YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Stereoscope.2024.1080p.(CM).mkv

1.36 GB N/A video/x-matroska 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Friendship Game
5.5

မြို့ငယ်လေးတစ်ခုက အထက်တန်းပြီးခါစ ဆယ်ကျော်သက်သူငယ်ချင်းလေးယောက်ဟာ Friendship game လို့ခေါ်တဲ့ ထူးဆန်းတဲ့အရာဝထ္ထုတစ်ခုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ သူတို့ရဲ့ခင်မင်မှုသံယောဇဉ်တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ စမ်းသပ်ခံရပါတော့တယ်။ ဂိမ်းရဲ့စည်းမျဉ်းအရ အတွင်းစိတ်ထဲက အနက်ရှိုင်းဆုံးဆန္ဒတွေကို အချင်းချင်းပြောပြပြီးတဲ့အခါ သူတို့ရဲ့ခင်မင်မှုကို စမ်းသပ်တဲ့ဖြစ်ရပ်တွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာခဲ့တော့တယ်။ ခင်မင်မှုပျက်ပြားခဲ့ရင် လူကိုယ်တိုင်သေဆုံးလိမ့်မယ်ဆိုတဲ့ အဲဒီဂိမ်းကိုကစားခဲ့တဲ့ သူငယ်ချင်းတစ်သိုက် ထိန့်လန့်ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.49GB)  / (725MB) / (354MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao

Action • Thriller
5.5 2022 87 mins
The Friendship Game
The Legend of La Llorona
4.7

လာ ရိုရို့နာဆိုတာ မက္ကဆီကိုရဲ့ နိုင်ငံကျော် သရဲပုံပြင်တစ်ခုပါပဲ။ နောက်ခံဇာတ်ကြောင်းကွဲလေးတွေကတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမဲ့ အကြမ်းဖျဉ်းအားဖြင့်တော့ တူညီကြပါတယ်။ လာရိုရို့နာဆိုတာ အင်္ဂလိပ်လိုဆိုရင် "ငိုကြွေးနေတဲ့မိန်းမ" ပါတဲ့။ သူ့ကလေးလေး သေသွားရတဲ့အတွက် ငိုနေပြီး ကလေးတွေကို အစားလိုက်ဖမ်းတတ်တဲ့သရဲပါ။ ဒီရုပ်ရှင်မှာတော့ လာရိုရို့နာနဲ့ပတ်သက်နေတဲ့ မက္ကဆီကိုက တည်းခိုခန်းတစ်ခုကို မသိဘဲနဲ့လာတည်းမိတဲ့ အမေရိကန်လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့သားလေး ကြောက်စရာတွေကို ရင်ဆိုင်ရပုံတွေကို ပြထားတာပါပဲ။ ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….WEB-DL 1080p and 720p adn 360p File size…1.7GB and 819MB and 273MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Horror • Thriller
4.7 2022 98 mins
The Legend of La Llorona
Haunted Mansion
6.2

သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023) ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။ သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။ တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

