YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Spaceman 2024 - 1080p [RMC].mp4

1.31 GB N/A video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) American Honey
6.8

အဖော်အချွတ် ၊ ဆေးသုံးတဲ့အခန်းတွေ နဲ့ ကြမ်းတမ်းတဲ့စကားလုံးများစွာပါဝင်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ American Honey ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ၇၀ကြိမ်မြောက် BAFTA ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး British Film အဖြစ် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာလဲ Palme d'Or ဆုအတွက်ရွေးချယ်ခံခဲ့ရပြီး Jury Prize ဆုကို ရရှိခဲ့ပါတယ်။ အခြားဆုတွေလဲ တစ်သီကြီးရထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ IMDB 7/10 ရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ Rating ကောင်းကောင်းရရှိထားပါတယ်။ ဇာတ်ကောင်တွေကတော့ Sasha Lane၊ Shia LaBeouf နဲ့ Riley Keough တို့အဓိကထား ပါဝင် သရုပ်ဆောင် ထားပါတယ်။ စတားဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ကလေးမဟုတ်တဲ့ ကလေးနှစ်ယောက်ကို ထိန်းကျောင်းနေရပြီး အမြဲတစေ လိင်ပိုင်းဆိုင်ရာစော်ကားနေတဲ့ ဖခင်နဲ့အတူ နေထိုင်ပါတယ်။ တစ်ရက်တော့ အိမ်ပြန်ဖို့အတွက် ကားတားနေရင်းနဲ့ ဂျိတ်တို့အဖွဲ့နဲ့တွေ့ပါတော့တယ်။ စူပါမားကတ်ထဲမှာ ကျကျန်ခဲ့တဲ့ ဂျိတ်ရဲ့ ဖုန်းကို လိုက်ပြန်ပေးရင် ဂျိတ်က သူတို့ရဲ့ မဂ္ဂဇင်းရောင်းတဲ့ အဖွဲ့ထဲကို အလုပ်သွင်းပေးလိုက်ပါတော့တယ်။ အဲ့ဒီလိုနဲ့ စတားတစ်ယောက် ဂျိတ်တို့ အရောင်းအဖွဲ့နဲ့ အတူ ကန်းဆက်မြို့ဆီကို လိုက်ပါသွားရင်းနဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်။ စိန်ခေါ်မှုတွေများစွားနဲ့အတူ လမ်းတစ်လျှောက် မဂ္ဂဇင်းရောင်းချရင်း အဖွဲ့နဲ့အတူ သူမရဲ့ ကိုယ်ပိုင်ဘဝလမ်းကြောင်းကို ပုံဖော်ဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ ပျော်ရွင်မှု၊ စိတ်ပျက်မှု၊ ခင်မင်မှုနဲ့ ဝယ်သူတွေရဲ့ အန္တရယ်တွေကြားထဲမှာ စတားတစ်ယောက် ဘယ်လိုရှင်သန်နေထိုင်မလဲဆိုတာကို စိတ်ဝင်းစားစရာကြည့်ရှု့ရမှာပါ။ စတားရဲ့ အိမ်ကထွက်လာတာကနေစလို့ တွေ့ကြုံခဲ့ရတဲ့ အခက်ခဲတွေ၊ လူငယ်တစ်ယောက်ရဲ့စူးစမ်းလိုစိတ်၊ စွန့်စားမှုတွေ အိမ်မက်နောက်ကိုလိုက်ပြီးကြိုးစားခဲ့တာတွေကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှု့လိုက်ကြပါခင်ဗျာ… (ဘာသာပြန်နဲ့ အညွှန်းတင်ဆက်သူကတော့ PROXY ဖြစ်ပါတယ်ခင်ဗျာ) File Size :(3.1GB)(2.1GB) and (716MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…02:43:00 Genre : Drama, Romance, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae

Drama • Thriller
6.8 2016 163 mins
(18+) American Honey
Naanum Rowdydhaan
6.4

နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်‌ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့‌သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni

