YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

sons.of.anarchy.s01e10.720p.(CM).mp4

468.22 MB 720p video/mp4 374 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Return
6.5

IMDb- 5.5 Rotten Tomatoes- 80% ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းကတော့ မူခက်ဒါ ရာမန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကျိန်စာတိုက်ဖို့ ဘယ်သူမှန်းမသိရတဲ့အမျိုးသမီးတစ်ဦးက စုန်းကဝေတစ်ယောက်ဆီမှာ အစီအရင်ပြုလုပ်ခိုင်းရာကနေ အစပြုထားပါတယ်။ နောက်နေ့မှာတော့ မူခက်ဒါ ဟာ သေဆုံးသွား ပါတယ်။ မှုခင်းဆေးပညာရှင်တွေက သေဆုံးခြင်းအကြောင်းရင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုလို့ ကောက်ချက်ချပေမယ့် သူ့အမေသေဆုံးတာကို မျက်မြင်တွေ့ထားတဲ့ သမီးငယ် အိုင်လာကတော့ သူ့အမေကို ဂျင် သတ်သွားတာလို့ပဲ ပြောနေတာပါ။ အဲ့နောက်ပိုင်းမှာစိတ်ကယောင် ချောက်ချားတွေဖြစ်ပြီး အပြုအမူတွေလည်း ထူးဆန်းလာတဲ့ အိုင်လာကို ဆေးပညာအရလည်း အဖြေရှာကုသလို့မရဖြစ်နေတဲ့အခါ အမ ဖြစ်သူ ဇီရန်က ဘယ်လို အဖြေရှာ ကုသပေးသွားမလဲ။ အမေဖြစ်သူ သေဆုံးသွားရတာက တကယ်ပဲ ဂျင်က သတ်သွားတာလား။ ကျိန်စာအစီအရင်ကြောင့်လား။ကျိန်စာကြောင့်ဆိုရင်ရော ဘယ်သူက ဘာလို့လုပ်ရတာလဲ။ ညီမဖြစ်သူ အိုင်လာကရော ဘာတွေကြုံတွေ့နေရ တာလဲ။ ဇီရန် တစ်ယောက် ဘာတွေဆက်လုပ်မလဲဆိုတာကို အံဩစရာ ဇာတ်လမ်းဇာတ်ကွက်တွေထဲ စီးမြောပြီး ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ Dabbe ဇာတ်လမ်းတွေထဲက ၆ကားမြောက် တူရကီ horror ဇာတ်လမ်းလေးဖြစ်ပါတယ်။ အခန်းမီးကိုပိတ်ပြီး ညအမှောင်ထဲ တစ်ယောက်တည်းကြည့်လိုက်လို့ကတော့ horror ရဲ့ အရသာကို အပြည့်အဝပေးမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horror ပရိတ်သတ်တွေအတွက် တကယ် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။) File size…1.62GB / 746MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 40m Genre ..... Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Action • Adventure • Comedy
6.5 2015 92 mins
The Return
[18+] Malena
7.4

၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် လမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီး တစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊  ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီး စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာ ပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊ အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။ မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲ ဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ "သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ တစ်ကိုယ်လုံးအသုံးချပြီး အမူအရာလုပ်တာပါ" ဆိုတဲ့ သူမရဲ့စကားအတိုင်းပဲ ဒီဇာတ်ကားမှာ စကားပြောနည်းနည်းနဲ့ သူမရဲ့တစ်ကိုယ်လုံးကို အသုံးချသရုပ်ဆောင်သွားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၀ ခုနှစ်ရဲ့ အော်စကာတန်းဝင်ဇာတ်ကားလဲဖြစ်တာကြောင့် ဘယ်လိုမှ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။ Uncut Version နဲ့တင်ထားတာမို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ။ (ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Nyi Nyi Kyaw Myint ဖြစ်ပါတယ်။) File size…(2.4 GB) and (1.1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv/mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Nyi Kyaw Myint

