YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

sons of anarchy s07e09 720p (CM).mp4

645.31 MB 720p video/mp4 175 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Holy Spider
7.4

လာမယ့် ၂၀၂၃ အော်စကာရဲ့ best Interanational Features ဆုအတွက် တစ်ပြေးနေတဲ့ ထိပ်ဆုံးငါးကားထဲက တစ်ကားဖြစ်တဲ့ “Holy Spider”ဟာ ကားကတော့ အီရန်ကားဖြစ်ပေမဲ့ ဂျော်ဒန်မှာရိုက် ပြင်သစ်မှာ Release လုပ်ပြီး အော်စကာအတွက် နိုင်ငံကိုယ်စားပြုတာကတော့ ဒိန်းမတ်အနေနဲ့ ဝင်ထားပါတယ်။ အီရန်မှာတော့ အပိတ်ခံထားရရုံတင်သာမကပဲ Ministry of Culture and Islamic Guidanceကနေ ဒီရုပ်ရှင်ကမင်းသမီးကို best actress ဆုပေးခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို ပြဿနာရှာထားသလို ဒီရုပ်ရှင်ဟာ မွတ်စလင်တွေရဲ့ယုံကြည်မှုကို စော်ကားတယ်လို့လည်း ဆိုကြပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးတာမှာ ပါဝင်ပတ်သက်နေတဲ့ အီရန်ပြည်တွင်းကလူတွေရှိခဲ့ရင် အီရန်ရုပ်ရှင်အစည်းအရုံးက ဒဏ်ခတ်မယ်လို့ပါ ကြေညာထားခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၀ခုနှစ်တုန်းက ပြည့်တန်ဆာ၁၆ယောက်ကိုသတ်ခဲ့တဲ့ အီရန်ကွင်းဆက်လူသတ်သမား တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ထားတဲ့ရုပ်ရှင်ဖြစ်ပြီး တစ်ချို့ကလည်း မာစတာပိစ်ကားလို့ ပြောကြပါတယ်။ အမျိုးအစားကတော့ crime thrillerရုပ်ရှင်ဖြစ်ပြီး အီရန်ရဲ့ မြင့်မြတ်တဲ့ဘာသာရေးမြို့လို့ ပြောလို့ရတဲ့ Mashhadမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့မှာ ပြည့်တန်ဆာလုပ်စားနေတဲ့ အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ အသတ်ခံခဲ့ရပြီး ဘာသဲလွန်စမှ မကျန်ပါဘူး။ အဲဒီလိုသတ်တဲ့လူကိုတော့ Spider Killer လို့ သိထားကြပါတယ်။ ဘယ်သူမှန်းတော့ သေချာမသိခဲ့ရပါဘူး။ ဒီအမှုကို စုံစမ်းဖို့ သတင်းထောက်မလေးတစ်ယောက်ဟာ Mashhadကိုရောက်လာခဲ့တယ်။ သူဟာ ဒီအမှုဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး ဒီအမှုရဲ့နောက်ကွယ်မှာ လက်မဲကြီးတွေ ရှိနေတယ်လို့ ယုံကြည်ထားခဲ့တဲ့သူပါ။ သူ့အသက်ပါသူ ရင်းပြီး ပြည့်တန်ဆာအယောင်ဆောင်ပြီး အဲဒီလူကို ဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ တရားခံကို သူ ပက်ပင်းမိသွားခဲ့ပေမဲ့ အဲဒီနောက်က လက်မဲကြီးတွေကို သူဖော်ထုတ်နိုင်မလားဆိုတာကို ကျွန်တော်တို့ဆက်ကြည့်ကြရမယ့် ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thirller Quality…. 1080p | 720p | 480p File size… 1.27GB | 645MB | 319MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Drama • History • War
7.4 2022 118 mins
Holy Spider
Everglow
6

“အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” ဆိုတဲ့ ဘွားဘွားနဲ့ ကောင်လေးတို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ :3 ဒီဇာတ်လမ်းလေးမှာတော့ ရေငုပ်သမဘွားဘွားနဲ့ ဆိုးလ်ကနေ ရိုက်ကူးရေးလာလုပ်တဲ့ ပီဒီကောင်လေးတို့နှစ်ယောက် ဂျယ်ဂျူဒိုမှာ တွေ့ဆုံကြပြီးချစ်သွားကြတဲ့အကြောင်းလေးကို ပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂိုဂျင်အို့ဆိုတဲ့ ဘွားဘွားအန်တီက ဂျယ်ဂျူကျွန်းရဲ့အတော်ဆုံးရေငုပ်သမဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘဝဟာ သမီးလေးမရှိတော့တဲ့နောက် အထီးကျန်မှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။ ဒါ့အပြင် အိပ်ရာပေါ်လဲနေတဲ့ ခင်ပွန်းဖြ်စ်သူကို ပြုစုရင်း ၊ တစ်ဖက်မှာလည်း ရေငုပ်သမအနေနဲ့ အသက်မွေးရင်း အထီးကျန်ဆန်စွာဖြတ်သန်းနေခဲ့ရပါတယ်။ ဂယောင်ဟွန်းကတော့ ဆိုးလ်ရုပ်သံလွှင့်ဌာနမှာအလုပ်လုပ်နေတဲ့ ပီဒီတစ်ဦးဖြစ်ပြီး ဂိုဂျင်အို့အကြောင်းကို အစီအစဉ်မှာထည့်သွင်းရိုက်ကူးချင်တာကြောင့် ဂျယ်ဂျူဒိုကိုရောက်လာခဲ့သူပါ။ ဒါပေမယ့် ဂိုဂျင်အို့ကတော့ ရိုက်ကူးရေးလုပ်ဖို့ အဆုံးထိငြင်းဆန်နေတဲ့အတွက်ကြောင့် မရရတဲ့နည်းလမ်းအစုံသုံးပြီး ဖြောင်းဖျကြည့်ဖို့ ကြိုးစားတဲ့အခါမှာတော့ သူတို့နှစ်ယောက် ဘယ်လိုနီးစပ်သွားမလဲ ….. တူညီတဲ့စိတ်ဒဏ်ရာရှိတဲ့သူအချင်းချင်း ဘယ်လိုအားပေးရင်း ချစ်မိသွားကြမလဲဆိုတာကို ရသဆန်ဆန်တင်ဆက်ထားတဲ့ ကားကောင်းလေးမို့ မလွတ်တမ်းအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9GB | 857MB | 400MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ThantSin Encoder ..... August

Action • Comedy
6 2021 95 mins
Everglow
Bruce Lee - The Fighter
5.8

CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့ သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ် အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ် တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ.. ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…3.2GB / 1.7GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & BpL