Action • Adventure • Comedy
6.4 2015 140 mins
Naanum Rowdydhaan
Burn Out
6.8

တိုနီဟာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေမှာ အလားအလာရှိတဲ့ ဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ပေမဲ့ ဘဝကိုတော့ ပင်ပန်းစွာ ရုန်းကန်နေရသူပါ။ အချိန်ပိုင်းအလုပ်လည်းလုပ်ရ၊ ပရော်ဖက်ရှင်နယ် ဆိုင်ကယ်မောင်းပြိုင်သမားတစ်ဦးဖြစ်လာရေးအတွက် လေ့ကျင်းရေးလည်း ဆင်းနေရချိန်မှာ သူ့ရဲ့ အဆက်ဟောင်း၊ သူ့သားရဲ့မိခင်ဖြစ်သူ လေလာဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အကောင်ကြီးတစ်ကောင်ဆီကို အကြွေးတွေတင်သွားပါတယ်။ လေလာတစ်ယောက် အကြွေးတွေကို ဘယ်နည်းနဲ့မှ ပြန်မဆပ်နိုင်လို့ ဘဝပျက်ရတော့မဲ့ အခြေအနေမရောက်အောင်လို့ တိုနီတစ်ယောက်ဝင်ကူညီရပါတော့တယ်။ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အလုပ်ထဲကို ပါဝင်ပတ်သတ်မိသွားရတာက တိုနီရဲ့ ဘဝကို ဘယ်လိုတွေ ရိုက်ခတ်သွားမလဲဆိုတာကိုတော့ ဒီ ပြင်သစ်-ဘယ်ဂျီယမ် အက်ရှင်ကားလေးမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 1.5GB, 683MB, 344MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 47mins Genre : Action, Crime, Thriller Translated by Moe Lay Encoded by Kinnov

