YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Star Trek Beyond [2016] (MM Sub).mp4

837.61 MB N/A video/mp4 4097 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
Girl From The Past
6

Plotအမျိုးမျိုးနဲ့ ကြည့်ရှုသူကို တွေးစရာတွေအများကြီးပေးမယ့် စိတ်ရောဂါအခြေပြုထားတဲ့ Dramaဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဒီကားကိုကြည့်ရင်းနဲ့ "မိုးညအိပ်မက်မြူ"ရုပ်ရှင်ရော ဝတ္ထုကိုရောအမှတ်ရသွားမယ်လို့ပြောနိုင်ပါတယ်။ ဇာတ်လမ်းကို ကြိုတွေးလို့မရအောင်ကိုရိုက်ကူးပြထားပြီး တစိမ့်စိမ့်ကြည့်ရင်းအဆုံးရောက်မှသာ ဇာတ်ရည်လည်သွားရမှာမျိုးပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ... တစ်ကောင်ကြွက်ဖြစ်သူ ကွေ့ယန်ဟာ ငွေရှာဖို့အတွက် စံအိမ်ကြီးတစ်ခုမှာ အိမ်ဖော်အဖြစ်အလုပ်ဝင်လုပ်ရင်းစခဲ့တာပါ။ အဲ့ဒီမှာပဲ အိမ်ပြေးလေး ယန်ဆိုတဲ့သူလေးနဲ့ တွေ့ခဲ့ပြီး သူဟာကွေ့ယန်ကို တအားတွယ်တာသူ၊ စောင့်ရှောက်ချင်သူပါ။ အိမ်ရှင်သူ‌ဌေးရဲ့သားဖြစ်သူဟာ ဆိုးသွမ်းနေရင်း နောက်ဆုံးကြံရာမရ အဖေအရင်းကိုသတ်ဖို့လုပ်ရာမှာ ကွေ့ယန်တို့နှစ်‌ယောက်လည်း ဝင်ကယ်ဖို့လုပ်‌ပေမယ့် အခါနှောင်းကာ သူဌေးလည်းသေ စံအိမ်လည်း မီးလောင်သွားပါတော့တယ်။ ရဲအဖမ်းခံရမယ့်ဆဲဆဲ ဘဝပေးအခြေအနေအတိုင်း သွေးသားမတော်စပ်တဲ့ ညီအစ်မနှစ်ယောက်ရဲ့ ရှင်သန်ဖို့ကြိုးစားခဲ့ရပုံ၊ ကိုယ်စီကိုယ်စီ ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းကြပုံတွေကို တွေးတောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.2GB, 474MB, 252MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 45mins Genre              : Drama, Thriller Translated by Themes Encoded by Kinnov

Fantasy
6 2022 105 mins
Girl From The Past
Asvins

Asvins ( 2023 ) ============== IMDb 6.9/10 အာသာဝဏီနတ်မင်းရဲ့တန်ခိုးကြောင့် သိဒ္ဓိဝင်နေတဲ့ နတ်ဆင်းတုနှစ်ခု။ အဲဒီဆင်းတုနှစ်ခုထဲက တစ်ခုဟာ နတ်ဆိုးတစ်ကောင်ကြောင့် ကျိန်စာသင့် အပမှီသွားပြီး အဲဒီဆင်းတုတွေရှိနေတဲ့ ရွာတစ်ခုလုံး အငတ်ဘေးကျ ကပ်ဆိုက်ကာ ရွာပျက်သွားတယ်။ အဲဒီနောက်မှာတော့ အဲဒီဆင်းတုတွေလည်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ . လူတွေသေဖူးတဲ့၊ အဖြစ်ဆိုးတွေကြုံရဖူးတဲ့နေရာတွေ အိမ်အိုအိမ်ဟောင်းတွေမှာ မှတ်တမ်းတင်ဗွီဒီယိုတွေရိုက်ကြတဲ့ YouTuber အဖွဲ့တစ်ဖွဲ့ဟာ သရဲခြောက်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အိမ်အိုကြီးတစ်ခုကို မှတ်တမ်းတင်ဖို့ သွားကြရင်း တစ်ယောက်ပြီးတစ်ယောက် အဖြစ်ဆိုးတွေကြုံရပါတယ်။ အဲဒီအဖြစ်ဆိုးတွေရဲ့နောက်ကွယ််မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲ၊ ဘာလို့ ဒီလိုတွေကြုံနေရတာလဲဆိုတာ ဒီ ရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယသရဲကားတွေမှာမြင်ရခဲတဲ့ပုံစံနဲ့တင်ဆက်ထားပြီး စိတ်ဝင်စားစရာလည်းကောင်းတာမို့ ညဘက်တစ်ယောက်တည်း မီးမပြတ်တဲ့နေရာတွေဆို မီးလေးပိတ်ပြီး ကျောတစိမ့်စိမ့်နဲ့ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ BpL, ZweYan,V နဲ့ Yunni တို့ပဲဖြစ်ကြပါတယ်။ ) File size…1.34GB / 593.5MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ ZweYan~ V ~ Yunni