Drama • Music
5.8 2015 151 mins
Bruce Lee - The Fighter
Tokyo!
7

Tokyo! ( 2008 ) တိုကျိုလို့ နာမည်ပေးထားပြီး တိုကျိုမှာပဲ ဇာတ်အိမ်တည် ဂျပန်သရုပ်ဆောင်တွေချည်းသုံးထားတဲ့ ဒီရုပ်ရှင်ကို ဂျပန်မဟုတ်တဲ့ ဒါရိုက်တာသုံးယောက်က ရိုက်ကူးထားတယ်။ ပထမဇာတ်လမ်းတို “Interior Design”ကို ရိုက်တဲ့သူက ပြင်သစ်ဒါရိုက်တာ Michel Gondry, သူ့ကိုနာမည်နဲ့ရုပ်ရှင် တွဲသိချင်သိမှာပေမဲ့ သူက Eternal Sunshine of the Spotless Mind လို မာစတာပိစ်ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ။ ဒုတိယဇာတ်လမ်း ” Merde”ကို ရိုက်တာက Leos Carax, သူလည်းပြင်သစ်ပဲ။ ကိန်းကနေ best directorဆုရဖူးတဲ့သူဆိုတော့ မခေတာသိသာပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ အောက်စကာမှာ သမိုင်းတွင်အောင်လုပ်ခဲ့သလို ကိန်းမှာလည်း အမြင့်ဆုံးဆုရခဲ့တဲ့ တောင်ကိုရီးယား ဒါရိုက်တာ ဘွန်းဂျွန်းဟို။ ဒိတ်ဒိတ်ကြဲ၃ယောက် စုထားတယ်ပေါ့။ သူတို့ဟန်တွေက မရိုးရှင်းသလို ဒီထဲက ဇာတ်လမ်းတို၃ပုဒ်ကလည်း တော်တော်ဆန်းတယ်။ ဇာတ်လမ်းအရဆိုရင်တော့ “Interior Design”ဟာ တော်တော်လေးလှတယ်။ ဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့အတွက် အရာရာစွန့်ထားတဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့။ သူ့ကိုယ်သူတစ်ခါမှ အသုံးဝင်တယ်လို့ မခံစားရဖူးတဲ့ မိန်းမတစ်ယောက်ရဲ့အဖြစ်ပေါ့။ လူကနေ ခုံကြီးပြောင်းသွားတာလို အဆန်းကြီးတွေပြပေမဲ့ သူပြချင်တဲ့ အချက်ကို နိမိတ်ပုံနဲ့ပြတယ်လို့ ယူဆလို့ရပါတယ်။ အင်းနားလော့ဂျစ်မပျက်ဘူးပြောရမှာပဲ။ တခြားတစ်နည်းပြောရရင် ငါဘာအတွက်ဖြစ်တည်နေလဲ ရှာဖွေတဲ့ကားပေါ့။ နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါသလို Shunji Iwaiလည်း ဝင်သရုပ်ဆောင်ထားတယ်။ Shunji Iwaiက သူ့ရုပ်ရှင်တွေဟာ လူ့ပြည်က နိဗ္ဗာန်တွေလို့ တင်စားရတဲ့အထိ လှပနေတတ်တဲ့ ဂျပန်ရဲ့အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်။ သူ့ရဲ့ All About Lily Chou-Chouကို မသိတဲ့ အာရှဖန် ရှားတယ်။ ဒုတိယဇာတ်လမ်းက Merde , တိုကျိုရဲ့ရေဆိုးမြောင်းတွေကြားနေတဲ့ လူပေမဲ့ လူမပီတော့တဲ့ သတ္တဝါတစ်ကောင်အကြောင်း။ ဒီဇာတ်လမ်းကတော့ တစ်ခုခုကို မေးခွန်းထုတ်ထားတဲ့ မေးခွန်းလို့ ပြောလို့ရတယ်။ ခြွင်းချက်က ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင်၂ကောင်က ဂျပန်တွေဟုတ်မနေဘူး။ တတိယဇာတ်လမ်းက ဘွန်းဂျွန်းဟိုရဲ့ “Shaking Tokyo”။ ဘွန်းဂျွန်းဟိုကားလို့ ပြောဖို့ သူက နည်းနည်းနူးညံ့လွန်းနေတယ်။ အချစ်ကားလို့ သွားပြောရင်တောင် ရတယ်။ ဇာတ်လမ်းက ၁၁နှစ်လုံး အိမ်ပြင်မထွက်တဲ့ အိမ်တွင်းပုန်းလူတစ်ယောက်ရဲ့ အိမ်ပြင်ထွက်ဖြစ်သွားတဲ့ ဇာတ်လမ်း။ ဘွန်းဂျွန်းဟိုပီသစွာပဲ ဇာတ်က ခပ်ဆန်းဆန်းလေးဖြစ်နေတယ်။ ဒီဇာတ်လမ်းရဲ့အလှကို အားဖြည့်ပေးထားတာက Yū Aoi။ ချစ်စရာမျက်နှာလေးနဲ့ ဂျပန်အကယ်ဒမီ ဆုအပါအဝင် ဆုပေါင်းများစွာရထားတဲ့ မင်းသမီး။ Art Filmတွေ မနည်းမှာ ပါဝင်သရုပ်ဆောင်ဖူးသလို လက်ရှိထိပ်တန်းမင်းသမီးတွေထဲ အပါအဝင်လည်းဟုတ်တယ်။ ကျွန်တော်တော့ ဂျပန်မင်းသမီးတွေထဲ သူ့သဘောအကျဆုံးပဲ။ ဒီထဲလည်း သူ့ကြောင့် ဘွန်းဂျွန်းဟိုရဲ့ ဇာတ်လမ်းကို သဘောအကျဆုံးဖြစ်သွားတယ်။ Tokyoဟာ အချိန်တိုလေးအတွင်းမှာ ဒါရိုက်တာဆရာကြီး၃ယောက်ရဲ့ တော်တော်လေးဆန်းတဲ့ဇာတ်လမ်းတွေကို မြည်းစမ်းရမယ့် ရှားရှားပါးပါး ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size… 2.92GB | 1.08GB | 518MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Fantasy • Horror • Thriller
7 2008 112 mins
Tokyo!
[18+] Haliparot
6.3

