YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sons.of.Anarchy.S03E01.EXTENDED.1080p.(CM).mp4

1.48 GB 1080p video/mp4 104 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Dark Knight Rises
7.8

IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေထင်နေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထပ် ရန်သူတစ်မျိုးက Gotham ကို နှောက်ယှက်ဖို့ ပြင်ဆင်နေပါတယ်။ တစ်ဖက်မှာ Bane (Tom Hardy) က CIA က ထိန်းသိမ်းထားတဲ့ Nuclear Physicist တစ်ယောက်ကို ဖမ်းခေါ်သွားသလို၊ Selina Kyle (Anne Hathaway) (ကာတွန်းထဲမှာ Catwoman) ကလည်း Bruce Wyane ရဲ့ အိမ်မှာ Harvey Dent အမှတ်တရပွဲလုပ်နေတုန်း ခိုးဝင်ပြီး Bruce အမေရဲ့ လည်ဆွဲကိုခိုးသွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဓိက ပစ်မှတ်က Bruce ရဲ့ လက်ဗွေ ဖြစ်ကြောင်း Bruce က ရိပ်မိသွားပြီး စုံစမ်းမှုတွေပြု လုပ်ခဲ့ပါတယ်။ Selina က Bruce ရဲ့ လက်ဗွေကို ခိုးပြီးတဲ့နောက်မှာ ပါတီပွဲက Congressman တစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားပြီးတော့ လက်ဗွေကိုခိုးခိုင်းတဲ့ သူနဲ့တွေ့ဖို့အတွက် ခေါ်သွားခဲ့ပါတယ်။ ဒါကို Gordon တို့လိုက်ရှာရာကနေ Gordon တစ်ယောက် အဖမ်းခံရပြီး Bane နဲ့တွေ့ခဲ့ပါတယ်။ Bane က Gotham မြိ့ုက မြေအောက် မြောင်းတွေထဲမှာ တပ်စွဲထားတာ ကိုတွေ့လိုက်ပြီး Gordon တစ်ယောက် ကိုယ်လွတ်ရုံးပြေးနိုင်ခဲ့ပါတယ်။ နောက်တစ်ဖက်မှာ Robin John Blake (John Blake လို့ပဲ တစ်ကားလုံးသုံးသွားခဲ့ပါတယ်။) ဆိုတဲ့ ရဲအရာရှိတစ်ယောက်က Gordon ကိုရှာတွေ့သွားပြီးဆေးရုံကိုပို့ပေးခဲ့ပါတယ်။ John Blake ဆိုတဲ့ Character ကို ဒါရိုက်တာက Robin သဘောနဲ့ထည့်ပေးတာဖြစ်ပြီး၊ Batman နဲ့ Robin ဆိုတဲ့ပုံစံကို သွယ်ဝိုက်ပြီးထည့်ပေးထားတာဖြစ်ပါတယ်။ Christopher Nolan က Robin ကို ကာတွန်းထဲကလို ကလေး တစ်ယောက် ထည့်ပေးရင် ယုတ္တိမရှိဘူးလို့ ယူဆတာရယ်၊ Batman & Robin ဇာတ်ကားက လူကြီး Robin ကို ပရိတ်သတ်တွေမကြိုက်တာရယ်ကြောင့် ရဲအရာရှိတစ်ယောက် အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။ ဒီနေရာမှာ Bane ရဲ့ ဇာတ်ကြောင်းကို Alfred က Bruce ကိုပြောပြပါတယ်။ Batman Begins မှာတုန်းက Batman ကိုပညာသင်ပေးခဲ့တဲ့ Ra's Al Ghul ရဲ့ တပည့်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ Bane က မြေအောက်အကျဉ်းထောင်ထဲမှာ မွေးခဲ့တာဖြစ်ပြီး၊ အစပိုင်းတုန်းက Bane ကို Ra's Al Ghul ရဲ့ သားလို့ Batman က ထင်ခဲ့ပါတယ်။ Bane ရဲ့ အဓိက ရည်ရွယ်ချက်က ပထမဆုံးဇာတ်ကားက Ra's Al Ghul ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Gotham ကို ဖျက်စီးဖို့ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလည်း၊ Batman ကရော Gotham မြိ့ုကိုဘယ်လို ကယ်တင်မလည်းဆိုတာ စိတ်ဝင်စား၊ စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။ Batman Begins, The Dark Knight, The Dark Knight Rises သုံးကားစလုံးက သမိုင်းမှာအကောင်းဆုံး Superheros ဇာတ်လမ်းတွဲ အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သလို၊ ဒီသုံးကားက ပရိတ်သတ်တွေ ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားကောင်းသုံးကားဆို တာ အငြင်းပွားစရာမှရှိနိုင်ပါဘူး။ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး၊ Sex Scene တစ်ခန်းပါပေမယ့် Explicit မဖြစ်ပါဘူး။ မိသားစုတူတူ ကြည့်ရှုနိုင်မှာဖြစ်သလို၊ အက်ရှင်ကားကြိုက် ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာပါ။ #Sololay (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြသည်။) 4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။ Batman:The Dark Knight Trilogy ဇာတ်ကား ၃ ကားလုံးကို https://channelmyanmar.org/?s=batman+dark+knight   မှာကြည့်ပါ။ File size…(5.8 GB)/(3 GB)/(1.1 GB) Quality….IMAX 4K  HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….02:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Romance
7.8 2012 165 mins
The Dark Knight Rises
Ben & Jody
6.1