Comedy • Crime • Thriller
6.8 2018 107 mins
Burn Out
Eat Drink Man Woman
7.8

Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “ Ang Lee ” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့ Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့ A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်ငံတကာမှာပါ အနုပညာအရရော အောင်မြင်ခဲ့သလို သူ့ပထမဆုံးသုံးကားဖြစ်တဲ့ ဒီ Trilogy ဟာ သူ့အတွက်မှတ်ကျောက်ကောင်းကောင်းတင်နိုင်ခဲ့တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီသုံးကားရိုက်ပြီးနောက်မှာတင် သူ Sense and Sensibility (1995) ကို Emma Thompson တို့ Kate Winslet တို့ Hugh Grant တို့နဲ့ ရိုက်နိုင်နေပါပြီ။ သူ့ပထမဆုံး ဟောလိဝုဒ်ကားမှာတင် Oscar မှာ Emma Thompson က Best Writing ဆုရခဲ့ပါတယ်။ Golden Globe Award for Best Motion Picture – Drama ဆုလည်း ရခဲ့ပါတယ်။ နောက် ၉၇နဲ့ ၉၉မှာ တိုဘီမက်ဂွိုင်းယားနဲ့အတူ The Ice Storm နဲ့ Ride with the Devil ဆက်ရိုက်ပါတယ်။ နှစ်ကားလုံးအလိုက်အထိုက် အောင်မြင်ခဲ့တယ်။ ၂၀၀၀မှာတော့ သူ့ရဲ့နာမည်အကြီးဆုံး တရုတ်အခြေစိုက်ကားလို့ ပြောရမယ့် Crouching Tiger, Hidden Dragon ကို ရိုက်ခဲ့ပါတယ်။ ထိုင်ဝမ်တရုတ်ကားပေမဲ့လည်း Best Picture အပါအဝင် အော်စကာ၁၀ခု ဆန်ခါတင်ဝင်ခဲ့ပြီး Best Cinematography, Best Music , Best Art Direction နဲ့ Best Foreign Language Film လေးဆုရခဲ့ပါတယ်။ အဲဒီနောက် Hulk (2003) ရိုက်ပါတယ်။ ဒါတော့မျက်နှာပျက်ချင်စရာကောင်းပေမဲ့ နောက်တစ်ကားမှာ မာစတာပိစ် ထပ်ထုတ်လိုက်ပါတယ်။ Brokeback Mountain (2005) ပါ။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေနဲ့ ထိတ်ထိတ်ကြဲစာအုပ်ကို ပြန်ရိုက်တဲ့ကားပါပဲ။ တော်တော်လည်းအောင်မြင်ခဲ့ပါတယ်။ တော်တော်လည်းကောင်းခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ အော်စကာရခဲ့သလို ရွှေကမ္ဘာလုံးမှာလည်း ဒါရိုက်တာအနေနဲ့ရော BP ရော ရခဲ့ပါတယ်။ အော်စကာဆန်ခါတင်၈ဆုဝင်ပြီး ၃ဆုရခဲ့တယ်။ Lust, Caution (2007) ကိုတော့ တရုတ်မှာပြန်ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒါရိုက်တာဟာ ဟောင်ကောင်မင်းသားနဲ့ တရုတ်မင်းသမီးကို သုံးပြီး ရိုက်ခဲ့ပါတယ်။ ထျန်းဝေအတွက် ကံကောင်းတယ်လို့ပြောရမလား ကံဆိုးတယ်လို့ပြောရမလားမသိတဲ့ရုပ်ရှင်ပေါ့။ ၂၀၁၂မှာတော့ Life of Pi ကို ထပ်ရိုက်ခဲ့ပြီး ဆန်ခါတင် ၁၂ဆုဝင်ပြီး ၄ဆုရခဲ့ပါတယ်။ ဒါရိုက်တာဆုလည်းပါပါတယ်။ အော်စကာမှာတင် Best Director ၂ခါရထားပြီး ကိန်းနဲ့ ရွှေကမ္ဘာလုံးမှာလည်းရဖူးပါတယ်။ အန်းလီဟာ ၉၀နောက်ပိုင်း တရုတ်ဒါရိုက်တာတွေထဲတော့ ဟောလိဝုဒ်မှာ အပေါက်မြောက်ဆုံး အော်စကာမှာ အပေါက်အမြောက်ဆုံး ဒါရိုက်တာလို့ ပြောရပါမယ်။ ဂျွန်ဝူးလို ဟောလိဝုဒ်အက်ရှင်ကားတွေကို သွားလွှမ်းမိုးနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်ဆုံး ၂ကားကတော့ Billy Lynn’s Long Halftime Walk (2016) နဲ့ Gemini Man (2019) ပါ။ ဒီ၂ကားနဲ့ Hulk (2003) ကလွဲ သူဟာ တခြား တရုတ်ကားနဲ့ပေါက်ပြီးမှ ကန်ကားသွားရိုက်တဲ့ ဒါရိုက်တာတွေလို ဘာမှမဆိုင်လောက်အောင် ကွာလတီမကျသွားခဲ့ပါဘူး။ မာစတာပိစ်တွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့ နောက် ကိုရီးယားက ဆရာပတ်တို့တောင် ဟောလိဝုဒ်ကားသွားရိုက်ရင် ရေမြေမတူတာကြောင့် ဘာမှမဆိုင်လောက်အောင် ကွာလတီကွာခြားသွားတတ်ပေမဲ့ သူကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့သား မေဆန်လီနဲ့ ဘရုစ်လီဘိုင်အိုကား ရိုက်မယ်လို့ ကြေညာထားပါတယ်။ ဘယ်လိုထွက်လာမလဲတော့ စောင့်ကြည့်ရမှာပါပဲ။ ~~~~~~~~~~~~~~ ” Father Knows Best Trilogy “ အန်းလီမှာ တရုတ်ကား၅ကားပဲရှိပြီး သူ့ပွဲဦးထွက် ၃ကားကိုပဲ သူကိုယ်တိုင်ဇာတ်ညွှန်းရေးထားခဲ့တာပါ။ အဲဒီသုံးကားကိုတော့ ‘Father Knows Best’ Trilogy လို့ခေါ်ပါတယ်။ အန်းလီရဲ့ ‘Father Knows Best’ Trilogy ထဲမှာ Pushing Hands (1991) နဲ့ The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994) ဆိုတဲ့ သုံးကားပါပြီး ရှေ့နှစ်ကားကတော့ အမေရိကန်တရုတ်တွေရဲ့ အခြေအနေကိုပုံဖော်ထားတာဖြစ်ပြီး တတိယကား Eat Drink Man Woman ကတော့ ထိုင်ဝမ်မှာချည်း ရိုက်ခဲ့တဲ့ သူ့ရဲ့တစ်ကားတည်းသောကားလည်းဟုတ်ပါတယ်။ ‘Father Knows Best’ ဟာ အဖေတစ်ယောက်နဲ့ သားသမီးတွေကြားက ခေတ်ဟောင်းနဲ့ခေတ်သစ်၊ ရိုးရာနဲ့ တိုးတက်မှု၊ အရှေ့နဲ့အနောက်ယဉ်ကျေးမှု ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး မိသားစုဒရာမာကားတွေလို့ ပြောလည်းမမှားပါဘူး။ ~~~~~~~~~~~~~~ ” Eat Drink Man Woman (1994) “ သူ့နာမည်ကတော့ ကွန်ဖြူးရှပ်ဝါဒ ဂန္ထဝင်စာအုပ်တွေထဲက တစ်အုပ်မှာပါတဲ့ လူတွေရှောင်လွှဲလို့မရနိုင်တဲ့ လူ့သဘာဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား သောက် ကာမဆိုတဲ့ အချက်တွေကို ဆိုလိုတာပါ။ အန်းလီကတော့ ပိုဖျော့အောင်လို့လား ကာမသက်သက်မဟုတ်ဘဲ ချစ်ခြင်းကိုပါသက်ရောက်စေချင်လို့လားတော့မသိ Man Woman ဆိုပြီး သုံးသွားပါတယ်။ ပြောရရင် ဒီတစ်ဇာတ်လုံးဟာ အဖေတစ်ယောက်နဲ့သမီး၃ယောက်ကို အခြေတည်ပြီး သူတို့ရဲ့ စားသောက်နေထိုင်ခြင်းတွေ၊ အိမ်ထောင်ရေး အချစ်ရေးတွေ၊ သူတို့ကြားက ဆက်ဆံရေးတွေအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကားသက်သက်ပါပဲ။ ပြောရရင် လူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းတွေဟာ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အဓိပ္ပာယ်အဖြစ်ဆောင်နေတဲ့အကြောင်း သွယ်ဝိုက်ရိုက်ပြထားတယ်ပေါ့။ အန်းလီရဲ့ ‘Father Knows Best’ Trilogy သုံးကားလုံးမှာ အဖေအဖြစ်သရုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဂန္တဝင်မင်းသား Sihung Lung ကပဲ အဖေအဖြစ်သရုပ်ဆောင်ထားတယ်။ အန်းလီငယ်ငယ်ကတည်းက သူ့ကားတွေကို သဘောကျခဲ့လို့ သုံးထားတယ်လို့ဆိုတယ်။ မင်းသမီးတွေကတော့ ထိုင်ဝမ်မင်းသမီးတွေချည်းဆိုတော့ ဟောင်ကောင်ပရိသတ်တွေ ရင်းနှီးလောက်မှာ တစ်ယောက်တော့ပါတယ်။ Wu Chien Lien ပါ။ ဘန်နီချန်းရိုက်ပြီး အန်ဒီလောင်နဲ့သူ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Moment of Romance ကြည့်ဖူးရင် သူ့ကို မချစ်မိဘဲမနေလောက်ပါဘူး။ နှစ်သိပ်မကွာလှပေမဲ့ ဒီထဲတော့ A Moment of Romance ထဲကလို အင်နိုးဆန့်ပုံစံနဲ့ အရမ်းငယ်တဲ့ဟန်မရှိတော့ဘဲ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်စွာဘဲ ရင့်ကျက်တဲ့ပုံစံဘက်ရောက်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ဖန်တွေသိပါလိမ့်မယ်။ Rebels of the Neon God နဲ့ Vive L’Amour ထဲက အဓိကမင်းသမီးတွေကို သုံးထားတာပါ။ အန်းလီဟာ ထိုင်၀မ်ဒါရိုက်တာပေမဲ့ အန်းလီရဲ့ ထိုင်၀မ်ကားစစ်စစ်ကို ပြပါဆိုလည်း ဒီတစ်ကားပဲပြစရာရှိပါတယ်။ အန်းလီရဲ့ Timeless Masterpiece ထိုင်၀မ်ကားစစ်စစ်ကိုမှ ရင်းနီးပြီးသား မင်းသမီးတွေနဲ့ဆိုတော့ ကြည့်ရလည်းမစိမ်းသလို Edward Yang တို့ Hou Hsiao-hsien တို့ရဲ့ New Taiwanese Cinema အလွန်မှာ ထိုင်ဝမ် Second New Wave ရုပ်ရှင်တွေ ဘယ်လိုအသွင်ပြောင်းလာလဲ ကြည့်ကြည့်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1994 123 mins
Eat Drink Man Woman
[18+] Due West: Our Sex Journey
5.3