Action • Fantasy • Mystery
0 2023
Asvins
Ox-Head Village
5.3

၂၀၂၂ရဲ့နောက်ဆုံးထွက် သည်းထိတ်ရင်ဖို ဂျပန်ရုပ်ရှင်ကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Howling Village,Suicide forest villageလို နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာရဲ့ ၃ကားမြောက် Horrorကားပါ။ စစချင်းမှာ ဟိုတယ်ပျက်ထဲကို သွားပြီးliveလွှင့်ပြထားတာကြောင့် "Gonjiam"လိုမျိုး ဇာတ်လမ်းလားလို့တောင် သွားသတိရမိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - အထက်တန်းကျောင်းသူလေး ၃ယောက်က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ ဟိုတယ်ပျက်ထဲကို liveလွှင့်ပြရာကနေ စပါတယ်။ သူတို့ထဲက "ရှိအွန်"ဆိုတဲ့ကျောင်းသူလေးကတော့ liveထဲမှာ သူ့ရုပ်ပါမှာစိုးလို့ နွားခေါင်း ခေါင်းစွပ်ကိုဆောင်းထားခဲ့ပါတယ်။ အဲဒါနဲ့ ကျန်တဲ့ကောင်မလေးတွေက ရှိအွန်ကို အခန်းတစ်ခုထဲမှာ အတင်းပိတ်ထားလိုက်ကြပါတယ်။ ခဏကြာတော့ တံခါးကိုဖွင့်ပြီးပြန်ရှာကြည့်ပေမဲ့ ရှိအွန်ကတော့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါပြီ။ ဒီအဖြစ်အပျက်ကို ကြည့်မိသွားတဲ့သူတော့ "ခန်အွန်"လို့ခေါ်တဲ့ကောင်မလေးပါ။ သူဟာ videoထဲက နွားခေါင်းဝတ်ထားတဲ့ ရှိအွန်နဲ့ ရုပ်ချင်းခွဲမရအောင် တူနေတာမို့ ဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ ခန်အွန်လည်း နွေရာသီကျောင်းပိတ်ရက်မှာ သူ့ရဲ့အီစီကလီကောင်လေး "ရန်"နဲ့အတူ liveထဲက ရေပူစမ်းဟိုတယ်ပျက်ကြီးရှိတဲ့မြို့ကို သွားကြပါတယ်။ အဲဒီမှာပဲ သူတို့ကိုလိုက်ပို့ပေးတဲ့taxiသမားက နွားခေါင်းပုံပြင်အကြောင်းကိုပြောပြပါတယ်။ ဒီပုံပြင်ကိုနားထောင်မိတဲ့သူတိုင်းဟာ ကျိန်စာမိပြီး သေဆုံးရမယ်လို့ ယုံတမ်းစကားရှိပါတယ်တဲ့။ ဒါပေမဲ့ သူတို့ကတော့မယုံဘဲ ဟိုတယ်ပျက်နဲ့အတူ နွားခေါင်းအကြောင်း ဆက်ပြီးစုံစမ်းကြတဲ့အခါ... ခန်အွန်နဲ့ နွားခေါင်းစွပ်ထားတဲ့ ရှိအွန် ၂ယောက်သားနဲ့ နွားခေါင်းကျိန်စာက ဘယ်လိုမျိုးတည်ရှိနေပြီး လာသက်ဆိုင်နေရတာလဲ။ ဒီကျိန်စာကို ဘာကြောင့်တည်ရှိနေပြီး လူငယ်တွေကဘယ်လိုကျော်လွှားကြမှာပါလဲ။ ရှေးခေတ်ရဲ့ဓလေ့တွေနဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ဆက်စပ်စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဂျပန်Horrorဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.9GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:55:00 Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Adventure
5.3 2022 115 mins
Ox-Head Village
(Tillu)²

IMDb 7.8 ထိရရှိထားတဲ့ Comedy ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ် အဖေဖြစ်သူက သူ့အကြိုက်ဆုံး ဖိုက်တာနာမည်အရ တီလူးလို့နာမည်ပေးခဲ့ပေမယ့်လည်း သူကိုယ်သူ ဒီဂျေတီလူးလို့နာမည်ပေးထားတဲ့တီလူးကတော့ အလုပ်အကိုင်ရယ်လို့ ရေရေရာရာမရှိ စိတ်ထဲပေါ်တာလိုက်လုပ်နေတဲ့ ယောင်ခြောက်ဆယ်ကောင်ပါ ဖိုက်တာလုပ်မယ်ဆိုပြီးလုပ်လိုက် တစ်လကြာတော့ မျက်ခွက်ထိုးခံရပြီး မလုပ်တော့ပြန်.... စီးပွားရေးလုပ်မယ်ဆိုပြီး လုပ်တော့လည်း အရှုံးပေါ်... နောက်ဆုံးမှာ ဆာရိပထမဆုံးဝတ်ဆင်ပွဲ ဘိုနာလုပွဲစတဲ့ပွဲတွေမှာ ဒီဂျေလိုက်လုပ်နေပါတော့တယ် ဒီလိုနဲ့ကလပ်မှာသူသဘောကျတဲ့ကောင်မလေး ရာဒိယာနဲ့တွေ့ဆုံခဲ့ရပါတယ် ငပျင်းကောင် တီလူးတစ်ယောက် မထင်မှတ်ထားပဲ သူ့ဘဝကြီးကို အပြောင်းအလဲဖြစ်စေနိုင်တာ ကိစ္စကြီးနဲ့ တွေ့ကြုံလိုက်ရတဲ့ချိန်မှာ... အဲ့ဒီကိစ္စကရော ဘာဖြစ်မှာလဲ... ငပျင်းတီလူးတစ်ယောက် ဘယ်လိုကိစ္စတွေကြုံရမလဲဆိုတာ ဟာသနှောရင်း ရိုက်ကူးထားတာမလို့ ဆက်လက်ကြည့်ရှုပေးပါဦး File size…1.79GB /  874MB Quality…1080p WEB  DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae

Crime • Drama
0 2023
(Tillu)²
Enemies Closer
5.2

မင်းသားကြီး Van Damme ကိုယ်တိုင်ဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Enemies Closer ဆိုတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ။ ဟင်နရီကအမေရိကန်နဲ့ကနေဒါနယ်နမိတ်ကတောအုပ်အတွင်းမှာ အလုပ်လုပ်နေတဲ့သူပါ။တစ်နေ့မှာတော့ သူ့ရဲ့အတိတ်ကပြဿနာတစ်ခုကြောင့်သူ့ကို သတ်ဖို့ကြိုးစားတဲ့ ကလေး ဆိုသူရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးရဲ့ဟင်နရီကိုလုပ်ကြံသတ်ဖြတ်မှုကမအောင်မြင်ခဲ့ပဲ မူးယစ်ဆေးရောင်းဝယ်ရေးအဖွဲ့တစ်ခုက သူတို့ရှိနေတဲ့တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။ ဟင်နရီတို့နှစ်ယောက်ရန်သူအဖြစ်ကနေပူးပေါင်းသွားကြပြီး မူးယစ်ရာဇာတွေကိုဘယ်လိုအနိုင်ယူတိုက်ခိုက်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။

Adventure • Animation • Comedy • Family • Fantasy
5.2 2013 85 mins
Enemies Closer
Bird Box
6.9

ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ Kingmans:The Secret Service ထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည် မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါသူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူကအသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းက တော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာတယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ် စိတ်တွေ လွတ်ထွက်ကုန်တယ် တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ် အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူတွေရှိတာပေါ့ ဒီတော့ဇာတ်လမ်းက survival ဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါဆိုတော့တာ ဒီကားလေးက rating သိပ်မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ် နာမည်လေးကလဲBird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်းနဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်ထူးထူးခြားခြားကြီးမရှိဘူး ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ အဲ့လိုထူးခြားအောင်လဲ မင်းသမီးကြီး Sandra Bullockကဆွဲခေါ်ပေးသွားတာပါ ကလေးသရုပ် ဆောင်နှစ်ယောက်ကလဲလျှမ်းလျှမ်းတောက်ပဲ မင်းသမီးကြီးကို The Blind Side တို့Gravity တို့မှာကတည်းကကြွေတာ အခုဒီကားမှာလဲ သူတစ်ယောက်တည်းနဲ့တင်ဇာတ်အိမ်တစ်ခုလုံးစလယ်ဆုံး survival ဆိုတဲ့အခြေနေကိုပေါ်လွင်အောင်ဖမ်းစားပေးနိုင်တယ် ဒီကားက thriller နဲ့ dramatype လို့ပြောထားပေမယ့် thriller ကိုတော့သိပ်မခံစားရဘူး drama ဘက်ပိုအလေး သာတယ်လို့ ထင်မိတယ်အဲ့ဒါကလဲ ဒါရိုက်တာ Susanne Bier ကြောင့်နေမယ်သူက drama တွေအရိုက်များတယ်ဆိုတော့thriller ဖြစ်စေမယ့် scene တွေမှာသမားရိုး ကျဆန်နေတယ်ဒီ Bird Box လေးဟာ 2014 ကအမေရီကန်စာရေးဆရာ Josh Malermanရဲ့ ဝတ္ထုကိုပြန်အသက်သွင်းထားတာမို့လို့movie ရဲ့ပေးချင်တဲ့ message က စာအုပ် နဲ့ထပ်တူထပ်မျှပါပဲ demon ကောင်တွေ ဘာညာတွေက အဓိကမဟုတ်ဘူးပေါ့ သင်သာ survival အခြေနေရောက်ရင်ဘယ်သွားသွားမျက်လုံးအဝတ်စည်းပြီး သွားရ မယ်ဆိုရင်ဘယ်လိုခံစားရမလဲ ဘယ်လောက်ထိ ရဲဆေးတင်ဖို့လိုမလဲဆိုတာကို မိန်းမတစ်ယောက်ရဲ့ ခွန်အားဆုံးဖြတ်နိုင် စွမ်းနဲ့ Sandra Bullock ရဲ့ အနုပညာ အရောနှောလေးပေါင်းပြီး End of the Worldဖီလင်လေးကို ခံစားကြည့်ရတာ သင့်အတွက်တွေးစရာလေးတစ်ခုရသွားမယ်ဆိုရင်တော့ မမှားပါဘူး ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင်က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ် Rating IMDb-6.6 Rotten Tomatoes-64%

