YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Squad 38 (2016)Ep6 WEB-DL 1080P(CM).mp4

1.41 GB N/A video/mp4 310 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Minions: The Rise of Gru
7.4

မီနီယံဆိုတာနဲ့ ကလေးတုန်းကအမှတ်တရတွေနဲ့အတူ အူတက်နေအောင် ရယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ မီနီယံတွေဟာ ကမ္ဘာဦးကတည်းက အကြမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို ဒုက္ခပေးရင်းနဲ့ နောက်ဆုံးမှာ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပါပြီ။ ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကိုဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပြီး ဂရူ နဲ့ မီနီယံတွေ ဘယ်လို တလွဲတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရှုလိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Animation, Adventur, Comedy Quality….4k HEVC WEB DL | 1080p | 720p | 480p File size… 7.08GB | 1.8GB | 1GB | 396MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Andersson Encoder ..... August

Mystery
7.4 2022 87 mins
Minions: The Rise of Gru
Be Cool
5.6

ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။ အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူ‌ဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။ လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့‌ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။ သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။ 1995 မှာ ရုံတင်ခဲ့တဲ့ Get Shorty ဇာတ်ကားရဲ့ sequel အဖြစ်ထွက်ရှိလာခဲ့တဲ့ မှုခင်း ဟာသ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပထမကားကိုကြည့်ဖူးရင် ပိုပြီးအရသာရှိပါလိမ့်မယ်။ ဒီကားကို အရင် စကြည့်ရတာဆိုရင်လည်း ပထမကားကိုကြည့်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။ Ratingအရ ပထမကားလောက် မကောင်းဘူးလား‌လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကားကပိုကောင်းတယ်ပဲထင်မိတယ်။ soundtracks တွေကလည်း ဇာတ်ကားကြည့်ပြီးရင် Googleမှာရှာပြီး နားထောင်ချင်စရာကောင်းတယ်။ ဂန္ဓဝင်တီးဝိုင်းအဖွဲ့ဖြစ်တဲ့ Aerosmith နဲ့ ပင်တိုင်အဆိုကျော် စတီဗင်တိုင်လာတို့ကလည်း ဇာတ်ပို့အနေနဲ့ ပါဝင်ထားကြပါသေးတယ်။ Moana ဇာတ်ကားမှာ မာဝီ ကတဲ့အကမျိုး the Rock ကြီး လူကိုယ်တိုင် နုစဉ်အချိန်က ဇာတ်ရံအနေနဲ့ ကပြခဲ့ရတာကိုလည်း ရှုစားရမှာပါ။ ကြည့်ရတာတန်တဲ့ အပန်းပြေမယ့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။)

Drama
5.6 2005
Be Cool
Alone in the Dark
6.1

Alone in the dark ဘရီကောလင်းစ်ဟာ ခင်ပွန်းသည်ဟောင်းမိုက်ကယ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့် တစ်နွယ်ငင်တစ်စင်ပါပြီး အိမ်အကျယ်ချုပ်ပြစ်ဒဏ်ကျခဲ့သူပါ။ အိမ်ကြီးတစ်အိမ်လုံးမှာ သူမတစ်ယောက်တည်း နေထိုင်နေရတာကြောင့် စိတ်ခြောက်ခြားနေရချိန်မှာ အိမ်ကိုဖောက်ထွင်းဝင်ရောက်ခံရတဲ့ အရိပ်အယောင်တွေ တွေ့မြင်လာခဲ့ရပါတယ်။ အနီးအနားပတ်ဝန်းကျင်က လူပျောက်သတင်းတွေနဲ့အတူ သူမရဲ့စိတ်မလုံခြုံမှုတွေ၊ ‌အချုပ်ကျနေတာတောင် မပြီးသေးတဲ့ သူမခင်ပွန်းဟောင်းရဲ့နှောင့်ယှက်မှု၊ သူမအိမ်ကိုဖောက်ဝင်နေတဲ့သူ ၊ သူမကိုမှရွေးပြီးဘာကြောင့်ပစ်မှတ်ထားခံနေရတာလဲ စသဖြင့်ကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ ထင်မထားတဲ့ဇာတ်အချိုးအကွေ့၊ အလှည့်အပြောင်းတွေကဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။

