YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Spring.Lakes.2023.720p.WEBRip.(CM).mp4

658.73 MB N/A video/mp4 79 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
My Girlfriend is a Serial Killer
5.7

အချစ်ဆိုတာ ဒီလောကမှာ အဆန်းကြယ်ဆုံးအရာပါပဲ။ တချို့က ချောချောလေးတွေကို ချစ်ကြတယ်။ တချို့က စာကြမ်းပိုးမလေးတွေကို ချစ်ကြတယ်။ တချို့က သေးသေးလေးတွေကို ချစ်ကြတယ်။ တချို့ကကျ နားလည်ရခက်တဲ့ ကောင်မလေးတွေကို ချစ်ကြတယ်။ ပြောမကုန်ဘူးပေါ့။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ပြောလည်း မဆုံးပါဘူး။ ဆိုပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ဘေးခန်းက ကောင်မလေး လူသတ်တာကို မြင်ပြီး ချစ်မိတယ်တဲ့ဗျာ။ ဆန်းတော့ဆန်းသား... အဲဒီကောင်မလေးက သူ့ကိုသတ်ချင်လည်း သတ်နိုင်တာ သူသိပေမဲ့ ချစ်မိနေဆဲပါပဲ။ လောကမှာ အသန့်စင်အမွန်မြတ်ဆုံး အချစ်ထက်မြင့်တဲ့ ဆီရီရယ်တိုးနစ်အချစ်ကို ပုံဖော်ထားတဲ့ ဂျပန်ကားလေးပါပဲ။ မင်းသမီးလေးလည်း ချောပါတယ်။ ခပ်ချောချော ကောင်မလေးတွေ လူသတ်တဲ့အခါ ချစ်စိတ်အပြည့်နဲ့ ကြည့်တတ်အောင်လို့ ကြည့်ရှုမုဒိတာပွားထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ လောကမှာ အချစ်ဟာအကြီးအကျယ်ဆုံးအရာပဲမလား။ ကောင်မလေးချောနေရင်ပေါ့ဗျာ... (အညွှန်းရေးပေးထားသူကတော့ Lucifer Morningstar ဖြစ်ပြီး ဇာတ်ကားကို Nay Lin Thar မှ ပြန်ဆိုပေးထားပါတယ်) Size - 1.6GB, 773MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 43Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by Y

Comedy • Romance • TV Movie
5.7 2019 103 mins
My Girlfriend is a Serial Killer
Confess, Fletch
6.5

Confess, Fletch (2022) ================= IMDb Rating – 6.5/10 ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဇာတ်လမ်းကောင်းပြီး ရယ်ရတဲ့ ဟာသဇာတ်ကား ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.5, Rotten Tomatoes 85% ရရှိထားပြီးတော့ ဇာတ်အိမ် ခိုင်မာသလို ဟာသများကလည်း ကလိထိုးရယ်စရာမလိုတဲ့ ဟာသတွေပါ။ ဖလက်ချ်ဟာ သတင်းထောက်အလုပ်ကနေ အနားယူရင်း ဥရောပမှာ ခရီးသွားနေတဲ့သူပါ။ အီတလီနိုင်ငံ ရောမမြို့က မြို့စား ကြီးတစ်ယောက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ပန်းချီကားတွေကို ပြန်လည်ရှာဖွေဖို့ ဖလက်ချ်ကို အလုပ်အပ်လာပါတော့တယ်။ မြို့စားကြီးရဲ့ သမီးဖြစ်သူ အန်ဂျလာနဲ့လည်း ချစ်ကြိုက်မိသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မြို့စားကြီး ပြန်ပေးဆွဲခံလိုက်ရပြီး ပြန်ပေးသမားများက ပြန်ရွေးငွေအဖြစ် ပီကာဆိုရဲ့ ပန်းချီကား တစ်ချပ်ကို တောင်း ဆိုလာပါတယ်။ ထိုအခါမှာ ဖလက်ချ်လည်း ပန်းချီကားများကို မဖြစ်မနေ ပြန်လည်ရှာဖို့ ဖြစ်လာပါတော့တယ်။ ဖလက်ချ်ဟာ ပန်းချီကားတွေကို ခြေရာခံလိုက်ရင်း ဘော်စတွန်မြို့ကို ရောက်ရှိပါတယ်။ သူ့ရည်းစား စီစဉ်ပေးတဲ့ အိမ်တစ်အိမ်မှာနေဖို့ ရောက်လာတဲ့အခါမှာ ထိုအိမ်တွင် သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ရဲတွေကလည်း ဖလက်ချ်ကို သံသယဝင်သော်လည်း ဖမ်းစရာသက်သေမရလို့ မဖမ်းနိုင်ဘဲ ဖြစ်နေပါတယ်။ သတင်းထောက်ဗီဇပါတဲ့ ဖလက်ချ်လည်း လူသတ်မှုကိုရော ပန်းချီကားပျောက်မှုကိုရော လိုက်လံစုံစမ်းပါတော့တယ်။ ထိုသို့ စုံစမ်းရင် ကြုံတွေ့ရတဲ့ အရာများကို ဟာသလေးတွေနဲ့ ကြည့်ရှု့ရမှာမို့ လက်မလွတ်စတမ်း ကြည့်သင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