Comedy
6.9 2018 124 mins
Bird Box
Babel
7.4

[Unicode] Babel (2006) IMDB – 7.4 Rotten Tomatoes – 69/100 ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်မှာ နိုင်ငံသုံးနိုင်ငံပါတယ်။ အမေရိကန် ဂျပန် မော်ရိုကို သူတို့ရဲ့ဘာသာစကားတွေ မတူညီကြဘူး။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုဟာ အဲ့ဒီနိုင်ငံသုံးခုက မိသားစုသုံးခုက ကလေးတွေကို ချိတ်ဆက်ပေးလိုက်တယ်။ ဒီချိတ်ဆက် မှုဟာ ကလေးတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေနဲ့ ချိတ်ဆက်ထားတယ် ထင်စရာရှိပေမယ့် ဂျုန်းမိသားစုက ကလေးနှစ်ယောက်ကတော့ ဘာအမှားမှမလုပ်ခဲ့တဲ့အတွက် ဒီရုပ်ရှင်ရဲ့ ဦးတည်ရာက မိဘတွေကိုပါပဲ။ ” ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကားတမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်းငှာ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေ‌ ‌တော်မူသဖွငျ့ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။ “ ကမ္ဘာဦးကျမ်း ၁၁ ၆ ၇ ၈ ကမ္ဘာဦးကျမ်းအတိုင်းပြောရရင် ဘုရားသခင်ဟာ လူသားတွေကို ဖန်တီးခဲ့တယ်။ ဘုရားသခင်ဟာ လူသားတွေရဲ့ဖခင်ပါပဲ။ သူဖန်တီးခဲ့တဲ့ သူ့သားသမီးတွေဟာ ဘုရားသခင်ကို အန်တုဖို့ပြင်ဆင်လာကြတယ်။ ကလေးတွေရဲ့ ဘာသာသဘာဝအသစ်အဆန်းကို မြင်ရင် စမ်းသပ်ချင်ကြတယ်။ ဒါကို ဘုရားသခင်က လူသားတွေကို အပြစ်ပေးပြီး ဘာသာစကား အရပ်ဒေသတို့ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်ကို ခင်ဗျားကြည့်ပြီးတဲ့ အခါ ဒီကလေးတွေရဲ့ အမှားတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ကမ္ဘာဦးက လူတွေရဲ့အမှားအတွက်ရော ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သိမှာပါ။ ဒီရုပ်ရှင်ဟာ ဒီတစ်လမ်းတည်းတည်းသွားတာတော့ မဟုတ်ပါဘူး။ Brad Pittကိုယ်တိုင်မှာလည်း ကမ္ဘောဒီးယား အီသီယိုးပီးယားနဲ့ ဗီယက်နမ်က ကလေးသုံးယောက်ကို မွေးစားထားပါတယ်။ သူ့သွေးရင်းကလေးသုံးယောက်လည်းရှိတယ်။ ဒီရုပ်ရှင်ဟာ ဘရက်ပစ်ရဲ့ကလေးသုံးယောက်နဲ့ လူမျိုးကွဲ ကလေးသုံးယောက်ကို အဓိကပြထားပါတယ်။ တိုက်ဆိုင်မှုဆိုရင်တောင် အတော်ကြီးတဲ့ တိုက်ဆိုင်မှုပါ။ ဒါရိုက်တာ Alejandro G. Iñárrituကလည်း Revenant တို့ 21 gramsတို့ Birdmanတို့ ရိုက်ထားတဲ့သူပါ။ ့ ဘာသာစကားခြောက် မျိုးကိုသုံးသွားပြီး တစ်ခုသော ဘာသာစကားကတော့ ဆွံ့အနားမကြားကောင်မလေးသုံးတဲ့ Sign Languageပါပဲ။ သေချာတာကတော့ မိဘနဲ့ သားသမီးမှမဟုတ်ပါဘူး။ ဆက်နွယ်ပက်သက်နေတဲ့ လူတွေတိုင်းမှာ ဘယ်လိုဘာသာစကားကိုပဲသုံးသုံး ချစ်ခြင်းရဲ့ အရာရာလိုက်လျောမှုသဘောအပေါ် ခံစားနားလည်မှုမပေါင်းရင် တကယ်တမ်း ကျွန်တော်တို့ တစ်ဖက်သားကို အပြည့်အဝ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ ပင်လယ်သမုဒ္ဒရာကြီးပါပဲ။ ဘာဘယ်မျှော်စင်ကြီးပေါ်က ကြည့်နေရသလို ကျယ်ပြန့်လှတဲ့ကမ္ဘာထဲက ဘဝတွေကို ခင်ဗျား‌မြင်ရမယ်။ ဘယ်မြစ်ကနေပဲသွားသွား အဆုံးမှာတော့ ဒီရသပင်လယ်ကြီးရဲ့တစ်နေရာကို ရောက်သွားမှာပါပဲ။ ပင်လယ်နီလား ပင်လယ်ဝါလား ဘယ်ပင်လယ်ထဲရောက်သွားမလဲဆိုတာတော့ ခင်ဗျားအပေါ်ပဲမူတည်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__( 2GB ) IMDb Rating__7.4/10 Format__mp4 Duration__02:23:50 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Animation • Family
7.4 2006
Babel
The Price We Pay
5.1