ဘန်ကတော့ သူ့ရဲ့  မွေးရပ်ဇာတိလေးမှာပဲ အေးအေးလူလူနဲ့ ကော်ဖီလုပ်ငန်းလေး လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကုမ္ပဏီကြီးတစ်ခုက ဘန်တို့ ရွာသားတွေ လယ်သမားတွေရဲ့  မြေတွေကို အတင်းအဓမ္မ သိမ်းယူဖို့ ပြင်ဆင်နေတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဘန်က လယ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြ ဆန့်ကျင်ခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး ဘန် ကို ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေက ရိုက်နှက်ပြီး ဖမ်းဆီး ထားလိုက်ပါတော့တယ်။ ဘန်လိုပဲ အခြား ဖမ်းဆီး ရီုက်နှက်ခံရတဲ့ ရွာသားတွေကလည်း အများကြီး ... တစ်နေ့မှာတော့ ဘန် တစ်ယောက် သူ့ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲကို မရောက်လာလို့ ဆိုပြီး ဘန်ရဲ့ သူငယ်ချင်း ဂျိုဒီက ရွာကို လာပြီး အကျိုးအကြောင်း စုံစမ်းမေးမြန်းတော့မှ ဖြစ်ကြောင်းကုန်စင် သိသွားပြီး ဘန်နဲ့ အဖမ်းခံထားရတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ ... ဂျိုဒီတစ်ယောက် ဘယ်လိုစွန့်စားခန်းတွေလုပ်ပြီး ဘန်ကို ကယ်တင်မလဲ? အသက်ရှင်လျက် ကယ်ထုတ်နိုင်ပါ့မလား? ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 1.8GB, 755MB, 380MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 54mins Genre : Action, Adventure, Drama Translated by Moe Lay Encoded by Kinnov

Drama • Romance
6.1 2022 114 mins
Ben & Jody
The Shape of Water
7.2

Pan's Labyrinth ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Del Toro တစ်ဦးတည်းကပဲရိုက်ကူးခဲ့တဲ့ ဇာတ်ကားမို့ ဇာတ်လမ်း အပြင်အဆင် တွေ Effect အလန်းစားတွေအကြောင်းကိုတော့ သိပ်ပြီး စာဖွဲ့ပြနေစရာလိုမယ်မထင်ပါဘူး... ဒီဇာတ်ကားကို ၇၄ကြိမ်မြောက် ဗင်းနစ် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် မှာယှဉ်ပြိုင်ဖို့ရိုက်ကူးခဲ့တာဖြစ်ပြီး...အဲ့ဒီပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆု Golden Lion ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်...ေ နာက်ထပ် ဝေဖန်မှုတွေ Best Director,Best Picture,Best Screenplay,Best Actress အပါအဝင် မရေမတွက်နိုင်တဲ့ဆုပေါင်းများစွာကို လက်ခံရရှိထားကာအလွန်နာမည်ကြီးနေတဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရမှာပဲ... ဒီလို ကားမျိုးမှ မကြည့် ဘာသွားကြည့်မလဲ ဘာညာပေါ့နော်... ဇာတ်လမ်းအကျဉ်းပြောရရင်...ထူးထူးဆန်းဆန်း လည်ပင်းမှာ အမာရွတ်နဲ့ မြစ်နားက ကောက်ယူမွေးစားခံရတဲ့ မိဘမဲ့ကလေး အလိုင်စာ ဟာ စကားမပြောတတ်သူပါ... ပြဇာတ်ရုံရဲ့ အပေါ်ထပ်အခန်းမှား ငှားနေရတယ်ပေါ့ သူ့မှာလည်း သူငယ်ချင်းနှစ်ဦးတည်းရှိတယ်(သူတို့ဟာလည်း Best supporting ဆုတွေ ရရှိခဲ့) ကိတ်ဖုတ်တဲ့ကောင်လေးကိုကြိုက်နေတဲ့ အလိုင်စာ့ ရှေ့ခန်းက ဂေး အဖိုးကြီးတစ်ယောက်ရယ်... Secret Government Labခန်းမှာ အတူတူသန့်ရှင်းရေး အလုပ်လုပ်တဲ့ အာဖရိကန်ကပြား အဒေါ်ကြီးရယ် ဟာ အလိုင်စာ့ သူငယ်ချင်းတွေပါ... .တစ်နေ့မှာ Labခန်းထဲကို ပင်လယ်ထဲကဖမ်းလာတဲ့ ရေသတ္တဝါကြီးတစ်ကောင်ကို စပ်စပ်စုစု သွားချောင်းကြည့်မိတဲ့ အလိုင်စာတစ်ယောက် ရေသတ္တဝါကြီးအပေါ်သနားစိတ် ချစ်စိတ်ဝင်လာပါတယ်... ရေသတ္တဝါကြီးကိုလည်း အစိုးရက ခွဲစိတ်လေ့လာပစ်တော့မှာ ဖြစ်တဲ့အတွက် အလိုင်စာတစ်ယောက်ကယ်တင်မှ ဖြစ်ပါတော့မယ်... အလိုင်စာ ရဲ့ကယ်ဆယ်ရေး အလုပ်မှာ သူ့ မိတ်ဆွေတွေ ဘယ်လိုအားဖြည့် ကူညီကြမလဲ... ရေသတ္တဝါကြီး ကိုကယ်ပြီးတော့ရော ဘယ်လို ဆက်ပြီး စခန်းသွားကြတယ် ဆိုတာတွေကို ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်... သာမန်ဇာတ်အိမ်မျိုးက ခွဲထွက်ပြီး သရုပ်ဖော်တတ်တဲ့ ဒါရိုက်တာ Del Toro ရဲ့ ရိုက်ချက်အလန်းစားတွေနဲ့ "The Shape of water"ကို ပရိသတ်ကြီးတို့ပဲ ရှုစားပြီး အကဲဖြတ်ပေးကြပါဦး... (ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (987 MB) Quality : Blu-Ray 720p Running Time : 2h 3min  Format : Mp4 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source :720p.BluRay.x264-SPARKS Translated by May Thazin Myint Encoded by Thanhtike Zaw

