YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

sons.of.anarchy.s06e09.1080p.(CM).mp4

1.42 GB 1080p video/mp4 80 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stay Out of the Basement
3

“မြေအောက်ခန်းနဲ့ ဝေးဝေးနေ”ဆိုတဲ့ စကားကိုနားထောင်ဘဲ လျှာရှည်မိရင်တော့ ခြောက်ခံရမှာပဲ မက်ကန်ဇီဆိုတဲ့ ၁၄နှစ်အရွယ်ကောင်မလေးက သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ပြောင်းခင်းထဲကို တစ်ယောက်တည်းသွားကြည့်ခဲ့ရာကနေ သူ့နောက်ကို တစ်ယောက်ယောက်လိုက်လာတယ်လို့ ခံစားလာရပါတော့တယ်။ အဲဒီနောက်မှာတော့ သားအမိနှစ်ယောက်နေတဲ့အိမ်မှာ ကလေးထိန်းသွားလုပ်ဖို့ အကြောင်းဖန်လာရင်းကနေ အဲဒီ အိမ်က ပုံမှန်မဟုတ်ဘူးဆို သိလာရပါတော့တယ်။ အိမ်ရှင်မိန်းမကြီးက မြေအောက်ခန်းထဲမသွားဖို့ပြောထားတဲ့ကြားက စပ်စုလိုက်မိတဲ့အခါ ... အဲဒီအိမ်မှာလည်း သဘာ၀လွန်ဖြစ်ရပ်တွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့... ပြောင်းခင်းထဲမှာတွေ့ခဲ့တဲ့အရာကြီးနဲ့ ဒီအိမ်နဲ့က‌ ဘယ်လိုဆက်စပ်နေတာလဲ? အိမ်ရှင်သားအမိကရော ဘာတွေလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက ဝူးဝါးရှူးရှား jumpscareကြီးတွေနဲ့ အတင်းဖြဲခြောက်တာမဟုတ်တာကြောင့် ညဘက်နားကြပ်လေးတပ် background musicကို သေချာလိုက်ခံစားပြီး တစိမ့်စိမ့်ကြောက်ရမဲ့ကားမျိုးပါ။ File size…(1.2 GB)/(530 GB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:12:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Comedy • Drama
3 2023 72 mins
Stay Out of the Basement
Denard: Anatomy of an Antihero

