YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Squad 36 2025 1080p HEVC WEB-DL 5.1 [RMC].mp4

1.97 GB 1080p video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Lifeguard's Obsession
3.7

အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။ အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။ သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။ မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။ လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။ မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။ တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီ ဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင် အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။ ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ third partyလို့ခေါ်တဲ့ ကြားပွဲစားလေးတွေပေါ့။ အခုမက်ဂီတို့အတွဲကြားကိုလည်း လှိုင်းခိုးစီးဖို့ကြိုးစားရင်း ရေနစ်နေတဲ့မက်ဂီကို ကယ်တင်ပေးရင်းနဲ့ ဝင်ရောက်လာတဲ့ တောင့်တောင့်ဖြောင့်‌ဖြောင့်Lifeguardတစ်ယောက်ဖြစ်တဲ့ ဘလိတ်ခ်၊ မက်ဂီကတော့ အသက်သခင်ကျေးဇူးရှင်လို့မြင်နေတာကတစ်ကြောင်း တော်ကီကောင်းလွန်း သူ့ကိုဖေးမတတ်လွန်းတဲ့ ဒီဘဲကြီးရဲ့ခြွေချက်တွေကြားမှာ မျောမလိုဖြစ်သွားတဲ့အခါမှာတော့.... ကိတ်ဒ်နဲ့ကတောက်ကဆတွေများနေချိန်မှာ ကယ်တင်ရှင်လိုပေါ်လာတဲ့ဘလိတ်ခ်ကို မိန်းမသားပီပီ အားကိုးချင်စိတ်ဖြစ်လာမိတဲ့ မက်ဂီ၊ မက်ဂီကိုချစ်ပေမဲ့ အလုပ်ကိုပိုချစ် ပိုအလေးပေးနေမိတဲ့ကိတ်ဒ်၊ အသက်ကယ်တာကိုအရင်းတည်လို့ မက်ဂီရဲ့ဘဝမှာပါ နေရာဝင်ယူဖို့ကြိုးပမ်းလာတဲ့ဘလိတ်ခ် ဒီ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းကနေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 712MB | 335MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Comedy • Fantasy • Horror
3.7 2023 90 mins
A Lifeguard's Obsession
Elephant

ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။ လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ အခုတော့ ရုပ်ရှင်အနေနဲ့ ကြည့်လိုက်ကြတာပေါ့။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွေကိုတော့ အခြေခံထားမှာပါ။ ဒီကားထဲမှာတွေ့ရမှာကတော့ အပစ်ခံရမယ့် နေ့မှာ ဟိုနားဒီနား ဟိုတစ်စု ဒီတစ်စုသော ကျောင်းသား ကျောင်းသူလေးတွေရဲ့ နေ့စဉ်(ဒါမှမဟုတ် နောက်ဆုံး) လှုပ်ရှားမှုလေးတွေပါ။ ဂုဏ်သရေရှိ ရုပ်ရှင်ပွဲတော်ကြီးဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆု Palme d’Or ကိုလည်း ရထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.80GB, 800MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 21Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Horror
null 2003 81 mins
Elephant
(18+) Still Life of Memories
4.3

