YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Spy x Family.Ep10.1080p.YK(CM).mp4

401.01 MB N/A video/mp4 3244 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ponniyin Selvan: Part I
7.3

Ponniyin Selvan: Part I (2022) ==================== ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်... တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ် သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ... သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်... သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်... ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်... ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ... ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။ သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။ တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL / 1080p WEB DL AVC /720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & HM & Jerrica & Shwe Pyae

Crime • Drama • Mystery
7.3 2022 167 mins
Ponniyin Selvan: Part I
The Dead Pool
6.3

Review- Dead Pool ဆိုတဲ့ ဂိမ်းဆိုတာဘယ်သူသေမလဲဆိုတာခန့်မှန်းတဲ့လောင်းကစားပါ ရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ Peter Swan နဲ့ သူ့ရဲ့ရိုက်ကူးရေးအဖွဲ့သားတွေကဒီဂိမ်းကိုဆော့ကစားကြပါတယ် ဒါပေမယ်သူတို့နာမည်ကျော်တွေကိုပဲခန့်မှန်းပြီးကစားကြပါတယ် ဖြစ်ချင်တော့သေဆုံးသူတွေဟာ Peter Swan ရဲ့စာရင်းထဲကလူတွေပဲဖြစ်နေတာကိုသတိထားမိတဲ့နောက်မှာတော့ စုံထောက်ကြီး Harry Callahan သံသယတွေဝင်လာပါတယ် တကယ်ပဲလူသတ်သမားဟာ Peter Swan ဖြစ်နေမလား သူ့ကိုမုန်းတီးတဲ့အခြားတစ်ယောက်လား ဘာလို့ဒီလိုလိုက်သတ်နေရလဲ စုံထောက်ကြီး Callahan ကရောဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:31:00 Type__Action, Crime, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Comedy
6.3 1988 91 mins
The Dead Pool
Sodium Day

"Sodium day"ဆိုတဲ့ဇာတ်ကားလေးဟာ တောင်အာဖရိက ကျောင်းတစ်ကျောင်းဖြစ်တဲ့ ဂျွန်ရှယ်ဘီကျောင်းဝင်းထဲမှာ Class-12Yရဲ့ ကျောင်းသားသုံးယောက် ရေပုံးထဲမှာ ဆိုဒီယမ် ကိုနှစ်ပြီး လက်ကမြင်းရာကစပါတယ်။ ဆိုဒီယမ်ကပေါက်ကွဲ သွားတော့ သူတို့ကဂုဏ်ယူတဲ့အနေနဲ့ အဲ့နေ့ကို "Sodium day" လို့ တောင်ကင်ပွန်းတပ်လိုက်ကြပါသေးတယ်။ အဲ့နေ့ "Sodium day"နေ့မှာ ကျောင်းသူတစ်ယောက် ကျောင်း မပျက်စဖူးပျက်တယ်။ တခြားကျောင်းကကျောင်းသားတွေ ကျောင်းသားဖလှယ်ရေးပရိုဂရမ်နဲ့ မလာစဖူးလာတယ်။ လူမိုက် (၂)ယောက် ကျောင်းထဲကို သေနတ်ကိုင်ပြီးရောက်ချလာတယ်။ အဲ့လိုအဖြစ်အပျက်စုံစီနဖာကြောင့် သူတို့ရဲ့ ပျင်းစရာကောင်းတဲ့ သာမန်ကျောင်းလေးဟာ အဲ့နေ့မှာငြိမ်သက်နေတဲ့ရေပြင်ကို ကျောက်ခဲပစ်ချလိုက်သလို ဂယက်ထသွားခဲ့ရပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ၊ ပညာရေးအထောက်အပံ့အားနည်းမှုတွေ၊ ဒေသလုံခြုံရေးအားနည်းမှုတွေကို နေ့တစ်နေ့တည်းမှာတင် ပုံဖော် ပြသွားတာကို "Sodium Day"ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.4 GB) / (516 MB) / (350 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Ngwe Zin Encoder..........SWM

