YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

South Wind Knows E23 1080p WEB-DL CM.mp4

607.3 MB N/A video/mp4 45 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Manchurian Candidate
6.5

နိုင်ငံရေးဆိုင်ရာလှည့်ကွက်တွေနဲ့ စိတ်ပညာလှည့်စားမှုတွေကို တွဲဖက်ဖော်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မင်းသားကြီး Denzel Washington ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး Liev Schreiber, Meryl Streep, Jon Voight နဲ့ Kimberly Elise တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗိုလ်မှူးဘန်မာကိုနဲ့ ပထမတန်းဆာဂျင်ရေမွန်ရှောတို့ဟာ ၁၉၉၁ ခုနှစ် ကန္တာရမုန်တိုင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆာဂျင်ရေမွန်ရှောဟာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရပြီး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ ဒါပေမယ့်ဘန်အပါအဝင် တိုက်ပွဲအတွင်းရှိနေခဲ့တဲ့တပ်သားတွေဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါမက်နေခဲ့ပြီး အိပ်မက်ထဲမှာအမှန်တကယ်ဘန်မာကိုကသာ ဆုတံဆိပ်ရရှိသင့်တဲ့သူဖြစ်ပြီး ရေမွန်ရသင့်တယ်လို့ထင်အောင် နည်းလမ်းတစ်ခုခုနဲ့ စိတ်ထိန်းချုပ်ထားကြောင်းတစ်ပိုင်းတစ်စမြင်နေကြပါတယ်။ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိပြီး ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံမယ့် ရေမွန်ရှောအနေနဲ့ ဆုတံဆိပ်ရအောင် ဘယ်လိုတွေလုပ်ခဲ့တာလဲ... တကယ့်တိုက်ပွဲထဲမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဘန်မာကိုအနေနဲ့စုံစမ်းကြည့်တဲ့အခါမှာတော့.. File Size :(4.8GB) and (1.2GB) Quality : BLU-RAY1080p5.1Ch, 720p Format…mp4 Duration…02:09:00 Genre : Drama, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Action • History • War
6.5 2004 129 mins
The Manchurian Candidate
Crazy Beautiful You
6.9

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဂျက်ကီဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ကတည်းက မိခင်ထားသွားတာခံခဲ့ရပြီး အဖေနဲ့အတူနေခဲ့ရတယ်။ သူ့ကို ထားသွားရပါ့မလားဆိုပြီး အမေဖြစ်သူကို နာကျည်းရင်း ဂျစ်ကန်ကန် ကောင်မလေးအဖြစ် ကြီးပြင်းလာခဲ့တာပေါ့။ တစ်နေ့ သူ အချုပ်ထဲ ခဏရောက်နေတဲ့အချိန်မှာ အမေဖြစ်သူက ရောက်လာပြီး သူ့ကို အချုပ်ထဲကထုတ်ပေးသွားတယ်။ နောက်ပြီး သူနဲ့အတူလာနေဖို့ ခေါ်သွားခဲ့တာပေါ့။ နောက်တစ်ရက် သူ့အမေဆီသွားဖို့ အစ်ကိုဖြစ်သူက လာကြိုတဲ့အချိန် ဂျက်ကီဟာ လမ်းတစ်နေရာမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ အဲဒီမှာ ကီကိုဆိုတဲ့ကောင်လေးနဲ့ စတွေ့တော့တာပါပဲ။ ကီကိုဆိုတာက မြို့တော်ဝန်ရဲ့သားဖြစ်ပြီးတော့ ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့အစည်းမှာ မြို့တော်ဝန်အစား ကူလုပ်ပေးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ မြို့တော်ဝန်ရဲ့သားဆိုပေမဲ့ တရားဝင်အသိမှတ်ပြုခံရတဲ့သူမဟုတ်ဘဲ တန်ထမ်းတစ်ယောက်လိုပဲ သဘောထားခံရသူပါ။ သူက အသက်အများကြီးငယ်တဲ့ မောင်နှမတွေနဲ့ မိသားစုအရေးဆို စိတ်မဝင်စားတဲ့ အမေဖြစ်သူကြားမှာ ခေါင်းခံတာဝန်ယူနေရတဲ့ ကောင်လေးဆိုလည်း မမှားပြန်ပါဘူး။ ဒါပေမဲ့ ကီကိုက အရာရာကို အကောင်းမြင်တဲ့စိတ်နဲ့ပဲ ကြည့်တတ်ပြီး အရမ်းသဘောကောင်းတဲ့သူပေါ့။ ဒီလိုမျိုး ဘဝဒဏ်ရာကိုယ်စီနဲ့ ဂျက်ကီနဲ့ ကီကိုတို့က ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့မှာ အလုပ်အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုမျိုး စိတ်သဘောထားချင်း မတူညီတဲ့နှစ်ယောက်က အလုပ်အတူ တွဲလုပ်တဲ့အခါ ဘယ်လိုမျိုးတွေ ကြုံတွေ့ကြရမလဲ၊ ဂျစ်ကန်ကန် ကောင်မလေး ဂျက်ကီကရော ဘယ်လိုပြောင်းလဲသွားမလဲ၊ နှစ်ယောက်သားကရော နီးစပ်သွားနိုင်မလား၊ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံတွေ့ကြမရမလဲဆိုတာကို Crazy Beautiful You ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Elizabeth Khant မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/81 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.8 GB)/(1.2 GB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Elizabeth Khant