Crime • Drama
7.2 2017 123 mins
The Shape of Water
Silk
6.4

IMDb – 6.4 / Rotten Tomatoes 40 % ခင်ဗျားတို့တစ္ဆေသရဲတွေရှိတယ်ဆိုတာယုံလား အကယ်၍ရှိခဲ့တယ်ဆိုရင် ဘယ်လိုဘယ်ပုံဖြစ်မယ်ထင်လဲ ၂၀၀၆ခုနှစ်မှာထွက်ရှိခဲ့တဲ့ Silk ဆိုတဲ့ထိုင်ဝမ်သိပ္ပံသရဲရုပ်ရှင်ဟာ ပရလောကကို ရှုထောင့်တစ်ခုကနေရိုက်ပြထားပါတယ်။ ကမ္ဘာ့ဆန့်ကျင်ဆွဲငင်အားကိုတီထွင်နိုင်ဖို့သုတေသနပြုနေတဲ့ ဂျပန်သိပ္ပံပညာရှင်ဟရှိမိုတို တစ်ယောက် မထင်မှတ်ထားဘဲ တစ္ဆေတစ်ကောင်ကိုဖမ်းမိခဲ့ရာက ဇာတ်လမ်းအစပြုပါတယ်။ဟရှိမိုတိုတီထွင်ထားတဲ့ မန်ဂျာတုံး(Manger Sponge)ဟာလျှပ်စစ်သံလိုက်လှိုင်းအလျားများစွာကိုဖမ်းယူနိုင်ပြီး ၃၁ဘုံမှ မမြင်အပ်သော ပြိတ္တာဘုံမှတစ္ဆေများကိုပါထိုးထွင်းမြင်နိုင်တယ်။ ဟရှိမိုတို၏အလိုအရတော့တစ္ဆေဆိုသည်မှာစွမ်းအင်ပုံစံတစ်မျိုးဖြစ်တယ်။ အမှုန်အမွှားအရွယ်အစားမန်ဂျာတုံးလေးများကိုစပရေးဖြန်း သလိုမျက်လုံးကိုဖြန်းလိုက်လျှင်သရဲတစ္ဆေများမြင်နိုင်သောတာတေ၏မျက်ကွင်းဆေးကဲ့သို့အလုပ်လုပ်ပါတယ်။ ဟရှိမိုတို၏အဖွဲ့သည်နိုင်ငံတကာမှသိပ္ပံပညာရှင်များဖြင့်ဖွဲ့စည်းထားသည်။ ဖွဲ့စည်းပြီး ၄နှစ်အကြာ တစ္ဆေတစ်ကောင်အားဖမ်းမိသောအချိန်၌ သဘောထားကွဲလွဲမှုများဖြစ်ကြသည်။ ပရလောကကိုသိပ္ပံ၏ကျိုးကြောင်းဆက်သွယ်မှုအမြင်ဖြင့် လက်ခံရှုမြင်ကြည့်သော၊ ခေါင်းမာသော ဟရှိမိုတိုသည်အဆိုပါတစ္ဆေ၏အဆုံးမရှိသောစွမ်းအင်ရင်းမြစ်ကို ရှာချင်သည်။ အခြားအဖွဲ့ဝင်များမှာအဆိုပါသဘောထားကိုသိပ်လက်မခံချင်ကြပေ။ ဖမ်းမိထားသော တစ္ဆေ၏ နောက်ကြောင်းရာဇဝင်များကိုဖော်ထုတ်ရင်း အမှတ်မထင်သောအလှည့်ပြောင်းများ ဖြစ်ကာ အဖွဲ့ဝင်များ၏အသက်အန္တရာယ်များကိုပါ ထိပါးလာခဲ့တယ်။ဇာတ်ခုံကန့်လန့်ကာကို ဆွဲလှန်ကြည့်ရင်း မထင်မှတ်ထားသည်များကိုတွေ့ရှိ၊မရည်ရွယ်သည်များဖြစ်ပွားကာ၊ ဝှက်သယ်ဖက်မိုးမန့်များအား ခံစားနိုင်ကြပါစေခင်ဗျာ။ File size…1.43 GB / 569.5 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ….. Horror , Mystery , Sif-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Mystery • Drama • Adventure
6.4 2006
Silk
Amityville Ripper

