YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Star.Wars.Tales.of.the.Empire.S01E04.Devoted.720p.(CM).mp4

104.51 MB 720p video/mp4 156 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spring
6.7

ဒီဇာတ်ကားလေးကတော့ အချစ်ကားတွေ အဖြစ်မှန်လို ထိတ်လန့်စရာတွေကို ကြိုက်တတ်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ အီဗန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့ အီတလီကို ခရီးနှင်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေး လူးဝစ်နဲ့ တွေ့ဆုံကြတဲ့ သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် နယ်မြို့လေးရဲ့ အလှအပလေးတွေ ခံစားရင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေ ဘယ်လိုဘယ်ပုံဖြစ်လာလည်းဆိုတာကြည့်ရင်းနဲ့ အီဗန်က လူးဝစ်ရဲ့ လျှို့ဝှက်ချက်ကြီးကို သိသွားတဲ့အချိန်မှာ ဘာတွေဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမှာပဲ ဖြစ်ပါတယ် ရိုက်ချက်အလှတွေနဲ့ တမူထူးခြားတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ဒီဇာတ်ကားလေးက ကြည့်ပြီးရင် ခေါင်းထဲမှာ စွဲကျန်နိုင်စေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် File size…1.52GB / 560.2MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Horror , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw

Drama • Mystery • Thriller
6.7 2014 109 mins
Spring
Silverstar
6.5

ရှုခင်းလှလှလေးများနဲ့ ကျေးလက်အငွေ့အသက်လေးတွေ ပါဝင်တဲ့ ဒတ်ချ်စကားပြော ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Silverstar ဆိုတဲ့မြင်းလေးနဲ့ Esmee ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးကြားထဲက ထူးခြားတဲ့ဆက်နွယ်မှုအကြောင်းကို စွန့်စားခန်းဆန်ဆန် တင်ဆက်ထားပါတယ်. Look at it from the bright side ဆိုတဲ့အတိုင်း နေရောင်ခြည်၊ စိုက်ခင်းလေးများ၊ လေပြည်ညင်းနဲ့ တောလမ်းကလေးများကို တစ်လှည့် ခံစားရင်း.ပစ္စုပ္ပန်မျက်မြင်က ဘဝကိုပဲ ပွေ့ဖက်ရင်း. မြင်းကုန်းနှီးပေါ်က လွတ်လပ်မှု၊ ဆံဖျားနဲ့ မျက်နှာကို တိုက်ခတ်နေတဲ့ လေပြည်ရဲ့ အရိုင်းဆန်မှု၊ ဆက်ကျော်သက်ဘဝ တဇွတ်ထိုးဆန်မှု၊ မိသားစုနဲ့ချစ်မေတ္တာ စသည်တို့ကို အချိုးညီစွာ ထင်ဟပ်ပြသထားတဲ့ နိုင်ငံခြားစကားပြောဇာတ်ကားကောင်းလေး တစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…(2.22GB)  / (1.16GB) /625.35MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre...Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sai Sumali

