YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

South Wind Knows E31 720p WEB-DL CM.mp4

330.86 MB N/A video/mp4 75 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Angels and Insects
6.5

IMDb - 6.8/10 ဒီဇာတ်ကားက Don't look up, Ready Player One , The BFG, Bridge of Spines, Bones and All အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေမှာ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ မင်းသားကြီး Mark Rylanceက ဦးဆောင်ပြီးတခြားသော Cast ၈၃ယောက်နဲ့အတူ ဒီဇာတ်ကားကို ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ တောထဲမှာ အင်းဆက်တွေကို လေ့လာပြီး သုတေသနပြုလုပ်တဲ့ ပညာရှင်မစ္စတာအမ်ဒမ်ဆမ်က သင်္ဘောမြှပ်ပြီး ယူဂျီနီးယားရဲ့ အိမ်မှာ မှီခိုနေထိုင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်အိမ်ထဲမှာ နေထိုင်ရင်း အချိန်တစ်ခုကြာလာတော့ ယူဂျီနီးယားလေးနဲ့ ယူဖြစ်သွားပါလေရော။ ယူဂျီနီးယားနဲ့ အမ်ဒမ်ဆမ်နဲ့ယူတာကို ယူဂျီးနီးယားရဲ့ အကိုအက်ဂါကတော့ သိပ်သဘောမကျပါဘူး။ သဘောမကျတဲ့အပြင်ကိုမှာမှ နှိမ်ပါ နှိမ်နေသေးတာပါ။ မစ္စတာအမ်ဒမ်ဆမ်တစ်ယောက် အက်ဂါ နှိမ်နေတာကို မခံနိုင်တဲ့အဆုံး ကိုယ့်ဝမ်းစားရှာဖို့ သုတေသနစာအုပ် တစ်အုပ်ရေးပါတော့တယ်။ မစ္စတာအမ်ဒမ်ဆမ် သူရေးတဲ့စာအုပ်ကို အဆုံးသတ်နိုင်ပါ့မလား၊ ဘယ်လိုတွေများရေးသွားမလဲ၊ စာအုပ်ရေးပြီးသွားတဲ့နောက်မှာ ယူဂျီနီးယားနဲ့ အင်္ဂလိပ် လူချမ်းသာတွေရဲ့ဘဝမှာ လျှို့ဝှက်ချက်တွေက ဘာများရှိမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒိုင်ယာလော့တွေလည်း အတော်လေး လေးနက်ပြီး Dramaဆန်ဆန်လေးဖြစ်တော့ ရုပ်ရှင်က ကောင်းပြီးရင် ကောင်းပေါ့ဗျာ။ ကဲ စကားတွေ ဖောင်ဖွဲ့မနေတော့ဘဲ ရုပ်ရှင်လေးကို ကြည့်ရှု့ခံစားလိုက်ရအောင်ဗျာ။ ( တချို့အပိုင်းတွေက ပွင့်ပွင့်လင်းလင်း ရိုက်ပြထားတာတွေမို့ မိသားစု/၁၈နှစ်မပြည့်သေးသူများနဲ့ အတူကြည့်ရန် မသင့်တော်ပါ ) File size…(684 Mb) Quality…. 480p Format…mp4 Duration….01:52:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama • Thriller
6.5 1995 118 mins
Angels and Insects
The Loved Ones
6.7