6.2 2023 123 mins
Haunted Mansion
Dragon Gate Posthouse 1: Sunflower
5.9

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒါကတော့ ကလဲ့စားချေတဲ့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လက်ရောခြေပါ ရိုက်ချိုးခံရပြီး သေသွားခဲ့တဲ့ အရူးမဟာ ယွဲ့ယာမြို့ဟောင်းကို ပြန်လာပြီး သူ့ကို သတ်ခဲ့တဲ့လူတွေကို ကလဲ့စားလိုက်ချေနေပါသတဲ့။ ယွဲ့ယာမြို့ဟာလည်း သွေးမုန်တိုင်းတစ်ခုထဲ ဝင်ရောက်နေသလို ဖြစ်ရပြီး လူတိုင်းက စိုးရိမ်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ရူးကြောင်ကြောင်ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ ယွဲ့ယာမြို့ကို ရောက်လာပါတယ်။ သူမက လူလား သရဲလား၊ လူသတ်မှုတွေဟာ သူမနဲ့ ပတ်သက်နေလားဆိုတာကို စာပို့သမားလေး မာတာ့လုက လိုက်လံ စုံစမ်းနေပါတယ်။ တာ့လုရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ချန်ခိုင်းဟာ မြို့ထဲက လူချမ်းသာ သူတော်ကောင်းမော့အိမ်က အစေခံမလေး ယန်ယန်နဲ့ မေတ္တာသက်ဝင်နေကြပါတယ်။ သူတို့ဟာ တစ်နေ့မှာ မျှော်လင့်ချက်တွေ ပျော်ရွှင်ခြင်းတွေကို ကိုယ်စားပြုတဲ့ နေကြာပန်းခင်းကြိး စိုက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လဲ ချန်ခိုင်းမှာလည်း လျှို့ဝှက်ချက်များရှိနေပါတယ်။ မာတာ့လုတစ်ယောက် လူသတ်သမားအစစ်ကို ရှာဖွေနိုင်ပါ့မလား…… လွန်ခဲ့တဲ့ နှစ် ၂၀ က အမှုကရော ဘယ်လိုဖြစ်ခဲ့တာလဲ…… ဆိုတာကို ရုပ်ရှင်လေးကြည့်ရှုပြီး အဖြေရှာလိုက်ရအောင်နော်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ

5.9 2018
Dragon Gate Posthouse 1: Sunflower
Nikki & Nora: Sister Sleuths
6.6

Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။ တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။ အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ထူးဆန်းတဲ့ သေတမ်းစာကရော ဘယ်လိုတွေဆက်စခန်းသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ရာနှုန်းပြည့်စုံထောက်ကားတစ်ခုလို ဇာတ်မလေးဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုလိုတဲ့ပရိသတ်တွေအတွက် အဆင်ပြေမယ့်ဇာတ်ကားဖြစ်ပါတယ်။ crime drama ဖြစ်တဲ့အတိုင်း ဇာတ်ရဲ့မြှပ်ကွက်တွေ၊ ကျောရိုးတွေကို အရသာမပျက်ယွင်းစေဘဲ ညီအစ်မသံယောဇဥ်တရားအကြောင်းကိုလည်း ဇာတ်ကားနာမည်နဲ့လိုက်အောင် အထိုက်အလျောက်ထည့်သွင်းဖော်ညွှန်းထားပါတယ်။ IMDb rating 6.6 ရရှိထားပြီး Rotten tomatoes ကတော့ 71% ဖြစ်ပါတယ်။ File size…(1.65 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Thriller • Horror
6.6 2022 84 mins
Nikki & Nora: Sister Sleuths
All Lives
6.5

ဒီဇာတ်လမ်းကတော့ ဝေဒနာတွေရဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ခင်ဗျားတို့ဘဝထဲမှာ ဘာမှမလုပ်နိုင်မကိုင်နိုင်တော့ဘဲ ဆေးသက်သက်နဲ့ အသက်ဆက်ပြီး လှဲနေရုံကလွဲ ဘာမှ မထူးတော့တဲ့ လူတွေရှိဖူးမလားမသိဘူး။ ကျွန်တော့်အဘွားကတော့ အဲဒီလိုနှစ်နည်းနည်းနေသွားခဲ့တယ်။ သူ့အကြောင်းတွေးမိရင် ဒီလောက်ထိ ဆွဲဆန့်ထားကြဖို့ မကောင်းဘူးလို့ အမြဲတွေးမိတယ်။ ကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း တစ်ခါပဲ သေလိုက်မယ်ဆိုတဲ့ အတွေးမျိုးပဲရှိခဲ့တယ်။ ဒီရုပ်ရှင်ကတော့ ဘဝရဲ့နောက်ဆုံးအချိန်မှာ ဝေဒနာတွေ အတိနဲ့ပဲ ရှင်သန်နေရတဲ့လူတွေနဲ့ သူတို့ကို ကုသေပေးနေတဲ့ ဆရာဝန်တွေကြားထဲက အကြောင်းအရာပါပဲ။ ဝေဒနာ ခံစားရုံသက်သက်အတွက် အသက်ဆက်နေရတဲ့ ဒီလူတွေကတော့ ဘယ်လိုမှ ဆက်မရှင်ချင်ကြပါဘူး။ ဒါပေမဲ့လည်း ဒီလိုရှင်သန်ရတာက တန်လားမတန်လား သေသင်လား မသေသင့်သလား။ ဘာအကြောင်းအတွက် အသက်ဆက်ရှင်သင့်လဲဆိုတာကို ဒီရုပ်ရှင်မှာ သူ့အမြင်နဲ့သူပြသွားတယ်။ ဒီကားရဲ့ပွိုင့်ကတော့ ကောင်းပေမဲ့ ကျွန်တော့်စိတ်ကတော့ မပြောင်းသွားခဲ့ပေမဲ့ ဒီကားဟာ ဒီကားထဲက ဇာတ်ကောင်တွေနဲ့ ထပ်တူညီတဲ့ ခံစားချက်ရှိချင်ရှိလောက်မယ့်လူတွေအတွက်ပေါ့။ File size…2.23GB / 806MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder… Naing Aung Latt Translated by W