Drama
6.5 2021 86 mins
Silverstar
The Upside
7.1

မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါ အကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့ မိသားစုဘဝကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်တစ်ဦးရဲ့ကြားက သံယောဇဉ်ကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။ တကယ့်အပြင်မှာလည်း ရှိခဲ့တဲ့သူတွေရဲ့အကြောင်းပါ။ သူတို့နှစ်ယောက်က လုံးဝကို ကွာခြားနေခဲ့တဲ့ လူနှစ်ယောက်ပါ။ တစ်ယောက်က သူဌေး၊ တစ်ယောက်က ထောင်ထွက်။ တစ်ယောက်က လူဖြူ၊ တစ်ယောက်က လူမည်း။ တစ်ယောက်က ပညာရှင်၊ တစ်ယောက်က ပညာမဲ့။ ဒီလို ကွာခြားမှုတွေ များလွန်းလှတဲ့ လူနှစ်ယောက်ကြားက သံယောဇဉ်ကို ဇာတ်လမ်းဆုံးတဲ့အထိ မျောပါသွားအောင် ရိုက်ပြထားတာပါ။ မင်းသမီးချော Nicole Kidman ကလည်း ဒီလူနှစ်ယောက်ရဲ့ သံယောဇဉ်ကို အဓိက ပံ့ပိုးသူအနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ မေတ္တာတရားဆိုတာ အသားအရောင်၊ အဆင့်အတန်း၊ ပညာတတ်ခြင်း မတတ်ခြင်း ဆိုတာတွေအပေါ်မှာ မူတည်မနေဘူး ဆိုတာကို ဒီဇာတ်လမ်းက သက်သေပြသွားပါလိမ့်မယ်။ မူရင်းကတော့ ၂၀၁၁ ခုနှစ်က ပြင်သစ်ရုပ်ရှင် The Untouchables ပါ။ The Untouchables တုန်းကလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Remake အနေနဲ့ ပြန်ရိုက်ခဲ့ပြီးတော့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Bryan Cranston၊ Kevin Hart နဲ့ Nicole Kidman တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သူတို့ ၃ ယောက်ရဲ့အတွဲညီညီ သရုပ်ဆောင်ထားမှုတွေက ပရိသတ်ကို ဇာတ်အဆုံးထိ ပါအောင် ဆွဲခေါ်သွားမှာပါ။ IMDb Rating ကတော့ 6.5/10 ရရှိထားပြီးတော့ Rotten Tomatoes ကတော့ 84% ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

Drama • Sci-Fi & Fantasy
7.1 2019 126 mins
The Upside
Zero Avenue

Zero Avenue (2021) ဇာတ်လမ်းကတော့ ဒီလိုဗျာ။ နှစ်ပေါင်းလေးရာကျော် ရှင်သန်နေခဲ့တဲ့ မသေမျိုးတစ်ကောင်ရှိတယ်။ သူ့မသေခြင်းဟာ ကျိန်စာတစ်မျိုးပါပဲ။ ဒီမသေခြင်းကနေ လွတ်မြောက်ဖို့ သူလုပ်ရမှာက သူ့အမေဝင်စားတဲ့ အမျိုးသမီးကိုရှာဖို့ပါပဲ။ ဒီတော့ သူရှာတယ်ပေါ့၊ သူ့အမေဝင်စားတဲ့ အမျိုးသမီးလို့ သူထင်လိုက်တဲ့ အမျိုးသမီးကတော့ ပခြုပ်သည်မလေးပါပဲ။ ဒီတော့ သူက အဲဒီအမျိုးသမီးကို ငွေပေးပြီး BDSM ကစားတယ်။ ဒီတော့ လိင်ဆက်ဆံခန်းတွေတော့ ပါတဲ့အပြင် အတော်ခပ်ဆိုးဆိုး ဒိုင်ယာလော့တွေလည်းပါတာမို့ မိသားစုနဲ့ မကြည့်ကြစေချင်ပါဘူး။ ဒီဇာတ်လမ်းရဲ့နောက်ထပ်ထူးခြားချက်ကတော့ တစ်ချိန်လုံး စကားပဲပြောနေတာပါပဲ။ ပြောနေတဲ့ စကားတွေက စိတ်ဝင်စားဖို့ကောင်းတာတွေလည်း ပါသလို လလေးလုံးတွေလည်းပါပါတယ်။ Plot Twist လိုလို ဘာညာတွေလည်း သုံးပြီး နိုလန်ရဲ့ Following ဆန်တယ်လို့တောင် ဆိုလို့ရပါတယ်။ သူ့ဇာတ်က ဘာတွေမှန်းမသိ မလည်ရှုပ်ဖြစ်နေတာကတော့ တစ်ပိုင်းပေါ့။ ဘာပဲဖြစ်ဖြစ်ပါ၊ တော်တော်ထူးဆန်းပြီး မကြုံစဖူး ဇာတ်လမ်းအသစ်အဆန်းတွေကို သဘောကျတဲ့သူတွေတော့ သဘောကျကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.37GB, 606MB Quality – 1080p, 720p Format – mp4 Duration – 1H 34Min Genre – Horror, Romance Subtitle – Myanmar Subtitle (Hardsub) Translated by “___” Encoded by Y