Anatomy of Time (2021) နာမည်နဲ့လိုက်အောင်ကိုပဲ ဒီကားရဲ့ အချိန်စဉ်တွေက ဟိုတစ်စ ဒီတစ်စဆိုသလိုဖြစ်နေတယ်။ အဖြစ်အပျက်စဉ်အလိုက်တော့မဟုတ်ဘူး ဒါပေမဲ့ အချိန်ကာလအားဖြင့်တော့ ၂ခုကို သုံးထားတယ်။ မိန်းမတစ်ယောက်ရဲ့ အပျိုဘဝနဲ့ အဘွားကြီးဖြစ်သွားတဲ့အချိန်ပေါ့။ ဒီနေရာမှာ သူက ဒီအမျိုးသမီးရဲ့ ငယ်ဘဝကို ပုံဖော်တဲ့နေရာမှာ အရောင်တွေစိုစိုပြည်ပြည်သုံးထားသလို ခန္ဓာလှုပ်ရှားပုံဖော်မှုတွေကအစ ရမ္မက်နဲ့သိချင်စိတ်ကို မြင်နေရတယ်။ တော်တော်လေးသိသိသာသာပါပဲ။ ဒါတော့ ဒီထိုင်းဒါရိုက်တာရဲ့ အားသာချက်လို့ပြောရမလား မင်းသမီးရဲ့သရုပ်ဆောင်စွမ်းကိုပဲ ချီးကျူးရမလားပါပဲ။ နောက် သူ့အဖေက နာရီပြင်ဆရာဖြစ်သလို ဒီကားရဲ့ အပြတွေရဲ့ ဖြည့်စွက်မှုတစ်ခုလိုဖြစ်နေတဲ့ အရှေ့တိုင်းဖလော်တွေကို ပြောသွားတဲ့လူပေါ့။ ဒီဇာတ်ကောင်ကို တည်ဆောက်ထားတာ တော်တော်ဝေဝါးပေမဲ့ သူ့ထည့်ချင်တဲ့အဖြည့်တစ်ခုနဲ့ ပဟေဠိတစ်ခုကို ထည့်ပေးနိုင်တဲ့ ဇာတ်ကောင်လို့မြင်ရတယ်။ နောက်ထပ်မြင်ရတဲ့ ဇာတ်ကောင်က မင်းသမီးရဲ့ ယောက်ျားဖြစ်လာမယ့်သူတစ်ဖြစ်လဲ ဖြစ်နေတဲ့သူတစ်ဖြစ်လဲ စစ်ခေါင်းဆောင်တစ်ယောက်။ သူလည်းမထူးဘူးပြောရမလိုလိုပဲ ။ သူ့မကောင်းမှုတွေများတာကို သိရပေမဲ့ အဲဒီမကောင်းမှုတွေက ဘယ်လောက်ထိတာသွားသလဲတော့ ရေရေရာရာပြမသွားဘူး။ ဒါတော့ သူ့အပြအပိုင်းပေါ့။ သူ့ခေတ်က ထိုင်းနိုင်ငံရဲ့ အာဏာရှင်စနစ်နဲ့ ကွန်မြူနစ်သူပုန်တွေကြားက တင်းမာမှုတွေရှိခဲ့တဲ့ ဆိုးဆိုးရွားရွားခေတ်တစ်ခုမှာတည်ထားတယ်။ တိုင်းပြည် ဒုက္ခဝေတဲ့ခေတ်ပေါ့။ ဒီကားရဲ့ အဓိကပုံဖော်မှုဟာ ခေတ်ရယ် သူ့ဖလော်အတိုင်း အကျိုးအဆက်ရယ်လို့တော့ ထင်သာမြင်သာရှိနေတယ်။ ခုနဇာတ်ကောင်တွေအားလုံးဟာလည်း အချိန် နိုင်ငံနဲ့ လူတွေကို ကိုယ်စားပြုထားတဲ့ ဇာတ်ကောင်တွေလို့လည်း မသိမသာတော့ ပုံပေါ်နေတယ်။ ဘာအကြောင်းလဲမေးလာရင်တော့ ခေတ်ပျက်ကြီးတစ်ခုပေါ့ အဲဒီထဲကလူတွေပေါ့။ အဲဒီထဲက အမိနိုင်ငံတစ်ခုပေါ့။ နောက်ပြီးတော့ အဲဒီအရာတွေအားလုံးကို တိုက်စားသွားတဲ့အချိန်ပေါ့။ အဲဒီလူတွေရဲ့မကောင်းမှုတွေကိုလည်း အချိန်အဆက်ဆက်ကိုဖြတ်ပြီး အဲဒီနိုင်ငံကြီးက မစွန့်မပစ် ထွေးပိုက်ထားတုန်းပဲ။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9GB | 946MB | 468MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sandaku Encoder ..... Aaron

Action • Adventure • Drama • Romance
0 2021 80 mins
Denard: Anatomy of an Antihero
Holes
6.8

CM ပရိသတ်တွေအတွက် 2003 တုန်းက ထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့ မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် "လေး" (Shia LaBeouf) ဟာ သူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့ ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။ တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေ သူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက် ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကို အပို့ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲ ရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့ အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။ စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့ လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီး ငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီး ဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။ ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့ တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့ ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးက ပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။ လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့ ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်း ဟက်တာနောက်ကို လိုက်သွားခဲ့ပါ‌ တော့တယ်။ ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စ တန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရော လွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊ သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊ အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File size…  2.7 GB /  1.11 GB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 2h Genre .....  Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder….  Min Wai Translated by TMMT