Action • Crime • Thriller
6.9 2015 115 mins
Crazy Beautiful You
Aloha with Love
5.8

IMDb rating 5.9/10 ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ ဟာဝိုင်ရီကျွန်းရဲ့ အငွေ့အသက်တွေပြည့်နေတဲ့ “Aloha with love” လို့ အမည်ရတဲ့ ပေါ့ပေါ့ ပါးပါး အချစ်မိသားစုဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဘဝအတွက် မှတ်သား ဖွယ်ရာ စကားလုံးတွေ၊ အချစ်ရေးမှာ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတွေ၊ ပြဿနာတွေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် မြင်တတ်တဲ့ ရှူထောင့်မတူပုံ တွေကို ဗိသုကာပညာရှင်မလေးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ဒီဇာတ် ကားမှာ တင်ဆက်ပြသပေးထားပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ မာဝီကျွန်းသူလေး ဂျန်မာက အရည်အချင်းရှိတဲ့ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်ပြီးတော့ Los Angelesမှာ အလုပ်လုပ်နေရသူပါ။ တစ်နေ့မှာတော့ ဂျန်မာရဲ့ အချစ်ဆုံး အန်တီရဲ့ သေဆုံးမှုက ကျွန်းသူလေးကို သူ့ရဲ့ကိုယ်ပိုင်ဇာတိကို ပြန်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဈာပနပွဲလုပ်ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့အန်တီဟာ သူ့ရဲ့အမွေ အနှစ်ဖြစ်တဲ့ အိမ်လေးကို ဂျန်မာနဲ့ သူ့ညီမဆာရာအတွက် ထားပေးခဲ့ပါတယ်။ ဒါတင်မကသေးပဲ သူ့ အထက်တန်းကျောင်းတုန်းက ချစ်သူလည်းဖြစ် ကန်ထရိုက် တာလည်းဖြစ်တဲ့ ဘန် နဲ့ အတူတူမွမ်းမံပေးဖို့ သေတမ်းစာမှာ ရေးထားခဲ့တဲ့အခါ မှာတော့...ဂျန်မာတစ်ယောက် သူ့ရဲ့အလုပ်ကိုဦးစားပေးပြီး LA ကိုပြန်သွားမှာလား... ရည်းစားဟောင်းနဲ့အတူတူ အမွေအနှစ်အိမ်လေးကို ပြန်ပြုပြင်မှာလားဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလို့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.7 GB) / (769 MB) / (532 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......June Encoder..........SWM

Action • Drama • Thriller
5.8 2022 90 mins
Aloha with Love
Viceroy’s House
6.7

Viceroy’s House Partition (2017) ဒီရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံကို ဗြိတိသျှအင်ပါယာအုပ်ချုပ်မှုလက်အောက်ကနေ လွတ်မြောက်ခွင့်ပေးခဲ့တဲ့အချိန် အိန္ဒိယနဲ့ပါကစ္စတန် ၂နိုင်ငံခွဲခြားလိုက်တဲ့ချိန်ကို အခြေခံရိုက်ကူးထားပြီးတော့ ၂၀၁၇ ခုနှစ်မှာ လွတ်လပ်ရေးနေ့ နှစ်၇၀ပြည့်အထိမ်းအမှတ်အနေနဲ့ အင်္ဂလန်နိုင်ငံမှာတောင် ရုံတင်ပြသခဲ့ရတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ် အိန္ဒိယ ပါကစ္စတန် ခွဲထုတ်လိုက်ခြင်းက လူ့သမိုင်းမှာ အကြီးမားဆုံးပြောင်းရွှေ့မှုဖြစ်ပေါ်ခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပြီး လူပေါင်း ၁၄သန်းလောက် အိမ်ခြေယာမဲ့ စစ်ပြေးဒုက္ခသည်ဖြစ်စေခဲ့တဲ့အပြင် ဟိန္ဒူ မူဆလင် ဆီခ် လူမျိူး တစ်သန်းလောက်ကို သေဆုံးခဲ့တဲ့ အဖြစ်အပျက်လည်းဖြစ်ပါတယ် ဒီရုပ်ရှင်ကတော့ အဆိုပါ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူရဲ့ မြေးကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး ဇာတ်လမ်းလေးကတော့ မြန်မာပြည်ဘုရင်ခံချုပ်မောင့်ဘက်တန်က မြန်မာပြည်ကို လွတ်လပ်ရေးပေးပြီး မကြာခင် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့အတွက် အိန္ဒိယကိုစေလွှတ်ခံခဲ့ရပါတယ် အိန္ဒိယလူမျိုးတွေအကုန်တောင်းတနေတဲ့ လွတ်လပ်ရေးက လက်တစ်ကမ်းအလိုမှာရှိနေချိန် မူဆလင် ဆီခ်နဲ့ ဟိန္ဒူဘာသာဝင်တွေကြား ရန်ပွဲတွေကြီးမားလျက်ရှိနေတုန်းပါပဲ လူမျိုးအချင်းချင်း သွေးခွဲပြီး အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှလူမျိုးတွေ လွတ်လပ်ရေးပေးရတော့မဲ့အချိန် ဒီလူတွေကိုစည်းလုံးလုံးနဲ့ဖြစ်စေချင်တဲ့အခါ သူတို့လုပ်ခဲ့တဲ့ပြဿနာကို သူတို့ပြန်ရှင်းရပါတော့တယ်… ဒီလိုနဲအိန္ဒိယ ပါကစ္စတန် ဘယ်လိုကြောင့် ကွဲသွားရတာလဲ အဲဒီလိုမျိုး နယ်မြေကွဲသွားရခြင်းအကြောင်းအရင်းအစစ်အမှန်ကရော ဘာကြောင့်လဲ ဒီနိုင်ငံရေးအရှုပ်အထွေးကြားထဲမှာပဲ ဘာသာမတူတဲ့ ကောင်လေးနဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်းပါဝင်လို့နေပါသေးတယ် …. ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာ​ကြောင့် အားလုံး ကြည့်ရှုရကျိုးနပ်စေမှာ အမှန်ပါပဲ