Drama
0 2021
Zero Avenue
Delta Force 2: The Colombian Connection

Delta Force 2: The Colombian Connection (1990) မင်းသားကြီး Chuck Norris ရဲ့ Delta Force Trilogy ထဲက ဒုတိယမြော​က်ကား လာပါပြီ။ ပထမကားကတော့ 1986 ထွက် The Delta Force ပါ။ ဒီတစ်ခါကတော့ အမေရိက မှောင်ခိုဈေးကွက်မှာ အကြီးအကျယ် လုပ်ပိုင်ခွင့်ရထားတဲ့ တောင်အမေရိက မူးယစ်ဆေး တင်ပို့ရောင်းချသူ ရာမွန်ကိုတာကို ဖျက်ဆီးပစ်ရမယ့် မစ်ရှင်ဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆန်ကားလို့စ်နိုင်ငံက ကိုကိန်းဘုရင် ရာမွန်ကိုတာဟာ ​Chuck Norris (ကာနယ် မက်ကွိုင်း) ရဲ့ Delta Force တွဲဖက်အပြင် အမေရိကရဲ့ မူးယစ်ဆေးဝါး အေးဂျင့်အဖွဲ့ကို ဖမ်းထားပြီး သူ့အိမ်မှာ အကျဉ်းချထားတာပါ။ အဲဒါနဲ့ပဲ Delta Force ဟာ ကိုတာရဲ့ အင်အားကြီးမားတဲ့ ကိုကိန်းအင်ပါယာကြီးကို ရင်ဆိုင်တိုက်ခိုက်ရဖို့ ဖြစ်လာပါတယ်။ မက်ကွိုင်းနဲ့ သူ့ရဲ့ Delta Force ဟာ လျှပ်စီးလို အရှိန်အဟုန်နဲ့ တရားလွန် စိတ်လှူပ်ရှားစရာကောင်းတဲ့ စွန့်စားခန်းထဲမှာ ဓားစာခံတွေကို ကယ်တင်ပြီး အညှာအတာကင်းမဲ့တဲ့ ရာဇဝတ်သား အကောင်ကြီးကြီးကို ဖျက်ဆီးပစ်ဖို့အရေး ပြင်းထန်လှတဲ့ Final Battle ကို ဘယ်လိုဆင်နွှဲမလဲဆိုတာ… ရင်သိမ့်တုန် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 51Min Genre – Action, Adventure, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

0 1990 111 mins
Delta Force 2: The Colombian Connection
Are You There God? It’s Me, Margaret.
7.8

Are You There God? It’s Me, Margaret. (2023) ~ IMDb – 7.8/10, Rotten Tomatoes – 99% ~ ဒီရုပ်ရှင်လေးကတော့ Anne with an E လိုမျိုး မြီးကောင်ပေါက်လေးတွေရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းလေးတွေကို ချစ်စရာရိုက်ကူးထားတဲ့ Coming of Age အမျိုးအစားပါပဲ။ ဒီနာမည်နဲ့ပဲ မူရင်းဝတ္ထုဟာ 1970 မှာ စာရေးဆရာ Judy Blume ကရေးသားခဲ့ပြီး ၁၉၂၃ နောက်ပိုင်း အကောင်းဆုံး စာအုပ် ၁၀၀ ထဲမှာ အပါအဝင်အဖြစ် တိုင်းမ်မဂ္ဂဇင်းက ၂၀၁၀မှာဖော်ပြခဲ့ပါတယ်။ ကလေးတွေအတွက် အကောင်းဆုံး စာအုပ် ၁၀၀ စာရင်းထဲမှာလည်း အပါအဝင်ပါပဲ။ ဒီဝတ္ထုကိုပဲ ခြေခံပြီး ဒါရိုက်တာ Kelly Fremon Craig က ဇာတ်ညွန်းခွဲ ရိုက်ကူးခဲ့တာပါ။ အဓိကမင်းသမီးလေး မာဂရက် အဖြစ် Ant-Man ရဲ့သမီး ကတ်ဆီ ငယ်ငယ်တုန်းက နေရာက‌နေ ပါဝင်ခဲ့တဲ့ Abby Ryder Fortson က သရုပ်‌ဆောင်ထားသလို မာဂရက်ရဲ့ မိခင်နေရာကတော့ ဒေါက်တာစထရိန့်ရဲ့ အချစ်ဆုံး ခရစ္စတင်းဖြစ်ခဲ့တဲ့ Rachel McAdams ပါ။ မာဂရက်ရဲ့ သူငယ်ချင်း နန်စီကတော့ Stranger Things ထဲက ရဲမှူးကြီးရဲ့ သမီးဖြစ်ခဲ့တဲ့ Elle Graham ပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ မာဂရက်ဟာ ဂျူးအဖေ ခရစ်ယာန်အမေကနေ မွေးဖွားလာသူဖြစ်ပြီး မိဘတွေက ဘာသာမဲ့အဖြစ်ပဲထားထားပြီး အရွယ်ရောက်လာမှ ကိုယ်ပိုင်ဘာသာရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရားတွေကို သူ့ဘာသာ လေ့လာဆဲ စဉ်းစားဆဲပါပဲ။ သူတို့မိသားစု နယူးယောက်ကနေ နယူးဂျာဆီကို ပြောင်းလာပြီး ၆ တန်းမှာ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိန်းကလေး ယောက်ျားလေးသဘာဝ ချစ်စရာ ဖြစ်ပျက်ပုံလေးတွေကို အခြေခံထားတာပါ။ ရင်သားတွေကြီးလာဖို့၊ ဘရာတွေအကြောင်းပြောဖို့၊ ဓမ္မတာလာတာရဲ့ ထူးဆန်းမှုတွေ၊ ကောင်လေးတွေအကြောင်းတွေ စသဖြင့် ကလေးဘဝကနေ အရွယ်ရောက်လာတဲ့မိန်းကလေးတွေရဲ့ အတွေးတွေနဲ့ စူးစမ်းမှုလေးတွေကို ပြထားတာမို့ မြီးကောင်ပေါက်ရုပ်ရှင်ကောင်းလေးတစ်ခုအဖြစ် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 46Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

