YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Special Ops S1E4.1080p.HS.WEB-DL(CM).mp4

869 MB N/A video/mp4 175 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Walk Up
6.2

~ IMDb - 6.6/10, Rotten Tomatoes - 100% ~ တာကော့စကီး ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ " Cinema is an unhappy art because it depends on money. Not only because a film is very expensive; but it is then also marketed like cigarettes. " တဲ့။ ပြီးမှ မြတ်တာမမြတ်တာဆိုတဲ့ ဈေးကွက်ကိုအသာထား ရုပ်ရှင်ရိုက်ဖို့က သိပ်ဈေးကြီးလွန်းလို့ ရုပ်ရှင်ဟာ ဈေးကြီးလွန်းတဲ့ အနုပညာတစ်ခုအနေနဲ့ တည်ရှိနေခဲ့တယ်။ ရုပ်ရှင်တစ်ကားကို စိတ်တိုင်းကျ ထွက်လာအောင်လည်းလုပ် ငွေလည်းရဖို့က မဖြစ်နိုင်သလောက်ခက်တဲ့ကိစ္စပဲ။ တော်ရုံကွာလတီတစ်ကားရိုက်မယ်ဆိုကတည်းက နောက်မှာ ရင်းနှီးမြုပ်နှံသူတွေပါလာပြီဆိုတော့ သူတို့ ကြိုက်မယ့် အကြိုက်ကနေ စဉ်းစားပေးရတာတွေလည်းရှိလာမှာပဲ။ ကိုယ့်စိတ်ကြိုက် ကိုယ်ရိုက်ပြီး ခြောက်ပြစ်ကင်းနေတဲ့ ရုပ်ရှင်တွေက ရှိတော့ရှိပေမဲ့ ရှားတယ်ပဲပြောရမှာပဲ။ သမိုင်းကြီးလှတဲ့ ဒါရိုက်တာတွေတောင် စိတ်ကြိုက်ရိုက်ခွင့် အပြည့်မရနေခဲ့ဘူး။ ဆာဂျီယိုလီယွန်နီဆို Once Upon A Time in Hollywood ကို ရုံတင်တုန်းက သူ့ရဲ့လေးနာရီကြာတဲ့ ရှည်လွန်းတဲ့ ဇာတ်ကြီးကို ဖြတ်တောက်ခံခဲ့ရတယ်။ ဒီလိုမျိုးခံခဲ့ရတဲ့ လူတွေက တော်တော်လည်းမနည်းဘူး။ ဖရန်စစ် ဖို့ဒ် ကော်ပိုလာ၊ စတီဗင်စပီးဘာ့ချ်၊ ဒေးဗစ်လင်း၊ ဒေးဗစ်ဖင်ချာ၊ အော်ဆန်ဝဲလ် တို့လိုလူတွေလည်း ခံခဲ့ရတာပဲ။ ကူရိုဆာဝါတို့လိုလူတွေလည်း Cut ခံရတယ်မဟုတ်ပေမဲ့ စိတ်ကြိုက်လုပ်ချင်တာနဲ့ ဈေးကွက်နဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့အကြိုက်နဲ့ ငွေကြေးနဲ့ကြားက ပြဿနာတွေကြုံခဲ့ရတာပဲ။ သိသာတာမသိသာတာပဲ ရှိမယ်။ ကွာလတီကောင်းကောင်းတစ်ကားရဖို့ ငွေနဲ့ဆက်စပ်မိလာပြီဆို ဒါရိုက်တာအားလုံး စိတ်ကြိုက်လုပ်ခွင့်မရတာနဲ့ ကြုံလာရမှာပါပဲ။ ဒီလိုဖန်တီးမှုအကန့်အသတ်တွေကြောင့်ဖြစ်ဖြစ် ကိုယ်တိုင်ရဲ့ အနုပညာအပေါ်အမြင်အပြောင်းအလဲကြောင့်ဖြစ်ဖြစ် ကိုယ်ရိုက်ချင်တဲ့ပုံစံအစစ်အမှန်နဲ့ ရုပ်ရှင်ကို ရိုက်ခွင့်မရတာတွေ ကြုံကြရမှာပဲ။ ဒီအကန့်အသတ်က အနုပညာတိုင်းရှိနေတယ်လို့တော့ ထင်ရတာပဲ။ တဂိုးဟာ သူသေတဲ့နေ့အထိ သူရေးချင်တဲ့ ကဗျာမျိုးကို မရေးသွားရဘူးလို့ ဆိုခဲ့သလိုပဲ၊ အနုပညာတိုင်းမှာ ဖန်တီးချင်သူတိုင်းမှာ ပိုကောင်းတာကို ပေးချင်သူတိုင်းမှာ ကိုယ်ချပြချင်တဲ့အတိုင်း ချပြမသွားမရတဲ့ ပြဿနာတော့ရှိကြလိမ့်မယ်။ နောက် ဒီမှာဆိုလည်း နိုင်ငံကျော်အဆိုတော်တစ်ယောက်ဆို နိုင်ငံခြားက ဂီတတွေကို အားကျပေမဲ့ ဘယ်ဖန်တီးမှုအကန့်အသတ်ကြောင့်လဲမသိ သူကြိုက်တဲ့သီချင်းတွေကို ကော်ပီလုပ်ဆိုခဲ့ရတယ်လို့ပြောဖူးတာပဲ။ အဲဒီလိုတွေထဲကမှ အနုပညာတစ်ခုထွက်လာဖို့ကို ငွေအား လူအား အတတ်ပညာအား အများကြီးလိုတဲ့ ရုပ်ရှင်ရဲ့အကန့်အသတ်ကတော့ ပိုကြီးနေမှာပဲ။ ဟုန်းဆန်းဆူဟာ Introduction (2021) ကစပြီး In Front of Your Face, The Novelist's Film, Walk Up စတဲ့ရုပ်ရှင်တွေမှာ ရှေ့ရုပ်ရှင်တွေနဲ့ မတူတဲ့ အချိုးအကွေ့တစ်ခုပြောင်းပစ်ခဲ့တယ်။ သူ့မူလဟန်အတိုင်းကိုမှ အကုန်လုံး သူ့စိတ်တိုင်းကျဖြစ်လာတယ်ပြောရမလားပဲ။ ဒီကားတွေအကုန်လုံးကို သူကိုယ်တိုင်ရေး သူကိုယ်တိုင်ရိုက် သူကိုယ်တိုင်ထုတ် သူကိုယ်တိုင်စီနီမာတိုဂရပ်ဖာလုပ် သူကိုယ်တိုင်နောက်ခံတေးလုပ် သူကိုယ်တိုင်တည်းဖြတ်ခဲ့တယ်။ ကားတွေလည်း ခပ်စိတ်စိတ်ထုတ်လာခဲ့တယ်။ ဆိုခဲ့တဲ့ ရင်းနှီးမြုပ်နှံသူတွေ ထုတ်လုပ်သူတွေ ဘာတွေညာတွေ ဘာအကန့်အသတ်မှကို မရှိတော့ဘူး။ သူ့စိတ်တိုင်းကျဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်တွေဟာ အရင်ကထက်လည်း သူ့ကို ပိုထင်ဟပ်လာခဲ့တယ်။ တစ်ကားကလွဲ ကျန်တာအကုန် အဖြူအမဲနဲ့ချည်းရိုက်ထားခဲ့တယ်။ သူ့ကိုယ်တိုင်ရဲ့ ဖန်တီးနိုင်မှုအကန့်အသတ်ကလွဲ တခြားဘာအကန့်အသတ်မှမရှိတော့ဘူး။ သူလည်းလူဆိုတော့ စီနီမာတိုဂရပ်ဖီ နောက်ခံတေးဘာညာမှာ အားမရချင်စရာကောင်းတာလေးတွေတော့ရှိတာပဲ။ ဒါပေမဲ့လည်း ပြဿနာတော့မဟုတ်ပါဘူး။ ကဗျာလိုပေါ့။ ခြောက်ပြစ်ကင်းစရာလည်း မလိုပါဘူး ရိုးရိုးသားသားဖန်တီးရင်ကို သူ့ဟာနဲ့သူ ရသတစ်ခုခု ခံစားချက်တစ်ခုခုရနေမှာပဲ။ ဒီကားမတိုင်ခင်က ဟုန်းဆန်းဆူနဲ့ပတ်သက်ပြီး ကျွန်တော်နားမလည်ခဲ့တာက ဒီဘဲ ဘာလို့ ဒီလောက်ကားတွေအများကြီး ဆက်တိုက်ရိုက်နေတာလဲဆိုတဲ့ အမေးပဲ။ ဒါပေမဲ့ ဒီကားတွေဟာ သူ့ကိုပိုထင်ဟပ်လာတယ်လို့ ဆိုခဲ့သလိုပဲ ဒီကားတွေအကုန်လုံးမှာ သူနဲ့ ဂင်မင်ဟီးရဲ့လက်ရှိအခြေအနေကိုသိရင် အဲဒီအတွက် သူတို့အဖြေတွေ အခြေအနေတွေကို ပြသွားခဲ့တာကို မြင်ရမှာပဲ။ ဒီမှာလည်း သူဘာလို့ ဒီလောက်သောက်သောက်လဲရိုက်ထုတ်နေတာလဲဆိုတဲ့ အဖြေကိုဖြေသွားခဲ့တယ်။ ဟုန်းဆန်းဆူကား ပီပီသသပဲ။ ဇာတ်အိမ်တို့ ဘာတို့ တစ်စုံတရာကို မျှော်လင့်ရင် ကြည့်သင့်တဲ့ရုပ်ရှင်တော့မဟုတ်ပါဘူး။ သူ့ဇာတ်ကောင်တွေရဲ့ စကားဝိုင်းတွေမှာ ဝင်စီးမျောရင်း ကြည့်ရုံသက်သက်ကြည့်တတ်မှပဲ ကြည့်သင့်တယ်။ သူ့စကားဝိုင်းတွေဟာ တချို့ရုပ်ရှင်တွေလို ဘာမှနက်နက်နဲနဲ အကြီးကြီးတွေပြောနေတာမျိုးမဟုတ်ဘဲ ဒီတိုင်းသာမန်လျှံကာစကားဝိုင်းတွေပဲ။ ကိုယ်အခုမှစသိတဲ့ လူနှစ်ယောက် စကားပြောနေတာကို ကိုယ်က ဘေးက ထိုင်နားထောင်နေရသလို ဖီလင်မျိုးပဲ။ ဘာမှတော့မဟုတ်ပေမဲ့ အဖော်ရှိနေသလိုလိုအရသာရှိတယ်ပေါ့။ ဒီကားဟာ လူတစ်ယောက်ရဲ့စကားတွေကနေ လူတစ်ယောက်ကို သိရတဲ့ ကားမျိုးလို့ပြောလို့ရတယ်။ အဲဒီလူက ဟုန်းဆန်းဆူဖြစ်နေတာတော့ အမြတ်ပေါ့။ ဒီရုပ်ရှင်ဟာ အားနည်းချက်တွေတော့ ရှိနေမှာပါပဲ။ ဒါပေမဲ့လည်း ဟုန်းဆန်းဆူဟာ သူဖန်တီးချင်တဲ့ ပုံစံမျိုးကို ရာနှုန်းပြည့်နီးပါး သူ့စိတ်ကြိုက်ဖန်တီးထားတဲ့ရုပ်ရှင်မို့ ဒါရိုက်တာတစ်ယောက်ရဲ့ ရင်ဘတ်ထဲက ရုပ်ရှင်စစ်စစ်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.2 2022 97 mins
Walk Up
6/45
6.7