Action • Crime • Thriller
6.1 2022 90 mins
Alone in the Dark
Delta
5.6

ဒီရုပ်ရှင်ဟာ ဒယ်လ်တာလို့အမည်ရတဲ့ မြစ်ဝှမ်းမှာရှိတဲ့ တံငါသည်တွေနဲ့ ပိုင်နက်ကျူးကျော် ငါးခိုးဖမ်းသမားတွေအကြားက ပဋိပက္ခကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ အိုဆိုဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ထားပြီး ဒယ်လ်တာမြစ်ကို ဖလော်ရီယန်တွေရဲ့ အလွန်အကျွံငါးဖမ်းခြင်းကနေ ကယ်တင်‌ဖို့ကြိုးစားနေသူတစ်‌ယောက်ပါ။ တစ်ဖက်က ငါးခိုးဖမ်းတဲ့ ဖလော်ရီယန်တွေဘက်မှာတော့ ဒယ်လ်တာဒေသမှာကြီးပြင်းလာခဲ့တဲ့ အီလီယာဆိုတဲ့သူရှိပါတယ်။ အိုဆိုတို့အဖွဲ့ဟာ ဒယ်လ်တာမြစ်အတွင်း ရှော့ရိုက်ပြီး အများအပြားဖမ်းဆီးခံထားရတဲ့ ငါးအသေကောင်တွေကိုရှာတွေ့လာရမှ နောက်ကွယ်ကတရားခံကို လိုက်လံဖော်ထုတ်ရင်းကနေ တံငါသည်တွေနဲ့ ငါးခိုးဖမ်းသူတွေအကြား မထင်မှတ်ထားတဲ့ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပြီး ကာအူဆိုနဲ့ အီလီယာတို့နှစ်ဦး မြူတွေအုံ့မှိုင်းနေတဲ့ ဒယ်လ်တာဒေသမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပေမယ့် စီနီမက်တစ်ရိုက်ချက်တွေကိုတော့ အားထည့်ထားပါတယ်။ အထူးသဖြင့် မြူအုံ့မှိုင်းနေတဲ့ မြစ်ဝှမ်းဒေသကို ဒရုန်းရိုက်ချက်တွေ၊ အေးစက်ထိုင်းမှိုင်းတဲ့ကာလာတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့အပြင် အီတလီရုပ်ရှင်ဖြစ်တာကြောင့် အသစ်အဆန်းကိုစမ်းကြည့်ချင်တဲ့သူတစ်‌ယောက်ဆိုရင်တော့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

5.6 2022
Delta
This Hits Home
7.4

This Hits Home (2023) ================= ပထမဆုံးအနေနဲ့ ဒီကားက ရုပ်ရှင်မဟုတ်ပါဘူး အသိပညာပေးမှတ်တမ်း ရုပ်ရှင်ပါ။ တိတိကျကျပြောရရင် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို ဆေးပညာရှုထောင့်အရရော ခံရသူတွေရဲ့ရှု‌ထောင့်ကနေပါ သေ‌သေချာ လေးရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ့်မိသားစုထဲမှာမကြုံတွေ့ဖူးရင်တောင်မှ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရ ကြားနေရတတ်ပါတယ်။ ဥပမာပေးရရင် တောထပျံ့နှံ့နေတဲ့ ကူးစက်ရောဂါတစ်ခုလိုပါပဲ။ ဒါပေမဲ့ လူတိုင်းမသိကြတာက အဲလိုနှိပ်စက်ခံရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရပါ နောက်ဆက်တွဲပြဿနာတွေ ရောဂါတွေဖြစ်လာ တတ်တယ်ဆိုတာပါပဲ။ ဒါကို ကျွမ်းကျင်သူတွေက ဘယ်လိုသုံးသပ်ပြမလဲ ဖြေရှင်းကြမလဲဆိုတာတွေကို ဗဟုသု‌တအနေနဲ့ကြည့်ရှုရမဲ့ မှတ်တမ်းရုပ် ရှင်တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1 GB) / (371 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Khant Sett Naing Encoder……….SWM