Action • Comedy
0 2022 100 mins
Sodium Day
Love at First Stream
5

ကျွန်တော်တို့ အခုလက်ရှိမှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ pandemic ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အဘက်ဘက်က ဆုတ်ယုတ်မှုတွေ ဖြစ်ခဲ့ ဖြစ်နေဆဲ ဖြစ်ပေမယ့် ဒီကာလမှာ အရင်ကထက် ပိုလို့ အသုံးကျယ်ပြန့်လာတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အင်တာနက်ပါပဲ။ ရောဂါတွေကြောင့် homestay ကာလမှာ အင်တာနက်ကတစ်ဆင့် စာသင်တယ်၊ အင်တာနက်ကတစ်ဆင့် စီးပွားရှာတယ်၊ အင်တာနက်ကနေ ဆက်သွယ်ကြတယ်။ အင်တာနက်ဟာ အရာရာဖြစ်လာပါတယ်။ လူငယ်တွေလည်း ဒီအင်တာနက်ကို အသုံးချပြီး ဘ၀တက်လမ်းတွေရှာကြ၊ ဝါသနာပါရာ အလုပ်တွေကို လုပ်လာကြပါတယ်။ ဒီလိုပဲ ဗီလ်မာဆိုတဲ့ Vlogger ရူးမလေးကလည်း အင်တာနက်ပေါ်ကနေတစ်ဆင့် V-logဆိုတဲ့ channel လေးတစ်ခုထောင်ရင်း ရှိစုမဲ့စု fan လေးတွေနဲ့ pandemic ကာလမှာ သူ ဝါသနာပါရာကို ရှေးရှူနေသူပေါ့။ တစ်နေ့တစ်နေ့ လူစိတ်၀င်စားမယ့် vlog ideaတွေ စဉ်းစားပြီး ကြိုးစားပမ်းစားရိုက်ရတယ်။ Like တွေ Views တွေက သူ့ဘ၀ပါပဲ။ ဗီကတော့ ဒီအလုပ်ကို career တစ်ခုအနေနဲ့ အတည်တကျဆက်လုပ်ချင်ပေမယ့် သားသမီးရဲ့ ဝါသနာကို ဂရုမစိုက် သူတို့လျှောက်စေချင်တဲ့ လမ်းကြောင်းကသာ အမှန်လို့ထင်တဲ့ အာရှမေမေတို့ရဲ့ ထုံးစံအတိုင်း ဗီ့ရဲ့ အမေဟာလည်း vlogger အလုပ်ကို တစ်စက်လေးမှ အားမပေးဘဲ မိသားစုအလုပ်ကိုသာ လုပ်ဖို့ တပျစ်တောက်တောက် ပြောသူပါ။ သိုပေမဲ့ ဗီကလည်း မိဘက ဒါဆို ဟိုဟာလုပ်တဲ့ သားသမီးတို့ရဲ့ ထုံးစံအတိုင်း မိခင်စကားကို တစ်စက်မှ နားမထောင် သူ့ဝါသနာကိုသာ ဆက်လုပ်ပါတယ်။ တစ်နေ့တော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အချေအတင်ဖြစ်ရာမှ "အိမ်ပေါ်က ဆင်း" ဆိုတဲ့ စကားလုံးထိ ပါလာခဲ့ရာ ဗီတစ်ယောက် သူ့အမေကို သူလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ Vlogger အလုပ်ကို အပတ်တကုတ်ကြိုးစားရင်းနဲ့မှ အွန်လိုင်း‌ပေါ်က friendship တွေ၊ အွန်လိုင်းပေါ်က အတွေ့အကြုံသစ်တွေ၊ ချစ်မှုရေးရာလေးတွေပါ ကပ်ချိတ်ပါလာပါတော့တယ် .... လူငယ်အချစ် ဇာတ်လမ်းလေး ဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့ မစိမ်းတဲ့ အင်တာနက်ပေါ်က အဖြစ်အပျက်တွေ၊ ဟာသလေးတွေ၊ လူငယ်တို့ရဲ့ ဖြစ်တတ်တဲ့ သဘာ၀လေးတွေနဲ့ ရင်ခုန်စရာ ဇာတ်လမ်းလေးဖြစ်တာကြောင့် စိတ်ညစ်စရာတွေဆီက ခဏတာပြေးထွက်ဖို့ဆို Love at First Stream လေးကို ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ... အညွှန်းကိုတော့ Yoon Sandi Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p File size…1.59GB and 826MB and 263MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Drama
5 2021 110 mins
Love at First Stream
Run Hide Fight
6.8