Drama • Mystery • Sci-Fi & Fantasy
6.7 2017
Viceroy’s House
Garuda
9.2

Garuda(2022) IMDb-9.2/10 ကန်နာဒါရုပ်ရှင်မင်းသမီးချောလေးနှစ်ယောက် ဖြစ်တဲ့ Ashika Ranganath နဲ့ Aindrita Ray တို့ရဲ့ အလှကိုခံစားရင်းကြည့်ရှူရမယ့်အက်ရှင် ဇာတ်ကြမ်းလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ ဂိုအာဆိုတဲ့ကမ်းခြေမြို့လေးဟာ သာယာလှပသလောက် အကြမ်းဖက်မှုပေါင်းစုံ၊ လူသတ်မှုပေါင်းစုံ စသဖြင့် အကြမ်းဖက်သမားနဲ့ ရဲတွေလက်ဝါးချင်းရိုက်နေတဲ့ ဒုစရိုက်နေရာပါ။ အဲ့နေရာမှာ ရမ်ဆိုတာက သူ့ဘဝကိုဇာတ်မြှုပ်ပြီး ဟိုတယ်အသေးစားလေးဖွင့်ကာ လုပ်ကိုင်စားသောက်နေတဲ့သူ‌ပေါ့ တစ်နေ့မှာ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းတစ်ဖွဲ့ ဟိုတယ်စား‌သောက်ဆိုင်ထဲ၀င်ကာ စားသောက်ပြီးငွေမရှင်းဘဲ စားပွဲထိုးကိုပါ ပါးရိုက်လိုက်ပါတယ်။ သူဌေးဖြစ်တဲ့ရမ်က သူ့၀န်ထမ်းကိုစော်ကားသွားတဲ့ လုပ်ရပ်ကို သူလက်ပိုက်ကြည့်မနေနိုင်တဲ့အခါ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတော့တယ်။ ဒုစရိုက်မြို့ကြီးထဲမှာ ဒုစရိုက်သမားကို ရမ်တစ်ယောက်ဘယ်လိုဖြေရှင်းရမလဲ သူ့ရဲ့မြှုပ်ထားတဲ့ ဘဝဇာတ်ကြောင်းကရောဘာဖြစ်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။