Animation • Drama • Family
7.4 2000 109 mins
[18+] Malena
The Forgiven
5.9

နာမည်ကျော်မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Ralph Fiennes, Jessica Chastain တို့အပြင် အားလုံးအချစ်တော်မင်းသားကြီး Matt Smith ပါ၀င်အားဖြည့်ထားတဲ့ Mystery drama ကားလေးပါ။ လူချမ်းသာဆရာ၀န်တစ်ယောက်ဖြစ်သူ David နဲ့သူ့ဇနီး Jo တို့ဟာမော်ရိုကိုနိုင်ငံကို အပန်းဖြေခရီးထွက်လာကြပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ပါတီပွဲတစ်ခုကိုအမှီသွားနိုင်ဖို့ David ဟာအရက် သောက်ထားပြီး အရှိန်ပြင်းပြင်းနဲ့ ကားမောင်းနေရာက ဒေသခံမော်ရိုကိုကောင်လေးတစ်ယောက်ကို ကားနဲ့တိုက်သတ်လိုက်မိပါတယ်။ ဒီမတော်တဆမှုနောက်ဆက်တွဲကနေ David တို့ဇနီးမောင်နှံရဲ့ဘ၀လည်းပြောင်းလဲသွားပါတော့တယ်။ ဥရောပတိုက်သားတွေနဲ့ ဒေသခံမူစလင်တွေကြား ယဉ်ကျေးမှုကွဲပြားပုံတွေကြောင့် နားလည်မှုတွေလွဲမှားကုန်တာတွေကိုလည်း စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပါ။ File size…(1.86GB) / (903MB) / (416MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Comedy • Drama • Romance
5.9 2022 117 mins
The Forgiven
West Side Story
7

အကောင်းဆုံးရုပ်ရှင်ဆု အကောင်းဆုံး Production Design ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (Rita Moreno) အကောင်းဆုံးဝတ်စုံဆု အကောင်းဆုံးဒါရိုက်တာဆု (စတီဗင် စပီးဘက်) အကောင်းဆုံးအသံဆု အကောင်းဆုံး Cinematography ဆုတွေ အော်စကာ ဆန်ခါတင်ထားတဲ့ West Side Story ရုပ်ရှင်ကိုတင်ပေးထားပါတယ်။ IMDb 7.8 ရရှိထားပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၅၇ နာမည်ကြီးဂီတပြဇာတ် West Side Story ကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၆၁ တုန်းကလည်း ရုပ်ရှင်အဖြစ် ရိုက်ကူးဖူးပါတယ်။ ဒါရိုက်တာကြီး စတီဗင် စပီးဘက်ရဲ့ ပထမဆုံး ဂီတရုပ်ရှင်ပါ။ မင်းသားကတော့ The Fault in Our Stars ထဲက Ansel Elgort ဖြစ်ပြီး မင်းသမီးကတော့ Rachel Zegler ပထမဆုံးရုပ်ရှင်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ရှိတ်စပီးယားရဲ့ ရိုမီယို နဲ့ ဂျူးလိယက်ကို inspire ယူထားတာပါပဲ။ နယူးယောက်မြို့ရဲ့ ဂျက်စ် ဆိုတဲ့ အမေရိကန်လူငယ်အဖွဲ့နဲ့ ငမန်းတွေဆိုတဲ့ စပိန်လူငယ်အဖွဲ့တို့ နယ်မြေလုဖို့ တိုက်ခိုက်အားပြိုင်နေကြပါတယ်။ ဒါကိုရဲတွေက လိုက်ထိန်းသိမ်းနေရတဲ့အခြေအနေပါ။ ခဏခဏတိုက်ခိုက်နေရတာကို စိတ်ကုန်လာတဲ့ နှစ်ဖွဲ့ဟာ နောက်ဆုံးအပြီးသတ် အရှုံးအနိုင်ပေါ်အောင် တိုက်ခိုက်ဖို့ ကပွဲတစ်ခုမှာ စပြီး ချိန်းဆိုလိုက်ကြပါတော့တယ်။ အဲဒီကပွဲမှာပဲ စပိန်သူလေး မာရီရာ နဲ့ ဂျက်အဖွဲ့ရဲ့ အမေရိကန်သားလေး တိုနီတို့ ချစ်ကြိုက်သွားပါတော့တယ်။ လူငယ်နှစ်ယောက်ရဲ့အချစ်နဲ့ လူမျိုးရေးမုန်းတီးမှုနဲ့တိုက်ပွဲတွေကြား လွန်ဆွဲမှုတွေကို သရုပ်ဖော်ထားတာပါပဲ။ အနုပညာလက်ရာကောင်းကောင်းခံစားတတ်သူတွေအကြိုက်တွေ့မှာပါ။ File size…(3 GB)/(1.5 GB)/ 1 Gb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:36:00 Genre...Drama, Crime, Musical Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Drama • Romance
7 2021 157 mins
West Side Story
Long Shot
6.7

