YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Still.Life.of.Memories.2018.1080p.BluRay.x264(DS).mp4

3.24 GB N/A video/mp4 648 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Drive All Night
4.7

မရဏတရား... လူတွေက သေမှာကို ကြောက်ကြတယ်။ ဘာလို့လဲ။ သေပြီးနောက် တမလွန်မှာ ဘာဖြစ်မယ် မသိကြလို့... အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တွယ်တာနေကြလို့ပါပဲ။ တကယ်တော့ လူတွေက သေမှာကို မကြောက်ပါဘူး လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ဆုံးရှုံးရမှာကို ကြောက်ကြတာပါ။ ရွေးချယ်မှု... ဘဝမှာ ရွေးချယ်မှုက အရမ်းအရေးပါပါတယ်။ နေမလား... သွားမလား... ထိုင်နေမလား... ထနေမလား... ဒါလုပ်မလား... ဟိုဟာလုပ်မလား... လက်လွှတ်ရမယ့် တန်ဖိုးက ကြီးလေ ဆုံးဖြတ်ရခက်လေပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့တွေ ဆုံးရှုံးရမှာကို ကြောက်လို့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်ကြတယ်။ တစ်ခါတလေမှာတော့ အကြောက်တရားနဲ့ ဆုံးဖြတ်လိုက်တာက မှန်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာက ရွေးထားတဲ့ လမ်းဆုံးကို ရောက်မှ သိနိုင်မှာမလား။ ကစားပွဲ... ကစားပွဲတစ်ခုကို အနိုင်ရဖို့ ကျွမ်းကျင်မှု၊ ကစားပွဲကို နားလည်သဘောပေါက်မှု၊ ဖြတ်ထိုးဉာဏ်၊ ဗျူဟာ၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ လိုအပ်ပါတယ်။ ခံစားချက်ကရော ကစားပွဲမှာ အရေးပါပါသလား။ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်လို့ပြောကြပါတယ်။ ကျွန်တော်ကတော့ ခံစားချက်တွေကို ပဲ့ကိုင်နိုင်တဲ့သူကမှ နိုင်ချေပိုများတယ်လို့ ထင်မိပါတယ်။ အခွင့်အရေး... တံခါးတွေက သော့ခတ်မထားပါဘူး၊ ခင်ဗျား ဖွင့်လိုက်ဖို့ပဲလိုတာပါ။ ၂၀၂၂ ထွက် Drama ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကစီသမားတစ်ယောက်က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို မော်တယ်တစ်ခုကနေ တင်လာတယ်။ အဲဒီမိန်းကလေးက Arcade ဂိမ်းတွေနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တယ်။ အဲဒီမိန်းကလေးကို မာဖီးယားလိုလို လူတစ်ယောက်နဲ့ အဲဒီလူငှားထားတဲ့ Arcade ဂိမ်းဝါသနာအိုး ကြေးစားတစ်ယောက်က အဲဒီကောင်မလေးကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ မိန်းကလေးနဲ့ တက္ကစီသမားတို့ရဲ့ ကားပတ်မောင်းတဲ့ တစ်ညတာ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကတော့ ဘာမှမထူးခြားပေမဲ့ ဇာတ်ကွက်တွေနဲ့ ဒိုင်ယာလော့တွေက ဘဝနဲ့ပတ်သက်လို့ တွေးစရာတွေ အများကြီးရသွားနိုင်ပါတယ်။အေးအေးဆေးဆေး ထိုင်တွေးဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 710MB, 330MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 34Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

4.7 2021
Drive All Night
My Valentine Crush
3.3

(၂၀၂၃) ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ My Valentine Crush ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခရစ်စတယ်ဟာ ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုက အရောင်းဌာနရဲ့ ဌာနမှူးဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့မိန်းမသားတစ်ဦးလို့ ဆိုရပါမယ်။ ဒါပေမဲ့လည်း ချစ်ရသူဆေးဗီးယားရဲ့ မရေရာမှုတွေကြောင့် စိတ်မလိုမကျစရာအချစ်ရေးတစ်ခုမှာ ပိတ်မိနေသူပါ။ ဒီလိုနဲ့ သူ့ရဲ့အထီးကျန်စရာချစ်သူများနေ့တစ်ခုမှာ အင်တာနက်လိုင်းပြတ်သွားရာကနေ အင်တာနက်ပိုင်းဆိုင်ရာနည်းပညာကျွမ်းကျင်သူ ဒါရယ်နဲ့စတွေ့ခဲ့ပါတယ်။ ဒါရယ်နဲ့တွေ့ပြီးတဲ့နောက်မှာမှ အသက်ဝင်လာတဲ့ခရစ်စတယ့်ဘဝဟာ ပျော်လို့မဆုံးခင်မှာပဲ တစ်ဖက်ကမပြတ်မသားအချစ်ရေးကြောင်း ဘေးကျပ်နံကျပ်အခြေအနေကို ရောက်သွားပါတော့တယ်။ ဒီလိုအခြေအနေတွေကို ခရစ်စတယ်ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ဘယ်သူနဲ့သူ့ဘဝကို ရှေ့ဆက်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားက rom-com အမျိုးအစားဖြစ်ပြီး IMDB rating အနေနဲ့ 5 အထိရရှိထားတာမို့ ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်ချင်သူတွေအတွက် အဆင်ပြေစေမဲ့ကားလေးတစ်ကား ဖြစ်စေမှာပါခင်ဗျာ။