IMDb - 7.5/10 ပိုစတာထွက်ကတည်းက တမျှော်မျှော်ဖြစ်ခဲ့ရတဲ့ကားလေး နောက်ဆုံးတော့ ထွက်လာပါပြီ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအချစ်ဇာတ်လမ်းတွေပဲကြည့်နေရတာ ရိုးနေတဲ့သူတွေအတွက် 6/45 ကတော့ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားက ဟာသကားလေးလို့ ပြောလို့ရပါတယ် ပေါက်ရင် ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ကျော်ကို ရရှိနိုင်မယ့် ထီလက်မှတ်လေးတစ်စောင်ဟာ ကံစီမံရာကိုလိုက်ပြီး လမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့ လက်ထဲအထိ ရောက်လာခဲ့ပါတယ် ဒီလိုနဲ့ ဘတ်ချွန်းဝူရဲ့လက်ထဲမှာ ဒီထီလက်မှတ်လေးဟာ သန်းပေါင်း ၅၇၀၀ အထိ ရရှိမယ့် ထီပထမဆုကြီးကို ဆွတ်ခူးလိုက်ပြီးတဲ့နောက် ကံစီမံရာအတိုင်း လေဟုန်စီးပြန်ပါလေရော တောင်မြောက်နယ်နိမိတ်စည်းမှာ ကင်းစောင့်နေတဲ့ တပ်ကြပ်ဘတ်ချွန်းဝူရဲ့လက်ထဲကနေ လွတ်ထွက်လာတဲ့ ဒီထီလက်မှတ်လေးကတော့ မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့နောက်... ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံရဲ့ စစ်တပ်နှစ်ခုကြားမှာ ပဋိပက္ခတွေပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် ဒီထီလက်မှတ်အကြောင်းကို သိနေကြတဲ့ နှစ်နိုင်ငံကစစ်သားတွေ အချင်းချင်းပေါင်းစည်းသွားမလား သေချာတာကတော့ တောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်တဲ့ ထီလက်မှတ်လေးရဲ့ နောက်ဆုံးအခြေချရာနေရာကို ပါးစပ်မစေ့တမ်း ရယ်ရင်းမောရင်း စောင့်ကြည့်ရမှာဖြစ်ပါတယ် အားလုံးစောင့်မျှော်နေကြတဲ့ကားဖြစ်လို့ အခုပဲ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦး မင်းသားတွေကလည်း ပရိသတ်အကြိုက် ဒိတ်ဒိတ်ကြဲ မင်းသားတွေပဲမို့ ကြည့်ရတာ အားရစရာပါ။ Love in Contract ထဲက Go Kyung Pyo ဂင်ချားနားလို့ ပရိသတ်ကြီး သိထားကြတဲ့ Lee Yi Kyung Gauz Electronics ထဲက Kwak Dong Yeon New Recruit ထဲက Kim Min Ho တို့ ပါဝင်ထားတာ ဖြစ်တဲ့အတွက် တသောသောနဲ့ ရယ်နေရဦးမှာပါ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ *** ကိုရီးယားစကားကနေ တိုက်ရိုက်ပြန်ဆိုထားရတာ ဖြစ်တဲ့အတွက် မြောက်ကိုရီးယားလေသံနှင့် စစ်တပ်အသုံးအနှုန်းများ အနည်းငယ် လွဲချော်မှု ရှိပါက နားလည်ခွင့်လွှတ်ပေးကြပါရန် *** Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.65GB | 881MB | 486MB Format… mp4 Duration….1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Thriller
6.7 2022 113 mins
6/45
Diary of a Wimpy Kid: Rodrick Rules
7.1