7.4 2023
This Hits Home
Force Majeure
7.2

သင်ဟာ ဇာတ်ကားလေးကြည့်ရင်း တွေးနေရတာကို သဘောကျသူလား၊ တစ်စိမ့်စိမ့်နဲ့ဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးကို သဘောကျသူလား၊ အဆုံးမှာတွေးစရာတွေပေးသွားတာမျိုးကို သဘောကျသူလား။ ဒါဆို Force Majeure ဆိုတဲ့ drama/comedy ဇာတ်ကားလေး ရှိပါတယ်။ ဒီဇာတ်ကားမှာပေါ့ တိုမက်စ် နဲ့ အက်ဘီဆိုတဲ့ လင်မယားမှာ ဟယ်ရီ နဲ့ ဗီရာဆိုတဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။ သူတို့တွေဟာ မိသားစုနဲ့အတူ အနားယူချင်တာကြောင့် နှင်းလျှောစီးတဲ့နေရာကို ၅ရက် အပန်းဖြေခရီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။ နှင်းလျှောစီးတဲ့အချိန် အဆင်ပြေနေခဲ့ကြပေမယ့် နေ့လယ်စာ စားချိန်ရောက်တော့ ပြဿနာစလာပါတော့တယ်။ သူတို့‌ နေ့လယ်စာ စားဖို့လုပ်တုန်း နှင်းတောင်ပြိုမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါဟာ နှင်းလျှောစီးသူတွေအန္တရာယ်ကင်းအောင် တမင်ဖြိုချတာဖြစ်ပေမယ့် စားသောက်ဆိုင်တည့်တည့်ကို အရှိန်နဲ့ဆင်းလာတဲ့အခါ တိုမက်စ်လည်း ကလေးတွေနဲ့မိန်းမကို ထားခဲ့ပြီး တန်းနေအောင်ပြေးပါတော့တယ်။ ကံကောင်းစွာနဲ့ ဘယ်သူမှဘာမှမဖြစ်ခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ အက်ဘာကို စိတ်ခုစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ပြီးကတည်းက တိုမက်စ်နဲ့အက်ဘာဟာ အဆင်မပြေတွေဖြစ်ခဲ့ကြပြီး သူတို့ပြဿနာကတစ်ဖက်၊ ကလေးတွေကတစ်ဖက်၊ ကြားမှာ ဘယ်လိုတွေဆက်ပြီးဖြစ်သွားမလဲ၊ တိုမက်စ်တကယ်ပဲမှားခဲ့တာလား၊ အက်ဘာကပဲ အတွေးလွန်နေတာလား၊ အဆုံးမှာဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်၀င်စားဖို့ကောင်းတာကြောင့် drama ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.20 GB / 697 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

7.2 2014
Force Majeure
Red Rooms
7.4

Red Rooms (2023) ~ IMDb – 7.4/10, Rotten Tomatoes – 100% ~ Award – 4 wins, 7 nominations အင်တာနက်အသုံးပြုသူအများစုအနေနဲ့ Deep Web တို့၊ Dark Web တို့ကို မသုံးဖူးကြရင်တောင် တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး ကြားဖူးကြပါလိမ့်မယ်။ ဆရာ့ဆရာကြီးတွေကလည်း မယောင်မလည် လက်တည့်စမ်းလို့မကောင်းတဲ့အရာလို့လည်း သတိပေးကြတာကိုကြားဖူးကြမှာပါ။ ကိုယ်တွေလက်ရှိသုံးနေတဲ့ အင်တာနက်၀က်ဘ်ဆိုဒ်တွေကို Surface Web လို့ခေါ်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဖက်ကတော့ Deep Web ပါပဲ။ Deep Web က သူ့ဟာသူကောင်းကျိုးရှိပေမဲ့ လူသားတွေထုံးစံနဲ့အညီ မကောင်းမှုမှာမွေ့လျော်တတ်တဲ့နောက် အနက်ဆုံး Dark Web ဆီကိုရောက်သွားတတ်ကြပါတယ်။ အဲဒီမှာတော့ လူသတ်မုဒိမ်းထိတ်လန့်စရာဗီဒီယိုတွေ လက်နက်ရောင်း၀ယ်ရေးကစလို့ လူရဲ့အသားအရောင်းအ၀ယ်တွေ မကောင်းမှုမှန်သမျှအကုန်ရတဲ့ ‌ဒစ်ဂျစ်တယ်မှောင်ခိုဈေးကွက်ကြီးရှိတာပါပဲ။ ဒီကားလေးကတော့ အဲဒီ Deep Web ကို အခြေခံထားတဲ့ ပြင်သစ်စကားပြော ကနေဒီယန်ဇာတ်ကားပါ။ ‌အသက်မပြည့်သေးတဲ့ကောင်မလေးသုံးယောက်ကို လိင်ကိစ္စစော်ကားသတ်ဖြတ် ကိုယ်ခန္ဓာဖြတ်တောက် ဗီဒီယိုရိုက်ရောင်းတဲ့ရာဇ၀တ်သားကို တရားရုံးတင်စစ်ဆေးတဲ့အကြောင်းရယ်၊ အဲဒီအမှုကိုစွဲလမ်းနေတဲ့ မော်ဒယ်တစ်ယောက်ရယ်၊ ပျောက်ဆုံးနေတဲ့ တတိယနစ်နာသူရဲ့ဗီဒီယိုရယ် ပေါင်းစုထားတဲ့ စိတ်၀င်စားစရာ ဇာတ်လမ်းကောင်းလေးဆိုတာ Rating တွေနဲ့ ဆုတွေက သက်သေပါပဲ။ အားလုံးပဲ ကြည့်ရှုခံစားကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 955MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 58Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.4 2023
Red Rooms
Noah
5.8