အမ်မတီဗေးလ်ဆိုတဲ့ နာမည်ကြီး horror ဝတ္ထုနဲ့ တစ်ချိန် အင်္ဂလန်မှာ ကျော်ကြားခဲ့တဲ့ Jack The Ripper (လူသတ်သမား ဂျက်) ကို ရောသမမွှေပြီး troll သဘောမျိုး ပြန်ရိုက်ထားတဲ့ ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ် တစ်ခုပြောချင်တာက ဒီကားက အပျော်တမ်းရုပ်ရှင်လိုမျိုး အပြောင်အပျက်တွေရိုက်ထားတာ ဖြစ်ပြီး အတည်တော့ ကြည့်လို့မရဘူးပေါ့… အတော်လေးတော့ ရယ်ရတဲ့ ကားလေးပါ ဇာတ်လမ်းအစမှာ ဂြိုဟ်သားယာဥ်ပျံ သတင်းတစ်ခု ပွက်လောရိုက်နေပြီး နယူးရီးယား ညမှာ Goth ကောင်မလေး…. (Goth ဆိုတာ အနက်ရောင်တွေဝတ်, အနက်ရောင်တွေဆိုးပြီး ဝိညာဥ်တွေ သေခြင်းတရားတွေကို စွဲလမ်းတဲ့ မိန်းကလေးကို ပြောတာပါ) မယ်ရီရန်နဲ့ သူငယ်ချင်းဖြစ်သူ အန်နီတို့ နယူးရီးယားညမှာ နာမည်ကြီး ကွင်းဆက်လူသတ်သမား (Jack The Ripper) ကို ဝိညာဥ်ပြန်ခေါ်မယ် လုပ်ကြတယ် မယ်ရီရန်ရဲ့ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေကလည်း သူတို့အိမ်မှာ ပါတီလုပ်နေကြပြီးတော့ ည ၁၂ နာရီကျ သူတို့ခေါ်လိုက်တဲ့ ဝိညာဥ်က အားလုံးကို လိုက်သတ်တဲ့ ဇာတ်လမ်းပေါ့ဗျာ ဒီဇာတ်လမ်းက comedy ဆိုတာထက် troll တာလို့ ပြောရင်ပိုမှန်မှာပါ… ဇာတ်ကားကလည်း တိုတယ်ဆိုတော့ ခဏလောက်တော့ အပျင်းပြေကြည့်လို့ရတာပေါ့ File size…(1.7 GB)/(807 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Horror • Drama • Fantasy
0 2023
Amityville Ripper
Above Suspicion
5.8

ရဲတွေ FBI တွေရာဇဝတ်မှုတစ်ခု နောက်ကိုလိုက်တဲ့အခါမှာ သူတို့အတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လိုချင်နေတဲ့ သတင်းတွေကို အသေးစိတ်ပြောပြပေးနိုင်မဲ့သတင်းပေးတွေပါပဲ။ အဲ့ဒီသတင်းပေးတွေကြောင့်ပဲ ဖော်ထုတ်နိုင်ခဲ့တဲ့ရက်စက် ကြမ်းကြုတ်တဲ့ ဒုစရိုက်မှုတွေဆိုတာလည်းမနည်းပါဘူး။ သတင်းပေးတွေက ရဲတွေကိုသတင်းပေးရာမှာ လျှို့ဝှက် သတင်းပေးရတာလည်းရှိသလို တရားရုံးမှာသက်သေထွက်ဆို ပေးရတဲ့အထိ လုပ်ပေးရတာတွေလည်းရှိပါတယ်။ သတင်းပေးတွေဖက်က အဲ့လိုသတင်းပေးရတဲ့ အကြောင်း ပြချက်တွေကလည်း မျိုးစုံရှိကြပါတယ်။အခုတင်ဆက်ပေးမဲ့ Above Suspicion ဆိုတဲ့အပြင်လောကက ဖြစ်ရပ်မှန်အကြောင်း အရာတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ အထက်မှာပြောခဲ့သလိုသတင်းပေးနဲ့ FBI အေးဂျင့်တစ်ယောက်ရဲ့ ကြားမှာ ဖြစ်ခဲ့တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို တွေ့ရ မှာပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ပိုက်ဗေးလ်မြို့မှာ နေထိုင်ခဲ့တဲ့ ဆူဇန်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ယိုယွင်းပျက်စီးနေတဲ့ ပိုက်ဗေးလ်မြို့ရဲ့စီးပွားရေးအကြပ် အတည်းတွေကို အံကြိတ်ပြီး ရှင်သန်နေရတဲ့ကွာရှင်းထားတဲ့ ကလေးအမေတစ်ယောက်ပဲဖြစ်ပါတယ်။သူတို့မြို့က ဘယ်လောက် ပျက်စီးနေလဲဆိုရင် ပိုက်ဆံရှာဖို့ အသုဘလုပ်ငန်းနဲ့ မူးယစ်ဆေး ရောင်းဝယ်တဲ့လုပ်ငန်း ၂ ခုပဲရှိတော့တဲ့အထိကိုဆိုးဝါးနေခဲ့တာပါ။ အဲ့ဒါတွေကြောင့်ပဲ ဒီမြို့ကနေထွက်သွားချင်တဲ့ သူ့ရဲ့ရည်မှန်းချက်က ဘယ်တုန်းကမှ မပြည့်၀ခဲ့သလို အရာရာပြည့်စုံတဲ့ယောက်ျား တစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ချင်တာကတော့ သူ့ရဲ့အိပ်မက်ကြီးတစ်ခုပါပဲ။အဲ့ဒီ အိပ်မက်တွေအားလုံးက တစ်နေ့မှာတော့သူတို့မြို့ကို FBI အေးဂျင့်မာ့ခ်ရောက်လာတဲ့အခါမှာ ပြည့်၀သွားသလိုခံစား လိုက်ရပါတယ်။အေးဂျင့်မာ့ခ်မှာ သားနဲ့မယားနဲ့ဆိုပေမဲ့ အဖက်ဖက်က ပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်မျိုးဖြစ်တဲ့ အတွက် ဆူဇန်အတွက်ရေငတ်နေချိန်ဝိုင်ချိုတွေ့လိုက်ရသလို အေးဂျင့်မာ့ခ်ကို တမ်းတမ်းစွဲဖြစ်ပြီး သတင်းပေးအနေနဲ့ ချဉ်းကပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်လာမယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.55GB / 660MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Action , Biography , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2019 104 mins
Above Suspicion
Kinderfanger