¶ကိုယ့်ရဲ့ စားပွဲအိုလေးထက်မှာ ပြန့်ကျဲ စက္ကူအပိုင်းအစတွေ ဆေးလိပ်တိုတွေနဲ့ ကံ့ကော်ပန်းခြောက်တစ်ပွင့် ဒါသက်ငြိမ် ပန်းချီကားပဲ¶ ထူးအိမ်သင်ရင် သက်ငြိမ်သီချင်းကို တိုးတိုးလေးငြီးမိရင်း ဒီဇာတ်ကားလေးရဲ့အညွှန်းကို ပုံဖော်ကြည့်မိသည်။ အနုပညာတွင် still art လို့ခေါ်တဲ့ သက်ငြိမ်အနုပညာ ဆိုတာ ခံစားရနက်နဲသည် ပန်းချီတို့ ဓာတ်ပုံတို့သည် သက်ငြိမ်အနုပညာပင်ဖြစ်သည်။ မိုနာလီဇာပန်းချီကားတို့ ဗင်းဆင့်ဗန် starry night အာလူးစားသူများ အစရှိသည်ကနေ ပူလစ်ဇာဆုရ ဓာတ်ပုံများထိ သက်ငြိမ်များပင်..... ခေတ်တွေပြောင်း ရာစုနှစ်တွေကြာညောင်းပါစေ ပန်းချီကား ဓာတ်ပုံကားချပ်များက စကားလှမ်းပြောနေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ကြားရသည့်အသံတွေတော့ တူမည်မဟုတ်။ သက်ငြိမ်ပန်းချီကားတစ်ချပ်ကို စီးကရက်ဖွာရင်း ခံစားတတ်သူတွေအတွက် ယခုရုပ်ရှင်က အသိမ်မွေ့ဆုံး သက်ငြိမ်တစ်ခုကို ရုပ်ရှင်အနုပညာထဲတွင် ထုဆစ်ပြသပေးထားသည် ရုပ်ရှင်ပွဲတော်များတွင်လဲ ဆုများရရှိခဲ့ပြီး ပန်းချီပညာ ဓာတ်ပုံပညာ ဒဿနများပြည့်ဝစွာဖော်ကျူးထားသော သက်ငြိမ်ပန်းချီကားတစ်ချပ် မိတ်ဆွေတို့အတွက် တစ်ကိုယ်ရည်ညချမ်းတွေကို အဖော်ပြုပေးနိုင်မှာပါ File size…3.24GB / 1.06GB Quality…1080p BluRay  /720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Drama • War
4.3 2018 107 mins
(18+) Still Life of Memories
Predator

Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။ သူ့နောက်မှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) နဲ့ Prey (2022) တို့ အသီးသီး ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) နဲ့ Alien vs. Predator: Requiem (2007) တို့ပါ။ မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ်ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ်ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အမေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါတယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက်ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ်သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ်တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(11 GB)/(3.6 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:46:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Drama • History • War
null 1987 106 mins
Predator
Black Widow
7.3

ဘလက်ဝစ်ဒိုးအဖြစ် စကားလက် ဂျိုဟန်ဆန်နောက်ဆုံးသရုပ်ဆောင်တဲ့ ရုပ်ရှင်ကြီး ရပါပြီ။ ဒီဇာတ်လမ်းကိုတော့ Civil War အပြီး ကာလမှာ တည်ဆောက်ထားတာပါ။ ဆိုကိုဗီယားသဘောတူညီချက်ကို ချိုးဖောက်လို့ အဗန်ဂျာတွေ ပြိုကွဲပီးလိုက်ဖမ်းခံနေရပါတယ်။ ကပ် နဲ့ နာတာရှာကတာ့ ဝရမ်းပြေးတွေပေါ့။ အဲဒီအချိန်မတိုင်ခင် Age of Ultron ရုပ်ရှင်မှာတုန်းက နာတာရှာရဲ့ အတိတ်ကို ဖြတ်ခနဲ မြင်လိုက်ရသေးတယ်မဟုတ်လား။ လူသတ်သမား သူလျှိုတွေကို လေ့ကျင့်ပေးတဲ့ ခန်းဆောင်နီဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ အခုရုပ်ရှင်မှာတော့ အဲဒီခန်းဆောင်နီနဲ့ ပတ်သက်တဲ့အတိတ်တွေက နောက်က လိုက်လာပြီး သူ့လိုပဲ ဝစ်ဒိုးတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မှာပါ။ နောက်ပြီးတော့ ဘလက်ဝစ်ဒိုး အသစ်ဖြစ်လာမယ့်သူလည်း ပါသလို နောင်လာမယ့် ရုပ်ရှင်တွေနဲ့ ဆက်စပ်လို့ရမှာတွေကို ပြသွားပါတယ်။ ထုံးစံအတိုင်း စာတန်းထိုးပြီးရင် အပိုပါတဲ့ တစ်ခန်းကိုကြည့်ဖို့တော့ မမေ့နဲ့ပေါ့ဗျာ.... File Size : (2.1 GB) , (1.2GB) Quality : WEB-DL 1080P ,720p Format…mp4 Duration…02:13:00 Genre : Action , Sci-Fi , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by  CM Encoded by Phyo Pyae