ဒီတစ်ခါတော့ CM ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူ ဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန် အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။ အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏ ကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။ Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြပါတယ်။ ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။ ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်း ခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို လက်နက်တွေနဲ့ ၀င်လာပြီး လူသတ် ခြိမ်းခြောက်မှုတွေလုပ်ပါတော့တယ် .... ဒါကို သိသွားတဲ့ ဇိုအီဟာ မသိသေးတဲ့ ကျောင်းသား တွေကို သတိပေးနိုင်အောင် သူကိုယ်တိုင်လည်း မသမာသူတွေလက်က လွတ်အောင် ကြိုးစားရပါတော့တယ် .... (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ Yoon Sandi Aung , August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 50min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Thriller Source : 1080p.WebRip Translator – Yoon Sandi Aung, August Encoder – SWM

Drama • Sci-Fi & Fantasy
6.8 2021 109 mins
Run Hide Fight
Charlotte
6.4

Charlotte (2021) ~ IMDb – 6.4/10, Rotten Tomatoes – 71% ~ Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။ Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး “ဘဝလေလား ပြဇာတ်လေလား” လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ပန်းချီကားပေါင်းများစွာနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒီပန်းချီတွေကို သူပန်းချီသေချာဆွဲတတ်စ နှောင်းပိုင်းကနေ တစ်သက်လုံးအားထုတ်ရေးဆွဲခဲ့တာပါ။ သူဟာ အသက် ၂၆အထိပဲ နေသွားရပေမယ့် ဒီကာလတိုတိုလေးအတွင်းမှာ ဒီပန်းချီကားပေါင်းများစွာကို မနားမနေအားထုတ်ရေးဆွဲသွားခဲ့တဲ့ အနုပညာရှင်ပါပဲ။ Keira Knightley က Charlotte အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ အနုပညာကိုချစ်ခြင်းဟာ အကောင်းဆုံးဘဝနေနည်းလို့ ဆိုခဲ့ကြပေမဲ့လဲ လက်တွေ့ဘဝမှာ အနုပညာချည်းသက်သက်ကို တွယ်ဖက်ပြီး ရှင်သန်ဖို့သာ အခက်ခဲဆုံးအရာတစ်ခုပါပဲ။ ဒီရုပ်ရှင်ဟာ ပန်းချီအနုပညာကို ချစ်ခဲ့တဲ့ ပန်းချီအနုပညာကို တွယ်ဖက်ခဲ့တဲ့ အမျိုးသမီးပန်းချီဆရာမတစ်ယောက်ရဲ့ ရင်နင့်စရာ ဖြစ်ရပ်မှန်ကို animation အနေနဲ့ အသက်သွင်းထားတဲ့ ရုပ်ရှင်ပါ။ ပန်းချီကိုချစ်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်းဟုတ်ပါတယ်။ ရင်နင့်စရာကောင်းအောင် လှပတဲ့ရုပ်ရှင်လို့လည်း တစ်ချို့ကဆိုကြပါတယ်။ ဒီရုပ်ရှင်ဟာ ဟယ်ရီပေါ်တားရဲ့ Narcissa Malfoy, Peaky Blinder ရဲ့ Polly Gray တို့အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အချစ်ကိုရရှိခဲ့တဲ့ Helen McCrory ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်နဲ့ဟန်အတော်ဆင်တဲ့ ရုပ်ရှင်ဖြစ်တဲ့ Loving Vincent မှာလည်း Louise Chevalier အဖြစ် အသံသရုပ်ဆောင်ခဲ့သေးပါတယ်။ ကြွေသွားတဲ့ ကြယ်တစ်ပွင့်ရဲ့ နောက်ဆုံးရုပ်ရှင်အနေနဲ့လည်း ခံစားကြရမှာပါ။ ဘဝဟာ လူတိုင်းအတွက် ကောင်းခြင်းတွေပဲ ပေးမနေပါဘူး။ ဘဝဟာ ကိုယ့်ကို အမြဲတမ်းချစ်ပေးမနေပါဘူး။ အရေးကြီးတာကတော့ ကိုယ်က ဘဝကို ချစ်နေဖို့ပါပဲတဲ့။ ဒီရုပ်ရှင်ဟာ ဘယ်လိုအကြောင်းအရာလဲ စာတစ်ကြောင်းနဲ့ ဖော်ပြခိုင်းခဲ့ရင်တော့ ကျွန်တော်ပြောနိုင်တာက… ဒီရုပ်ရှင်ဟာ ကံဆိုးမိုးမှောင်တွေကြားမှာ ဘဝကိုချစ်ရင်း အနုပညာကိုချစ်ရင်း လောကဓံကို အစိမ်းလိုက်ရင်ဆိုင်ရဲခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 32Min Genre – Animation Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Comedy • Family • Science Fiction
6.4 2021 92 mins
Charlotte
Phantom Wild Flower
5.9