Drama
6.8 2003 117 mins
Holes
Hot Blooded
6.6

လူမိုက်ဂိုဏ်းတွေကြားက အရှုပ်တော်ပုံတွေ၊ ရန်ပွဲတွေနဲ့ စီးပွားဈေးကွက် ယှဉ်လုမှုတွေအကြောင်း ရိုက်ကူးထားတဲ့ ကိုးရီးယား အက်ရှင် ဇာတ်လမ်း အသစ်လေး လာပါပြီ။ ဇာတ်လမ်းအညွှန်းလေးကတော့ ... ဟီဆုက သူဌေးဆွန်း ပိုင်တဲ့ ဘူဆန်မြို့ ခူအန်းမြို့နယ် ကမ်းခြေဘေးက မန်လီဂျန်းဟိုတယ်မှာ မန်နေဂျာ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ သူဌေးဆွန်းကလည်း သူ့ကို မနည်း ယုံကြည်ပြီး တစ်ခုခုဆို အမြဲ အကြံဥာဏ်ကောင်းတွေ ပေးတတ်ပါတယ်။ တစ်နေ့မှာ လူသတ်တရားခံဖြစ်ပြီး ထွက်ပြေးသွားတဲ့ ယုံးဂန်းဆိုတဲ့သူ ပြန်ရောက်လာပြီး သောင်းကျန်းတာကြောင့် ဟီဆုတစ်ယောက် ခေါင်းစားလို့မှ မဆုံးသေးခင် သူ့သူဌေးဆွန်းနဲ့ တခြားသူဌေးတစ်ဦးရဲ့ လူမိုက်ဂိုဏ်း ရန်ပွဲထဲမှာ ကြားညပ်နေပြီဖြစ်ကြောင်း သိလာရတဲ့အခါ ... ကိုရီးယားတို့ ထုံးစံအတိုင်း အက်ရှင်ဇာတ်လမ်းကိုမှ ဒရမ်မာလေးတွေနဲ့ ကြည့်ရှုကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.1GB, 731MB & 351MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 59mins Genre : Action, Crime, Drama Translated by May Myat Thu Encoded by Kinnov

Action • Comedy
6.6 2022 119 mins
Hot Blooded
The Pirates: The Last Royal Treasure
6.7

ကဲ...အားလုံးမျှော်နေကြတဲ့ ပင်လယ်ဓားပြကားလေးကို CM ကနေ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီနော်။ cast တွေအနေနဲ့ Kang Ha Neul,Han Hyo Joo, Lee Kwang Soo, EXO's Sehun, Chae Soo Bin, Kwon Sang Woo ... စတဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေ ပါဝင်ထားတာမို့ စောင့်ကြည့်ဖို့ထိုက်တန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။ ဒီကားလေးက The Pirates:The Bandit Who Went To The Sea (2014) ရဲ့ အဆက်ဖြစ်ပေမယ့်လည်း plot ရော cast တွေရော မတူညီကြတာမို့ အရှေ့ကားမကြည့်ရသေးတဲ့သူတွေလည်း ဒီကားလေးကို တန်းကြည့်လို့ရပါတယ်နော်။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ သဲလွန်စမရှိဘဲ ပျောက်ဆုံးသွားတဲ့ ဂိုလျောတော်ဝင်မိသားစုရဲ့ ရတနာတွေကို လိုက်ရှာကြတဲ့ ပင်လယ်ဓားပြတွေရဲ့ စွန့်စားခန်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အက်ရှင်ခန်းတွေ အများအပြားပါဝင်လို့ ရင်သပ်ရှုမောဖွယ် ကြည့်ရမယ့်အပြင် comedy နဲ့ romance လေးပါ ပေါင်းစပ်ပါဝင်ထားတာမို့ ကြည့်ရှုသူတွေအတွက် စိတ်အပန်းပြေကြည်နူးစရာကောင်းနေမှာ အမှန်ပါပဲ။ ဒီလိုကားကောင်းလေးကို လက်မလွှတ်တမ်း အားပေးကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်နော်။ File Size          :  3.5GB, 1.6GB, 925MB & 535MB Quality            : 1080p WEB-DL 5.1CH, 720p WEB-DL, 544p & 480p Format            : mp4 Duration         : 2hr & 6mins Genre              : Action, Adventure Translated by  Hnin Ei Khine & Shoon Lwin Encoded by Kinnov

Comedy • Romance
6.7 2022 126 mins
The Pirates: The Last Royal Treasure
Catch the Fair One
6.5

အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပျောက်သွားတဲ့ ညီမလေးကိုလိုက်ရှာနေတဲ့ လက်ဝှေ့ဖိုက်တာမလေးတစ်ဦးရဲ့ စွန့်စားခန်းလေးကို ရင်တဖိုဖိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်ခိုင်မာသူဖြစ်ပါစေ ချစ်ရသူတွေကိုဆုံးရှုံးရတဲ့အခါ ပြိုလဲ ကြရတာပါပဲ။ ပရိသတ်အားပေးခံရတဲ့ လက်ဝှေ့သမတစ်ဦးဖြစ်တဲ့ K.O ဟာလည်း ချစ်ရတဲ့ညီမလေးပျောက်ဆုံးသွားပြီးနောက် ပြိုင်ပွဲတွေကို အာရုံမစိုက်နိုင်တော့ဘဲ ညီမကိုလိုက်ရှာနေခဲ့ပါတယ်။ ပိုက်ဆံစုပြီး သတင်းလိုက်ရာကနေ ညီမငယ်ကို ဖမ်း သွားတဲ့ဂိုဏ်းနောက်လိုက်ဖို့ သူ့ကိုယ်သူ လူမှောင်ခိုကူးခံရမယ့် ကောင်မလေးတစ် ယောက်အဖြစ် အသွင်ပြောင်းလိုက်ပြီးချိန်မှာတော့ . . . K.O တစ်ယောက် ဒုစရိုက် ဂိုဏ်းရဲ့ ခရီးကြမ်းတွေကြား အကြမ်းစားဖိုက်တင်းစကေးတွေနဲ့ ဘယ်လိုဖြတ်ကျော် မလဲဆိုတာကို ရင်တဖိုဖိုနဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်) File Size - (1.17 GB) / (456 MB) / (290 MB) Quality – WebDL 1080p / 720p/480p Duration - 1h 25mins Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Thriller Translator – Lwin Lwin Aung Encoder – SWM

Drama
6.5 2022 85 mins
Catch the Fair One
Little Dragon Maiden
5.9

CM chinese fan တွေအတွက်ကို အခုတစ်ခါ သဘာဝလွန် မိစ္ဆာနဲ့လူသားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ အချစ်ဆိပ်တက်တဲ့ နဂါးမိစ္ဆာခေါ် ရှောင်လုံနွီညီအစ်မ ၂ ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ…. လူနဲ့ မိစ္ဆာ ဘယ်သူက ပိုကြောက်ဖို့ကောင်းလဲ… ဘယ်သူကပိုရက်စက်လဲ… နောက်ပြီး လူနဲ့ မိစ္ဆာကြားက အချစ်ကို ဘာလို့ ကန့်သတ်ထားတာလဲ… ဒီလောကမှာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ… အချစ်က ဘာမလို့ ဒီလောက်တောင် တားဆီးနေကြတာလဲ… ဒီဇာတ်လမ်းလေးက အဖြေပေးပါလိမ့်မယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ အချစ်ဆိပ်တက်ပြီး လူ့ပြည်မှာပဲ တစ်သက်လုံးခေါင်းချဖို့ကြိုးစားနေတဲ့ အစ်မဖြစ်သူကို ပြန်ခေါ်ဖို့ လူပြည်လာခဲ့တဲ့ ရှောင်ပိုင် နဂါးဖြူမိစ္ဆာမလေး… လူ့ပြည်ရဲ့ အစားသောက်တွေကို နှစ်သက်လက်ခံလာရာကနေ ဟုန်ကျီဆိုတဲ့ ဘုန်းကြီးကျောင်းသားလေးပေါ်ပါ တဖြည်းဖြည်း မသိမသာ ရင်းနှီးလာခဲ့တယ်… ဒါပေမယ့် ဟုန်ကျီဟာ သာမန်ဘုန်းကြီးကျောင်းသားလေး မဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကြားက ခင်မင်မှုသံယောဇဉ်ဟာ ထင်သလောက် အဆင်မပြေခဲ့သလို… ရှောင်ပိုင် သူ့အစ်မကို ရှာတွေ့မှာလား နဂါးပြည်ကိုပြန်ခေါ်နိုင်မှာလား… ဒါမှမဟုတ် ဟုန်ကျီနဲ့ပဲ လူ့ပြည်မှာ အရိုးထုတ်သွားမလား… မိစ္ဆာနဲ့လူက တကယ်ပဲ နီးစပ်ခွင့်မရှိဘူးလားဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်တော့နော်…