Noah (2014) နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “Noah” နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။ ~ ဖန်ဆင်းခြင်း အကျဉ်း ~ သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို စတုတ္ထနဲ့ ပဉ္စမနေ့ရက်တို့မှာ ဖန်ဆင်းခဲ့ပါတယ်။ ဆဌမနေ့ ရောက်တဲ့အခါမှာ ဘုရားသခင်က​ ကမ္ဘာမြေပေါ်မှာရှိသမျှအရာအားလုံးကို အုပ်စိုးစေဖို့အတွက် သူ့ရဲ့ သဏ္ဌာန်တော်နဲ့အညီ မြေမှုန့်ကနေလူရဲ့ရုပ်လုံးကိုဖန်ဆင်းပြီး နှာခေါင်းထဲဇီဝကိုအသက်မှုတ်သွင်းကာ ပထမဆုံးသက်ရှိလူသားယောက်ျားကို ဖန်ဆင်းခဲ့ပါတယ်။ ဒီအချိန်မှာ အခြားသက်ရှိတွေအတွက် အထီးအမဆိုပြီးရှိခဲ့ပေမယ့် လူယောက်ျားအတွက် အထောက်အမမရှိသေးတဲ့အတွက် ဘုရားသခင်ဟာ လူယောက်ျားကို ကြီးသောအိပ်စက်ခြင်းနဲ့အိပ်စေပြီး သူရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီး “ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်” ဆိုပြီး လူမိန်းမကိုဖန်ဆင်းခဲ့ပါတယ်။ နောက်မမှာ ဒီလူယောက်ျားနဲ့လူမိန်းမနှစ်ယောက်တို့ဟာ အာဒံနဲ့ ဧဝ (a.k.a ဒုတိယအာဒံ) ဆိုပြီး လူသိများခဲ့ကြပါတယ်။ ~ ပထမဆုံးသောအပြစ် ~ အာဒံနဲ့ ဧဝတို့ကို ဖန်ဆင်းတဲ့အချိန်မှာ ဘုရားသခင်က ဧဒင်ဥယျာဉ်ရဲ့ အလယ်မှာရှိတဲ့အပင် (အသက်ပင်) ပေါ်က အသီးကလွဲပြီးကျန်တာကို မှန်သမျှစားလို့ရတယ်လို့ ပညတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧဝဟာ မြွေအသွင်ဆောင်ထားတဲ့စာတန်ရဲ့ သွေးဆောင်မှုကြောင့် အသီးကိုစားမိသွားပြီး ခင်ပွန်းကိုပါ စားစေခဲ့ပါတယ်။ ဒီလိုနဲ့ အာဒံနဲ့ဧဝတို့ရဲ့ ပထမဆုံးသောအပြစ်ကို ဘုရားကသိသွားတဲ့အခါမှာ လူယောက်ျားကို မြေပေါ်မှာဖြစ်သမျှ အသီး (အစာရေစာ) မှန်သမျှကို တစ်သက်လုံးပင်ပန်းစာရှာစားရမယ်၊ လူမိန်းမကို ကိုယ်ဝန်ဆောင်ခြင်းဝေဒနာနဲ့ သားဖွားခြင်းဝေဒနာကို ခံစားပြီး ကိုယ်ခင်ပွန်းရဲ့ အုပ်စိုးခြင်းကိုလည်းခံရမယ်ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ဟာ အာဒံနဲ့ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်ပြီး အာဒံနဲ့ဧဝတို့ကနေ ဆင်းသက်လာတဲ့ ယောက်ျားမိန်းမမှန်သမျှဟာ ခုနက ဘုရားသခင်ကျိန်ခဲ့တဲ့ ဒဏ်ကိုလူမျိုးအဆက်ဆက်ခံစားလာကြရပါတယ်။ ဒီဇာတ်ကားကတော့ သမ္မာကျမ်းစာထဲက အာဒံနဲ့ ဧဝတို့ရဲ့ တတိယသား ရှေသရဲ့ ၁၀ ဆက်မြောက်မျိုးဆက် နောဧအကြောင်းကို အဓိကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအရ အာဒံကအသက် ၁၃၀ အရွယ်မှာ ရှေသကိုမမွေးခင် ကာဣနနဲ့ အာဗေလဆိုပြီးသားနှစ်ယောက်ကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အာဒံရဲ့သားဦးကာဣနက သူ့ညီအာဗေလကို မနာလိုတဲ့အတွက်ကြောင့် သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဘုရားရဲ့ကျိန်ခြင်းကိုခံရပြီး ဧဒင်ဥယျာဉ်ထဲကထွက်ပြီး အရှေ့အရပ် နောဒပြည်မှာသွားနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကာလအတန်ကြာပြီး နောဧရဲ့ ခေတ်ကိုရောက်လာတဲ့အခါမှာ ကာဣနမျိုးနွယ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့ အပြစ်တွေကြောင့် ကမ္ဘာကြီးဟာ ဘုရားသခင်ရွံရှာရလောက်တဲ့အထိ အဓမ္မမှုတွေနဲ့ ပြည့်နှက်နေလောက်အောင် ပျက်စီးဆုတ်ယုတ်နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကမ္ဘာကို “ရေလွှမ်းမိုးခြင်း” အားဖြင့် ဆေးကြောသန့်စင်ပစ်ဖို့အတွက်ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားစကားကိုနားထောင်ပြီး ဘုရားရဲ့နှစ်သက်ခြင်းကိုခံရတဲ့ ရှေသမျိုးဆက် နောဧနဲ့ သူ့အိမ်ထောင်မိသားစု၊ လူတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ သားရဲတိရစ္ဆာန်တွေကိုတော့ ရေလွှမ်းမိုးခြင်းအပြီးမှာ ကမ္ဘာကြီးသန့်စင်သွားတဲ့အခါမှာ ဘဝကိုတဖန်အသစ်ပြန်လည်ထူထောင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုရားသခင်က လာမက်ကိုရူပါရုံအားဖြင့် အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိတဲ့ ဂေါဖရသစ်သားကိုယ်ထည်၊ အပြင်ဘက်နံရံကို ထင်းရှူးစေးနဲ့သုတ်ပြီး အတွင်းခန်းတွေပါတဲ့ သင်္ဘောတစ်စီးကို ဆောက်လုပ်ခိုင်းခဲ့ပါတယ်။ ဆောက်လုပ်ပြီးတဲ့အခါမှာ နောဧတို့ရဲ့မိသားစုနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်မှန်သမျှကို အထီးအမ တစ်စုံစီ တက်စေခဲ့ပါတယ်။ ဒီ Noah ဇာတ်ကားမှာ အဓိကသရုပ်ဖော်ချင်တာကတော့ လူတွေရဲ့ရက်စက်ယုတ်မာမှုကြောင့် ဘုရားသခင်ကကမ္ဘာကြီးကို ဆေးကြောပစ်ဖို့အတွက်လုပ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြီးအကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ Cinematic ဆန်အောင်ဆိုပြီး ဒါရိုက်တာ Darren Aronofsky က ကျမ်းစာကနေသွေဖယ်ပြီး လိုတိုးပိုလျှော့လေးတွေလုပ်ထားတာရှိပါတယ်။ ဒါကြောင့်မလို့ ကြည့်ရှုသူတွေအတွက် ဒီဇာတ်ကားထဲက အကြောင်းအရာမှန်သမျှက သမ္မာကျမ်းစာထဲကအကြောင်းတွေဖြစ်တယ်လို့ မမှတ်ယူဘဲ သုတရသမျိုးစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကို သိထားစေချင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)