Action • Thriller
6.5 2022
Confess, Fletch
Alivehoon
8.1

Alivehoon (2022) ဂျပန်ကားကြိုက်တဲ့ ညိုကီတို့ ညောင်နီတို့ရှိကြလားဗျို့ အချင်းချင်းလက်တို့ မန်းရှင်းခေါ်ပြီး ဒီကားလေးသာပြလိုက်ပါတော့… အရမ်းမိုက်တဲ့ကားပြိုင်ပွဲလေးကိုရိုက်ထားတဲ့ကားလေးပါ။ တစ်ခြားပြိုင်ကားတွေနဲ့မတူတာက Drift ဆွဲတာကိုပြိုင်တဲ့ကားလေးပါ။ ဘာသာပြန်သူကလည်း အရမ်းကြီးမသိပေမယ့် ဘာသာပြန်တာ ခဏရပ်ပြီး ပြိုင်ပွဲကိုအားပေးလိုက်ရတဲ့အထိ ဆွဲဆောင်မှုရှိတဲ့ကားလေးပါ။ အားကစားကားတွေဆို လေ့ကျင့်မယ်၊ ရှံးမယ်၊ ရှုံးခါနီးမှနိုင်သွားမယ် အဲ့ဒီလိုပုံစံခွက်ထဲကနေ မတူအောင်ရိုက်ပြထားပါတယ်။ Drift ဆွဲပြိုင်မယ့်သူက E-sport မှာချန်ပီယံရထားတဲ့ ပြိုင်ကားမောင်းသူ ကိုအိချိ ပဲ ဖြစ်ပါတယ်။ ဂိမ်းသမားတစ်ယောက်က လက်တွေ့မှာတကယ့်ပြိုင်ကားကို မောင်းရမယ်ဆိုတော့ ခေါင်းတွေလည်းမူး၊ အန်လည်းအန်ပြီး တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂိမ်းဆိုသည်မှာလည်း လက်တွေ့နဲ့တူအောင်ဖန်တီးထားတာမို့ ဂိမ်းဆရာကြီးဖြစ်တဲ့ ကိုအိချိ က လက်တွေ့နဲ့ ဂိမ်း ဘယ်လိုရောစပ်သွားမလဲဆိုတာကို ဂျပန်အဆင်လေးလည်းငမ်းရင်း အားရပါးရကြည့်ဖို့ ဒေါင်းလိုက်ပါတော့နော်… အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre….. Sport Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 54oMB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JoJoVa Encoder ….. August