Action • Thriller
7.3 2021 134 mins
Black Widow
Apostle
6.1

horror fantasy mystery ကား IMDB rating 6.6 ရထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်းတစ်ကျွန်းပေါ်ကိုပြန်ပေးဆွဲခံရတဲ့ညီမတစ်ယောက်ကိုပြန်လိုက်ခေါ်တာ အဲ့ကျွန်းကိုဘုရင်ကိုသစ္စာဖောက်လို့ထွက်ပြေးတဲ့ မယ်ကွန် ဖရန့်ခ် ကွင်ရယ် ကသူတို့နေထိုင်တဲ့လိုရတဲ့ရွာအဖြစ်တည်ဆောက်ထားပြီးလူတွေကိုလက်ခံတယ် ကျွန်းကစိုက်ပျိုးရေးလုပ်ငန်းကိုထိန်းချုပ်ထားတဲ့ ကျွန်ရဲ့အရှင်သခင်မကြီးရှိတယ် မှော်လိုလိုဘာလိုလိုနဲ့ သူ့လိုအပ်တဲ့သွေးတွေမရရင်သီးနှံတွေကိမြေသြဇာကတစ်ဆင့်အဆိပ်ခပ်တယ် အစားအသောက်တွေလိုသလောက်မရတဲ့အချိန်မှာ သူဌေးသမီးတစ်ယောက်ကိုပြန်ပေးဆွဲ့လိုက်တယ် အဲ့အချိနိမှာသူ့အစ်ကိုသောမတ်စ်ကသူ့ညီမကိုလိုက်ရှာတဲ့စွန့့်စားခန်းအကြောင်းကိုရိုက်ပြထားတာပါ သောမတ်စ်တစ်ယောက်သူ့ညီမကိုကယ်နိုင်မလား သူရောအသက်ရှင်လျက်လွတ်မလားဆိုတာတော့ ဆက်ကြည့်ပေးကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ) File Size : (950 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2h 10min Format : Mp4 Genre : Fantasy , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DD5.1.x264-CM Translated by Tin Myo Lwin Encoded by Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
6.1 2018 130 mins
Apostle
What Happens in Vegas

ဗီးဂတ်စ်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ 2008ခုနှစ်ထွက် rom-com ရုပ်ရှင်မှာ မင်းသမီး Cameron Diaz နဲ့ မင်းသား Ashton Kutcher တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb 6.1/10 ရထားပြီး Box Officeမှာလည်း $219.3 millionရရှိထားလို့ အတော်အသင့်အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Vegasမှာ တစ်ညလုံးပျော်ပျော်ပါးပါးကဲခဲ့ပြီးနောက်မှာ Jack နဲ့ Joy နဲ့က မူးမူးရူးရူးနဲ့ လက်ထပ်မိခဲ့ကြပါတယ်။ နောက်နေ့မနက် လောင်းကစားစက်မှာ နှစ်ယောက်လုံး ဒေါ်လာ ၃မီလီယံ ပေါက်သွားခဲ့ပြီး ဘာတွေဖြစ်ကြမလဲ ဆက်ကြည့်ရှုရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ ဘုနဲ့ဘောက် ဟာသတွေနဲ့အတူ rom-com ချစ်သူတို့ အကြိုက်တွေ့စေမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