ဟာသဒရာမာ ကားကောင်းတွေကို မျှော်လင့်တောင့်တနေတဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ ထဲ ပူပူနွေးနွေး ထွက်ရှိထားတဲ့ Long Shot ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးပါရစေ ဖရက် ဖလာစကီ ဆိုတဲ့ သတင်းထောက်တစ်ဦးဟာ သူတို့သတင်းစာတိုက်ကို ခရိုနီ ကုမ္ပဏီကြီးက ဝယ်သွားလု့ိ ဒေါသတွေထွက် မကျေမနပ်ဖြစ်ပြီး သတင်းစာတိုက်ကနေ အလုပ်ထွက်လာခဲ့ပြီး အလုပ်လက်မဲ့တစ်ဦးဖြစ်နေခဲ့ပါတယ် ချားလော့ ဖီးဒ်ဆိုတဲ့ အမျိုးသမီးကတော့ လှပပြီး ထက်ထက်မြက်မြက်ရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ရုံမက နောက်တက်မယ့် သမ္မတနေရာအတွက် လက်ရှိသမ္မတက ထောက်ခံမှုပေးထားတဲ့ ဒိတ်ဒိတ်ကျဲ အမျိူးသမီးတစ်ဦးပေါ့ သာမာန်သတင်းထောက်လေးတစ်ဦးနဲ့ နိုင်ငံရဲ့အစိုးရအဖွဲ့ဝင် ဒိတ်ဒိတ်ကြဲ အမျိုးသမီးတစ်ဦးတို့ဟာ တစ်ညမှာ အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး ဘာတွေများဆက်ဖြစ်ကြမှာပါလိမ့်….။ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ရမယ့်ဟာသများနဲ့ အမေရိကန်နိုင်ငံရေးကို သရော်ထားပြီး ရင်ထိတ်စရာ မျက်ရည်လည်စရာ ခံစားချက်ပေါင်းစုံရောပြွန်းနေမယ့် ဇာတ်ကားလေးကို Seth Rogen နဲ့ Charlize Theron တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb – 7.2/10 နဲ့ Rotten tomatoes – 81 % တောင်ရရှိထားတာပါ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zuel Khant Thwin ပါ) File Size : (1.90 GB) , (950 MB) and (480 MB) Quality : AMZN WEB-DL (1080p 5.1,720p,480p) Running Time : 2hr 05min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by THZ

Drama • War & Politics
6.7 2019 125 mins
Long Shot
Ice Cream Man
4.7

ရေခဲမုန့်အရမ်းကြိုက်တဲ့ကောင်လေးက ငယ်ငယ်က သူဝယ်စားနေကျရေခဲမုန့်သည်ကြီး သူ့ရှေ့မှာအသတ်ခံလိုက်ရတာကိုမြင်ပြီး Traumaရသွားတယ်..။ အဲဒီနောက် သူကြီးလာတော့ ကိုယ်တိုင်ရေခဲမုန့်သည်ဖြစ်လာတယ်။ ကလေးတွေအရမ်းကြိုက်ကြတဲ့ ရေခဲမုန့်ပေါ့။ ဒါပေမဲ့ ရေခဲမုန့်ထဲမှာ ဘာတွေထည့်ထားလဲဆိုတာကိုသိရင်တော့ စားချင်ကြတော့မှာမဟုတ်ပါဘူး။ ကလေးပျောက်မှုတွေ လူသတ်မှုတွေက ရေခဲမုန့်သည်ရဲ့လက်ချက်ဆိုတာကို ဂျွန်နီ၊ ဟယ်သာ၊ တူနာတို့ကလွဲရင် တစ်ရပ်ကွက်လုံးမသိကြသလို ကလေးတွေက ခဏခဏတိုင်ကြားပေမဲ့ သက်သေလည်းမရှိတော့ ရဲတွေလည်း ဘာမှလုပ်လို့မရပါဘူး။ ဒီတော့ ဂျွန်နီတို့ဖွဲ့ထားတဲ့ ဒုံးပျံအဖွဲ့သားတွေကရော ရေခဲမုန့်သည်ကို အနိုင်ယူနိုင်ပါ့မလား၊ စိတ္တဇလူသတ်သမားရေခဲမုန့်သည်ကရော ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကို Ice Cream Manဇာတ်ကားထဲမှာ ကြည့်ရှုအဖြေရှာလို့ရပါပြီ။ လူသားပေါက်စီလို ခပ်ဆင်ဆင်ကားမျိုးမို့ အသည်းငယ်သူတွေ မကြည့်သင့်ပါဘူး။ File size…(1.7GB)/(832.51MB)/(536.77MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by….Su Eaindra