8.1 2022
Alivehoon
Imaginur
7.6

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မှတ်ဉာဏ်ချွတ်ယွင်းနေတဲ့ရောဂါဝေဒနာသည်တွေ ကိုမာရောဂါ ခံစားနေတဲ့ဝေဒနာသည်တွေကိုမြင်ဖူးကြမှာပါ၊ သူတို့ပြောဆိုနေတဲ့စကားလုံးတွေက ဆက်စပ်မှုမရှိပေမယ့် သူတို့စိတ်မှတ်ဉာဏ်ထဲမှာ ဘာတွေမြင်နေ ကြားနေလို့ဒီစကားလုံးတွေပြောဆိုနေတာလဲဆိုတာ သိဖို့ခက်ခဲပါတယ်. ဒီဇာတ်လမ်းလေးက ဒီလိုရောဂါဝေဒနာသည်တစ်ယောက်ရဲ့ စိတ်မှတ်ဉာဏ်ထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာကိုဇာတ်လမ်း ဆင်ရိုက်ကူးထားတဲ့ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဇူဟယ်ဆိုတဲ့အမျိုးသား တစ်ယောက်ဟာ ကားတိုက်ခံရပြီးတော့ ဆေးရုံကိုရောက်သွားတယ်။ ဒါပေမယ့် ဆေးရုံကိုရောက်သွားတာက သူဖြစ်တဲ့ဝေဒနာကိုကုသဖို့မဟုတ်ဘဲ သူ့အဖေကိုဆေးစစ်ဖို့ဖြစ်နေတယ်၊ ဆေးရုံကိုသွားရတဲ့အကြောင်းကိုလုံးဝ မမှတ်မိဘဲ သူ့အဖေကိုတွေ့တော့မှ ဆေးလာစစ်မှန်းသိရတယ်၊ ကြားကာလမှာဖြစ်သွားတဲ့အကြောင်းအရာတွေကိုမမှတ်မိတဲ့အတွက် ကြိုးစားပြီးရှာဖွေကြည့်ပေမယ့် အဖြေမရခဲ့ပါဘူး၊ ဒီလိုနဲ့ဆေးရုံမှာ တွေ့တဲ့အမျိုးသမီးတစ်ယောက်က သူ့ကို ဆရာဝန်တစ်ယောက်ရဲ့ လိပ်စာကဒ်လေးပေးလိုက်တယ်၊ သူ့ဝေဒနာပိုဆိုးလာတဲ့အတွက် မယုံကြည်ပေမယ့်လိပ်စာကဒ်ထဲကဆရာဝန်ဆီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်၊ ဆရာဝန်က သူ့အကြောင်းကိုအလုံးစုံသိနေတဲ့အပြင်အိပ်မွေ့ချပြီးကုသမှ သာပျောက်မယ်ဆိုတဲ့အကြောင်းပြောလာတဲ့အတွက် ကုသဖို့ဆုံးဖြတ်လိုက်တဲ့အခါမှတော့…….. File size…1.09GB/ 546MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 30m Genre ….. Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

7.6 2022
Imaginur
Last Summer
6.3

Last Summer (or) Geçen Yaz (2021) =============== IMDb Rating – 6.3/10 ဒီဇာတ်ကားလေးကို ကြည့်မိတော့လည်း ကလေးဘဝတုန်းက ဇာတ်လမ်းလေးတွေကိုတောင် ပြန်သတိရမိတယ်။ နွေရာသီ အားလပ်ရက် အချစ်ဇာတ်လမ်းလေး အနည်းဆုံး တစ်ခုလောက် တော့ ရှိဖူးကြမယ်ထင်ပါတယ်။ နွေရာသီရောက်လို့ အမှတ်တရ တွေ တွေးမိချိန်တိုင်း အမောပြေစေမဲ့ တစ်ချိန်တစ်ခါက ကြုံခဲ့ဆုံ ခဲ့ရသူလေးနဲ့ ခဏတာရိုမန့်စ်လေးပေါ့။ Last Summer ဆိုတဲ့ ဒီဇာတ်ကားလေးမှာလည်း Daniz ဆိုတဲ့ 16 နှစ်သား လူပျိုဝင်ခါစ ကောင်လေးတစ်ယောက်ရဲ့ နွေရာသီ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပါ။ တူရကီနိုင်ငံက ရိုက်ကူးထားတာဖြစ်လို့ နွေဇာတ်လမ်းလေးနဲ့ အကိုက် ကမ်းခြေမှာ ဘစ်ကနီလေးနဲ့ တူရကီသူချောချောလေးတွေကိုလည်း တစ်ဝငေးရင်း Daniz တစ်ယောက်ရဲ့ နွေရာသီအချစ်ဇာတ်လမ်းလေးကို ကြည့်ရှု ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.67 GB) / (753 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Thetti Tun Encoder……….Zin Phyo Aung