7.8 2023 107 mins
Are You There God? It’s Me, Margaret.
Happy Feet Two
5.8

ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။ အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood (Lord of the ring ထဲက Frodo) က မန်ဘယ်အဖြစ်၊ Robin Williams (JumanJi 1995) က ရေမွန်နဲ့ Lovelace ဂုရုကြီးအဖြစ်၊ အဆိုတော်နဲ့သရုပ်ဆောင် E.G. DAILY က အဲရစ်ခ်အဖြစ်၊ Brad Pitt (World War Z/Bullet Train) က ပုစွန်ဆိတ်ကလေး ဝယ်လ်အဖြစ်၊ အဆိုတော် Pink က ဂလော်ရီယာအဖြစ် အသီးသီး ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့ သီချင်းမဆိုတတ်ပေမဲ့ အကနဲ့တင် အလှတရားလေးဂလော်ရီယာကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်ဘယ်က သူနဲ့တူတဲ့ သားလေးအဲရစ်ခ်အတွက် အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပုံကနေ စခဲ့ပါတယ်။ သွေးကစကားပြောတယ်ဆိုရမလားမသိ၊ သူ့သားလေး အဲရစ်ခ်က တခြားပင်ဂွင်းငယ်လေးတွေလိုမဟုတ်ဘဲ သီချင်းမဆိုတတ်သလို အကမှာလည်း သူ့လိုမျိုး ကျွမ်းကျင်မှုမရှိတာကြောင့် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့တာပါ။ ဒီလိုနဲ့ အဲရစ်ခ်က မန်ဘယ့်သူငယ်ချင်း ပင်ဂွင်းပုလေး ရေမွန့်နောက်ကိုလိုက်ရင်း အိမ်ပြေးလုပ်ဖို့ကြိုးစားတာမို့ သူက လိုက်ခေါ်ပြီး အပြန်လမ်းမှာတော့ သူတို့ပင်ဂွင်းတွေအတွက် မျိုးတုံးလုနီးနီး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အဲဒါကတော့ ရေခဲတောင်ကြီးတွေ ရွေ့လျားပြိုကျပြီး သူတို့နေတဲ့အင်ပါယာနယ်မြေတစ်ခုလုံးဟာ ရေခဲတောင်တွေကြား လေးဖက်လေးလံလုံးမှာ ပိတ်မိသွားရတာပါပဲ။ သူတို့ အင်ပါယာပင်ဂွင်းတစ်စုလုံး ပိတ်မိနေခဲ့ပြီး လွတ်နေတာဆိုလို့ သူတို့ သားအဖနှစ်ယောက်နဲ့ အဲရစ်ခ်ရဲ့သူငယ်ချင်းလေးတွေပဲရှိချိန်မှာ ဒီဒုက္ခဘေးကနေ လွတ်အောင် သူတို့ဘယ်လိုရုန်းထွက်ကြမလဲ… တကယ်ရော ရုန်းထွက်နိုင်မှာလား… ဘယ်လိုနည်းလမ်းမျိုးနဲ့များ ရေခဲတောင်တွေကြားက လွတ်အောင်ရုန်းထွက်ကြမလဲဆိုတာကိုတော့ လှုပ်လှုပ်ရွရွ ကာတွန်းကာရိုက်တာလေးတွေနဲ့ သာယာဖွယ် သီချင်းလေးတွေကို စီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီကာတွန်းကားလေးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Action • Adventure
5.8 2011
Happy Feet Two
Mary Cherry Chua
6.9

Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb – 6.3/10 ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ ကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ် ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ် ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့… ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~KKKZ တို့ပဲဖြစ်ပါတယ်

TV Movie • Thriller
6.9 2023
Mary Cherry Chua
Freddy’s Fridays

ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ Horror Thriller ကြိုက်သူတွေ အတွက် အကြိုက်တွေ့စေမယ့် Freddy’s Friday လို့ ခေါ်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ လန်ဒန်မှာ သောကြာနေ့တိုင်း မိန်းကလေးတွေ ပျောက်ပျောက်နေတဲ့ အကြောင်းပါပဲ ။ ပျောက်သွားတဲ့မိန်းကလေးတွေက အလောင်းပဲ ပြန်ပြန်တွေ့ရတတ်ပြီး ဘာနောက်ကြောင်းမှလည်း စုံစမ်းလို့ မရတာကြောင့် စုံထောက်ဖြစ်တဲ့ လေလာက အခက်တွေ့နေတာပါ ။ အဲဒီလိုကနေ ခြောက်ယောက်မြောက် ပျောက်ဆုံးသူဖြစ်တဲ့ အန်နာစတေးရှား ပျောက်ဆုံးပြီးတဲ့နောက်မှာတော့ လေလာဟာ သဲလွန်စကို ဆွဲမိခဲ့ပါတယ် ။ သဲလွန်စကတော့ အန်နာစတေးရှားနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ တို့ဒ်ဖစ်ရှာ လို့ခေါ်တဲ့ လူပါပဲ ။ အဲဒီလူနောက်ကို နောက်ယောင်ခံလိုက်ရင်းကနေ လေလာတစ်ယောက် ဘယ်လို ထူးဆန်းတာတွေကို တွေ့ရမလဲ ။ ဘာတွေနဲ့ ကြုံရမလဲ ။ မိန်းကလေးတွေကို သောကြာနေ့တိုင်း ဖမ်းဖမ်းပြီးသတ်နေတဲ့ အရာကိုရော သူတားဆီးနိုင်မလဲဆိုတာ Freddy’s Friday လို့ ခေါ်တဲ့ ရုပ်ရှင်မှာ ဆက်ကြည့်လိုက်ကြရအောင် ။ File size…1.14GB /506MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 17m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

0 2023 77 mins
Freddy’s Fridays
Mutant
5.8

ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့ အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့ လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက် တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီး ကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကို အင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။ မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကို မျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။ အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်း ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့ လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။ လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါ အဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ? အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော် ။