6.5 2024
All Lives
Deepavali Bonus
7.1

Deepavali Bonus (2024) ဒီပါဝလီအပိုဆုကြေး ဒီပါဝလီပွဲနီးကပ်လာပြီဖြစ်တဲ့အတွက်လိုအပ်တာတွေပြင်ဆင်နေကြတဲ့ ရာဗီနဲ့ ဂီသာတို့ လင်မယား၂ယောက် .. ဂီသာရဲ့သူဌေးကတော့ အလုပ်လုပ်ဖို့ရောက်တာနဲ့ ပြစ်တင် ကြိမ်းမောင်းနေသူမျိုးပါ ရာဗီရဲ့အလုပ်ရှင်ကတော့ ပွဲတော်အတွက်အပိုဆုကြေးပေးမယ်ပြောပေမဲ့ တကယ်ရက်နီးတဲ့အခါ အလုပ်ဆင်းရမယ်ဆိုပြီးအာဏာသုံးဖိအားပေးလာတဲ့အခါ သူတို့ဟာအလုပ်ရှင်ကိုမကျေနပ်ကြောင်းထုတ်ဖော်ဖို့ ‌အကြောင်းဖန်လာခဲ့ပါတယ် သူတို့သူဌေးတွေရဲ့ ဖိအားပေးမှု၊ အပိုဆုကြေးလိုလိုချင်ချင်ထုတ်မပေးမှုတွေအပြင် သူတို့သားငယ်လေးရဲ့လိုအပ်ချက်တွေပါဖြည့်ဆည်းဖို့ဖြစ်လာတဲ့အခါမှာတော့… ဘယ်လိုရှေ့ဆက် ကြိုးစားသွားရမလဲ သူတို့ရဲ့ဆက်ဆံရေးပေါ်မှာလည်းသက်ရောက်မှုရှိမလားဆိုတာ………… အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