Action ကြိုက်သူCMပရိသတ်ကြီးအတွက် ဟောင်ကောင်ဂျက်မ Naked Weapon စတဲ့နာမည်ကြီးကားတွေလိုပဲ မစ်ရှင်အောင်မြင်ဖို့အတွက်အလှအပမာယာတွေနဲ့ တိုက်ခိုက်စွမ်းရည်ပြည့်ဝတဲ့ မိန်းကလေးအထူးတပ်ဖွဲ့အကြောင်းကို ရိုက်ထားတဲ့အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်အိမ်ကတော့ဂျပန်တွေကျူးကျော်ဝင်လာတဲ့ မတည်ငြိမ်တဲ့ခေတ်ကာလကြီးကိုအခြေပြုထားတာပဲဖြစ်ပါတယ်။ လောကကြီးမှာဖက်တွက်စရာမရှိတော့တဲ့ အထီးကျန်မိန်းကလေးတွေ ပြည်သူတွေအေးချမ်းဖို့အတွက် ကိုယ့်ကိုယ်ကိုပေးဆပ်ဖို့ဝန်မလေးတဲ့ မိန်းကလေးတွေကိုစုစည်းပြီး လျို့ဝှက်လေ့ကျင့်သင်တန်းပေးပြီး လျှို့ဝှက်ပြီးတရားမျှတတဲ့အမျိုးသမီးအထူးတပ်ဖွဲ့ကိုတည်ထောင်ထားဖြစ်ပါတယ်။ သူတို့ဟာပန်းလေးတွေလိုပဲ လှပစွာညှို့ငင်ပြီး ရည်မှန်းချက်ကိုရအောင်ယူဖို့နည်းမျိုးစုံနဲ့လုပ်ကိုင်တတ်ကြသူတွေပါ။ မမလှလှတွေရဲ့ကြမ်းကြမ်းရမ်းရမ်း အက်ရှင်တွေအပြင် တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့တပ်ဖွဲ့ရဲ့စည်းမျဉ်းစည်းကမ်းကြားမှာ အချစ်ဆိုတဲ့ချိုမြတဲ့ခံစားချက်လေးဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ…… သူတို့ထင်မှတ်ထားတဲ့တရားမျှတခြင်းဟာ တရားမျှတမှုအစစ်အမှန်ဟုတ်ရဲ့လား…… အချစ်ဆိုတာကရောအချစ်စစ်ဟုတ်ရဲ့လား…… ရှေ့ဆက်ပြီးဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဖန်သားပြင်မှာပဲဆက်လက်ကြည့်ရှုလိုက်ပါနော်……