6.3 2021 101 mins
Last Summer
Starstruck
6.1

ဒီတစ်ခါမှာတော့ Disney ကရိုက်ကူးထားတဲ့ Teen/romance ရုပ်ရှင်လေးတစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Christopher Wilde ဟာ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်၊ ရုပ်ချောချောအသက်ငယ်ငယ်နဲ့ ဂျက်စတင်ဘီဘာငယ်ငယ်ကလို Pop Starတစ်ယောက်ပေါ့။ သူဟာသာမာန် လူတွေနဲ့မတူပဲ Popstar lifeကိုဖြတ်သန်းနေရတာကြောင့် ပါပါရာဇီတွေဆိုတာလည်း သူ့နောက်ကတစ်ကောက်ကောက်ပါနေတတ်ပါတယ်။ တစ်ဖက်မှာတော့ Jessica ဆိုတဲ့သာမာန်ကျောင်းသူကောင်မလေးတစ်ယောက်ရှိပြီး သူ့အစ်မက Chrisကိုအရမ်းကြိုက်ပေမယ့် သူကတော့မကြိုက်ပါဘူး။ တစ်နေ့ Jessica တို့မိသားစုက Christopher နေထိုင်‌တဲ့ Los Angeles ကို အလည်ခရီးလာကြပြီး Jessica နဲ့ Christopher Wilde တို့မထင်မှတ်ပဲဆုံတွေ့ ကြတဲ့အကြောင်းလေးကို လူငယ်ဆန်ဆန်ရိုက်ကူးတင်ဆက်ပေးထားတာပါ။ 2010 ကထွက်ထားတဲ့ကားဖြစ်တဲ့အလျောက် အရင်က Disney show တွေရဲ့ vibe လေးအတိုင်းခံစားရပြီး ပါဝင်တဲ့ သီချင်းတွေကအတော်လေးကောင်းတာကို တွေ့ရပါတယ်။ Popstar လေး Christopher နဲ့ Jessica တို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲကြည့်ရှုခံစားလိုက်ကြပါဦး။ File size…2.86GB /0.9GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Comedy , Family , Muscic Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.1 2010
Starstruck
Jaws 2
5.8

တစ်မှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Jawsကို ၂မှာတော့ စတီဗင်စပီးဘာ့ခ်က ဆက်မကိုင်တော့ပါဘူး။ ကိုင်စရာလည်း မလိုတော့ဘူးကိုး။ ဆက်ရိုက်ပြစရာတော့ ရှိမနေတော့ဘူးလို့ ဆိုရမှာပဲ။ ပသို့ပဲဆိုဆို ရိုက်ပြချင်တဲ့ ရေရှာချင်တဲ့သူတွေကတော့ ရိုက်ပြဦးမှာပါပဲ။ ဆက်လည်း ရိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Jaws ဟာ လေးကားပါရှိတဲ့ Frachiseဖြစ်လာခဲ့တယ်။ ကျန်တဲ့ကားတွေလည်း ရှိတော့ရှိပေမဲ့ ဒီစာရင်းထဲတော့မ ဝင်ခဲ့ပါဘူး။ Jaws 2 ဟာ Jaws 1 လောက်တော့ ရင်ဖိုစရာမကောင်းလှပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ မဆိုးတဲ့ကားဖြစ်နေပါသေးတယ်။ ပထမကားက သရုပ်ဆောင်တော်တော်များများကိုလည်း ပြန်သုံးထားသေးသလို ပထမကားက အဓိကမင်းသားကပဲ သရုပ်ဆောင်ထားပါတယ်။ သူလည်း ၃ရိုက်ဖို့ ထပ်ခေါ်တဲ့အချိန် ထပ်ရိုက်ဖို့မလိုတော့ဘူးထင်လို့ မရိုက်ခဲ့ပြန်ပါဘူး။ဘာပြောပြော Jaws 2 ဟာ jawsရဲ့ အငွေ့အသက်တွေ ကျန်နေသေးတာမို့ အင်တာတိန်းဖြစ်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရှိနေပါသေးတယ်။ ပရိုဂျူဆာတွေကတော့ jawsက ပရိုဂျူဆာတွေဖြစ်တဲ့ Richard D. Zanuck နဲ့ David Brown တို့ပါပဲ။ ယူနီဗာဆယ်က jaws ရဲ့ အောင်မြင်မှုကြောင့် အဆက်ရိုက်စေချင်နေတဲ့အချိန် သူတို့လည်း သူတို့မလုပ်လည်း သူများလုပ်သွားတော့မှာပဲ သူတို့ကိုင်လိုက်တာ ပိုအဆင်ပြေပါတယ်လေဆိုပြီး ပရိုဂျူဆာဆက်လုပ်ခဲ့ကြတာပါပဲ။ စပီးဘာ့ခ်ကတော့ ခါးခါးသီးသီးကိုပြောခဲ့ပါတယ်။ ဆက်ရိုက်ရင် ယူနီဗာဆယ်နဲ့ အလုပ်မလုပ်တော့ဘူးလို့ပြောတဲ့အထိကိုပါ ပြောခဲ့ပါတယ်။ ဇာတ်ကတော့ ပထမကားရဲ့တည်နေရာ အာမစ်တီကျွန်းမှာပါပဲ။ ရဲမှူးဘရိုဒီလည်း ထုံးစံအတိုင်း သူ့တာဝန်သူကျေအောင်လုပ်ရင်း ငါးမန်းရှိနေတာကိုသိလို့ မြို့လူကြီးတွေကို ပြောပေမဲ့ အကုန်လုံးက သူ့ကို အကြောက်လွန်နေတာပါဆိုပြီး ရဲမှူးရာထူးကပါ ချပစ်လိုက်တယ်။ ဒါပေမဲ့ အာမစ်တီကျွန်းရဲ့ရေစပ်မှာ တကယ်ငါးမန်းရှိနေပြီး အဲဒီငါးမန်းက သူ့ကလေးတွေကို အန္တရာယ်ပြုဖို့ကြံလာတဲ့အခါ ဘရိုဒီကိုယ်တိုင် ရေထဲဆင်းပြီး ငါးမန်းနောက် လိုက်ဖို့လုပ်ရပါတော့တယ်။ ၂မှာတော့ ငါးမန်းနဲ့ရင်ဆိုင်ပုံဟာ တစ်နဲ့တော့ တော်တော်ကွဲပြားသွားသလို တစ်လောက်လည်း မပီပြင်တော့ပေမဲ့ ငါးမန်းရုပ်ရှင်အနေနဲ့တော့ ကောင်းတဲ့စာရင်းထဲတော့ ဝင်နေပါသေးတယ်။ ကြည့်ရကျိုးနပ်မှာပါ။ File size… 4.2 GB / 1.6 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