The Price We Pay (2022) “အဖိုးအခတော့ ပေးရလိမ့်မယ်” ဒီစကားဟာ လောကနိယာမအရ ဘယ်နေရာမှာမဆို အကျုံးဝင်တဲ့ စကားဖြစ်ပါတယ်။ ကိုယ်ဘာပဲလုပ်လုပ် တန်ပြန်သက်ရောက်မှုရဲ့ အကျိုးရလဒ်ကို လူသားတိုင်း ခံစားကြရမှာပါ။ ဒီဇာတ်ကားလေးကလည်း ဒီသဘောကို သရုပ်ဖော်ထားတဲ့ Horror ကားလေးပါ။ ဇာတ်လမ်းအကျဉ်း … ဂရေ့စ် တစ်ယောက် အကြွေးတွေမဆပ်နိုင်လို့ ရှိတာလေးထုချေပြီး အကြွေးဆပ်ဖို့ အပေါင်ဆိုင်ကို ရောက်‌နေချိန်မှာ ဓါးပြတိုက်မှုနဲ့ ကြုံရပြီး ဓားစာခံအဖြစ် အဖမ်းခံလိုက်ရပါတယ်။ ဒီလိုနဲ့ ဓားပြသုံးယောက်နဲ့အတူ သူမ‌ စီးလာတဲ့ကားဟာ လယ်တော တစ်ခုအနီးမှာ ပျက်သွားတဲ့အခါ … ညကြီးမင်းကြီးဆိုတော့ အနီးအနားလူနေအိမ်တစ်ခုကို ရအောင်ရှာပြီး အကူအညီတောင်းဖို့ ကြိုးစားကြရပါတယ်။ သို့ပေမဲ့ … အဲ့ဒီအိမ်က ဘယ်သူတွေနေတာလဲ? ဘာတွေလုပ်ကြတာလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 1.2GB, 452MB, 232MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 26mins Genre : Action, Thriller, Horror Translated by Themes Encoded by Kinnov

Action • Drama • Science Fiction • Thriller
5.1 2022 85 mins
The Price We Pay
Robust
5.7

Robust (2021) ============ IMDb Rating – 5.7/10 သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်း ဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာက အသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်း ရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့ သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ် မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။ ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယား တွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်း ဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက် ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင် ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမ လဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(960 MB) / (400 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….EL Encoder……….SWM

5.7 2021 95 mins
Robust
The Young Victoria
7.2

IMDb – 7.2/10 Rotten Tomatoes – 76% အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။ မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ အကာကွယ်ပေးဖို့ ခေါင်းစဥ်နဲ့ အချုပ်ကျခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ထီးနန်းကို ဆက်ခံရတော့လည်း ၁၈နှစ်ပြည့်ပြည့်ချင်း ရခဲ့တာမလို့ အသိမကြွယ်ဝမှု အတွေ့အကြုံနုနယ်သေးမှုအပေါ်မှာလည်း အမြတ်ထုတ်ခံရပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပါသေးတယ်။ Romance/Dramaဖြစ်တာမို့လို့ ဘုရင်မကြီးနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ ချစ်စရာ sceneတွေလည်း ပါ ပါသေးတယ်။ Emily Bluntရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းပြီး true storyကို ရိုက်ပြထားတာမို့လို့ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဘုရင်မ ဗစ်တိုးရီးယားအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေထဲ ဒီကားက တော်တော်သေသေသပ်သပ်နဲ့ လှလှပပရိုက်ထားလို့ ကြည့် ကြည့်ကြဖို့တိုက်တွန်းပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