5.8 2024
Mutant
Quick Change
6.8

Quick Change (1990) ~ IMDb – 6.8/10, Rotten Tomatoes – 84% ~ တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။ အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့‌အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။ တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack တာတို့၊ အဆင့်မြင့်နည်းပညာတွေသုံးတာတို့ဘာတို့ မပါဘူး။ သာမန်လူက သာမန်အတိုင်း ဉာဏ်ကစားပြီး ဓားပြတိုက်သွားတာပဲ။ ဘဏ်ဓားပြတိုက်တဲ့ နောက်ကွယ်က အကြောင်းအရင်းကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့ လွတ်မြောက်ချင်စိတ် ဆိုတဲ့အရာပေါ် အခြေခံတယ်။ အဲဒါကြောင့် သူတို့နေရာက ဝင်တွေးပေးဖို့ သိပ်အလှမ်းမဝေးသလို ခံစားရတယ်။ ဇာတ်လမ်းအစမှာ လူပြက်ဝတ်စုံနဲ့ လူတစ်ယောက်က ဘဏ် ဓားပြလာတိုက်တယ်။ ဓားစာခံတွေကိုဖမ်းထားပြီး အပြင်ကရဲကို ရဟတ်ယာဉ်တွေ၊ ဆိုင်ကယ်တွေ၊ မွန်းစတားထရပ်တွေ ဘာတွေ အစုံ တောင်းဆိုတယ်။ တောင်းဆိုချက်တစ်ခုလိုက်လျောရင် ဓားစာခံတစ်ယောက်လွှတ်ပေးမယ်ပေါ့။ အဲဒီလိုနဲ့ အပြင်က ရဲတွေကို တစ်ကွက်ပြပြီး ဘဏ်ဓားပြတိုက်တဲ့လူပြက်ကပါ လွတ်သွားတယ်။ ရဲတွေကတော့ လူပြက်ကို အထဲမှာပဲ ရှိဦးမယ်ထင်ပြီး စောင့်ဖမ်းဖို့လုပ်တယ်။ အဲဒီမှာ မမျှော်လင့်ထားတာလေးတစ်ခုဖြစ်ပြီး လူပြက်လွတ်သွားကြောင်း ရဲတွေသိသွားတော့ အသည်းအသန် လိုက်ကြတာပေါ့။ ဖြစ်ချင်တော့ ဓားပြတိုက်တာက လူပြက်တစ်ယောက်တည်းမဟုတ်ဘူး။ နောက်ထပ် ၂ ယောက်ပါနေတယ်။ အဲဒါကိုလည်း ရဲတွေက နောက်မှသိရတယ်။ ဒီလိုနဲ့ လူပြက်တို့အဖွဲ့ကလည်း လွတ်အောင်ပြေးတဲ့ လမ်းတလျှောက် ပြဿဒါးရက် နှစ်ထပ်ကွမ်းသလားမှတ်ရအောင် အမျိုးစုံ တိုင်တွေပတ်တယ်။ လွတ်အောင်ပြေးတဲ့ကိစ္စက ဘဏ်ဓားပြတိုက်တာထက် ပိုခက်သလိုကို ဖြစ်နေတာပေါ့။ အကယ်၍ ဒီရုပ်ရှင်ထဲက ရဲအုပ်ကြီးကိုသာ သာမန်ရဲလိုထားလိုက်ရင် ဒီလူတွေ လွတ်မှာပဲလို့ ကြိုတွက်လို့ရတယ်။ ဒါပေမဲ့ ဒီရဲအုပ်ကြီးကိုလည်း ဘဏ်ဘက်က ဖိအားပေးတော့ သူ့အတွက်လည်း မရမက ဖမ်းကိုဖမ်းရမယ့်အခြေအနေဖြစ်သွားတယ်။ အဲဒီလိုနဲ့ ဓားပြတွေပဲလွတ်မလား၊ ရဲပဲမိမလား ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းသွားတယ်။ သူတို့ ဓားပြတိုက်တဲ့ အကြောင်းပြချက်က နယူးယော့ခ်ကနေ လွတ်မြောက်ချင်စိတ်ကို အရင်းခံတယ်။ “ငါဒီမြို့ကို မုန်းလိုက်တာ” ဆိုတဲ့စကားကို လူပြက် (Bill Murray) က ခဏခဏပြောတယ်။ မြို့ပြရဲ့ ရက်စက်မှုတွေ၊ သွေးအေးမှုတွေ၊ ဆာလောင်မှုတွေကို သူတို့မခံနိုင်တာကြောင့်ပဲ ဒီမြို့က လွတ်အောင်ကြိုးစားကြတာ။ ဓားပြတိုက်တဲ့ ၃ ယောက်လုံးကလည်း ကျွမ်းကျင် ရာဇဝတ်သားတွေမဟုတ်ဘူး။ သူလို ကိုယ်လို သာမန်လူတွေပဲ။ အဲဒီလို ရိုးရိုးရှင်းရှင်းလူတွေက ရိုးရိုးရှင်းရှင်း ဓားပြတိုက်သွားတာကပဲ ဒီရုပ်ရှင်ကို ကွဲထွက်စေတာလို့ ပြောလို့ရတယ်။ လွတ်အောင်ပြေးကြတဲ့အပိုင်းမှာလည်း မြို့ထဲကလူတွေနဲ့ တွေ့ရကြုံရ ပြဿနာတွေတက်ရနဲ့ မြို့ပြကြီးရဲ့ ပုံစံကို လှလှပပ ပြောပြသွားတယ်။ ဒီရုပ်ရှင်ကို ဟာသလေးတွေဖြည့်လိုက်တာက ပိုလို့တောင် ကြည့်လို့အဆင်ပြေသွားတယ်။ ဒီရုပ်ရှင်က Bill Murrayရဲ့ ဒါရိုက်တာအနေနဲ့ရိုက်ခဲ့တဲ့ တစ်ခုတည်းသော ရုပ်ရှင်ဖြစ်တာကြောင့် တစ်ကားလုံးမှာ Bill Murray အငွေ့အသက်တွေ ပြည့်နေသလိုတော့ရှိတယ်။ Box Office မှာ ၂ သန်းလောက်ရှုံးပေမဲ့ Bill Murray ရဲ့ ပါဖောမန့်နဲ့ ဟာသတွေအတွက်တော့ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ ရုပ်ရှင်ပါပဲ။ ယုတ္တိသိပ်မရှိလှတဲ့ အဆင့်မြင့်နည်းပညာတွေ၊ ဟက်ကာတွေ၊ လက်နက်ကြီးတွေနဲ့ ဘဏ်ဓားပြတိုက်တဲ့ကားတွေထက် လက်တွေ့ဘဝနဲ့ ပိုရင်းနှီးတဲ့ ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်မျိုး သဘောကျရင်တော့ ကြည့်ပျော်မယ့် ရုပ်ရှင်တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 804MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 29Min Genre – Comedy, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.8 1990 89 mins
Quick Change
Fierce Hunt
6