5.8 1978 117 mins
Jaws 2
The Ministry of Ungentlemanly Warfare
7.3

The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို ၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာ လာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံး သေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။ သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာ ဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီး ဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့ တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်း အဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။ တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက် ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ကြည့်ရမှာပါ။ ဒါရိုက်တာကတော့ တလောလေးကပဲ Gentlemen စီးရီးနဲ့ အားလုံးကို အစွမ်းပြထားတဲ့ Guy Ritchie ပါပဲ။ မင်းသားတွေကတော့ စူပါမန်းကြီး Henry Cavill နဲ့ ဂျက်ရိချာကြီး Alan Ritchson တို့ပါပဲ။ ဟင်နရီ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် ဗိုလ်မှူး ဂပ်စ် ဟာဆိုရင် အပြင်မှာတကယ်ရှိတဲ့သူဖြစ်ပြီး ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ရဲ့ မြစ်ဖျားခံရာ မူလ စစ်ပြန်သူရဲကောင်းလို့တောင် သမုတ်ကြပါတယ်။ ဒီလောက်ကောင်းတဲ့ကားကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။ File size… (4.1 GB)/ 1.8 GB / 848 MB Quality… Web-DL 4K HEVC/1080p / 720p Format… mp4 Duration…. 2h Genre ….. Action/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr.Anderson

7.3 2024 120 mins
The Ministry of Ungentlemanly Warfare
Thelma the Unicorn
6.2

Thelma The Unicorn ဇာတ်ကားဟာ Netflix ရဲ့ 2024 နောက်ဆုံးထွက် musical animation ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကို အသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေ ရထားတဲ့ Brittany Howard ဖြစ်လို့ သီချင်းတွေ မကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။ ဇာတ်လမ်းလေးကတော့ နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေး Thelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ အလှမ်းဝေးနေပါတယ်။ အဲဒီချိန်မှာ မတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေ unicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေက ပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ် မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲ စတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်…. File size… 2.47GB / 1.16GB Quality…NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.2 2024 98 mins
Thelma the Unicorn
A Reason for the Season