အထက်တန်းကျောင်းသား ဘရန့်ဟာ ကားမတော်တဆမှုတစ်ခုမှာ သူ့အဖေကို ဆုံးရှုံးပြီးကတည်းက စိတ်ဒဏ်ရာနဲ့ ဘဝကို ပစ်စလက်ခတ် ဖြတ်သန်းနေတဲ့ သူပါ။သူ့အဖေဟာ သူ့ကြောင့်သေရတာဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်တဲ့စိတ်နဲ့ ဆေးခြောက်တွေချတဲ့အပြင် ကိုယ့်ကိုကိုယ်လည်း ဘလိပ်ဓားနဲ့ မွှန်းတတ်ပါသေးတယ်။ တစ်နေ့မှာတော့ လူတစ်ယောက်က သူ့ကိုမေ့ဆေးအုပ်ပြီး ပြန်ပေး ဆွဲသွားပါတယ်။ဘရန့်နိုးလာတဲ့ အချိန်မှာတော့ သူဟာ သူ့အတန်းထဲက ကောင်မလေး လိုလာ တို့အိမ်မှာရောက်နေတာကို တွေ့လိုက်ရပါတယ်။ လိုလာဟာ ဘရန့်ကို ကြိုက်နေသူဖြစ်ပြီး ဘရန့်ကိုလည်း ကျောင်းကပွဲကို သူနဲ့ အတူသွားမလားလို့ မေးခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ဘရန့်ကတော့ ငြင်းလိုက်ပါတယ်။ သူငြင်းလိုက်တဲ့ လိုလာနဲ့ သူ့အဖေဟာ စိတ္တဇ လူသတ်သမားတွေဖြစ်ကြပြီး လူတွေကို ရက်ရက်စက်စက်အမဲဖြတ်ရတာကို ပျော်ရွှင်တဲ့လူတွေဖြစ်ကြောင်း ဘရန့်သိလိုက်ရတဲ့ အချိန်မှာတော့ သူဟာ သူတို့သားအဖရဲ့ အကျဉ်းသားဖြစ်နေပါပြီ။ ဘရန့်တစ်ယောက် စိတ္တဇသားအဖနှစ်ယောက်ရဲ့ လက်ကနေ လွတ်မြောက် နိုင်ပါ့မလား ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာ အသည်းတယားယားနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Horror/Thriller အမျိုးအစားဖြစ်ပြီး သွေးသံတရဲရဲနဲ့ စိတ်ညစ်ညူးဖွယ် အခန်းတွေများတာကြောင့် စိတ်ကျန်းမာရေးမကောင်းသူ၊နှလုံးရောဂါ အခံရှိသူတွေတော့ သတိထားကြည့်သင့်ပါတယ် ခင်ဗျ။ (ဘာသာပြန်နှင့်အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.16GB / 484MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 24m Genre ..... Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Comedy • Horror
6.7 2009 84 mins
The Loved Ones
[18+] Pink Curtain
5.3

အသစ်အဆန်း​တွေကြား ငြီး​ငွေ့လာပြီဆို old but gold​လေး​တွေဖက် ခဏပြန်လည် ခံစားကြည့်ကြရ​အောင်ပါ။ 18+ ဆို​ပေမယ့် အ​ကြောင်းရင်းမရှိ စားမယ် ​သောက်မယ် ဆိုတာကြီးမဟုတ်ဘဲ သူ့ဇာတ်လမ်း သူ့ဇာတ်ရှိန်​လေးနဲ့ သွားထားတဲ့ ကား​လေးမို့ ကြည့်ရတာ ​တော်​တော်မိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်း - အိုကူယာမာ ဆိုတဲ့ မအူမလည် စူပါမားကတ်ဝန်ထမ်း​​​ ကောင်လေးဟာ ဘယ်အမျိုးသမီးနဲ့မှ ထိ​တွေ့ဆက်ဆံဖူးခြင်း မရှိပဲ လူ့​လောကကြီးကို ရှူးလာ​ပေါက်ရုံသက်သက် ​ရောက်လာသလို ဖြစ်​နေခဲ့တာ​ပေါ့။ ဒါ​ပေမယ့် တစ်​နေ့မှာ​တော့ သူ​နေတဲ့ အခန်းကျဥ်း​လေးကို ​ကွဲကွာ​နေတာ ကြာပြီဖြစ်တဲ့ သူ့ရဲ့ အစ်မ နိူရီကို ပြန်​ရောက်လာရာက​နေ မနူးမနပ် ​ကောင်​လေး အိုကူယာမာတစ်​ယောက် သူ့အစ်မရဲ့ ပွင့်လင်းလွန်းလှတဲ့ အ​ပြောအဆို အ​နေထိုင်​တွေ​ကြောင့် မလူးသာမလွန့်သာ အ​ခြေ​နေ​တွေအကြားမှာ သူ့ရဲ့ ပြင်းထန်လှတဲ့ နှစ်ချို့ အာသီသ​တွေကို ချုပ်တည်းရင်း ဘယ်လိုဆက်လက် နှစ်ပါးသွားကြမလဲ ဆိုတာကို​တော့ သဲတထိတ်ထိတ် ရင်တဖိုဖိုနဲ့ သဲထိတ်ရင်ဖို ဇာတ်ကားတစ်ကားကြည့်ရသလို ဆက်ကြည့်ရမှာပါ။ ဇာတ်လမ်းအကျဥ်းလဲ ​ပြောပြီးပြီဆို​တော့ ဇာက်ကားကြည့်ဖို့ ပြင်ဆင်စရာရှိတာ​တွေ ပြင်ဆင်ပြီး ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ​တော့ခင်ဗျား။ Translated by : Akinno Encoded by : X Code

Action • Adventure • Fantasy
5.3 1982 70 mins
[18+] Pink Curtain
Clash of the Titans
5.9

မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ... ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။ Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Drama • Romance • Thriller
5.9 2010 106 mins
Clash of the Titans
London Has Fallen
6.2

၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့...... လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (5.9/10) ရရှိထားတဲ့ Action, Thriller ဇာတ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားကို Carey Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။) Olympus Has Fallen (2013) ကြည့်ရှုရန် နှိပ်ပါ Angel Has Fallen (2019) ကြည့်ရှုရန် နှိပ်ပါ File size…(905 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy
6.2 2016 99 mins
London Has Fallen
Taurus
4.8

Taurus (2022) =========== ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေအတွက် Drama/musical အမျိုးအစားဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Taurus ကိုတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ entertainment industry တွေရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေ dark side တွေအားလုံး ကို ထိထိမိမိ ချပြထားပါတယ်။ ဇာတ်လမ်းကိုတော့ ဆေးစွဲနေတဲ့ နာမည်ကျော် အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ကိုးလ်ရဲ့ သနားစရာကောင်းပြီး အရှုံးသမားပုံစံပေါက်နေတဲ့ ဘဝ အကြောင်းနဲ့ အစချီထားပါတယ်။ ဆေးစွဲနေပေမဲ့လည်း ဘဝကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းချင်တဲ့ ကိုးလ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ၊ သူ့ဘဝ ထဲကိုရောက်လာတဲ့သူတွေ၊ သူထိန်းသိမ်းရမဲ့ နာမည်ကျော်တစ်ယောက်ရဲ့ ပုံရိပ် အစရှိတာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။ ကိုးလ်ရဲ့ ရင်နာဖွယ် ဘဝအကြောင်းကို သူဖန်တီးနေတဲ့ ဂီတလေးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့အပြင်၊ နာမည်ကျော် celebrity တွေခံစားရလေ့ရှိတဲ့ ခံစားချက်တွေကို ထိထိမိမိဖော်ပြရင်း ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်မြင့်နဲ့ အဆုံးသတ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ ကိုးလ်တစ်ယောက် ဘဝရဲ့ ဖိအားတွေကို ဖိနှိပ်ရင်း သူဆက်ပြီးဖန်တီးဖို့လိုတဲ့ ဂီတတွေကို ဘယ်လို ဖန်တီးသွားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.32 GB) / (506 MB) / (286 MB) Quality…………WEB-RIP 1080p / 720p / 360p Duration………1Hr 38Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Music Translator…….June Encoder……….SWM

Action • Drama • History
4.8 2022 98 mins
Taurus
Outpost

စိတ္တဇ Horror ဇာတ်လမ်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb Rating 4.8 ပဲရရှိထားပေမဲ့ အေးအေးဆေးဆေးစိတ်လှုပ်ရှားပြီးကြည့်လို့ရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိုက်ခ်ဆိုတဲ့သူ့ယောက်ျားရဲ့ရိုက်နှက်နှိပ်စက်မှုတွေကို အမြဲတမ်း ခံစားနေရပြီး မခံနိုင်တဲ့အဆုံးမှာတော့ သူ့သူငယ်ချင်းနစ်ကီကို အကူအညီတောင်းခဲ့ပါတယ်။ဒီလိုနဲ့ နစ်ကီကသူနဲ့စကားမပြောတာကြာနေပြီ ဖြစ်တဲ့ သူ့အစ်ကိုအားလ်ဆီကို သူငယ်ချင်းဖြစ်သူအတွက်ဆက်သွယ်ပေးခဲ့ပြီးတော့ တောင်ပေါ်မှာအလုပ်တစ်ခုပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။အားလ်က သစ်တောစောင့်ရှောက်ရေး ဌာနမှာအလုပ်လုပ်နေတာဖြစ်ပြီး သူတို့ဆီက ဟိုးအမြင့် တစ်နေရာက ကင်းစင်မှာမီးဘေးစောင့်ကြည့်ဖို့ မျှော်စင်တစ်ခုမှာကင်းသမားလိုနေတာပါ။ အဲ့ဒါကြောင့်ပဲ ကိတ်လည်းသူ့ယောက်ျားနဲ့ဝေးရာမှာနေဖို့အတွက် အဲ့ဒီမျှော်စင်မှာ ကင်းစောင့်ဖို့ တာဝန်ယူခဲ့ပါတော့တယ်။စစချင်းမှာ စိတ်ဂယောင်ချောက်ခြားမှုတွေ များစွာခံစားခဲ့ရပြီးနောက်မှာ တဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့ပါတော့တယ်။ ဒါပေမယ့် သူနေထိုင်တဲ့မျှော်စင်နဲ့ အနီးအနားမှာရှိတဲ့ ရက်ဂျီဆိုတဲ့လူတစ်ယောက်နဲ့ သွားပတ်သတ်မိတဲ့အခါမှာ ဖြစ်ရပ်ဆိုးတွေရင်ဆိုင်လာရပါတော့တယ်။ အဲ့ဒီဖြစ်ရပ်ဆိုးတွေကဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဝင်ရောက်ခံစား ကြည့်ရှုကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.89GB / 763MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2022 84 mins
Outpost
Room No.7
5.8

Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ဘာတွေဆက်ဖြစ်ကြဦးမလဲ။ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Shin Ha Kyun နဲ့ EXO ရဲ့ treasure လေး D.O. တို့ကအဓိကပါဝင်ထားသလို thriller ရုပ်ရှင်ကြိုက်တဲ့သူတွေအဖို့ ကြည့်လို့ကောင်းတဲ့ကားဟောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime, Thriller Quality…. 1080p | 720p File size… 1.4GB | 564MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

5.8 2017 100 mins
Room No.7
As Verdades
6

ဒီရုပ်ရှင်ဟာ ဂျပန်စာရေးဆရာ Ryūnosuke Akutagawa ရဲ့ ၀တ္ထုတိုတပုဒ်ဖြစ်တဲ့ In A Grove ကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ပေါ်တူဂီရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဘရာဇီးက မြို့လေးတမြို့မှာဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့လေးဟာ ပင်လယ်ကမ်းစပ်နဲ့နီးတယ် သေးငယ်တယ် တိတ်ဆိတ်ငြိမ်သက်တယ်။ မြို့ခံမဟုတ်ဘဲ ခဏတဖြုတ်လာလည်တဲ့သူတွေကတော့ ဒီမြို့လေးကို ကောင်းကင်ဘုံလေးအဖြစ် တင်စားကြတယ်။ ဒါပေမဲ့ ဒီမြို့မှာမွေး ဒီမြို့မှာကြီးပြင်းခဲ့ကြတဲ့ မြို့ခံတွေအတွက်တော့ ဒီမြို့လေးဟာ ငရဲပြည်သာသာပါ။ ဂျိုဆူအဲဟာ ၂နှစ်အကြာမှာ ရဲချုပ်အဖြစ်တာ၀န်ကျတဲ့ ဒီမြို့ငယ်လေးကိုပြန်ရောက်လာတယ်။ ဂျိုဆူအဲမှာ တချိန်ကချစ်ကြိုက်ခဲ့ဖူးတဲ့ ဖရန်စစ်စကာလို့အမည်ရတဲ့ မိန်းကလေးတဦးရှိခဲ့ဖူးတယ်။ ဖရန်စစ်စကာဟာ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မြင်သူတကာငေးရတဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတဦးဖြစ်တယ်။ ဒါပေမဲ့ သူမဟာ အထီးကျန်ရတာကိုမုန်းတယ် ကြောက်တယ်။ ဂျိုဆူအဲပြန်ရောက်လာတဲ့အချိန်မှာ မြို့ငယ်လေးဟာ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘဲ ဆက်လက်ငြိမ်သက်နေပေမဲ့ သူချစ်ခဲ့ဖူးတဲ့မိန်းကလေးဖြစ်တဲ့ ဖရန်စစ်စကာကတော့ မြို့တော်၀န်အဖြစ်‌၀င်ရောက်ရွေးချယ်ခံဖို့ရှိနေတဲ့ မြို့တော်၀န်လောင်း ဗယ်လ်မီနဲ့ လက်‌ထပ်တော့မှာပါ။ တရက်မှာ ဂျိုဆူအဲရဲ့ရဲစခန်းဆီကို သတင်းတခုပို့လာပါတယ်။ ဒီသတင်းကတော့ မြို့တော်၀န်လောင်းဖြစ်တဲ့ဗယ်လ်မီတယောက် မြို့ပြင်က မြေရိုင်းမှာ ကားကြိတ်ခံထားရတယ်ဆိုတာပါ။ ဒီလိုနဲ့ ဂျိုဆူအဲဟာ ဗယ်လ်မီတိုက်ခိုက်ခံရတဲ့ ရာဇ၀တ်မှုကိုလိုက်လံစုံစမ်းရင်းကနေ ဗယ်လ်မီရဲ့ ဇနီးလောင်း ဖရန်စစ်စကာ၊ ဗယ်လ်မီကိုလုပ်ကြံခဲ့တယ်လို့ သံသယရှိတဲ့ စီဆီရိုနဲ့ နစ်နာသူ ဗယ်လ်မီတို့ဆီကနေ မတူညီတဲ့ထွက်ဆိုမှုတွေ ဇာတ်လမ်းတွေကို ကြားလာရပါတယ်။ ဒီလူတွေရဲ့နှုတ်ကထွက်တဲ့ ဇာတ်လမ်းတွေထဲမှာမှ ဘယ်ဇာတ်လမ်းကအမှန်ဖြစ်မလဲ ဗယ်လ်မီကိုလုပ်ကြံခဲ့တဲ့သူက စီဆီယိုလား ဖရန်စစ်စကာလား ဒါမှမဟုတ် ဘယ်သူများလဲဆိုတာကို ထိခိုက်ပြတ်ရှဖွယ်ကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အမှုအခင်း ဒရုမာ ထိတ်လန့်စရာတွေကို အချိုးညီညီပေါင်းစပ်ပြီး ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတာကြောင့် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.54 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama
6 2022
As Verdades
Alone With Her Dreams
7.3