7.2 2009
The Young Victoria
The Casagrandes Movie

netflix က အသစ်ထွက်ရှိလာတဲ့ 2D ကာတွန်းကားလေးဖြစ်ပြီး အတော်လေးရယ်ရမယ့် family comedy ပါ ဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ် (နှစ်ပေါင်း ၁၂၀၀၀) သက်တမ်းရှိတဲ့ demigod မင်းသမီးလေး ပွန်ဂွာရီ က နတ်ဘုရားတစ်ပါး ဖြစ်ချင်ပေမယ့် သူ့မယ်တော်က မရင့်ကျက်သေးဘူးဆိုပြီး တားမြစ်တာကို လက်မခံပဲ မျက်နှာတစ်ထောင်မျက်နှာဖုံးကို ခိုးယူပြီး နတ်ဘုရားအသွင် ပြောင်းလိုက်ရာမှာ ကမ္ဘာမြေ ဟက်တက်ကွဲပြီး ကမ္ဘာပျက်မယ့် အရေးကနေ ကာကွယ်ဖို့အတွက် မင်းသမီးလေးကို မိခင်ဖြစ်သူက “တောင်တစ်လုံး” အသွင် ဖန်ဆင်းထားခဲ့တယ် ၁၂ နှစ်ပြည့်သွားတဲ့ ကောင်မလေး ရိုနီအန်းန်က ၁၂ နှစ်ပြည့်ပြီဆိုပြီး သူငယ်ချင်းနဲ့အတူ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ဖို့ ကြံရွယ်နေတဲ့ ဂျစ်ကန်ကန် ကောင်မလေး တစ်ယောက်ပါ ဒါပေမဲ့ သူ့အမေက သူတို့ Casagrandes တစ်မိသားစုလုံး မက္ကဆီကိုက မွေးရပ်မြေဒေသလေးကို ခရီးထွက်ဖို့ အမိန့်ချတာနဲ့ ရိုနီအန်းန် တစ်ယောက် မငြင်းသာပဲ အမေ့စကားကို နားထောင်လိုက်ရတယ် ဒါပေမဲ့ သူတို့မိသားစုခရီးထွက်မယ့် နေရာလေးက တောင်နတ်သမီးလေး ပိတ်မိနေတဲ့ နေရာဖြစ်နေတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ရယ်ရယ်မောမော ကြည့်ရမှာဖြစ်သလို အမေနဲ့ သမီး ပဋိပက္ခတွေကိုလည်း သားသားမီးမီးတို့ မေမေတို့အတူတူ ခံစားလို့ရဦးမှာပါ File size…(1.7 GB)/(951 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
The Casagrandes Movie
Godzilla Raids Again
5.7

ကမ္ဘာ့အရှည်ကြာဆုံးfranchiseအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ Toho Godzilla franchiseရဲ့ ဒုတိယကားဖြစ်တဲ့ Godzilla Raids Againဟာ 1954ဂေါ်ဇီလာ အောင်မြင်ပြီးနောက် သူနဲ့တစ်ဆက်တည်း နောက်ဆက်တွဲအနေနဲ့ ထပ်ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ မူရင်းဒါရိုက်တာနဲ့ creatorဖြစ်တဲ့ အိရှိရိုဟွန်ဒါကတော့ Lovetideဆိုတဲ့ ရုပ်ရှင်ကိုကိုင်နေလို့ မအားတာကြောင့် ဒီကားကိုမကိုင်ထားပေမဲ့ တွဲဖက်ဖန်တီးသူနဲ့ အထူးပြုလုပ်ချက်ပညာရှင် Eiji Tsuburayaကတော့ ဒီကားအတွက်လည်း သူပဲ special effectsတွေ လုပ်ပေးခဲ့တာပါ။ Godzilla Raids Again ဟာ monster vs monster formulaကို အစပျိုးပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ပထမကားမှာ ဂေါ်ဇီလာတစ်ကောင်တည်းရှိခဲ့ပေမဲ့ ဒီကားမှာတော့ နောက်ဂေါ်ဇီလာတစ်ကောင်ပေါ်လာသလို တခြား သတ္တဝါဆန်းတွေလည်းရှိသေးတယ်ဆိုတာကို ဂျပန်အာဏာပိုင်တွေ ပြည်သူတွေ သတိထားမိလာကြာပြီ။ ဒါပေမဲ့ အောက်စီဂျင်ဒတ်စတွိုင်ရာမရှိတော့သလို ဒီလိုဆန်းပြားတဲ့လက်နက်ကို ဖန်တီးခဲ့တဲ့ ဒေါက်တာဆဲအိဇာဝလည်းမရှိတော့တဲ့နောက် ဒီဂေါ်ဇီလာကို နှိမ်နင်းနိုင်မယ့်လက်နက် သူတို့မှာ မရှိနေပါဘူး။ ဂေါ်ဇီလာနဲ့ နောက်ထပ်မွန်းစတားတစ်ကောင်ရဲ့ သတ်ပုတ်ပွဲအောက်မှာ ဂျပန်ပြည်ကြီးလည်း လုံးပါးပါးနေပါပြီ။ ဒါကို ဂျပန်စစ်တပ်နဲ့ ဇာတ်လိုက်ဖြစ်တဲ့ ကြေးစားလေသူရဲက ဂေါ်ဇီလာကိုနှိမ်နင်းဖို့ ဘယ်လိုအဖြေရှာမလဲ စောင့်ကြည့်ရမှာပါ။ အိရှိရိုဟွန်ဒါကိုင်တာမဟုတ်လို့ ပထမကားရဲ့ အငွေ့အသက်ကိုမမီသလို ပထမကားလောက် မကြမ်းပေမဲ့ ပထမကားရဲ့တိုက်ရိုက်အဆက်လည်းဖြစ်သလို တင်ဆက်ပုံက ကြည့်ကောင်းသေးတာဖြစ်သလို ဒီfranchiseရဲ့အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်နေတာမို့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ နောက်တစ်ကားဖြစ်တဲ့ King Kong vs. Godzilla မှာတော့ အိရှိရိုဟွန်ဒါက ပြန်ကိုင်ထားပါတယ်။ File size… 1.2 GB / 640 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 18m Genre ….. Drama/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