4.7 1995 84 mins
Ice Cream Man
Marui Video
5.6

Marui Video (2023) Marui video ဆိုတဲ့နာမည်အတိုင်းပဲ ဗီဒီယိုတစ်ခုကနေ အစပြုခဲ့တဲ့ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ပါ ပီဒီဂင်ဆူချန်းတို့အဖွဲ့ဟာ ၁၉၉၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ လူသတ်မှုရဲ့ ဗီဒီယိုကို ရှာတွေ့ပြီး အဲဒီလူသတ်မှုက သွေးရိုးသားရိုးမဟုတ်ဘဲ အခန်းရဲ့မှန်ထဲမှာ လူတစ်ယောက်ကို ခပ်ရေးရေးတွေ့လိုက်ရာကနေ အဲအမှုကို ဆက်လိုက်ပါတော့တယ် အနှစ် ၂၀ ကျော်ကြာသွားပြီးဖြစ်သလို ပိတ်ပြီးသားအမှုဖြစ်တဲ့အတွက် အသေးစိတ်လိုက်မှကို အဲအမှုရဲ့ ဇစ်မြစ်ကိုသိရပါတော့တယ် အဲအမှုဟာ တူးလေနက်လေဆိုသလိုပဲ ကွင်းဆက်ကကြီးကြီးလာပြီး သူတို့သာ လမ်းတစ်ဝက်နဲ့တင်ရပ်လိုက်ရင် ဇာတ်သိမ်းကတစ်မျိုးပြောင်းသွားဦးမှာပါ ဇာတ်လမ်းပုံစံကိုက မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားပြီး ရင်တထိတ်ထိတ်ကြည့်ရမယ့် Horror Thriller ကိုကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1GB | 477mB | 244MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

5.6 2023
Marui Video
Dude, Where’s My Car?
5.5

Dude, Where’s My Car? (2000) ====================== အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ “ဂျက်စီနဲ့ ချက်စတာ” ဆိုတာပါပဲ။ ၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.9 GB) / (924 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Mystery, Sci-Fi Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

Drama • Adventure • Fantasy
5.5 2000 83 mins
Dude, Where’s My Car?
Mood Indigo
6.5

အရမ်းချမ်းသာပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တဲ့ သူဌေးလေးကိုလန်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပါ။ ကုဋေရှစ်ဆယ်သူဌေးသားကိုမှ ပြင်သစ်ဗားရှင်းလေးလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ဒီကုဋေရှစ်ဆယ်သူဌေးသားက ကိုယ်တိုင်သုံးဖြုန်းလို့ကုန်တာမဟုတ်ဘဲ အချစ်ကြောင့်ကုန်တာမျိုးဆိုတော့ သူရဲကောင်းလေး‌ပေါ့… ကိုလန်က ဘဝမှာ အပူအပင်မရှိသက်သောင့်သက်သာနေနိုင်သလောက် ချစ်ရတဲ့သူတော့ရှိမနေပါဘူး၊ တစ်ရက် မိတ်ဆွေတစ်ယောက်ရဲ့ခွေးလေး မွေးနေ့ပါတီကိုသွားရင်း တွေ့ခဲ့တဲ့ ကလိုဝီကိုချစ်မိသွားပါတော့တယ်၊ နောက်ရက်မှာ ကလိုဝီနဲ့ အပြင်မှာတွေ့ပြီး အချစ်တွေကိုဝန်ခံလိုက်ချိန်မှာတော့ ကလိုဝီ့ဘက်ကလည်း လက်ခံခဲ့ပါတယ်။ ချစ်သူနှစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့ညမှာပဲ ကလိုဝီ့အဆုတ်ထဲမှာပဒုမ္မာကြာပေါက်လို့ အိပ်ရာထဲလဲသွားပါတော့တယ်… မိန်းမကိုအရမ်းချစ်တဲ့ ကိုလန်တစ်ယောက် ဘယ်လိုမျိုး ကုပေးမလဲ… ကလိုဝီ့ရောဂါကရော သက်သာနိုင်ပါ့မလား ဆိုတာကို 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb မှာ rating 6.5နဲ့ Rotten Tomatoes မှာ rating 61% ရရှိထားတဲ့ Mood Indigo ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင် File size… 2.84 GB / 1.24 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 10m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Thriller
6.5 2013
Mood Indigo
Awareness