Action • Thriller
5.9 2022
Phantom Wild Flower
Choyleefut: Speed of Light
5

တရုတ်ပြည်မှာ ကိုယ်ခံသိုင်းပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ ချွိုင်လီဖတ်ဆိုတဲ့ ကိုယ်ခံပညာအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒီသိုင်းပညာဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာမှာပါ လူသိများတဲ့ကွန်ဖူးပညာ တစ်ရပ်လည်းဖြစ်ပါတယ်။ ချွိုင်လီဖတ်အကျော်အမော်ညီနောင်နှစ်ပါးထဲက အစ်ကိုဖြစ်သူချန်တိန်းလိုင်ဟာ ကမ္ဘာတစ်လွှားမှာကျောင်းပေါင်းများစွာ ဖွင့်လှစ်ပြီး သိုင်းပညာကို ဖြန့်ဝေလျက်ရှိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်က ပင်မကျောင်းတော်ကြီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုက အုပ်စိုးဖို့ကြိုးစားလာပါတော့တယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက သဘောတူထားပြီးပေမယ့် သူရဲ့သား ဂီက လက်သင့်မခံဘဲ ပြန်လှန်တွန်းလှန်ဖို့ ကြိုးစားရင်းက ကျောင်းတော်ကြီးရဲ့ကံကြမ္မာကို ပြိုင်ပွဲအဆုံးအဖြတ်နဲ့ စီရင်ဖို့ ဖြစ်လာရပါတော့တယ်…. ကျောင်းကို စီးပွားရေး ကုမ္ပဏီကြီးကပဲ အုပ်စိုးသွားမလား… ဂီနဲ့အတူ အပေါင်းအပါတွေကပဲ ကယ်တင်သွားနိုင်မလား ရှုစားရမှာပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2011
Choyleefut: Speed of Light
You’re Next
7.5

IMDb – 6.6/10 ~ Rotten tomatoes – 79% ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်း သူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။ မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက် ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ 35 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်း မိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကို အောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီး လူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။ ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလား သူတို့ရဲ့ မိသားစုကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ ဒီလူသ-တ်သမားတွေကရော ဘယ်က‌နေပြီး ဘာကြောင့် ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသ-တ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့ ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။ File size… 1.2 GB / 500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT

7.5 2011 94 mins
You’re Next
The Portrait

The portrait ဆိုတဲ့ဇာတ်ကားကတော့ 2023 ခုနှစ်ကထွက်ရှိခဲ့ပြီး Mystery, Horror အမျိုးအစားဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းဖြစ်သူရဲ့ကံမကောင်းအကြောင်းမလှတဲ့ မတော်တဆဖြစ်ရပ်အပြီးမှာ အတိတ်မေ့သွားတဲ့ ခင်ပွန်းဖြစ်သူကို မှတ်ဉာဏ်ပြန်ရလိုရငြား ခင်ပွန်းဖြစ်သူ ငယ်ဘဝကကြီးပြင်းခဲ့တဲ့ မိသားစုပိုင်အမွေဆိုင်အိမ်ကြီးကိုခေါ်လာခဲ့ပါတယ်။အဲဒီအိမ်မှာ သူမခင်ပွန်းဖြစ်သူ နုပျိုစဥ်ကနဲ့တစ်ပုံစံထဲတူတဲ့ ပုံတူပန်းချီကားတစ်ချပ်ကိုတွေ့ရှိခဲ့ပါတယ်။သူမကို တစ်ခုခုက ခြောက်လှန့်လာပြီး စိတ်တွေစိတ်ခြောက်ခြားလာတာနဲ့အမျှ အဲ့ဒီပုံတူပန်းချီကားက တစ်ကယ်တစ်ခုခုပူးကပ်နေတာလားဆိုတာကို သိရဖို့ သူမစုံစမ်းပါတော့တယ်။ File size…(1.2 GB)/(586 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thrillr, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