Haliparot (2023) ဂျင်းဆိုတဲ့ကောင်မလေးက ဆယ်ကျော်သက် စီနီယာအထက်တန်းကျောင်းသူလေးဖြစ်ပြီး Single Mother ဖြစ်တဲ့သူ့အမေ အက်ဘေးနဲ့အတူ နေထိုင်ပါတယ်။ မိခင်ဖြစ်သူက ကျောင်းမပြီးမချင်း ရည်းစားမထားရဘူးလို့ ကန့်သတ်ထားပေမဲ့လည်း သွေးသားပြောင်းလဲကာစ အသစ်အဆန်းကိုထိတွေ့ချင်နေတဲ့ ဂျင်းဟာ အချစ်ကိုလက်တည့်စမ်းချင်နေပါပြီ။ သူ့ကိုအရူးအမူးစွဲလန်းနေတဲ့ ငယ်သူငယ်ချင်း ဂါဘိုရှိပေမဲ့လည်း ဂါဘိုကိုတော့ သူစိတ်မဝင်စားပါဘူး။ အဲဒီလိုအချိန်မှာ သူ့ဘဝထဲကိုဝင်ရောက်လာသူကတော့ ခန့်ညားချောမောပြီး အကြင်နာအကြည့်တွေနဲ့ သူစိမ်းတစ်ယောက်ဖြစ်တဲ့ ဂျဲရစ်ဆိုတဲ့လူပါ။ သူအကူအညီလိုချိန်မှာ အမြဲတမ်းရောက်လာတတ်တဲ့၊ ဆုံးမစကားပြောသွားတတ်တဲ့ ဂျဲရစ်ဟာ သူမျှော်လင့်လို့မဝသေးခင်မှာပဲ သူ့အိမ်ကိုရောက်ချလာပါတော့တယ်။ သူစိမ်းတစ်ယောက်အနေနဲ့မဟုတ်ဘဲ သူ့အမေရဲ့ချစ်သူအဖြစ်နဲ့ပါ။ ဒီလိုနဲ့ စိတ်ကစားတတ်စ ဆယ်ကျော်သက်မလေးရယ်၊ ငယ်ရွယ်တဲ့မိခင်နဲ့ ပထွေးတို့ကြားမှာ တစ်အိမ်တည်းနေပြီး ဘယ်လိုဇာတ်လမ်းတွေရှုပ်ကြမလဲဆိုတာတွေ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ Pantaxa Laiya မှာအနိုင်ရသွားခဲ့တဲ့ Aiko Garcia လေးရဲ့ ခေါင်းဆောင်နေရာက ပွဲထွက်လာတဲ့ပထမဆုံးကားဖြစ်ပါတယ်။ ဆယ်ကျော်သက်မလေးကို အားပေးလိုက်ကြရအောင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 580MB Quality – 1080p, 720p Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Thriller • Comedy
6.3 2023
[18+] Haliparot
Envy
4.8