Drama • Music
5.9 2022
Little Dragon Maiden
The Cuckoo’s Curse
5.6

The Cuckoo’s Curse (2023) ဒီတစ်ခေါက်က‌တော့ စပိန် Thriller, Mystery ရုပ်ရှင်အလှည့်ပါ။ အားလပ်ရက်ခရီးထွက်ခဲ့တဲ့ မက်နဲ့ ကိုယ်၀န်သည် အန်နာတို့လင်မယား ထူးဆန်းတဲ့အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတဲ့ Plot ဖြစ်ပါတယ်။ မက်က အာခီတက်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုပဲ ဦးစားပေးတဲ့သူပါ။ အန်နာကတော့ သားဖွားဆရာဝန်ဖြစ်ပြီး ကိုယ်တိုင်ကလည်း မကြာခင် မွေးတော့မှာမို့ အလုပ်က အနားယူရင်း အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ သူတို့ ခရီးထွက်တဲ့စိတ်ကူးကလည်း အဆန်းပါ။ Website မှာတွေ့တဲ့ ဂျာမန်လူအိုစုံတွဲနဲ့ အိမ်ချင်းလဲပြီး နေဖို့စီစဉ်ထားတာပါတဲ့။ စစရောက်လာချင်းမှာတော့ မက်တို့နေရတဲ့အိမ်ကြီးက ခေတ်မီအသုံး‌အဆောင်တွေနဲ့ အပျံစားမို့ သဘောအကျကြီးကျနေခဲ့တာပေါ့။ ဒါပေမဲ့ တစ်စတစ်စ မက်က အရင်နဲ့မတူဘဲ သူမဟုတ်သလိုတွေ လုပ်လာတဲ့အခါ… တစ်ဖက်မှာလည်း အန်နာတို့အိမ်မှာနေနေတဲ့ စုံတွဲက ထူးထူးဆန်းဆန်းတွေ လုပ်နေတာကို အိမ်နီးချင်းကမြင်ပြီး အကြောင်းကြားတဲ့အခါ… ဂျာမန်စုံတွဲလိုချင်တာက အိမ်လဲနေဖို့အပြင် ဘယ်လိုရည်ရွယ်ချက်ရှိနေတာလဲ… အကြောင်းစုံသိသွားတဲ့ အန်နာက ဒီကျိန်စာကနေ ဘယ်လိုလွတ်အောင်လုပ်မလဲဆိုတာ… ဆက်လက်ရှုစားပေးကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 885MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 43Min Genre – Fantasy, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.6 2023
The Cuckoo’s Curse
Madame Web

ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel’s Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။ မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ ဇာတ်လမ်းအကျဉ်း ကတ်စီ ဝက်ဘ် ဟာ အရေးပေါ်ကယ်ဆယ်ရေး ဆေးအကူဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ရင်း ရေထဲကျသွားပြီး နှလုံးရပ်သွားပါတယ်။ နှလုံးပြန်နိုးလာပြီး အသက်ရှင်လာချိန်မှာတော့ အနာဂတ်ရဲ့ဖြစ်ရပ်တွေကို ဖြတ်ခနဲ ဖြတ်ခနဲ မြင်နေရပြီးကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင့်ကူအစွမ်းတွေရှိနေတဲ့ အီဇီကီရယ်ဆိုတဲ့လူကလည်း သူ့အနာဂတ်ကို ကြိုမြင်နိုင်နေပြီး အနာဂတ်မှာသူ့ကိုသတ်မဲ့ ပင့်ကူမယ် ၃ ယောက်ကို ဆယ်ကျော်သက်ဘဝမှာလိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီ ကလေးမ သုံးယောက်ကို ကတ်စီဝက်ဘ်က အီဇီကီရယ် လက်ထဲက‌နေ ဘယ်လို ကယ်တင်ပြီး ပြန်တိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။ ဘယ်လိုတိုက်တိုက် Sydney Sweeney နဲ့ Dakota Johnson တို့တိုက်မှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။ 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။ File size…(4.5 GB)/(1.4 GB)/(1 GB) Quality….WEB-DL 4K HEVC/ 1080p / 720p Format…mp4 Duration….01:56:00 Genre…Action, Adventure, Sco-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung, Thit San Khant Translated by Mr. Anderson

TV Movie • Comedy • Drama • Romance
0 2024 117 mins
Madame Web
Formed Police Unit
6