လူတိုင်းသိကြတဲ့ Money Heist ထဲမှာ Berlin အနေနဲ့နာမည်ကြီးခဲ့ပြီး၊ Berlin ဇာတ်ကောင်နဲ့ပဲ spin-off series ထပ််ထွက်ဦးမယ့် စပိန်မင်းသားကြီး Pedro Alonso ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးပါရစေ။ Ian ဆိုတဲ့ကောင်လေးဟာ လူတွေကိုမရှိတဲ့အရာတွေကို မြင်အောင်လုပ်နိုင်တဲ့ ထူးဆန်းတဲ့စိတ်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့စွမ်းအားရှိပါလျက်နဲ့ Ianဟာ သူ့အဖေအုပ်ထိန်းမှုအောက်မှာ သားအဖ ၂ယောက်အတူ မြို့အစွန်အဖျားလေးမှာပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း အသေးစားဓားပြမှုလေးတွေကျူးလွန်ပြီးအသက်မွေးနေရရှာတယ်။ သူ့ကို သူ့အဖေတစ်ယောက် ဘာကြောင့်များ လူ့အဖွဲ့အစည်းရဲ့အဝေးမှာ ဒီလိုစုတ်ချာပြီးအထီးကျန်တဲ့ဘဝမျိုးနဲ့နေခိုင်းသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ဘူး။သူ့အဖေကတော့ သူ့ကိုလာဖမ်းပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတွေလုပ်ချင်နေတဲ့သူတွေရှိတယ်ဆိုတာကိုပဲ အမြဲသတိပေးနေခဲ့တယ်။ မထင်မှတ်တဲ့အမှားတစ်ခုကြောင့် တစ်နေ့မှာ သူ့ အဖေစိုးရိမ်ခဲ့တဲ့အရာတွေတကယ်ဖြစ်လာခဲ့တဲ့အခါမှာတော့ Ian တစ်ယောက် အခက်အခဲများစွာရင်ဆိုင်လာရပါတော့တယ်။ Ianတစ်ယောက် သူကိုယ်တိုင်တောင်နားမလည်တဲ့အရှုပ်တွေရဲ့ အလယ်ဗဟိုချက်ဖြစ်လာရပါတော့တယ်။ ထိုအရှုပ်တွေကြားမှာရော သူလိုက်ရှာနေတဲ့အဖြေတွေကိုရှာတွေ့နိုင်မှာလား။ သူ့ကိုယ်သူနဲ့ပတ်သက်ပြီးရော ဘယ်လိုအမှန်တရားတွေကိုတွေ့ရှိလာရမလဲ။ သူ့ရဲ့စွမ်းအားတွေကရော ဘယ်လိုဖြစ်တည်လာခဲ့သလဲဆိုတဲ့အဖြေများကိုဘယ်လိုရှာဖွေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Mystery, Sci-fi. Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2023 112 mins
Awareness
Bermuda Island

ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။ အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Mystery, Thriller, Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Drama • Family
0 2023
Bermuda Island
A Town Called Panic
7.4