ဆွံ့အနားမကြားသင်တန်းကျောင်းဆရာမလေး အိုလီဗီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ အရင်းနှီးဆုံးသင်တန်းကျောင်းသား မားရ်ကပ်စ်ကို လိုက်ရှာရင်း ဝါးလေ့စ်ဆိုသူနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဝါးလေ့စ်နဲ့ တွေ့ဆုံမှုကနေတစ်ဆင့် ကလေးပျောက်တရားခံ “ပုလွေသမား” လို့ခေါ်တဲ့ ကြောက်စရာသတ္တဝါအကြောင်းသိခဲ့ရပြီး မားရ်ကပ်စ်ကိုပြန်ခေါ်ဖို့ အတူတူကြိုးစားခဲ့ကြပါတယ်။ “ပုလွေသမား”ဆီကနေ မားရ်ကပ်စ်ကို ကယ်နိုင်မလား၊ အိုလီဗီယာဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုနိုင်မယ့် ခပ်သွက်သွက် Horror ဇာတ်လမ်း‌လေးပါ။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

0 2023
Kinderfanger
Four Rooms
6.7

ဒီဇာတ်ကားလေးက ဟိုတယ်ဧည့်ကြိုကောင်လေး Ted တယောက်ရဲ့ နှစ်သစ်ကူးညမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးရိုက်ကူးထားတာပါ၊ ထူးခြားတာက ဒီဇာတ်ကားကို ဒါရိုက်တာ ၄ ယောက်ကရိုက်ကူးခဲ့တာဖြစ်ပြီး ဟိုတယ်အခန်း ၄ ခန်းမှာ Ted တယောက်ကြုံတွေ့ခဲ့ရတာတွေကို ပုံဖော်ထားတာပါ၊ ပထမအခန်းကတော့ နတ်ဘုရားတယောက်ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေတဲ့ စုန်းမတွေနဲ့ Ted တယောက်တွေ့ခဲ့ရတာပါ၊ အသက်ပြန်သွင်းဖို့အစီအရင်မှာ ပစ္စည်းတခုလိုအပ်နေခဲ့ပြီး ဒါကိုလည်း Ted ကဖြည့်ဆည်းပေးခဲ့ရပါတယ်၊ ဒုတိယအခန်းကတော့ ရန်ဖြစ်နေတဲ့လင်မယား၂ယောက်အခန်းပါ၊ Ted တယောက် ဒီရန်ပွဲထဲမှာ ကြားညှပ်ခဲ့ရပါတယ်၊ နောက်တခန်းကတော့ ဂန်းစတားတယောက်ရဲ့အခန်းဖြစ်ပြီး ဂန်းစတားရဲ့ သားနဲ့သမီးကို ထိန်းဖို့ဖြစ်လာရကနေ အခက်အခဲပေါင်းများစွာကို Ted တယောက်ထပ်ပြီးကြုံတွေခဲ့ရပါတယ်၊ နောက်ဆုံးအခန်းကတော့ ဟောလိဝုဒ်နာမည်ကြီးတယောက်ရဲ့ အခန်းဖြစ်တာမို့ Ted တယောက်သက်သာရာရပြီထင်ခဲ့ပေမယ့် နှစ်သစ်ကူးညကြုံတွေ့ရသမျှထဲမှာ အဆိုးဆုံးနဲ့ကြောင်တောင်တောင်အနိုင်ဆုံးကိစ္စကို ကြုံတွေ့ခဲ့ရပြန်ပါတယ်၊ဒီဇာတ်ကား‌က ဟိုတယ်တခုထဲမှာပဲ ဖြစ်ခဲ့တဲ့ မတူညီဖြစ်ရပ်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပြီး တကယ်လည်းရယ်ရတဲ့ကားလေးပါ၊ File size…(1.7 GB)/(860 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Kyaw