Diary of a Wimpy Kid (2021) ရဲ့တိုက်ရိုက်အဆက် ဒစ္စနေပလပ်က ထုတ်လွှင့်ထားတဲ့ အန်နီမေးရှင်းကားအသစ်ပါ။ Diary of a Wimpy Kid: Rodrick Rules (2011) Live Action ကားနဲ့ ဇာတ်ကြောင်းတူသလို ဒုတိယမြောက် တစ်ကားလုံးအန်နီမေးရှင်းကားဖြစ်နေတဲ့ Diary of a Wimpy Kid ကားလည်း ဟုတ်ပါတယ်။ ရုပ်ရှင်အနေနဲ့ Live Action လေးကားထွက်ခဲ့ပြီး အန်နီမေးရှင်းအနေနဲ့က ဒါနဲ့မှ ၂ကားပဲ ထွက်ထားသေးတာ ဖြစ်ပါတယ်။ ဒီကားတွေကို Diary of a Wimpy Kid လို့ခေါ်တဲ့ အမေရိကန် ကလေးဖတ်စာအုပ်စီးရီးကို အခြေတည်ထားတဲ့ကားတွေဖြစ်ပြီး လက်ရှိ၁၇အုပ်မြောက်အထိ ထွက်ထားတဲ့ ဒီစာအုပ်စီးရီးဟာ Live Action ကားတွေကြောင့် မြန်မာပရိသတ်တွေနဲ့ မစိမ်းပါဘူး။ ခု Diary of a Wimpy Kid: Rodrick Rules မှာတော့ ဂရက်နဲ့ သူ့အစ်ကိုရော့ဒရစ်ကြားက အဖြစ်အပျက်တွေကို အဓိကထားဇာတ်အိမ်တည်ထားပြီး အစ်ကိုကြီးရဲ့ အချစ်ကို လိုချင်နေတဲ့ညီလေးနဲ့ ညီကို တစ်စက်မှမချစ်ဘူးလို့ထင်ရတဲ့ ငပေငတေအစ်ကိုကြီးဟာ မိဘတွေ နှစ်ပတ်လည်အတွက် ခရီးထွက်သွားတဲ့နောက် နှစ်ယောက်တည်းအိမ်မှာကျန်ခဲ့ရာက ပြဿနာတွေရှာ အစ်ကိုက ညီကို အတတ်ကောင်းတွေ သင်ပေးတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ မိသားစု ဒရာမာကားဆန်ဆန်လေးမို့ ကလေးတွေကို ပြသင့်တဲ့ကားလည်းဟုတ်သလို Diary of a Wimpy Kid ဖန်တွေအတွက်လည်း အလွမ်းပြေ ပြန်ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 520MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 14Min Genre - Animation, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Romance
7.1 2022 74 mins
Diary of a Wimpy Kid: Rodrick Rules
Transporter 2
6.3