0 2008 99 mins
What Happens in Vegas
A Very Venice Romance
6.3

“ဗင်းနစ်က ပင့်သက်ရှိုက်သံဆိုတဲ့တံတားရဲ့အောက်မှာ ချစ်သူနှစ်ဦးက နေဝင်ချိန် အနမ်းခြွေမယ်ဆိုရင် ထာဝရတည်တံ့တဲ့ချစ်ခြင်းကို ပိုင်ဆိုင်နိုင်လိမ့်ယ်”တဲ့… ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို အီတလီနိုင်ငံက ဗင်းနစ်မြို့ကို အလည်တစ်ခေါက် ခေါ်သွားချင်ပါတယ်။ IMDB 6.3/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ ဗင်းနစ်မြို့ရဲ့ လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ မြင်ကွင်းလေးတွေကို ခံစားကြည့်ရှုလို့ ရနိုင်မှာပါ။ ပုံမှန်သမားရိုးကျ plot ဖြစ်ပေမဲ့ လှပတဲ့ရှုခင်းတွေနဲ့ ဗင်းနစ်မြို့အကြောင်း ဗဟုသုတရဖွယ် အချက်အလက်များကိုပါ ထည့်သွင်းတင်ဆက်ထားတာမို့ ဟင်းလျာတွေလည်း ကြည့်ရင်း ထိုင်ရာမထဘဲ ဗင်းနစ်မြို့ကို အလည်တစ်ခေါက် အရောက်သွားကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ အေမီက ဖြည့်စွက်စာထုတ်လုပ်ရေးတာဝန်ခံတစ်ယောက်ဖြစ်ပြီး ထုတ်ကုန်အသစ် ထုတ်နိုင်ဖို့အတွက် အပူတပြင်းကြိုးစားနေသူပါ။ သူတို့ရဲ့ ပြင်သစ်စားဖိုမှူးနဲ့တွဲဖက်ကာ အနံ့အရသာ ကောင်းမွန်ပြီး ကျန်းမာရေးနဲ့လိုက်ဖက်ညီတဲ့ ထုတ်ကုန်အသစ်ဖြစ်အောင် ပြင်ဆင်နေခဲ့ပေမဲ့ ပြင်သစ်ဟင်းလျာပုံစံတွေကို မူလလက်ရာမပျက်အောင် ထိန်းသိမ်းချင်တဲ့ စားဖိုမှူးက အေမီ့ရဲ့အဆိုပြုချက်ကိုလက်မခံဘဲ နှစ်ယောက်သားစကားများကြရာကနေ အလုပ်က ထွက်သွားပါတော့တယ်။ ကိုယ်ရှုပ်မိတဲ့အရှုပ်ကို ပြန်ရှင်းဖို့ စားဖိုမှူးအသစ်လိုက်ရှာရင်း အီတလီစားဖိုမှူး မာချယ်လို့ကို ကမ်းလှမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မာချယ်လိုက နယူးယော့ခ်ကို ဘယ်လိုမှ မလာနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာမို့ အေမီတစ်ယောက် ဗင်းနစ်မြို့ဆီ အရောက်သွားကာ မာချယ်လို့ရဲ့ ဟင်းချက်သင်တန်းကို တက်ပြီး မရအရဆွယ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အေမီတစ်ယောက် မာချယ်လိုရဲ့ သင်တန်းကိုတက်နေတဲ့ သုံးပတ်တာအချိန်အတွင်း မာချယ်လို့ကို စိတ်ပြောင်းအောင် လုပ်လိုက်နိုင်မှာလား.. အဆင်မပြေဘဲ လက်လျှော့ပြီးပဲ ပြန်ရမလား.. မာချယ်လိုကရော ဘာလို့ နယူးယော့ခ်ကို လုံးဝမလာချင်ဖြစ်နေရတာလဲ.. အေမီနဲ့ မာချယ်လို့နှစ်ယောက်ကြား ဘယ်လို ရိုမန့်စ်လေးတွေဖြစ်လာမလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