Drama • Romance
3.3 2023 84 mins
My Valentine Crush
Jagun Jagun: The Warrior
7

နိုင်ဂျီးရီးယားရုပ်ရှင်ဇတ်လမ်းကောင်းလေးပါ။အရင်ကနိုင်ဂျီးရီးယားရုပ်ရှင်ကားတွေမကြည့်ဖူးသူတွေအတွက်တော့ အတွေ့အကြုံအသစ်တခုပေးနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မန္တာန်စွမ်းအားတွေပိုင်ဆိုင်တဲ့စစ်ဘုရင်ကြီးတစ်ယောက်က သူရဲကောင်းသင်တန်းကျောင်းတစ်ခုကိုတည်ထောင်တားပါတယ်။သူဟာတစ်ဖက်မှာလည်းလေးစားစရာကောင်းတဲ့စွမ်းအားမန္တာန်တွေပိုင်ဆိုင်ထားပေမယ့် သူဟာသူ့ကိုထောက်ပံ့တဲ့သူတွေအတွက် စစ်တိုက်ပေးပြီးဘုရင်နေရာကိုနန်းလုပေးသူပါ။ အဓိကဇာတ်ဆောင်ကတော့ ငယ်ငယ်လေးတုန်းက သူတို့ရွာကိုဓားပြတွေကဝင်သတ်ဖြတ်သွားလို့ ကြီးလာတော့ တိုက်ခိုက်ရေးပညာသင်ဖို့ရည်မှန်းချက်ချခဲ့သူပါ။ သူတို့မျိုးနွယ်ဟာသစ်တောသစ်ပင်တွေကို စကားပြောနိုင်စွမ်း၊ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။သူက စစ်ဘုရင်ကြီးရဲ့သင်တန်းကျောင်းကိုလာခဲ့ပြီးတော့ စစ်ဘုရင်ကြီးရဲ့သမီးနဲ့ချစ်ကြိုက်ခဲ့ပါတယ်၊ယ။တစ်ဖက်မှာလည်းအကြောင်းတစ်ခုကြောင့်ဘုရင်ကြီးရဲ့မုန်းတီးမှုကိုခံခဲ့ရပါတယ်။ဘာဆက်ဖြစ်မလဲဆိုတာတော့ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(2.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Aung Kyaw Maw

Comedy
7 2023 134 mins
Jagun Jagun: The Warrior
Stoker
6.8

Stoker (2013) ~ IMDb – 6.8/10, Rotten Tomatoes – 70% ~ ဒီနှစ်မှာ Decision to Leave နဲ့ ပြန်ပေါက်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကြီး ပတ်ချန်းဝုရဲ့ ဟောလိဝုဒ်မှာ ရိုက်ခဲ့တဲ့ကားပါ။ IMDb – 6.8/10 နဲ့ RT – 70% ဆိုတော့ rating တွေကတော့ ကောင်းမြဲပါပဲ။ ဒါပေမဲ့ ပတ်ချန်းဝုလို ဆရာ့ဆရာကြီးအနေနဲ့ဆိုရင်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒီလိုအဖြစ်က ဖြစ်နေကျပါပဲ။ အာရှက ဂိဆရာတွေ ဟောလိဝုဒ်တက်ရိုက်လိုက်တိုင်းနီးပါးကို ဖြစ်နေကျ‌ပေါ့။ ဝေါင်ကာဝေးရဲ့ အနုဆုံးကားကလည်း သူဟောလိဝုဒ်တက်ရိုက်လိုက်တဲ့ကားပါပဲ။ ပတ်ချန်းဝုရဲ့ အနုဆုံးဆိုပေမဲ့လည်း ဒီရုပ်ရှင်က သူ့ဟာနဲ့သူတော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ Thriller ကားပီသစွာပဲ တစ်စတစ်စချင်း ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ ပတ်ချန်းဝုကားပီပီသသ မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်စကေးပြခွင့်ရတဲ့ကားဆိုလည်းမမှားပါဘူး။ ဘာလို့ဆို တစ်ကားလုံး လူများများစားစားမပါလှပဲ ဒီ၃ယောက်တည်းကိုပဲ အသည်းယားစရာကောင်းအောင် ရိုက်ပြနေတာမို့ပါ။ မင်းသမီးကတော့ အံ့ဖွယ်ကမ္ဘာထဲက အဲလစ်အဖြစ်နာမည်ကြီးပြီး ဒီနောက်ပိုင်း ကားကောင်းတွေမှာပဲ သရုပ်ဆောင်တော့တဲ့ Mia Wasikowska ရယ်၊ လွတ်လွတ်လပ်လပ် ဒေါက်ဖိနပ်စီးခွင့်ရသွားတဲ့ အန်တီနစ်ကိုးကစ်မင်းရယ်၊ နောက်ဆုံးနဲ့အကောင်းဆုံးကတော့ သူ့ထက် Art ပိုဆန်တဲ့ စူပါဟီးရိုးကား ခုထိမရှိသေးသလို အကောင်းဆုံးစူပါဟီးရိုးကားနည်းနည်းလေးတွေထဲ တစ်ကားဖြစ်တဲ့ Watchmen က Ozymandias အနေနဲ့လူသိများတဲ့ Matthew Goode ပါ။ ဒီသုံးယောက်ရဲ့ သရုပ်ဆောင်အားပြိုင်မှုကိုပဲ ပတ်ချန်းဝုက အသားပေး ရိုက်ကူးထားပါတယ်။ ထူးတာကတော့ ဒီရုပ်ရှင်ကို ထုတ်တဲ့သူက Ridley Scott ပါ ဂန္တဝင်သမိုင်းတွင် Sci-Fi ကားတွေဖြစ်တဲ့ Blade Runnerတို့ Alienတို့ကို ရိုက်ကူးခဲ့တဲ့သူပါ။ Oldboy တို့ The Handmaiden တို့လို ကားတွေကိုရိုက်ခဲ့တဲ့ ပတ်ချန်းဝုကားဖြစ်နေတာနဲ့တင် ဒီရုပ်ရှင်က တော်တော်တန်နေပြီကို ရစ်ဒလေစကော့ကလည်းထုတ်၊ မင်းသားမင်းသမီးတွေလည်း ကြမ်းတာမို့ Thriller ကြိုက်တဲ့သူတွေ၊ ပတ်ချန်းဝုကြိုက်တဲ့သူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 660MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 39Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
6.8 2013 99 mins
Stoker
[18+] Siew Lup