9.2 2022 142 mins
Garuda
The Red Dress
4.7

The Red Dress (2015) =============== ဇာတ်လမ်းနာမည်အတိုင်း အနီရောင်၀တ်စုံတစ်စုံနဲ့ မီးပွားစတင်ခဲ့တဲ့ ဇာတ်လမ်းလို့ ဆိုရမယ်ထင်ပါတယ်။ Drama Thriller ဖြစ်ပြီး ကြည့် ရင်းကြည့်ရင်း ဒီလိုထင်ထားပေမဲ့ ဟိုလိုဖြစ်သွားမလား ဒီလိုဖြစ်နေမလား ဒွိဟတွေပွားရင်း အဆုံးထိဆွဲခေါ်သွားမယ့် ကားမျိုးပါ။ ပတ်ထရစ်ရှာနဲ့ရိန်နာတို့ဟာ အများအမြင်မှာ အစစအရာရာပြည့်စုံနေတဲ့ ဇနီးမောင်နှံပေါ့။ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ကလေးဆုံးသွားတာ ကစလို့ သူတို့ဘ၀ထဲ ဂြိုလ်ဆိုးကစမွှေပါတော့တယ်။ ကလေးဆုံးပြီးတဲ့ နောက်မှာ ပတ်ထရစ်ရှာတစ်ယောက် စိတ်ဓာတ်တွေအကျကြီးကျသွားခဲ့ သလို လင်မယားဆက်ဆံရေးလည်း ဝေးကွာလာခဲ့ပါတယ်။ အဲဒီဒဏ်ရာ တွေကို ကုစားဖို့အတွက် ရိန်နာနဲ့ပတ်ထရစ်ရှာဟာ လန်ဒန်မြို့ကြီးနဲ့ဝေးရာ၊ လှပတဲ့ မော်လ်တာကျွန်းဆီ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အစပိုင်းမှာ ပတ်ထရစ်ရှာတို့လင်မယား ပြန်ပြေလည်သလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်ကအရိပ်တွေ ပြန်ပေါ်လာပြီး နှစ်ဦးသားရဲ့ကြည်နူးမှုဟာ ကြာရှည်မခံလိုက်ပါဘူး။ နောက်ပိုင်းမှာ ရိန်နာ၊ ပတ်ထရစ်ရှာ၊ ရိန်နာရဲ့ အခင်ဆုံးသူငယ်ချင်းဂျိမ်းစ်နဲ့ ရုံးစာရေးမလေး ကန်းဒစ်တို့ရဲ့‌ဖောက်ပြန်ရေး ဇာတ်ထုပ်တွေ၊ သံသယ၀င်စရာမီးလောင်မှုနဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေ အားလုံး ရောသောရှုပ်ထွေးလာပါတယ်။ ဒီလိုနဲ့ အနီရောင်၀တ်စုံတစ်စုံက စတင်ပြီး ကြောက်စရာကောင်းတဲ့ စိတ်ရဲ့ဖောက်ပြန်ပြောင်းလဲမှု‌က အေးချမ်း နေတဲ့ဘ၀တွေကို ဘယ်လိုဒုက္ခပေးသွားမလဲ၊ ဇာတ်လမ်းကို ဘယ်လိုဆွဲခေါ် သွားမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.8 GB) / (720 MB) / (415 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….C’mon Encoder……….SWM

Action • Adventure • Comedy
4.7 2015 90 mins
The Red Dress
The Puppetman
5.3

The Puppetman (2023) ================= Horror ဇာတ်လမ်းလို့ပြောရမယ့် ဒီအောက်တိုဘာမှာ အသစ်ထွက် ရှိလာတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြည့် လည်းကြည့်ချင်တယ် သိပ်ကြီးလည်းမကြောက်ချင်ဘူးဆိုရင် ဒီကားကို ကြည့်ပါနော်။ ‌ကြမ်းလှတယ်မဟုတ်ပေမဲ့ တစိမ့်စိမ့်နဲ့ကြောက်ရပြီးအ တော်လေးစိတ်၀င်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ်ဆိုတဲ့ ကျောင်းသူလေးဟာ အတိတ် ဆိုးရဲ့အရိပ်က မလွတ်မြောက်နိုင်သူပါ။ သူ့ဖခင်ဟာ သူ့မိခင်ကိုသတ်တဲ့ လူသတ်သမားအဖြစ် ထောင်နန်းစံနေရပြီး သူကတော့ ငယ်ငယ်လေးနဲ့ မိဝေးဖဝေးဖြစ်ခဲ့ရသူပေါ့။ အရပ်စကားတွေအရ ဖခင်ဟာ တစ်စုံတစ်ရာရဲ့ စိတ်ထိန်းချုပ်ခိုင်းစေမှုကြောင့် လူသတ်မှုဖြစ်ခဲ့ရတယ်လိုလည်း ဆိုကြပါတယ်။ အပျိုအရွယ်‌လေးရောက်လာတဲ့ မိုက်ကယ်ဟာ တစ်ဖက်မှာ အတိတ်ဆိုးကို ရင်ဆိုင်ရင်း တစ်ဖက်မှာလည်း လူငယ်ပီပီ အပေါင်းအသင်းတွေနဲ့ပျော်နေခဲ့ ပါတယ်။ တစ်နေ့မှာတော့ အတိတ်ဆိုးကြီးက ပြန်အသက်၀င်လာပြီး သူချစ် တဲ့သူတွေအန္တရာယ်ဖြစ်စေလာတဲ့အခါ၊ သူကိုယ်တိုင်က အန္တရာယ်တစ်ခုမှန်း သိလာရတဲ့အခါ… သူဘယ်လိုရုန်းထွက်မလဲ၊ အတိတ်ရဲ့အရိပ်ဆိုးကြီးက လွတ်မြောက်နိုင်ပါ့မလား။ စိတ်ကိုထိန်းချုပ်ခိုင်းစေတတ်တဲ့ Puppetman ‌ခေါ် မကောင်းဆိုးဝါးနဲ့ လူငယ်တစ်စုရဲ့ အားပြိုင်ရင်ဆိုင်ပွဲမှာ ဘယ်သူကအနိုင်ရမလဲ ဆိုတာကို သိုလောသိုလော အဖြေရှာရင်း ဆက်ဆက် ကြည့်ရူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.0 GB) / (407 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….C’mon Encoder……….SWM