Romance
6.7 1995
Four Rooms
13: Game of Death
6.4

13: Game of Death (2006) ************************ ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့…ငွေဟာအရာရာကိုမဝယ်နိုင်ပါဘူးလို့ပြောနေပေမဲ့ ဒီငွေဆိုတဲ့အရာဟာ လူတိုင်းရဲ့ဘဝမှာ မရှိမဖြစ်လိုနေတဲ့အရာတစ်ခုပါပဲ… တစ်ဘဝလုံး ငွေနောက်လိုက်ရင်း ငွေရဲ့ကျေးကျွန်ဘဝ ရောက်မှန်းမသိရောက်သွားရသူတွေလည်း ဒုနဲ့ဒေးရယ်ပေါ့လေ…ဒီငွေဆိုတာ စကားလုံးအရရိုးရှင်းသလောက် လက်တွေ့ဘဝမှာတော့ ဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ Old But Gold ထိုင်း Thriller 13 Game of Deathဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်… ဒီဇာတ်ကားကို လူတွေသိပ်မသိရင်တောင် သူ့ရဲ့ Remake versionဖြစ်တဲ့ 13 Sinsဆိုတဲ့ဇာတ်ကားကိုတော့ Thriller hardcore fanတွေက သိကြမယ်ထင်ပါတယ်… ဒီတော့ ဒီဇာတ်လမ်းလေးက ဘယ်လိုဖြစ်တည်လာလဲဆိုတာ ဆက်လက်ရှုစားကြပါဦး… ဇာတ်လမ်းအကျဉ်း ————- တစ်ခါတလေမှာ ရိုးသားကြိုးစားတဲ့သူတွေအတွက် လောကကြီးမှာ နေရာမရှိဘူးဆိုတဲ့စကားဟာ ဖူချစ်အတွက်တော့ ကွက်တိကိုမှန်နေတဲ့စကားတစ်ခွန်းပေါ့…အလုပ်လည်းအဆင်မပြေ အိမ်ကလည်းနှင်ချခံရ ကားလည်းသိမ်းခံရတဲ့အပြင် ဖောက်သည်ကိုပါ လုပ်ဖော်ကိုင်ဖက်ကဖျံကျသွားခဲ့ပါတယ်… ချစ်သူကလည်း ငမွဲမလို့ စွန့်ပစ်တာခံလိုက်ရတဲ့ဖူချစ်တစ်ယောက် ဘဝရဲ့ဟိုးအောက်ဆုံးကိုရောက်နေချိန်မှာ ထူးဆန်းတဲ့ဖုန်းကောလ်တစ်ခု ဝင်လာပါတယ်…စိန်ခေါ်မှု ၁၃ခုနဲ့အတူ စိန်ခေါ်မှုတစ်ခုချင်းစီတိုင်းအတွက် မက်လောက်စရာဆုကြေးငွေနဲ့ နောက်ဆုံးအထူးဆုဖြစ်တဲ့ ဘတ်သန်း ၁၀၀ကို ရယူပိုင်ဆိုင်နိုင်ခွင့်ရှိပါမယ်တဲ့… ဘဝရဲ့အောက်ဆုံးရောက်နေတဲ့ဖူချစ်အတွက် ဘတ်သန်း ၁၀၀ဆိုတာ ခြုံကြားကနေ ဘုံဖျားကိုပို့ပေးနိုင်မဲ့ အခွင့်အရေးတစ်ခုဆိုတော့ ရရာကောက်ရိုးတစ်မျှင်ကိုဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်…အဲဒီလိုမျိုး ကြီးမားလှတဲ့ မက်လုံးတစ်ခုရဲ့နောက်ကွယ်က ပေးဆပ်ရမယ့်တန်ကြေးက ဘာဖြစ်မလဲဆိုတာ CMနဲ့အတူ ရှုစားလိုက်ကြရအောင်ပါ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်… File Size : 3.58GB / 1.03GB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:56:00 Genres : Horror, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Heather Oo

Drama
6.4 2006 114 mins
13: Game of Death
Crazy Texas
5.5

ဒီတစ်ခါမှာတော့ ပိတ်ရက်မှာ အပျင်းပြေ ကြည့်ဖို့ cm ပရိသတ်ကြီးကို Horror ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဘုရားသခင်ရဲ့ ဆန့်ကျင်ဘက် အမှောင်ကမ္ဘာ နတ်ဆိုး လူစီဖာကို ကိုးကွယ်ပသ ပူဇော်ကြတဲ့လူတွေ အခုခေတ်ထိတိုင် ကမ္ဘာအနှံ့အပြားမှာ လူမသိ သူမသိ ရှိနေသေးတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒီဇာတ်ကားမှာတော့ တက္ကဆက်ပြည်နယ် မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ လီလီနဲ့ အေဗရီလို့ခေါ်တဲ့ ညီအစ်မ နှစ်ယောက် ရှိပါတယ်။ အဖိုးအဖွားတွေက သူတို့ကွယ်လွန်ပြီးနောက် အမွေတွေကို သူတို့ညီအစ်မကို ပေးဖို့ သေတမ်းစာ ရေးထားခဲ့တာပါ။ သေတမ်းစာမှာက သူတို့တွေ ညီအစ်မ နှစ်ဦးသဘောတူ ခွဲယူချင်ယူ မဟုတ်ရင် ဘုရားကျောင်းကို အားလုံးလှူဒါန်းပစ်ဖို့ပါပဲ။ ဘာသာရေးကို သက်ဝင်ယုံ ကြည်သူ တစ်ယောက်ဖြစ်တဲ့ အေဗရီက အားလုံးကို ဘုရားကျောင်း လှူပစ်ချင်ပေမယ့် လီလီက လက်မခံ ချင်ပါဘူး။ သူတို့ညီအစ်မနဲ့ ဆွေးနွေးကုသမှု ပေးနေတဲ့ စိတ်ကုထုံး ဆရာဝန်တစ်ယောက် ဖြစ်တဲ့ ထရဲဗားက သူတို့နှစ်ယောက်ကို မေ့ဆေးပေး ဖမ်းခေါ်သွားတဲ့ အခါမှာတော့..။ ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီး ယုံကြည်စိတ်ချ ကြသူတွေ ဖြစ်ပါစေ ငွေကြေးလောဘ ပါလာတဲ့အခါမှာ မထင်မှတ်ထား တာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ File size… (937 MB) / (506 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5.5 2025 90 mins
Crazy Texas
L2: Empuraan
6.4