7.1 2024
Deepavali Bonus
All the Money in the World
6.8

All the Money in the World (2017) ~ IMDb – 6.8/10, RT – 79%, Meta – 72% ~ Gladiator, Alien, Blade Runner နဲ့ Kingdom of Heaven စတဲ့ တကယ့်ထိတ်ထိတ်ကြဲကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Ridley Scott ရဲ့ True Story ကားကောင်းတစ်ကားပါ။ Mark Wahlberg နဲ့ Michelle Williams တို့လို သရုပ်ဆောင်ကောင်းတွေအပြင် Christopher Plummer လို ဝါရင့် သမ္ဘာရင့် ဂန္ထဝင် သရုပ်ဆောင်ကြီးတွေပါနေတာကလည်း ဒီကားကို ပိုကောင်းသွားစေပါတယ်။ ဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူလို့ သတ်မှတ်ခံခဲ့ရတဲ့ ရေနံသူဌေးကြီး ဂျွန်ပေါလ်ဂတ်တီရဲ့ မြေးဦး ဂျွန်ပေါလ်ဂတ်တီ ၃ ပြန်ပေးဆွဲခံရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဂျေပေါလ်ဂတ်တီ ၂ က သူ့အဖေဆီမှာ မနေဘဲ ခွဲနေတယ်။ နောက်တော့ သူတို့သားအဖပြန်ပေါင်းထုပ်ပြီး ဂျွန််ပေါလ်ဂတ်တီ ၃ ယောက် တစ်အိမ်တည်းမှာနေကြတာပေါ့။ ဒါပေမဲ့ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်တဲ့ ဂျေပေါလ်ဂတ်တီ ဒုတိယ က ဆေးစွဲ နောက်မိန်းမရသွားတော့ ပထမမိန်းမက ကွာရှင်းပါတယ်။ ဒါပေမဲ့ ရေနံသူဌေးကပ်စေးအဘိုးကြီး ပထမ ဂျေပီဂတ်တီက ချွေးမဖြစ်သူ အဘီဂေးလ် ဟားရစ်ကို ငွေတစ်ပြားမှမယူရင် ကလေးအုပ်ထိန်းခွင့်ကို အပြည့်ပေးမယ်ဆိုပြီး အပေးအယူတည့်သွားကြပါတယ်။ နောက်မှာ ဂျေပီဂတ်တီ တတိယ ပြန်ပေးဆွဲခံရတော့ သူ့အမေက ပိုက်ဆံမရှိတဲ့ နာမည်ကြီးထမင်းငတ်၊ သူ့အဘိုးကကျ ချမ်းသာသလောက် ကပ်စေးကုတ်တဲ့သူ။ အဲဒီအခြေအနေတွေကြားကနေ ဂျေပီဂတ်တီ ၃ ဘယ်လိုပြန်ရောက်လာမလဲဆိုတာကို ဖြစ်ရပ်မှန်နဲ့ ဒရာမာရောစွတ်ထားတဲ့ ဒီဇာတ်ကားမှာ ထိုင်ရာမထ ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 945MB Quality – BluRay 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama, History, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Fantasy • Drama • Family
6.8 2017 132 mins
All the Money in the World
Corina
7

Corina (2025) IMDb Rating (7.0) ဒီဇာတ်လမ်းက Mexican ဒရမ်မာနဲ့ ဟာသအရောအနှော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လူငယ်တစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ ဘဝအတွက် ရုန်းကန်မှုတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Plot Overview Corina က သူ့အိမ်နဲ့ သူအလုပ်လုပ်တဲ့ စာပေထုတ်ဝေရေးဌာနကလွဲရင် ဘယ်ကိုမှမသွားရဲတဲ့ ၂၈ အရွယ် မိန်းကလေးတစ်ယောက်ဖြစ်တယ်။ စကားလည်းအရမ်းနည်းပြီး လူအရမ်းကြောက်တတ်တဲ့ Corina က သူများတွေအမြင်မှာတော့ အူကြောင်ကြောင်လေး ဖြစ်နေတာပေါ့။ တစ်နေ့မှာတော့ သူ့ရဲ့လုပ်ငန်းခွင်မှာ အရမ်းအရေးကြီးတဲ့ စာအုပ်စီးရီးတစ်ခုနဲ့ပတ်သက်ပြီး Corina အမှားကြီးတစ်ခုကို လုပ်မိသွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ကုမ္ပဏီနဲ့ သူ့အလုပ်ကို ကာကွယ်ဖိုအတွက် Corina တစ်ယောက် သူ့ရဲ့ကြောက်ရွံမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဘယ်လိုစွန့်စားခန်းတွေကိုဖွင့်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.3 GB) / (830 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:38:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Crime • Drama
7 2025 96 mins
Corina
Almost Love
6