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ... ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။ The Transporter 2(2005)ကတော့ IMDb Rating(6.3/10)ရရှိထားပါတယ်။ File size…(2.8 GB)/(1.2 GB) Quality….BluRay Directer's Cut 1080p HEVC / 720p Format…mkv/mp4 Duration….01:34:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aun

Crime
6.3 2005 87 mins
Transporter 2
Chuyện Xóm Tui: Con Nhót Mót Chồng

Chuyện Xóm Tui: Con Nhót Mót Chồng (2023) IMDb 7.1/10 အဖေတစ်ခု သမီးတစ်ခုနေလာကြတဲ့ မစ္စတာရှင်းနဲ့ နယော့ အဖေက အရက်ကိုသိပ်ကြိုက်သလို သမီးက ခိုးရတာဝါသနာ အချင်းချင်းအမြဲသတ်နေပေမဲ့ ၂ယောက်က အရမ်းချစ်ကြတဲ့သားအဖပေါ့ ဒီလိုနဲ့ တစ်ရက်ကျ မစ္စတာရှင်းက သမီးဖြစ်သူကို အိမ်ထောင်ချပေးဖို့ အတွေးဝင်လာတယ် သမီးအသက်ကလည်း မငယ်တော့တာမို့ သမက်လောင်းရှာဖို့ ခရီးစပါတော့တယ် တစ်ရပ်ကွက်တည်းသားချင်းတွေက နယော့ရဲ့စရိုက်ကိုသိနေတော့ ဝေးဝေးကရှောင်ရင်း.... သူ့သမီးအတွက် ခင်ပွန်းလောင်းရှာနိုင်သွားမလား ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုဂျင်းတွေထည့်မလဲဆိုတာတော့... ရယ်ရတဲ့ကားလည်းဖြစ် ပညာလည်းရတာမို့ ခဏတာဘဝ‌အမောတွေ ဖြေဖျောက်နိုင်စေရန် တင်ဆက်ပေးလိုက်ရပါတယ် (အညွန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Aditi~Zwe Yan ~Cherry~V တို့ပဲ ဖြစ်ပါတယ်) File size…1.8GB / 809MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni~BpL~Aditi~Zwe Yan ~Cherry~V

Horror • Thriller
0 2023 112 mins
Chuyện Xóm Tui: Con Nhót Mót Chồng
Sunshine Cleaning
6.8

Genre – Comedy, Drama IMDB – 6.8/10 ရှယ်မင်းသမီးတွေဖြစ်တဲ့ Amy Adams နဲ့ Emily Blunt တို့ အပြိုင်သရုပ်ဆောင်ထားကြတဲ့ ဘဝသရုပ်ဖော် ဒရမ်မာဟာသ ကားလေးပါ။ ရို့စ်ဆိုတာက အော်စကာဆိုတဲ့ သားငယ်လေးနဲ့ စင်ဂယ်အမေတစ်ယောက် သားကိုကျောင်းထားပြီး အလုပ်ပေါင်းစုံလုပ် ရုန်းကန်နေရတာ။ ဒီလို ရုန်းကန်နေရတဲ့ထဲ ဖခင်ကလည်း တမှောင့်ပေါ့ နောက်ပြီး ပိုဆိုးတာက ညီမဖြစ်တဲ့သူ နိုရာ၊ အလုပ်တွေလည်း မမြဲ ဆေးချလိုက် အရက်သောက်လိုက် ပေါ့ပျက်ပျက်နေလိုက် သူ့သားကိုလည်း ပေါက်ကရတွေ ခေါင်းထဲရိုက်သွင်းပေးနေတဲ့ အဒေါ်ဆိုးပေါ့လေ။ ပြီးတော့ လက်ရှိတွဲနေတဲ့ ရဲအရာရှိဆိုတာက ငယ်တုန်းက ရည်းစားဟောင်း ဒါပေမဲ့ သူကလည်း မိန်းမနဲ့ ကလေးနဲ့ ခိုးစားနေရတဲ့ဘဝမျိုးပေါ့လေ။ အဲဒီအချိန်မှာပဲ အဒေါ်ဖြစ်သူ သင်ပေးထားတာ ပေါက်ကရလုပ်ရင်း သားဖြစ်သူကို ပုဂ္ဂလိကကျောင်းပဲ ထားရတော့မယ့်အခြေအနေရောက်လာပါတယ် ပိုက်ဆံလည်း ပိုလို လာပါတယ်။ အဲဒါကြောင့် ခိုးစားနေတဲ့ ရဲအရာရှိကြီးကို ရင်ဖွင့်မိတဲ့အခါ မှာတော့ လူသေမှုတွေဖြစ်တဲ့ အခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်း ရေးလုပ်ရတာ ငွေကောင်းကောင်းရတယ်ဆိုပြီး ပြောလိုက်တဲ့အခါ ရို့စ်တစ်ယောက် ဘာမှမသိမကန်းနဲ့ ငွေဇောတိုက်ပြီး ညီမဖြစ်သူပါခေါ် ပြီး ဒီလို မှုခင်းတွေကို သန့်ရှင်းရေးလုပ်ရဖို့ ကြိုးစား ရုန်းကန်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ပြီး အောင်မြင်နိုင်မလား စသဖြင့် ဘဝသရုပ်ဖော်ကားလေးပဲ ဖြစ်ပါတယ်။ လုံးဝကို အပူသည်နေရာက Amy Adam က ပိုင်နိုင်ပြီး ပေါ့ပျက်ပျက် ညီမနေရာကလည်း Emily Blunt တို့က သရုပ်ဆောင်ထားကြတာပါ။ File size…1.67GB / 528MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama
6.8 2008 91 mins
Sunshine Cleaning
Budak Flat
7.2