စိတ်လှုပ်ရှားစရာ မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Fierce Hunt ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရဲတပ်ဖွဲ့တွေကို တမင်အနိုင်ယူချင်နေတဲ့ ဒုစရိုက်အဖွဲ့တစ်ဖွဲ့က ထျန်းဟိုင်မြို့က စိန်ရွှေရတနာဆိုင်တွေကိုပဲ ဆက်တိုက် ဓားပြတိုက်နေတာ ဖြစ်ပါတယ်။ ဓားပြတိုက်တိုင်းမှာလည်း မျက်နှာဖုံးတပ်ထားကြတဲ့အတွက် သဲလွန်စ ရှာမရဖြစ်နေပါတယ်။ ပြီးတော့ ဓားပြတွေက ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ကအစ တွေးခေါ်မှုတွေအထိ ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး အမြဲတမ်း လွှတ်မြောက်နေခဲ့ပါတယ်။ မှုခင်းရဲတပ်ဖွဲ့က ဆရာတပည့်နှစ်ယောက်ဖြစ်တဲ့ ဝမ်ကျန်းနဲ့ ချန်မော့တို့ကို ဒီအမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ တိုက်ဆိုင်စွာနဲ့ သူတို့နှစ်ယောက် ရွှေဆိုင်တစ်ဆိုင်မှာ ဆရာကတော်အတွက် လက်ဆောင်ရွေးနေတုန်း ဓားပြအဖွဲ့နဲ့ တည့်တိုးတွေ့ခဲ့ပါတယ်။ အရပ်ဝတ်နဲ့ လက်နက်မပါတဲ့ သူတို့ကလည်း ဓားပြတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရုံကလွှဲပြီး ဘာမှ မတတ်နိုင် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဓားပြခေါင်းဆောင်က ဆိုင်ထဲက လူတွေထဲမှာ ရဲ ၂ ယောက်ရှိနေမှန်း သိလိုက်တဲ့အခါ…… ရဲ ၂ ယောက်ကို ရှာဖို့အတွက် ပြည်သူတွေကို အသက်အန္တရာယ်ပေးလာတဲ့အခါ…… ရဲတွေက ပြည်သူတွေကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • History
6 2024
Fierce Hunt
Scam 1770