(function(f,b,n,j,x,e){})(); ဒီဇာတ်ကားကတော့ ဟောင်ကောင် Erotic movie ထဲမှာ အမှတ်ရလောက်စရာ လိင်ပညာပေးဇာတ်ကားပါပဲ။ တင်းကျပ်တဲ့အိမ်ထောင်စုတစ်ခုက ယောကျာ်းလေးတစ်ယောက်ဟာ အချိန်တန်အရွယ်ရောက်လာချိန်မှာ ကိုယ်ခန္ဓာကတောင်းဆိုတဲ့ သွေးသားဆန္ဒနဲ့ ရှက်ရွံ့မှုတွေကြား ဗျာများပြီး ပေါက်ကရဖြစ်ချင်ရာဖြစ်လာတာကို ဟာသခပ်များများ အဖော်အချွတ် စိတ်ကူးယဉ်ခန်းခပ်များများနဲ့တင်ဆက်ထားပါတယ်။ အချစ်ဦးဆိုတာ တချို့လူတွေအတွက် ပထမဆုံးထိတွေ့မှုအခြေခံတဲ့ဆက်နွယ်မှုဆိုတာမျိုးတွေထိ ပွင့်ပွင့်လင်းလင်းချပြထားပါတယ်။ တချို့အခန်းတွေဆို Erotic ဆန်လွန်းအောင် တော်တော်မိမိုက်နေအောင် ရိုက်ကူးထားပါတယ်။ ဇာတ်ဆောင်ကောင်လေးက သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြတဲ့ တင်ဆက်ထားပုံကြောင့် သူ့ရဲ့စိတ်ကူးစိတ်သန်းနဲ့ ရိုးသားမှု ညစ်ညမ်းမှုတွေအကုန်မြင်နိုင်ပါတယ်။ အင်တာနက်ပေါ်က ရောင်းအကောင်းဆုံးစာအုပ်တစ်အုပ်ကို အခြေခံလို့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။