6.3 2023 84 mins
A Very Venice Romance
This Is 40
6.2

This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေ ကောင်း လေဆိုတာကို မြင်ဖူးကြမှာပါ တစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစ ဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်း ထို့အတူ ပိထ် ဆိုတဲ့ Paul Rudd က သီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီး ခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့ တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။ တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။ သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာ ဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။ သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ ကပ်သီးကပ်သပ် ဖြစ်နေပါရော။ ပိထ်မှာ မိဘစရိတ် မနားတမ်း‌ တောင်းဆိုတတ်တဲ့ အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင် အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ပျောက်နေပြီး ၇ နှစ်မှ တစ်ခါပေါ်လာတတ်တဲ့ အဖေရှိ ပါတယ်။ အဲ့တာအပြင် အပျိုဖော်ဝင်စ သွေးသားပြောင်းလို့ ဒေါသ အမြဲတမ်းထွက်နေတဲ့ သမီးရယ်နဲ့ သူ့ညီမလေးရယ် ဘဝက ကကြိုးစုံနေပါတယ်။ ပိထ်ရဲ့ ကုမ္ပဏီဟာ ဒေဝါလီခံရမလို ဖြစ်နေပြီး အိမ်ရဲ့အကြွေးတွေကိုလည်း မဆပ်နိုင် တစ်ဖက်က အဖေဆီလည်း မိန်းမ မသိအောင် ခိုးထောက်ပံ့ရင်း ဗျာများ နေပါတယ်။ ကောင်းမွန်တဲ့ ဘဝဆီကို လျှောက်လှမ်းကြမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ သူတို့လင်မယား နှစ်ဦးဆီ ပြဿနာတွေ ချည်မျှင်တန်းသလို တစ်သီ ချင်းဝင်လာပါတယ်။ ပြဿနာတွေ ‌ကို ရင်ဆိုင်ရင်း ရှည်ကြာတဲ့ အိမ်ထောင်သက်ကို ဘယ်လိုကိုင်တွယ်ကြပုံကို ငိုတစ်လှည့် ရယ်တစ်လှည့် ဟာသနှောရင်း တွေ့မြင်ရမှာပါ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ ပရိသတ်တိုင်း မျက်နှာမစိမ်းတဲ့ Ant-Man မင်းသား Paul Rudd က ပိထ်နေရာက ပါဝင် သရုပ်ဆောင်ထားပြီး Lesile Mann ၊ Maude Apatow ၊ Iris Apatow ဒါရိုက်တာရဲ့ မိန်းမ ၊ သမီးကြီး ၊ သမီးငယ် သုံးယောက်လုံး မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတာကို တွေ့ရမှာပါ။ Euphoria ဖန်တွေ အနေနဲ့လည်း Lexi လေးရဲ့ ငယ်စဉ်တည်းက မခေတဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရှုခွင့် ရကြမှာပါ။ ရှေ့တစ်ကား Knocked up မှာတုန်းကလည်း အောင်မြင်ခဲ့တဲ့ Director Judd Apatow ရဲ့ နောက်ဆက်တွဲ အောင်မြင်တဲ့ဇာတ်ကား ဆိုလည်း မမှားပါဘူး။ John Lithgow ၊ Melissa McCarthy ၊ Jason Segel တို့လည်းပါဝင်ထားပြီး ဂီတ ဘုရင် Billie Joe Armstrong ပါ ပါဝင်ထားတဲ့ သရုပ်ဆောင်မြိုင် ဇာတ်လမ်းပိုင်တဲ့ကားပါပဲ။ ဂေါင်းကြီးတို့အနေနဲ့ ဘောနပ်စ်ကတော့ Megan Fox ရဲ့ ရင်ဖိုစရာ အခန်းတွေ လှိုင်လှိုင်နဲ့မို့ ဘာမှမ ပြောတော့ဘဲ ဇာတ်လမ်းကိုသာ ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ File size… 2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 14m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

6.2 2012
This Is 40
Cape Fear
7.3

သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။ အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင် တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။ တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက် ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည် အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီး ဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှု ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေ လွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့ အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီ အမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာ ပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီး လက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့ အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လို လုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစု အပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p / 720p Format…mp4 Duration….2h 8m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.3 1991
Cape Fear
Kung Fu Games
5.8