အခုတ်အဖြတ် သွေးထွက်သံယို လန့်ဖြန့်သွေးတက် ချစ်ခင်မြတ်နိုး ရိုမန့်ဒရမ်မာ စင်ကာပူဇာတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်။ မီယာဟာ တစ်ချိန်ကပြည့်တန်ဆာဘဝနဲ့အသက်မွေးခဲ့ပြီး အခုချိန်မှာတော့ ကွမ် ဆိုတဲ့အသားကင်ဆိုင်ရှင်တစ်ယောက်ရဲ့ဇနီးအဖြစ် ဘဝကိုဖြတ်သန်းနေပါတယ်။ ကွမ်ဟာ တစ်ချိန်က သူ့ကိုဘဝဆိုးထဲက ဆွဲထုတ်ကယ်တင်ခဲ့သူဖြစ်တဲ့အတွက် ကွမ်ကိုမလှန်ရဲသလို တောင့်တောင့်ဖြောင့်ဖြောင့်သူ့ဇနီးကို စိတ်မချနိုင်ပဲ လူတကာနဲ့သမုတ်ရိုက်နှက်တတ်တဲ့ ကွမ် ကြောင့်လည်း မီယာစိတ်ဆင်းရဲနေရပါတယ်။ တကယ်တမ်း အနီးကပ်ရန်သူ၊သူ့ဇနီးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူကတော့ သူ့အရင်းနှီးဆုံးမိတ်ဆွေ ဂေါင် ဆိုတာတော့ ကွမ်မသိခဲ့ပါဘူး။a ဒီလိုနဲ့ မီယာဘဝကို ကယ်တင်ရှင်အဖြစ် သုဘရာဇာချောချောလေးဖြစ်တဲ့ ဝူ ဆိုတဲ့လူငယ်လေး သူ့ဘဝထဲကိုဝင်ရောက်လာချိန်မှာတော့ မီယာဟာ လင်ငယ်အားကိုးနဲ့ တစ်ချိန်ကကျေးဇူးရှင် လင်ကြီးကိုသတ်ဖို့အကြံဆိုးကြီးကိုကြံပါတော့တယ်။ ဝူတစ်ယောက် တကယ်ပဲသူ့ရဲ့ကြံရာပါအဖြစ်ခံမလား၊ သူ့ကိုအမြဲတမ်းကြံစည်နေတဲ့ အနီးကပ်ရန်သူ ဂေါင်ကရော ဘယ်နေရာကနေ ပါဝင်လာမလဲ။ ပိုပြီးအရေးကြီးတဲ့အချက်ကတော့ ဘယ်သူဟင်းအိုးထဲရောက်မလဲဆိုတာပါပဲ။သူတို့အတွက် အလောင်းဖျောက်ဖို့အလွယ်ဆုံးနည်းက အလောင်းကို ခုတ်ထစ်ကင်ပြီးတော့ ရောင်းမယ့်အသားတွေထဲထည့်လိုက်တဲ့နည်းဖြစ်နေလို့ပါ။ အဖော်အချွတ်ဇာတ်ဝင်ခန်းတွေနဲ့ကြမ်းတမ်းတဲ့ ခုတ်ထစ်သတ်ဖြတ်ခန်းတွေအများကြီးပါဝင်တဲ့အတွက် ၁၈ နှစ်အထက်ဇာတ်ကားဖြစ်ပါတယ်။ ငယ်ငယ်တုန်းက လူသားပေါက်စီကားတို့ခေါက်ဆွဲကားတို့ကို တဖန်ပြန်သတိရစေမယ့် လူသားအခေါက်ကင်ကားလေးကို ရှုစားလိုက်ကြပါဦး။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (1.4 GB) & (450 MB) Quality : BluRay 1080p & 720p Running Time : 01:22:25 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Family • Drama
0 2016 82 mins
[18+] Siew Lup
Whisper of the Heart
5.8