5.8 2014
Noah
Single in Seoul
7

Single in Seoul(2023) ******************* Lee Dong Wook နဲ့ Im Soo Jung တို့ အဓိကပါဝင်ထားတဲ့ အချစ်၌ကိုးကွယ်ခြင်းနတ္ထိ ပုံစံဆန်ဆန်ကား လေးထွက်ရှိလို့လာပါပြီ….သရုပ်ဆောင်တွေနဲ့တင်ကြည့်ရတာတန်ပါတယ်… Lee Dong Wook ကတော့ ဒီကားထဲမှာ Single ဘဝကိုနှစ်ခြိုက်တဲ့ ဆယ်လီတစ်ယောက်ဆိုပါတော့.. အသက်ကလေးရလာလေ တစ်ယောက်တည်းဘဝက ပိုပြီး စိုပြေတယ်ဆိုတဲ့အယူအဆကြောင့် သူ့ကို လူတချို့ကလည်းစိတ်ဝင်စားလာကြတယ်… Im Soo Jung ကတော့ သူနဲ့ဆန့်ကျင်ဖက်ဆိုပါတော့…..ဘဝမှာ အိမ်သာတက်တောင် ဖုန်းလေးနဲ့ ချစ်သူဆီ စာပို့ရင်းတက်မှ ပိုအရသာရှိတယ်လို့ ထင်တဲ့ အပျိုကြီးမမပေါ့… သူမ က အတည်တကျအတွဲလေးလိုချင်ပေမဲ့လည်း ဘဝက ချောတဲ့ကွီးယားမင်းသားတိုင်းကို ကျွန်မဘဲပါလို့ ဆိုရှဲမီဒီယာထက်မှာ ပိုစ်တင်တာမျိုးလို လွယ်ကူမနေဘူး… သူမရဲ့ အဓိက ရည်ရွယ်ချက်က စင်ဂဲဘဝကိုပိုင်ဆိုင်ထားတဲ့ ဆယ်လီတစ်ချို့နဲ့ စာရေးဆရာတွေရဲ့ အကြောင်းကို စာအုပ်ထုတ်ဖို့ကြံစည်နေတာပေါ့… ဒီလိုနဲ့ အပျိုကြီးမမနဲ့ လူပျိုကြီး ဦးလေးကြီးနဲ့တွေ့တဲ့အခါမှာတော့… File Size :(1.3GB) (536MB) Quality : Web-Dl 1080p/720p Format…mp4 Duration…01:43:00 Genre : Romance, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Miri Tiff, Hnin Stary & Treasure Htet Encoded by Phyo Pyae