အင်္ဂလိပ်အက်ရှင်ကားတွေကြည့်ရတာ ရိုးလာပြီဆိုတဲ့လူတွေအတွက် Budak Flat ဆိုတဲ့ မလေးရှားဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားကားဆိုပေမဲ့ IMDb မှာ Rating 7.3 အထိရရှိထားပြီး တကယ်လည်း ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဇာတ်ကားနာမည်အတိုင်း ဘူဒက်ဆိုတဲ့ တိုက်ခန်းမှာ အာမန်နဲ့ရစ်ဇ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်တို့ အဖွဲ့တွေကကြီးစိုးနေကြပါတယ်။ အာမန်ကတော့ လူမိုက်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ပစ္စည်းတွေခိုးတယ်ရောင်းတယ် ဆိုပေမယ့် ဘယ်တော့မှသူတစ်ပါးအပေါ်မှာ မယုတ်မာတတ်ပါဘူး။သူ့အစ်ကို ရစ်ဇ်ကတော့ မူးယစ်ဆေးတွေကို ကိုယ်တိုင်ထုတ်ပြီးဖြန့်ဖြူးရောင်းချနေသူ တစ်ယောက် ဖြစ်ပါတယ်။အဲ့ဒီမူးယစ်ဆေးတွေက တိုက်ခန်းမှာနေထိုင်သူတွေအပြင် တခြားလူတွေ အများကြီးရဲ့ ဘဝတွေကိုပါပျက်စီးစေခဲ့တာမလို့ အာမန်က အဲ့ဒီလုပ်ငန်းကိုလုံးဝ သဘောမကျဘဲ ရပ်တန့်ပစ်ချင်နေပါတယ်။တစ်နေ့မှာတော့ အဲ့ဒီလုပ်ငန်းကို စထောင်ခဲ့တဲ့ လူဖြစ်တဲ့ သူတို့ရဲ့ဆရာဖြစ်တဲ့ ခေါင်းဆောင်က မူးယစ်ဆေးလုပ်ငန်းကို ရပ်တန့်ဖို့လုပ်ပြီး နောက်မှာ အသတ်ခံလိုက်ရပါတော့တယ်။ဖြစ်ချင်တော့ အသတ်ခံလိုက်ရတဲ့ ခေါင်းဆောင်ရဲ့ ဘေးမှာ အာမန်ရှိနေတာကို ရစ်ဇ်ကတွေ့ခဲ့တဲ့အတွက် ပြဿနာတွေပိုမိုရှုပ်ထွေးလာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…1.35GB / 617MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • History
7.2 2023 104 mins
Budak Flat
The Dishwasher
7.2

ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ် စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင် Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင် အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကို အခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာ Prix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို ၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်… မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေး တစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ် လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊ လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင် မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.60GB) / (960MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Horror • Thriller • Science Fiction
7.2 2023 128 mins
The Dishwasher
Rogue River