Whisper of the Heart (2022) စတူဒီယိုဂီဘီရဲ့ နာမည်ကျော်အန်နီမဲရုပ်ရှင်တစ်ကားဖြစ်တဲ့ Whisper of the Heartကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ အန်နီမဲလောက်တော့ မလှပပေမဲ့ သူ့နည်းသူ့ဟန်နဲ့သူတော့ လှပ်နေတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ်။ အန်နီမဲနဲ့မတူတာကတော့ သူက ကလေးဘဝနဲ့ လူကြီးဘဝကို အပြိုင်ပြထားတာပါပဲ။ ရှေ့ကြောင်းပြန်လိုက် နောက်ကြောင်းပြန်လိုက်နဲ့ ကောင်လေးနဲ့ ကောင်မလေးကြားက သံယောဇဉ်စဖြစ်လာပုံကို ဖော်ပြထားတယ်။ တစ်ုခုရှိတာက အန်နီမဲပရိသတ်တွေအတွက်တော့ ဟုတ်မှာမဟုတ်ပါဘူး။ ဒီတိုင်းစကြည့်မယ့်လူတွေအတွက် ညွှန်းရရင်တော့…. စာအုပ်တွေဖတ်ပြီး အသံတွေကြားရတဲ့ ကောင်မလေးရယ် ကောင်လေးရယ်ရှိတယ် သူတို့ကြားနေရတဲ့အသံက သူတို့နှလုံးသားရဲ့အသံတွေပေါ့ ကောင်လေးက တယောဆရာဖြစ်ချင်ပြီး ကောင်မလေးက ပုံပြင်ရေးဆရာမဖြစ်ချင်ခဲ့တယ်။ ဒီလိုနဲ့ သူတို့အိပ်မက်တွေနောက် အတူတူလိုက်ကြမယ်လို့ ကတိထားခဲ့ကြတယ်။ ကောင်လေးက တစ်ရပ်တစ်ကျေးမှာ သူ့အိပ်မက်နောက်လိုက်ရင်း အောင်မြင်ရင်း ၁၀နှစ်တာကုန်ဆုံးသွားပေမဲ့ ကောင်မလေးကတော့ သူ့အိပ်မက်တွေဖြစ်မလာဘဲ အချိန်တွေပဲ ကုန်ရင်းနေလာခဲ့ရတယ်။ သူ့နှလုံးသားက အသံကိုလည်း သူမကြားနိုင်တော့ဘူး။ ဒီလိုနဲ့ သူဟာဇာတိမြို့ကလေးကို ပြန်ရောက်လာပြီး သူ့နှလုံးသားက တီးတိုးသံလေးကို သူပြန်နားထောင်ဖို့ကြိုးစားရင်း အိပ်မက်တွေနောက်ပဲလိုက်မလား လက်တွေ့ဘဝမှာပဲ ရှင်သန်သွားမလား ။ လှလှပပပြသသွားတဲ့ Coming Of Age ဆန်ဆန်ဂျပန်ဒရာမာကားလေးပါပဲ။ အိပ်မက်နဲ့လူ ကင်းပြီးနေနိုင်လား အိပ်မက်နဲ့ လက်တွေ့ ဒွန်တွဲရှိနေနိုင်လား ကြည့်ကြရမယ့်ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Romance Quality…. 1080p | 720p File size… 1.3GB | 717MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Horror • Thriller
5.8 2022
Whisper of the Heart
Dolphin Tale
6.8

Dolphin Tale (2011) =============== IMDb Rating – 6.8/10 CM ပရိတ်သတ်ကြီးတို့ရေ။ ငယ်ငယ်က TV မှာလွှင့်ဖူးတဲ့ Dolphin Tale ဆိုတဲ့ ကလေးဘဝရုပ်ရှင်လေးကိုမှတ်မိကြပါသလား။ အမြီးဖြတ်ပစ်လိုက် ရတဲ့ လင်းပိုင်လေးဝင်းတားနဲ့ သူ့ကိုကယ်ပေးခဲ့တဲ့ ဆော်ရာဆိုတဲ့ကောင်လေး တစ်ယောက်အကြောင်းပေါ့။ ပရိတ်သတ်ကြီးတို့ထဲမှာ ကြည့်ဖူးတဲ့သူရှိရင်ဖြင့် လင်းပိုင်လေးဝင်းတားဟာ အပြင်မှာ တကယ်ရှိခဲ့တယ်ဆိုတာရော သိပါသ လား။ ဟုတ်ပါတယ် ဝင်းတားလေးဟာ တကယ်ရှိခဲ့ဖူးပြီး သူဟာ မသန်စွမ်း ကလေးငယ်တွေအတွက် ဘဝကိုအရှုံးမပေးဖို့ တကယ်ကို ခွန်အားဖြစ်စေတဲ့ လင်းပိုင်လေးတစ်ကောင်ပါ။ ဝင်းတားလေးဟာ Clearwater Marine Aquarium ကို ဒဏ်ရာများစွာနဲ့ရောက် လာပြီး အမြီးပိုင်းသွေးမလျှောက်တော့တာကြောင့် အမြီးဖြတ်ပစ်လိုက်ရပါတယ်။ လင်းပိုင်တစ်ကောင်အတွက် ရေကူးစရာအမြီးမပါတော့တာဟာ လူတစ်ယောက် ခြေထောက်မပါတော့တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ ဝင်းတားဟာ အရှုံးမပေးဘဲ အသက် 16နှစ်ထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ Bottlenose Dolphin မျိုးစိတ် သက်တမ်းဟာ နှစ်40ကနေ60ထိ ရှိတာပါ။ ဒါပေမဲ့ အမြီးမရှိတော့တဲ့လင်းပိုင်တစ် ကောင်အတွက်တော့ 16နှစ်ထိ‌နေသွားနိုင်ဆိုတာ တကယ်အံ့ဩဖို့ကောင်းပါတယ်။ ဒါ့အပြင် Dolphin Tale 1,2မှာ ပါဝင်တဲ့လင်းပိုင်လေးဟာ တကယ့်အပြင်ကဝင်းတား အစစ်ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ လင်းပိုင်လေးဝင်းတားဟာ 2021ခုနှစ်၊နိုဝင် ဘာ 11ရက်ကပဲ ဆုံးပါးသွားပြီမို့ ရုပ်ရှင်ထဲမှာပဲ တွေ့နိုင်တော့မှာပါ။ ကဲပါ ခံစားကြည့် ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.54 GB) / (1.36 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator……Ngwe Zin Encoder……….SWM