Squid Game လိုပုံစံမျိုးကိုပြန်ရိုက်ထားတဲ့ခံစားချက်မျိုးနဲ့ Kung Fu Games ဆိုတဲ့အက်ရှင်ကားတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ပြောရရင်တော့ Squid Game နဲ့တော်တော်ကြီးကို ဆင်တူနေပြီး ကွာခြားသွားတာဆိုလို့ ဒီမှာကကွန်ဖူးဆိုတဲ့အတိုင်း တိုက်ခိုက်ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့်အပျင်းပြေအက်ရှင်အလန်းစားတွေကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကကြည့်ရှုလို့သင့်တော်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လူ ၆ ယောက် ကွန်ဖူးဝတ်စုံတွေဝတ်ထားပြီး ဘယ်နေရာမှန်းမသိတဲ့အခန်းတစ်ခုထဲမှာနိုးထလာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။အခန်းတံခါးပေါ်မှာလဲ အချိန်နောက်ပြန်ရေတွက်နေတဲ့ နာရီကြီးရှိနေပြီး ဘာအတွက်ရေတွက်နေမှန်းလည်းမသိရပါဘူး။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ အချိန်ပြည့်သွားပြီး ဝါးတောကြီးတစ်ခုထဲ သွားတဲ့တံခါးကို ဖွင့်ပေးလိုက်ပါတော့တယ်။ စစချင်းတုန်းကတော့ အရမ်းကြီးလေးလေးနက်နက်မရှိကြပေမဲ့ အဲ့ဒီပထမအဆင့်မှာတင် လူတစ်ယောက်သေသွားတဲ့အခါမှာတော့ အကုန်လုံးကစိုးရိမ်ပူပန်လာကြပြီး ကစားပွဲတွေကလည်းပိုပိုပြင်းထန် လာပါတော့တယ်။ အဲ့ဒီလိုကစားပွဲရဲ့နောက်ကွယ်မှာဘယ်သူရှိနေမလဲ သူတို့ကရောဘာလို့ ဒီကိုရောက်လာခဲ့ကြရတာလဲဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…1.69GB / 848MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2024 94 mins
Kung Fu Games
Scooby-Doo! Abracadabra-Doo
6.8

ဒီဇာတ်ကားမှာ စကူဘီတို့ Mystery Incအဖွဲ့သားတွေဟာ ဗယ်မာရဲ့ညီမလေး မယ်ဒလင်း တက်နေတဲ့ မျက်လှည့်သင်တန်းမှာ ထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင် ခြောက်လှန့်နေတယ်ဆိုပြီး တစ်ဖွဲ့လုံးသွားစုံစမ်းကြတဲ့အကြောင်းရိုက်ကူးထားတာပါ။ မယ်ဒလင်းတက်နေတဲ့ မျက်လှည့်‌ကျောင်းက ရှေးရဲတိုက်တစ်ခုမှာ ဖွင့်ထားတာဖြစ်ပြီး မှော်အတတ်လိုက်စားတယ်လို့ နာမည်ကြီးတဲ့ အိုင်ယာလန်နယ်စားတစ်ယောက် ပိုင်ခဲ့တဲ့ရဲတိုက်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီရဲတိုက်ဟာ ကျိန်စာတိုက် ခံထားရတာကြောင့် ဂရစ်ဖင်လို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ခြောက်လှန့်မှုကို ခံနေရပြီး ကျောင်းကိုပါပိတ်ပစ်လိုက်ရမလို ဖြစ်နေတာပါ။ စကူဘီတို့အဖွဲ့ အဲဒီပြဿနာကို ဖြေရှင်းနိုင်မှာလား။ အဲဒီရဲတိုက်က တကယ်ပဲ ကျိန်စာသင့်နေတာလား။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ ဒီကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ File Size : 1.2 GB, 676 MB Quality : WEB-DL 1080p / 720p Running Time : 1hr 16min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

