဲ့အချစ်တော် စံပြလူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလိုလူရိုးလူအေး ဘဝကနေ ဘဝမြစ်ပြင်ထဲကို အလျားလိုက်ဖြတ်ကူးနေတဲ့ လေလွင့်လူတစ်ယောက် ဘယ်လိုဖြစ်လာခဲ့တာလဲ၊ ဘယ်လိုစိတ်ဒဏ်ရာတွေက သူ့ကိုလှိုက်စားခဲ့တာလဲ၊ သူ့ရဲ့ ဘဝခရီးမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Action • Horror • Drama • Fantasy
7.3 2024 135 mins
Bachhala Malli
K-19: The Widowmaker
6.7

K-19: The Widowmaker (2002) IMDb Rating (6.7) ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Harrison Ford နဲ့ Liam Neeson တို့ ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ၁၉၆၁ မှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ဉရောပကို စစ်အင်အားပြဖို့နဲ့ အာတိတ်သမုဒ္ဒရာထဲ ဒုံးကျည်စမ်းသပ်ဖို့ဆိုပြီး K-19 ဆိုတဲ့ နျူကလီးယားရေငုပ်သင်္ဘောတစင်းကို ရေချလိုက်ပါတယ်။ ဒါပေမယ့် သင်္ဘောက အဆင်သင့်မဖြစ်သေးဘဲ ပြဿနာတွေ အများကြီးနဲ့ အစောတလျင်စမ်းသပ်စေခဲ့တာဖြစ်ပါတယ်။ K-19 ကို ကပ္ပတိန် ဗော့စထရီကော့ဖ် (Harrison Ford) နဲ့ ဒုကပ္ပတိန် ပိုလီနင် (Liam Neeson) တို့ ဦးစီးဖို့ တာဝန်ပေးခြင်းခံရပါတယ်။ သင်္ဘောဟာ အဆင်သင့်မဖြစ်သေးတာနဲ့အညီ ရေလယ်ကောင်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုယိုစိမ့်မှုဖြစ်ပြီး အခန့်မသင့်လို့ ပေါက်ကွဲခဲ့ရင် ကမ္ဘာ့စစ်ပွဲတောင် ဖြစ်သွားနိုင်တဲ့အနေအထားဖြစ်လာပါတော့တယ်။ ဒီလိုအချိန်အခါမှာ ဓာတ်ရောင်ခြည်အကာအကွယ်ဝတ်စုံမရှိတဲ့ကြားက ကပ္ပတိန်နဲ့ သင်္ဘောသားရဲဘော်ရဲဘက်တွေ နျူကလီးယားယိုစိမ့်မှုကြီးကို ဘယ်လို စွန့်စားပြီး ပြင်ဆင်ကြမလဲ ခက်ခဲကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်တွေကို ဗော့စထရီကော့ဖ်နဲ့ ပိုလီနင်တို့ ဘယ်လို စွန့်လွှတ်စွန့်စား ဆုံးဖြတ်သွားကြမလဲဆိုတာ….။ K-19 ဖြစ်ရပ်မှန်ကို ဆိုဗီယက်ဖက်က လုံးဝဖုံးကွယ်ထားခဲ့တာမလို့ အဲ့ဒီတုန်းက ကမ္ဘာကြီးအနေနဲ့ ဒီအကြောင်းတွေကို မသိခဲ့ကြရဘဲ ဆိုဗီယက်ယူနီယံပြိုကွဲတော့မှသာ အံ့ဩဘနန်း သိခဲ့ကြရတာဖြစ်ပါတယ်။

Drama • Comedy
6.7 2002 138 mins
K-19: The Widowmaker
The Notorious Finster
4

The Notorious Finster (2024) 2024 ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ horror, thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ သရဲကားမဟုတ်ဘဲ လူသတ်ကားဖြစ်ပြီး Finster (ဖင်းစတာ) ဆိုတဲ့ လူသတ်သမားကိုအခြေခံပြီးဇာတ်အိမ်တည်ထားတာပါ။ Annie (အန်နီ)ကတော့ လူသတ်ကောင်ရဲ့ရာဇဝတ်မှုတွေအကြောင်း စာအုပ်ထုတ်ထားသူဖြစ်ပြီး သူရဲ့လူသတ်မှုတွေနဲ့ပတ်သက်ပြီး စဉ်ဆက်မကွာ ရဲတွေနဲ့ပူးပေါင်းပါဝင်ကူညီနေသူတစ်ယောက်ပေါ့။ ဇာတ်လမ်းက လူသတ်သမားကိုရှာဖွေတဲ့နေရာမှာ အသားပေးထားတာမို့ အားရပါးရလူသတ်ခန်းတွေတော့သိပ်မပါပေမယ့် စုံထောက်လုပ်ရတာကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။ သဲလွန်စတွေတစ်ခုပြီးတစ်ခုရလာတဲ့နောက်မှာ လူသတ်ကောင်ကိုဖော်ထုတ်နိုင်မလားဆိုတာ ပဟေဠိဆန်စွာနဲ့ ကြည့်ရှူရမှာဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာ လုံးဝမထင်မှတ်ထားလောက်မယ့် plot twist အကြီးကြီးတစ်ခုလည်းပါနေတာဆိုတော့ ဘာဆက်ဖြစ်သွားလဲသိချင်စိတ်နဲ့ အဆုံးထိကြည့်ချင်မိမှာအမှန်ပါပဲ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ KST ဖြစ်ပါတယ်။) File size… (1.8 GB) / (820 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Thriller Duration…. 01:54:17 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by KST