ဒီနေ့မှာတော့ ပြည်သူ့အချစ်တော် ဝမ်ရိပေါ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အကျိုးပြု ပေါ်လစီကားတစ်ကားနဲ့ ထပ်ပြီး ဖန်သားပြင်ရှေ့ရောက်လာပြန်ပါပြီ… ဒီတစ်ခေါက် ကားလေးကတော့ Formed Police Unit တဲ့.. ကဲ ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်တော့ တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်နေတဲ့ Santa Leonneမှာ လူမျိုးတုံး သတ်ဖြတ်မှုအထိ ကြုံတွေ့နေရလို့ UN ရဲ့ အကူအညီကို တောင်းခံတာကြောင့် တရုတ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးရဲအဖွဲ့ဟာ သူတို့တာဝန်ကို ထမ်းဆောင်ဖို့ ရောက်လာခဲ့တာကနေ စတာပေါ့.. အတိုက်အခံခေါင်းဆောင် အာမီအာကို ရုံးတော်တင်နိုင်ခဲ့ပေမယ့် သက်သေမစုံတာကြောင့် စီရင်ချက်မချနိုင်သေးတဲ့အနေအထားပေါ့… တစ်ဖက်မှာလည်း ခေါင်းဆောင်အာမီအာဟာ လွှတ်တော်အမတ်တို့ရဲ့ ခြစားမှုနဲ့ လူဖြူတွေရဲ့ အတိတ်က လုပ်ရပ်ကိုပဲ ဖိပြောနေခဲ့တာပေါ့.. လိုတိုရှင်းပြောရရင်တော့ “All lives are equal and justice knows no borders.” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သက်စွန့်စံဖျား ကြိုးစားပြီး အမျိုးမတူ ဘာသာမတူ အသားအရောင်မတူတဲ့သူတွေကို တရုတ်ရဲအဖွဲ့က ကယ်တင်ခဲ့ကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးပါပဲ…

Romance • Comedy
6 2024
Formed Police Unit
The Two Faces of January
6.2

January ဆိုတဲ့စကားလုံးဟာ မျက်နှာနှစ်ဖက်ရှိတဲ့ ဂရိနတ်ဘုရား Janus ကိုအစွဲပြုပြီး ခေါ်ဝေါ်တယ်ဆိုတာ သိပါသလား။ ဒီရုပ်ရှင်ဟာ ဆန့်ကျင်ဖက်နှစ်ခု ဒွန်တွဲ တည်ရှိနေခြင်းကို ကိုယ်စားပြုတဲ့ နတ်ဘုရား Janus ကို ကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။ ဂရိနိုင်ငံမှာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်နေတဲ့ လူလိမ်ပေါက်စ ရိုင်ဒယ်လ်ဟာ တစ်နေ့မှာ လူကုံထံဇနီးမောင်နှံ နှစ်ဦးနဲ့ တွေ့ရှိခဲ့တယ်။ တိုင်းတစ်ပါးမှာ လာဆုံတဲ့ အမေရိကန်သားချင်းအနေနဲ့ သူတို့ ၃ ဦးဟာ အချိန်တိုအတွင်း ခင်မင်သွားကြတော့တယ်။ ဒါပေမဲ့ ခမ်းနားမှု မျက်နှာဖုံးကွာကျသွားတဲ့အချိန်ရိုင်ဒယ်လ်ဟာ လူကုံထံလင်မယားထဲက ခင်ပွန်းဖြစ်သူရဲ့ ရာဇဝတ်မှုကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ…. အထက်တန်းဆန်ဆန် ဇာတ်လမ်းနောက်ခံနဲ့ အံ့ဩမှင်သက်စေမဲ့ ရှုခင်းတွေ၊ အချစ်နဲ့ အန္တရာယ်ကြားက စွန့်စားမှုတွေကို ကြည့်ရှုနိုင်မဲ့ ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…1.20GB / 596MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 36m Genre ….. Crime , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