Christmas နီးလာပြီဆိုတော့ Christmas နဲ့ပတ်သက်တဲ့ဇာတ်ကားလေးတွေ အပြိုင်အဆိုင်ထွက်လာတဲ့အချိန်ပေါ့။ ဒီတစ်ခါဇာတ်ကားလေးကတော့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ A Reason For A Season ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Elizabeth Lane လို့ခေါ်တဲ့ Single Mother လေးတစ်ယောက်ဟာ သူမရဲ့အိမ်မက်ဖြစ်တဲ့ အလှကုန်ပစ္စည်းကုမ္မဏီကြီးတည်ထောင်ချင်တဲ့အတွက် တစ်အိမ်ဝင်တစ်အိမ်ထွက် ဈေးလိုက်ရောင်းနေတဲ့သူပါ။ သူမဟာ Christmas ညမှာ ကိုယ်ဝန်ကြီးနဲ့ ဈေးရောင်းနေတုန်း ဗိုက်နာလာတဲ့အတွက် Brookswood လို့ခေါ်တဲ့မြို့လေးမှာဝင်နားခဲ့ရပါတယ်။ စိတ်ကောင်းရှိတဲ့ မြို့သားတစ်စုဟာ စားသောက်ဆိုင်ထဲမှာ အစည်းဝေးလုပ်နေတုန်း Elizabeth အကူညီလိုတဲ့အခါ သူမကို စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့တဲ့အတွက် Elizabeth ရော ကလေးပါ‌အသက်ရှင်ခဲ့ရပါတယ်။ Elizabeth က သူ့သမီးလေးမွေးတဲ့ Christmas Eve နေ့ကိုအစွဲပြုပြီး Evie လို့ နာမည်ပေးခဲ့ပါတယ်။ ၃၅နှစ်ကြာတော့ Elizabeth ဟာ သူ့တို့သားအမိကိုကူညီခဲ့တဲ့ Brookswood မြို့ကမြို့သူမြို့သားတွေကို ပြန်ကျေးဇူးဆပ်ဖို့ Evie ကိုလွှတ်လိုက်ပါတယ်။ Evie တစ်ယောက် ယောင်ချာချာနဲ့ရောက်သွားခဲ့ပေမဲ့ Kyle Newman လို့ခေါ်တဲ့ရှေ့နေနဲ့တွေ့ပြီး သူတို့ကိုကူညီခဲ့တဲ့ လူတွေကိုပြန်လာရှာဖွေပြီး ကျေးဇူးဆပ်ကြပုံကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက အက်ရှင်ခန်းတွေ plot twist တွေမပါဘဲ Green Book တုန်းကလို Positive energy တွေရစေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အရာရာကို အကောင်းမြင်တတ်တဲ့ Brookswood မြို့သားတွေအနေနဲ့ Evie လေးအတွက်ဘဝသင်ခန်းစာရအောင် ဘယ်လိုကူညီပေးသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ IMDb မှာလည်း 7.3 အထိရထားပြီး ပူပူနွေးနွေးထွက်ရှိထားတဲ့ Christmas ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(875 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by S4L

0 2024
A Reason for the Season
Nutcrackers
5.5

ဒီရုပ်ရှင်ကားကတော့ Comedy တစ်ဖြစ်လဲ မိသားစု Drama ရုပ်ရှင်ကားပါ… Night at the Museum, Tower Heist, The Watch ရုပ်ရှင်တွေနဲ့ လူသိများတဲ့ မင်းသားကြီး Ben Stiller က ပင်တိုင်ပါဝင် သရုပ်ဆောင်ထားပြီး ညီအစ်ကိုနေရာမှာ သရုပ်ဆောင်ထားတဲ့ ကလေးလေးယောက်ကလည်း လက်တွေ့ဘဝမှာပါ တကယ့် ညီအစ်ကိုရင်းတွေဖြစ်တာမို့လို့ Chemistry မိမိနဲ့ ဟာသနှောထားတဲ့ မိသားစုရုပ်ရှင်ကားလေးကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်… ချီကာဂိုက Millican Group ဆိုတဲ့ ကုမ္ပဏီမှာ အကြီးတန်း ဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာအနေနဲ့ လုပ်နေတဲ့ မိုက်ကယ် မက်စ်ဝဲလ် သူ ၆ နှစ်တာလောက် အသည်းအသန်ပြင်ဆင်နေတဲ့ အစိုးရ ပရောဂျက်ကြီးအတွက် တခြားကုမ္ပဏီနဲ့အပြိုင် ယှဉ်လုနေရတဲ့ အရေးကြီးအချိန်မှာမှ… အချိန်အတော်ကြာ စကားမပြောဖြစ်တော့တဲ့ ညီမဖြစ်သူနဲ့ သူ့ယောကျ်ားက ကားမှောက်ပြီး သေဆုံးသွားတဲ့အတွက် သူတို့ရဲ့နေအိမ် အိုဟိုင်းယိုးက ယာတောမှာ ကျန်ရစ်ခဲ့သူ ကလေးလေးယောက်ကို မွေးစားအိမ်ရှာပေးဖို့ သူ့ခေါင်းပေါ် တာဝန်ကျလာပါတော့တယ်… သူ့အထင်တော့ မွေးစားအိမ်ရှာတွေ့ပြီးလို့ စာချုပ်မှာလက်မှတ် ထိုးရုံလောက်ပဲ ပြီးရင်အိမ်ပြန်မယ်လို့ တွေးထားခဲ့ပေမဲ့ သူထင်ထားသလို ဖြစ်မလာခဲ့ဘဲ မွေးစားမိဘရှာဖို့ အခက်အခဲ ဖြစ်နေတာကိုမှ တူတော်လေးတွေကလည်း အမွှေစိန်တွေ ဖြစ်နေတဲ့အခါ အရေးတကြီး ပြန်သွားဖို့လိုတဲ့ အလုပ်ကိုပဲ ဦးစားပေးမလား… သူ့ရဲ့အမွှေစိန်တူလေးတွေကို ဦးစားပေးမလားဆိုတာနဲ့ သူတို့ကို ခေတ္တစောင့်ရှောက်ပေးနေစဉ်အတွင်း တူဝရီးတွေကြား ဖြစ်ပျက်သမျှ အလွဲတွေကို ဒီရုပ်ရှင်မှာ ကြည့်ရှုခံစားပြီး ရယ်မောနိုင်မှာ ဖြစ်ပါတယ်… File size… (2.87GB) / (1.03GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 44m Genre ….. Comedy , Drama , Holiday Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