Action • Drama • History
4 2024 113 mins
The Notorious Finster
The War to End All Wars – The Movie

IMDb – 7/10 ပထမကမ္ဘာစစ်လို့ အသုံးအနှုန်းမပေါ်ခင်တုန်းက ၎င်းကိုမဟာစစ်ပွဲကြီး သို့မဟုတ် စစ်ပွဲအားလုံးကိုချုပ်ငြိမ်းစေမယ့်စစ်ပွဲလို့ ခေါ်ဆိုကြပါတယ်။ ၁၉၁၄ ခုနှစ်ကန ၁၉၁၈ ခုနှစ်အထိ စစ်သည်‌ပေါင်း ဆယ်သန်းလောက် သေကြေခဲ့ရပါတယ်။ ခေတ်မီလက်နက်ဆန်းတွေ၊ ဓာတုလက်နက်တွေ အစပြုသုံးစွဲခဲ့တာကြောင့် မကြုံစဖူး သေကြေဒဏ်ရာရတာတွေ များပြားခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ပထမကမ္ဘာစစ်ရဲ့အညတရဖြစ်ရပ်တွေကို Sabaton ဟဲဗီးမက်တယ်လ်အဖွဲ့ရဲ့ ဆယ်ခုမြောက်အယ်ဘမ် “The War to End All Wars” ထဲက မက်တယ်လ်သီချင်း အပြင်းစားတွေနဲ့ ရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လ်ဂျီယမ်ဘုရင် ပထမမြောက် အဲလ်ဘတ်ရေးထားတဲ့ လက်ရေးစာရွက်လေးက စစ်မြေပြင်မှာ လွင့်ပျံသွားပြီး အခြားသောစစ်မြေပြင်တွေဆီ လည်ပတ်ချိတ်ဆက်သွားပြတာပါ။ အစဉ်အတိုင်း စီစဉ်ချပြရရင် ၁) အီဇာမြစ်တိုက်ပွဲ (ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီ) ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂) ကိုလူဘာတာမြစ်တိုက်ပွဲ – သူရဲကောင်း မီလွန်ကာ ဆားဗစ်ခ်ျ (ဆားဘီးယားနဲ့ ဩစတို-ဟန်ဂေရီ) ၁၉၁၄ခုနှစ် နိုဝင်ဘာလ ၃) အနောက်ဖက်စစ်မျက်နှာပြင် ခရစ္စမတ်ယာယီစစ်ပြေငြိမ်းရေး – ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၄) ဂျာမန် မုန်တိုင်းအထူးတပ်ဖွဲ့ စစ်‌ဆင်ရေး – ၁၉၁၅ ခုနှစ် နွေဦးရာသီ ၅) ဂျဒ်လန် ရေတပ်တိုက်ပွဲ (ဗြိတိသျှနဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇွန်လ ၆) ဆွန်းမ် တိုက်ပွဲ – ဒုတိယဗိုလ်မှူးကြီး အေဒရီယန် ‌ဒီဝေါ့တ် (ဗြိတိန်+ပြင်သစ် နဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇူလိုင်လ ၇) အဖြူရောင်သောကြာ‌နေ့ဖြစ်စဉ် – ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၈) ဒွိုင်ရန်တိုက်ပွဲ (ဘူလ်ဂေးရီးယားနဲ့ ဗြိတိန်) – ၁၉၁၇ ခုနှစ် နွေဦးကာလ ၉) ဟာလမ် ငရဲသားစစ်သည် ဟန်နရီဂျွန်ဆင်၏ သူရဲကောင်းဆန်သော တိုက်ပွဲဝင်မှု – ၁၉၁၈ ခုနှစ် မေလ သုံးသပ်ရရင် အန်နီမေးရှင်းတွေက အရမ်းမကောင်းပေမယ့် ကြည့်ပျော်ပါတယ်။ ဒါ့အပြင် ဟဲဗီးလ်မက်တယ်လ်ကြိုက်သူတွေအတွက်ကတော့ အတိုင်းထက်အလွန် ဖြစ်ပါလိမ့်မယ်။ Yarnhub Animation Studio က ထုတ်လုပ်ပြီး ဇာတ်ညွှန်း Pär Sundström နဲ့ David Webb ဖြစ်ကာ ဒါရိုက်တာကတော့ Vadim Viner ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Comedy • Thriller • Drama
0 2024
The War to End All Wars – The Movie