အသက်(၁၈)နှစ်အရွယ် ချစ်ရဲကြိုက်ရဲ လုပ်ရဲ သတ္တိရှိတဲ့မိန်းကလေးတစ်ယောက် – ယွီကျောင်းရန် အတန်းဖော်သူငယ်ချင်းတွေက ကျောင်းရန်ကို“အမှိုက်ပုံး”လို့ နာမည်ပြောင်ပေးပြီး ရှောင်ဖယ်ထားကြတဲ့အချိန် သူ့ဘဝကိုအလင်းဓာတ်ပေးခဲ့တဲ့ “ကျိုးချန့်”နဲ့တွေ့ခဲ့တယ် ပန်းချီဆွဲရတာကြိုက်တဲ့ ကျိုးချန့်ကမိဘရဲ့ဖိအားပေးမှုအောက်မှ ဆက်မဆွဲခဲ့ပေမဲ့ ကျောင်းရန်ရဲ့အားပေးမှုကြောင့် ပ န်းချီဆွဲတဲ့လမ်းကြောင်းပေါ် တစ်ဖန်ပြန်လျှောက်ခဲ့တယ် ကျောင်းသားဘဝကနေ လူ့အဖွဲ့အစည်းထဲဝင်တဲ့အချိန်ထိ အတူတူလက်တွဲခဲ့ပြီး အနာဂတ်အတွက် အဆက်မပြတ်ကြိုးစားနေကြတယ် အတူတူကြိုးစားနေစဉ်မှာ ကျောင်းရန်ရဲ့တစ်ခုတည်းသော အိမ်မက်လေးကတော့ တစ်ရက်မှာကျိုးချန့်နဲ့လက်ထပ်ဖို့ပဲ နောက်ဆုံးမှာတော့ ကျိုးချန့်မင်္ဂလာဆောင်ပွဲမှာ ကျောင်းရန်ထွက်ပေါ်လာခဲ့တယ် ကျောင်းရန်ကသတို့သမီးအနေနဲ့ပေါ်လာတာလား? တစ်ခြားအနေအထားနဲ့ပေါ်လာခဲ့တာလား? ကျောင်းသားဘဝကတည်းကလက်တွဲခဲ့ပြီး အိမ်ထောင်ရေးအဆင့်ကိုတက်သွားမဲ့Happy Endingဖြစ်မလား? လူ့အဖွဲ့အစည်းမှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေ အမြင်တွေမတူတော့လို့ ကိုယ့်လမ်းကိုယ်စီသွားကြမဲ့ Sad Endingဖြစ်မလားဆိုတာကို အလှည့်အပြောင်းမျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်

Science Fiction
6 2022
Almost Love
Butchers Bluff
5.7

Butchers Bluff (2024) IMDb Rating (5.7) သူငယ်ချင်းတစ်စုရှိတယ်။ ရုပ်ရှင်ကျောင်းသားတွေပေါ့။ သူတို့တွေက ဖြစ်ရပ်မှန်ဟော်ရာဇာတ်လမ်းတစ်ခုကို ဒိုကူမန်ထရီရိုက်ဖို့ အနှစ်နှစ်ဆယ်အတွင်း လူပေါင်းများစွာ ပျောက်ဆုံးခဲ့တဲ့ တောအုပ်တစ်ခုနဲ့ အဲဒီတောအုပ်နားက မြို့လေးကိုလာခဲ့တယ်။ အဲဒီမြို့လေးမှာ ဟော့မန်းခေါ် ဝက်လူသားလို့ခေါ်တဲ့ လူသတ်သမားတစ်ယောက်ရှိတယ်ဆိုတဲ့ ယုံတမ်းစကားတွေရှိတယ်။ အဲဒီကောင်လေးက ငယ်ငယ်က ဝလွန်းလို့ အားလုံးအနိုင်ကျင့်တာခံခဲ့ရတယ်။ တစ်နေ့မှာ ကောင်လေးသုံးယောက်နဲ့ ကောင်မလေးတစ်ယောက်က သူ့ကို အရင်ကထက်တောင် ဆိုးဆိုးရွားရွား အနိုင်ကျင့်ခဲ့ကြတယ်။ ဆေးရုံရောက်သွားခဲ့တယ်။ ဆေးရုံကဆင်းလာပြီး ညမှာ သူက ဝက်မျက်နှာဖုံးကို စွပ်ပြီး ကောင်လေးသုံးယောက်စလုံးကိုသတ်ပစ်ခဲ့တယ်။ ကောင်မလေးကိုတော့ ချန်ထားခဲ့တယ်။ ဒီနောက် သူစိတ်ရောဂါကုဆေးရုံရောက်သွားတယ်။ အဲဒီကနေ သူထွက်ပြေးလာပြီး ဒီသစ်တောထဲ ရှိနေတယ်ဆိုတဲ့ ယုံတမ်းတွေ မြို့ထဲမှာပျံ့နေပေမဲ့ ဘယ်သူမှတော့ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်ဘူးပေါ့။ ဒီကျောင်းသားတစ်စုက အဲဒီဇာတ်လမ်းနောက်လိုက်ကြရင်း ကြုံလာရတဲ့ သွေးထွက်သံယိုတွေကိုမြင်ရမယ့်ဇာတ်လမ်းပါပဲ။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….02:04:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