ဒီ​ကား​လေးကတော့ ၂၀၀၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ပြင်​သစ်​စကားပြော​ stop motion animated ဇာတ်​ကားလေးဖြစ်ပါတယ်။ သမားရိုးကျ​ animation ကားမဟုတ်ဘဲ ပလတ်စတစ်အရုပ်တွေကိုအသုံးပြုထားတဲ့အပြင်ဇာတ်လမ်း​တည်ဆောက်​ရာမှာလည်း ပုံမှန်​မဟုတ်​တဲ့ non sensical​ storyline ဇာတ်အိမ်ပုံစံမျိုးဖြစ်ပြီး Physical Comedy​ လို့​ခေါ်​တဲ့ လှုပ်ရှား​မှုများများသုံးပြီး ဟာသကိုသရုပ်ဖော်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ အင်ဒီးယန်း၊ ကောင်း​ဘွိုင်​နဲ့ မောင်​မြင်း​ဆိုတဲ့​ ပလတ်စတစ်​ရုပ်​ကလေးသုံးရုပ်က ကျေး​လက်​ဒေသ​က ရွာလေးတစ်ရွာမှာ အတူနေကြပါတယ်။ တစ်နေ့ မောင်​မြင်း​ရဲ့မွေးနေ့မှာ အင်​ဒီးယန်းနဲ့ ကောင်း​ဘွိုင်​တို့က မွေးနေ့​လက်​ဆောင်​မဝယ်ရသေးမှန်းသတိရပြီး အများ​နဲ့မတူတဲ့ လက်ဆောင်​တစ်ခုပေးဖို့ ရေးကြီး​သုတ်ပျာပြင်ဆင်ကြပါတယ်။ လက်ဆောင်​အဖြစ်​ ဘာဘီကျူးလုပ်တဲ့ အကင်ဖိုတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်​လိုက်ပြီး လိုတဲ့​အုပ်ချပ်ရေ ၅၀ ကို အွန်လိုင်း​ကနေမှာယူလိုက်ပါတယ်။ ဒါပေမဲ့​ အမှားအယွင်းဖြစ်ပြီး အုတ်​ချပ်​၅၀ အစား သန်း၅၀ ရောက်​လာရာက အစပြု​ပြီး ပြဿနာ​တွေတစ်ခုပြီးတစ်ခုတက်ကာ သူငယ်ချင်း​သုံးယောက်​ တလွဲတွေဖြစ်ကြုံရတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Adventure/Comedy အပြင်​ Farce လို့ခေါ်​တဲ့ ဗရုတ်သုတ်ခ​ဟာသပြဇာတ်ပုံစံကိုမှ ယုတ္တိ​နည်း​မကျတဲ့ Non sensical​ ဟာသတွေကို အသုံးပြု​ထားတာကြောင့် ပုံမှန်​နဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဥပမာ​ မြင်း​အိမ်​နဲ့နေပြီး လူလိုရေချိုးတဲ့အခန်းမျိုးကို ယုတ္တိ​မရှိပေမဲ့​ ကြည့်လို့ကောင်းအောင် ပုံဖော်​ထားတာမျိုး၊ ခေါင်း​ပြောင်​သိပ္ပံပညာ​ရှင်​နှစ်ယောက်က ဧရာ​မပင်ဂွင်းရုပ်ကြီးဆောက်ပြီး ဧရာမ​နှင်း​လုံး​ကြီးတွေနဲ့ မဆီမဆိုင်​ ပလိန်းကြီးလိုက်ပစ်နေတာမျိုးတွေပါ။ ဒါကြောင့်​ သမားရိုးကျ Animated ရုပ်ရှင်​တွေလို ယုတ္တိ​မတန်​ဘူးလို့ မြင်​ကောင်း​မြင်​ပါလိမ့်မယ်။ ဇာတ်​အိမ်​ကရိုးရှင်းပေမဲ့ ဇာတ်​လမ်း​ကို အသေး​စိတ်​ပြင်​ဆင်တည်ဆောက်ထားလို့ ဇာတ်​အိမ်​က ပေါ့​ပါးပြီးပြေပြစ်ပါတယ်။ ခြုံ​ပြောရရင်​ stop motion ဖြစ်​တဲ့အပြင် ပလတ်စတစ်​အရုပ်​အစစ်တွေကို ပုံဖော်​ရိုက်​ကူးထားတာဖြစ်လို့ ကလေး​ကိုမှ ငယ်​ငယ်​လေးတွေ​ပဲ ကြည့်ဖို့ရိုက်ကူးထားတယ်လို့ ထင်နိုင်စရာရှိပေမဲ့ ပရိတ်သတ်​အရွယ်​အား​လုံး​ကြည့်ရှုနိုင်ပါတယ်။ ပရိသတ်​အားလုံးအတွက်တော့ မဟုတ်​ပေမဲ့ stop motion ရုပ်​ရှင်တွေကို ကြိုက်နှစ်သက်ရင်တော့ မဖြစ်​မနေကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်း​ကလည်း တစ်​နာရီ​စွန်း​စွန်း​စာပဲရှိတာကြောင့် ဥရောပ​ Animated​ ဇာတ်ကား​တွေကို​မြည်းစမ်း​လိုသူ​များလည်း​ ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးပါ။ File size…(994 Mb)/(497 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:15:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.4 2009
A Town Called Panic
Ten Inch Hero
7.3