IMDb 7.3 အထိရရှိထားတဲ့ အီတလီ Coming of age/Drama အမျိုးအစားရုပ်ရှင်လေး။ ဒီရုပ်ရှင်ထဲမှာ ပျော်စရာတော့ များများစားစားမပါဘူး။ စ လယ် ဆုံး ကို ရင်ထဲမွန်းကြပ် ဆို့နင့်စရာတွေနဲ့ အပြည့်ဖြည့်ပြီး ဒရာမာပီသအောင် လှလှပပကို ပုံဖော်ထားတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်လိုက်က လူစီယာလို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မ‌‌လေး။ အချိန်ကာလအားဖြင့် ၁၉၆၀ ခုနစ်‌ ကျော်။ လူစီယာတို့မိသားစုဟာ ပင်လယ်ပြင်ပတ်လည်ဝိုင်းနေတဲ့ အီတလီကျွန်းရွာလေးတစ်ခုပေါ်မှာ နေထိုင်ကြတယ်။ ရွာငယ်လေးမှာက စီးပွားရေး မကောင်းတာကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပြင်သစ်မှာ ပြောင်းရွှေ့‌ အခြေချနေထိုင်ပြီး အလုပ်သွားလုပ်ကြတဲ့သူတွေများတယ်။ ဒီလူတွေထဲမှာ လူစီယာရဲ့ အဖေနဲ့အမေဖြစ်သူကလည်း အပါအ၀င်ဖြစ်လာခဲ့တယ်။ ကံဆိုးရှာတဲ့လူစီယာကတော့ ရွာမှာပဲ အဖွားဖြစ်သူနဲ့ ကျန်ရစ်ခဲ့တော့တယ်။ လူစီယာရဲ့အဖွားဖြစ်သူဟာ သိပ်ကိုရှေးရိုးစွဲပြီး တင်းကြပ်တဲ့အမျိုးသမီးကြီး။ အဖွားဖြစ်သူဟာ ရွာထဲမှာ အကြီးအကဲတစ်ယောက်လို ကြောက်ရွံ့လေးစားခြင်းကို ခံရတဲ့သူ။ ချစ်ခြင်းမေတ္တာကို သိပ်မဖော်ပြတတ်ဘူး။ လူစီယာဟာ အဖွားဖြစ်သူရဲ့“ဒီဟာမလုပ်နဲ့၊ ဟိုနားမသွားနဲ့၊ ဟိုလူနဲ့မပေါင်းနဲ့” စတဲ့ အမိန့်စကားတွေကို မြေ၀ယ်မကျ နားထောင်ရတယ်။ ရပ်ဝေးမြေခြားကို ထွက်ခွာသွားတဲ့ မိဘနှစ်ပါးရဲ့ ချန်ရစ်မှုကိုခံခဲ့ရရှာသူ လူစီယာရဲ့ မျက်စိထဲမှာတော့ အဖွားဖြစ်သူဟာ သူ့ကိုဘယ်တော့မှ ကြင်ကြင်နာနာမဆက်ဆံတဲ့ မိန်းမကြမ်းကြီးတစ်ဦးထက် မပိုခဲ့ဘူး။ လူစီယာဟာ အမြဲခက်ထန်ကြမ်းတမ်းနေတဲ့ အဖွားဖြစ်သူကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါ လူစီယာတစ်‌ယောက် သူမသိသေးတဲ့ အခြားတစ်ဖက်ခြမ်းက အမှန်တရားတွေကို ဖြည်းဖြည်းချင်းသိလာရတဲ့အခါမှာတော့ ဒီအမှန်တရားတွေကိုလက်ခံပြီး ရှေ့ဆက်ဖို့ရာ အင်အားတို့ကို မွေးရပြန်ရှာတော့တယ်။ ဒီရုပ်ရှင်က ဟော်လီးဝုဒ်ရုပ်ရှင်တွေထဲကလို ကြည့်ရှုသူကို စကားပြောခန်းတွေ တပုံတပင်နဲ့ချဉ်းကပ်မယ့်အစား မျက်နှာပေါ်ကခံစားချက်တွေ၊ ပင်လယ်ထဲကရွာငယ်လေးရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ၊ အဆုံးမရှိတဲ့ အပြာရောင်ပင်လယ်ကြီးနဲ့ ငြီးငွေ့ဖွယ်ရာ ကောင်းကင်ပြာကြီးတွေနဲ့ ကြည့်ရှုသူရဲ့ခံစားချက်တွေကို လှုပ်ကိုင်လိမ့်မယ်။ ရွာငယ်‌‌လေးထဲက လူစီယာတို့ရဲ့ ဆွေ‌မျိုးတွေ၊ အထူးသဖြင့်အမျိုးသမီးဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေနဲ့လည်း ဆက်စပ်ထားတယ်။ အဆုံးသတ်ရမယ်ဆိုရင် ဒီဇာတ်ကားဟာ စိတ်ညစ်ညူးစရာကောင်းပေမဲ့ တစ်ဖက်မှာလည်း တော်တော်လေး လှပနေပြန်တယ်။ ဒါရိုက်တာက လေးနက်တဲ့ ဒိုင်ယာလော့တွေ၊ အဝါ လိမ္မော် စတဲ့ အပူဖက်သန်းတဲ့ အရောင်တွေများတဲ့ စီနီမက်တစ်ရိုက်ချက်တွေ၊ စိတ်ထိခိုက်စရာ နောက်ခံတေးတွေနဲ့အတူ ကြည့်ရှုသူရဲ့ရင်ထဲကိုထိအောင် လှလှပပ သေသေသပ်သပ်ဖန်တီးထားတဲ့ ဒရာမာရုပ်ရှင်စစ်စစ်ဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုကြည့်ဖို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… (Nudity အနည်းငယ်ပါရှိတာကို သတိပြုပေးပါ) File size…(780 Mb) Quality….Webrip 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Steven