6.2 2014 96 mins
The Two Faces of January
Jurassic Invasion
5.7

သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် နောက်ထပ် သိပ္ပံကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လီဝေက ဇီဝဗေဒနဲ့သိပ္ပံပညာမှာ အရမ်းထူးချွန်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမဲ့ D-TACH ကုမ္ပဏီကို ရောက်ပြီးကတည်းက ကမ္ဘာဦးသက်ရှိ‌တွေနဲ့ မျိုးရိုးဗီဇပေါင်းစပ်ခြင်း စမ်းသပ်ချက်တွေအမြဲလုပ်နေပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။ သူ့ရဲ့စမ်းသပ်ချက်တွေမှာ ပြဿနာမရှိဘူးလို့သူထင်ပေမဲ့ စမ်းသပ်ချက်တိုင်းက ကျရှုံးနေတော့ သံသယဝင်စရာဖြစ်လာပါတယ် ။ အဲဒီအချိန်မှာပဲ နိုင်ငံတော်ရဲ့ ဇီဝသက်ရှိမျိုးစိတ်များကာကွယ်ရေးဌာနကနေ တရားမဝင်စမ်းသပ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကြောင့် လာရောက်စစ်ဆေးချိန်မှာတော့… ပြဿနာတစ်ခုလုံးရဲ့ အရင်းအမြစ်ကိုရှာတွေ့သွားပါတော့တယ် ။ လီဝေတစ်ယောက် စမ်းသပ်ချက်တွေမအောင်မြင်ရတဲ့နောက်ကွယ်က အမှန်တရားကဘာဖြစ်နေမလဲ ? မျိုးရိုးဇဗီဇပေါင်းစပ်ပြီး အသွင်းကူးပြောင်းစေတဲ့ တရားမဝင်စမ်းသပ်ချက်ဆိုတာကရော ဘယ်လိုကိစ္စမျိုးဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံး

5.7 2024
Jurassic Invasion
Dark Night of the Soul

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Drama, Mystery အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမိုင်းမတင်မီခေတ်က ကမ္ဘာကြီးပေါ်မှာ ကူးစက်ရောဂါဗိုင်းရပ် တွေရှိခဲ့ပါတယ်။ အဆိုပါ ဗိုင်းရပ်တွေဟာ ရေခဲခေတ်နဲ့အတူ ဝင်ရိုးစွန်းဒေသတွေရဲ့ ရေခဲဆောင်ကြီးတွေထဲမှာ အေးခဲပြီး ပိတ်မိနေခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရေခဲဆောင်တွေ အရည်ပျော် လာတဲ့အခါမှာတော့ ရှေးဟောင်းဗိုင်းရပ်တွေကလည်း လူသားတွေကို ကူးစက်လာပါတော့တယ်။ အဲလက်စ်ဆိုတဲ့ ထူးချွန်တဲ့ သိပ္ပံပညာရှင်ဟာ ဒီဗိုင်းရပ်ကို ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ အသက်ကလည်း သူမအပေါ်မှာ မူတည်နေပါပြီ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူသူမရှိတဲ့ဒေသမှာ ကားမတော်တဆမှုဖြစ်ပြီး ခြေထောက်ကလည်း ညပ်မိနေတာကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ဗိုင်းရပ်ကြောင့် စတင်ဖြစ်ပေါ်လာတဲ့ ကပ်ဆိုးကြီးနဲ့ အစပြုထားပေမဲ့ ဇာတ်လမ်းတစ်လျှောက်မှာတော့ အဲလက်စ်ရဲ့ အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေကို တင်ဆက်ထားတာပါ။ ကားထဲမှာ ပိတ်မိနေရင်း သေလုမျောပါးဒဏ်ရာကြောင့် ထင်ယောင် ထင်မှားဖြစ်နေတဲ့ အတွေးစတွေကို တင်ဆက်ထားပြီး တာဝန်ဝတ္တရား ၊ ရွေးချယ်မှု၊ အကျိုးဆက်နဲ့ ငယ်ဘဝစိတ်ဒဏ်ရာတွေကို မေးခွန်း ထုတ်သွားခဲ့ပြီး ကြည့်ရှုသူပရိသတ်ကိုပါ ကြည့်ရင်းနဲ့ အတွေးစထဲ မျောသွားစေမဲ့ ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။ အဲလက်စ် တစ်ယောက် ရှင်သန်ကျန်ရစ်နိုင်ခဲ့မလား၊ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကရော ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ။ File size… (1.48GB) / (667MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Crime • Drama • Thriller • Horror
0 2024 81 mins
Dark Night of the Soul
We Will Not Fade Away
7.3