6.8 2011 113 mins
Dolphin Tale
The Ipcress File
7.2

The Ipcress File (1965) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ ဗြိတိသျှရုပ်ရှင်အစည်းအရုံးရဲ့ ၂၀ရာစုအတွင်း အကောင်းဆုံးဗြိတိသျှရုပ်ရှင် ၁၀၀ မှာ နံပါတ် ၅၉ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကိုတော့ Len Deighton ရဲ့ ၁၉၆၂ ခုနှစ်ထုတ် The Ipcress File စာအုပ်အပေါ် အခြေခံရိုက်ကူးထားပါတယ်။ စာအုပ်အပေါ်အခြေခံကြတာက မထူးဆန်းပေမဲ့ ဒီစာအုပ်ကျတော့ စပိုင်ဝတ္ထုလောကကို အတော်ရိုက်ခတ်ခဲ့တဲ့စာအုပ်ဖြစ်နေတယ်။ သူ့ခေတ် သူ့အခါအရ စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် စပိုင်ဇာတ်လမ်းတွေခေတ်စားခဲ့တယ်။ အဲဒီစာအုပ်တွေထဲကမှ ဒီစာအုပ်ဟာ လက်တွေ့ဘဝနဲ့ ဆက်နွယ်မှုရှိပြီး တကယ့် စပိုင်တွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပီပီပြင်ပြင် ဖော်ပြခဲ့တာကြောင့် အတော်ကိုကျော်ကြားခဲ့တာမျိုး‌ပေါ့။ ဒီစာအုပ်က Len Deighton ကို ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်စေခဲ့သလို ရုပ်ရှင်အနေနဲ့ ပြန်ရိုက်တဲ့အချိန်မှာလည်း Sir Michael Caine ကို ကမ္ဘာကျော်မင်းသားဖြစ်စေခဲ့တယ်။ Sequel အနေနဲ့ Funeral in Berlin (1966) နဲ့ Billion Dollar Brain (1967) တို့ထွက်ခဲ့တယ်။ ဇာတ်လမ်းကတော့ အေးအေး ကောင်းကောင်းကြီးပဲ။ မုန့်တစ်ခုကို စားနေတုန်း ဗိုက်ပြည့်အောင်သာစားနေပေမဲ့ ကုန်ခါနီးကျမှ ပိုပိုပြီး အရသာရှိလာနေသလိုပေါ့။ ဇာတ်လမ်းကတော့ စပိုင်ကားထုံးစံ သိပ္ပံပညာရှင်တယောက် ပြန်ပေးဆွဲခံလိုက်ရတာကနေ စတယ်။ အဲဒီအချိန်မှာ ထောက်လှမ်းရေးရဲ့ မှတ်တမ်းတွေအရ သိပ္ပံပညာရှင်တွေ အကြောင်းမဲ့ ပျောက်သွားတာ ဒီတယောက်နဲ့ဆိုရင် ၁၇ ယောက်ရှိနေပြီ။ ပြန်ရောက်လာကြတဲ့အခါမှာလည်း သိပ္ပံပညာအလုပ်တွေကိုဆက်မလုပ်ကြတော့ဘူး။ အဲဒီတော့ ဒီလို “ဦးနှောက်ခမ်းခြောက်မှု” ကိစ္စကို အဖြေရှာဖို့အတွက် သူလျှိုတန်ပြန်ရေးဌာနရဲ့ တာဝန်ဖြစ်လာတယ်။ အထူးသဖြင့် ပါလ်မာပေါ့။ ဒီထဲမှာ Michael Caine က ပါလ်မာ ဆိုတဲ့ ဇာတ်ကောင်နဲ့ လုံးဝတထပ်တည်းကျသွားတယ်။ ခွဲခြားမရနိုင်အောင်ကိုဖြစ်သွားတာ‌မျိုး။ ပါလ်မာဆိုတာက စပိုင်တယောက်ပဲ။ ဂျိမ်းစဘွန်းတို့ ဘာတို့လို “ရုပ်ရှင်ထဲမှာပဲရှိတာပါကွာ” လို့ ထင်ရတဲ့ စပိုင်အလန်းစားမျိုးမဟုတ်ဘူး။ သူက ကမ္ဘာစစ်ကာလတုန်းက မှောင်ခိုတွေလုပ်လို့ စစ်ထောင်လည်းကျခဲ့ဖူးတယ်။ ထောင်ကျရင်း ဗိုလ်မှူးကြီးရော့စ်က သူ့အရည်အချင်းကို သိတာကြောင့် အာမခံနဲ့ ထုတ်ပေးပြီး ထောက်လှမ်းရေးမှာ ခိုင်းနေတာပေါ့။ ဖွန်ကြောင်ရတာလည်း အတော်ဝါသနာထုံတယ်။ သူက ဂျိမ်းစဘွန်းလို အားတိုင်း ဖိုက်တင်တွေပလေးပြတဲ့ ဖိုက်တာလည်းမဟုတ်ဘူး။ ရှားလော့ဟုမ်းလို အမှုသီးသန့်လိုက်တဲ့ စုံထောက်လည်းမဟုတ်ဘူး။ သူက စပိုင်။ လက်တွေ့ဘဝက စပိုင်တွေနဲ့ အနီးစပ်ဆုံး ရိုက်ကူးထားတယ်။ အဲဒီလိုနဲ့ ဒီအမှုကို သူတို့လိုက်ကြတယ်။ လူကိုပါ တင်ရောင်းနိုင်တဲ့ မှောင်ခိုဈေးကွက်မျိုးရှိတဲ့လူက ငှက်ခါး ဆိုတဲ့ ဘဲကြီးပဲရှိတယ်။ အဲဒီတော့ သူ့ကို လိုက်ကြလေသတည်းပေါ့။ ဒါပေမဲ့ အမှုက ထင်သလောက်မရိုးရှင်းဘူး။ နောက်ကွယ်က သိပ္ပံစမ်းသပ်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ သပွတ်အူလိုရှုပ်နေတယ်။ အဲဒီအရာတွေထဲက Ipcress ဆိုတာကတော့ ဘယ်လိုအဓိပ္ပာယ်ရှိမလဲ… ဘာရည်ရွယ်ချက်နဲ့လုပ်ကြသလဲ… အဲဒီဇာတ်ရှုပ်ကြီးကို ဘယ်လို‌ဖြည်မလဲ… ကြည့်ရမှာပါ။ ဇာတ်လမ်းကလည်း ၂ နာရီနီးပါးဆိုတော့ အတော်ပေရှည်တဲ့ထဲပါပါတယ်။ ဒါပေမဲ့ ကြည့်ရကျိုးနပ်ပါလိမ့်မယ်။ ရုပ်ရှင်နဲ့ ပေရှည်နေပြီးတာတောင် အားမရလို့ ‌၂၀၂၂ တုန်းက စီးရီးအနေနဲ့ ထပ်ရိုက်ထားပါသေးတယ်။ အဲလ်ဖရက်ဒ်ကြီးရဲ့ ငယ်ဘဝကိုတွေ့ရမယ့်အပြင် စိတ်ဝင်စားဖို့လည်း အတော်ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.2 1965
The Ipcress File
Dying in Plain Sight
6.2