7 2023
Single in Seoul
An Urban Allegory
6.8

ဒီဇာတ်လမ်းတိုလေးကတော့ နာမည်ကြီးအီတလီရုပ်ရှင်ရိုက်ကူးသူ”Alice Rohrwacher”က ရိုက်ကူးထားပြီး ပြင်သစ်မှာဇာတ်အိမ်တည်ထားပါတယ် ဒီဇာတ်လမ်းလေးက ရှေးဂရိဒဿနပညာရှင်ကြီး”Plato”ရဲ့ “The Allegory of the cave”ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပါတယ် “မွေးကတည်းက လှိုဏ်ခေါင်းကြီးတစ်ခုထဲမှာ သံကြိုးတွေနဲ့ချုပ်နှောင်ခံထားရသူတွေ, သူတို့ကလှိုဏ်ခေါင်းထဲမှာရှိတဲ့အရိပ်တွေကိုပဲ ပုံရိပ်အစစ်လို့ထင်မှတ်နေကြပါတယ် သူတို့ထဲကတစ်ယောက်ယောက်သာ ချုပ်နှောင်ထားတဲ့သံကြိုးတွေကိုဖြုတ်ပြီး လှိုဏ်ခေါင်းအပြင်ကိုထွက်ပြေးလွတ်မြောက်သွားရင် ဘာဆက်ဖြစ်မလဲ……” ကပြဖျော်ဖြေသူတစ်ဦးမှာ ပြဇတာ်တစ်ခုလူရွေးပွဲကိုသွားရာမှာ သူမရဲ့သားလေးဖျားနေတယ်လို့ကျောင်းကဖုန်းဆက်လို့ဝင်ခေါ်ရာကနေ လူရွေးပွဲကိုနောက်ကျမှရောက်သွားပါတယ် သူရောက်သွားတဲ့အခါ ဒါရိုက်တာကြီးကို တောင်းပန်ပြီး သူ့ကိုလူရွေးပွဲဝင်ပြိုင်ခွင့်ပေးဖို့တောင်းဆိုပါတယ် ဒါရိုက်တာကြီးကခွင့်ပြုပြီး သူမရဲ့ခုနစ်နှစ်အရွယ်သားလေးကို Platoရဲ့ “The allegory of the cave”ထဲမှာပါတဲ့ မေးခွန်းရဲ့အဖြေကိုပြောပြလိုက်ပါတယ် “ချုပ်နှောင်မှုမှလွတ်မြောက်လာတဲ့အကျဥ်းသား ဘာဆက်ဖြစ်မလဲ”ဆိုတာကိုပေါ့ File size…(510 Mb)/(210 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:21:00 Genre… Drama, Fantasy, Short Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

Drama • Romance • Adventure
6.8 2024 21 mins
An Urban Allegory
Heart Eyes
6.5

Heart Eyes (2025) IMDb Rating (6.5) / Rotten Tomatoes (80%) ဒီကားက ဗယ်လင်တိုင်းတုန်းက ရုံတင်ပြီး နာမည်ကြီးခဲ့တဲ့ကားပါ။ စောင်အတွဲတွေကို ချဉ်နေတဲ့သူအတွက် အကြိုက်ပါပဲ။ တရားခံက တစ်နှစ်တစ်ခါ ဗယ်လင်တိုင်းရောက်တိုင်း စောင်အတွဲတွေကို ပိုးစိုးပက်စက် လိုက်-တ် တာပါ။ စောင်အတွဲတွေ Ro နေတုန်း ခွေးပြေးဝက်ပြေးပြေးလိုက်၊ ရှောကုန်လိုက်နဲ့ ဟာတွေကို အားရပါးရ ကြည့်ရမှာပါ။ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း ဗယ်လင်တိုင်းဒေးတွေမှာ နှစ်နှစ်ဆက်တိုက် အတွဲတွေကို လိုက်ဖြုတ်နေတဲ့ စိတ္တဇကောင်ကြောင့် အားလုံး ကျီးလန့်စာစားနေရတဲ့အချိန်ပါ။ အတွဲမရှိတဲ့ကောင်တွေကတော့ အေးဆေးဆေးဆေး ဖြတ်သန်းနေတဲ့ အချိန်ပေါ့။ ၂၀၂၅ ဗယ်လင်တိုင်းမှာလဲ အတွဲမရှိတဲ့ မာကတ်တင်း ဝန်ထမ်းကောင်မလေးနဲ့ ကောင်လေးက အလုပ်ကိစ္စကို ဆိုင်မှာ ချိန်းတွေ့ရင်း တရားခံရှေ့မှာ အတွဲလို့အထင်လွဲခံရစရာလေးတွေ လုပ်လိုက်မိပါတယ်။ ဒါနဲ့ပဲ အသည်းပုံမျက်လုံး လူ-တ်သမားလို့ နာမည်ကြီးတဲ့ စိတ္တဇကောင်က အိမ်ထိလိုက်လာပြီး ကြိတ်တဲ့အခါ အသက်ဘေးကလွတ်အောင်ပြေးရင်း ဘယ်လိုပြန်တိုက်မလဲ၊ ဘယ်သူလွတ်မလဲ၊ တရားခံဘယ်သူလဲဆိုတာ ကြည့်ရမဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(1.4 GB) / (680 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Horror,Mystery Duration….01:37:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mr.Anderson