We Will Not Fade Away (2024) IMDb Rating (7.3) ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကားဟာ ဇာတ်ညွှန်းရေးပြီးရိုက်ထားတဲ့ ဇာတ်ကားတစ်ကားမဟုတ်ပါဘူး။ တကယ်အပြင်မှာဖြစ်နေတဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ Documentary အမျိုးအစားဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာဆိုရင် အရှေ့ယူကရိန်းဒေသဖြစ်တဲ့ ဒွန်းဘတ်စ်ဒေသက လူငယ်ငါးဦး (အန်ဒရီ၊ လီရာ၊ လီဇာ၊ အီလီရာ၊ ရတ်စ်လန်) တို့ရဲ့ နေ့စဉ်ဘဝ၊ စစ်အန္တရာယ်အောက်မှာ ဖြတ်သန်းနေရတဲ့ အသက် ၁၅-၁၇ နှစ်အရွယ် လူငယ်တွေကြားက အိပ်မက်နဲ့ လွတ်မြောက်လိုတဲ့ စိတ်ဆန္ဒတို့ကို ဖော်ပြထားပါတယ်။ သူတို့ဆီကို မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာစေတဲ့အရာကတော့ ဟိမဝန္တာတောင်တက်ခရီးစဉ်ပဲဖြစ်ပါတယ်။ ပွဲစီစဉ်သူဖြစ်တဲ့ ဗလက်တင်း ချေဟာဘတ်ချို့ဟာ စစ်ဖြစ်နေတဲ့ဒေသက လူငယ်တွေကို စစ်ပွဲအခြေအနေကနေ ကွာဝေးအောင်ဖန်တီးပြီး ငြိမ်းချမ်းမှုတစ်ခုရအောင်၊ စိတ်ကူးအိပ်မက်တွေကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် non-formal education program တစ်ခုအနေနဲ့ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ရက်သတ္တပတ်လောက်ပဲကြာတဲ့ခရီးစဉ်ဆိုပေမယ့် သူတို့တွေအတွက် ဘဝရဲ့အဓိပ္ပာယ်ကို သေချာသိမြင်လာပြီး ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေဆီ ရောက်အောင်သွားဖို့ အားအင်တွေထပ်ဖြစ်စေခဲ့ပါတယ်။ စစ်ပွဲနောက်ခံလေးကိုလည်း ရှင်းပြချင်ပါတယ်။ ဒွန်းဘတ်စ်ဒေသမှာ မငြိမ်သက်မှုတွေစတင်ခဲ့တာကတော့ ၂၀၁၄ ခုနှစ်ကတည်းကပါ။ ပထမဦးဆုံးစဖြစ်တာကတော့ ရုရှားက ခရီမီးယားဒေသကို သိမ်းပိုက်ပြီးနောက်မှာ ယူကရိန်းနိုင်ငံထဲက ဒေါ်နက်စ်နဲ့ လူဟန်စစ်ခ်ဒေသတွေမှာ ရှရှားကို ထောက်ခံပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ယူလိုတဲ့ ခွဲထွက်ရေးသမားတွေက လက်နက်ကိုင် ထကြွသောင်းကျန်းလာပါတယ်။ နယ်မြေပြန်လည်ထိန်းသိမ်းချင်တဲ့ ယူကရိန်းနဲ့ ရှရှားအထောက်အပံ့ခံ ခွဲထွက်ရေးသမားတွေရဲ့ အပြန်အလန်တိုက်ခိုက်မှုတွေကြောင့် ဒွန်းဘတ်စ်ဒေသဟာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့အခြေအနေတွေပိုဆိုးဝါးလာပြီး ယူကရိန်းနဲ့ ရှရှား စစ်ဖြစ်သည်အထိ ဖြစ်လာခဲ့ပါတယ်။ ဒီထဲမှာဆိုရင်တော့ စစ်ရဲ့ အနိဌာရုံတွေ၊ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေ၊ အသက်အိုးအိမ်ပျက်ဆီးမှုနဲ့ လူငယ်တွေ ပန်းကောင်းအညွှန့်ကျိုးမှုတို့ကိုပါ တွေ့မြင်ရမှာပါ။ ကျွန်တော်တို့နိင်ငံရဲ့လက်ရှိအခြေအနေနဲ့လည်း ထပ်တူကျတာမို့ ကြည့်ရှုပြီးတဲ့နောက်မှာ အတွေးအမြင်တစ်ခုတော့ ရရှိလာစေမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary,War Duration….01:40:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ZMT

Action • Thriller • History • War
7.3 2024 100 mins
We Will Not Fade Away