5.5 2024 104 mins
Nutcrackers
Meanwhile on Earth
6.1

IMDb Rating – 6.1/10 ဒီကားလေးက ဒါရိုက်တာ Jeremy Clapin ရိုက်ကူးထားပြီး မင်းသမီး Megan Northam က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကယ်တင်နိုင်ဖို့ တစ်ခြားသူတွေကို ပျောက်ကွယ်သွားအောင်လုပ်ရမယ်ဆို ဘာကိုရွေးကြမှာလဲ။ ကာတွန်းဇာတ်ကောင်တွေကိုဖန်တီးပြီး ဇာတ်လမ်းလေးတွေရေးတတ်တဲ့ အယ်ဇာမှာ အာကာသယာဉ်မှူး ဖရန့်ခ်ဆိုတဲ့အကိုတစ်ယောက်ရှိပါတယ်။ အယ်ဇာနဲ့ဖရန့်ခ်ကငယ်ငယ်ထဲက အာကာသထဲခရီးထွက်ဖို့ အိပ်မက်မက်ခဲ့ကြတယ်။ အိပ်မက်တွေကို ပြည့်ဝအောင်လုပ်နိုင်ဖို့ အချင်းချင်းကတိတွေထားခဲ့ကြတယ်။ ဖရန့်ခ်ကအာကာသယာဉ်မှူးဖြစ်လာခဲ့ပြီး အာကာသထဲကိုခရီး ထွက်သွားတဲ့နောက် သဲလွန်စရှာမရပဲနဲ့ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ကြပါတယ်။ ရည်မှန်းချက်တွေမရှိတော့တဲ့ အယ်ဇာတစ်ယောက် အဘိုးအဘွားတွေကို စောင့်ရှောက်တဲ့သူလုပ်ရင်း တစ်နေ့မှာ ဖရန့်ခ်ရဲ့အသံကို ပြန်ကြားခဲ့ရပါတယ်. အစေ့တစ်စေ့ကနေ ဆက်သွယ်မှုအရ အမည်မသိတည်ရှိမှုတစ်ခုက ဖရန့်ခ်ကိုပြန်ခေါ်လာပေးဖို့ အပေးအယူလုပ်လာခဲ့ပါတယ်။ အယ်ဇာ့ရဲ့ခေါင်းထဲကိုဝင်နေတဲ့ အမည်မသိတည်ရှိမှုက သူတို့ကို ကမ္ဘာမြေပေါ်ခေါ်ပေးမှ ဖရန့်ခ်ကိုပြန်ခေါ်နိုင်မယ်ပြောလာတဲ့အခါ… ဖရန့်ခ်ကိုပြန်ခေါ်နိုင်ဖို့ လူငါးယောက်က ကမ္ဘာပေါ်က ပျောက်ကွယ်ပေးရမဲ့အခါ… အယ်ဇာက ဘာကိုရွေးချယ်မလဲ…ဖရန့်ခ်လား…သူစိမ်းငါးယောက်လား…. နောက်ဆုံးအယ်ဇာက ဖရန့်ခ်ကိုပြန်ခေါ်နိုင်မလားဆိုတာကိုတော့ ဒီစိတ်လှုပ်ရှားစရာ ပြင်သစ်သိပ္ပံကားကောင်းလေးမှာ ဆက်လက် ကြည့်ရှုလိုက်ပါ။ File size… (1.12GB) / (629MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Adventure , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