Drama • Romance
6.5 2025 97 mins
Heart Eyes
My Late Summer Nakon ljeta
6

My Late Summer (2024) IMDb Rating (6.0) သူ့နွေရာသီက နောက်ကျတာလား။ အခါနှောင်းတာလား။ နှစ်ခုစလုံးပဲလား။ အခါနှောင်းသွားတဲ့ အဖေကို အခါနှောင်းမှ သိခဲ့ရပြီး မရှိတော့တဲ့အဖေ ရှိခဲ့တဲ့မြို့ကို ရောက်လာခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ နောက်ကျမှပြန်ရလိုက်တဲ့ နွေရာသီတစ်ခုအကြောင်းပေါ့။ နွေရဲ့အဆုံးသတ်နားနီးမှ သူရောက်လာခဲ့တာမို့ နောက်ကျမှရောက်လာခဲ့တဲ့ နွေရာသီလည်း ဖြစ်နိုင်တယ်။ သူ့အဖေသေပြီးမှ သူ့မှာ အဖေဆိုတာရှိမှန်းသိလိုက်ရတဲ့ မိန်းကလေးဟာ မြို့ကလေးမှာ စားပွဲထိုးလုပ်ရင်း သောင်တင်ရင်း မိသားစုကိုရော အချစ်ကိုရော ကြုံလာရတဲ့ အဖြစ်အပျက်တွေကို ပြထားတယ်။ အစောက အခါနှောင်းတယ်ဆိုတဲ့နေရာမှာ အဖြေဖြစ်လောက်မယ့် ရုပ်ရှင်ထဲက စကားတစ်ခွန်းတော့ရှိတယ်။ အနည်းဆုံးတော့ ငါတို့က တစ်ခါတော့အသည်းကွဲဖူးတယ်လေ။ တစ်ချို့ဆို အသည်းတောင်မကွဲဖူးဘူးတဲ့။ အရက်မူးတိုင်း အသိတစ်ယောက်ပြောနေကျစကားလိုပဲ။ မင်းတို့ငါတို့အသည်းကွဲဖူးတာ ကံကောင်းတယ်။ တစ်ချို့ဆို တစ်ခါတောင် မချစ်ဖူးဘူးဆိုသလိုပေါ့။ အခါနှောင်းသွားလို့ အသည်းကွဲရရင်တောင် အသည်းကွဲဖူးခွင့်ရတာ ကံကောင်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:38:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Drama • Thriller • Horror
6 2024 98 mins
My Late Summer Nakon ljeta
Tegkang
7.6

Tegkang (2024) IMDb Rating (7.6) London ကနေ မလေးရှားက Bario လိုခေါ်တဲ့ ရွာငယ်လေးတစ်ရွာကို အနားယူဖို့ထွက်လာတဲ့ ဓာတ်ပုံဆရာ Hanafi တစ်ယောက် သူ ရွာမှာ စိတ်အပန်းဖြေရုံပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ Rinai လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံပြီး Rinai နဲ့ ရင်းနှီးအောင် ကြိုးစားချင်ပေမဲ့ ရွာသားတွေရဲ့ Rinai အပေါ် ထူးခြားတဲ့ အကာအကွယ်လွန်ကဲမှုတွေကို တွေ့လာရတယ်။ ဒီလိုနဲ့ Hanafi တစ်ယောက် ရွာမှာအပန်းဖြေရင်း Rinai နဲ့ ရွာသားတွေရဲ့ သံယောဇဉ်တွေကို သဘောပေါက်လာပြီး ရွာရဲ့ Rinai အပေါ် ‌လျှို့ဝှက်ချက်ကိုပါ သိလာတဲ့အခါမှာ Rinai ကို ဘယ်လိုတွေကူညီသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမဲ့ ကြည်နူးစရာ မလေးရှားဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (870 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:41:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • War
7.6 2024 101 mins
Tegkang
You Call It Passion
6.2