Envy (2004) ========== “လောဘကြောင့် မင်းအသိစိတ်ပျောက်သွားပြီ” ကိုယ့်ထက်နိမ့်ကျတဲ့သူတစ်ယောက် ကိုယ့်ထက်သာသွားတဲ့အချိန်မှာ မနာလိုဖြစ်ဖူးလား? 2004 ခုနှစ်က ထွက်ရှိခဲ့ပြီး ဒီဇာတ်ကားမှာတော့ Night at the Museum နဲ့ The secret life of Walter Mitty တို့လိုကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ထုတ်လုပ်သူ/မင်းသား Ben Stiller နဲ့ Kung Fu Panda Po ဇာတ် ကောင်ရဲ့ အသံသရုပ်ဆောင်တစ်ဖြစ် Gulliver’s Travel လို နာမည်ကျော် ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့ Jack Black တို့ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဂျက်နဲ့တင်မ်တို့က အိမ်နီးချင်းတွေဖြစ်ပြီး နေ့စဉ်အလုပ်အတူတူ သွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ပါတယ်။ အလုပ်ခွင်မှာတော့ တင်မ်က အလုပ် ပိုတော်တဲ့အတွက် ရာထူးပိုမြင့်ပြီး ကိုယ်ပိုင်ရုံးခန်းပိုင်ပါတယ်၊ ဂျက်ကတော့ အလုပ်ပေါ်အာရုံစိုက်နိုင်စွမ်း အားနည်းတဲ့အတွက် သာမန်ဝန်ထမ်းလေးတစ် ယောက်ပါပဲ။ တစ်ရက် အလုပ်ကအ‌ပြန်လမ်းမှာ လူတစ်ယောက် ခွေးချေးကျုံး နေတာကိုမြင်ပြီး ဂျက်တစ်ယောက် Vapoorize ဆိုတဲ့အရာကို တီထွင်ဖို့ အကြံ ရသွားပါတယ်၊ တင်မ်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပြောပြီး ဂျက်ရဲ့ပြောစကားကို အဖက်မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ့ ဂျက်တစ်ယောက် သူ့ရဲ့တီထွင်မှု အောင်မြင်သွားတဲ့ အခါမှာ တင်မ်တစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုကရော အရင်အတိုင်း ရှိပါဦးမလား… ဒါတွေကိုသိရဖို့အတွက် Envy ဆိုတဲ့ ဇာတ်ကားလေးကို ဆက်ပြီးကြည့်ရှုကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.55 GB) / (720 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thura Aung Encoder……….SWM

Horror • Drama
4.8 2004 99 mins
Envy
A Tale of Two Sisters
7.2

A Tale Of Two Sisters (2003) IMDb: 7.1/10 Genre: Drama/Horror/Mystery မွန်ဂိုယောင်းပါဝင်ထားပြီးနာမည်ကြီးတဲ့ ဒီရုပ်ရှင်ကသရဲကားဆိုပေမဲ့ သာမန်ကြည့်နေကျ သရဲကားပုံစံတွေနဲ့ကွဲထွက်နေပြီး ဇာတ်လမ်းရဲ့လှည့်ကွက်တွေကြားထဲမှာ ဟင်ကနဲ ဟာကနဲဖြစ်နေမယ့် ရုပ်ရှင်မျိုးပါ။ ကြောက်ရွံ့မှုတွေ ဝမ်းနည်းမှုတွေခံစားရမယ့်အပြင် တကယ်ကိုစိတ်ထဲမှာစွဲကျန်နေမဲ့ သရဲကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ရက်ရှည်ဆေးကုပြီး အဖေနဲ့မိထွေးရှိတဲ့ အိမ်ကိုပြန်လာတဲ့ ဆူယွန်းနဲ့ဆူမီတို့ညီအစ်မ၊ သူတို့အိမ်ပြန်လာပြီးနောက်ပိုင်းမှာ အရာရာကအရင်လိုမဟုတ်နေတော့ပဲ အိမ်ကြီးမှာလည်း ထူးဆန်မှုတွေဖြစ်လာပါတော့တယ်။ ပြောင်းလဲမှုတွေက ဘယ်လိုမျိုးပြောင်းလဲမှုမျိုးလဲ ထူးဆန်းတဲ့အရာတွေကရော ဘာတွေဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းအစကနေအဆုံးထိပဟေဠိဆန်ဆန်ကြည့်ရှုခံစားရမှာဖြစ်ပြီး ဝမ်းနည်းမှုကြောက်ရွံ့မှုစတဲ့ခံစားချက်များစွာကို ခံစားရမှာဖြစ်ပြီး ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုပါပုံဖော်ရိုက်ကူးပေးထားတာကြောင့် ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File size… 2.2 GB / 809 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama/Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia

7.2 2003 115 mins
A Tale of Two Sisters
Come Drink with Me

Come Drink with Me ( 1966 ) IMDb: 6.9/10 Genre: Action/Crime Come Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all time လို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီး ကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူက ဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်း ဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်း ကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကို မတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလို ကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း သူတောင်းစားလေးတွေနဲ့ ရောရောနှောနှော ပေါတောတောနေရင်း တောင်းစားနေတဲ့လူ။ ပြောရရင် သူ့ဆရာက‌ရှောင်လင်ကလိုလိုပြောလို့ရတော့ သူ့ဇာတ်ကောင်က ချောင်ဖုန်းနဲ့ ဟုန်ချီကုန်းကို ပေါင်းထားသလို ဇာတ်ကောင်မျိုးပဲ။ မင်းသမီးကတော့ လူဆိုးထိန်းသဘောမျိုး။ လူဆိုးတွေက သူ့ကိုကြောက်ကြတယ်။ သူ့နာမည်က ရွှေပျံလွှား။ ဇာတ်အစမှာ လူဆိုးဂိုဏ်းကမြို့တော်ဝန်ရဲ့သားကို ဖမ်းပြီး အဖမ်းခံထားရတဲ့ သူတို့ဆရာနဲ့လဲဖို့လုပ်တယ်။ မြို့တော်ဝန်ရဲ့သားကို ကယ်ဖို့ ရွှေပျံလွှားက လူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း အမူးသမား သူတောင်းစားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ ဒီလိုနဲ့ ရွှေပျံလွှားနဲ့လူဆိုးဂိုဏ်ကကောင်တွေရဲ့ တိုက်ပွဲထဲကို သူတောင်းစားက ဝင်ပါလာရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရမယ့်ဇာတ်ပဲ။ Drunken Heroဆိုတဲ့နာမည်နဲ့ Remakeတွေ ဘာတွေ ပြန်ရိုက်ထားသေးတော့ မမှားရင်တော့ ဒီကားက ပထမဆုံး အရက်မူးသိုင်းသမားကားဖြစ်ချင်ဖြစ်လိမ့်မယ်။ နောက် Mask of Zorroထဲက ဓားသိုင်းချရင်း အဝတ်ချွတ်တဲ့အကွက်က ဒီကလာတာဖြစ်ဖို့ ရာနှုန်းတော်တော်များတယ်။ ဒီကားထဲက မင်းသားရဲ့ Life Stlyleက သဘောကျချင်စရာတော်တော်ကောင်းတယ်။ ဒါကြောင့်ပဲ ကျွန်တော်တော့ ကင်းဟူကားတွေထဲ Come Drink with Meကို သဘောအကျမိဆုံးပဲ။ သိုင်းကားကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကိုကြည့်ရမယ်ကားဖြစ်သလို သိုင်းကားရယ်လို့ တကူးတကမကြိုက်တောင် Come Drink with Meဟာ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ File size… 1.8 GB / 943 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

0 1966 91 mins
Come Drink with Me
Wishes of the Blue Girl
The Spirit of the Beehive
7.8

ရုပ်ရှင်ဆိုတာ ကြည့်ရှုသူတွေရဲ့အပေါ် အနည်းနဲ့အများသက်ရောက်မှုရှိတတ်ကြပါတယ်……တကယ်မဟုတ်မှန်းသိပေမဲ့ ငိုကြရတယ် ပျော်ကြရတယ် ကြောက်ကြတယ် ခံစားချက်မျိုးစုံ အစုံအလင်ကို ခံစားကြတာပါပဲ…..ကြောက်ရွံ့မှုတွေ ထိတ်လန့်မှုတွေဆို ညဘက်တွေ အိပ်မက်ဆိုးမက်တဲ့အထိကို စွဲသွားစေတတ်တာပါ….အဲဒါကြောင့် တချို့ ရုပ်ရှင်တွေမှာ အသက်ကန့်သတ်ချက်နဲ့ ဘယ်နှနှစ်အောက်မကြည့်ရဆိုတဲ့ သတိပေးကြေညာချက်လေးတွေပါတတ်ပါတယ်…..လူကြီးတွေအနေနဲ့ကလည်း အဲဒါလေးတွေကို သေချာစူးစမ်းပြီးမှ မိမိကလေးကို ရုပ်ရှင်တကားပြသသင့်တာပါ….. ဒီကားလေးကတော့ ကြောက်မက်ဖွယ်ရာရုပ်ရှင်ကားတစ်ကားကို ကြည့်မိရာကနေ စိတ်ကူးယဉ်ကမ္ဘာတစ်ခုဖန်တီးမိသွားတဲ့ ၇နှစ်အရွယ်ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားလေးပါပဲ…..သင်ခန်းစာယူစရာတွေ ဖြစ်တတ်တဲ့သဘောတွေ တွေ့ရမှာဖြစ်တာကြောင့် ကြည့်ရှုခံစားစီးမျောလိုက်ကြပါဦးလို့…… File size…(1.9 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Coming of Age, Dark Fantasy, Psychological Drama, Supernatural Fantasy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by….Garfield