Family • Drama • Romance
0 2023
The Portrait
Obsessed to Death
5.5

ကတ်စီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူနဲ့တွဲနေတဲ့ ရည်းစားအသစ်လေး အော်စတင်က သူ့ကို အပျောက်ရိုက်သွားလို့ လိုက်ပြီး စုံစမ်းတဲ့အခါမှာ ဆမ်းမားဆိုတဲ့ အားကစားနည်းပြ ကောင်မလေးနဲ့ အော်စတင်က ရည်းစားဖြစ်နေကြတာကို သိလိုက်ရတယ်။ မနာလိုဖြစ်မိတဲ့ ကတ်စီဟာ ဆမ်းမားကို လူမှုကွန်ရက်မှာ နောက်ယောင်ခံရင်း ပရိသတ်တွေအများကြီးနဲ့ အောင်မြင်နေတဲ့ ဆမ်းမားကို တဖြည်းဖြည်းနဲ့ စွဲလမ်းအားကျလာခဲ့မိတယ်။ ကတ်စီက ဘယ်လို ဇာတ်လမ်းတွေ ခင်းပြီး ဆမ်းမားရဲ့ ဘဝထဲကို ဝင်လာမလဲ… စွဲလမ်းမှုကို ဘယ်အတိုင်းအတာထိတောင် ရူးသွပ်စွာနဲ့ ကြိုးစားမလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ် File size…1.4GB / 521MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Action • Thriller • Science Fiction • Adventure
5.5 2022
Obsessed to Death
Iron Dart
5.7

ဒီဇာတ်ကားလေးကတော့ ကိုယ်ရံတော်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် အကြိုက်တွေ့စေမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ – ယန်အိမ်တော်ရဲ့အ‌ မွေပြဿနာ‌တွေကြောင့် လီကွေ့ဖန်းလို့ခေါ်တဲ့ အမျိုးသမီးဟာ သူ့ရဲ့မတ်ဖြစ်သူ‌ထံကနေ သမီးလေးလက်ကို‌ဆွဲပြီးထွက်ပြေးနေရတာပါ။ အဲဒီအချိန် ထျယ်ရန့်လို့ခေါ်တဲ့ လူငယ်လေးကလည်း မြို့ကို သူ့အဘွားလုပ်ခိုင်းလိုက်တဲ့ကိစ္စလေးကြောင့် မြို့ကိုရောက်နေတဲ့ ဒုက္ခတွေ့နေတဲ့ လီကွေ့ဖန်းတို့သားအမိကိုကယ်လိုက်ပါတော့တယ် ။ အဲဒီအချိန်မှာ လူဆိုးတွေကလည်းဆက်တိုက်လိုက်နေတော့ လီကွေ့ဖန်းက ထျယ်ရန့်ကိုသူ့ကို ၃၂နာရီပဲကာကွယ်ပေးဖို့တောင်းဆိုပါတော့တယ် ။ တကယ်လို့ သူတို့သားအမိကိုသာ မနက်ဖြန်၁၀ နာရီထိ ကာကွယ်ပေးရင် သိန်း၅၀ပေးမယ်လို့ကမ်းလှမ်းပါတယ် ။ အဲဒီကမ်းလှမ်းချက်ကို ထျယ်ရန့်တစ်ယောက်လက်ခံလိုက်မလား ? ဒါမှမဟုတ် ၃၂နာရီအတွင်း ဘာတွေများဖြစ်လာလိမ့်မလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှု့ဖို့တိုက်တွန်းလိုက်ပါရစေ