5.3 2012
[18+] Due West: Our Sex Journey
Barbie in A Christmas Carol
6.3

ဒီဇာတ်လမ်း​လေးက​တော့ က​လေး​တွေအတွက် ဘယ်​တော့မှ မရိုးနိုင်တဲ့ ဘာဘီဇာတ်ကား​လေးပဲဖြစ်ပြီး ခရစ္စမတ်themeနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ ခရစ္စမတ်အကြိုည​နေခင်း ရန်ပုံ​ငွေကပွဲကို သွားရမယ့် ဘာဘီ မင်းသမီး​လေးဟာ ညီမ​ဖြစ်သူရဲ့ ကပွဲကိုမလိုက်ချင်ဘူးဆိုတဲ့ ဂျီတိုက်မှု​ကြောင့် ပုံပြင်​တစ်ပုဒ်နဲ့ ​ချော့ဖို့ဖြစ်လာပါတယ်။ ဘာဘီ​​ပြောပြလိုက်တဲ့ ပုံပြင်က​တော့ ခရစ္စမတ်ရဲ့နာမည်​​ကျော် ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ ခရစ္စမတ်ရဲ့တ​စ္ဆေ၃​ကောင်ဆိုတဲ့ ပုံပြင်ပါ။ အဲဒီပုံပြင်ကို ဘာဘီမင်းသမီးရဲ့ဇာတ်လမ်းအဖြစ် ဘယ်လိုမျိုး ဆန်းသစ်ထားမလဲ၊ က​လေး​တို့အတွက် ဘယ်လိုသင်ခန်းစာမျိုး ​ပေးစွမ်းသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size… 1.73GB / 999MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 16m Genre ….. Animation , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.3 2008
Barbie in A Christmas Carol
Bad Day for the Cut
6.5

Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာ ထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်… ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့ အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်း မသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့ အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်, သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတက လာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်း သူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်း ဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ.. သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲ ဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကား ဖြစ်ပါတယ်…. File size…1GB / 459MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama
6.5 2017
Bad Day for the Cut
The Perfect Escape
5.5

နှစ်ကူးအကြို ပိတ်ရက်လေးမှာ ဆွစ်ဇာလန်နှင်းတောင်ပေါ်က အပန်းဖြေအိမ်လေးမှာ လာရောက်စုဝေးကြတဲ့ အကျင့်စရိုက်မတူ အနေအထားမတူညီကြတဲ့ လူပေါင်းစုံရဲ့ အဖြစ်အပျက် ပြဿနာလေးတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ပထမစုံတွဲကတော့ ကလေးလည်းရှိပြီး အိမ်ထောင်သက်တမ်းကြာပြီး တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့နေကြတဲ့ လင်မယားတွေ ခပ်တည်တည်နဲ့ အွန်လိုင်းဒိတ်တင်းမှာ တခြားလူထင်ပြီး လာချိန်းတွေ့ရာကနေ နှစ်ယောက်သား ပြန်ပြီး တွေ့ကြရော။ ဒုတိယစုံတွဲကတော့ သဘာဝပတ်ဝန်းကျင်ကို ဇွတ်ရောအတင်းရော ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့ကောင်မလေးနဲ့ သီချင်းတွေ ဖန်တီးရတာကို နှစ်ခြိုက်တဲ့ ကောင်လေးတို့အတွဲ။ တတိယစုံတွဲကတော့ ကလေးအင်မတန်လိုချင်နေတဲ့ ကျောင်းဆရာမလေးရယ် အင်တာနက်မရှိ ဖုန်းမရှိရင် ဘယ်လိုမှမနေနိုင်ပဲ ဘဝကို လူမှုကွန်ရက်မှာ နှစ်မြုပ်ထားတဲ့ အင်ဖလူယန်ဆာမလေးတို့ရဲ့ လက်စ်ဘီယန်အတွဲ။ နောက်ဆုံးအတွဲကတော့ ဒီအပန်းဖြေစခန်းလေးရဲ့ ပိုင်ရှင်လင်မယားဖြစ်ပြီး အူကြောင်ကြောင်နဲ့ ဟိန္ဒူဘုရားတွေကိုးကွယ်ကြတာပါ။ ဒီလိုနဲ့ စုံတွဲတိုင်း ပြဿနာ ပဋိပက္ခပေါင်းစုံနဲ့ နေကြတဲ့အခါ နှင်းမုန်တိုင်းကျပြီး အကုန်လုံး အိမ်ပြန်မရပဲ ပိတ်မိသွားတဲ့အခါမှာတော့…. ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရမှာပါ။ File size…(1.5 GB)/(760 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