5.7 2024 123 mins
Butchers Bluff
Enthiran Robot
7.2

Enthiran (2010) Robot IMDB Rating (7.2) / Rotten Tomatoes (72%) ဒီကားကတော့ အိန္ဒိယသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ထိ အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားပါ ရုံတင်ငွေလည်း ကုဋေ ၂၉၀လောက်အထိ ပြန်ရခဲ့ပြီး အဲ့ဒီခေတ်ကာလအနေအထားအရ ခေတ်ရှေ့ပြေးတဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်မှုမျိုးပါပဲ။ ဒီလိုဆိုလို့ ဘောလိဝုဒ်ဇာတ်ကားလို့ထင်စရာရှိပေမယ့် တကယ်တော့ တောင်ပိုင်းက Tamil ဇာတ်ကားဖြစ်ပြီး မယ်ကမ္ဘာဆုရှင် Aishwarya Rai နဲ့ တမီးလ်မင်းသားကြီး Rajinikanth တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… ဆယ်စုနှစ်တစ်ခုကြာ သုတေသနပြုပြီးတော့ ပါရမီရှင်သိပ္ပံပညာရှင် ဒေါက်တာဗာစီက လူသားနဲ့ ခပ်ဆင်ဆင်တူတဲ့ အဆင့်မြင့် humanoid စက်ရုပ်တစ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ် သူ့ရဲ့နာမည်ကိုတော့ ချစ်တီးလို့ပေးလိုက်ပါတယ် ချစ်တီးကို လူသားတွေကိုကူညီဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ အစပိုင်းမှာတော့ ချစ်တီးက အမိန့်တွေကို တိတိကျကျ လိုက်နာပြီး လူသားတွေအတွက် အလွန်အသုံးဝင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမဲ့ ဒေါက်တာဗာစီက ချစ်တီးရဲ့ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်ပြီး လူသားဆန်တဲ့ စိတ်ခံစားမှုတွေကို ထည့်သွင်းလိုက်တဲ့အခါ ဇာတ်လမ်းက စတင်ရှုပ်ထွေးလာပါတော့တယ် ချစ်တီးတစ်ယောက် ဒေါက်တာဗာစီရဲ့ ချစ်သူဖြစ်သူဆာနာကို ချစ်မိသွားတဲ့အခါ ပြဿနာတွေ စတင်ပေါ်ပေါက်လာပါတော့တယ် ချစ်ခြင်းမေတ္တာရဲ့ ခံစားချက်တွေကို နားလည်လာတဲ့ ချစ်တီးက ဆာနာ့ကို ရယူလိုစိတ် ပြင်းပြလာပြီး ဒေါက်တာဗာစီနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လာပါတော့တယ် ချစ်တီးက စွမ်းအားကြီးမားတဲ့ လူသားတွေကိုပါ ခြိမ်းခြောက်နိုင်တဲ့ စက်ရုပ်အဖြစ် ပြောင်းလဲလာတဲ့အခါမှာတော့ ဒေါက်တာက သူဖန်တီးခဲ့တဲ့စက်ရုပ်ကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် အပြင်းအထန် တိုက်ပွဲဝင်ရပါတော့တယ် ဒီကားက စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းအိမ်နဲ့အထူးပြုလုပ်ချက်တွေ ရင်ခုန်စရာကောင်းတဲ့ အက်ရှင်ခန်းတွေနဲ့ အချစ်ဇာတ်လမ်းကို ပေါင်းစပ်ထားတာကြောင့် အိန္ဒိယရုပ်ရှင်လောကမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားပါ ရာဂျီနီကန့် ရဲ့ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ချက်တွေကလည်း ဇာတ်ကားရဲ့အသက်လို့ ပြောလို့ရလောက်ပါတယ် ဇာတ်ကားကောင်းတစ်ကားမို့ လက်မနှေးဘဲ အပြေးကြည့်ကြဖို့တိုက်တွန်းရင်း။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) ဒီကားရဲ့အဆက်အနေနဲ့ 2.0 (2018) ဇာတ်ကားထပ်မံထွက်ရှိခဲ့ပြီး CM မှာတော့ တင်ပြီးသားပါ။