Drama
5.3 2023
The Puppetman
Pay or Die
7.4

Pay or Die (2023) “ပိုက်ဆံပေးမလား သေမလား” အဲလိုမျိုး ခက်ခဲတဲ့ ရွေးချယ်မှုလုပ်ရမယ့်အချိန်မှာဆိုရင် သင်ဆိုရင်ရော ဘာကို ရွေးချယ်မလဲ။ အဲလိုမျိုး ရွေးချယ်မှုတွေ လုပ်နေရတဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ “Pay or Die” ဆိုတဲ့ Documentary film တစ်ခုပါ။ Rotten Tomatoes 91%, IMDb rating 7.4 ရရှိထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်သလောက် ဈေးကြီးတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှင်တွေ အသုံးပြုရတဲ့ အင်ဆူလင်နဲ့ ဆက်စပ်ပစ္စည်းတွေဟာလည်း ဈေးကြီးပါတယ်။ ရောဂါရှင် တစ်ယောက်အတွက် တစ်လကို ဒေါ်လာ ထောင်နဲ့ချီပြီး အကုန်ခံမှသာ အသက်မသေမှာဖြစ်ပါတယ်။ အဲလိုနဲ့ အင်ဆူလင်ဖိုးမတတ်နိုင်ဖို့ သေသွားရတဲ့ လူနာတွေလည်း ထောင်နဲ့ချီပြီး ရှိနေပြန်ပါတယ်။ အဲတော့ ပိုက်ဆံပေးမလား သေမလား ဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားပါတယ်။ အဲလိုဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးကို တွန်းလှန်ကြရင်း ဥပဒေပြုဖို့ ကြိုးစားကြတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကောင်းလေးပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 991MB | 442MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.4 2023 90 mins
Pay or Die
Taylor Swift: The Eras Tour
8.3

Taylor Swift: The Eras Tour (2023) ~ IMDb – 8.3/10, RT – 99%, Meta – 83% ~ [ အခုတင်တဲ့ Version က Speech တွေသီးသန့် ဘာသာပြန်ပေးထားပြီး သီချင်းတွေကို E-Sub အတိုင်းပဲ Encoding လုပ်ထားတဲ့ Version ပါ။ Swiftie တွေအနေ​နဲ့ သီချင်းတွေလိုက်ဆိုရင်းနဲ့ဖီးလ်ရင်း ကြည့်နိုင်အောင် ရည်ရွယ်ထားပါတယ်။ ] <<< Telegram Link >>> The Eras Tour ဆိုတာ Taylor Swift ရဲ့ Album တွေ အားလုံးကို တစ်ခေတ်ချင်းစီ ပြန်ခံစားနိုင်ဖို့ နေရာကောင်းတစ်ခုဆို မမှားပါဘူး။ Pandemic မှာ Album တွေ အများကြီး ထုတ်ခဲ့တာကတစ်ကြောင်း တခြားသော အရှုပ်အရှင်းတွေကတစ်ကြောင်း Taylor ဟာ Tour တွေ လှည့်ဖို့ အကြောင်းမလှခဲ့လို့လည်း ကျွန်တော်တို့ ဒီလို ခံ့ညားလွန်းလှတဲ့ Iconic Tour ကြီးကို ရခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ Taylor Swift ဆိုတာ ဘာလဲ။ The Eras Tour ဆိုတဲ့ စင်မြင့်ထက်ပေါ်မှာ ပရိသတ်နဲ့ အပေးအယူမျှမျှ သူဘယ်လိုတွေ တောက်ပသွားလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါ။ 4K Quality ကိုတော့ EAC-3 Digital Sound Audio System နဲ့ Encode ထားတာမလို့ VLC Player လိုမျိုးနဲ့ကြည့်မှ အသံကြားရတာမျိုးရှိနိုင်ပါတယ်။4K Quality ကို အကြည်လင်ဆုံးဖြစ်အောင် Encode ထားပြီး ဖိုင်ဆိုက် 15GB ထိရှိတာကြောင့် PART-1/PART-2 အဖြစ် ၂ ပိုင်းခွဲပြီး တင်ပေးထားပါတယ်။ (ဒီဖျော်ဖြေပွဲနဲ့အညွှန်းကို Act Molemy မှ ပြန်ဆို ရေးသားထားပါတယ်) Size – (15 GB)/ (3.55 GB) / (1.55 GB) Quality – WEB-DL 4K HEVC EAC-3/1080p/ 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 1Min Genre – Documentary, Music Subtitle – Myanmar Subtitle (Hardsub) Translated by Act Molemy Encoded by Y,Ka Naung