7.3 2019 95 mins
Alone With Her Dreams
Arnold Is a Model Student
6.5

Arnold is a Model Student ( 2023 ) Arnold is a Model Student ဟာ မျက်မှောင်ခေတ် ထိုင်းမှာကြုံနေရတဲ့ ပြဿနာတွေကို တင်ပြထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပြီး Sorayos Prapapanက ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ မျက်မှောက်ခေတ်ထိုင်းကျောင်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြပြီး ထိုင်းပညာရေးရဲ့ ဦးတည်ချက်ကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပါပဲ။ Prapapan ဟာ ဒီရုပ်ရှင်ကို ထိုင်းမှာ ၂၀၂၀ တုန်းက ဖြစ်ခဲ့တဲ့ bad student movement နဲ့ အဲဒီဆန္ဒပြမှုတုန်းကသုံးခဲ့တဲ့ ကျောင်းသားလက်စွဲစာအုပ်ကို အခြေခံပြီး ရိုက်ထားတာပါ။ ဒီရုပ်ရှင်ရဲ့အခန်းတွေကိုလည်း အဲဒီလက်စွဲစာအုပ်က အခန်းတွေနဲ့ပဲ ခွဲထားတယ်။ Prapapanရဲ့ ကားနာမည် Arnold is a Model Student ဟာ ကားထဲက ကျောင်းသားတွေရဲ့ ဆန္ဒပြမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသလို ရုပ်ရှင်မှာလည်း ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ ဆန့်ကျင်စွာ ရပ်တည်နေတဲ့ အာနိုးဟာ အဓိကဇာတ်ကောင်ဖြစ်နေခဲ့တယ်။ သူ့ဇာတ်အိမ်ဟာ bad student movementကို အခြေတည်ထားပေမဲ့ သူ့အဓိကဇာတ်ကောင်က ဒီအရွေ့နဲ့ဆန့်ကျင်ပြီး ဒီပျက်စီးနေတဲ့ စနစ်ကြီးကနေ သူ့အခွင့်အရေး သူအရယူတဲ့သူအဖြစ်ပြပြီး ဒီနှစ်ခုကို မျဉ်းပြိုင်အနေနဲ့သုံးပြီး ထိုင်းပညာရေးစနစ်ရဲ့ လာဘ်ထိုးမှုတွေ အကျင့်ပျက်ခြစားမှုတွေ တက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်တဲ့အလိမ်အညာတွေ ဆရာဆရာမတွေရဲ့ အာဏာအလွဲသုံးစားလုပ်ခြင်းတွေကို ပြထားတယ်။ Arnold is a Model Student ဟာ မျက်မှောက်ခေတ် ထိုင်းပညာရေးက ပြဿနာတွေကို တင်ပြချင်တဲ့ ရည်ရွယ်ချက်တော့ကောင်းပေမဲ့ လုံးဝကြီး သရုပ်ပေါ်အောင်ပြနိုင်ခဲ့တဲ့ ရုပ်ရှင်တော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို ဇာတ်အိမ်တည်ထားတာဖြစ်သလို ပညာရေးစနစ်တွေနဲ့ပတ်သက်ပြီး ဒီလိုတင်ပြတဲ့ကားတွေ သိပ်မတွေ့ရတတ်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 488MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Crime • Drama
6.5 2023
Arnold Is a Model Student
The White Ribbon
7.8