History • Documentary
5.7 1955 82 mins
Godzilla Raids Again
A Touch of Zen
7.5

Directed by King Hu Genre – Action,Adventure,Drama IMDb – 7.5/10 ကင်းဟူဟာ ဟောင်ကောင်ရဲ့ အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ရှောဘရားသားကုမ္ပဏီမှာ မင်းသားအဖြစ်ရော ရိုက်ကွင်းပြင်ဆင်သူအဖြစ်ရော စာရေးဆရာအဖြစ်ရော လုပ်ခဲ့ပြီးတဲ့နောက် ဒါရိုက်တာပါ လုပ်ခဲ့တယ်။ အကူအဖြစ်နဲ့ပဲရိုက်ခဲ့ရတာများပြီး နောက်ပိုင်းမှာ ရှောဘရားသားရဲ့ အကျော်ကြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Come Drink with Me (1966)ကို ရိုက်ခဲ့ပြီးတဲ့နောက် ၁၉၆၇မှာ ရှောဘရားသားကနေ ထွက်လာခဲ့ပြီး ထိုင်ဝမ်မှာ ကိုယ်ပိုင်စတူဒီယိုထောင်ခဲ့တယ်။ ၁၉၆၇မှာပဲ ထိုင်ဝမ်ကနေ သူ့ရဲ့နာမည်အကျော်ဆုံး ရုပ်ရှင်ဖြစ်သလို Wuxia ရုပ်ရှင်တွေရဲ့ သမိုင်းမှာ အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Dragon Innကို ရိုက်ခဲ့တယ်။ ဒရာဂွန်အင်းဟာ အန်းလီရဲ့ နာမည်ကျော် Crouching Tiger, Hidden Dragon (2000) နဲ့ ကျန်းရိမူရဲ့ House of Flying Daggers တို့လို ကားတွေအပါအဝင် Wuxiaကား တော်တော်များများရဲ့ အတုယူစရာ ဖြစ်ခဲ့တယ်။ (2004)နောက် A Touch of Zenကို ရိုက်ခဲ့တယ်။ Raining in the Mountain (1979)တို့ Legend of the Mountain ( 1979)တို့ကိုလည်း ရိုက်ခဲ့တယ်။ ဒီကားတွေဟာ ထိုင်ဝမ်မှာ သူရိုက်ခဲ့တဲ့ကားတွေဖြစ်သလို ကင်းဟူက ထိုင်ဝမ်နယူးဝေ့မတိုင်ခင်ကာလမှာ ထိုင်ဝမ်ရဲ့ နာမည်အကျော်ဆုံး ဒါရိုက်တာတစ်ယောက်ဖြစ်ခဲ့သလို ထိုင်ဝမ်နယူးဝေ့က လူတွေကလည်း သူ့ရုပ်ရှင်တွေနဲ့မကင်းနိုင်ခဲ့ဘူး။ Tsai Ming-liangဆိုလည်း Goobye Dragon Innဆိုပြီး ရိုက်ခဲ့ဖူးတယ်။ လက်ရှိမှာတော့ ကင်းဟူကိုဟာ Wuxia ရုပ်ရှင်တွေရဲ့ ဂုရုကြီးတစ်ဆူအဖြစ် သိကြတယ်။ Criterion ကလည်း သူ့ကားအများစုကို ပြန်ထုတ်ခဲ့တယ်။ A Touch of Zenကိုတော့ Pu Songlingရဲ့ Strange Stories from a Chinese Studio ဆိုတဲ့ စာအုပ်က ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာ Raining in the Mountain နဲ့ Legend of the Mountainတို့ကိုလည်း ကင်းဟူက ဒီစာအုပ်က ဇာတ်လမ်းတွေကိုပဲ အခြေခံပြီး ရိုက်ခဲ့ဖူးတယ်။ 1975 Cannes Film Festivalမှာလည်း ဆုရခဲ့ဖူးတယ်။ A Touch of Zenရဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အမြင်အရတော့ ဒရာဂွန်အင်းနဲ့ ဆင်တယ်ပဲ ပြောရမယ်။ ဇာတ်ကတော့ နယ်ဘက်ကျေးဘက်မြို့ကလေးမှာ ပန်းချီဆွဲစာရေးပေးတဲ့ အလုပ်နဲ့ အသက်မွေးနေတဲ့ လူငယ်လေးတစ်ယောက်ကနေ စပြထားတယ်။ အမေတစ်ခု သားတစ်ခုခုနေနေကြလို့ အမေက သားကို ဖြစ်စေချင်ပေမဲ့ မကောင်းတဲ့ခေတ်မှာတော့ အရာရှိမဖြစ်ချင်ဘူးဆိုပြီး အရာရှိစာမေးပွဲမဖြေဘဲ ပေကပ်နေနေတဲ့သူပေါ့။ ဒီလိုနဲ့ အဲဒီမြို့ကလေးကို အပြင်လူတွေ ထူးထူးဆန်းဆန်း တစ်ယောက်ပြီး တစ်ရောက်ရောက်လာခဲ့တယ်။ သူ့ကို လာကပ်နေကြတဲ့သူတွေလည်းရှိကြတယ်။ ဒီလိုနဲ့ ဒီလူတွေက ဘာတွေလဲ ဘာလိုချင်လို့ရောက်လာတာလဲ။ ဒီမြို့ကလေးမှာ ဘယ်လိုပဟေဠိတွေရှိနေလဲဆိုတာကို အစောကပြောခဲ့တဲ့ တခြား Elementsတွေ ထည့်သုံးပြီး အသက်သွင်းထားတဲ့ ဇာတ်ပါပဲ။ သိုင်းကားပေမဲ့လည်း အစပျိုးကနေ သိချင်စိတ်ကို တဖြည်းဖြည်းစွသွားတဲ့ ပုံစံမှာတင် ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံ သေသပ်မှုကို အထင်းသားမြင်နေရတယ်။ ဒီကားမှာ ကင်းဟူဟာ သိုင်းကားကိုမှ ဇန်ဗုဒ္ဓဘာသာအငွေ့အသက်နဲ့ တရုတ်ရိုးရာရှေးအငွေ့အသက်တွေကိုအပြင် တရုတ်ဂန္တဝင် ဇာတ်အိမ်တွေရဲ့ theme တစ်ခုဖြစ်တဲ့ စာသင်သားနဲ့ မိန်းမလှလေးကြားက မေတ္တာဘွဲ့ကိုဖော်ပြတဲ့ ဟန်ကိုလည်း ထည့်သုံးထားခဲ့တယ်။ File size… 4.4 GB / 1.6 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 3h 20m Genre ….. Action / Adventure / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7.5 1971
A Touch of Zen
Metropolis
8.3