Ten Inch Hero (2007) Genre – Comedy, Drama, Romance IMDB – 7.3/10 ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarming ဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။ အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကို Focus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုက လူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကို အပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။ သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာက Supernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာ ဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ် ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။ နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်း ကိုယ်စီနေရာက တာဝန်ကျေပွန်ကြပါတယ်။ ဇာတ်လမ်းလေးကို ပြောရမယ်ဆို ကမ်းခြေမြို့လေးရဲ့ ဆန်းဝှစ်ချ်ဆိုင်က လူထူးဆန်း အချိန်ပိုင်းဝန်ထမ်းတွေနဲ့ ဆိုင်ပိုင်ရှင်ကြီးကို အခြေပြုတင်ဆက်ထားပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ တခြားမြို့ကနေ ပြောင်းလာတဲ့ အနုပညာကောလိပ်ကျောင်းသူလေးရှိမယ် ကောင်လေးတွေကို တစ်ညတာအနေနဲ့ပဲ သဘောထားပြီး အပျော်ရှာ ပေါ့ပေါ့နေတဲ့ ကောင်မလေးရှိမယ် ဆံပင်ပုံအဆန်း အဝတ်အစားအဆန်းတွေနဲ့ ရော့ခ်ကာလေးရှိမယ် အွန်လိုင်းပေါ်ကနေ တွေ့ထားတဲ့ ကောင်လေးကို အပြင်မှာတွေ့ဖို့ ကြိုးစားနေတဲ့ ကွန်ပြူတာကြမ်းပိုးမလေးရှိမယ် လမ်းတစ်ဖက်က သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ဗေဒင်ဆရာမကို ကြွေဆင်းနေတဲ့ ဟစ်ပီဆိုင်ပိုင်ရှင်ကြီး ရှိမယ်။ ဒီလူတွေရဲ့ ကိုယ်စီ ဇာတ်လမ်းလေးတွေ လျှို့ဝှက်ချက်လေးတွေ တစ်ယောက်နဲ့တစ်ယောက် အချစ်ရေး လူမှုရေး စတာတွေကို ရိုင်းပင်းကူညီကြပြီး ကိုယ့်ပန်းတိုင် ရည်ရွယ်ချက်ကို ရောက်ရှိအောင် ဘယ်လိုလေးတွေ လုပ်ကြမလဲဆိုတာ နွေးထွေးစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ တွေးမိလိုက်တာကတော့ ဒီလိုဆိုင်လေးမှာ ဒီလိုလူတွေနဲ့ လုပ်ကြည့်လိုက်ချင်သေးတယ်ဆိုပြီး Heartwarming ဖြစ်ရသေးပါတယ်။ Rating ကလည်း 7.3 ဆိုတော့ မကောင်းမှာတော့ မပူပါနဲ့။ နောက်ဆုံးတစ်ခုပြောချင်တာကတော့ ကျွန်တော်တို့ Dean ကြီး ဒီကားထဲမှာ ဝတ်ထားသမျှ တီရှပ်တွေရဲ့စာသားတွေကို သတိထား ဖတ်စေချင်ပါတယ် အတော်ရယ်ရတဲ့ အိုင်ဒီယာလေးတွေမို့လို့ပါ။ File size… 938 MB Quality… WEB-DL 720p Format… mp4 Duration…. 1h 42m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