ဒီကားကတော့ 2009 ခုနှစ်မှာ ရွှေကမ္ဘာလုံးဆုနဲ့ Palme d’Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင်ဆုအများကြီးရထားတဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ပထမကမ္ဘာစစ် မစခင် ဂျာမန် ရွာလေးတစ်ရွှာ မှာ ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပြီး တစ်ရွာလုံးမှာ ဟိုလူထင်ဒီလူထင်နဲ့ ရက်စက်မှုတွေသံသယဝင်မှုတွေနဲ့ ပြည့်နှက်နေပြီး လူ့သဘာဝတွေကိုဖော်ထုတ်ပြနိုင်တဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းကို ဒီထဲက ဇာတ်ကောင် ကျောင်းဆရာကာပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ လူတွေရဲ့နက်နဲရှုပ်ထွေးတဲ့ စိတ်တွေ အကြမ်းဖက်မှုတွေ အမှောင်ဘက်ခြမ်းတွေကို လူသဘာဝဆန်ဆန် မြင်တွေ့ရမှာပါ။ ဒီကားကိုတော့ ဒီ dark ဖြစ်တဲ့ feeling တွေ ညစ်ညမ်းမှူတွေကိုပေါ်လွင်အောင် Black and white နဲ့ပဲ ရိုက်ထားပါတယ်။ File size…(2.2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:24:00 Genre… Drama, Mystery, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Drama • Adventure • Fantasy
7.8 2009 144 mins
The White Ribbon
The Outrun
7

The Outrun (2024) IMDb Rating (7.0) / Rotten Tomatoes (81%) ရိုနာဟာ ပညာတတ်တစ်ယောက်ဖြစ်ပေမယ့် အရက်စွဲနေသူလဲဖြစ်ပါတယ်။ အမေဖြစ်သူက ဘာသာရေးကိုင်းရှိုင်းပေမယ့် အဖေကတော့ bipolar disorder လို့ခေါ်တဲ့ စိတ်ကျစိတ်ကြွမြန်ရောဂါသည်ပါ ။ သူမဟာ အရက်စွဲနေသလို အရက်ဖြတ်ဖို့ကြိုးစားလိုက်၊ ပြန်သောက်ဖြစ်လိုက် သံသရာလည်နေသူပါ။ ချစ်သူကလဲ အဲဒါကြောင့်ပဲ ထားသွားခဲ့ပါတယ်။ သူမရဲ့ဘဝဟာလဲ ပြဿနာပေါင်းစုံနဲ့ အမြဲပူလောင်နေရပါတယ်။ နောက်ဆုံးမှာတော့ မိတ်ဆွေကောင်းတွေရဲ့ ဖေးမမှုတွေကြောင့် သူမရဲ့ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသွားပုံကို စကော့တလန်ရဲ့ သဘာဝရှုခင်းတွေ၊ အော့ကနေးကျွန်းရဲ့ အလှတွေ၊ Random facts တွေနဲ့ ကြည့်ရှုရမှာပါ။ Hanna, Atonement, The Lovely Bones တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Saoirse Ronan က ဦးဆောင်ပါဝင်ထားပြီး သူကိုယ်တိုင်လဲ ထုတ်လုပ်သူလုပ်ခဲ့တာပါ။ သူမဟာ Telluride Film Festival နဲ့ Evolution Mallorca International Film Festival တို့မှာ ဒီကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေရခဲ့ပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TLone ဖြစ်ပါတယ်။) File size…(1.7 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:58:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TLone