Scam 1770 ( 2024 ) လှည့်ကွက်များ IMDb 7.4/10 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2024 ထွက် Scam ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ NEET စာမေးပွဲရဲ့ ရက်စက်တဲ့အဖြစ်မှန်တွေနဲ့ ပညာရေးလောကရဲ့ရိုက်စားလုပ်ကွက်တွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ဇာတ်လမ်းအစမှာပဲ နစ်သရာဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ဆေးကျောင်း၀င်ခွင့်ကိုလက်လျှော့လိုက်တာနဲ့စထားပါတယ်။ ကောင်မလေးဟာ ၀င်ခွင့်ကိုလက်လျှော့လိုက်ရုံတင်မကဘဲ ရထားလမ်းပေါ်မှာပါ သေကြောင်းကြံသွားပါသေးတယ်။ လူတွေကတော့ စာမေးပွဲမအောင်လို့ လုပ်မိလုပ်ရာလုပ်တယ်လို့ပဲထင်ကြတာပေါ့ဗျာ။ ဘာကြောင့်များလဲ။ ဘယ်လိုအခက်အခဲတွေကြောင့် ဆရာ၀န်ဖြစ်ချင်လှတဲ့နစ်သရာတစ်ယောက် အိပ်မက်တွေအကောင်အထည်ဖော်ရခါနီးမှာ ဘာကြောင့်များ လက်လျှော့ပြီး ဘ၀ကိုအရှုံးပေးသွားတာပါလဲ။ ဖိအားတွေကြောင့်များလား။ ဒါမှမဟုတ် ပျက်စီးခြစားနေတဲ့ပညာရေးစနစ်ကပဲ သူ့ကိုအဆုံးစွန်ထိတွန်းပို့ခဲ့တာလား။ နစ်သရာရဲ့သေဆုံးမှုနောက်ကွယ်မှာ ဘာတွေရှိဦးမလဲ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် )

Comedy • Action
0 2024 131 mins
Scam 1770
Sikandar

Sikandar (2025) “ရှင်ဘုရင်” Official WEB DL 4k ရပါပြီခင်ဗျာ နာမည်ကျော်မင်းသား ဆယ်မခန်း ပွတ်ရှ်ပါမင်းသမီး ရက်ရှမီးကားနဲ့ မင်းသမီးချော Kajal Aggarwal, Three Idiots ထဲက ရန်ချိုရဲ့သူငယ်ချင်းဖြစ်တဲ့ Sharman Joshi တို့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ အက်ရှင်ရုံကားသစ်ကို ထွက်ထွက်ချင်းတင်ဆက်ပေးလိုက်ပါတယ် ရာဂျ်ကော့တ်ပြည်နယ်မှာ လူအများက ရှင်ဘုရင်တစ်ပါးလို ကြည်ညိုလေးစားကြတဲ့ ဆန်ဂျေးဆိုတဲ့ လူတစ်ယောက်ရှိပြီး သူ့ရဲ့ရက်ရောမှုကြောင့် သူ့ကိုထိတာနဲ့ လူအုပ်လိုက်ဝိုင်းလာရအောင်ထိ အရှိန်အဝါကြီးတယ် တစ်ရက်တော့ လေယာဉ်ပေါ်မှာ ဝန်ကြီးတစ်ယောက်ရဲ့ သားက အမျိုးသမီးတစ်ဦးကို လိင်အမြတ်ထုတ်ဖို့ကြိုးစားတဲ့အခါ ဆန်ဂျေးက ဝင်ဆုံးမခဲ့တဲ့အတွက် ဝန်ကြီးနဲ့ ဆန်ဂျေးတို့ ရန်ဘက်တွေဖြစ်လာပါတော့တယ် အကျင့်ပျက်နိုင်ငံရေးသမားတစ်ယောက်နဲ့ လူအများရဲ့ ကယ်တင်ရှင် ဆန်ဂျေးတို့ ဘယ်လောက်ထိ အားပြိုင်သွားကြမလဲ ဖိုက်တင်ကြမ်းကြမ်းနဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ရှုစားလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Romance
0 2025 133 mins
Sikandar