Dying in Plain Sight (2024) ==================== Body Shaming ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် နှုတ်ဆက်နည်း လိုကိုဖြစ်နေတာ၊ တွေ့လိုက်တာနဲ့ ” ဝလာတယ်နော် ” ” ပိန်သွားလိုက်တာ ” ဒါပဲ ပြောနေကြတာ။ အပြောခံရပါများတော့ အပြောခံရတဲ့သူက ပြောင်းလဲဖို့ ကြိုးစားတဲ့အခါမှ နည်းမှန်လမ်းမှန်နဲ့ Body Transforming မလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးတွေဖြစ်စေပါတော့တယ်။ ပြောရရင် ပိန်ချင်လို့ အစားအစာကို လုံးဝမစားတော့ပဲဖြတ်ပလိုက်တာ၊ ပိန် ဆေးတွေ ဝမ်းနှုတ်ဆေးတွေ သောက်တာတွေက ထိလည်းမထိရောက်သလို ရေရှည်မှာ အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်တဲ့ အကြောင်းကို ဒီဇာတ်ကား လေးမှာ မော်ဂန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ မိမိဟာ မိမိကိုယ် တိုင်ပဲဖြစ်ပြီး မိမိရဲ့ အရှိတရားကို မိမိကိုယ်တိုင်ချစ်မြတ်နိုးပြီး လက်ခံနိုင်ဖို့က အရေးကြီးဆုံးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.1 GB) / (492 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thetti Tun Encoder……….SWM

6.2 2024
Dying in Plain Sight
Dirt
6.2

ကားပြိုင်တာကိုမှ ခပ်ကြမ်းကြမ်းလေးပြိုင်တာကို ကြိုက်တယ်ဆိုတဲ့ လူတွေအတွက် သဲတွေရွံ့တွေကြားမှာ ကြမ်းကြမ်းတမ်းတမ်းယှဉ် ပြိုင်ရတဲ့ Dirt Racing နဲ့ဒရာမာကောင်းကောင်းလေးတွေကို ပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Dirt ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.2 ရရှိထားပြီး Rotten Tomatoes မှာ 84% ရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ ဒက်ဇ်ဆိုတဲ့ကောင်လေးက တန်ဖိုးကြီး Roll Royce ကားကိုခိုးလာပြီး ခိုးရာပါကားတွေရောင်းတဲ့ အလုပ်ရှင်ဆီသွားအပ်တာကို တွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမယ့် ကံဆိုးချင်တော့ သူ့နောက်ကိုရဲတွေလိုက်လာပြီး အဖမ်းခံလိုက်ရ ပါတော့တယ်။ဒါပေမယ့် သူကအသက်မပြည့်သေးတဲ့အပြင် ဆယ်နှစ် အရွယ်ညီမလေးကိုလည်း ပြုစုစောင့်ရှောက်ပေးနေရတဲ့အတွက် သူ့ကို အုပ်ထိန်းပေးမဲ့သူရှိရင် ထောင်မကျနိုင်တာကြောင့်ရဲမှူးရဲ့အကူအညီနဲ့ ရစ်ခ်ရက်ဒန်ဆိုတဲ့ လူဆီရောက်သွားပါတော့တယ်။ရစ်ခ်ရက်ဒန်ဆိုတာက တစ်ချိန်က ဂန္တဝင်လမ်းကြမ်းပြိုင်ကားသမားဖြစ်ပြီး မတော်တဆမှုကြောင့် အနားယူရကာ လက်ရှိရက်ဒန်ဆိုတဲ့ပြိုင်ကားအဖွဲ့ကိုထောင်ထားတဲ့သူ ဖြစ်ပါတယ်။ရစ်ခ်ကဒက်ဇ်ကို ဒီအတိုင်း မျက်ကန်းတောတိုးလက်ခံခဲ့တာ မဟုတ်ဘဲ ဒက်ဇ်ရဲ့ကားမောင်းကျွမ်းကျင်မှုတွေကြောင့် ခေါ်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရက်ဒန်အဖွဲ့ရဲ့ ပင်တိုင်ပြိုင်ကားမောင်းသမားက ထွက်သွားရတဲ့အခါမှာတော့ ဒက်ဇ်တစ်ယောက်သူ့ရဲ့အရည်အချင်းတွေကို ထုတ်ပြခွင့်ရမလား သူတို့မောင်နှမနှစ်ယောက်ရဲ့ဘ၀လည်း ဘာတွေ ဆက်ဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့ဒရာမာ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.82 GB / 875 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2018
Dirt
A Town Called Panic
7.4