ရော့ခ်မြစ်နားမှာ သေဆုံးသူဖခင်ရဲ့ အရိုးပြာကို လာစွန့်ပစ်တဲ့ မာရာဟာ သူစိမ်းတစ်ယောက်ဖြစ်သူ ဂျွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အရိုးပြာစွန့်ပစ်ဖို့ ခွင့်ပြုချက်လိုမယ့်အကြောင်းလာပြောပြတဲ့ ဂျွန်နဲ့ စကားစပ်မိရင်းကနေ ဂျွန်ကလည်း ဒီနေရာကို သူ့သမီးနဲ့အတူလာတတ်ကြောင်း ပြောပြခဲ့သလို မာရာကလည်း သူ့အဖေနဲ့ စခန်းချအမဲလိုက်ဖူးတဲ့ အမှတ်တရတွေကို ပြောပြနေခဲ့ပါတယ်။ နောက်တော့ မမှောင်ခင်မှာပဲ တောစပ်က ကားနားထိ အတူတူလမ်းလျှောက်လာခဲ့ကြပါတယ်။ ကားလမ်းဘေးကို ပြန်ရောက်တဲ့အခါမှာ သူစီးလာတဲ့ကားကို ထူးဆန်းစွာ ပျောက်ဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။ လူသူရှားပါးတဲ့အရပ်ဖြစ်နေတဲ့အတွက် ဂျွန်နဲ့ပဲ လမ်းကြုံလိုက်ခဲ့ဖို့ မာရာ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျွန့်အိမ်ကနေတစ်ဆင့် မြို့ထဲကိုသွားဖို့ စီစဉ်ထားတဲ့ မာရာဟာ သူ့ကို နွေးထွေးစွာ ကြိုဆိုနေတဲ့ ဂျွန်နဲ့လီယာတို့ ဇနီးမောင်နှံရဲ့ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ဘဲ ဂျွန်တို့အိမ်မှာ ညအိပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ညတွင်းချင်းပဲ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က ဂျွန်နဲ့လီယာ တို့ရဲ့ အရုပ်ဆိုးအကျည်းတန်မှုတွေ တစ်ရစ်ချင်းပေါ်လာတဲ့အချိန်မှာတော့ မာရာ့အတွက် ငရဲကို လက်တွေ့ကြုံရတဲ့ ညတစ်ညဖြစ်လာပါတော့တယ်။ ဘယ်လောက်ပဲ အပေါ်ယံဖော်ရွေတဲ့သူပဲဖြစ်ဖြစ် သူစိမ်းဖြစ်နေခဲ့ရင် အယုံမလွယ်သင့်ဘူးဆိုတာကို အကောင်းဆုံး ဥပမာပေးနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.6 GB/ 832 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Horror , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

0 2011 81 mins
Rogue River
A Troll in Central Park
5.3

A Troll in Central Park 1994 ဒီဇာတ်လမ်းလေးကတော့ Stanley ဆိုတဲ့မှင်စာလေးကို အခြေခံထားပြီးပုံဖော်ထားပါတယ်။ Stanley ဟာမှင်စာဖြစ်ပေမယ့် စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်။ သူ့မှာပန်းပင်လေးတွေကိုဖန်တီးနိုင်တဲ့ မှော်ဆန်တဲ့အစိမ်းရောင်လက်မလေးကိုပိုင်ဆိုင်ထားတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတို့ရဲ့ကမ္ဘာမှာ ဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကိုအလိုမရှိကြပါဘူး။ ဆိုတော့ Stanley ကပန်းလေးတွေကိုသူ့ရဲ့နေရာလေးမှာပဲ ဘယ်သူမှမမြင်အောင်ဖုံးကွယ်ပြီးစိုက်ပျိုးထားရတာပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ပန်းပွင့်ကြီးတစ်ခုကိုဖန်တီးမိလိုက်ပြီး ဘုရင်မကြီးဆီ Stanley ရဲ့သတင်းကရောက်ရှိသွားပါတယ်။ Stanley ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ ဒါပေမယ့်ဘုရင်မကြီးကတော့သူ့ကို လုပ်ထုံးလုပ်နည်းအရကျောက်တုံးအဖြစ်ပြောင်းပစ်ချင်နေတာပါ။ Central Park မှာ Stanley က Gus တို့မောင်နှမနှစ်ယောက်နဲ့ဆုံပြီး ပျော်ရွှင်နေတာကို ဘုရင်မကြီးကတွေ့တော့ သူ့ရဲ့ဒေါသတွေပိုပြီးကြီးထွားလာပါတယ်။ ဆိုတော့ Stanley ဘုရင်မကြီးရဲ့ဒေါသကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ ဘယ်လိုအခက်အခဲ အတားအဆီးတွေကိုကျော်ဖြတ်ရမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။ IMDB မှာလည်း 5.3ထိရရှိထားပြီးတော့ ဒီထဲက Soundtrack ဟာဆိုရင်လည်း ပရိသတ်တွေရဲ့ရင်ထဲမှာနေရာတစ်ခုရရှိခဲ့ပါတယ်။ ကလေးတွေအပြင် Animation ကြိုက်နှစ်သက်တဲ့လူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size… 1.8 GB / 830MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 16m Genre ….. Family/Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by edrikk