7.3 2007
Ten Inch Hero
Rumble Fish
7.1

ဒီကားကို ရိုက်ထားတဲ့ director ကတော့ တခြားမဟုတ်ဘဲ The Godfather trilogy ကို ရိုက်ကူးပေးခဲ့တဲ့ Francis Ford Coppola ပဲ ဖြစ်ပါတယ်။ S. E. Hinton ရဲ့ Rumble fish ဆိုတဲ့ ၀တ္ထုကိုပဲ ပြန်ရိုက်ထားပြီးတော့ cinematography မှာလည်း အတော်လေး ထူးခြားတဲ့ကားကောင်းတစ်ကားပါ။ ဘယ်လိုမျိုးထူးခြားလဲဆိုတော့ သူ့အခေတ်အခါမှာရော အခုခေတ်အခါမှာပါ တွေ့ရနည်းတဲ့ camera ရှုထောင့်တွေကနေ creative ဖြစ်ဖြစ်ပဲ ရိုက်ကူးပေးထားပါတယ်။ close up ရိုက်ချက်တွေဆိုရင် ကျွန်တော့်အတွက်တော့ တော်တော်လေး unique ဖြစ်ပါတယ်။ တချို့နေရာတွေဆိုရင် အပေါ်က ပင့်ရိုက်တာတွေ အောက်ကပင့်ရိုက်တာတွေက ကြည့်ရတာ တစ်မျိုးကြီးလို့ ခံစားရပေမယ့် သဘောကျမိတာတော့ အမှန်ပဲဗျ။ Main character အနေနဲ့က‌တော့ ဂျစ်ကန်ကန်ပေါ့ပျက်ပျက်နေတတ်တဲ့ လူငယ်တစ်‌ေယာက်လည်းဖြစ်၊ အကိုဖြစ်သူရဲ့ ကျော်ကြားမှုတွေ လွှမ်းမိုးခဲထားရတဲ့ ညီတစ်ယောက်လည်းဖြစ်တဲ့ Rusty James ဇာတ်ကောင်ကို Matt Dillon က သရုပ်ဆောင်ထားပြီးတော့… သူ့ရဲ့အကို လူထူးဆန်းလည်းဖြစ်တဲ့ Motorcycle boy အနေနဲ့ Mickey Rourke က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့အချစ်တော်ကြီး Nic Cage ကလည်း support character အနေနဲ့ ပါထားပါသေးတယ်။ screen time တော့နည်းပေမယ့် ဘဲကြီးတာ၀န်ကျေကျေပဲ ရှယ်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ ကိုယ့်ဘာသာကြည့်ရင်း feel သင့်တဲ့ကားမလို့ ကိုယ်တိုင် သေချာခံစားပြီး ကြည့်လိုက်ပါလို့ပဲပြောချင်ပါတယ်။ Plot ကအရမ်းကြီးမရှုပ်ထွေးပေမယ့် philosophy ဆန်ဆန် ကားကောင်းတစ်ကားဖြစ်တာမလို့ CM ပရိတ်သတ်ကြီး ကော်ဖီလေးတစ်ခွက်‌ေလာက်ထဖျော်ပြီး ‌‌ေကာ်ဖီ‌‌ေလးအရသာခံရင်း chill လို့ရပါပြီခင်ဗျာ… (For parents: Nudity အနည်းငယ်ပါသည်) File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Coming-of-Age, Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wai Hlyun

Horror • Thriller
7.1 1983 94 mins
Rumble Fish
Perspectiva
6.2

အချိန်ခရီးသွားတာကိုအခြေခံထားတဲ့ ထူးခြားတဲ့ဇာတ်လမ်းပုံစံနဲ့ စပိန်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လာမဲ့ မနက်ဖြန်မှာ မင်း ဘာဖြစ်နေမလဲ တွေးမိဖူးလား။ ဒါမှမဟုတ် လာမဲ့အပတ်၊ လာမဲ့လ၊ လာမဲ့နှစ်မှာပေါ့။ LookAppဆိုတဲ့ အက်ပ်တစ်ခုနဲ့ မင်းရဲ့ အနာဂတ်ကို ခန့်မှန်းလိုက်ပါ။ ပထမဆုံးအသုံးပြုသူတွေကို တစ်နှစ်တာအချိန်ထိ အခမဲ့အသုံးပြုခွင့်ပေးခဲ့တဲ့ LookAppအက်ပလီကေးရှင်း။ အာရွန်ကတော့ အချစ်ဆုံးသူငယ်ချင်းအာနီနဲ့ အချစ်ရဆုံးမိန်းကလေးအူရာတို့ကို သစ္စာဖောက်နေတယ်လို့ သံသယရှိနေတဲ့သူ။ LookAppအက်ပလီကေးရှင်းကိုသုံးပြီး သူ့သံသယတွေကို စစ်ဆေးတဲ့အခါမှာတော့။ အနာဂတ်ဆိုတာမရှိရင်ရော အနာဂတ်ကိုကြည့်နေလို့ ဘာထူးတော့မှာလဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1 GB)/(430 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Crime • Action • Thriller
6.2 2024 90 mins
Perspectiva