You Call It Passion (2015) ************************* IMDb… 6.2 ဒီတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ လက်ရှိထုတ်လွှင့်နေဆဲဖြစ်တဲ့ Our Unwritten Seoul ထဲက မင်းသမီးလေး Park Bo-young နဲ့ Partners For Justice ထဲက မင်းသားကြီး Jung Jae-young တို့ရဲ့ Comedy,Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ဘယ်ကုမ္ပဏီမှာ အလုပ်ဝင်လျှောက်လျှောက် ဘယ်တော့မှမအောင်တဲ့ ရာဟီး (Park Bo-young) တစ်ယောက် ကံကောင်းထောက်မစွာနဲ့ အားကစားသတင်းကုမ္ပဏီဖြစ်တဲ့ ဒုံမြောင်ရဲ့ဖျော်ဖြေရေးဌာနမှာ အလုပ်သင် သတင်းထောက်အဖြစ်လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူမ အလုပ်ဝင်ရမယ့်ဌာနရဲ့ ခေါင်းဆောင်သတင်းထောက်က အင်မတန်လက်ပေါက်ကပ်ပြီး ဇီဇာကြောင်တဲ့သူဖြစ်နေတယ်ဆိုတာပါ။ ဒီလိုနဲ့ ရာဟီးတစ်ယောက် အဆဲမပါဘဲ စကားပြောလို့မပြီးသူ ခေါင်းဆောင် ဟာဂျယ်ဂွမ် (Jung Jae-young) ရဲ့ လက်အောက်မှာ ဘယ်လိုအလွဲတွေလုပ်ပြီး အဆူခံအ​ဆဲခံရမလဲ.. သတင်းထောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေနဲ့တွေ့ပြီး ရင်ဆိုင်ဖြေရှင်းသွားမလဲ.. ပါးစပ်ကြမ်းသော်လည်း စိတ်ထားကောင်းတဲ့ခေါင်းဆောင်ဆီက ပညာတွေသင်ယူရင်း စစ်မှန်တဲ့သတင်းထောက်အဖြစ် ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ကားလေး ဖြစ်တာကြောင့် ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။) File Size : 1.61GB/ 740MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…01:43:49 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by Tiff

Comedy • Thriller • Crime • Drama • Horror
6.2 2015 106 mins
You Call It Passion
Follow the Light
6.2

Follow the Light (2021) ******************* IMDb… 6.2 ဒီတစ်ခေါက်မှာတော့ ဂျပန်ကျေးလက်သဘာဝအလှလေးတွေကို တစ်ဝကြီးကြည့်ရှုခံစားနိုင်မဲ့ အာကီရာနဲ့ မာအိတို့ရဲ့ Follow the light ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မိဘတွေကွာရှင်းထားလို့ ဖခင်ဇာတိကို ပြောင်းလာခဲ့တဲ့ အာကီရာဟာ introvertဖြစ်တဲ့အလျောက် ကျောင်းအသစ်မှာဖယ်ကျဉ်ခြင်းခံထားရသူပါ။ သူပြောင်းလာတဲ့ကျောင်းကလည်း တက်ရောက်တဲ့ကျောင်းသား နည်းပါးလာတာကြောင့် ကျောင်းပိတ်သိမ်းပွဲတောင် ပြင်ဆင်နေရတဲ့ အနေအထားမှာ ရောက်နေပြန်ပါသေးတယ်။ တစ်နေ့တော့ သူ့ပုံဆွဲအရည်အချင်းကို တွေ့ရှိသွားတဲ့ အတန်းဖော်က ကျောင်းပိတ်ပွဲမှာ နံရံဆေးရေးပန်းချီဆွဲပေးဖို့ အကူအညီတောင်းရင်း သူငယ်ချင်းတွေရလာတဲ့ အာကီရာတစ်ယောက် အကြောင်းရင်းမသိရဘဲ ကျောင်းလုံးဝမတက်တဲ့ မာအိဆိုတဲ့ အပယ်ခံကောင်မလေးကို တွေ့ပြီး စိတ်ဝင်စားမိသွားပါတော့တယ်။ ဒီလိုနဲ့ အာကီရာနဲ့မာအိတို့ တဖြည်းဖြည်း ရင်းနှီးသွားရာက ဖြစ်ပေါ်လာတဲ့ သူငယ်ချင်းသံယောဇဉ်၊ အပယ်ခံတစ်ယောက်ရဲ့ စိတ်အားငယ်မှုတွေနဲ့ မှေးမှိန်လာတဲ့ ကျေးလက်‌ဒေသမှာ တကယ်ကြုံတွေ့နေရတဲ့ အမှန်တရားတွေကို နားလည်သိရှိနိုင်မဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့လို့ ကြည့်ရှုခံစားကြည့်လိုက်ပါဦးနော်။ File Size… 2.01GB/ 840MB Quality… AMZN WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…2h 13m Genre …..Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

6.2 2021 104 mins
Follow the Light