Thriller • Horror • Mystery • Drama
5.3 1994 76 mins
A Troll in Central Park
Hoshiar Singh
6.1

Hoshiar Singh (2025) “တစ်မူထူးတဲ့ ကျောင်းဆရာလေး” ပန်ချာပီ စကားပြော ကျေးလက်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ကျေးရွာလေးတစ်ရွာက ကျောင်းဆရာလေးရဲ့ဇာတ်လမ်းပါပဲ ဟိုရှီဒါဟာ မွေးကတည်းက အဖေနဲ့အမေ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပြီး ကျောင်းနေအရွယ်ရောက်တော့လည်း မေးခွန်းတွေပေါက်ပေါက်ရှာရှာ‌ မေးတတ်လွန်းလို ခဏခဏမိဘခေါ်ခံရ အိမ်ပြန်ရောက်ရင် အရိုက်ခံရနဲ့ပါ တစ်နေ့မှာတော့ ဒီလိုမေးခွန်းတွေ မေးတတ်တဲ့ သူလိုမျိုး ကလေးတွေကို သမားရိုးဆရာတွေနဲ့ ကွဲပြားစွာ သင်ပေးနိုင်မယ့် ဆရာလုပ်မယ်လို ကြွေးကြော်ကာ ရွာကျောင်းလေးမှာ ပထမဆုံးတာဝန်ကျပါတယ် တာဝန်ကျတဲ့နေ့ကတည်းက စလို အလွဲလွဲအချော်ချော်ဖြစ်ပုံတွေ၊ စာသင်နည်းအသစ်အဆန်းတွေနဲ့အတူတူ ကျောင်းဆရာမ ချောချောလေးနဲ့ပါ ဘယ်လိုဇာတ်လမ်းဆက်မလဲ ဆိုတာကတော့ ။ ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller
6.1 2025 132 mins
Hoshiar Singh
Ishq Vishk Rebound
5.4

Ishq Vishk Rebound 2024 “အချစ်နှင့်ဘေးထွက်ဆိုးကျိုးများ” ချစ်ဖို့ကောင်းတဲ့ ဟင်ဒီ rom-com လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ကတော့ Mismatched စီးရီးနဲ့ နာမည်ရလာတဲ့ Rohit Saraf နဲ့ နာမည်ကြီးရိုရှန်မိသားစုထဲက နောက်တစ်ယောက်ဖြစ်တဲ့ တက်သစ်စမင်းသမီး Pashmina Roshan တို့ပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရာဂါဗ်က တက်သစ်စ ဇာတ်ညွှန်းဆရာတစ်ယောက်ပါ အလုပ်ဒတ်လိုင်းနီးနေတဲ့အခါမှာ သူ့ရဲ့ကိုယ်ပိုင်ဘဝကိုပဲ နောက်ကြောင်းပြန်လှည့်စဉ်းစားရင်း ဇာတ်ညွှန်းဖန်တီးဖို့ ဖြစ်လာပါတော့တယ် တချိန်က သူ့ရဲ့သွားအတူစားအတူ ငယ်သူငယ်ချင်း ဆန်ယာနဲ့ ဆာဟီရ်တို့ဟာ အရွယ်တစ်ခုရောက်လာတော့ ချစ်သူတွေဖြစ်သွားကြတဲ့တွက် ရာဂါဗ်တစ်ယောက် third wheel ဘဝရောက်သွားပါတယ် ဒီလိုနဲ့ သူငယ်ချင်းချစ်သူစုံတွဲကိုပဲ အချိန်ပေးနေရတဲ့ ရာဂါဗ်ကိုယ်တိုင် ဆတ်ဆတ်ကြဲချစ်သူကောင်မလေးရလာတဲ့အခါမှာ သူငယ်ချင်းတွေနဲ့ ချစ်သူကောင်မလေးကြား ဟန်ချက်မညီခြင်းတွေဖြစ်လာပြီး ဘယ်လိုအလွဲလေးတွေ ရင်ဆိုင်ရမလဲ ဆက်လက်ကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Romance • Drama • Science Fiction
5.4 2024 106 mins
Ishq Vishk Rebound