Drama • Romance
5.5 2023
The Perfect Escape
Love Me If You Dare
5.4

Love Me if You Dare 2024 ဝိညာဉ်ချစ်သူ အချစ်ဟာမျက်ကန်းလို့ပဲပြောပြော ချစ်တဲ့သူကမျက်ကန်းပဲပြောပြော ကျွန်တော်တို့အားလုံးဟာ ချစ်မိပြီဆိုရင် သူ့ရဲ့ဆိုးကွက်တွေကို ဘာမှမမြင်ဘဲ ရူးရူးမိုက်မိုက် ချစ်မိတတ်ကြသတဲ့။ ဒီဇာတ်လမ်းလေးထဲက အာဂျွန်သည်လည်း ထိုနည်းတူပေါ့။ အာဂျွန်ဟာ ဖြစ်ရပ်ဆန်းတွေကို လိုက်လံစုံစမ်းတတ်တဲ့ YouTuberလေးတစ်ယောက်ပါ။ သူနောက်ဆုံးမျက်စိကျမိသွားတာကတော့ ဒီဗ်ယာဗာသီဆိုတဲ့မိန်းကလေးနဲ့ ရွာထဲက တစ်နာရီလောက်အမြဲငိုသံကြားရတဲ့ ထူးဆန်းတဲ့အိမ်ကြီး အာဂျွန်ကတော့ ဒီဗ်ယာဗာသီအကြောင်းကို စုံစမ်းဖို့ စိတ်အားထက်သန်နေပေမဲ့ ဒီဗ်ယာဗာသီကို မြင်လိုက်တဲ့သူတိုင်း အသက်မရှင်ဘူးဆိုတဲ့ နာမည်ဆိုးကြောင့် အာဂျွန်ကိုစိတ်ပူနေတဲ့ ပရီယာနဲ့ ပရာတပ် ဒီအကြောင်းကိုစုံစမ်းလေလေ သိချင်စိတ်နဲ့အတူ ဒီဝိညာဉ်မလေးအပေါ် ရင်ထဲကအချစ်စိတ်တွေ ယိုဖိတ်လာမိတဲ့အာဂျွန်တစ်ယောက် တစ်စတစ်စ နက်နက်ရှိုင်းရှိုင်း တိုးဝင်မိရင်း ဘာတွေဆက်ဖြစ်လာမလဲ‌ဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Alex ~ Yunniတို့ပဲဖြစ်ပါတယ်။)

Horror
5.4 2024
Love Me If You Dare
Nguoi Mat Troi Daydreamers
6

Day Dreamers ဟာ ဗီယက်နမ်နွယ်ဖွားအမေရိကန် ရုပ်ရှင်ရိုက်ကူးသူ Timothy Linh Bui ရိုက်ကူး တင်ဆက်ထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ပထမဆုံးသော နာမည်ကျော်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ဖြစ်ပါတယ်။ တစ်ဦးကလူတွေကြားမှာထင်ထင်ပေါ်ပေါ်နေထိုင်ပြီး တစ်ဦးကတစ်ယောက်တည်းပုန်းအောင်းနေထိုင်တဲ့ သွေးစုတ်ဖုတ်ကောင်ညီအစ်ကိုနှစ်ယောက်ကြားက ပြိုင်ဆိုင်မှုတွေကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေထဲမှာလည်း ဗီယက်နမ်နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်တဲ့ Chi Pu နဲ့တက်သစ်စမင်းသား Thuan Nguyen တို့ပါဝင်နေတာကိုမြင်တွေ့ရပါတယ်။ Horror ၊ Thriller နဲ့ Drama အမျိုးအစားဖြစ်ပေမယ့် Drama ဘက်ကိုပိုသွားတဲ့ သွေးစုပ်ဖုတ်ကောင်ကားဖြစ်သလို အက်ရှင်ခန်းတွေကလည်း ဗီယက်နမ်ရုပ်ရှင်ကားတစ်ကား အတွက် အတော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်။ ရုပ်ရှင်အစမှာနတ်အပါအဝင် သွေးစုပ်ဖုတ်ကောင်တစ်စုဟာ တစ်နေ့မှာနေရောင်အောက်ကိုပြန်သွားနိုင်ရမယ်ဆိုတဲ့ အိပ်မက်နဲ့ တိရစ္ဆာန်သွေးကိုသာသောက်သုံးရင်း ရွာငယ်လေး တစ်ခုမှာ ပုန်းအောင်းနေထိုင်လျက်ရှိတာကိုပြသထားပါတယ်။ ဒါပေမဲ့ နတ်ဆီကို တစ်ချိန်ကပျောက်သွားခဲ့တဲ့အစ်ကိုဖြစ်သူ သန်ပြန်လည်ရောက်ရှိလာပြီး ညီဖြစ်သူနတ်ကို သူကျက်စား နေထိုင်ရာလူတွေကြားထဲခေါ်ဆောင်သွားခဲ့ပါတယ်။ နတ်နဲ့ သန်တို့ညီအစ်ကိုဟာ တစ်ဦးကိုတစ်ဦးသိပ်ချစ်ကြပြီး နတ်ကလည်း အစ်ကိုပြောသမျှကို ယုံစားခဲ့ပါတယ်။ နတ်မသိတာက တကယ်တော့သန်ဟာ လူတွေကိုသတ်ဖြတ်ပြီး လူတွေရဲ့သွေးကိုသောက်သုံးပြီးတာနဲ့ အလောင်းတွေကို ဖျောက်ဖျက်နေတဲ့လူသတ်သမားတစ်ယောက်ဆိုတာပါပဲ။ ဒါပေမဲ့ တစ်ရက်မှာတော့ အရမ်းချစ်ကြတဲ့သွေးစုတ် ဖုတ်ကောင်ညီအစ်ကိုနှစ်ဦးရဲ့ကြားကို ဟာဆိုတဲ့လူသား ကောင်မလေးတစ်ယောက်ဝင်ရောက်လာချိန်မှာ ညီအစ်ကိုနှစ်ယောက်ကြားကအားပြိုင်မှုတွေနဲ့ ချစ်ခြင်း မေတ္တာတွေကို ရုပ်ရှင်နဲ့အတူလိုက်ပါစီးမျောရင်း ခံစား ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.36GB / 978MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULy

Romance • Family • Comedy
6 2023
Nguoi Mat Troi Daydreamers
Six Days Seven Nights 6 days , 7 Nights
5.9

Six Days, Seven Nights (1998) ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။ မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။

Thriller • Mystery
5.9 1998 102 mins
Six Days Seven Nights 6 days , 7 Nights
Successor
6.9

Successor (2024) IMDb Rating (6.9) / Rotten Tomatoes (82%) ရုံတင်တုန်းက Box Office မှာ $ 470 million ကျော် ရရှိပြီး နာမည်ကြီးလူကြိုက်များနေတဲ့ တရုတ်ဟာသဒရမ်မာကားလေးကို 4K ထိ တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်လေးလဲ တကယ်ကိုထူးခြားဆန်းသစ်နဲ့ ဇာတ်အိမ်နဲ့ပါ… တစ်ချိန်က ချို့တဲ့တဲ့မိသားစု အသိုင်းအဝိုင်းကြားမှာ မာနကို ချိုးနှိမ် ဒုက္ခကို အံခဲပြီး တစ်ကိုယ်တည်း ကြိုးစားရုန်းကန်ရင်း ချမ်းသာလာတဲ့သူဌေးကြီးတယောက်ဟာ သူ့သားလေးကို…ရွှေဇွန်းကိုက်ပြီး ရွှေလင်ဗန်းနဲ့ အချင်းဆေးတဲ့ဘဝမျိုးမှာထားနိုင်ပေမယ့် ဒီလိုထားလိုက်ရင် ကြိုးစားလိုစိတ်…. ဖြစ်ထွန်းလိုစိတ် မရှိတော့ဘဲ ဘဝကို အပေါ်ယံရှုမြင်ပြီး ပျော်ပါးပျက်စီးမှာစိုးလို့… ဆင်းရဲဒဏ်ထဲ ကြီးပြင်းစေမယ့် မဟာ စီမံကိန်းကြီးကို ရေးဆွဲပါတော့တယ်… ဒါကတော့ သူငယ်ငယ်က နေခဲ့တဲ့ အိမ်စုတ်လေးမှာ မိသားစုလိုက်သွားနေကြပြီး သူ့သားအထင်မှာ ဆင်းရဲအောင် ဟန်ဆောင်ကြပါတယ်။ သူ့သားကို ဆင်းရဲတဲ့ဒဏ်… မျက်နှာငယ်ရတဲ့ဘဝ… မာနကို ခဝါချပြီး ဘဝရဲ့ လောကဓံကို ရင်ဆိုင်စေဖို့ အမျိုးမျိုး ဇာတ်ညွှန်းတွေရေးပြီး ပျိုးထောင်ပေးတော့တာပေါ့…. ဒါပေမယ့် သူ့သားကရော ဆင်းရဲသားတယောက်အဖြစ်နဲ့ ကြိုးစားပါ့မလား သူ့အဖေအမေက လိမ်ညာထားတဲ့ ဘဝအခြေအနေမှန်ကိုရော သိသွားမလား တကယ်ရော သူ့ဘဝအစစ်အမှန်ကို ရင်ဆိုင်ရဲပါ့မလားဆိုတာ…….။ မိဘတိုင်းက သားသမီးကို ကောင်းပေ့ တော်ပေ့… ဆိုတဲ့ ပြီးပြည့်စုံမှုပေတံတွေနဲ့တိုင်းပြီး ဖြစ်ထွန်းစေချင်ကြတယ်… ဒီလို ကောင်းစေချင်လို့ဆိုတဲ့ စကားနဲ့ ကလေးတွေရဲ့ စိတ်ကို ပြန်ပေးဆွဲကြလေ့ရှိတယ်… ဒါပေမယ့်လည်း ဒါက တကယ်ပဲ ကလေးတွေအတွက် ကောင်းရဲ့လား…. သားသမီးတွေဆန္ဒကရော အရေးမပါတော့ဘူးလားဆိုတဲ့ ဖော်ကျူးမှုလေးတွေနဲ့ ဒီရုပ်ရှင်ကားလေးက မိသားစုလိုက်အေးအေးဆေးဆေးကြည့်ရှုကြရမယ့် ဟာသဒရမ်မာရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။