6.8 2010
Scooby-Doo! Abracadabra-Doo
Dragon Seduction
5.5

တရုတ်နတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးကြည့်ရအောင် နဂါးမင်းသားကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- လွန်ခဲ့တဲ့ နှစ်တစ်ထောင်က နဂါးမင်းကြီးဟာ နတ်ဆိုးဝင်သွားတဲ့ ညီလေးဖြစ်သူယဲ့ရင်းကို မိစ္ဆာနိုင်ဓားအကူအညီနဲ့ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး လောက ၃ ပါးငြိမ်းချမ်းစေခဲ့ပါတယ်။ နှစ်တစ်ထောင်ကြာပြီးနောက် ဟောက်ရီးရဲ့ သားဖြစ်သူ ဖုရှီးက အရပ်ပြည်သူတွေ ဆင်းရဲနေတာကို ကြည့်ရက်လို့ ရွှေနဂါးအစွမ်းသုံးပြီး ရွှေမိုးငွေမိုး ရွာပေးခဲ့ပါတယ်။ အဲဒီရွှေနဂါးအစွမ်းရဲ့ သက်ရောက်မှုကြောင့် ယဲ့ရင်းကို ပိတ်လောင်ထားတဲ့ အကျဉ်းထောင်က လျော့ရဲသွားပြီး ယဲ့ရင်းတစ်ယောက် လွတ်မြောက်သွားပါတယ်။ လွတ်မြောက်သွားတဲ့ ယဲ့ရင်းကို ပြန်ဖမ်းဖို့အတွက် ဖုရှီးတစ်ယောက် မိစ္ဆာနိုင်ဓားကို ရှာပုံတော်ထွက်ရပါတော့တယ်။ မိစ္ဆာမြို့မှာ ကမာမိစ္ဆာမလေး ပိုင်ယိရဲ့ အကူအညီတွေကို ရခဲ့ပြီး သူတို့နှစ်ယောက် အချိန်တိုအတွင်းမှာပဲ သံယောဇဉ်တွေ ညှိတွယ်သွားခဲ့ပါတယ်။ ဖုရှီးတစ်ယောက် မိစ္ဆာနိုင်ဓားကို ရှာတွေ့နိုင်မလား…… ဘယ်လို ဘေးအန္တရာယ်မျိုးတွေနဲ့ ကြုံတွေရမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Horror
5.5 2025
Dragon Seduction
María, ¡Me muero!
5.8

ဒီကားလေးက “Hypochondria” လို့ခေါ်တဲ့ ဘာရောဂါမရှိပဲ ကိုယ့်ကိုကိုယ်ရောဂါရှိတယ်ထင်ပြီး အလွန်အမင်းစိတ်ပူပန် တတ်တဲ့ရောဂါရှိသူ ( မြန်မာအခေါ် မာလျက်နာရောဂါ) ယောက်ျားဖြစ်သူနဲ့ ဇနီးသည်တို့ရဲ့ အိမ်ထောင်ရေးမှာ ယောက်ျားဖြစ်သူရဲ့ ဇီဇာကြောင်မှုတွေ အလွန်အမင်းစိတ်ပူ ပန်တတ်မှူတွေကြောင့် ဖြစ်လာတဲ့ အိမ်ထောင်ရေးအခက် အခဲအလွဲလေးတွေကို တင်ဆက်ပေးထားတဲ့ Comedy & Romance အမျိုးအစားမက္ကစီကို ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.. အရမ်းကြီး ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွင်း ရိုက်ချက်တွေ မပါပေမယ့် သူ့ဟာလေးနဲ့သူရယ်နေရတာမလို့ တခြားနာမည် ကြီးရုပ်ရှင်ကားတွေနဲ့တန်းတူ မက္ကစီကိုရုပ်ရှင်ရုံတွေမှာ မျက်နှာမငယ်ပဲ ပရိတ်သတ်အားပေးမှုကို ရရှ်ိခဲ့တဲ့ ရုံတင် ဇာတ်ကားလေးပါ အားနည်းချက်ဆိုလို့ Pacing နဲ့ Character Development နှေးတာကလွဲရင် ရယ်ရတာမို့ ကြည့်ရ တန်‌ပါတယ်… လူ့ဘဝတိုတိုလေးမှာ ပူပန်မှုတွေများ သောကတွေပွားမနေဘဲ အပြည့်အဝရှင်သန်ခြင်းကသာ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ Message လေးနဲ့အတူ ပေါ့ပေါ့ပါးပါးလေးကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်…. File size… (1.03GB) / (527MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nice Guy

5.8 2024 96 mins
María, ¡Me muero!