8.3 2023
Taylor Swift: The Eras Tour
Four Souls of Coyote
7.3

ဒီပုံပြင်လေးမှာ Animation အသံသရုပ်ဆောင်ရာမှာ ဂုရုတွေဖြစ်ကြတဲ့ Fred Tatasciore, Bill Farmer, Clé Bennett, John Eric Bentley, Gerda Pikali, Péter Bozsó, Lorne Cardinal တို့လို လူတွေအားလုံး တက်ညီလက်ညီ ပါဝင်ထားကြတဲ့ animation ကောင်းကောင်းလေး တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ထိုပုဂ္ဂိုလ်တွေရဲ့animation လက်ရာတွေကနေ ကျွန်တော်တို့မျိုးဆက်တွေထဲမှာ ဘယ်သူမှ ပြေးလွတ်မှာ မဟုတ်ပါဘူး။ အရမ်းနားထောင်လို့ ကောင်းမယ့် ပုံပြင်လေး တစ်ပုဒ်ကို ပြောပြပါမယ်။ ဇာတ်လမ်းလေးကတော့ အမေရိကန်အရင်းရှင်သူဌေးကြီးတွေက native americanတွေ ရှိတဲ့တောအုပ်ကို ဖျက်၊သစ်ပင်တွေကို ခုတ်လှဲပြီး ရေနံပိုက်လိုင်းသွယ်ဖို့လုပ်နေပါတယ်။ ဒီလိုနဲ့ ထိုပရောဂျက်ကို ဆန္ဒပြဖို့ native americanတွေပေါင်းပြီး စုဝေးကြပါတယ်။ Native americanတွေထဲမှ အသက်အကြီးဆုံးဖြစ်တဲ့ အဖိုးကြီးကနေ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်အကြောင်းကနေ အစချီလို့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်အောင် ဇာတ်လမ်းလေးသဖွယ် ပုံပြင် ပြောပြပါတော့တယ်။ ဒီanimationရဲ့ အဓိက ဇာတ်လမ်းလေးကတော့ ထိုပုံပြင်လေးပါပဲ။ ဖန်ဆင်းရှင်က ဘယ်သတ္တဝါမှ မရှိသေးတဲ့ ကမ္ဘာကြီးကို ဘယ်လိုဖန်တီးမလဲ။ သူ ဖန်တီးတဲ့ ဖန်တီးမှုတွေက အချင်းချင်းတည့်ပါ့မလား၊ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ လူတွေကိုရော ဘယ်သူက ဖန်တီးခဲ့တာလဲ။ ကိုယော့လို့ခေါ်တဲ့ လှည့်စားတတ်တဲ့ ဝံပုလွေကရော ဖန်တီးသူရဲ့ဖန်တီးမှုတွေကို ဘယ်လိုကုန်းတိုက်မလဲ၊ လူတွေကရော ခေတ်အဆက်ဆက် ဘယ်လိုပြဿနာရှာလာကြမလဲဆိုတာကို animation ကောင်းကောင်းကိုမှ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.9 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre… Animation, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

Drama • Thriller
7.3 2023 103 mins
Four Souls of Coyote
Arnold Is a Model Student
6.5

Arnold is a Model Student ( 2023 ) Arnold is a Model Student ဟာ မျက်မှောင်ခေတ် ထိုင်းမှာကြုံနေရတဲ့ ပြဿနာတွေကို တင်ပြထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပြီး Sorayos Prapapanက ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ မျက်မှောက်ခေတ်ထိုင်းကျောင်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြပြီး ထိုင်းပညာရေးရဲ့ ဦးတည်ချက်ကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပါပဲ။ Prapapan ဟာ ဒီရုပ်ရှင်ကို ထိုင်းမှာ ၂၀၂၀ တုန်းက ဖြစ်ခဲ့တဲ့ bad student movement နဲ့ အဲဒီဆန္ဒပြမှုတုန်းကသုံးခဲ့တဲ့ ကျောင်းသားလက်စွဲစာအုပ်ကို အခြေခံပြီး ရိုက်ထားတာပါ။ ဒီရုပ်ရှင်ရဲ့အခန်းတွေကိုလည်း အဲဒီလက်စွဲစာအုပ်က အခန်းတွေနဲ့ပဲ ခွဲထားတယ်။ Prapapanရဲ့ ကားနာမည် Arnold is a Model Student ဟာ ကားထဲက ကျောင်းသားတွေရဲ့ ဆန္ဒပြမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသလို ရုပ်ရှင်မှာလည်း ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ ဆန့်ကျင်စွာ ရပ်တည်နေတဲ့ အာနိုးဟာ အဓိကဇာတ်ကောင်ဖြစ်နေခဲ့တယ်။ သူ့ဇာတ်အိမ်ဟာ bad student movementကို အခြေတည်ထားပေမဲ့ သူ့အဓိကဇာတ်ကောင်က ဒီအရွေ့နဲ့ဆန့်ကျင်ပြီး ဒီပျက်စီးနေတဲ့ စနစ်ကြီးကနေ သူ့အခွင့်အရေး သူအရယူတဲ့သူအဖြစ်ပြပြီး ဒီနှစ်ခုကို မျဉ်းပြိုင်အနေနဲ့သုံးပြီး ထိုင်းပညာရေးစနစ်ရဲ့ လာဘ်ထိုးမှုတွေ အကျင့်ပျက်ခြစားမှုတွေ တက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်တဲ့အလိမ်အညာတွေ ဆရာဆရာမတွေရဲ့ အာဏာအလွဲသုံးစားလုပ်ခြင်းတွေကို ပြထားတယ်။ Arnold is a Model Student ဟာ မျက်မှောက်ခေတ် ထိုင်းပညာရေးက ပြဿနာတွေကို တင်ပြချင်တဲ့ ရည်ရွယ်ချက်တော့ကောင်းပေမဲ့ လုံးဝကြီး သရုပ်ပေါ်အောင်ပြနိုင်ခဲ့တဲ့ ရုပ်ရှင်တော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို ဇာတ်အိမ်တည်ထားတာဖြစ်သလို ပညာရေးစနစ်တွေနဲ့ပတ်သက်ပြီး ဒီလိုတင်ပြတဲ့ကားတွေ သိပ်မတွေ့ရတတ်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 488MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Crime • Drama
6.5 2023
Arnold Is a Model Student
A Hipster in Rural Spain

ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။ မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့ လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

Animation • Action • Adventure
0 2024
A Hipster in Rural Spain
Spy Girl
5.9

Spy Girl (2004) **************** ဒီဇာတ်ကားလေးကတော့ Train to Busan ထဲကမင်းသား Gong Yoo နဲ့ မင်းသမီး Kim Jung Hwa တို့ ပါဝင်ထားတဲ့ .. မြောက်ကိုရီးယားသူလျှိုကောင်မလေးနဲ့ တောင်ကိုရီးယားကောင်လေးကြားက Romance, Comedy အမျိုးအစား ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** သင်တန်းကျောင်းတစ်ခုက ကျောင်းသားတွေက ဝက်ဘ်ဆိုက်တစ်ခုထောင်ပြီး မိန်းကလေးပုံတွေအပျော်တင်ပြီးတော့ အလှဆုံးမိန်းကလေးကို အိန်ဂျယ်လို့ သတ်မှတ်ကြပါတယ်။ တစ်နေ့မှာတော့ သင်တန်းကျောင်းနားက ဘာဂါဆိုင်မှာ အသစ်ဝင်လာတဲ့ မိန်းကလေးတစ်ယောက်က အိန်ဂျယ်အသစ်အနေနဲ့ ရုတ်တရက် နာမည်ကြီးလာပါတယ်။ တကယ်တမ်း အဲဒီမိန်းကလေးက မြောက်ကိုရီးယားကရောက်လာတဲ့ သူလျှိုဖြစ်နေတဲ့အခါမှာတော့… သူလျှိုမိန်းကလေးက ဘာအကြောင်းနဲ့ တောင်ပိုင်းကို ရောက်လာရတာလဲ… သင်တန်းကျောင်းက ကျောင်းသားဖြစ်တဲ့ ဂိုဘုံး (Gong Yoo) နဲ့ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Zoronoa မှရေးသားထားပါတယ်) File size…2.18GB / 942MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 40 min. Genre ….. Comedy, Romance, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa Encoded by AHtet