6.9 2024
Successor
Husband, Father, Killer: The Alyssa Pladl Story
6.7

ခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန် Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… Alyssa Pladl ဟာ Steven Pladl နဲ့ ငယ်ချစ်တွေဖြစ်ပြီး အသက် ၁၅ နှစ် အရွယ်မှာပဲ မိဘတွေသဘောမတူတဲ့ကြားက ခိုးရာလိုက်ပြေးကာ လက်ထပ်ပေါင်းသင်း နေထိုင်ခဲ့ပါတယ် လက်ထပ်ပြီးမကြာမီမှာပဲ Alyssa တစ်ယောက်ကိုယ်ဝန်ရှိကာ သမီးလေးတစ်ယောက်ထွန်းကားပြီး နောက်မှာတော့ သိပ်ချစ်တတ်လွန်းသူ ကြင်နာယုယတတ်သူ Steven Pladl ရဲ့ အလုပ်အကိုင်မည်မည်ရရမလုပ်ချင်ဘဲ မိသားစု အပေါ်အကြမ်းဖက်တတ်တဲ့စရိုက်မှန်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပါတော့တယ်… ထိုသို့အကြမ်းဖက်တတ်တဲ့ စရိုက်တွေကြောင့် လူမမယ်သမီးလေး ထိခိုက်နာကျင်ရမယ့်အရေးကို ကာကွယ်ဖို့အတွက် Alyssa တစ်ယောက်ဟာ သမီးလေးကို ရင်နာနာနဲ့ပဲ အခြားမိသားစုထံပေးကာ မွေးစားစေဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါတယ်.. သို့သော်လည်း အသက်ငယ်လွန်းသေးသူ Alyssa ဟာ Steven ရဲ့ လက်က မလွတ်နိုင်ဘဲ ငြီးငွေ့စိတ်ကုန်ဖွယ်အိမ်ထောင်ရေးမှာ နောက်ထပ်သမီးလေး နှစ်ယောက် ထွန်းကားတဲ့အထိ နေထိုင်နေရင်း သမီးလေးတွေမျက်နှာကို ထောက်ကာ ယောက်ျားဖြစ်သူကို ကွာရှင်းဖို့တွန့်ဆုတ်တွန့်ဆုတ် ဖြစ်ခဲ့ရပါတယ်… ထိုသို့နှင့် အိမ်ထောင်သက် ၁၇ နှစ်ကျော်လောက်မှာတော့ တခြားမိသားစုဆီ မွေးစားဖို့ပေးလိုက်ရတဲ့ သမီးလေး Katie တစ်ယောက် Alyssa တို့မိသားစုဆီ အလည်ပြန်ရောက်လာတဲ့ရက်အတွင်း ဖခင်ရင်းဖြစ်သူ Steven ရဲ့ ညှို့ဓာတ်တွေ ကြားရောက်ကာ ချစ်မိသွားပြီး သမီးရည်းစားတွေဖြစ် ကိုယ်ဝန်ရှိသွားတဲ့ နောက်မှာတော့… ဒီရုပ်ရှင်ကားလေးမှာဆိုရင် ၂၀၁၈ ခုနှစ်က နယူးယော့ခ်မှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ၃ လောင်းပြိုင်လူသတ်မှုဖြစ်စဉ်ကို အခြေခံကာ ပြန်လည် ရိုက်ကူးထားပြီး သမီးဖြစ်သူနဲ့လင်ဖြစ်သူရဲ့ ရင်နာစရာအဖြစ်ကို မိခင်ဖြစ်သူ Alyssa ဘက်ကနေ ဂရုဏာသက်ဖွယ် မွန်းကြပ်ဖွယ် ခံပြင်းဖွယ်တင်ပြထားပါတယ် ထိုကဲ့သို့ စိတ်နှလုံးကိုထိခိုက်စရာရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ အနုပညာမြောက် ဖြစ်ရပ်မှန်ရုပ်ရှင်ကားလေးတစ်ကားကို ရုပ်ရှင်ချစ်သူ CM ပရိသတ်များအနေနှင့် မကြည့်လိုက်ရ မရှိရလေအောင် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ… File size… (1.36GB) / (677MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Thriller • Drama
6.7 2024
Husband, Father, Killer: The Alyssa Pladl Story