ဒီ​ကား​လေးကတော့ ၂၀၀၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ပြင်​သစ်​စကားပြော​ stop motion animated ဇာတ်​ကားလေးဖြစ်ပါတယ်။ သမားရိုးကျ​ animation ကားမဟုတ်ဘဲ ပလတ်စတစ်အရုပ်တွေကိုအသုံးပြုထားတဲ့အပြင်ဇာတ်လမ်း​တည်ဆောက်​ရာမှာလည်း ပုံမှန်​မဟုတ်​တဲ့ non sensical​ storyline ဇာတ်အိမ်ပုံစံမျိုးဖြစ်ပြီး Physical Comedy​ လို့​ခေါ်​တဲ့ လှုပ်ရှား​မှုများများသုံးပြီး ဟာသကိုသရုပ်ဖော်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ အင်ဒီးယန်း၊ ကောင်း​ဘွိုင်​နဲ့ မောင်​မြင်း​ဆိုတဲ့​ ပလတ်စတစ်​ရုပ်​ကလေးသုံးရုပ်က ကျေး​လက်​ဒေသ​က ရွာလေးတစ်ရွာမှာ အတူနေကြပါတယ်။ တစ်နေ့ မောင်​မြင်း​ရဲ့မွေးနေ့မှာ အင်​ဒီးယန်းနဲ့ ကောင်း​ဘွိုင်​တို့က မွေးနေ့​လက်​ဆောင်​မဝယ်ရသေးမှန်းသတိရပြီး အများ​နဲ့မတူတဲ့ လက်ဆောင်​တစ်ခုပေးဖို့ ရေးကြီး​သုတ်ပျာပြင်ဆင်ကြပါတယ်။ လက်ဆောင်​အဖြစ်​ ဘာဘီကျူးလုပ်တဲ့ အကင်ဖိုတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်​လိုက်ပြီး လိုတဲ့​အုပ်ချပ်ရေ ၅၀ ကို အွန်လိုင်း​ကနေမှာယူလိုက်ပါတယ်။ ဒါပေမဲ့​ အမှားအယွင်းဖြစ်ပြီး အုတ်​ချပ်​၅၀ အစား သန်း၅၀ ရောက်​လာရာက အစပြု​ပြီး ပြဿနာ​တွေတစ်ခုပြီးတစ်ခုတက်ကာ သူငယ်ချင်း​သုံးယောက်​ တလွဲတွေဖြစ်ကြုံရတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Adventure/Comedy အပြင်​ Farce လို့ခေါ်​တဲ့ ဗရုတ်သုတ်ခ​ဟာသပြဇာတ်ပုံစံကိုမှ ယုတ္တိ​နည်း​မကျတဲ့ Non sensical​ ဟာသတွေကို အသုံးပြု​ထားတာကြောင့် ပုံမှန်​နဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဥပမာ​ မြင်း​အိမ်​နဲ့နေပြီး လူလိုရေချိုးတဲ့အခန်းမျိုးကို ယုတ္တိ​မရှိပေမဲ့​ ကြည့်လို့ကောင်းအောင် ပုံဖော်​ထားတာမျိုး၊ ခေါင်း​ပြောင်​သိပ္ပံပညာ​ရှင်​နှစ်ယောက်က ဧရာ​မပင်ဂွင်းရုပ်ကြီးဆောက်ပြီး ဧရာမ​နှင်း​လုံး​ကြီးတွေနဲ့ မဆီမဆိုင်​ ပလိန်းကြီးလိုက်ပစ်နေတာမျိုးတွေပါ။ ဒါကြောင့်​ သမားရိုးကျ Animated ရုပ်ရှင်​တွေလို ယုတ္တိ​မတန်​ဘူးလို့ မြင်​ကောင်း​မြင်​ပါလိမ့်မယ်။ ဇာတ်​အိမ်​ကရိုးရှင်းပေမဲ့ ဇာတ်​လမ်း​ကို အသေး​စိတ်​ပြင်​ဆင်တည်ဆောက်ထားလို့ ဇာတ်​အိမ်​က ပေါ့​ပါးပြီးပြေပြစ်ပါတယ်။ ခြုံ​ပြောရရင်​ stop motion ဖြစ်​တဲ့အပြင် ပလတ်စတစ်​အရုပ်​အစစ်တွေကို ပုံဖော်​ရိုက်​ကူးထားတာဖြစ်လို့ ကလေး​ကိုမှ ငယ်​ငယ်​လေးတွေ​ပဲ ကြည့်ဖို့ရိုက်ကူးထားတယ်လို့ ထင်နိုင်စရာရှိပေမဲ့ ပရိတ်သတ်​အရွယ်​အား​လုံး​ကြည့်ရှုနိုင်ပါတယ်။ ပရိသတ်​အားလုံးအတွက်တော့ မဟုတ်​ပေမဲ့ stop motion ရုပ်​ရှင်တွေကို ကြိုက်နှစ်သက်ရင်တော့ မဖြစ်​မနေကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်း​ကလည်း တစ်​နာရီ​စွန်း​စွန်း​စာပဲရှိတာကြောင့် ဥရောပ​ Animated​ ဇာတ်ကား​တွေကို​မြည်းစမ်း​လိုသူ​များလည်း​ ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးပါ။ File size…(994 Mb)/(497 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:15:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.4 2009
A Town Called Panic
Jade
5.3