Metropolis (1927) ~ IMDb – 8.3/10, RT – 97%, Meta – 98% ~ Fritz Lang ရိုက်တဲ့ မက်ထရိုပိုလစ်ဟာ အသံတိတ်ရုပ်ရှင်ခေတ်ရဲ့ ဂန္ထဝင်အမြောက်ဆုံး Science Fiction ရုပ်ရှင်ဖြစ်ခဲ့တယ်။ အသံတိတ်ခေတ်ပဲလို့တော့ ပြောဖို့ခက်တယ်။ ဒီဘက်ခေတ်အထိလည်း မက်ထရိုပိုလစ်ကို Science Fiction လိုင်းရဲ့ ဘိုးအေကြီးလို့ ခံယူထားကြတုန်းပဲ။ Science Fiction လိုင်းရဲ့ မပြောမဖြစ်တဲ့ Blade Runner (1982) လိုကားမျိုးတောင် သူ့ဆီကပဲ မြစ်ဖျားခံလာခဲ့တယ်။ စတားဝါးတို့ မက်ထရစ်တို့လည်း မကင်းခဲ့ဘူး။ Fritz Lang ဟာ Genre မျိုးစုံမှာ ပိုင်အိုနီးယားလိုဖြစ်နေခဲ့သလို Nosferatu လို၊ The Cabinet of Dr. Caligari တို့လို ကားမျိုးတွေထွက်ခဲ့တဲ့ ဂျာမန်ရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် ရုပ်ရှင်လောက အရည်အသွေးက ကြောက်ခမန်းလိလိပါပဲ။ ဂျာမန်ရုပ်ရှင်တွေရဲ့ ရွှေခေတ်ကလည်း ၁၉၁၈ကနေ ၁၉၃၃ကြားကာလဖြစ်ခဲ့တယ်။ မက်ထရိုပိုလစ်က Science Fiction ဘိုးအေကြီးပေမဲ့ ဇာတ်လမ်းပိုင်းမှာတော့ အရမ်းကြီးတော့ အားရစရာမကောင်းနေဘူး။ Visual ကတော့ ခမ်းနားပေမဲ့လို့ ဇာတ်လမ်းက ပေါ်လစီနည်းနည်းတော့ဆန်နေတယ်။ အဲဒီကာလက ဂျာမနီ KPD က ဥရောပမှာ အကြီးဆုံး ကွန်မြူနစ်ပါတီဖြစ်ခဲ့တယ်ဆိုတော့ ဒါက မဆန်းတာလည်းဖြစ်ချင်ဖြစ်မယ်။ ဆိုးရွားနေတာတော့မဟုတ်ပေမဲ့ Fritz Lang ရဲ့ ဇာတ်လမ်းတင်ဆက်နိုင်စွမ်းနဲ့ဆိုရင်တော့ ဒီအနေအထားက မဖြစ်သင့်တဲ့ အနေအထားလို့မြင်စရာရှိတယ်။ ဒါကြောင့်မို့လည်း မက်ထရိုပိုလစ်ဟာ ချီးကျူးခံရသလို ဝေဖန်ခံရတာတွေလည်းရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မက်ထရိုပိုလစ်ဟာ Sci-Fi လိုင်းရဲ့ အခရာကျတဲ့ရုပ်ရှင်၊ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့ ဖယ်ထားလို့မရတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 33Min Genre – Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8.3 1927 153 mins
Metropolis