7 2024 118 mins
The Outrun
Maybe Baby aka Bytte bytte baby
5.8

ဤဇာတ်ကားတွင် မိသားစုနှင့်ကြည့်ရှုရန်မသင့်သောဇာတ်ဝင်ခန်းအချို့ပါရှိပါသည်။ ဒီဇာတ်ကားလေးမှာကျွန်တော်တို့ပုံမှန်တွေ့နေရတာနဲ့ ကွဲထွက်နေတဲ့ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ ဒီဇာတ်ကားမှာပါတဲ့ ခေါင်းဆောင်မင်းသားကြီး Lars Rantheနဲ့ မင်းသမီးကြီး Mille Dinesenတို့ဟာ ဒိန်းမတ်ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာရုပ်ရှင်ဆုများပါ ခူးဆွတ်ရယူဖူးသူတွေဖြစ်ကြပါတယ်။ နာမည်ကြီးဒိန်းနစ်သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီး ဒိန်းနစ်ရုပ်ရှင်ဆုများခူးဆွတ်ထားတဲ့ ဒါရိုက်တာ Barbara Topsøe-Rothenborgရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cecilie ဟာ အသက်ကြီးကြီး၊ အရမ်းစည်းကမ်းကြီးပြီးစာအုပ်ကြီးအတိုင်းသွားတတ်တဲ့မိန်းမတစ်ယောက်ဖြစ်ပြီး ခေတ်မီဆေးပညာကို အကြွင်းမဲ့ယုံကြည်သူတစ်ဦးပါ။ တစ်ဖက်က Liv ကတော့ ခပ်ငယ်ငယ် ပြီးတော့ Cecilie နဲ့ဆန့်ကျင်ဖက်။ စာအုပ်ကြီးလမ်းစဉ်တွေ၊ ခေတ်မီဆေးပညာတွေကိုအယုံအကြည်မရှိ စိတ်ဝိညာဉ်ကျန်းမာမှ ကိုယ်ရောစိတ်ပါကျန်းမာမယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် လွတ်လပ်စွာနေထိုင်တတ်တဲ့လူမျိုး။ သူတို့နှစ်ယောက်က လမ်းချင်းတောင်တူစရာအကြောင်းမရှိလောက်အောင် မတူကွဲပြားကြတဲ့မိန်းမနှစ်ယောက်ဖြစ်ကြပေမယ့် သူတို့မှာတူညီတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်လုံးဟာကလေးလိုချင်ပေမယ့် သဘာဝအတိုင်းရနိုင်ဖို့ခက်ခဲနေကြတာပါပဲ။ သန္ဓေအောင်ဖို့ဆေးခန်းပြရင်း ဆေးခန်းရဲ့မတော်တဆတစ်ခုကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုယ်ဝန်ကိုတစ်ယောက်လွယ်ရဖို့ဖြစ်လာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားက မတူညီမှုတွေကိုဘယ်လိုညှိယူကြရမလဲ၊ ဘယ်ကလေးကိုဘယ်သူကယူကြမှာလဲ၊ ကြားထဲမှာရော ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ရယ်မောပြီးရှုစားကြရမှာပါ။ ဒီကားလေးက ဇာတ်လမ်းလှည့်ကွက်များများစားစားမပါဘဲ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ ထူးခြားတဲ့အကြောင်းအရာတစ်ခုကို ဟာသ​နှောပြီးတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေကြိုက်ကြမယ့်ကားလေးပါ။ File size…(1.7 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

Science Fiction • Horror • Comedy • Action
5.8 2023 104 mins
Maybe Baby aka Bytte bytte baby
Black Knight

Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။ လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာ အသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။ အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ ဂျမဲလ်ကတော့ ဒီကိစ္စတစ်ခုလုံးကို သရုပ်ဆောင်လေ့ကျင့်နေတယ်လို့ ထင်မှတ်ပြီးတော့ အလိုက်သင့်ပြောဆိုနေရင်းနဲ့ပဲ. အလယ်ပိုင်းခေတ်ရဲ့ နန်းလုပွဲနဲ့ တော်လှန်ရေးအရေးတော်ပုံကြားထဲကို ဘူမသိကိုးမဘိဘဲ ပဲလှော်ကြားဆားညှပ်ပါသွားပါတော့တယ်။ အလယ်ပိုင်းခေတ်ကို မတော်တဆရောက်သွားခဲ့ရတဲ့. ဗန်းစကားတွေ ကရားရေလွှတ်ပြောနေတတ်တဲ့ ဟောင်ဖွာဖွာလူမည်းတစ်ယောက် ပြဿနာတွေကို သူ့ရဲ့လက်တစ်လုံးခြားဉာဏ်၊ ဝေ့လည်ကြောင်ပတ်စကားတွေနဲ့ ဖြေရှင်းနေရပုံတွေဟာ Martin Lawrence ရဲ့ Acting နဲ့ အလိုက်ဖက်ဆုံးလို့ဆိုရပါလိမ့်မယ်။ အလယ်ပိုင်းခေတ်နဲ့ ၂၁ ရာစုရောစပ်ထားတဲ့ ဟာသဇာတ်လမ်းလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 1.5 GB, 883 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Adventure, Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Action • Horror
0 2001 95 mins
Black Knight