Jade (1995) ဒီဇာတ်ကားကို ကြည့်မိတော့ မင်းသမီး ရှရွန်စတုံးပါတဲ့ Basic Instinct ဇာတ်ကားကို တန်းသတိရမိတာပါပဲ။ ပုံစံချင်းဆင်သလို ကြည့်ရတဲ့ Vibe ကလည်း တူတူလိုပါပဲ။ ဒီဇာတ်ကားမှာတော့ သူငယ်ချင်းသုံးယောက်ရှိတယ်။ တစ်ယောက်က အစိုးရရှေ့နေ၊ တစ်ယောက်က ရှေ့နေနဲ့ သူတို့ကြိုက်တဲ့ ကောင်မလေး။ သူတို့သုံးယောက်က အဓိကဇာတ်ကောင်တွေပါပဲ။ ရှေ့နေနဲ့ ကောင်မလေး ညားသွားတယ်။ အစိုးရရှေ့နေကလည်း ကြိုက်နေတုန်းပဲ။ ရှေ့နေနှစ်ယောက်ကလည်း သူငယ်ချင်းဖြစ်နေကြတုန်းပါပဲ။ နည်းနည်းတော့ တစ်မျိုးကြီးပေါ့။ ဇာတ်လမ်းကတော့ ကောင်မလေးနဲ့ ရင်းနှီးတဲ့သူတစ်ယောက် အသတ်ခံရတာကနေ စပါတယ်။ အဲဒီလူသတ်မှုကို အစိုးရရှေ့နေက လိုက်ရင်းနဲ့ ဂျိတ်ဒ်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်နေတာကို တွေ့လာရပြီး ဆက်စုံစမ်းရင်း ဂျိတ်ဒ်က သူ့ရဲ့ တစ်ဖက်သတ်ချစ်ရသူမိန်းကလေးဖြစ်နေတဲ့အချိန်မှာတော့… ခပ်အေးအေးပေမဲ့ သိပ်ပျင်းစရာမကောင်းတဲ့ စုံထောက်ကားလေးပါ။ Twist လေး နည်းနည်း၊ အညှီအဟောက်လေး နည်းနည်းပါပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 925MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 35Min Genre – Erotic Thriller, Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Thriller • TV Movie
5.3 1995 95 mins
Jade
The Last Journey aka Den Sista Resan
8.2

The Last Journey (2024) Den Sista Resan လို့ခေါ်တဲ့ ဒီကားလေးဟာ ၂၀၂၄ခုနှစ်ထွက် ဆွီဒင် Documentary Film တစ်ခုဖြစ်ပါတယ်။ Filip Hammar နဲ့ Fredrik Wikingsson တို့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဒီ film မှာတော့ အငြိမ်းစားယူသွားပြီဖြစ်တဲ့ Filip Hammar ရဲ့ အဖေဖြစ်သူ ပြင်သစ်ဆရာ Lars Hammar ကို သူ့ဘဝရဲ့ နောက်ထပ်အလင်းရောင်ကိုမြင်နိုင်စေဖို့အတွက် Filip Hammar က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Fredrik Wikingsson နဲ့အတူတူ အဖေဖြစ်သူချစ်တဲ့ ပြင်သစ်နိုင်ငံဆီ အလည်ခေါ်သွားရင်းနဲ့ သူတို့ရဲ့ငယ်ဘဝ အမှတ်တရတွေကို ပြန်လည်ဖော်ထုတ်တဲ့ ခရီးစဉ်အကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb 8.2/10 ရထားတဲ့ ဒီကားဟာ ဆွီဒင် documentary film သမိုင်းမှာ highest-grossing ဖြစ်လာတဲ့ film တစ်ခုလည်းဖြစ်ပါတယ်။

Drama • Comedy • Romance
8.2 2024 90 mins
The Last Journey aka Den Sista Resan
Outbreak
5.5

ဒီတစ်‌ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ Psychological Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး ဒီကားလေးမှာဆိုရင်တော့ သားဖြစ်သူသေဆုံးမှုကြောင့် စိတ်နှလုံးကွဲ‌ကြေနေတဲ့ Neil Morris နဲ့ Abby Morris တို့ ဇနီး‌မောင်နှံနှစ်ယောက် Zombie ဆန်ဆန်‌ ရောဂါပိုးကူးစက်မှုကနေ ထွက်ပြေးကြပုံကို အသည်းအေးစရာအနေနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်… Psychological Thriller တစ်ကားဖြစ်တာနဲ့အညီ အဓိကဇာတ်ကောင် Neil Morris ရဲ့ အတွင်းစိတ်တိုက်ပွဲကို အသားပေးတင်ဆက်ထားပြီး အတိုက်အခိုက် အသတ်အပုတ် ဇာတ်ဝင်ခန်းတွေကို ပါလေကာမျှသာ ထည့်သွင်းရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ အကြောက်တရားနဲ့ ရှုပ်‌ထွေးတဲ့ခံစားချက်တွေ ရောပြွန်းထားတဲ့ ဇာတ်ကောင်အခြေပြု Thriller ကား နှစ်သက်သူတွေ အတွက် မြည်းစမ်းကြည့်ထိုက်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်… မိသားစုတွင်းဆက်ဆံရေးပြဿနာကို အခြေပြုပြီး ဇာတ်အိမ် တည်ထားတဲ့ ဒီ Thriller ဇာတ်ကားလေးဟာ Jump scare တွေမပါဘဲ ဇာတ်လမ်းတည်ဆောက်မှု ဖြေးဖြေးနှေးနှေးဖြစ်တာကြောင့် Drama ချစ်သူတွေလည်း မတူထူးခြားတဲ့အရသာတွေ့နိုင်မယ့် ကားလေးဖြစ်လို့ မြည်းစမ်းခံစားကြည့်ဖို့ ညွှန်းဆိုလိုက်ရပါတယ်… File size… (1.30GB) / (744MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024
Outbreak