Family • Comedy
5.7 2024
Iron Dart
The Dinner Guest El comensal
5.2

The Dinner Guest (2022) IMDb Rating (5.2) “El Comensal” ကတော့ 2022 ခုနှစ်တွင် ထွက်ရှိလာတဲ့ စပိန် ဒရာမာဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Ángeles González-Sinde ကဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ ETA အဖွဲ့၏လက်ချက်နဲ့ ဖြစ်လာတဲ့ မိသားစုရဲ့စိတ်ဒဏ်ရာတွေကိုပြန်လည်ပြီးတော့ ကုစားတာမြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းထဲကသရုပ်ဆောင်ကောင်းတွေနှင့် ကောင်းမွန်တဲ့ ဇာတ်ညွှန်းတွေကြောင့် စိတ်ဝင်စားဖို့ကောင်းပြီးတော့ခံစားချက်မျိုးစုံရမှာဖြစ်တယ် ။ Ginés García Millán, Susana Abaitua, Adriana Ozores တို့၏ သရုပ်ဆောင်မှုများက ဇာတ်ကားကို ပိုမိုကျစ်လစ်ကောင်းမွန်စေပါတယ်။ အတိတ်နှင့် ပစ္စုပ္ပန်ကြားက ချိတ်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းတွေက မိသားစုရဲ့စိတ်ခံစားချက်တွေကိုသေချာရိုက်ပြထားသလို နည်းနည်းတော့ရှုပ်ထွေးတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ “El Comensal” သည် မိသားစုရဲ့ အတိတ်ကို ရှင်းလင်းဖြေရှင်းဖို့ကြိုးစားပြီ စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ပြီးတော့ရှေ့ဆက်လှမ်းဖို့ကြိုးပမ်းမယ့်ပုံစံပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:36:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Thriller
5.2 2022 100 mins
The Dinner Guest El comensal
Oru Kattil Oru Muri

Oru Kattil Oru Muri (2025) အခန်းလေးတစ်ခုက ခုတင်လေးရဲ့ ဒဏ္ဍာရီ “ပုန်းချင်တဲ့နေရာမှာသာပုန်း ငါတို့က မင်းကိုလိုက်ရှာပြီး အမှုန့်ကြိတ်မှာ” ရွတ်မန်ဂါဒန် ဆိုတဲ့ တက္ကစီဒရိုင်ဘာ‌လေးဟာ သူ့ကိုဒီလို အသေရရ အရှင်ရရ လိုက်ဖမ်းနေတဲ့ လူတစ်စုဆီက ထွက်ပြေးနေရပါတယ်။ သူက သူတို့တစ်ဆယ့်တစ်‌ယောက်ရဲ့ပိုက်ဆံနဲ့ ကုမ္ပဏီထောင်ပြီး ထွက်ပြေးနေလို့ပါတဲ့။ တစ်နေ့ကျ သူလည်း ကြံရာမရတာနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ တိုက်ခန်းပိုင်ရှင်အစ်မကြီးက သူ့ခုတင်လေးပျက်လို့ ပြင်ဆရာဆီသွားပြင်နေတာပါ။ သူ့ခုတင်ကို သူ့ကလေးလေးလို အထိမခံဖြစ်နေလို့ လက်သမားဆရာခမျာလည်း အကြံအိုက်နေရတဲ့အပြင် အိမ်ကိုပြန်သယ်လာတော့လည်း ပစ္စည်းသယ်ပေးရတဲ့သူတွေကို ဖြည်ဖြည်းသယ်ဖို့ပဲအော်နေလေရဲ့။ သူ့မှာ စကားပြောဖော်ဆိုလို့ သူ့တိုက်ခန်းတစ်ခန်းကိုငှားနေတဲ့ မတ်ဒူမီယာဆိုတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးပဲရှိတာပါ။ မတ်ဒူမီယာကလည်း နှစ်ဆယ်ကျော်အရွယ်လေးတွေရဲ့ ထုံးစံအတိုင်း မိဘနဲ့ဆက်ဆံရေးမပြေလည်လို့ ထွက်ပြေးလာပြီး ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်‌ရှာနေသူတစ်ဦးပါ။ ပိုင်ရှင်အစ်မကြီးက သူ့ခုတင်ကိုအထိမခံဖြစ်နေပေမဲ့ သူကိုယ်တိုင်ကျ မသုံးဘဲ သူ့ကိုပေးသုံးရတဲ့အကြောင်းရင်းကို မတ်ဒူမီယာကမေးတော့ အစ်မကြီးက သူ့ယောက်ျားနဲ့သူအတူသုံးခဲ့တဲ့ခုတင်လေးမို့ ကလေးလေးလို သူအရမ်းတန်ဖိုးထားရပေမဲ့ သူတစ်‌ယောက်တည်းတော့ ဒီခုတင်မှာ အိပ်မပျော်ပါဘူးတဲ့။ ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းကိုယ် ရင်ဖွင့်ရင်း ခင်မင်ရင်းနှီးလာပါတော့တယ်။ အဲဒီအချိန်မှာ ရွတ်မန်ဂါဒန်က ပြေးရင်းလွှားရင်း သူတို့တိုက်ခန်းကို ရောက်ရှိလာပြီး ငှားရမ်းနေထိုင်‌ဖို့ဖြစ်လာပါတော့တယ်။ မနက်တစ်နေကုန်အလုပ်သွားပြီး ညမှတိုက်ခန်းပြန်လာတဲ့ မတ်ဒူမီယာ၊ တစ်ညလုံးအလုပ်လုပ်ရပြီး မနက်မှတိုက်ခန်းပြန်ရောက်တဲ့ ရွတ်မန်ဂါဒန်၊ တိုက်ခန်းပိုင်ရှင်အစ်မကြီး၊ သူတို့သုံးယောက် ဘယ်လိုဆက်စပ် သိကျွမ်းလာကြမလဲ၊ သူတို့ရဲ့ ထုတ်မပြောတဲ့ခံစားချက်တွေ၊ ဖုံးကွယ်ထားတဲ့အမှန်တရားတွေနဲ့ လက်ရှိအခြေအနေကိုဖြစ်လာစေတဲ့ သူတို့ရဲ့အတိတ်တွေကို သိရဖို့ရာ ရုပ်ရှင်မှာအဖြေထုတ်ရမှာမို့ ခံစားကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Adventure • Drama • Thriller
0 2024
Oru Kattil Oru Muri
Khitrovka. The Sign of Four Hitrovka. Znak chetyryokh (Aka) In the Moscow Slums