7.8 1973
The Spirit of the Beehive
Striking The Palace / Petites Mains

ယခုအခါတင်ဆက်ပေးလိုက်ဝာာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကား‌လေးမှာ ဟိုတယ်တစ်ခုရဲ့သန့်ရှင်းရေးဝန်ထမ်းတွေ သူတို့ရဲ့နင်းပြားဘဝတွေကိုသရုပ်ဖော်ထားပါတယ်… Eva လို့ခေါ်တဲ့အသက် ၂၀ အရွယ်မိဘမဲ့ကောင်မလေးတစ်ယောက်ဟာ ဇိမ်ခံ‌ဟိုတယ်ကြီးတစ်ခုမှာ အခန်းသန့်ရှင်းရေးဝန်ထမ်းလုပ်ဖို့ရောက်လာခဲ့ပါတယ်… သူမဟိုတယ်ရှေ့ရောက်တော့ ဟိုတယ်ရှေ့မှာဆန္ဒပြနေကြတဲ့လူတစ်စုကိုတွေ့ရှိခဲ့ပါတယ်….ဒီဆန္ဒပြနေတဲ့လူတွေကတော့ အခန်းသန့်ရှင်းရေးဝန်ထမ်းတွေပဲဖြစ်ပြီး အဖိနှိပ်ခံရလွန်းလို့ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်…ဒီလိုနဲ့သူမလည်းအခြားသန့်ရှင်းရေးဝန်ထမ်းတွေဖြစ်တဲ့ Simone ,Safietou, Aissata နဲ့ Violette တို့နဲ့ရင်းနှီးလာပြီးတော့ ပင်ပင်ပန်းပန်းလုပ်ရပေမဲ့ အသိအမှတ်ပြုမခံရတာ‌တွေ ခေါင်းပုံဖြတ်ခံရတာတွေကိုသိလာပါတယ်…နောက်ပြီး Eva တို့သန့်ရှင်းရေးဝန်ထမ်းတွေဟာ ဟိုတယ်ကတိုက်ရိုက်ခန့်အပ်ထားတဲ့လခစားဝန်ထမ်းတွေမဟုတ်ပဲ တဆင့်ခံကုမ္ပဏီကတဆင့်ပြန်ခန့်အပ်ထားတာဖြစ်တဲ့အတွက် ငွေပေးနှုန်းကလည်းအရမ်းကိုနည်းနေပါတယ်… လအလိုက်ပေးတာမဟုတ်ပဲ အခန်းအလိုက်ပေးတာမို့လို့ပါ….တဆင့်ခံဝန်ထမ်းတွေဖြစ်တဲ့အတွက် ပုံမှန်ဝန်ထမ်းတွေလိုခံစားခွင့်တွေမရကြပါဘူး….နေမကောင်းရင်တောင်ခွင့်ယူလို့မရဘူး…ခွင့်ယူလိုက်တဲ့ရက်ဟာပိုက်ဆံမရတော့ဘူး…အခြားဝန်ထမ်းတွေကညစာစားပွဲမှာစားသောက်နေကြချိန်မှာ သူတို့ကတော့သန့်ရှင်းရေးလုပ်ဖို့ထိုင်စောင့်နေကြရတယ်….ဒီလိုနဲ့ဖိနှိပ်မှုတွေ၊အဆင်မပြေမှုတွေကြားမှာ Eva ရဲ့မိတ်ဆွေတွေလည်းတဖြေးဖြေးနဲ့ဆန္ဒပြပွဲထဲပါလာခဲ့ပါတယ်….အဲ့ဒီတော့ဘယ်လိုဆက်ဖြစ်သွားမလဲ…Eva ရောဆန္ဒပြပွဲထဲပါလာမလား…သူတို့ရဲ့ဆန္ဒပြပွဲကရောအောင်မြင်သွားမလားဆိုတာကိုတော့ဆက်လက်ကြည့်ရှူကြပါခင်ဗျာ…. File size…(1.7 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