L2: Empuraan (2025) “နတ်ဆိုး” IMDb – 6.4/10 နာမည်ကျော် တောင်ပိုင်းမင်းသားကြီးမိုဟန်လာလ် ပါဝင်ထားပြီး မလေယာလမ်ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်နေတဲ့အပြင် 2025ခုနှစ် အိန္ဒိယရုပ်ရှင်တွေထဲမှာ ကမ္ဘာတလွှားရုံတင်တင်ချင်း ဝင်ငွေအများဆုံးရခဲ့တဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၉ကထွက်ရှိထားပြီး လူကြိုက်များခဲ့တဲ့ Lucifer(2019)ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ နိုင်ငံရေးအရှုပ်၊ နိုင်ငံရေးမသမာမှုတွေကြားက လူမျိုးရေးရန်ပွဲတွေ အာဏာလုယူမှုတွေနဲ့ စခဲ့တဲ့ဇာတ်လမ်း။ ရုပ်ရှင်ထဲက အဘွားအိုရဲ့စကားအတိုင်းဆို ငါတို့နိုင်ငံရဲ့ နိုင်ငံရေးဆိုတာက စီးပွားရေးခွင်တစ်ခု၊ အဲဒီနိုင်ငံရေးက ဟိန္ဒူလဲမသိဘူး မွတ်ဆလင်လည်းမသိဘူး၊ ယောကျ်ားမိန်းမတွေ စိတ်ဓာတ်တွေကိုယ်ကျင့်သိက္ခာတွေ မသိဘူးတဲ့။ နိုင်ငံရေးဆိုတာ ကစားပွဲတစ်ခု၊ အရာရာတိုင်းကိုရောင်းစားပစ်တဲ့ အရာတစ်ခုပဲတဲ့။ နိုင်ငံရေးကို ဘာသာတရားနဲ့တွဲလိုက်ရင် ယမ်းပုံပေါ် မီးချလိုက်သလိုပဲ၊ မီးတောက်က အကုန်ဝါးမျိုသွားတော့တာတဲ့။ ဒီရုပ်ရှင်မှာလည်း ၂၀၀၂ခုနှစ် ဂူဂျာရတ်မှာဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းကို အခြေခံထားခဲ့ပါသေးတယ်။ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေး၊ အုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းတွေကြားမှာ စတီဖန်တစ်ယောက် ဘယ်လိုဆက်ပြီး အကွက်ရွှေ့မလဲဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

6.4 2025 179 mins
L2: Empuraan
Le Grand Chef 2: Kimchi Battle
6

Le Grand Chef 2: Kimchi Battle (2010) IMDb – 6 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ Le Grand Chef 2 : Kimchi Battle ရုပ်ရှင် ဇာတ်ကားလေးကတော့ ဒါရိုက်တာ Dong-Hoon Beak ရိုက်ကူးထားပြီး Cast တွေအအနေနဲ့ကတော့ Jin Goo, Kim Jung Eun, Kim Young Ok, Jin-Ki Beak, Choi Jung-Won,Han Kook-jin နဲ့ Wang Ji-hye တို့မှပါဝင်ရိုက်ကူးထားပါတယ် ဆောင်းချန်းက ချွန်းယန်းဂတ်ကနေ ထွက်ပြီး ကားလေးနဲ့ နယ်လှည့်ကာ ဆောင်းချန်းစားသောက်ကုန်တွေ ရောင်းတဲ့ အလုပ်ကို လုပ်နေပါတယ် 6လ ပြည့်လို့ ချွန်းယန်းဂတ်ကို ပြန်လာတဲ့အခါမှာ ချွန်းယန်းဂတ်ဟာ အခွန်တွေ အကြွေးတင် တင်ပြီး ရောင်းရခါနီး အခြေအနေဖြစ်နေခဲ့တယ် ဆောင်းချန်း ပြန်လာတဲ့နေ့မှာပဲ သူ့ရဲ့ အစ်မဖြစ်သူ ဘယ်ဂျန်အွန်းကလည်း ပြန်ရောက်လာကာ ချွန်းယန်းဂတ်ကို အမွေတောင်းပါတော့တယ် ဘယ်ဂျန်အွန်းက ချွန်းယန်းဂတ်ဟာ သူ့အမေနဲ့သူ့ကြားက တံတိုင်းတစ်ခုလို့ မှတ်ယူထားခဲ့တာကြောင့်ရှင်းပစ်ချင်လို့ အမွေတောင်းခဲ့တာဖြစ်ပါတယ် ချွန်းယန်းဂတ်ကို ကာကွယ်ချင်တဲ့ ဆောင်းချန်းက ဘယ်ဂျန်အွန်းနဲ့ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာခဲ့တယ် အဲဒီအချိန်မှာ ကိုရီးယားသမ္မတကလည်း ကင်ချီကို ကိုရီးယားနိုင်ငံရဲ့ မူပိုင်အစားစာအဖြစ် ကမ္ဘာက အသိအမှတ်ပြုရန် ကိုးရီးယားကင်ချီပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်ခဲ့တယ် အဲဒီအခါမှာ ဘယ်ဂျန်အွန်းနဲ့ ဆောင်းချန်းတို့က အလောင်းအစားတစ်ခု လုပ်ခဲ့တယ် ကင်ချီပြိုင်ပွဲမှာ နိုင်တဲ့သူရဲ့ ဆန္ဒအတိုင်း လုပ်ပေးရမယ်ဆိုပြီးတော့ အဲဒီလိုနဲ့ ကင်ချီပြိုင်ပွဲမှာ ဘယ်သူအနိုင်ရရှိသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Miri က ရေးသားထားပါတယ်) File Size ~~~ 2.84 GB/ 1 GB Quality ~~~ WEB-DL/ 1080p/ 720p Duration~~~1:59:02 Format~~~mp4 Genre~~~ Comedy, Drama Subtitle ~~~Myanmar Subtitle (Hard Sub) Translated by ~~~ Miri Encoded by~~~ Treasure Htet