5.9 2004 102 mins
Spy Girl
The Laws of Thermodynamics
6

The Laws of Thermodynamics (2018) ************************************ IMDb ….6.0 Relationship တစ်ခုကို တည်ဆောက်တဲ့အခါ သိပ္ပံနည်းကျ တည်ဆောက်ဖူးကြပါသလား။ ကိုယ့်ရဲ့ relationship ကို ရူပဗေဒရဲ့ ဥပဒေသတွေနဲ့ နှိုင်းယှဉ်ကြည့်ဖူးပါသလား။ လူတစ်ရာမှာ တစ်ယောက်လောက်တောင်ရှိဖို့ ရှားပါတယ်။ အဲဒီလိုလူမျိုးတစ်ယောက်ရှိတယ်။ သူကတော့ မန်နဲပါ။ သူက နက္ခတ္တရူပဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး သာမိုဒိုင်းနမစ်ရဲ့ ဥပဒေသတွေအကြောင်းကို စာတမ်းရေးနေသူပါ။ တွဲတဲ့ရည်းစားတိုင်းကိုလည်း ရူပဗေဒပုံစံခွက်ထဲဆွဲထည့်ပြီး ယှဉ်ထိုးချိန်ဆနေလေ့ရှိတယ်… တစ်ခါတလေ ဟာသဆန်နေပေမယ့် မန်နဲနဲ့တွဲတာကြာလာတဲ့သူတွေအဖို့တော့ စိတ်ပျက်စရာပါပဲ…. ခပ်ကြောင်ကြောင်နိုင်တယ်လို့ယူဆလို့ရတဲ့ မာနဲအဖို့ အချစ်စစ်များတွေ့မလားဆိုတာတော့ဆက်စောင့်ကြည့်ပေါ့ဗျာ… ဒီဇာတ်ကားမှာ ရှုပ်ထွေးတဲ့ ရူပဗေဒရဲ့ ဥပဒေသတွေ၊ သာမိုဒိုင်းနမစ်ရဲ့ ဥပဒေသတွေ စသည်ဖြင့် ပါရှိပါတယ်။ ကြည့်ရတာ အနည်းငယ် ရှုပ်ထွေးနေသယောင်ရှိပါတယ်။ သို့သော်လည်း ထိုဥပဒေသတွေနဲ့ ဖြစ်တတ်တဲ့ လူ့စိတ် လူ့သဘာဝကို နှိုင်းယှဉ်ပုံဖော်သွားတာတော့ လေးစားဖွယ်ပါပဲ။ ဒါကြောင့်မလို့ ဘယ်နေရာမှာ ဘယ်ဥပဒေသနဲ့ နှိုင်းယှဉ်သွားသလဲဆိုတာ ကြည့်လိုက်ကြစို့လားဗျာ။ စာကြွင်း။ ။ ရူပဗေဒ၏ ရှုပ်ထွေးသော ဥပဒေသများ သဘောသဘာဝများကို လူအများနားလည်အောင် ကြိုးစားဘာသာပြန်ထားသော်လည်း အမှားအယွင်း တစ်စုံတစ်ရာ ရှိပါက သည်းခံခွင့်လွှတ်ပေးကြပါ… (အညွှန်းကို Nay Chi မှ ရေးသားထားပါတယ်) File size…2.08GB / 655MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….01:40:00 Genre …..Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Nay Chi Encoded by AHtet

Animation • Adventure • Fantasy • Science Fiction • Family
6 2018 100 mins
The Laws of Thermodynamics
Sphere
6.1

Sphere (1998) IMDb Rating (6.1) / Rotten Tomatoes (13%) Rotten Tomatotesအနေနဲ့ 13%ရာခိုင်နှုန်းသာရရှိထားပြီး IMDBအနေနဲ့ ၆.၁သာရထားခဲ့လို့ Underrated Gem တစ်ခုအနေနဲ့သတ်မှတ်ထားကြပါတယ်။ 1998 တုန်းက တစ်နှစ်တည်းထွက်ခဲ့တဲ့ Titanic နဲ့အပြိုင်မချဲနိုင်ခဲ့သလို Box-Office အရလည်း အခြေအနေမဟန်ခဲ့လှပါဘူး။ စာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းရတဲ့အခါမှာ အရမ်းကိုတာဝန်ကြီးသလို စာအုပ်ဖန်တွေရဲ့သပိတ်မှောက်ခြင်းကိုပါခံလိုက်ရလို့ပါပဲ။ စာအုပ်ဖန်များရဲ့ပြောစကားအရ စာအုပ်ထဲကအရေးကြီးတဲ့အပိုင်းတွေကို ဖြတ်တောက်ခဲ့တာကြောင့် ကြည့်ရတာအားမရဘူးလို့ဆိုကြပါတယ်။ သို့သောလည်း Science – Fiction ကောင်းကောင်းငတ်နေသူများအဖို့ မိုးအေးအေးနဲ့ ကြည့်ရတာ ခေါင်းစားစားဖြစ်နေစေမှာပါ။ 1987နှစ်ခုမှာထွက်ရှိခဲ့တဲ့ “ Sphere “ ဆိုတဲ့ဝတ္ထုကို “ Sphere “ ဆိုတဲ့နာမည်အတိုင်းပဲ အပြောင်းမလဲမရှိရိုက်ကူးခဲ့တာဖြစ်ပါတယ်။ စာအုပ်ကိုရေးသူ စာရေးဆရာ Michael Crichton ဟာလည်း နာမည်ကျော် ဂန္တဝင် ဝတ္ထုများဖြစ်ကြတဲ့ “ Jurassic Park “ “ Disclosure “ စတဲ့လက်ရာမြောက်ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် ဇာတ်ပို့များဟာလည်း ခေသူတွေမဟုတ်ကြပြန်ပါဘူး။ ဂန္တဝင်မင်းသားကြီးမင်းသမီးကြီးတွေဖြစ်ကြတဲ့ Dustin Hoffman တို့ Sharon Stone တို့ Samuel L . Jackson တို့ Queen Latifah တို့စတဲ့ အရည်အချင်းရှိသရုပ်ဆောင်များစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရေအောက်ပြကွက်များစွာကို သည်းထိတ်ရင်ဖိုတင်ဆက်ထားတာမို့ ဒီလိုမိုးဝသုန်လေတရှဲရှဲကာလမှာ ရေအောက်သမုဒ္ဒရာကြမ်းပြင်အောက်ကို တစ်ခေါက်လောက်အလည်သွားကြည့်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Science Fiction,Thriller Duration….02:14:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Yamone

Horror
6.1 1998 134 mins
Sphere