Thriller • TV Movie
7.2 2010 176 mins
Enthiran Robot
Walk on the Wild Side
6.7

ချစ်ခြင်းမေတ္တာဟာ တကယ့်ကိုပဲ ဘဝတစ်ခုလုံးကို ပေးဆပ်နိုင်လောက်အောင်အထိ စစ်မှန်တတ်တယ်ဆိုတာကို (၁၉၆၂)ခုနစ် ထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်လမ်းကောင်း “Walk on the Wild Side”မှာ ခံစားလိုက်ရပါတယ်။ ခြေသလုံးအိမ်တိုင် လျှောက်သွားနေတဲ့ ဒက်ဘ်ဆိုတဲ့ အမျိုးသားက သူနဲ့ဝေးကွာနေခဲ့ပြီး အဆက်ပြတ်နေခဲ့တဲ့ ချစ်ရတဲ့အမျိုးသမီးလေး ဟယ်လီကို သူ(မ)ရှိမယ်ထင်မိတဲ့အရပ်ဆီ ရှာပုံတော်ဖွင့်ပါတော့တယ်။ ဝေးခဲ့တဲ့အချိန်တွေလည်း ကြာလှပြီ။ ဘယ်ဆီရောက်လို့ ဘာတွေဖြစ်နေပြီလဲ မသိရတဲ့သူကိုမှ ရမ်းသန်းပြီး ရှာနေရတာက သိပ်ကို ခံစားရ နာကျင်လွန်းလှပါတယ်။ သူ မျှော်လင့်ထားခဲ့သလိုမျိုး ဟယ်လီက သူ့ကို သစ္စာရှိရှိနဲ့ စောင့်နေခဲ့ပါ့မလား။ သူတို့တွေ ပြန်ဆုံကြရင်ကော ပျော်ကြရမှာလား။ (၁၉၀၀)ကျော်လောက်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဆိုပေမယ့်လည်း ဒီလိုအချစ်မျိုးဟာ တကယ်ရှိခဲ့တာလား။ တကယ်တမ်း လက်တွေ့ဘဝမှာကော ကိုယ်တကယ် ချစ်မြတ်နိုးရတဲ့သူတစ်ယောက်ကို ခွင့်လွှတ်ခြင်းကိုသာ ပဓာနထားပြီးတော့ သူ ဘာတွေလုပ်ခဲ့လုပ်ခဲ့၊ သူ ဘယ်လိုတွေဖြစ်ခဲ့ဖြစ်ခဲ့ အပြစ်မမြင်ဘဲ ချစ်နိုင်ကြလားဆိုတဲ့ မေးခွန်းတွေကိုတောင် ထုတ်မိသွားစေနိုင်လောက်မယ့် ဇာတ်ကားတစ်ခုဖြစ်တယ်လို့​ တွေးမိပါတယ်။ ဟောင်းပေမယ့်လည်း ခံစားသက်ဝင်လို့ ကောင်းနေဆဲဖြစ်တဲ့၊ အချစ်ဆိုတာကို ဖော်ကြူးထားတဲ့ အချစ်ဇာတ်လမ်းဟောင်းလေးကို ဂန္တဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့များ သတ်မှတ်မိသွားမလား၊ ဒါဟာ တလွဲဆံပင်ကောင်းတာပါ၊ ရူးမိုက်တာသပ်သပ်ပါကွာလို့များ တွေးမိမလားဆိုတာကိုတော့ “Walk on the Wild Side (1962)”ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်း ချစ်ခြင်းေမတ္တာရဲ့ နူးညံ့မှုနဲ့ ချစ်ခြင်းအစစ်အမှန်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ သတ္တိတွေ ရဲရင့်မှုတွေကိုပါ ကြည့်ရှုခံစားလို့ရပြီပဲဖြစ်ပါတယ်။ File size… 2.4 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Horror • Thriller • Mystery
6.7 1962 114 mins
Walk on the Wild Side