Comedy • Romance
6 2010
Le Grand Chef 2: Kimchi Battle
Lone Star
7.4

နိုင်ငံရေး၊ လူမျိုးရေး၊ စစ်ရေးတွေနဲ့ အမြဲတမ်း အငြင်းပွားနေရတဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ် တက္ကဆက်ပြည်နယ် ရီယိုကောင်တီမှာ သေတာဘယ်လောက်ကြာနေမှန်းမသိ၊ ဘယ်သူဘယ်၀ါဖြစ်မှန်းမသိတဲ့ အလောင်းတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။ ထိုနယ်က ရဲအရာရှိဆမ်ဒိ့စ်ဟာ အမှုကို ကိုယ်တိုင်ကိုင်ခဲ့တယ်။ ဆမ်ဒိ့စ်ဟာ အရင်အရာရှိဟောင်း ဘက်ဒီဒိ့စ်ရဲ့သားဖြစ်ပြီး အဖေ့ခြေရာကို လိုက်မမီသူလို့အမြဲအပြောခံနေရသူ။ ဘက်ဒီဒိ့စ်ဟာ လူဖြူ၊ လူမည်း၊ မက္ကဆီကန်တွေကြားထဲမှာ ဂန္တ၀င်သူရဲကောင်းကြီးဖြစ်ပြီး သူ့ဇနီးကိုလည်း သူတော်စင်မလိုထင်စားကြတယ်။ အားလုံးက ချစ်ခင်လေးစားတဲ့ ဘက်ဒိဒိစ့်ကို မုန်းတီးကာမယုံကြည်သူကတော့ ဆမ်ဒိ့စ်ပါ။ အရိုးစုတစ်ခုရှာတွေ့ရာကနေစပြီးတော့ နှစ်ရှည်လများ ဖုံးကွယ်နေခဲ့တဲ့အမှန်တရားတွေ၊ အရာအားလုံး၊ လူတိုင်းနဲ့ ဆက်စပ်မှုရှိနေတာတွေ အေးအေးငြိမ်ငြိမ်နဲ့ ‌ပရိသတ်ရဲ့ကိုဆွဲဆောင်သွားပြီးတော့ plot twist အကြမ်းစားနဲ့ ရှော့ခ်ရစေ‌မယ့် ဇာတ်‌ကားကောင်းတစ်ကားပါ။ File size…(7.4 GB)/(2.7 GB)/(940 Mb) Quality….Blu-Ray 4KHEVC/1080p / 720p Format… mp4 Duration…. 02:15:00 Genre… Drama, Mystery, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Romance • Comedy • Drama
7.4 1996 135 mins
Lone Star
Love Forecast
6.5

Love Forecast (2015) ********************* ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် .. Friend Zone ထဲမှာပဲ ပိတ်မိနေကြတဲ့ လူနှစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ romantic-comedy ရုပ်ရှင်ကားလေးကို ကွာလတီအမိုက်စားနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် .. Cast တွေကတော့ မင်းသားချော Lee Seung-Gi နဲ့ မမလှလှ Moon Chae-Won တို့ အဓိကပါဝင်ထားပြီး Lee Seo-Jin ၊ Kim Kap-Soo စတဲ့သရုပ်ဆောင်ကြီးများပါ ပါဝင် အားဖြည့်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** မူလတန်းကျောင်းဆရာလေးဖြစ်တဲ့ ဂန်ဂျွန်းဆူ (Lee Seung-Gi) က ချစ်မိပြီဆိုတာနဲ့ သူချစ်ရတဲ့မိန်းကလေးအတွက် အရာအားလုံးကို ဖြည့်ဆည်းပေးတတ်သူဖြစ်ပေမဲ့လည်း တွဲလိုက်တိုင်း ရက် ၁၀၀ မပြည့်ခင် လမ်းခွဲခံရစမြဲ ဖြစ်ပါတယ်။ ဂန်ဂျွန်းဆူရဲ့ငယ်သူချင်းဖြစ်သူ ဂင်ဟျွန်းအူ (Moon Chae-Won) ကတော့ မိုးလေဝသ သတင်း ကြေညာသူဖြစ်ပြီး လှပတဲ့ရုပ်ရည်ကြောင့် ရာသီဥတုနတ်သမီးလို့ နာမည်ကြီးပြီး ပုရိသတိုင်းရဲ့ အချစ်ကို ခံရသူဖြစ်ပါတယ်။ ဒါပေမဲ့လည်း မချစ်သင့်တဲ့လူကို သွားချစ်မိရာကနေ စိတ်ဒဏ်ရာ ရသွားပြီးနောက်မှာတော့ … ဂင်ဟျွန်းအူတစ်ယောက် အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ သူ့အနောက်မှာရှိနေခဲ့တဲ့ ပြောမနာဆိုမနာ သူငယ်ချင်း ဂန်ဂျွန်းဆူကို သတိထားမိသွားမလား ။ ဂန်ဂျွန်းဆူကရော သူ့ကို အမြဲတမ်းရိုက်ပြီး အနိုင်ကျင့်နေတဲ့ သူငယ်ချင်း ဂင်ဟျွန်းအူအပေါ် သူငယ်ချင်းထက်ပိုတဲ့ခံစားချက် ရှိလာမလားဆိုတာကိုတော့…. သွားအတူ ,စားအတူ ,အသည်းကွဲရင်လည်းအတူ အရက်သောက်ဖော်သောက်ဖက်ဖြစ်ကြတဲ့ ငယ်သူငယ်ချင်းနှစ်ယောက် Friend Zone ထဲကနေ လွတ်မြောက်နိုင်မလားဆိုတာကို ရယ်မောရင်း ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါဦးနော် .. ။ (အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်) File size…1.72GB / 918MB Quality… BluRay 1080p/ 720p Format…mp4 Duration….2 hr. 1 min. Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi Encoded by AHtet

Comedy • Romance
6.5 2015 118 mins
Love Forecast