Khitrovka. The Sign of Four (aka) Hitrovka. Znak chetyryokh (Aka) In the Moscow Slums ဒီကားလေးကတော့ ထူးထူးဆန်းဆန်း Sherlock Holmes ၀တ္ထုတွေရဲ့ ဖခင်စာရေးဆရာကြီး Sir Arthur Conan Doyle ရဲ့ The Sign of Four ၀တ္ထုကို အခြေခံပြီးရိုက်ထားတဲ့ ရုရှားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Moscow မှာ ဇာတ်အိမ်တည်ထားပြီး‌တော့ အဓိက ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ Stanislavsky က Sherlock Holmes ကို ကိုယ်စားပြုပြီး Gilyarovsky ကတော့ Dr. Watson ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ မူရင်း Sherlock Holmes လို အရမ်းရှုပ်ထွေးနက်နဲထူးချွန်နေတာမျိုးတွေမပါပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်တစားကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ Personal အမြင်အရတော့ Moscow vibe လေးနဲ့ တော်တော် အသစ်အဆန်းဖြစ်ပြီး ကြည့်လို့ကောင်းပါတယ်။ Plot က straight forward ဖြစ်ပြီးတော့ စိတ်ပြေ‌လက်ပျောက်ကြည့်လို့ကောင်းမယ့် စုံထောက်ကားကောင်းတစ်ကားပါ။ Cinematography လည်းအတော်အသင့်လှပါတယ်။ အရမ်း serious မဖြစ်ပဲ စိတ်ပြေလက်ပျောက်စုံထောက်ကားတစ်ကားကြည့်ချင်တယ်ဆိုတဲ့ လူတွေအတွက်သင့်တော်မယ့်ဇာတ်ကားပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Auctorem မှတင်ဆက်ထားပါတယ်)

Drama
0 2023 129 mins
Khitrovka. The Sign of Four Hitrovka. Znak chetyryokh (Aka) In the Moscow Slums