6.1 2024
Meanwhile on Earth
My Son
7

My Son (2007) ******************* ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီး Cha Seung Wonရဲ့ best actorဆုရခဲ့တဲ့ movieတွေထဲကတစ်ကားဖြစ်တဲ့ ရယ်လည်းရယ်ရ ငိုလည်းငိုရတဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပါတယ် .. အီဂန်ရှစ်(Cha Seung Won)ဟာ လူသတ်မှုနဲ့ လုယက်မှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ အကျဉ်းသားဖြစ်ပါတယ် .. ထောင်မကျခင်တုန်းက သူ့မှာ အမေနဲ့ ၃နှစ်အရွယ်သား‌လေးတစ်ယောက်ကျန်ခဲ့ပါတယ် .. တစ်နေ့မှာတော့ ထောင်ကျတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ အီဂန်ရှစ်ဟာ စံပြအကျဉ်းသားတစ်ဦးဖြစ်တာကြောင့် မိသားစုဆီကို အလည်သွားဖို့ အထူးလွတ်ငြိမ်းချမ်းသာခွင့် ၁ရက် ရပါတော့တယ် .. ဒါကြောင့် သူအိမ်ပြန်လာတဲ့အခါ ၁၅ နှစ်လုံးလုံး တစ်ခါမှမတွေ့ခဲ့ရတဲ့ သားဖြစ်သူနဲ့ အမေက ဘယ်လိုတုံ့ပြန်မလဲ သူကရော အထူးလွတ်ငြိမ်းချမ်းသာခွင့် ၁ ရက်ကို မိသားစုနဲ့ ဘယ်လိုဖြတ်သန်းခဲ့မလဲ .. မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမို့လို့ ရှုစားကြည့်လိုက်ပါဦးနော် .. (အညွှန်းကို Toe Toe Aung မှ ရေးသားထားပါတယ်) File size…2.47GB / 783MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 43 min. Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by AHtet

7 2007
My Son
The Tigger Movie
6.3

ဒီဇာတ်ကားလေးက ကျွန်တော်တို့ငယ်ငယ်က အတော်လေး သဘောကျခဲ့ရတဲ့ Winnie The Pooh ကာတွန်းဇာတ်လမ်း တွေထဲက Tiggerလေးကို အဓိကထားပြီး ရိုက်ကူးထားတဲ့Animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ အမြဲပျော်ပျော်နေတတ်ပြီး စပရိန်လိုမျိုး အမြီးတစ်ချောင်းနဲ့ အမြဲခုန်ပေါက်နေတတ်တဲ့၊ အမြဲရှေ့နောက်မကြည့်တတ်ဘဲ သူများတကာကို မရည်ရွယ်ဘဲ ဒုက္ခပေးမိသလို အမြဲတမ်း ဖြစ်တတ်တဲ့ Tiggerလေးတစ်ကောင် ဆောင်းတွင်းတစ်ခုကို အရောက်မှာတော့ သူ ငယ်စဉ်ကတည်းက မတွေ့ခဲ့ဖူးတဲ့ သူ့မိသားစုဝင်တွေကို ပြန်တွေ့ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတာ‌ကြောင့် အပြောကျယ်လှတဲ့ ဧကတစ်ရာတောထဲမှာ မိသားစုပျာက်ရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။ သူ့ကို ကူရှာပေးတဲ့သူကတော့ သားပိုက်ကောင်‌မေမေကြီး ကန်ဂါရဲ့သားလေး ရူးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ကောင်သားတစ်တောလုံးအနှံ့ ရှာပုံတော်ထွက်ရင်း သူတို့ရှာ‌နေကြတဲ့ တစ်ဂါးမိသားစုတွေနဲ့ ပြန်ဆုံတွေ့နိုင်ကြမှာလား။ ဘယ်လိုအလွဲအ‌ချော်တွေ ဖြစ်ကြဦးမလဲဆိုတာ မိသားစုနဲ့အတူ ငယ်ဘဝရဲ့အမှတ်တရအ‌နေနဲ့ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File Size : 1.8 GB, 942 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 17min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Comedy • Romance
6.3 2000 77 mins
The Tigger Movie