0 2024
Striking The Palace / Petites Mains
Lampir
6.2

Lampir (2024) IMDb Rating (6.2) အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။ သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာ ဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။ အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။ မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:37:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.2 2024 97 mins
Lampir
Crown of Shadows
5

Crown of Shadows (2025) Game of Thrones၊ The Witcher တို့လို ဒဏ္ဍာရီလာဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများအတွက် နဂါးတွေ၊ ရှေးခေတ်နတ်ဘုရားတွေ၊ မှော်ပညာတွေ ပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားလာပါပြီ။ မောင်နှမအချင်းချင်း သစ္စာဖောက်မှု၊ ကြောက်စရာကောင်းတဲ့အာဏာရှင်စနစ် ရှေးခေတ်ကနတ်ဘုရားကိုးကွယ်မှုများ စတဲ့ အရာတွေကို စုံလင်စွာ ကြည့်ရှုရပါမယ့်။ ဘုရင်မ Ginnarra ဟာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာရဖို့အတွက် အဖေအရင်းဖြစ်တဲ့ ဘုရင်ကြီးကို ရက်ရက်စက်စက်သတ်ပြီး အစ်ကိုဖြစ်သူ မင်းသား Elderon ကို ထီးနန်းမှနှင်ထုတ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အကြင်နာကင်းမဲ့တဲ့ ဘုရင်မတစ်ပါးဖြစ်ပြီး သူမအုပ်ချုပ်နေချိန်မှာ Aberon နိုင်ငံတော်ကြီးဟာ အသူရာနတ်ဘုရားတွေရဲ့ ခြယ်လှယ်မှုနဲ့အတူ အုတ်အော်သောင်းနင်းဖြစ်နေပါတယ်။ ထီးနန်းကနေ နှင်ထုတ်ခံလိုက်ရတဲ့ အစ်ကိုတော် မင်းသား Elderon က ဘုရင်မကို ပုန်ကန်ဖို့ကြိုးစားနေတဲ့ တပ်ဖွဲ့တစ်ခုနဲ့ ပူးပေါင်းမိပြီး နန်းတော်ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။ မင်းသား Elderon ကို အသက်ဘေးကနေ အကြိမ်ကြိမ်ကယ်တင်ပေးပြီး နောက်ကွယ်ကနေ အကူအညီတွေ ပေးနေခဲ့တာကတော့ နဂါးတစ်ကောင်ပဲဖြစ်ပါတယ်။ အဲ့ဒီနဂါးက ဘာလို့ မင်းသား Elderon ကို ကူညီပေးနေရတာလဲ ? တော်လှန်ရေးတပ်တွေရဲ့အကူအညီနဲ့ သူ့ညီမကို နန်းချနိုင်ပါ့မလား ? သူ့ကိုကူညီပေးနေတဲ့တပ်ဖွဲ့ထဲမှာ ရှိနေတဲ့ သစ္စာဖောက်ကရော ဘယ်သူဖြစ်နေမလဲ ? နောက်ဆုံးမှာ Aberon နိုင်ငံတော်ကြီးကို အုပ်ချုပ်မယ့်ဘုရင်က ဘယ်သူဖြစ်လာမှာလဲ ဆိုတာကို The Crown of Shadows ရုပ်ရှင်ကားကြီးမှာ ကြည့်ရှုလိုက်ကြပါအုံး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (3.2 GB) / (1.7 GB) Quality…. WEB-Rip 1080p / 720p Format…. mp4 Genre…. Fantasy Duration…. 02:22:51 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

5 2025 144 mins
Crown of Shadows